ခေတ် စာအုပ်တိုက်

  • Home
  • ခေတ် စာအုပ်တိုက်

ခေတ် စာအုပ်တိုက် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ခေတ် စာအုပ်တိုက်, Book & Magazine Distributor, .

စာအုပ်သစ်  #ချက္ကရာ ထွက်ပြီမိုးခဝသန်၏ စတုတ္ထမြောက်စာအုပ်ဖြစ်သည့် ချက္ကရာစာအုပ်သည် Kyle Gray ၏ ရောင်းအားအကောင်းဆုံး စာအုပ...
31/10/2025

စာအုပ်သစ် #ချက္ကရာ ထွက်ပြီ

မိုးခဝသန်၏ စတုတ္ထမြောက်စာအုပ်ဖြစ်သည့် ချက္ကရာစာအုပ်သည် Kyle Gray ၏ ရောင်းအားအကောင်းဆုံး စာအုပ်ဖြစ်သည့် Raise your vibration စာအုပ်မှ အခြေခံ ချက္ကရာ ၇ ခုစာကို ရွေးချယ်၍ ဘာသာပြန်ထားသည့် စာအုပ်တစ်အုပ်ဖြစ်သည်။

"စိတ်စွမ်းအင်လှိုင်းဆိုတာ လူတစ်ဦးရဲ့အတွင်းစိတ် အခြေအနေ၊ စိတ်ရဲ့ပူလောင်မှု.. အေးချမ်းမှုတွေကို ရည်ညွှန်းထားတာဖြစ်တယ်။ စိတ်စွမ်းအင်လှိုင်း မြင့်တက်နေရင် စိတ်က အေးချမ်းတတ်ပြီး.. နိမ့်ကျနေရင်တော့ စိတ်ကပူလောင်တတ်ပါတယ်။ မေတ္တာတရား၊ ယုံကြည်မှုနဲ့ ကျေးဇူးတရားတွေဟာ စိတ်စွမ်းအင်လှိုင်းမြင့်တက်စေမယ့် အဓိကအကြောင်းရင်းတွေပါပဲ။

ဒီစာအုပ်မှာ ချက္ကရာတစ်ခုချင်းစီအလိုက် စိတ်စွမ်းအင်လှိုင်းမြင့်တက်စေမယ့် လေ့ကျင့်ခန်း ၇၀ ပါဝင်တယ်။ လေ့ကျင့်ခန်းတစ်ခုစီတိုင်းမှာ အပြုသဘောဆောင်တဲ့ စကားစုတွေ၊ တရားထိုင်နည်းတွေ၊ မိမိကိုယ်မိမိ ပြန်သုံးသပ်နိုင်မယ့် မေးခွန်းတွေနဲ့ နေ့စဥ်မှတ်တမ်းတွေ ပါဝင်တယ်။

ဒီစာအုပ်မှာ မိမိရဲ့အတွင်းက စိတ်စွမ်းအင်နဲ့ ပြန်လည်ချိတ်ဆက်နိုင်ဖို့ သင်ပြပေးထားတဲ့ နည်းလမ်းတွေ ပါဝင်တယ်။ ဒါက လောကီအောင်မြင်မှုတခုတည်းအတွက် ရည်ရွယ်တာမဟုတ်ဘဲ စိတ်အေးချမ်းသာမှုအတွက်ပါ ရည်ရွယ်ထားတာဖြစ်တယ်။

စာဖတ်သူတွေကနေတဆင့် တခြားသူတွေကို ပြန်လည်ကူညီပေးနိုင်ဖို့ ဖိတ်ခေါ်ပါရစေ။ မိမိရဲ့ စိတ်စွမ်းအင်လှိုင်းသာ မြင့်တက်လာမယ်ဆိုရင် မိမိပတ်ဝန်းကျင်ကလဲ အေးချမ်းမှုတွေ အလိုလို ရှိလာနိုင်ပါတယ်။

ဒီစာအုပ်က သာမန် မိုတီဗေးရှင်းစာအုပ်တစ်အုပ်မဟုတ်ဘဲ ဝိဉာဥ်ရေးအရ မိမိကိုယ်မိမိ ဂရုစိုက်တတ်ဖို့ လမ်းပြပေးထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

စိတ်ဖိစီးမှုများတဲ့သူတွေ၊ စိတ်ဓာတ်ကျလွယ်သူတွေ၊ သဘာဝတရားရဲ့စွမ်းအင်တွေကို စိတ်ဝင်စားတဲ့သူတွေ၊ စိတ်အေးချမ်းဖို့အတွက်ရည်ရွယ်ပြီး တရားထိုင်ကြည့်ချင်တဲ့သူတွေ၊ လိုချင်တာတွေကို လက်တွေ့ဘဝထဲမှာ အပူအပင်ကင်းကင်း ဖန်တီးလိုသူတွေ၊ မိမိရဲ့စွမ်းအင်ကို ပြန်လည်ကုစားချင်သူတွေ၊ မိမိကိုယ်မိမိ ချစ်တတ်လာအောင် လေ့ကျင့်ချင်သူတွေအတွက် သင့်တော်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်"

📕📕📕📕📕📕📕📕📕📕📕📕📕📕

📕စာအုပ်အမည် - ချက္ကရာ
(စိတ်စွမ်းအင်လှိုင်းကိုမြှင့်တင်ပါ)
📝စာရေးသူ - မိုးခ၀သန်
💸တန်ဖိုး - ၁၁၀၀၀
📑စာမျက်နှာ - ၁၈၈
🎁လက်ဆောင် - စာမှတ်ကတ်
📕မျက်နှာဖုံးဒီဇိုင်း - Moe Thein Kho
💒ထုတ်ဝေရေး - KHIT Publishing House
🗂️ဖြန့်ချိရေး - ခေတ်စာအုပ်တိုက်
🗃️ထုတ်ဝေသည့်အကြိမ်- ၂၀၂၅ခုနှစ်၊ နို၀င်ဘာလ(ပထမအကြိမ်)

Messenger ကနေ ယခုပဲ မှာယယလိုက်ပါ📚

ခေတ်စာအုပ်တိုက်မှ ထုတ်ဝေရန်စီစဉ်လျက်ရှိသောဘာသာပြန်စာရေးဆရာ မိုးခ၀သန်၏ စတုတ္ထမြောက်စာအုပ်သစ် #ချက္ကရာ (စိတ်စွမ်းအင်လှိုင်...
26/10/2025

ခေတ်စာအုပ်တိုက်မှ ထုတ်ဝေရန်စီစဉ်လျက်ရှိသော
ဘာသာပြန်စာရေးဆရာ မိုးခ၀သန်၏ စတုတ္ထမြောက်
စာအုပ်သစ်

#ချက္ကရာ
(စိတ်စွမ်းအင်လှိုင်းကိုမြှင့်တင်ပါ)

Soon in November

⚡️ သတိပေးချက် ⚡️ | ဤစာအုပ်သည် သင်၏ဘဝကို "ပြောင်းလဲပေးမည် မဟုတ်ပါ"။ဟုတ်ပါတယ်... သင် ဖတ်လိုက်တာ မမှားဘူး။ဒီစာအုပ်က သင့်ရဲ့...
22/10/2025

⚡️ သတိပေးချက် ⚡️ | ဤစာအုပ်သည် သင်၏ဘဝကို "ပြောင်းလဲပေးမည် မဟုတ်ပါ"။

ဟုတ်ပါတယ်... သင် ဖတ်လိုက်တာ မမှားဘူး။

ဒီစာအုပ်က သင့်ရဲ့ ဘဝထဲကိုဝင်ပြီး မျက်လှည့်ပြသလို ပြောင်းလဲပေးမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သင့်ရဲ့ဘဝကို ပြောင်းလဲပစ်နိုင်တဲ့ တစ်ဦးတည်းသောသူက "သင် ကိုယ်တိုင်" ပဲ ဖြစ်နေလို့ပါ။

ဒါဆိုရင် ဒီစာအုပ်က ဘာလုပ်ပေးမှာလဲ။

ဒီစာအုပ်က... အဲ့ဒီလို "ပြောင်းလဲပစ်ဖို့" အတွက် လိုအပ်တဲ့ "လက်နက်တွေ" ကို သင့်ရဲ့ လက်ထဲကို ထည့်ပေးမှာပါ။ ပြီးတော့... "သင်တစ်ယောက်တည်း မဟုတ်ဘူး" ဆိုတဲ့ ခံစားချက်ကိုပါ လက်ဆောင်ပေးပါလိမ့်မယ်။

--- ✨ --- ✨ ---

သင် ပိုင်ဆိုင်ရမည့် "လက်နက်တိုက်"

ဒီစာအုပ်ထဲက အပိုင်း (၄) ပိုင်းက သင့်ရဲ့ ဘဝတိုက်ပွဲအတွက် အဓိက လက်နက် (၄) ခုပါ။

🛡 လက်နက် (၁) - ကိုယ့်တန်ဖိုးရဲ့ "ဒိုင်းကာ"

Social Media က Like တွေ၊ ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုတွေကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပါ။ ကိုယ့်တန်ဖိုးကို ကိုယ်တိုင်သတ်မှတ်ပြီး ယုံကြည်မှုအပြည့်နဲ့ ရပ်တည်နိုင်ဖို့ "Personal Development" ဆိုတဲ့ ဒိုင်းကာကို တည်ဆောက်ရမှာပါ။

⚔️ လက်နက် (၂) - ကိုယ့်စည်းမျဉ်းရဲ့ "ဓား"

ကိုယ့်ရဲ့ စိတ်စွမ်းအင်ကို စုပ်ယူနေတဲ့ "အဆိပ်အတောက်" ဖြစ်တဲ့ ဆက်ဆံရေးတွေ၊ မိတ်ဆွေတုတွေကို ဖြတ်တောက်ဖို့ပါ။ "No" လို့ ပြောရဲတဲ့ သတ္တိက ကိုယ့်ဘဝကို ကာကွယ်ပေးမယ့် အကောင်းဆုံး ဓားတစ်လက် ဖြစ်ပါတယ်။

🧪 လက်နက် (၃) - ကုစားခြင်းရဲ့ "ဆေး"

အတိတ်က အသည်းကွဲခြင်းတွေ၊ နာကျင်မှုတွေကို ကုစားဖို့ပါ။ အဲ့ဒီဒဏ်ရာတွေကို "သင်ခန်းစာ" အဖြစ် ပြောင်းလဲပြီး ကိုယ့်ကိုယ်ကိုယ် ပိုချစ်တတ်လာစေမယ့် ဆေးတစ်ခွက် ဖြစ်ပါတယ်။

🗺 လက်နက် (၄) - ကိုယ့်ပန်းတိုင်ရဲ့ "မြေပုံ"

"မိဘအိမ်မက်" နဲ့ "ကိုယ့်အိပ်မက်" ကြားက လမ်းပျောက်နေတဲ့ တောနက်ကြီးထဲမှာ ကိုယ့်ရဲ့ "တကယ့်" ရတနာသိုက် (ပန်းတိုင်) ကို ရှာတွေ့ဖို့ လမ်းညွှန်ပေးမယ့် မြေပုံတစ်ခု ဖြစ်ပါတယ်။

--- ✨ --- ✨ ---

ဒါက "ဖတ်" စာအုပ်မဟုတ်ဘူး၊ "လေ့ကျင့်ရေး" စာအုပ်

ဒီလက်နက်တွေကို ဘယ်လို "အသုံးချ" ရမလဲဆိုတာကို အခန်းတိုင်းရဲ့အဆုံးမှာပါတဲ့ Challenge ကဏ္ဍတွေ နဲ့ Note Down အပိုင်းတွေက တစ်ဆင့်ပြီးတစ်ဆင့် လေ့ကျင့်ပေးသွားမှာပါ။

ဒါကြောင့် ဒီစာအုပ်က "ဖတ်" ပြီး အသိဉာဏ်တိုးစေဖို့ မဟုတ်ဘူး။

ဒီစာအုပ်က "လုပ်" ပြီး လက်တွေ့ဘဝမှာ "တိုက်ပွဲဝင်" နိုင်ဖို့အတွက်ပဲ။

ကဲ... ကိုယ့်ဘဝရဲ့ တိုက်ပွဲကို ကိုယ်တိုင်တိုက်ခိုက်ဖို့၊ လိုအပ်တဲ့ "လက်နက်" တွေကို စုဆောင်းဖို့ အဆင်သင့်ဖြစ်ပြီလား။

--- 🌟 စာဖတ်သူတစ်ယောက်ရဲ့ ရင်ဖွင့်သံ 🌟 ---

"ဒီစာအုပ်က စာဖတ်ပျင်းတဲ့ ကျွန်တော့်ကိုတောင် လက်ကမချနိုင်အောင် ဆွဲဆောင်နိုင်ခဲ့တယ်။ တကယ် လက်တွေ့ကျပြီး ဘဝအတွက် အဖော်မွန်ကောင်းတစ်ယောက် ရလိုက်သလိုပါပဲ။"

စာအုပ်အချက်အလက်များ

💸 တန်ဖိုး - ၈၀၀၀ ကျပ်
📑 စာမျက်နှာ - ၁၆၀
🎁 လက်ဆောင် - စာမှတ်ကတ် (Bookmark)

စာအုပ်မှာယူလိုပါက

(ယခုပဲ Messenger မှာ အော်ဒါတင်လိုက်ပါ)

#ဆယ်ကျော်သက်ဒိုင်ယာရီ #အက္ခရာ #ခေတ်စာအုပ်တိုက်
#လက်တွေ့လုပ်ဆောင်ပါ
#စိတ်ဓာတ်ခွန်အား #မိဘအိမ်မက် #ကိုယ့်တန်ဖိုး

မေတ္တာရပ်ခံခြင်းထိုင်းနိုင်ငံရှိအချို့အွန်လိုင်းအရောင်းပေ့များတွင် ခေတ်စာအုပ်တိုက်ထုတ်စာအုပ်တစ်အုပ်ဖြစ်သော ဆရာ Sonjai ၏ ...
17/10/2025

မေတ္တာရပ်ခံခြင်း

ထိုင်းနိုင်ငံရှိအချို့အွန်လိုင်းအရောင်းပေ့များတွင် ခေတ်စာအုပ်တိုက်ထုတ်စာအုပ်တစ်အုပ်ဖြစ်သော ဆရာ Sonjai ၏ အခြေခံထိုင်းစကားပြော စာအုပ်အား

ထိုင်းနိုင်ငံတွင် printing လုပ်၍
ဖြန့်ချိရောင်းချနေမှုများအား
စိတ်မကောင်းဖွယ်တွေ့ရှိရပါသဖြင့်

ထိုကဲ့သို့တရားမ၀င်သောလုပ်ရပ်များကို ထပ်မံမပြုလုပ်ပါရန်
လေးစားစွာမေတ္တာရပ်ခံအပ်ပါသည်

ခေတ်စာအုပ်တိုက်

 #ဆယ်ကျော်သက်ဒိုင်ယာရီစာညွှန်း စာအုပ်ခေါင်းစဉ်: ဆယ်ကျော်သက် ဒိုင်ယာရီစာရေးသူ: အက္ခရာ(HARUKI) ဆယ်ကျော်သက်...။ လူ့ဘဝရဲ့ အလ...
16/10/2025

#ဆယ်ကျော်သက်ဒိုင်ယာရီ

စာညွှန်း

စာအုပ်ခေါင်းစဉ်: ဆယ်ကျော်သက် ဒိုင်ယာရီ
စာရေးသူ: အက္ခရာ(HARUKI)

ဆယ်ကျော်သက်...။ လူ့ဘဝရဲ့ အလှပဆုံးအချိန်လို့ ပြောကြပေမဲ့ တကယ်တမ်းတော့ လမ်းပျောက်မှုတွေ၊ ရှုပ်ထွေးတဲ့ ခံစားချက်တွေ၊ အနာဂတ်အတွက် စိုးရိမ်စိတ်တွေနဲ့ အပြည့်နှက်ဆုံးအချိန်လည်း ဖြစ်နေတတ်ပါတယ်။

ဒီစာအုပ်ဟာ အတွေးသက်သက်ရေးထားတဲ့ လမ်းညွှန်မဟုတ်ပါဘူး။ စာရေးသူကိုယ်တိုင် ဖြတ်သန်းခဲ့ရတဲ့ ဆယ်ကျော်သက်ဘဝရဲ့ အတွေ့အကြုံအစစ်တွေပေါ်မှာ အခြေခံပြီး တကယ်လက်တွေ့အသုံးချလို့ရတဲ့ ဖြေရှင်းချက်တွေကိုသာ စုစည်းတင်ပြထားတဲ့ 'လက်စွဲစာအုပ်' တစ်အုပ် ဖြစ်ပါတယ်။

ကိုယ့်တန်ဖိုးကို ဘယ်လိုရှာဖွေမလဲ (Personal Development)၊ ပတ်ဝန်းကျင်နဲ့ မိသားစုကြားက ဆက်ဆံရေးတွေကို ဘယ်လိုတည်ဆောက်မလဲ (Social & Relationship)၊ အသည်းကွဲခြင်းကို ခွန်အားအဖြစ် ဘယ်လိုပြောင်းလဲမလဲ (Love & Romance) ကနေ... ကိုယ့်ရဲ့ရည်မှန်းချက်နဲ့ မိဘရဲ့မျှော်လင့်ချက်ကို ဘယ်လိုညှိနှိုင်းမလဲ (Future & Career) ဆိုတဲ့ အရေးကြီးဆုံးအချက်တွေအထိ အပိုင်းလိုက် လမ်းညွှန်ပေးမှာပါ။

ဒါ့အပြင် အခန်းတိုင်းရဲ့အဆုံးမှာ စာဖတ်သူလေးတို့ကိုယ့်တိုင် ပါဝင်စဉ်းစားရမယ့် Challenge ကဏ္ဍတွေ၊ ကိုယ့်အတွေးတွေကို ပြန်ချရေးရမယ့် Note Down အပိုင်းတွေက ဒီစာအုပ်ကို သာမန်စာအုပ်တစ်အုပ်ထက်ပိုတဲ့ 'ကိုယ်ပိုင်ဒိုင်ယာရီ' တစ်အုပ်အဖြစ် ပြောင်းလဲပေးပါလိမ့်မယ်။

ဒီစာအုပ်ဟာ လမ်းပျောက်နေတဲ့ စာဖတ်သူလေးအတွက် လမ်းပြမြေပုံတစ်ခု ဖြစ်လာမှာမဟုတ်ဘဲ၊ ကိုယ့်လမ်းကိုယ် ယုံကြည်မှုအပြည့်နဲ့ ဖောက်နိုင်ဖို့အတွက် လိုအပ်တဲ့ 'သံလိုက်အိမ်မြှောင်' တစ်ခု ဖြစ်လာပါလိမ့်မယ်။
📚📚📚📚📚📚📚📚📚📚📚📚📚📚

📕စာအုပ်အမည် - ဆယ်ကျော်သက်ဒိုင်ယာရီ
(Diary of Teenager)
📝စာရေးသူ - အက္ခရာ(HARUKI)
💸တန်ဖိုး - ၈၀၀၀
📑စာမျက်နှာ - ၁၆၀
🎁လက်ဆောင် - စာမှတ်ကတ်
📕မျက်နှာဖုံးဒီဇိုင်း - Moe Thein Kho
💒ထုတ်ဝေရေး - KHIT Publishing House
🗂️ဖြန့်ချိရေး - ခေတ်စာအုပ်တိုက်
🗃️ထုတ်ဝေသည့်အကြိမ်- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(ပထမအကြိမ်)

 #စာအုပ်သစ်ထွက်ပြီ🥰📗 စာအုပ်အညွှန်းThe Art of Smart Work- နည်းနည်းလုပ် များများရ''အလုပ်များတာကို ဂုဏ်ယူနေသေးလား? တကယ်တမ်း...
16/10/2025

#စာအုပ်သစ်ထွက်ပြီ🥰

📗 စာအုပ်အညွှန်း
The Art of Smart Work- နည်းနည်းလုပ် များများရ
''အလုပ်များတာကို ဂုဏ်ယူနေသေးလား? တကယ်တမ်း အလုပ်ဖြစ်နေတာလား၊ အလုပ်ရှုပ်နေတာလားဆိုတာ ဒီစာအုပ်က မေးခွန်းထုတ်ပါလိမ့်မယ်။

ဒီစာအုပ်ဟာ "Work Hard, Get Success" ဆိုတဲ့ အတွေးအခေါ်ကို "Work Smart, Get Success" ဆိုတဲ့ ခေတ်မီအမြင်နဲ့ အစားထိုးဖို့ ရေးသားထားတဲ့ လက်တွေ့ကျတဲ့ လမ်းညွှန်ချက်တစ်ခုပဲ ဖြစ်ပါတယ်။ နေ့စဉ် အလုပ်တွေပိပြီး ပင်ပန်းနေပေမဲ့ ရလဒ်မထွက်တဲ့သူတွေအတွက် 'နည်းနည်းလုပ်ပြီး များများရအောင်' ဘယ်လိုလုပ်ရမလဲဆိုတဲ့ အနုပညာ (The Art of Smart Work) ကို စနစ်တကျ သင်ကြားပေးထားပါတယ်။

စာအုပ်တစ်အုပ်လုံးမှာ အောင်မြင်သူတို့ရဲ့ စိတ်နေစိတ်ထား (Mindset) ကနေစပြီး၊ ကိုယ်ပိုင်လုပ်ငန်းကို ကိုယ်မရှိဘဲ လည်ပတ်စေမယ့် စနစ် (System) တွေ တည်ဆောက်ပုံအထိ အဆင့်ဆင့် လမ်းညွှန်ထားပါတယ်။

အဓိက ထောက်ပြချက်များနှင့် သင်ယူရမည့် အရာများ

၁။ Mindset ကို ပြောင်းလဲခြင်း- အလုပ်များတယ်ဆိုတဲ့ ထောင်ချောက်က ရုန်းထွက်ပါ၊လှုပ်ရှားမှု (Movement) နှင့် တိုးတက်မှု (Progress) ကို ခွဲခြားသိမြင်ခြင်း ချွေးထွက်အောင် အလုပ်လုပ်နေတိုင်း အလုပ်ဖြစ်တာမဟုတ်ဘူး။အရေးကြီးတာက တိုးတက်မှုပဲ။
Pareto Principle (80/20 Rule) ကို ကျွမ်းကျင်စွာ အသုံးပြုခြင်း သင်ရရှိတဲ့ ရလဒ် ၈၀% ဟာ သင်လုပ်ဆောင်တဲ့ အကြောင်းတရား ၂၀% ကနေ လာတာကို နားလည်ပြီး၊အဲ့ဒီ တန်ဖိုးအရှိဆုံး ၂၀% ကို ရှာဖွေဖော်ထုတ်ဖို့လမ်းညွှန်ထားပါတယ်။

၂။ သင့်ရဲ့ "ရွှေအိုး" ကို ရှာဖွေခြင်း (Finding Your Goldmine)
စာအုပ်ထဲမှာ ကိုယ်ပိုင်ဘဝနဲ့ လုပ်ငန်းကို နက်နက်ရှိုင်းရှိုင်း တူးဆွနိုင်မယ့် လက်တွေ့ကျတဲ့ စစ်တမ်း Worksheet များ ပါဝင်ပါတယ်။ အမြတ်အစွန်း စစ်တမ်း သင့်ဝင်ငွေရဲ့ ၈၀% ကို ရှာပေးနေတဲ့ ကုန်ပစ္စည်း/ဝန်ဆောင်မှု ၂၀% ကို ခွဲခြားခြင်း (Goldmines) နှင့် အချိန်ကုန် လူပန်းဖြစ်စေတဲ့ အရာတွေကို (The Rocks) ရှာဖွေဖယ်ရှားခြင်း။အချိန်နှင့် တန်ဖိုး စစ်တမ်း သင်၏ အဖိုးတန်ဆုံးအချိန်တွေကို ဘယ်လိုအကျိုးသက်ရောက်မှုရှိတဲ့ နေရာမှာ သုံးနေသလဲဆိုတာကို ခွဲခြမ်းစိတ်ဖြာခြင်း။ပျော်ရွှင်မှု စစ်တမ်းစိတ်ဖိစီးမှု ၈၀% ကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရာ ၂၀% ကို ရှာဖွေပြီး ဘဝအရည်အသွေးကို မြှင့်တင်ခြင်း။

၃။ Leverage ဖြင့် အင်အားကို ဆတိုးပွားများခြင်း
ရွှေအိုးကို ရှာဖွေပြီးနောက် တူးဖော်မည့် ကုတ်တံသုံးမျိုး (Leverage) ကို မိတ်ဆက်ပေးထားပါတယ်။
နည်းပညာ Leverage
Automation, Digital Product များ ဖန်တီးခြင်းဖြင့် သင်အိပ်နေချိန်မှာတောင် အလုပ်လုပ်ပေးမည့် စနစ်ကို တည်ဆောက်ခြင်း။
ငွေကြေး Leverage ငွေကို စစ်သားတစ်ယောက်လိုမြင်ပြီး (Investor's Mindset) ဝင်ငွေအများဆုံးရှာပေးမည့် "ရွှေအိုး"တွေပေါ်မှာ မဟာဗျူဟာကျကျ ပြန်လည်ရင်းနှီးမြှုပ်နှံခြင်း။
လူသား Leverage
ကိုယ်တိုင်လုပ်မှ စိတ်ချရမယ်ဆိုတဲ့ အတွေးကို စွန့်ပြီး၊ တန်ဖိုးနည်းအလုပ် (၈၀%) တွေကို ကျွမ်းကျင်သူတွေဆီ ခွဲဝေပေးခြင်း (Delegate) ဖြင့် အချိန်ကို ပြန်ဝယ်ယူခြင်။

၄။ System တည်ဆောက်ခြင်းနှင့် "No" ဟု ပြောဆိုခြင်း အနုပညာ
System Thinking
McDonald's ဥပမာကိုသုံးပြီး သင်မရှိရင်တောင် အလုပ်လည်ပတ်စေမယ့် လုပ်ငန်းစဉ် စနစ်များ (SOPs) နဲ့ Customer တွေကို အလိုအလျောက် ဆွဲဆောင်ပေးမယ့် Marketing Funnelတွေကို ဘယ်လိုတည်ဆောက်ရမယ်ဆိုတာ ရှင်းပြထားပါတယ်။
The Art of Saying "No" အောင်မြင်တဲ့သူတွေဟာ အရာအားလုံးနီးပါးကို 'No' လို့ ပြောကြတဲ့အကြောင်း နဲ့ သင့်ရဲ့ အရေးအကြီးဆုံးအလုပ်ကို ကာကွယ်ဖို့အတွက် ''Not-To-Do List" ကို ဘယ်လိုဖန်တီးရမယ်ဆိုတာကို လေ့လာရပါမယ်။

၅။ အတွင်းစိတ် အတားအဆီးများ၊ စွမ်းအင် စီမံခန့်ခွဲမှုနှင့် အဆင့်မြှင့်တင်ခြင်း
စိတ်ပိုင်းဆိုင်ရာ ရန်သူများကို အနိုင်ယူခြင်း
ပြီးပြည့်စုံမှုဝါဒ (Perfectionism) ကို ''Version 1.0"နဲ့ တိုက်ထုတ်ခြင်း၊ အလုပ်ရွှေ့ဆိုင်းခြင်း (Procrastination) ကို "နှစ်မိနစ် နည်းဥပဒေ''ဖြင့် စတင်ခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ တိုက်ပွဲများကို ကျော်လွှားနည်။
အချိန်ထက် စွမ်းအင်ကို စီမံခြင်း အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်က Biological Prime Time (BPT) မှာ အရေးကြီးဆုံးအလုပ်ကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း ရှင်းပြထားပြီး၊ ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် စိတ်ခံစားမှုပိုင်းဆိုင်ရာ စွမ်းအင်ဘက်ထရီ တွေကို ဘယ်လိုအားပြန်ဖြည့်ရမယ်ဆိုတာကို ဖော်ပြထားပါတယ်။
စဉ်ဆက်မပြတ် တိုးတက်ခြင်း တည်ဆောက်ထားတဲ့ System တွေကို ရေရှည်မှာ ထိန်းသိမ်းဖို့အတွက် အပတ်စဉ် ပြန်လည်သုံးသပ်ခြင်း (Weekly Review) လုပ်ပုံနဲ့ အောင်မြင်မှုရဲ့ ထောင်ချောက်ကို ရှောင်ရှားနည်းများကိုလည်း ထည့်သွင်းဆွေးနွေးထားပါတယ်။

စာအုပ်ရဲ့ တန်ဖိုး (The Value Proposition)

ဒီစာအုပ်ဟာ "အလုပ်ကြိုးစားတဲ့" ဘဝကနေ "ပါးနပ်စွာ အလုပ်လုပ်ပြီး လွတ်လပ်တဲ့" ဘဝကို ကူးပြောင်းလိုသူတွေအတွက် မရှိမဖြစ် လမ်းညွှန်ချက်ပဲ ဖြစ်ပါတယ်။ သီအိုရီသက်သက်မဟုတ်ဘဲ Case Study များWorksheet များ Action Plan များ ကို ပေးထားတာကြောင့် စာဖတ်သူကို လက်တွေ့ကျကျ လိုက်ပါလုပ်ဆောင်နိုင်အောင် တွန်းအားပေးပါလိမ့်မယ်။

📚📚📚📚📚📚📚📚📚📚📚📚📚

📕စာအုပ်အမည် - နည်းနည်းလုပ် များများရ
(The Art Of Smart Work)
📝စာရေးသူ - လှိုင်မျိုးအောင်
💸တန်ဖိုး - ၆၀၀၀
📑စာမျက်နှာ - ၁၀၂
🎁လက်ဆောင် - စာမှတ်ကတ်
📕မျက်နှာဖုံးဒီဇိုင်း - Moe Thein Kho
💒ထုတ်ဝေရေး - KHIT Publishing House
🗂️ဖြန့်ချိရေး - ခေတ်စာအုပ်တိုက်
🗃️ထုတ်ဝေသည့်အကြိမ်- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(ပထမအကြိမ်)

10 လပိုင်းတွင် ထွက်ရှိရန် စီစဉ်လျက်ရှိသောစာအုပ်သစ် သုံးအုပ်အားပုံနှိပ်ရန် ပလိတ်ပြားများ ပစ္စည်းပြတ်လပ်နေပါသဖြင့် သတ်မှတ်...
02/10/2025

10 လပိုင်းတွင် ထွက်ရှိရန် စီစဉ်လျက်ရှိသော
စာအုပ်သစ် သုံးအုပ်အား
ပုံနှိပ်ရန် ပလိတ်ပြားများ ပစ္စည်းပြတ်လပ်နေပါသဖြင့် သတ်မှတ်ရက်ထက် အနည်းငယ်
နောက်ကျပြီးမှ ထွက်ရှိနိုင်မည့်အကြောင်း
စာချစ်သူပရိသတ်များကို လေးစားစွာ
အသိပေးအပ်ပါသည်။

ခေတ် စာအုပ်တိုက် အနေဖြင့် သီတင်ကျွတ်ရုံးပိတ်ရက်ကိုလည်း
4-10-25 မှ 9-10-25 ရက်နေ့အထိ သတ်မှတ်ထားပါကြောင်း

လက်လီ လက်ကား အားပေးနေကြသော
ပြည်တွင်းပြည်ပမှ
ကျေးဇူးရှင် စာအုပ်အရောင်ဆိုင်များ၊
အွန်လိုင်းစာအုပ်ဆိုင်များနှင့် စာချစ်သူ
တစ်ယောက်ချင်းစီတိုင်းကိုလည်း
KHIT Publishing House မှ အထူးကျေးဇူးတင်ရှိပါကြောင်း တင်ပြရင်း

သီတင်းကျွတ်မှာ အားလုံးပဲ
ပျော်ရွှင်ချမ်းမြေ့ကြပါစေ လို့
ဆုမွန်ကောင်း တောင်း‌ချွေအပ်ပါတယ်
🙏🙏🙏

ဆယ်လပိုင်းထဲမှာ အသစ်ထွက်မည့်စာအုပ်သစ်ဆယ်လပိုင်းမှာ ထွက်မည့်စာအုပ်သစ်🍀မှာယူလိုတဲ့စာအုပ်များကိုPage messenger ကနေ အမည်၊လိပ...
22/09/2025

ဆယ်လပိုင်းထဲမှာ အသစ်ထွက်မည့်စာအုပ်သစ်

ဆယ်လပိုင်းမှာ ထွက်မည့်စာအုပ်သစ်

🍀မှာယူလိုတဲ့စာအုပ်များကို
Page messenger ကနေ အမည်၊လိပ်စာ၊ ဖုန်းနံပါတ်တို့
ပေးပို့ပြီး အိမ်အရောက်မှာယူနိုင်ပါတယ်

🍀ခေတ် စာအုပ်တိုက်ထုတ်စာအုပ်များကို
စာအုပ်ကိုယ်စလှယ်ယူလို၍ဖြစ်စေ
အွန်လိုင်း အရောင်းဆိုင်များအတွက်ဖြစ်စေ
ဆက်သွယ်မှာယူနိုင်ပြီး

🍀စာအုပ်ထုတ်ဝေဖြန့်ချီလိုသူများအနေနဲ့လည်း
ခေတ် စာအုပ်တိုက်မှတဆင့် စိတ်တိုင်းကျ
ထုတ်ဝေဖြန့်ချီပေးနေပါပြီ

🍀သင်က စာအုပ်ဖတ်ချင်တာလား?
စာအုပ် ၀ယ်ချင်တာလား?
စာအုပ်ပြန်ရောင်းချင်တာလား?
စာအုပ်ထုတ်ချင်တာလား?

🍀၀၉၄၀၁၆၆၇၅၄၅ သို့
ဖုန်းတစ်ချက်သာဆက်လိုက်ပါ။
သင့် စိတ်တိုင်းကျ One Stop Service ‌အနေနဲ့
စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်

ခေတ်
စာအုပ်တိုက်

ခေတ် စာအုပ်တိုက်မှထုတ်ဝေဖြန့်ချိရန် စီစဉ်လျက်ရှိသောစာအုပ်အချို့...
17/09/2025

ခေတ် စာအုပ်တိုက်မှ
ထုတ်ဝေဖြန့်ချိရန် စီစဉ်လျက်ရှိသော
စာအုပ်အချို့...

 #ဘာစာအုပ်တွေပဲလိုလို_သတိရလိုက်ပါ #မက်ဆင်ဂျာမှာမေးပါ_မှာပါ❤️🍀မှာယူလိုတဲ့စာအုပ်များကိုPage messenger ကနေ အမည်၊လိပ်စာ၊ ဖုန...
08/09/2025

#ဘာစာအုပ်တွေပဲလိုလို_သတိရလိုက်ပါ

#မက်ဆင်ဂျာမှာမေးပါ_မှာပါ❤️

🍀မှာယူလိုတဲ့စာအုပ်များကို
Page messenger ကနေ အမည်၊လိပ်စာ၊ ဖုန်းနံပါတ်တို့
ပေးပို့ပြီး အိမ်အရောက်မှာယူနိုင်ပါတယ်

🍀ခေတ် စာအုပ်တိုက်ထုတ်စာအုပ်များကို
စာအုပ်ကိုယ်စလှယ်ယူလို၍ဖြစ်စေ
အွန်လိုင်း အရောင်းဆိုင်များအတွက်ဖြစ်စေ
ဆက်သွယ်မှာယူနိုင်ပြီး

🍀စာအုပ်ထုတ်ဝေဖြန့်ချီလိုသူများအနေနဲ့လည်း
ခေတ် စာအုပ်တိုက်မှတဆင့် စိတ်တိုင်းကျ
ထုတ်ဝေဖြန့်ချီပေးနေပါပြီ

🍀သင်က စာအုပ်ဖတ်ချင်တာလား?
စာအုပ် ၀ယ်ချင်တာလား?
စာအုပ်ပြန်ရောင်းချင်တာလား?
စာအုပ်ထုတ်ချင်တာလား?

🍀၀၉၄၀၁၆၆၇၅၄၅ သို့
ဖုန်းတစ်ချက်သာဆက်လိုက်ပါ။
သင့် စိတ်တိုင်းကျ One Stop Service ‌အနေနဲ့
စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်

ခေတ်
စာအုပ်တိုက်

 #တကယ့်အနှစ်လို့ဆိုရမည့်စာအုပ်ကြီးများ🍀မှာယူလိုတဲ့စာအုပ်များကိုPage messenger ကနေ အမည်၊လိပ်စာ၊ ဖုန်းနံပါတ်တို့ပေးပို့ပြီ...
01/09/2025

#တကယ့်အနှစ်လို့ဆိုရမည့်စာအုပ်ကြီးများ

🍀မှာယူလိုတဲ့စာအုပ်များကို
Page messenger ကနေ အမည်၊လိပ်စာ၊ ဖုန်းနံပါတ်တို့
ပေးပို့ပြီး အိမ်အရောက်မှာယူနိုင်ပါတယ်

🍀ခေတ် စာအုပ်တိုက်ထုတ်စာအုပ်များကို
စာအုပ်ကိုယ်စလှယ်ယူလို၍ဖြစ်စေ
အွန်လိုင်း အရောင်းဆိုင်များအတွက်ဖြစ်စေ
ဆက်သွယ်မှာယူနိုင်ပြီး

🍀စာအုပ်ထုတ်ဝေဖြန့်ချီလိုသူများအနေနဲ့လည်း
ခေတ် စာအုပ်တိုက်မှတဆင့် စိတ်တိုင်းကျ
ထုတ်ဝေဖြန့်ချီပေးနေပါပြီ

🍀သင်က စာအုပ်ဖတ်ချင်တာလား?
စာအုပ် ၀ယ်ချင်တာလား?
စာအုပ်ပြန်ရောင်းချင်တာလား?
စာအုပ်ထုတ်ချင်တာလား?

🍀၀၉၄၀၁၆၆၇၅၄၅ သို့
ဖုန်းတစ်ချက်သာဆက်လိုက်ပါ။
သင့် စိတ်တိုင်းကျ One Stop Service ‌အနေနဲ့
စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်

ခေတ်
စာအုပ်တိုက်

 #ဘာသာပြန်လက်ရာကောင်းများ🍀မှာယူလိုတဲ့စာအုပ်များကိုPage messenger ကနေ အမည်၊လိပ်စာ၊ ဖုန်းနံပါတ်တို့ပေးပို့ပြီး အိမ်အရောက်မ...
27/08/2025

#ဘာသာပြန်လက်ရာကောင်းများ

🍀မှာယူလိုတဲ့စာအုပ်များကို
Page messenger ကနေ အမည်၊လိပ်စာ၊ ဖုန်းနံပါတ်တို့
ပေးပို့ပြီး အိမ်အရောက်မှာယူနိုင်ပါတယ်

🍀ခေတ် စာအုပ်တိုက်ထုတ်စာအုပ်များကို
စာအုပ်ကိုယ်စလှယ်ယူလို၍ဖြစ်စေ
အွန်လိုင်း အရောင်းဆိုင်များအတွက်ဖြစ်စေ
ဆက်သွယ်မှာယူနိုင်ပြီး

🍀စာအုပ်ထုတ်ဝေဖြန့်ချီလိုသူများအနေနဲ့လည်း
ခေတ် စာအုပ်တိုက်မှတဆင့် စိတ်တိုင်းကျ
ထုတ်ဝေဖြန့်ချီပေးနေပါပြီ

🍀သင်က စာအုပ်ဖတ်ချင်တာလား?
စာအုပ် ၀ယ်ချင်တာလား?
စာအုပ်ပြန်ရောင်းချင်တာလား?
စာအုပ်ထုတ်ချင်တာလား?

🍀၀၉၄၀၁၆၆၇၅၄၅ သို့
ဖုန်းတစ်ချက်သာဆက်လိုက်ပါ။
သင့် စိတ်တိုင်းကျ One Stop Service ‌အနေနဲ့
စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်

ခေတ်
စာအုပ်တိုက်

Address


Telephone

+959686042474

Website

Alerts

Be the first to know and let us send you an email when ခေတ် စာအုပ်တိုက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ခေတ် စာအုပ်တိုက်:

  • Want your business to be the top-listed Media Company?

Share