19/01/2023
Boost လုပ်တော့မယ်ဆိုရင် ဘာတွေအဓိက စဉ်းစားသင့်လဲ?
အခုနောက်ပိုင်း လုပ်ငန်းရှင် တော်တော်များများ က ကိုယ်တိုင် Boost လုပ်နေကြပြီးပဲဖြစ်ပါတယ်။ဒီ Boost လာတာများလာတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ Boost လုပ်တဲ့အခါ ဘာတွေအဓိက စဉ်းစားသင့်လဲ?
ဖေ့စ်ဘွတ်ခ် မှာ boost မယ်ဆိုရင် နံပါတ်တစ်အနေနဲ့ ဘယ်လို campaign objective နဲ့သွားမလဲဆိုတာ အရင်စဉ်းစားရပါမယ်။
ဖေ့စ်ဘွတ်ခ်မှာ Marketing objective ၆ မျိုးထဲက-
Awareness Traffic EngagementLeadsApp promotionSale
ဆိုပြီး Marketing objective 6မျိုးထဲကမှာ ဘယ် objective နဲ့ သွားမလဲအရင်စဉ်းစားသင့်ပါတယ်။ လူသုံးများ objective ဆိုရင်တော့ Engagement Objective လေးပါ။Engagement objective မှာ Post Engagement,Page like or Page Promote, Message ဆိုပြီးရှိသေးတယ်။
Post မှာ like, Comment, Share, Reaction အတွက်အဓိကရချင်ရင်တော့ Post Engagement လေးနဲ့သွားရပါမယ်။ Post Engagement ကလဲ ကိုယ် ရဲ့ Content writing ကောင်းရင်ကောင်းသလို ရောင်းရပါတယ်။
Page ကို like ပဲအဓိက ရချင်တယ်ဆိုရင်တော့ Page Promote လေးပြုလုပ်သင့်ပါတယ်။
ရောင်းအားတက်ဖို့ ဆိုရင် Page ရဲ့ Messenger မှာ အဝယ်စာတွေ ၊အမေးစာတွေ ရှိနေဖို့ လိုတာဖြစ်လို့ Message campaign လေးနဲ့ Run သင့်ပါတယ်။
ကိုယ်အနေနဲ့ ဘယ် လို့ လေး boost လုပ်မလဲဆိုတာ သေချာစဉ်းစားထားဖို့လိုအပ်ပါတယ်။
Campaign objective ကိုသေချာရွေးချယ်ပြီးဆိုရင် boost တဲ့အခါ မျိုးမှာအရေးကြီးဆုံးဖြစ်တဲ့ Audience အပိုင်းလေးကိုစနစ်တကျ တည်ဆောက်ရပါမယ်
Audience ပိုင်းတည်ဆောက်တဲ့အခါ မျိုးမှာ လဲ Location,Age , Gender, Details Targeting တွေပိုင်းကို စနစ်တကျပြင်ဆင်ထားရပါမယ်။
Location မှာဆိုရင်လဲ-ကိုယ်ရဲ့ product တွေကို မြို ပေါ်တွေပြသမယ်ဆိုရင် မြိုအလိုက်ရွေးချယ်ပြီးပြသသင့်သလို၊ ကိုယ်ရဲ့ product အနေနဲ့ မြိုရော နယ်ပါ သုံးလို့ရမယ်ဆိုရင်တော့ တနိုင်ငံလုံးရွေးချယ်လိုရပါတယ်။
Location ရွေးချယ်တဲ့အခါမျိုးမှာလဲ-
-People live or recent this location People live in this location People recent in this location People Traveling in this location
တွေကို စနစ်တကျရွေးချယ်သင့်ပါတယ်
အသက်အရွယ်ပိုင်းမှာလဲကိုယ်ရဲ့ product နဲ့ လိုက်မယ်အသက်အရွယ်ကိုရွေးချယ်သင့်ပါတယ်။
Detailed Targeting ဖြစ်တဲ့ Behaviors, Interests, Demographics အစရှိသဖြင့်ပေါ့လေ။ ဒီအချက်တွေကို Boost မလုပ်ခင်ထဲက ကိုယ့်ရဲ့ Market တွေက ဘယ်သူတွေကိုဦးတည်သလဲ ၊ ဘယ်သူတွေကို Target ထားရမလဲဆိုတာ ချရေးထားပြီး မှတ်ထားတာအကောင်းဆုံးပါ။ Boost တဲ့အခါကျ အဲ့ဒီ Data တွေကို ကြည့်ပြီး ကိုယ်ရွေးစရာရှိတာတွေရွေးလိုက်ရုံပါပဲ။
Campaign objective တွေ၊ Audience တွေ လုပ်ရုံနဲ့ ပြီးပြီးလားဆိုတော့မပြီးသေးပါဘူး ကြော်ငြာပြသတဲ့ အခါ ဘယ် placement နေရာမျိုးကို ရွေးချယ်ပြသမလဲအရေးကြီးပါတယ်
Placement မှာ ရွေးချယ်ခွင့် ၂ ခုပေးထားပါတယ်။ ✅Advantage+ placements
✅Manual Placement ပဲဖြစ်ပါတယ်။
ကျွန်တော်အနေနဲ့ကတော့ Manual Placement ကိုပဲရွေးချယ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်မပြချင်တဲ့နေရာတွေမှာ ပြပြီး ပိုက်ဆံအကုန်မခံချင်လို့ပါ။
ဥပမာအားဖြင့် Device Type လိုနေရာမျိုးမှာ မြန်မာနိုင်ငံအနေနဲ့ ဆို Facebook ကို Mobile နဲ့သုံးတာများတာမို့ Desktop လိုမျိုးသွားပြီးပြသနေမယ်ဆိုရင် ကျွန်တော်တို့ budget တွေက နှမြောစရာကောင်းပါတယ်
နောက်တခုက ပြသမယ့် platform အပိုင်းပါဗျကျွန်တော်တို့အနေနဲ့ လူသုံးနည်းတဲ့ platform တွေမှာကြော်ငြာမိမယ် ဆိုရင် ကြော်ငြာတွေအတွက် CPR မြင့်တဲ့ Instagram ဟာ ကျွန်တော်တို့ Budget တွေကို မလိုအပ်ဘဲ ဖြုန်းတီးပါလိမ့်မယ်။
အဆုံးထိဖတ်ပေးတာကျေးဇူးတင်ပါတယ်မိတ်ဆွေ။ မိတ်ဆွေအတွက် အကျိုးရှိတယ်ဆိုရင် Yes လို့မန့်သွားပေးစေချင်ပါတယ်။ နောက်ထပ်လည်း ဗဟုသုတရစရာတွေတင်ဆက်ပေးသွားဦးမှာမို့လို့ စောင့်ကြည့်ဖို့မမေ့နဲ့နော်။
#ဇင်ကိုကိုဇော်