Gue Gue's Lifestyle Diary

  • Home
  • Gue Gue's Lifestyle Diary

Gue Gue's Lifestyle Diary CHANGE YOUR ENERGY,
CHANGE YOUR LIFE.

10/08/2025

ကိုယ့်နောက်ကွယ်မှာ
ကိုယ့်အတင်းပြောမှာကို
မကြောက်နဲ့။
ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိမှာကိုပဲ ကြောက်ပါ။

#စာဖတ်ခြင်းစိတ်အားမြှင့်တင်ပါ

09/08/2025

လူတွေကို စိတ်မချမ်းသာစေတဲ့ အရာတွေက လောဘ၊ ဒေါသ ၊မောဟ ၊အတ္တ ၊မာန်မာနတွေပါ။

စိတ်ချမ်းသာစေချင်ရင်ဒီနေ့ကစပြီ ခွင့်လွတ်တက်အောင် လေ့ကျင့်ဖို့ပဲလိုပါတယ်..။

သင်ကော…. ခွင့်လွှတ်တတ်ပြီလား

#စာဖတ်ခြင်းစိတ်အားမြှင့်တင်ပါ

08/08/2025

လူ့တန်ဖိုး (၉) ချက်

လူတော်တွေ ဘယ်လောက်များများ
လူကောင်းဆိုတာ မရှိခဲ့ရင်
အမှန်တရားတွေ ပျောက်ကွယ်လာပြီး
လူ့ပတ်ဝန်းကျင်လည်း ငြိမ်းချမ်းမှု သာယာမှုတွေ ပျောက်ဆုံးလာပါလိမ့်မယ်။


#စာဖတ်ခြင်းစိတ်အားမြှင့်တင်ပါ #စာဖတ်ဝါသနာပါသူများ

05/08/2025

လူငယ်လည်း မဟုတ်တော့သလို ၊
လူကြီးလည်း လူတိုင်းအပေါ် အရမ်းမကောင်းပါနဲ့ ။
ဒါဟာ စိတ်ယုတ်မွေးဖို့ကို ဆိုလိုတာမဟုတ်ပဲ ၊
လှိုက်လှိုက်လှဲလှဲ ပစ်ယုံလိုက်တာမျိုးကို ရှောင်ရှားတတ်ဖို့ ဆိုလိုတာပါ ။
အားနာလို့ ခါးပါရတဲ့ ကိစ္စမျိုးကို ပရိယာယ်နဲ့ ရှောင်ပါ။

#စာဖတ်ခြင်းစိတ်အားမြှင့်တင်ပါ


#စာဖတ်ဝါသနာပါသူများ

04/08/2025

အချိန်တန်တော့လည်း ပြီးသွားတာပါပဲ ။

ခွဲခွါခြင်းတွေရဲ့ အဆုံးမှာ တွေ့ဆုံခြင်းအသစ်တွေ ရှိပါတယ် ။ ငိုစရာတွေရဲ့နောက်မှာ ပျော်စရာတွေလာဦးမယ် ။ အမြဲတမ်း ကောင်းစားနေမှာမဟုတ်ပဲ အနိမ့်ပိုင်းရောက်တဲ့အချိန်တွေလည်း ရှိလာနိုင်တယ် ။ ခက်ခဲပင်ပန်းတဲ့နေ့တွေပြီးရင် သက်တောင့်သက်သာရှိတဲ့ရက်တွေ လာဦးမှာပဲ ။ ကောင်းတာတွေနဲ့တွေ့ရင် ဘာမှမတွေးပဲ အချိန်ကောင်းကို ပြည့်ပြည့်ဝဝ ခံစားလိုက်ပါ … အဆိုးတွေနဲ့ကြုံရရင်လည်း မပျက်စီးသွားစေဖို့ အသိ ၊ သတိနဲ့ထိန်းပြီး ကုစားပါ ။

အရာရာဟာ အချိန်ပဲလိုပါတယ် ။ အချိန်တန်တော့ပြီးသွားတာပဲလေ …
ကိုယ့်တာဝန်က ကျော်ဖြတ်ဖို့ပဲလိုတာ ။
ဘယ်အရာဖြစ်ဖြစ် စိတ်ရှည်ပါ … သည်းခံပါ ။
သေချာပေါက် အချိန်ပေးလိုက်ရင် အဆင်ပြေသွားမှာပါ ။

#စာဖတ်ခြင်းစိတ်အားမြှင့်တင်ပါ
#အကြည်ဓါတ်လေး



#ကြည်လင်ခြင်းရဲ့နေ့စွဲများ 📚📔📗📕

03/08/2025

ကိုယ့်စိတ်ကိုယ် ကျန်းမာအောင် ဘယ်လိုလုပ်ကြမလဲ။

တကယ်တော့ ကိုယ့်စိတ်ကို ကျန်းမာအောင် လုပ်မယ်ဆိုရင်
အရင်ဆုံး
ကိုယ့်စိတ်ထဲက အမှိုက်တွေကို ရှင်းထုတ်ဖို့ လိုတယ်။
ကိုယ့်ကိုကိုယ် မကျေနပ်တာ၊ အားမလို အားမရဖြစ်နေတာ၊ အရည်အချင်းမရှိတဲ့သူတစ်ယောက်လို့ မြင်နေတာ ရပ်လိုက်ပါ။

#စာဖတ်ခြင်းဖြင့်စိတ်ခွန်အားမြှင့်ပါ။

#စာဖတ်ဝါသနာပါသူများ



02/08/2025

လူတိုင်း အပေါ် အရမ်းမကောင်းပါနဲ့တော့

#စာဖတ်ခြင်းဖြင့်စိတ်အားမြှင့်ပါ



#စာဖတ်ဝါသနာပါသူများ

11/06/2025

Let’s go to the fish market
ဒီနေ့တော့ မေကြီးကို fish market လိုက်ပို့ဖြစ်တယ်

08/06/2025

Mom,
Welcome back to Dubai 🇦🇪

မေကြီးရဲ့ ဒုတိယအကြိမ်မြောက် Dubai ကို လာလည်လို့
လေဆိပ်မှာ သွားကြိုတဲ့ နေ့လေး 😍

အဝေးမှာ နေတဲ့သူတွေအတွက်တော့ မိသားစု ဆုံရတာဟာ
တကယ့်ကို အပျော်ဆုံးနေ့တွေပါပဲ။

26/12/2024

Merry Christmas to everyone 🎁🎄🎁🎁

December လ ရောက်ပီဆို ဘယ်နေရာကြည့်ကြည့် အရမ်း sweet ဖြစ်တယ်။
Christmas ပွဲကို စိတ်ဝင်စားအောင် decorate လေးတွေ လုပ်ထားကြတာကိုက ချစ်ဖို့ကောင်းတယ်။ positive vibes လေးတွေ ရတယ်။

ဒီနေ့ Christmas ညလေးမှာတော့ Dubai မှာ ဖွင့်ထားတဲ့ Winter City ကို သွားဖြစ်တယ် ။





03/12/2024

အလုပ် နေ့ချင်းပြန် ခရီး။ Dubai to Abu Dhabi (အဘူဒါဘီ)


အဆင့်တန်းရှိရှိ အနိုင်ယူပါ မင်းကို မုန်းတဲ့သူတွေအရှေ့မှာ     ပျော်ပျော်ရွှင်ရွှင် နေပြလိုက်စမ်းပါ။မင်းကို မနာလိုသူတွေအရှ...
04/11/2024

အဆင့်တန်းရှိရှိ အနိုင်ယူပါ

မင်းကို မုန်းတဲ့သူတွေအရှေ့မှာ
ပျော်ပျော်ရွှင်ရွှင် နေပြလိုက်စမ်းပါ။

မင်းကို မနာလိုသူတွေအရှေ့မှာ
ယုံကြည်မှု့ရှိရှိ နေပြလိုက်စမ်းပါ။

မင်းကို စွန့်ခွာသွားသူအရှေ့မှာ
" အေးဆေးပါ အပြုံးမပျက်ဘူး "လို့
သိအောင် နေပြလိုက်စမ်းပါ။

မင်း မေတ္တာကို စော်ကားသွားသူအရှေ့မှာ
အေးချမ်းတည်ငြိမ်စွာ နေပြလိုက်စမ်းပါ။

မင်းကို တိုက်ခိုက်နေသူတွေအရှေ့မှာ
ပြုံးဖြစ်အောင် လှိုက်လှိုက်လှဲလှဲ
ပြုံးပြလိုက်စမ်းပါ။

မင်းကို အထင်သေးပြီး လူရာမသွင်းခဲ့တဲ့
လူတွေအရှေ့မှာ လက်မထောင်နိုင်တဲ့ ဘဝကို
ပိုင်ဆိုင်နေပြီဆိုတာ လက်တွေ့ပြလိုက်စမ်းပါ။

မင်း မကောင်းသတင်းပြောနေတဲ့
လူတွေနဲ့မျက်နှာချင်းဆိုင် တွေ့ ခဲ့ရင်
မလုံမလဲ မဝံ့မရဲ ဖြစ်မနေပါနဲ့
အေးဆေးပါဆိုတဲ့ ပုံစံနဲ့ ကြည်ဖြူစွာ
ပြုံးပြလိုက်ပါ။

မင်း ဘဝစုတ်ပြတ်သတ်သွားတာကို
မြင်ချင်သူတွေ အရှေ့မှာ
ခန့်ညားထည်ဝါစွာ တည်တည်ငြိမ်ငြိမ်
နေပြလိုက်စမ်းပါ။

အဲ့ဒါက မင်းကို မုန်းတီးနေသူတွေကို
လှလှပပ အဆင့်တန်းရှိရှိ အနိုင်ယူခြင်းပဲ။

Address


Telephone

+971501478281

Website

http://www.tiktok.com/@guegueguegue272

Alerts

Be the first to know and let us send you an email when Gue Gue's Lifestyle Diary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Gue Gue's Lifestyle Diary:

  • Want your business to be the top-listed Media Company?

Share