22/09/2023
SOTD
Prada Luna Rossa Carbon
Carbonနဲ့ပက်သက်ရင် ကျွန်တော့မှာshareစရာ storyတော်တော်များရှိတယ်
ပထမဆုံးသူ့ကိုစဝယ်တုန်းက Gentscent channelရဲ့ reviewကိုကြည့်ပြီး
Sauvage DNAလဲရမယ် Sauvageနဲ့လဲ ကွဲနေတာလေးရမယ်ဆိုပြီးဝယ်လိုက်တာ လုံးဝBlind buyပေါ့
လက်ထဲစရောက်လာပြီး ပုလင်းကနေfirst sprayကိုလက်ပေါ်စဖြန်းလိုက်တဲ့အချိန်မှာ
''Why I didn't buy this since from beginning"
ငါဘာလို့ ဒါကို အစထဲကမဝယ်မိခဲ့တာလဲဆိုပြီးတော့ ပါဖြစ်သွားတာ
အဲ့အချိန်မှာကိုယ်ကBlindbuyတွေလျှောက်ဝယ်
သူများHypeတာတွေလျှောက်ဝယ်တော့
ပိုက်ဆံကလဲBadgetပမာဏနဲ့ပဲသုံးရတာဆိုတော့
တကယ်စိတ်ချမ်းသာမှုကနေ နဲနဲဝေးလာပြီ
ဒါဝယ်ပြီးရင်တော်ပြီကွာ နောက်ရေမွှေးမစုတော့ဘူး
တွေးထားတာကနေ ဒီHobby ကို ပြန်တိုးဝင်ဖို့စတာ
ဒီCarbonကနေပဲဗျ
Complimentကိုကောင်းကောင်းရတာလဲဒီ carbonကနေပဲဗျ
သာမန်ပြောနေကျ "အနံ့လေးကမိုက်တယ်နော် ဘာသုံးတာလဲ"ကနေ
Your fragrance's smell is really match with your typeလို့ပါ remarkပေးခံရဖူးတယ်
နောက်တခုကဒါကိုကျွန်တော် office scentအနေနဲ့
ပိုသဘောကျတာက ကျွန်တော့အလုပ်မှာ
ကျွန်တော်ရယ် တခြား ယောက်ျားလေးသုံးယောက်ရှိရင်
ကျွန်တော်ကလွဲရင် အဲ့သုံးယောက်ဆွတ်တာ Bleu De Channelပဲ
နောက် လာတဲ့clientsတွေကို
Are you wearing sauvage?
ဆိုပြီး ထိုင်မေးရင် တနေ့ အနည်းဆုံးဆယ့်ငါးယောက်တော့
Yes, I am.လို့ဖြေလိမ့်မယ်
Carbonဟာ မွှေးတယ် အေးစက်စက်Typeရှိတယ့်တချိန်ထဲမှာပဲ
နွေးထွေးတဲ့vibeကိုရလိမ့်မယ်
Sauvage DNAကို lavenderအနံ့ကိုနဲနဲတင်ပြီး
စူးရှရှဖြစ်တဲ့Tasteကိုထုတ် metallicနဲ့ ရေဓာတ်ဆန်ဆန် noteတွေပေါင်းထည့်ထားတဲ့အတွက်
မကြိုက်တဲ့လူရှိမှာမဟုတ်ဘဲ ပုလင်းကိုစကိုင်တာနဲ့အနံ့လေးက
ချစ်ဖို့တော့ကောင်းတယ်လို့ရုတ်တရက်ပြောထွက်လောက်တဲ့အထိ
လူကြိုက်လွယ်တဲ့အနံ့မျိူးပဲ
သူ့ရဲ့အားနည်းချက်ကတော့long lastingပဲ
အေးဆေးအလုပ်မှာACနဲ့ဆိုရင်တော့
6hrsနီးပါးအနံ့ကကြာရှည်ခံတယ် တခါတလေသူ့ထက်ပိုတယ်
အပြင်မှာ သွားသွားလာလာဆိုရင်တော့ ကျွန်တော့စိတ်ထင် 4hrsလောက်ပဲ ခံလိမ့်မယ်
But it's an enough perfomance to do its job ပါ
ဟာသအနေနဲ့ပြောရရင် တခါကJeremyကြီးက
ကြိုက်တဲ့လူကြိုက်တဲ့ပုလင်းယူလာခဲ့
သူ့collectionတွေအားလုံးထဲကမှ ဒီCarbonတခုကိုပဲ
ရွေးပြီး လမ်းပေါ်မှာ တွေ့တဲ့Randomလူတွေကို ဘယ်ရေမွှေးကြိုက်လဲမေးပြီးပြိုင်ရင်တောင် သူပဲနိုင်မှာလို့ ကြွယ်ပြီး စွတ်Hypeဖူးတယ်
အဲ့ဒါကတော့ အပိုတွေပြောတာဗျ မယုံကြနဲ့ဦး
😆😆😆
Carbonနဲ့ပက်သက်ပြီး ဘယ်လိုမြင်လဲဆိုတာရယ်
ဘယ်လိုstoryတွေရှိဖူးလဲဆိုတာရယ်ပြောပြကြပါဦးဗျ
.