Myanmar Crime News "S.H"

  • Home
  • Myanmar Crime News "S.H"

Myanmar Crime News "S.H" မှုခင်းနှင့်သတင်း စုံစမ်းရေးအဖွဲ့

လူပြောက်ကြော်ငြာ၈.၇.၂၀၂၅        ရန်ကုန်တိုင်းဒေကြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ရေဥက္ကံကျေးရွာအိမ်အမှတ် ၉၄။ စိန်ရတနာ...
08/07/2025

လူပြောက်ကြော်ငြာ
၈.၇.၂၀၂၅

ရန်ကုန်တိုင်းဒေကြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ရေဥက္ကံကျေးရွာ
အိမ်အမှတ် ၉၄။ စိန်ရတနာလမ်းရှိ အဆောင်တွင် ငှားရမ်းနေထိုင်သူ ကန်ကြီးဒေါင့်မြို့နယ် ဝဲချောင်းကျေးရွာနေ ( အဖ)ဦးကျော်သီဟ(အမိ)ဒေါ်မြင့်မာလာ၏ သားဖြစ်သူ မောင်အာကာပြည့်ဖြိုး(၁၆)နှစ်သည် ၁.၇.၂၀၂၅ရက်နေ့ ၀၈:၀၀အချိန်ခန်တွင် အလုပ်သွားရှာရာမှ ယနေ့ချိန်ထိ ပြန်လည်ရောက်ရှိလာခြင်းမရှိပဲ ပြောက်ဆုံးသွားပါသဖြင့် တွေ့ရှိသူများအနေဖြင့် အောက်ပါဖုံးနံပါတ်သို့ ဆက်သွယ်ကူညီပေးပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်သွယ်ရန် 09674456894

ငလျင်လှုပ်ခတ်အပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မြင်ကွင်း (ဓာတ်ပုံ)
28/03/2025

ငလျင်လှုပ်ခတ်အပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မြင်ကွင်း (ဓာတ်ပုံ)

နောက်ထပ် ၆ နာရီအတွင်း နောက်ဆက်တွဲငလျင်ငယ်တွေ ဆက်လှုပ်လာနိုင်တယ်လို့ သတိပေးထားမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ခန...
28/03/2025

နောက်ထပ် ၆ နာရီအတွင်း နောက်ဆက်တွဲငလျင်ငယ်တွေ ဆက်လှုပ်လာနိုင်တယ်လို့ သတိပေးထား

မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ခန့်မှန်းချက်အရ ငလျင်ကြီးလှုပ်ခတ်ပြီး နောက်ထပ် ၆ နာရီအတွင်း နောက်ဆက်တွဲငလျင်တွေ ဆက်လှုပ်လာနိုင်တာကြောင့် ဘေးလွတ်ရာမှာနေထိုင်ကြဖို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်...

အားလုံးသတိထားဖို့*******************ပြင်းအား ၈.၀ ငလျင်ကြီးလှုပ်ရင် ဆူနာမီလှိုင်းလုံးများ မြန်မာ့ကမ်းရိုးတန်းသို့ ၄၅ မိနစ...
28/03/2025

အားလုံးသတိထားဖို့
*******************
ပြင်းအား ၈.၀ ငလျင်ကြီးလှုပ်ရင် ဆူနာမီလှိုင်းလုံးများ မြန်မာ့ကမ်းရိုးတန်းသို့ ၄၅ မိနစ်အတွင်း ရောက်ရှိလာနိုင် (ပြင်ဆင်ထားကြပါတော့)

ကျွန်တော်တို့ ဘာတွေပြင်ဆင်ထားပြီးပြီလဲ၊ ဘာတွေကြိုတင်ပြင်ဆင်ရမလဲ၊ ဘယ်လိုပြင်ဆင်ကြရမှာလဲ။

မြေပုံပေါ်တွင် ရှာဖွေကြည့်ပါက မြန်မာနိုင်ငံကို မြောက်ဖျားစွန်းပိုင်းက စတင်ပြီး အလယ်တည့်တည့်မှ ဖြောင့်ဖြောင့်ကြီး ဖြတ်သန်းသွားသည့် စစ်ကိုင်း ပြတ်ရွေ့ဆိုသည့် မြန်မာ့ငလျင်ဇုန် ရှိပြီး ၎င်းသည် တောင်ပိုင်းစွန်း ရန်ကုန်တိုင်းဒေသကြီးအလွန် မုတ္တမကွေ့မှ တဆင့် အက်ဒမန်ပင်လယ်ထဲကို တိုးလျှိုးဝင်ကာ အင်ဒိုနီးရှားနိုင်ငံ ပါပူအာနယူးဂီနီးကျွန်းမှာ အဆုံးသတ်ထားပြီး ပင်လယ်ကြမ်းပြင်အောက် ပြတ်ရွေ့အဖြစ် ကိုယ်ယောင်ဖျောက်နေသည်ကိုလည်း သတိပြုစေချင်ပါသည်။

ဆိုတော့ မြန်မာနိုင်ငံအနေနှင့် အဓိကသတိထားရမည့်အချက်ဟာ ကုန်းတွင်းပိုင်းအားပြင်းငလျင်များသာလျင်မဟုတ်ပဲ တောင်ဘက်ပိုင်းကမ်းလွန် အက်ဒမန်ပင်လယ်ကြမ်းပြင်အောက်က ကိုယ်ယောင်ဖျောက်ပြတ်ရွေ့မှ ဖြစ်ပွားလာနိုင်သည့် မီဂါ ဆူနာမီရေလှိုင်းကြီးဖြစ်ပေါ်နိုင်ခြေ (ဖြစ်နိုင်ခြေ) ဖြစ်ပါသည်။ လုံးဝ မေ့မထားသင့်ပါ။

ယင်း မြန်မာနိုင်ငံတောင်ဘက်ပိုင်း အက်ဒမန်ပင်လယ်ပြင်ဟာ ပထဝီအနေအထားအရ ဆူနာမီရေလှိုင်းဖြစ်ပေါ်လာရန် ပြီးပြည့်စုံကာလုံလောက်သည့် ရေပြင်တည်နေရာ အကျယ်အဝန်း စုံလင်စွာရှိနေပါသည်။

အကယ်၍များ အိန္ဒိယ သမုဒ္ဒရာနှင့် အက်ဒမန်ပင်လယ်ကြမ်းပြင်အောက်ပြတ်ရွေ့များမှာ ဆူနာမီဖြစ်ပေါ်လာစေရန်လုံလောက်သည့် ပြင်းအားပမာဏ မဂ္ဂနီကျု ၈.၀ နှင့်အထက်ရှိသော ငလျင်ကြီးလှုပ်ရှားလာခဲ့ပါက ကြီးမားပြင်းထန်ဘည့်ဆူနာမီရေလှိုင်းဖြစ်ပေါ်နိုင်ပြီး ယင်းဆူနာမီရေလှိုင်းများ၏ ၆၀% သော အဖျက်စွမ်းအင်များဟာ မြန်မာနိုင်ငံတောင်ဘက်မြန်မာ့ကမ်းရိုးတန်းဖြစ်သည့် ဧရာဝတီးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ နိုင်ငံအနောက်ပိုင်း ကမ်းရိုးတန်းဒေသများဆီသို့ တစ်နာရီမိုင် ၅၀၀ နှုန်းဖြင့် ဦးတည်လာမည်ဖြစ်ပြီး ဆူနာမီလှိုင်းများမြန်မာ့ကမ်းရိုးတန်းသို့ရောက်ရှိရန် အချိန် ၄၅ မိနစ်ခန့်သာ ကြာပါလိမ့်မည်။

တနည်းဆိုရလျင် မြန်မာ့ကမ်းရိုးတန်းဒေသမှာ မှီတင်းနေထိုင်ကြသူများအနေနှင့် ကုန်းမြင့်ပိုင်းဒေသများ၊ ကမ်းရိုးတန်းနှင့်ဝေးကွာသည့် ကုန်းတွင်းပိုင်းဆီသို့ evacuated ရှောင်ပြေးချိန်ဟာ အချိန် ၃၀ မိနစ်မှ ၄၅ မိနစ်အတွင်းသာ ရရှိကြမှာဖြစ်သည်။

မိနစ်ပိုင်းအတွင်း ဘာတွေပြင်ဆင်နိုင်ကြမလဲ၊ စစ်ကိုင်းပြတ်ရွေ့ဟာ ခေတ်အဆက်ဆက်သမိုင်းကြောင်းမှတ်တမ်းများအရ ပြင်းအားပမာဏ မဂ္ဂနီကျု ၇.၀ နှင့်အထက် အင်အားပြင်းမြေငလျင်ကြီးများ active ဖြစ်လျက်နေသည့်ဒေသအဖြစ် ကမ္ဘာကသိရှိထားကြပြီး အင်အားပြင်းငလျင်ကြီးများဖြစ်ပေါ်စေရန်လည်း လိုအပ်သည့် ကုန်းမြေထုချက်၊ မြေနေရာအကျယ်အဝန်းလည်း ပြီးပြည်စုံစွာရှိနေပါသည်။ မပေါ့ဆသင့်။

မြန်မာနိုင်ငံအထက်ပိုင်းက ပြတ်ရွေ့ဒေသဟာ အောက်ပိုင်းပြတ်ရွေ့ထက် ပိုမိုလှုပ်ရှားအသက်ဝင်နေသော်လည်း အားအသင့်အတင့်မှ ငလျင်ငယ်များသာ အများအားဖြင့်လှုပ်ရှားလေ့ရှိသည်ကို ငလျင်မှတ်တမ်းများအရသိရပြီး ယင်း အထက်ပိုင်းဒေသဟာ တောင်ကုန်းတောင်တန်းများထူထပ်ပြီး လူနေထိုင်မှုနည်းပါးမှုများကြောင့် ငလျင်ကြောင့်ဖြစ်လာနိုင်သည့် လူ့အသက်၊ အိုးအိမ်စည်းစိမ်ဆုံးရှုံးမှု လျော့နည်းကျဆင်းတတ်ပါသည်။

အထူးအနေနှင့် မြန်မာနိုင်ငံအောက်ပိုင်းပြတ်ရွေ့ကို အနည်းငယ်ဖော်ပြလိုပါသည်။ မြန်မာနိုင်ငံက အဓိကလူနေထူထပ်သည့်မြို့ကြီး ၇ မြို့တွင် ၄ မြို့ဟာ အောက်ပိုင်းပြတ်ရွေ့ကြောပေါ်ရောက်ရှိနေပြီးဖြစ်သည်ကို သိရှိထားကြပြီးဖြစ်ကာ ရန်ကုန်၊ ပဲခူး၊ ပြည်၊ မိတ္ထီလာ၊ ကျောက်ဆည်၊ နေပြည်တော် စသည့် မြို့ကြီးမြို့ငယ်များ အားလုံး alpide ပြတ်ရွေ့အဆုံးသတ်ပိုင်းမြေထုချပ်ပေါ် မှာ ခန့်ညားထည်ဝါစွာရှိနေကြပြီး အကယ်၍ အောက်ပိုင်းပြတ်ရွေ့တစ်နေရာရာမှာ အားပြင်းငလျင်လှုပ်ရှားခဲ့ပါက ပေးဆပ်မှုများပြားပါလိမ့်မည်။

ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ စသည့် တိုင်းဒေသကြီးများဟာ လူနေထူထပ်များပြားလှပြီး ကြံ့ခိုင်မှုအရည်အသွေးကျဆင်းလာသည့် အခြေခံအဆောက်အဦးများစွာ ရှိနေမှုများကြောင့် အလေးအနက်ထားပြီးနေထိုင်သင့်ပါသည်။

မြေငလျင်သတင်းအမြဲနားစွင့်ကာ မိမိတို့ကိုယ်ပိုင်အသိပညာဖြင့် စဉ်းစားဆုံဖြတ်ကာ ငလျင်ကာကွယ်ခြင်း၊ ဆောင်ရန်၊ ရှောင်ရန်များကို လက်လှမ်းမှီသလောက် ကြေညက်စွာလေ့လာမှတ်သား နားလည်သဘောပေါက်အောင် ကြိုတင်ကာလေ့လာဆည်းပူးကြဖို့ အထူးတိုက်တွန်းနှိုးဆော်အပ်ပါသည်။ တူရကီငလျင်မှ သင်ခန်းစာယူနိုင်ကြပါစေ။ ကိုယ်ချင်းစာနိုင်ကြပါစေ။ ကြိုတင်ပြင်ဆင်နိုင်ကြပါစေ။

_
#မြေငလျင်သတင်းများစင်တာ မှ ကူးယူဖော်ပြပါသည်။

ငလျင်ကြောင့် နေပြည်တော် သပြေကုန်းစျေးရုံနှင့် အမြန်လမ်း ပျက်စီးစစ်ကိုင်းကို ဗဟိုပြုပြီးလှုပ်ခတ်သွားတဲ့ ပြင်းအား ရစ်ချ်တာ...
28/03/2025

ငလျင်ကြောင့် နေပြည်တော် သပြေကုန်းစျေးရုံနှင့် အမြန်လမ်း ပျက်စီး

စစ်ကိုင်းကို ဗဟိုပြုပြီးလှုပ်ခတ်သွားတဲ့ ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ ငလျင်ကြောင့် နေပြည်တော်နဲ့ အမြန်လမ်းပိုင်းတချို့ ပျက်စီးခဲ့သလို ပျဉ်းမနား-တောင်ညိုလမ်းတလျှောက်၊ လမ်းမကြီးနဲ့ သပြေကုန်းစျေးရုံလည်း ပျက်စီးသွားပါတယ်။

Breaking News- ငလျင်ကြောင့် နေပြည်တော်လေဆိပ်၏ လေကြောင်းထိန်းသိမ်းရေး တာဝါ ကျိုးကျပြီး တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းအားလုံ...
28/03/2025

Breaking News- ငလျင်ကြောင့် နေပြည်တော်လေဆိပ်၏ လေကြောင်းထိန်းသိမ်းရေး တာဝါ ကျိုးကျပြီး တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းအားလုံး သေဆုံး

ရန်ကုန်၊ မတ် ၂၈

ယနေ့ မွန်းလွဲပိုင်း လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် နေပြည်တော်လေဆိပ်၏ လေကြောင်းထိန်းသိမ်းရေး တာဝါ ကျိုးကျသွားပြီး တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းအားလုံး သေဆုံးကြောင်း နေပြည်တော် တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

"လေကြောင်းထိန်းသိမ်းရေးတာဝါတိုင်ကျိုးကျတာ။ အဲဒီမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းအားလုံး ဆုံးပါတယ်" ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ယနေ့ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် နေပြည်တော်တစ်ခုလုံးတွင် အပျက်အစီး အလွန်များပြားပြီး သေဆုံးမှုများရှိကြောင်း၊ သို့ရာတွင် စာရင်းအတိအကျ ကောက်ယူရန် ခက်ခဲပြီး လမ်းများလည်း ပျက်စီးသွားကြောင်း သိရှိရသည်။

ဓာတ်ပုံ- နေပြည်တော်လေဆိပ်အဝင်လမ်း။ (ပုံအဟောင်းဖြစ်ပါသည်။)

ငလျင်ဒဏ်ကြောင့် တိမ်းစောင်းသွားတဲ့ မန်းလေး ၇၈ လမ်းပေါ်က ဂရိတ်ဝေါဟိုတယ်
28/03/2025

ငလျင်ဒဏ်ကြောင့် တိမ်းစောင်းသွားတဲ့ မန်းလေး ၇၈ လမ်းပေါ်က ဂရိတ်ဝေါဟိုတယ်

ငလျင်ဒဏ်ကြောင့် ထိုင်းနိုင်ငံမှာ ဆောက်လုပ်စ တိုက်တစ်လုံးပြိုကြပြီး မြန်မာလုပ်သား(၄၀)ကျော် ပိတ်မိနေ 😔အသက်ရှင်ဖို့ ဆုတောင်...
28/03/2025

ငလျင်ဒဏ်ကြောင့် ထိုင်းနိုင်ငံမှာ ဆောက်လုပ်စ တိုက်တစ်လုံးပြိုကြပြီး မြန်မာလုပ်သား(၄၀)ကျော် ပိတ်မိနေ 😔
အသက်ရှင်ဖို့ ဆုတောင်းပေးကြပါအုံးနော်...

ငလျင်ကြောင့် မန္တလေးမြို့ရိုးနေရာအချို့ ပြိုကျ၊ ပုဂံ သဗ္ဗညုဘုရားထီးတော်စောင်းဂျူချန်းမဇ္ဈိမ။ ။ မြန်မာနိုင်ငံ၏ နောက်ဆုံးမ...
28/03/2025

ငလျင်ကြောင့် မန္တလေးမြို့ရိုးနေရာအချို့ ပြိုကျ၊ ပုဂံ သဗ္ဗညုဘုရားထီးတော်စောင်း

ဂျူချန်း

မဇ္ဈိမ။ ။ မြန်မာနိုင်ငံ၏ နောက်ဆုံးမင်း စိုးစံခဲ့သည့် မန္တလေးမြို့ရှိ မြို့ရိုးပတ်လည် နေရာအချို့ ယနေ့ (မတ်လ ၂၈ ရက်) မွန်းလွဲပိုင်းတွင် လှုပ်ခတ်သည့်ငလျင်ကြောင့် ပြိုကျပျက်စီးသွားပြီး ညောင်ဦးမြို့ ပုဂံရှိ သဗ္ဗညုဘုရား ထီးတော်လည်း အနည်းငယ် စောင်းသွားကြောင်း သိရသည်။

တပတ်လည် နီးပါးပဲ ဗျ။ ကျွန်တော် မှတ်တမ်းယူခဲ့တာတော့ အရှေ့နဲ့ မြောက်ဘက်မှာပါ။ မြောက်ဘက်ခြမ်းကဟာက လှုပ်ပြီးပြီးချင်းမှာပဲဗျ ဟု ငလျင်လှုပ်ချိန်တွင် မန္တလေးမြို့ရိုး အနီး ဓာတ်ပုံမှတ်တမ်းယူခဲ့သည့် မြို့ခံက ပြောသည်။

မှတ်တမ်းများအရ မန္တလေးမြို့နှင့် နန်းတော်ကို မင်းတုန်းမင်းကြီးက ၁၈၅၇-၁၈၅၉ ခုနှစ်အတွင်း စတင်တည်ခဲ့ပြီး တောင်မှမြောက် အလျား ခြောက်မိုင်ခွဲ အရှေ့ အနောက် အနံ လေးမိုင်ခန့် ရွှေကြိုးသတ် မြေမြို့ရိုးကာရံကာ မန္တလေး နန်းတော်က ကျုံးလေးဘက်ရံ၍ အုတ်မြို့ ရိုးကြီးဖြင့် တည်ဆောက်ထားခဲ့သည်။

လက်ရှိတွင် မန္တလေးမြို့ရိုးသည် နှစ်ပေါင်း ၁၆၈ ခန့်ရှိပြီဖြစ်ပြီး မြန်မာမင်းတို့ နောက်ဆုံးစိုးစံခဲ့သည့် မန္တလေးနန်းတော်သည် အမျိုးသားအဆင့် ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ခံထားရသည့် နေရာဖြစ်သည်။

ပုဂံတွင် အခြားဘုရားများ ထိခိုက်ပျက်စီးမှု ကြီးကြီးမားမား မရှိသော်လည်း သဗ္ဗညုဘုရားကြီး ထီးတော် အနည်းငယ် တိမ်းစောင်းသွားကြောင်း ဒေသခံထံမှ သိရသည်။

ကျွန်တော်အကုန်ပတ်ကြည့်ပြီးပြီ သဗ္ဗညုဘုရားထီးတော် နည်းနည်းလေးပဲစောင်းတယ်။ ကျန်တာ ကြီးကြီးမားမားမရှိဘူး။ ရှေးဟောင်းသုတေသီတွေဘာတွေလည်း လိုက်စစ်နေကြတာတွေ့တယ် ဟု မြို့ခံတဦးက ပြောသည်။

ငလျင်လှုပ်ခတ်ပြီးနောက် လက်ရှိညနေပိုင်းချိန်ထိ ဖုန်းလိုင်းများ ပြတ်တောက်နေကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းအပြင် မန္တလေးလေဆိပ်တွင်လည်း ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုရှိကြောင်း လူမှုကွန်ရက်တွင် ဒေသခံ၏ ဖော်ပြချက်အရ သိရသည်။

မြန်မာပြည်အလယ်ပိုင်း စစ်ကိုင်းမြို့အနီးကို ဗဟိုပြု၍ ယနေ့(မတ်လ ၂၈ ရက်) မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်အချိန်ခန့်က လှုပ်ရှားသွားသည့်ငလျင်သည် ပြင်းအား ရေချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ Major Earthquake (ငလျင်ကြီး) လှုပ်ခတ်သွားခြင်းဖြစ်ပြီး လက်ရှိတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ နှင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ယခုငလျင်သည် ၁၉၁၂ ခုနှစ် မေမြို့ငလျင်နောက်ပိုင်း အပြင်းထန်ဆုံးငလျင်ဖြစ်ကြောင်း ငလျင်ပညာရှင် ပါမောက္ခ ဒေါက်တာမျိုးသန့်ကပြောသည်။

ငလျင်ဒဏ်သင့် လူနာများ၍ အရေးပေါ်သွေးလိုအပ်ဧရာဝတီ၊ မတ် ၂၈၊ ၂၀၂၅ငလျင်ဒဏ်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် နေပြည်တ...
28/03/2025

ငလျင်ဒဏ်သင့် လူနာများ၍ အရေးပေါ်သွေးလိုအပ်

ဧရာဝတီ၊ မတ် ၂၈၊ ၂၀၂၅

ငလျင်ဒဏ်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် နေပြည်တော်ကောင်စီနယ်မြေရှိ ပြည်သူ့ဆေးရုံများတွင် ဒဏ်ရာရသူအများအပြားတက်ရောက်ကုသမှုခံယူနေရသည့်အတွက် အရေးပေါ်သွေးလိုအပ်မှုများရှိနေသဖြင့် သွေးအလှူရှင်များအနေဖြင့် အမြန်ဆုံးဆက်သွယ်လှူဒါန်းပေးကြရန် စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ငလျင်ဒဏ်ကြောင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသနှင့် နေပြည်တော်ကောင်စီနယ်မြေတို့အား အရေးပေါ်အခြေအနေကြေညာထားပြီး လူထိခိုက်သေဆုံးမှုများနှင့် အဆောက်အဦပြိုကျပျက်စီးမှုများလည်း အများအပြားရှိနေသည်။

ပုံစာ- ငလျင်လှုပ်ပြီးနောက် နေပြည်တော် ဆေးရုံမြင်ကွင်း

Update Newsယနေ့လှုပ်ခတ်သော ငလျှင်ကြောင့် တောင်ငူမြို့၏  ရှေးအကျဆုံးမြို့  ကျက်သရေဆောင်  ရှေးဟောင်းသမိုင်းဝင်  မြတ်စောညီန...
28/03/2025

Update News

ယနေ့လှုပ်ခတ်သော ငလျှင်ကြောင့် တောင်ငူမြို့၏ ရှေးအကျဆုံးမြို့ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် မြတ်စောညီနောင် ဘုရားကြီး၏ နောင်တော်ကြီးစေတီတော်မှ စိန်ဖူးတော်မြေခ ပျက်စီးသွားခဲ့ကြောင်းသိရသည်။

ရှေးဟောင်းသမိုင်းဝင်မြတ်စောညီနောင်ဘုရားကြီးသည် သာသနာနှစ်(၂၂၃)ခုနှစ်က စတင်တည်ခဲ့သော တောင်ငူမြို့၏ ရှေးအကျဆုံး မြို့ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင်ဘုရားကြီးဖြစ်ပြီး ဘုရားကြီး၏ နောင်တော်စေတီတော်နှင့် ညီတော်စေတီတော်နှစ်ဆူရှိသည့်အနက် နောင်တော်စေတီတော်မှ စိန်ဖူးတော်မှာ မြေခပျက်စီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါနောင်တော်စေတီ စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်မှာ ပြီးခဲ့သော ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်းက ပျောက်ဆုံးသွားခဲ့ပြီးနောက် တောင်ငူမြို့ခံ ရွှေဥဒေါင်းဆေးလိပ်ခုံမိသားစု ဦးဆောင်ပြီး တောင်ငူ မြို့သူ/မြို့သားများနှင့် ၇ ရက်သားသမီးအလှူရှင်များစုပေါင်းလှူဒါန်း၍ ၂၀၁၈ ခုနှစ်တွင် နောင်တော်စေတီတော်ကြီး၏စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို အသစ်ပြန်လည်တင်လှူခဲ့ကြသော ရှေးဟောင်းသမိုင်းဝင် စေတီတစ်ဆူဖြစ်ကြောင်း သိရသည်။

မြန်မာပြည်ငလျင်နဲ့ ပတ်သက်ပြီး မိုးလေဝသဆရာကြီး ဦးထွန်းလွင် မကွယ်လွန်မီ လွန်ခဲ့တဲ့ (၇) နှစ်က ရေးသားခဲ့သော ကွက်တိမှန်ခဲ့တဲ့...
28/03/2025

မြန်မာပြည်ငလျင်နဲ့ ပတ်သက်ပြီး မိုးလေဝသဆရာကြီး ဦးထွန်းလွင် မကွယ်လွန်မီ လွန်ခဲ့တဲ့ (၇) နှစ်က ရေးသားခဲ့သော ကွက်တိမှန်ခဲ့တဲ့ ခန့်မှန်းချက်တခု

မြေငလျင်နဲ့ပတ်သက်လို့ မြေငလျင်ငယ်တွေ များများလှုပ်လေ မြေငလျင်ကြီးတွေ လှုပ်ရှားဖို့နည်းလေ ဖြစ်ပါတယ်။ ၁၅-၁-၂၀၁၈ ည (၉:၅၀) နာရီ။

မြန်မာနိုင်ငံမှာ လက်ရှိလူပြောများနေသော ကိစ္စမှာ မြေငလျင်ငယ်များမကြာမကြာ လှုပ်နေတဲ့အတွက် မကြာမီ ငလျင်ကြီးတစ်ခု လှုပ်တော့မယ်ဆိုတာကို တွေးကြောက်နေကြတာဖြစ်ပါတယ်။ မြေငလျင်ကို ကြိုတင်ခန့်မှန်းနိုင်တဲ့အရာ မဟုတ်ဘူးဆိုတာကို ပညာရှင်အများလက်ခံထားကြပါတယ်။ တိတိကျကျ နီးနီးစပ်စပ် ကြိုတင်ခန့်မှန်းနှိုင်မှု အနည်းဆုံးသော ဘာသာရပ်လည်းဖြစ်ပါတယ်။

ဒါကြောင့်တိတိကျကျ မပြောနိုင်ကြသော်လည်း လေ့လာထားခဲ့သမျှအထောက်အထားအရ ပြောရပါက မြေငလျင်ငယ်များ များများလှုပ်လေ အင်အားပြင်းထန်တဲ့မြေငလျင်ကြီးတွေ လှုပ်ဖို့အလားအလာနည်းပါးလေဆိုတာကို ဌာနတွင်ရှိစဉ်က ဂျပန်နိုင်ငံသို့ ပညာသင်သွားခဲ့သော တပည့်တစ်ဦးအား ကျွန်တော်လေ့လာမှုတခုပြုလုပ်ခဲ့ရန် တာဝန်ပေးချက်အရ မြေငလျင်တစ်ခု၏ အင်အား (Intensity) နဲ့ မြေငလျင်လှုပ်ရှားမှုအကြိမ်ပေါင်း (Frequency) တို့ ဆက်စပ်မှုရှိနေကြောင်း ခိုင်မာတဲ့တွေ့ရှိချက်တစ်ခု ရရှိခဲ့ပါတယ်။

အဆိုပါ အင်အား နဲ့ အကြိမ်ပေါင်း ဆက်စပ်မှုအရ မြေငလျင်အကြိမ်များများလှုပ်ရှားလေ အင်အား 4- 6 အတွင်း ငလျင်များသာ အလှုပ်များခဲ့ပြီး၊ အင်အားပြင်းထန်သော မြေငလျင်ကြီးတွေ လှုပ်ရှားမှုနည်းပါးကြောင်းတွေ့ရပါတယ်။ တစ်ကြိမ်နှစ်ကြိမ်တော့ ပြင်းအား 6 နဲ့ 7 ကြားအင်အားရှိတဲ့ မြေငလျင် (၂) (၃) ကြိမ် လှုပ်ခဲ့တာတော့ ချွင်းချက်ရှိပါတယ်။ ဒါပေမယ့် ငလျင်ငယ်တွေလှုပ်တာများတိုင်း အင်အားကြီးတဲ့ငလျင်တွေ မလှုပ်တတ်ပါ။

မြေငလျင်လှုပ်ရှားမှု အကြိမ်နည်းပါးသော ကာလများတွင်မူ မြေငလျင်ငယ်များလှုပ်ရှားမှု မရှိသလောက်နည်းသွားပြီး၊ အင်အား 6-8 အထိ ပြင်းအားရှိတဲ့ မြေငလျင်ကြီးတွေလှုပ်ရှားခဲ့ကြောင်း တွေ့ရပါတယ်။ ဒါဟာလက်တွေ့လေ့လာမှုတစ်ခုရဲ့တွေ့ရှိချက်ဖြစ်တဲ့အတွက် လက်ရှိမြေငလျင်ငယ်များဆက်တိုက်လှုပ်ရှားနေမှုအပေါ် လွန်ကဲသော စိုးရိမ်မှုများမရှိသင့်ပဲ လိုအပ်တဲ့အသိ နဲ့ ကြိုတင်ပြင်ဆင်မှုများသာ လုပ်ဆောင်ဖို့အရေးကြီးပါတယ်။

မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့မြေငလျင်များလှုပ်ဖို့ အလားအလာများလာနေတာကို ပညာရှင်အများက ထောက်ပြနေကြပါတယ်။ ဒါကိုတော့ သတိကြီးစွာထားကြပြီး မြေငလျင်ကြောင့် အသက်အန္တရာယ်ကျရောက်မှုမှာ မြေငလျင်ကြောင့်မဟုတ်ပဲ၊ အဆောက်အဦများပြိုကျမှုကြောင့်ဖြစ်ကြရကြောင်းကို သတိထားပြီး၊ မိမိနေထိုင်ရာအဆောက်အဦရဲ့ခိုင်ခံ့မှု၊ မိမိနေထိုင်ရာဒေသရဲ့ အန္တရာယ်ကျရောက်နိုင်မှုအနေအထား၊ မြေငလျင်လှုပ်ရှားစဉ် ဆောင်ရန်ရှောင်ရန်အသိများကို လေ့လာထားသင့်ပါကြောင်း တိုက်တွန်းလိုက်ပါတယ်။
(ဦးထွန်းလွင်)
Crd
Daw phyu lay

Address


Opening Hours

Monday 09:30 - 21:00
Tuesday 09:30 - 21:00
Wednesday 09:30 - 21:00
Thursday 09:30 - 21:00
Friday 09:30 - 21:00
Saturday 09:00 - 21:30

Telephone

+95943136143

Alerts

Be the first to know and let us send you an email when Myanmar Crime News "S.H" posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Crime News "S.H":

Shortcuts

  • Address
  • Telephone
  • Opening Hours
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share

S.H-Ko Htet

Hello All My Friend