Marigold Real Estate

  • Home
  • Marigold Real Estate

Marigold Real Estate “ပျော်ရွှင်မှုတွေ့ ဝင်ရောက်၊ အနာဂတ်ကို တည်ဆောက်—Marigold Real Estate မှာနောက်တစ်ခေါက်!”

ကွယ်လွန်သွားသည့်ပိုင်ရှင်၏ အိမ် နှင့် မြေ သို့မဟုတ် မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက ...
11/08/2025

ကွယ်လွန်သွားသည့်ပိုင်ရှင်၏ အိမ် နှင့် မြေ သို့မဟုတ် မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း
=========================

၁။ အမွေဆိုင် သားသမီးများ သို့မဟုတ် အမွေဆိုင် ညီအစ်ကိုမောင်နှမများက စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် ပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာစာတမ်း လျှောက်ထားရရှိပြီး ဖြစ်လျှင်ဖြစ်စေ၊ စီရင်ပိုင်ခွင့်ရှိသော တရားရုံး တော်သို့ အမွေထိန်းလက်မှတ် လျှောက်ထားရပြီးလျှင် ဖြစ်စေ၊ ကွယ်လွန်သူပိုင် အိမ်၊ မြေ သို့မဟုတ် မြေကွက် ကို လွှဲပြောင်းရောင်းချခြင်း သို့မဟုတ် ငှားရမ်းခြင်းတို့ကို ဥပဒေနှင့်အညီပြုလုပ်နိုင်ခွင့်ရှိပါသည်။

၂။ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် အမွေဆိုင်အားလုံးပါဝင်၍ ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာ စာတမ်း ပြုလုပ်ပါက ကနေဦးမြေပုံ မြေရာဇဝင်ကူးယူရပါမည်။ အမည်ပေါက်ပိုင်ဆိုင်သူ အမှန်တကယ်သေဆုံးကြောင်း သက်ဆိုင်ရာက တရားဝင်ထုတ်ပေးသော သေစာရင်း တင်ပြနိုင်ရပါမည်။

၃။ မြေပုံမြေရာဇဝင်ကူးယူရာတွင် အမွေဆိုင်အားလုံးက တရားရုံးတော်၌ အမွေဆိုင်များ ဖြစ်ကြောင်း၊ အခြား အမွေဆိုင်များ မကျန်ရှိတော့ကြောင်း၊ ကွယ်လွန်သူ၏ အမွေဆိုင်များ မှန်ကန်ကြောင်း ဖော်ပြ၍ ကျမ်းကျိန် လွှာပြုလုပ်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ မြေပုံမြေရာဇဝင်ဌာနသို့ အမည်ပြောင်းရန် အတွက်နှင့် ရောင်းချရန်အတွက် မြေပုံမြေရာဇဝင် ( ၂ )စုံ ကူးယူခွင့် လျှောက်ထားရပါမည်။ မြေပုံကူးရာတွင် မြေပုံမြေရာဇဝင်ဌာန၏ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားခြင်းနှင့် ကျသင့်သော ကူးခများ ပေးသွင်း ရခြင်း ပြုလုပ်ရပါမည်။

၄။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြေပုံမြေရာဇဝင်ဌာနက သတင်းစာတွင် ကြော်ငြာ ထည့်သွင်းပြီး ကန့်ကွက်သူ မရှိသည့်အခါကျမှ အမည်ပြောင်းနှင့် ရောင်းချရန်အတွက် မြေပုံမြေရာဇဝင် ထုတ် ပေးမည်ဖြစ်ပါသည်။ ကန့်ကွက်မှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ကန့်ကွက်သူဘက်မှ အထောက်အထား ခိုင်ခိုင်လုံလုံ မတင်ပြနိုင်ပါက ကန့်ကွက်ချက်ကို မြေပုံမြေရာဇဝင်ဌာနက စဉ်းစားပေးမည် မဟုတ်ပါ။ ( မှတ်ချက် ၊ အမည်ပေါက်ကိုယ်ပိုင် မြေပုံကူးယူပါက သတင်းစာတွင် ကြော်ငြာရန် မလိုအပ်ဟု သိရှိရပါသည်။

၅။ ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာစာတမ်းနှင့် အရောင်းစာချုပ်ကို တစ်ကြိမ်တည်း မှတ်ပုံတင်ရန် ဆောင် ရွက်နိုင်ခွင့်ရှိပါသည်။ အဓိကလိုအပ်ချက်မှာ စာချုပ်စာတမ်း မှတ်ပုံတင်ရုံး၏ လိုအပ်ချက်များကို ပြည့်ပြည့်စုံစုံ တင်ပြနိုင်ရပါမည်။

၆။ အကယ်၍ အမွေဆိုင်တစ်ဦးတစ်ယောက်မှာ ခရီးလွန်နေပါက အထူးကိုယ်စားလှယ်ပေးအပ်၍ ခရီးလွန် နေသော အမွေဆိုင်အတွက် ဆောင်ရွက်နိုင်ခွင့်ရှိပါသည်။

( မှတ်ချက် ) ။ အမွေဆိုင်တစ်ဦးတစ်ယောက်ကို ထိန်ချန်ပါက မှတ်ပုံတင်စာချုပ်မှာ တရားဝင်မည် မဟုတ်ပါ။ သေဆုံးသွားသော အမွေဆိုင်၏ဇနီး သို့မဟုတ် သားသမီးများကိုပါ ထည့်သွင်းဆောင်ရွက်ပါမှ စာချုပ်မှာ တရားဝင်မည်ဖြစ်ပါသည်။

၇။ အထူးသတိပြုသင့်သောအချက်မှာ အမွေဆိုင်များကို ချန်လှန်၍ မှတ်ပုံတင်အရောင်းအဝယ် စာချုပ်စာ တမ်းပြုလုပ်ပါက ဥပဒေနှင့်ဆန့်ကျင်သဖြင့် ယင်းစာချုပ်မှာ ကနေဦးကပင် ပျက်ပြယ်နေပါသည်။

၈။ အမွေထိန်းစာဖြင့် ရောင်းချခြင်းဖြစ်ပါက ရောင်းချခွင့်ပြုရန် တရားရုံး၏ခွင့်ပြုမိန့် ပါရှိရပါမည်။

[ဦးဗကြိုင်(ဘီအေ၊ အီအယ်လ်)၊ မရွှေ့မပြာင်းနိုင်သည့် အိမ် ခြံ မြေ တိုက်ခန်း စသည်များရောင်းချခြင်း၊ ဝယ်ယူခြင်း ငှားရမ်းခြင်းဆိုင်ရာ ဥပဒေသိမှတ်ဖွယ်ရာ၊ စာ ၈ ) ] ။ ဓာတ်ပုံ - အင်တာနက်။

(Zawgyi)

ကွယ်လွန်သွားသည့်ပိုင်ရှင်၏ အိမ် နှင့် မြေ သို့မဟုတ် မြေကွက်ကို
အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း

ေရေးရာ
#တောင်ကြီးအိမ်ခြံမြေအကျိုးဆောင် #ရှမ်းပြည်တောင်ပိုင်း

📝 အရစ်ကျစနစ်ဖြင့် မြေကွက်ရောင်းမည်📝သိန်း 50 မှ 980 သိန်းအထိရှိ နေရာအလိုက်မြေကွက်များ( 1 ) တောင်ကြီးမြို့ ၊ ကျောက်တလုံးကြ...
05/08/2025

📝 အရစ်ကျစနစ်ဖြင့် မြေကွက်ရောင်းမည်📝

သိန်း 50 မှ 980 သိန်းအထိရှိ နေရာအလိုက်မြေကွက်များ

( 1 ) တောင်ကြီးမြို့ ၊ ကျောက်တလုံးကြီးမြို့နယ် ၊ကက္ကူကျေးရွာအုပ်စု ၊ ကျောင်းထိုရွာ ၊ ကျောက်တလုံလမ်းမကြီးဘေး ၊ မီးသွယ်ယူနိုင်သည် ။မြေကွက်တည်နေရာ Google map👉
{https://maps.app.goo.gl/7saoCFzBbJ8HKask6}

ကျောင်းထိုရွာမြေကွက် ပေအကျယ်နှင့်စျေးနှုန်းများ
No.Z1 (ရှေ့ 120' x နောက် 100) - (တောင် 37' x မြောက် 128') စျေးနှုန်း (520သိန်း) တောင်ကြီး+ကျောက်တလုံးလမ်းမကြီးဘေး အကွက် အရှေ့လှည့် ။

No.Z2 (ရှေ့ 100' x နောက် 80')-(တောင် 128' x မြောက် 200') စျေးနှုန်း (730သိန်း)
တောင်ကြီး+ကျောက်တလုံးလမ်းမကြီးဘေး အကွက် အရှေ့လှည် ။

No.Z3 (ရှေ့ 100' x နောက် 80')-(တောင် 200' x မြောက် 280') စျေးနှုန်း (980သိန်း)
တောင်ကြီး+ကျောက်တလုံးလမ်းမကြီးဘေး အကွက် အရှေ့လှည့် ။

No.Z4 (ရှေ့ 118' x နောက် 100')-(တောင် 135' x မြောက် 130') စျေးနှုန်း (520သိန်း)

No.Z5 (ရှေ့ 130' x နောက်118')-(တောင် 135' x မြောက် 130') စျေးနှုန်း (630သိန်း)

No. Z6 (ရှေ့ 115' x နောက် 108')-(တောင် 130' x မြောက် 120') စျေးနှုန်း (550သိန်း)

No. Z7 (ရှေ့ 108' x နောက် 100')-(တောင် 130' x မြောက် 120') စျေးနှုန်း (480သိန်း)

No. Z8 (ရှေ့ 175' x နောက် 165')-(တောင် 105' x မြောက် 80') စျေးနှုန်း (370သိန်း)

No. Z9 (ရှေ့ 140' x နောက် 145')-(တောင် 86' x မြောက် 105') စျေးနှုန်း (370သိန်း)

No. Z10 (ရှေ့ 190' x နောက် 190')-(တောင် 50' x မြောက် 86') စျေးနှုန်း (400သိန်း)ခေးလူးရွာဝင်လမ်းမဘေး ။

( 2 )ထီရီးမြောက်ရွာအနီး ယာမြေ (15)ဧက ရောင်းမည် စျေးနှုန်း 1 ဧက (200) သိန်း ခွဲယူပါကနေရာပေါ်မူတည်ပြီး စျေးနှုန်းကွာခြားမည်။ နေရာကောင်း ရင်ကောင်းသလို 1ဧက 350 သိန်းထိရှိ ရွာဝင်ကျောက်ချော လမ်းဘေးပါမည် အရစ်ကျရ မြေကွက်တည်နေရာ Google map👉{https://maps.app.goo.gl/ucbDjnzovMX63Kwr9}

( 3 )နောင်ကား ဖက်ကွံ့ရွာဘေး ရွာမြေကွက် 3 ကွက်ရောင်းမည် ပေအကျယ် 50 ပတ်လည် တစ်ကွက်ချင်းစျေးနှုန်း 120 သိန်း အရစ်ကျရ မြေကွက်တည်နေရာ Google map👉{ https://maps.app.goo.gl/mKos1Rb6E5Z9BEWUA}

( 4 ) နောင်ကား နောင်ရွေးရွာအနီး ကတ္တရာလမ်းမကြီး တစ်ကွက်ငုတ်မှစ၍ ( 40x60 )10 ကွက်ရှိ ပေအပိုပါမည် စျေးနှုန်း သိန်း 70 မှ 85 သိန်းအထိရှိ အရစ်ကျရ မြေကွက်တည်နေရာ Google map👉{https://maps.app.goo.gl/NP2BmvyKntEaq8my8}

( 5 ) ထီဟန်ဆွေး ရွာအရှေ့ဖက် နာမ့်ခုတ်သွား လမ်းမကြီး ပေ 200 ငုတ် 15 ကွက်ရောင်းမည် ပေ (40x60) တစ်ကွက်ကို သိန်း50 ပေအပိုမြေကွက် ပေပိုစျေးဖြင့်ရောင်းမည် အရစ်ကျရ မြေကွက်တည်နေရာ Google map👉{https://maps.app.goo.gl/V42w77wHCiAXoQgw6}

( 6 ) နားဘောင် ရွာသစ်ဘေး ရှု့ခင်းလှ အပေါ်စီ view 6 ကွက်ရောင်းမည် ပေ 50 ပတ်လည် တစ်ကွက်ချင်းစျေးနှုန်း 100 သိန်း အရစ်ကျရ မြေကွက်တည်နေရာ Google map👉{https://maps.app.goo.gl/ndf4FtM4fDtEcGUQA}

သူဌေးမင်းများရဲ့ လှပသောအနာဂတ်အတွက်သာမက၊ အမောတွေကို ပြေလျှော့စေပြီး အနားယူဖို့အကောင်းဆုံးနှင့် သာယာလှပသော ရှု့ခင်းများကြား၊ နွေရာသီအပူရှောင်ဖို့အတွက်ပါ လုံးဝကွက်တိ ဖြစ်စေမယ့်နေရာလေး။

👉 ( Name Daw Ei Ei Khin )
👉 ဆက်သွယ်ရန်-09428330163.09788202146
👉Viber/Messenger/Telegram WhatsApp/သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည် ။
#တောင်ကြီးမြေကွက် #ရွာမြေ #မြေကွက်ရောင်းရန်

ရွာမှာနေထိုင်လာတာ အနှစ်(၂၀)လောက်ရှိပါပြီ ခြံကိုဂရန်လျှောက်လို့ရပါသလားကျေးရွာမြေဂရန်လျှောက်ထားခြင်း----------------------...
02/08/2025

ရွာမှာနေထိုင်လာတာ အနှစ်(၂၀)လောက်ရှိပါပြီ ခြံကိုဂရန်လျှောက်လို့ရပါသလား
ကျေးရွာမြေဂရန်လျှောက်ထားခြင်း
----------------------------
ကျေးရွာမြေဂရန်ထုတ်ပေးရေးစီမံချက်အရ မြေငှားဂရန်ထုတ်ပေးရန်အတွက် အောက်ပါ ပုဂ္ဂိုလ်များမှ မြေငှားဂရန်လျှောက်ထားခွင့်ရှိကြောင်း သတ်မှတ်ထားပါသည်-
(က) အသက်(၁၈)နှစ်ပြည့်ပြီးသည့် နိုင်ငံသားဖြစ်သူ၊ ကျေးရွာအုပ်စုအတွင်းနေထိုင်သူ၊
(ခ) နိုင်ငံသားစိစစ်ရေးကတ်ရှိသူ
(ဂ) လျှောက်ထားသူပါဝင်သည့် အိမ်ထောင်စုစာရင်း(ပုံစံ ၆၆/ ၆)ရှိသူ၊
(ဃ) အခြားအရပ်ဒေသမှ ပုံစံ(၁၀)ဖြင့် တရားဝင်ပြောင်းရွှေ့လာပါက တစ်ဆက်တစ်စပ်တည်း
(၁၂)နှစ်နေထိုင်မှုရှိသူ။
ကျေးရွာမြေဂရန်လျှောက်ထားရာ၌ ပါဝင်ရမည့်အချက်များ
(က) လျှောက်ထားသူအမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ နေရပ်လိပ်စာနှင့် အလုပ် အကိုင်၊
(ခ) လျှောက်ထားမြေတည်ရှိရာ ကျေးရွာ၊ ဦးပိုင်အမှတ်၊ မြေကွက်အမှတ်၊ လမ်း သို့မဟုတ် နယ်မြေဒေသ၊
(ဂ) လျှောက်ထားမြေ၏ အလား(၄)ရပ်၊
(ဃ) လျှောက်ထားမြေပေါ်တွင် ဆောက်လုပ်ထားသည့် အဆောက်အအုံအမျိုးအစား၊ အရွယ်အစား။
ကျေးရွာမြေဂရန်လျှောက်လွှာတွင် ပူးတွဲပါရှိရမည့်အချက်များ
(က) မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ သက်သေခံမြေစာရင်း ပုံစံ(၁၀၅/၁၀၆)၊
(ခ) အဆောက်အအုံ ဘေးမြင်/ ရှေ့မြင် ဓာတ်ပုံ(၂)ပုံ၊
(ဂ) လျှောက်ထားမြေအား ပိုင်ဆိုင်ကြောင်း အထောက်အထား၊
(ဃ) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊
( င) မြေယာပိုင်ဆိုင်မှု အရှုပ်အရှင်းကင်းရှင်းကြောင်း ကိုယ်တိုင်ဝန်ခံချက်
ကျေးရွာမြေဂရန်ထုတ်ပေးမည့် ဌာနမှဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ
--------------------------------
ကျေးရွာမြေများကို မြေငှားဂရန်ထုတ်ပေးရာတွင် အောက်ဖော်ပြပါ လုပ်ထုံးလုပ်နည်း များနှင့်အညီ စိစစ်ဆောင်ရွက်မည်ဖြစ်ပါသည်-
(က) (ယခင်)ပြည်ထဲရေးဝန်ကြီးဌာန
(ယခု)ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာထုတ်ပြန် သတ်မှတ်ထားသော ကျေးရွာ နယ်နိမိတ် ဧရိယာအတွင်းရှိ နိုင်ငံတော်အစိုးရက စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေနှင့် ကျေးရွာနယ်နိမိတ် ဧရိယာအတွင်းတည်ရှိပြီး လယ်ယာမြေဥပဒေပုဒ်မ ၃(က)ပါ လယ်ယာမြေတွင် အကျုံးမဝင်သည့် နိုင်ငံတော်အစိုးရက စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများကိုစိစစ်၍ မြေငှားဂရန် ထုတ်ပေးမည်၊
(ခ) မြေတည်ရှိရာကျေးရွာပါဝင်သည့် ကျေးရွာအုပ်စုအတွင်း နေထိုင်မှုမရှိသူကို လူနေထိုင်ရန် အတွက် မြေငှားဂရန်ချခြင်းမပြုပါ၊ စက်မှုလက်မှုလုပ်ငန်း သို့မဟုတ် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ပါက အမှန်တကယ်လုပ်ကိုင်သည့် လုပ်ငန်းလိုင်စင်နှင့် အညီ စက်မှုမြေငှား ဂရန် ကိုသာ ထုတ်ပေးမည်၊
(ဂ) မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံခြားသားအဖြစ် သတ်မှတ်ခံရသူ၊ နိုင်ငံခြားသား ဖြစ်သူအား မြေငှားဂရန် ထုတ်ပေးခြင်းမပြုပါ၊
(ဃ) တရားမကြောင်းအရ သက်ဆိုင်ရာတရားရုံးတွင် ဖြေရှင်းဆောင်ရွက်လျက်ရှိသည့် မြေကို မြေငှားဂရန်ထုတ်ပေးခြင်းမပြုပါ၊
(င) ပိုင်ဆိုင်မှုအငြင်းပွားလျက်ရှိသောမြေများကို မြေငှားဂရန်ထုတ်ပေးခြင်းမပြုပါ၊
(စ) ဧရိယာအကျယ်(၂၀×၆၀)ပေ၊ ဧကအားဖြင့် (၀.၀၂၇၅)ဧကထက် လျော့နည်းသည့် မြေများကို မြေငှားဂရန်ထုတ်ပေးခြင်းမပြုပါ၊
(ဆ) အနားလေးရပ်ခိုင်မာမှုမရှိသည့် ကျေးရွာမြေကို မြေငှားဂရန်ထုတ်ပေးခြင်းမပြုပါ၊
(ဇ) ဝင်လမ်း၊ ထွက်လမ်းမရှိသည့်မြေများကို မြေငှားဂရန်ထုတ်ပေးခြင်းမပြုပါ၊
(ဈ) အဆောက်အအုံ ဆောက်လုပ် အသုံးပြုထားခြင်း မရှိသောမြေများကို မြေငှားဂရန် ထုတ်ပေး ခြင်းမပြုပါ၊
(ည) မြစ်၊ ချောင်းနှင့် ရေကန်များကို ကျောခိုင်းဆောက်လုပ်ထားသည့် အဆောက်အအုံ မြေများကို မြေငှားဂရန် ထုတ်ပေးခြင်းမပြုပါ၊
(ဋ) မီးရထားလမ်း၊ ကားလမ်း နယ်နိမိတ်ဧရိယာအတွင်းရှိမြေများကို မြေငှားဂရန် ထုတ်ပေးခြင်း မပြုပါ၊
(ဌ) မဟာဓာတ်အားလိုင်းအတွင်း ကျရောက်လျက်ရှိသောမြေများကို မြေငှားဂရန် ထုတ်ပေးခြင်း မပြုပါ၊
(ဍ) မြေငှားဂရန်ထုတ်ပေးရန်မသင့်ကြောင်း သက်ဆိုင်ရာဌာနတစ်ခုခုမှ ဥပဒေနှင့်အညီ ကန့်ကွက်/ တားမြစ်ထားသည့်မြေများကို မြေငှားဂရန်ထုတ်ပေးခြင်း မပြုပါ။
``````````````````````````````````````````````````
အိမ် ခြံ မြေကွက် များအကြောင်းကိုအသေးစိတ်မေးမြန်းနိုင်ပါသည်။
Viber09428330163
Ph09788202146
Daw Ei Ei Khin

ေရေးရာ
#တောင်ကြီးအိမ်ခြံမြေ
#ရှမ်းပြည်တောင်ပိုင်း

ဘဝက အဲ့လိုပါဆို🤪     #တောင်ကြီးအိမ်ခြံမြေ  #ရှမ်းပြည်တောင်ပိုင်း
01/08/2025

ဘဝက အဲ့လိုပါဆို🤪

#တောင်ကြီးအိမ်ခြံမြေ #ရှမ်းပြည်တောင်ပိုင်း

“အိမ်ခြံမြေမှာ ဘာကြောင့်ရင်းနှီးမြှုပ်နှံကြသလဲဆိုရင် Rental Income ရဖို့နဲ့ Leverage ဆိုတဲ့ မူလတန်ဖိုးထက် အဆနဲ့ချီပြီး ဈ...
31/07/2025

“အိမ်ခြံမြေမှာ ဘာကြောင့်ရင်းနှီးမြှုပ်နှံကြသလဲဆိုရင် Rental Income ရဖို့နဲ့ Leverage ဆိုတဲ့ မူလတန်ဖိုးထက် အဆနဲ့ချီပြီး ဈေးနှုန်းမြင့်တက်မှုကို ရဖို့အတွက်ဖြစ်ပါတယ်။"

မြန်မာပြည်မှာ ကိုယ့်လက်ထဲငွေကြေးအရင်းအနှီးရှိလို့ ရင်းနှီးမြှုပ်နှံမှုလုပ်မယ်ရင် ပထမဆုံးပြေးမြင်မိကြတာက အိမ်ခြံမြေ (Real Estate) ပါပဲ။ အဓိကကတော့ အိမ်ခြံမြေရဲ့အားသာချက်က ပိုင်ဆိုင်မှုခိုင်မာတာကြောင့်နဲ့ စီးပွားရေးအခွင့်အလမ်းကောင်းရှိခြင်းကြောင့်ပဲဖြစ်တယ်။ နောက်တစ်ချက်က မြေဝယ်မကျဆိုပြီး ညွှန်းကြတဲ့အတိုင်း အိမ်ခြံမြေစျေးက အတက်ဘက်ကိုသာဦးတည်တဲ့အချက်ကလည်း ရင်းနှီးမြှုပ်နှံသူတွေအကြိုက်ဖြစ်ပါတယ်။ ပြီးတော့ အငှားဝင်ငွေ(Rental Income) အပြင် Capital Gains အမြတ်ပါ ရရှိနိုင်တဲ့အားသာချက်လည်းရှိပြန်ပါတယ်။ အားသာချက်တွေရှိသလို မှန်ကန်တဲ့ရင်းနှီးမြှုပ်နှံမှုဖြစ်ဖို့ သတိပြုရမယ့်အချက်တွေလည်းရှိတယ်။

“အိမ်ခြံမြေဝယ်မယ်ဆိုရင် စိတ်ခံစားချက်က ဘယ်လောက်ပါနေတယ်ဆိုတာကို အရင်စဉ်းစားဖို့လိုပါတယ်။ မဟုတ်ရင်တော့ ပထမဆုံးအတွေ့အကြုံမှာတင် ကွဲမှာပါပဲ။”

“ပိုင်ဆိုင်မှုတွေအားလုံးကို Asset တစ်ခုတည်းအပေါ်မှာ ပုံအောပြီး ရင်းနှီးမြှုပ်နှံလိုက်တာဟာ သိပ်ကို Risk များတတ်လေ့ရှိပါတယ်။ အိမ်ခြံမြေမှာလည်း ကိုယ့်မှာ လက်ထဲ သိန်းငါးထောင်ရှိတဲ့အခါ သိန်းငါးထောင်တန် မြေတစ်ကွက်ဝယ်ပြီး ရင်းနှီးထားလိုက်တာနဲ့စာရင် သိန်းတစ်ထောင်တန်မြေငါးကွက် ဝယ်ထားတာက ပိုပြီး အဆင်ပြေတတ်လေ့ရှိပါတယ်။”

“အိမ်ခြံမြေမှမဟုတ်ဘဲ ရင်းနှီးမြှုပ်နှံမှုတိုင်းအတွက် အချိန်ကာလတစ်ခုသတ်မှတ်ပြီး ထိုက်သင့်တဲ့အမြတ် ရရှိအောင် ဆောင်ရွက်ဖို့လိုအပ်ပါတယ်။ ငွေကြေးအမြတ်အစွန်း ကိုက်မကိုက်ဆိုတာ အချိန်ကာလအနည်းအများအပေါ် များစွာမူတည်နေပါတယ်။“အိမ်ခြံမြေမှာ ဘာကြောင့်ရင်းနှီးမြှုပ်နှံကြသလဲဆိုရင် Rental Income ရဖို့နဲ့ Leverage ဆိုတဲ့ မူလတန်ဖိုးထက် အဆနဲ့ချီပြီး ဈေးနှုန်းမြင့်တက်မှုကို ရဖို့အတွက်ဖြစ်ပါတယ်။"

မြန်မာပြည်မှာ ကိုယ့်လက်ထဲငွေကြေးအရင်းအနှီးရှိလို့ ရင်းနှီးမြှုပ်နှံမှုလုပ်မယ်ရင် ပထမဆုံးပြေးမြင်မိကြတာက အိမ်ခြံမြေ (Real Estate) ပါပဲ။ အဓိကကတော့ အိမ်ခြံမြေရဲ့အားသာချက်က ပိုင်ဆိုင်မှုခိုင်မာတာကြောင့်နဲ့ စီးပွားရေးအခွင့်အလမ်းကောင်းရှိခြင်းကြောင့်ပဲဖြစ်တယ်။ နောက်တစ်ချက်က မြေဝယ်မကျဆိုပြီး ညွှန်းကြတဲ့အတိုင်း အိမ်ခြံမြေစျေးက အတက်ဘက်ကိုသာဦးတည်တဲ့အချက်ကလည်း ရင်းနှီးမြှုပ်နှံသူတွေအကြိုက်ဖြစ်ပါတယ်။ ပြီးတော့ အငှားဝင်ငွေ(Rental Income) အပြင် Capital Gains အမြတ်ပါ ရရှိနိုင်တဲ့အားသာချက်လည်းရှိပြန်ပါတယ်။ အားသာချက်တွေရှိသလို မှန်ကန်တဲ့ရင်းနှီးမြှုပ်နှံမှုဖြစ်ဖို့ သတိပြုရမယ့်အချက်တွေလည်းရှိတယ်။

“အိမ်ခြံမြေဝယ်မယ်ဆိုရင် စိတ်ခံစားချက်က ဘယ်လောက်ပါနေတယ်ဆိုတာကို အရင်စဉ်းစားဖို့လိုပါတယ်။ မဟုတ်ရင်တော့ ပထမဆုံးအတွေ့အကြုံမှာတင် ကွဲမှာပါပဲ။”

“ပိုင်ဆိုင်မှုတွေအားလုံးကို Asset တစ်ခုတည်းအပေါ်မှာ ပုံအောပြီး ရင်းနှီးမြှုပ်နှံလိုက်တာဟာ သိပ်ကို Risk များတတ်လေ့ရှိပါတယ်။ အိမ်ခြံမြေမှာလည်း ကိုယ့်မှာ လက်ထဲ သိန်းငါးထောင်ရှိတဲ့အခါ သိန်းငါးထောင်တန် မြေတစ်ကွက်ဝယ်ပြီး ရင်းနှီးထားလိုက်တာနဲ့စာရင် သိန်းတစ်ထောင်တန်မြေငါးကွက် ဝယ်ထားတာက ပိုပြီး အဆင်ပြေတတ်လေ့ရှိပါတယ်။”

“အိမ်ခြံမြေမှမဟုတ်ဘဲ ရင်းနှီးမြှုပ်နှံမှုတိုင်းအတွက် အချိန်ကာလတစ်ခုသတ်မှတ်ပြီး ထိုက်သင့်တဲ့အမြတ် ရရှိအောင် ဆောင်ရွက်ဖို့လိုအပ်ပါတယ်။ ငွေကြေးအမြတ်အစွန်း ကိုက်မကိုက်ဆိုတာ အချိန်ကာလအနည်းအများအပေါ် များစွာမူတည်နေပါတယ်။
ေရေးရာ #တောင်ကြီးအိမ်ခြံမြေ #ဥပဒေရေးရာ

မြေကွက်ဝယ်ယူပြီးမှ အရှုပ်အရှင်းများ ဖြစ်မလာစေရန် သတိထားသင့်တဲ့ အချက် ( ၅ ) ချက်၁။ ပိုင်ဆိုင်မှု ခိုင်မာပါစေငွေပေါပေါ ရှိ...
28/07/2025

မြေကွက်ဝယ်ယူပြီးမှ အရှုပ်အရှင်းများ ဖြစ်မလာစေရန် သတိထားသင့်တဲ့ အချက် ( ၅ ) ချက်

၁။ ပိုင်ဆိုင်မှု ခိုင်မာပါစေ

ငွေပေါပေါ ရှိလို့ ဝယ်လိုက်သည်ဖြစ်စေ၊ အနှစ်နှစ်အလလ စုထားရတဲ့ ချွေးနှဲစာ ငွေလေးနဲ့ ဝယ်ယူသည်ဖြစ်စေ ဝယ်ပြီးမှတော့ လွယ်လွယ်နဲ့ ဆုံးရှုံးချင်မှာ မဟုတ်ဘူးနော်။ ဒါကြောင့် ပထမဆုံး အနေနဲ့

( က ) မိမိဝယ်ယူလိုတဲ့မြေကွက်ရဲ့ အမည်ပေါက်ဟာ ဘယ်သူလဲ၊
(ခ ) မြေပိုင်ဆိုင်မှု အထောက်အထား၊
( ဂ ) စာရွက်စာတမ်းတွေစုံ/မစုံ၊
( ဃ ) မူရင်းစစ်မှန်မှုရှိ/မရှိ၊ အရှုပ်အရှင်းကင်းမကင်း၊
( င ) မြေငှားခ ကြွေးကျန် ရှိ၊ မရှိ
( စ ) မြေပုံ/မြေရာဇဝင် နဲ့
( ဆ ) စည်ပင်သာယာ (သို့မဟုတ်) မြေစာရင်းရုံးရဲ့ နောက်ဆုံးမှတ်တမ်းမှာ ဘယ်လိုရေးသွင်းမှတ်သားထားလဲဆိုတာတွေကို တိကျရှင်းလင်းစွာ စစ်ဆေးရပါမယ်။

၂။ မြေအမျိုးအစားကို သေချာစစ်ဆေးပါ

ကိုယ်ဝယ်မယ့်မြေဟာ ဘိုးဘွားပိုင်မြေလား၊ ဂရန်မြေလား၊ မြေချမိန့်ရထားတဲ့မြေလား၊လယ်မြေလား၊ ယာမြေလား၊ မီးလောင်မြေချထားမိန့်နဲ့လား၊ ပုံစံ-၇ ရထားတဲ့မြေလား ဆိုတာ သေချာစစ်ဆေးရပါမယ်။

၃။ မြေကွက်ကို ရောင်းချသူ ဘယ်လိုပိုင်ဆိုင်ခဲ့တယ် ဆိုတာကို စစ်ဆေးပါ

မြေကွက်ပိုင်ရှင် ရောင်းချသူဟာ ကိုယ့်ရဲ့ မိတ်ဆွေရင်းကြီး ဖြစ်နေရင်တောင် သေချာစစ်ဆေးဖို့ လိုပါတယ်။ ရောင်းချသူဟာ မြေကွက်ကို အမွေရခဲ့တာလား၊ ကိုယ်တိုင်ဝယ်ယူခဲ့တာလား၊ လက်ဆောင်ရထားတာလား ဆိုတာကို သေချာစုံစမ်းဖို့ လိုပါတယ်နော်။

၄။ စာချုပ်စာတမ်း စုံ၊ မစုံ စစ်ဆေးပါ

စာချုပ်စာတမ်း စစ်ဆေးရာမှာ
ဂရန်မြေဆိုရင်
(က) မြေချထားမိန့်မူရင်း
(ခ) ငွေသွင်းပြေစာမူရင်း
(ဂ) ဂရန်စာချုပ်မူရင်း၊ မြေပုံ/မြေရာဇဝင်
(ဃ)မှတ်ပုံတင်စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများ
(ဇ) အိမ်ခွန်၊ မြေခွန်ပြေစာများ

ဘိုးဘွားပိုင်မြေဆိုရင်

(က) ဘိုးဘွားပိုင်မြေမှတ်တမ်းစာချုပ်
(ခ) မြေပုံ/မြေရာဇဝင်
(ဃ) မှတ်ပုံတင်စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများ

ပုံစံ-၇ ထုတ်ပေးထားတဲ့မြေဆိုရင်

(က) ပုံစံ-၇ မူရင်း
(ခ) မြေပုံ၊ မြေရာဇဝင်
(ဂ) ရပ်/ကျေးမှတ်တမ်း
(ဃ) စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများကို စုံအောင် စစ်ဆေးရပါမယ်။

၅။ စာချုပ်ချုပ်ဆိုခြင်း

စာချုပ်စာတမ်းတွေ စစ်ဆေးပြီးရင်တော့ စရံပေးစာချုပ်( ကတိစာချုပ် ) ချုပ်ဆိုခြင်း၊ အရောင်အဝယ် ပြုလုပ်ခြင်းအား ကန့်ကွတ်လိုသူ ရှိ၊ မရှိ သတင်းစာမှာ ကြေညာခြင်း၊ သတင်းစာမှာထည့်ပြီး စောင့်ကြည့်နေစဉ်အတွင်း အရောင်းအဝယ်စာချုပ် မှတ်ပုံတင်ခြင်း၊ မြေပုံ၊ မြေရာဇဝင် ရေးသားခြင်းတို့ လုပ်ဆောင်ရပါမယ်။ ကန့်ကွတ်သူ မပေါ်လာရင်တော့ ငွေအပြည့်ချေပြီး မြေလက်ရောက် လွှဲပြောင်းယူခြင်း၊ ဝယ်ယူတဲ့မြေနဲ့ ဆိုင်တဲ့ ပိုင်ဆိုင်မှု စာရွက်စာတမ်း (မူရင်း) အားလုံး
အခွန်ဆောင်ထားသော မှတ်တမ်းမှတ်ရာများ၊ စာချုပ်စာတမ်းများ၊ ဂရန်မူရင်း (သို့) ပုံစံ-၇ မူရင်း အစရှိတဲ့ စာရွက်စာတမ်းတွေ တစ်ခါတည်းအရယူထားရပါမယ်။

အထက်ပါအဆင့်တွေအားလုံးပြီးရင်တော့ မှတ်ပုံတင် အရောင်းအဝယ်စာချုပ် လက်ထဲရတာနဲ့ မိမိအမည်ပေါက်ပြောင်းလဲဖို့ လျှောက်ထားကာ ပိုင်ဆိုင်မှုကို ပိုမိုခိုင်မာအောင် ဆက်လက်လုပ်ဆောင်နိုင်ပါပြီ။

Credit :

26/07/2025

တောင်ကြီးမြို့ တောင်ဘက် သမိုင်းဝင်မွေတော်ကက္ကူဘုရား လမ်းခွဲထိပ် ကျောက်တလုံးလမ်းမကြီးဘေး ကျောင်းထိုရွာမြေကွက်အရောင်းပါရှင့် ❤

ကျွန်တော် ဝယ်ချင်သောအိမ်၏မူလဂရန်ပိုင်ရှင်သည် သေသွားပါပြီ၊ကျန်ရစ်သူ သားသမီးများဆီမှ ဝယ်လိုလျှင်ဂရန်အမည်ဖောက်၍ ရနိုင်ပါလား...
24/07/2025

ကျွန်တော် ဝယ်ချင်သောအိမ်၏
မူလဂရန်ပိုင်ရှင်သည် သေသွားပါပြီ၊
ကျန်ရစ်သူ သားသမီးများဆီမှ ဝယ်လိုလျှင်
ဂရန်အမည်ဖောက်၍ ရနိုင်ပါလားခင်ဗျာ။

ကွယ်လွန်သွားသည့်ပိုင်ရှင်၏ အိမ် နှင့် မြေ သို့မဟုတ် မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း

၁။ အမွေဆိုင် သားသမီးများ သို့မဟုတ် အမွေဆိုင် ညီအစ်ကိုမောင်နှမများက စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် ပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာစာတမ်း လျှောက်ထားရရှိပြီး ဖြစ်လျှင်ဖြစ်စေ၊ စီရင်ပိုင်ခွင့်ရှိသော တရားရုံး တော်သို့ အမွေထိန်းလက်မှတ် လျှောက်ထားရပြီးလျှင် ဖြစ်စေ၊ ကွယ်လွန်သူပိုင် အိမ်၊ မြေ သို့မဟုတ် မြေကွက် ကို လွှဲပြောင်းရောင်းချခြင်း သို့မဟုတ် ငှားရမ်းခြင်းတို့ကို ဥပဒေနှင့်အညီပြုလုပ်နိုင်ခွင့်ရှိပါသည်။

၂။ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် အမွေဆိုင်အားလုံးပါဝင်၍ ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာ စာတမ်း ပြုလုပ်ပါက ကနေဦးမြေပုံ မြေရာဇဝင်ကူးယူရပါမည်။ အမည်ပေါက်ပိုင်ဆိုင်သူ အမှန်တကယ်သေဆုံးကြောင်း သက်ဆိုင်ရာက တရားဝင်ထုတ်ပေးသော သေစာရင်း တင်ပြနိုင်ရပါမည်။

၃။ မြေပုံမြေရာဇဝင်ကူးယူရာတွင် အမွေဆိုင်အားလုံးက တရားရုံးတော်၌ အမွေဆိုင်များ ဖြစ်ကြောင်း၊ အခြား အမွေဆိုင်များ မကျန်ရှိတော့ကြောင်း၊ ကွယ်လွန်သူ၏ အမွေဆိုင်များ မှန်ကန်ကြောင်း ဖော်ပြ၍ ကျမ်းကျိန် လွှာပြုလုပ်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ မြေပုံမြေရာဇဝင်ဌာနသို့ အမည်ပြောင်းရန် အတွက်နှင့် ရောင်းချရန်အတွက် မြေပုံမြေရာဇဝင် ( ၂ )စုံ ကူးယူခွင့် လျှောက်ထားရပါမည်။ မြေပုံကူးရာတွင် မြေပုံမြေရာဇဝင်ဌာန၏ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားခြင်းနှင့် ကျသင့်သော ကူးခများ ပေးသွင်း ရခြင်း ပြုလုပ်ရပါမည်။

၄။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြေပုံမြေရာဇဝင်ဌာနက သတင်းစာတွင် ကြော်ငြာ ထည့်သွင်းပြီး ကန့်ကွက်သူ မရှိသည့်အခါကျမှ အမည်ပြောင်းနှင့် ရောင်းချရန်အတွက် မြေပုံမြေရာဇဝင် ထုတ် ပေးမည်ဖြစ်ပါသည်။ ကန့်ကွက်မှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ကန့်ကွက်သူဘက်မှ အထောက်အထား ခိုင်ခိုင်လုံလုံ မတင်ပြနိုင်ပါက ကန့်ကွက်ချက်ကို မြေပုံမြေရာဇဝင်ဌာနက စဉ်းစားပေးမည် မဟုတ်ပါ။

( မှတ်ချက် ၊ အမည်ပေါက်ကိုယ်ပိုင် မြေပုံကူးယူပါက သတင်းစာတွင် ကြော်ငြာရန် မလိုအပ်ဟု သိရှိရပါသည်။

၅။ ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာစာတမ်းနှင့် အရောင်းစာချုပ်ကို တစ်ကြိမ်တည်း မှတ်ပုံတင်ရန် ဆောင် ရွက်နိုင်ခွင့်ရှိပါသည်။
အဓိကလိုအပ်ချက်မှာ စာချုပ်စာတမ်း မှတ်ပုံတင်ရုံး၏ လိုအပ်ချက်များကို ပြည့်ပြည့်စုံစုံ တင်ပြနိုင်ရပါမည်။

၆။ အကယ်၍ အမွေဆိုင်တစ်ဦးတစ်ယောက်မှာ ခရီးလွန်နေပါက အထူးကိုယ်စားလှယ်ပေးအပ်၍ ခရီးလွန် နေသော အမွေဆိုင်အတွက် ဆောင်ရွက်နိုင်ခွင့်ရှိပါသည်။

( မှတ်ချက် ) ။ အမွေဆိုင်တစ်ဦးတစ်ယောက်ကို ထိန်ချန်ပါက မှတ်ပုံတင်စာချုပ်မှာ တရားဝင်မည် မဟုတ်ပါ။
သေဆုံးသွားသော အမွေဆိုင်၏ဇနီး သို့မဟုတ် သားသမီးများကိုပါ ထည့်သွင်းဆောင်ရွက်ပါမှ စာချုပ်မှာ တရားဝင်မည်ဖြစ်ပါသည်။

၇။ အထူးသတိပြုသင့်သောအချက်မှာ အမွေဆိုင်များကို ချန်လှန်၍ မှတ်ပုံတင်အရောင်းအဝယ် စာချုပ်စာ တမ်းပြုလုပ်ပါက ဥပဒေနှင့်ဆန့်ကျင်သဖြင့် ယင်းစာချုပ်မှာ ကနေဦးကပင် ပျက်ပြယ်နေပါသည်။

၈။ အမွေထိန်းစာဖြင့် ရောင်းချခြင်းဖြစ်ပါက ရောင်းချခွင့်ပြုရန် တရားရုံး၏ခွင့်ပြုမိန့် ပါရှိရပါမည်။

[ဦးဗကြိုင်(ဘီအေ၊ အီအယ်လ်)၊ မရွှေ့မပြာင်းနိုင်သည့် အိမ် ခြံ မြေ တိုက်ခန်း စသည်များရောင်းချခြင်း၊ ဝယ်ယူခြင်း ငှားရမ်းခြင်းဆိုင်ရာ ဥပဒေသိမှတ်ဖွယ်ရာ၊ စာ ၈ ) ] ။

#တောင်ကြီးအိမ်ခြံမြေ #ဥပဒေရေးရာ

22/07/2025

ပါးစပ်မနားတမ်း ရှင်းပြနေတဲ့ ကျွန်မတူလေး😍

အခုရက်ပိုင်းpost တင်တာကတစ်နေရာ ရောင်းထွက်နေတာတစ်နေရာ ဘာပဲဖြစ်ဖြစ် ပျော်တယ်

Post မတင်ထားတဲ့ အိမ်မြေကွက် စိုက်ခြံ ဧကကွက်တွေလဲရှိပါတယ်ရှင့်👍👍👍👍👍👍👍

#တောင်ကြီးအိမ်ခြံမြေ #ဥပဒေရေးရာ #စျေးနှုန်း #အင်းလေး ေရေးရာ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ 👉👉👉👉👉👉👉👉👉👉👉👉👉👉👉👉👉👉👉👉👉စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်န...
20/07/2025

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို
မစိစစ်ခဲ့သည့် ကိစ္စ
👉👉👉👉👉👉👉👉👉👉👉👉👉👉👉👉👉👉👉👉👉

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။

စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏ အမည်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာတို့ကို မေးမြန်းရာတွင် ထိုသူတို့၏ ပြောဆိုချက်ကိုသာ စာချုပ်တွင် ဖော်ပြ ရေးသားလေ့ရှိပြီး ထိုသူပြောသကဲ့သို့ ထို သူ၏ အမည်၊ မှတ်ပုံတင် ၊ မှန် မမှန်ဆိုသည်ကို မလေ့လာ ၊မစူးစမ်း ၊ မစိစစ်ဘဲ ရှိတတ်ကြပါသည်။

သာမန်စာချုပ်မျာတွင် အရေးမကြီးလှဟု ဆိုသော်လည်း မိမိက ရရန် ရှိသော ကိစ္စရပ်များဖြစ်ပါမူ စိစစ်ရန် လိုအပ်ပါသည်။

ဤသို့ဆိုခြင်းဖြင့် စာချုပ်ချုပ်ရာတွင် မိမိအတွက် ရရန်ရှိသော စာချုပ်ချုပ်ရာတွင် မိမိက ပေးရန်ရှိ သော စာချုပ်ချုပ်ရာတွင် တစ်မျိုး၊ သဘောထား အမျိုးမျိုး ထားရှိရမည်ဟူ၍ ဆိုလိုခြင်း မဟုတ်ပါ။ တာဝန်ယူ ချုပ်ဆိုပေးသူများ ၊ တာဝန်ကျေရန် ၊ အမှားအယွင်း ချို့ယွင်းချက် နည်းနိုင်သမျှ နည်းပါးစေရန် သတိပေးရခြင်း ဖြစ်ပြီး သာ၍ပင် စိစစ်ရန် သင့်သည့်အပိုင်းကို ရည်ညွှန်း ဖော်ပြခြင်း ဖြစ်ပါသည်။ မိမိက ရရန်ရှိသည်ပင် ဖြစ်စေ၊ ပေးရန်ရှိသည်ပင်ဖြစ်စေ စာချုပ်ပြုလုပ်မှတော့ ပြုလုပ်ရကျိုးနပ်အောင် စာချုပ်ချုပ်မှု အပိုင်းနှင့်ဆိုင်သည်များကို ပီပီပြင်ပြင် တိတိကျကျ လုပ်ဆောင်ကြရန် လိုပါမည်။
တစ်မျိုး၊
အချိန်ကိုလုပြီး ချုပ်ရတာဖြစ်လို့ ။ အားနားလို့ ၊ မလိုဘူးထင်လို့ --- - ဆိုသည့် ဆင်ခြေများနှင့်အတူ နောင် တစ်ဖန် မဖြစ်မိရန် အရေးကြီးပါသည်။

နမူနာအနေဖြင့် အဖြစ်အပျက်တစ်ခုကို တင်ပြပါမည်။ မြေကွက်တစ်ကွက်ကို ရောင်းမည်ဖြစ်၍ ဝယ်မည့်သူ က ပိုင်ဆိုင်ခွင့်စာချုပ် အထောက် အထားများကို တောင်းကြည့်ပါသည်။ ရောင်းသူက ပိုင်ဆိုင်ခွင့်စာချုပ် စာတမ်း များ အားလုံးကို ပြသပါသည်။ စာချုပ်စာတမ်း အထောက် အထားများအရ ပိုင်သူ၏ အမည်သည် ဦးနီ ဖြစ်ပါ သည်။ ရောင်းသူကလည်း ၎င်းကိုယ်၎င်း ဦးနီဟု ဆိုပါသည်။ ၎င်းနှင့်အတူ ရှိသူများကလည်း ၎င်းအားဦးနီ၊ ဦးနီ ဟူ၍ ခေါ်ဝေါ် သုံးနှုန်းကြပါသည်။ ထို့ကြောင့် စာချုပ် စာတမ်း ပိုင်ခွင့်များကို ပြသနေသူမှာ ၊ ဦးနီဟုပင် ယူဆ စရာ ဖြစ်ပါသည်။

ပြသသော စာချုပ်စာတမ်းများ အထောက်အထားများ အခိုင်အမာ အစစ် အမှန် ဖြစ်သည်ကို စိတ်ချယုံကြည် သဖြင့် ဝယ်သူက ဝယ်ရန်သဘောတူပါသည်။ ရောင်းဝယ်သော မြေ၏ ရောင်းဈေးမှာ ငွေကျပ် သိန်း ၄၀၀၀ ဖြစ်ပြီး စရန်ပေး စာချုပ် ပြုလုပ်ချိန်တွင် စရန်ငွေတစ်ဝက်ဖြစ်သော ငွေကျပ် သိန်း၂၀၀၀ ကို စာချုပ်ပြုလုပ်၍ ပေးအပ်ပါသည်။ ရောင်းသူ ဦးနီက စရန်ငွေရရှိကြောင်း စာချုပ်တွင် လက်မှတ်ရေးထိုး ပေးပြီး ငွေကျပ် သိန်း၂၀၀၀ကို ရယူ လိုက်ပါသည်။

စရန်းပေး စာချုပ်ချုပ်ရာတွင် ရောင်းသူနေရာ၌ ဦးနီဟု စာချုပ်ကို ရေး သားသူက ဖော်ပြပါသည်။ ဦးနီ၏ မှတ် ပုံတင်ကို များသောအားဖြင့် ပိုင်ဆိုင်မှု စာချုပ်စာတမ်းတွင် ပါရှိသည့် မှတ်ပုံတင်အတိုင်း ပြန်လည် ရေးကူးဖော် ပြကြ ပါသည်။ အချို့ကလည်း ရောင်းသူအား မှတ်ပုံတင်နံပါတ်ကိုမေး၍ ရောင်းသူ ရွတ်ပြသည့်အတိုင်း စာချုပ် တွင် ရေးတတ်ကြပါသည်။

မှတ်ပုံတင် ခဏလောက်ပြပါ ဟူ၍ တောင်းယူကြည့်သူ လွန်စွာ နည်း ပါးသည်ကို တွေ့ရပါသည်။ တချို့ ထိုသို့ တောင်းသောအခါ ရောင်းသူ များက ၎င်း၏ မှတ်ပုံတင် ၊ ဘယ်ရောက်နေလို့ ဆို သည်များကို အကြောင်းပြ ပြောဆိုကာ တိုက်ဆိုင်စစ်ဆေးမှုကို ရှောင်လွဲတတ် သည် များလည်း ရှိပါ သည်။ ဤ သို့ဆိုလျှင် အထူး သတိထားစရာ ဖြစ်ပါသည်။

အထက်ပါ ကိစ္စရပ်တွင် စာချုပ်စာတမ်း အစစ်အမှန်များ ပြသနိုင်သည့် အတွက် ပိုင်ဆိုင်သူ အစစ်အမှန် ပုဂ္ဂိုလ်ဟု ထင်မြင်ယူဆကာ ဦးနီ အမှတ်နှင့် စာချုပ်ပြုလုပ်၍ စရန်ငွေများ ချပေးလိုက်ခြင်း ဖြစ်ပါသည်။ ပစ္စည်း နှင့် ဘယ်သူယူသွားလို့ပတ်သက်သည့် စာချုပ်စာတမ်းများကိုသာ ဟုတ် မဟုတ် ၊ မှန် မမှန် စိစစ်ကြည့်ပြီး ရောင်းသူနှင့် ပတ်သက် သည့် လူပုဂ္ဂိုလ်အစစ် ဟုတ်မဟုတ် ၊ မှန်မမှန်ကို မစိစစ်မိခဲ့သည့်အတွက် ကိုယ်ကျိုးနည်းခဲ့ရသည့် သာဓကများ အဖြစ်အပျက်များ များစွာရှိပါကြောင်း တင်ပြရင်း ချုပ်သူတို့၏ မှတ်ပုံတင်ကို မစိစစ်ဘဲ မချုပ်မိစေရန် လက်တို့ သတိပေးလိုက်ရပါသည်။

(စာညွှန်း - ဦးကျော်ဇေယျ၊ စာချုပ်ချုပ်ဆိုမည်ဆိုလျှင် ဆောင်ရန်နှင့်ရှောင်ရန်များ ၊ စာ ၅၆ )

(Zawgyi)

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
=============================

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။

စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏ အမည်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာတို့ကို မေးမြန်းရာတွင် ထိုသူတို့၏ ပြောဆိုချက်ကိုသာ စာချုပ်တွင် ဖော်ပြ ရေးသားလေ့ရှိပြီး ထိုသူပြောသကဲ့သို့ ထို သူ၏ အမည်၊ မှတ်ပုံတင် ၊ မှန် မမှန်ဆိုသည်ကို မလေ့လာ ၊
မစူးစမ်း ၊ မစိစစ်ဘဲ ရှိတတ်ကြပါသည်။

သာမန်စာချုပ်မျာတွင် အရေးမကြီးလှဟု ဆိုသော်လည်း မိမိက ရရန် ရှိသော ကိစ္စရပ်များဖြစ်ပါမူ စိစစ်ရန် လိုအပ်ပါသည်။

ဤသို့ဆိုခြင်းဖြင့် စာချုပ်ချုပ်ရာတွင် မိမိအတွက် ရရန်ရှိသော စာချုပ်ချုပ်ရာတွင် တစ်မျိုး၊ မိမိက ပေးရန်ရှိ သော စာချုပ်ချုပ်ရာတွင် တစ်မျိုး၊ သဘောထား အမျိုးမျိုး ထားရှိရမည်ဟူ၍ ဆိုလိုခြင်း မဟုတ်ပါ။ တာဝန်ယူ ချုပ်ဆိုပေးသူများ ၊ တာဝန်ကျေရန် ၊ အမှားအယွင်း ချို့ယွင်းချက် နည်းနိုင်သမျှ နည်းပါးစေရန် သတိပေးရခြင်း ဖြစ်ပြီး သာ၍ပင် စိစစ်ရန် သင့်သည့်အပိုင်းကို ရည်ညွှန်း ဖော်ပြခြင်း ဖြစ်ပါသည်။ မိမိက ရရန်ရှိသည်ပင် ဖြစ်စေ၊ ပေးရန်ရှိသည်ပင်ဖြစ်စေ စာချုပ်ပြုလုပ်မှတော့ ပြုလုပ်ရကျိုးနပ်အောင် စာချုပ်ချုပ်မှု အပိုင်းနှင့်ဆိုင်သည်များကို ပီပီပြင်ပြင် တိတိကျကျ လုပ်ဆောင်ကြရန် လိုပါမည်။

အချိန်ကိုလုပြီး ချုပ်ရတာဖြစ်လို့ ။ အားနားလို့ ၊ မလိုဘူးထင်လို့ --- - ဆိုသည့် ဆင်ခြေများနှင့်အတူ နောင် တစ်ဖန် မဖြစ်မိရန် အရေးကြီးပါသည်။

နမူနာအနေဖြင့် အဖြစ်အပျက်တစ်ခုကို တင်ပြပါမည်။ မြေကွက်တစ်ကွက်ကို ရောင်းမည်ဖြစ်၍ ဝယ်မည့်သူ က ပိုင်ဆိုင်ခွင့်စာချုပ် အထောက် အထားများကို တောင်းကြည့်ပါသည်။ ရောင်းသူက ပိုင်ဆိုင်ခွင့်စာချုပ် စာတမ်း များ အားလုံးကို ပြသပါသည်။ စာချုပ်စာတမ်း အထောက် အထားများအရ ပိုင်သူ၏ အမည်သည် ဦးနီ ဖြစ်ပါ သည်။ ရောင်းသူကလည်း ၎င်းကိုယ်၎င်း ဦးနီဟု ဆိုပါသည်။ ၎င်းနှင့်အတူ ရှိသူများကလည်း ၎င်းအားဦးနီ၊ ဦးနီ ဟူ၍ ခေါ်ဝေါ် သုံးနှုန်းကြပါသည်။ ထို့ကြောင့် စာချုပ် စာတမ်း ပိုင်ခွင့်များကို ပြသနေသူမှာ ၊ ဦးနီဟုပင် ယူဆ စရာ ဖြစ်ပါသည်။

ပြသသော စာချုပ်စာတမ်းများ အထောက်အထားများ အခိုင်အမာ အစစ် အမှန် ဖြစ်သည်ကို စိတ်ချယုံကြည် သဖြင့် ဝယ်သူက ဝယ်ရန်သဘောတူပါသည်။ ရောင်းဝယ်သော မြေ၏ ရောင်းဈေးမှာ ငွေကျပ် သိန်း ၄၀၀၀ ဖြစ်ပြီး စရန်ပေး စာချုပ် ပြုလုပ်ချိန်တွင် စရန်ငွေတစ်ဝက်ဖြစ်သော ငွေကျပ် သိန်း၂၀၀၀ ကို စာချုပ်ပြုလုပ်၍ ပေးအပ်ပါသည်။ ရောင်းသူ ဦးနီက စရန်ငွေရရှိကြောင်း စာချုပ်တွင် လက်မှတ်ရေးထိုး ပေးပြီး ငွေကျပ် သိန်း၂၀၀၀ကို ရယူ လိုက်ပါသည်။

စရန်းပေး စာချုပ်ချုပ်ရာတွင် ရောင်းသူနေရာ၌ ဦးနီဟု စာချုပ်ကို ရေးသားသူက ဖော်ပြပါသည်။ ဦးနီ၏ မှတ် ပုံတင်ကို များသောအားဖြင့် ပိုင်ဆိုင်မှု စာချုပ်စာတမ်းတွင် ပါရှိသည့် မှတ်ပုံတင်အတိုင်း ပြန်လည် ရေးကူးဖော် ပြကြ ပါသည်။ အချို့ကလည်း ရောင်းသူအား မှတ်ပုံတင်နံပါတ်ကိုမေး၍ ရောင်းသူ ရွတ်ပြသည့်အတိုင်း စာချုပ် တွင် ရေးတတ်ကြပါသည်။

မှတ်ပုံတင် ခဏလောက်ပြပါ ဟူ၍ တောင်းယူကြည့်သူ လွန်စွာ နည်း ပါးသည်ကို တွေ့ရပါသည်။ တချို့ ထိုသို့ တောင်းသောအခါ ရောင်းသူ များက ၎င်း၏ မှတ်ပုံတင် ဘယ်သူယူသွားလို့ ၊ ဘယ်ရောက်နေလို့ ဆို သည်များကို အကြောင်းပြ ပြောဆိုကာ တိုက်ဆိုင်စစ်ဆေးမှုကို ရှောင်လွဲတတ် သည် များလည်း ရှိပါ သည်။ ဤ သို့ဆိုလျှင် အထူး သတိထားစရာ ဖြစ်ပါသည်။

အထက်ပါ ကိစ္စရပ်တွင် စာချုပ်စာတမ်း အစစ်အမှန်များ ပြသနိုင်သည့် အတွက် ပိုင်ဆိုင်သူ အစစ်အမှန် ပုဂ္ဂိုလ်ဟု ထင်မြင်ယူဆကာ ဦးနီ အမှတ်နှင့် စာချုပ်ပြုလုပ်၍ စရန်ငွေများ ချပေးလိုက်ခြင်း ဖြစ်ပါသည်။ ပစ္စည်း နှင့် ပတ်သက်သည့် စာချုပ်စာတမ်းများကိုသာ ဟုတ် မဟုတ် ၊ မှန် မမှန် စိစစ်ကြည့်ပြီး ရောင်းသူနှင့် ပတ်သက် သည့် လူပုဂ္ဂိုလ်အစစ် ဟုတ်မဟုတ် ၊ မှန်မမှန်ကို မစိစစ်မိခဲ့သည့်အတွက် ကိုယ်ကျိုးနည်းခဲ့ရသည့် သာဓကများ အဖြစ်အပျက်များ များစွာရှိပါကြောင်း တင်ပြရင်း ချုပ်သူတို့၏ မှတ်ပုံတင်ကို မစိစစ်ဘဲ မချုပ်မိစေရန် လက်တို့ သတိပေးလိုက်ရပါသည်။

(စာညွှန်း - ဦးကျော်ဇေယျ၊ စာချုပ်ချုပ်ဆိုမည်ဆိုလျှင်ဆောင်ရန်နှင့်ရှောင်ရန်များ ၊ စာ ၅၆ )
#ဥပဒေရေးရာ #တောင်ကြီးအိမ်ခြံမြေ #ရွာမြေ #အရစ်ကျ

မနေ့က မြေစာချုပ်လေး ချုပ်ပေးရင်းမြေအမျိုးစားများအကြောင်း ရေးရန်စိတ်ကူးရသဖြင့်ရေးသားဖော်ပြပေးလိုက်ပါတယ်။ ယနေ့ခေတ်မှာ ရင်း...
19/07/2025

မနေ့က မြေစာချုပ်လေး ချုပ်ပေးရင်း
မြေအမျိုးစားများအကြောင်း ရေးရန်စိတ်ကူးရသဖြင့်ရေးသားဖော်ပြပေးလိုက်ပါတယ်။
ယနေ့ခေတ်မှာ ရင်းနှီးမြုပ်နှံသင့်တဲ့ မြေ ရှိသလို၊ လုံးဝ မဝယ်သင့် တဲ့ ခြံမျိုးလည်း ရှိပါသည်။ မြေပိုင်ဆိုင်မှု စာချုပ် စာတန်း
အမျိုးမျိုး နှင့် အရှုပ်ရှင်း အမျိုးမျိုးရှိပါသည်။ ဝယ်ထား
သော ခြံသည် ပိုင်ဆိုင်မှု့ ခိုင်မာ၍ နောင်တစ်ချိန် အချက်ချာ ကျနိုင်သော နေရာဖြစ်ရမည်။ မြေ အရောင်းဝယ်မှာ
မြေကို ဝယ်ခြင်း ဆိုသည်ထက် ၊ မြေ၏ ပိုင်ဆိုင်မှုကို
ဝယ်ယူခြင်း ဖြစ်ပါသည်။

ဂရံမြေ
လူတိုင်း မြေဝယ်မည် ဆုံးဖြတ်ပါက ဂရံမြေကို သာ
ပို သဘောကျ နှစ်သက်ကြသည်။ အရောင်းဝယ် လွယ်ကူသည်၊ လူတိုင်း နှစ်သက်သော မြေ။
သစ်တော ဂရံမြေ
စိုက်ပျိုး ဂရံမြေ
စက်မှုဇုံ ဂရံ မြေ
လူနေထိုင်အိမ်ဂရံမြေ အမျိုးမျိုးရှိသည်

သစ်တော ဂရံမြေ
သစ်တောရုံးမှ ထုတ်ပေးသော ဂရံမြေ ဖြစ်ပြီး၊
မိသားစု တစ်အိမ်စာဆောက်လုပ်ခွင့် မှ အပ
အခြားစီးပွားရေး ပြုလုပ်ရန်(သို့မဟုတ်) ခြံပိုင်း၍
ရောင်းဝယ်ရန် မလွယ်ကူပါ၊ ခွင့်ပြုချက် အဆင့်ဆင့်
လျှောက် တင်ရပါမည်။

စိုက်ပျိုး ဂရံမြေ
အစိုးရမှ တိုက်ရိုက်ထုတ်ပေးသော ဂရံ(စလစ်)
မြေအငှားစာချုပ်ဖြစ်ပြီး လူနေထိုင်ခွင့် အရောင်းဝယ်
ပြုလုပ်ခွင့်၊ အကွက်ရိုက်ရောင်းချ ခြင်း လုံးဝ ပြုလုပ်ရန် မသင့်၊ ထို့သို့ပြုမည်ဆိုပါက အစိုးရမှ အချိန်မရွေး ပြန် သိမ်းနိုင်သည်။

စက်မှုဇုံဂရံမြေ
က-(၃၀) ဖြင့် ခွင့်ပြုချက် ကျပြီး၊ စက်မှုလုပ်ငန်းမှအပ။
(3)ခ ပါရင် လူနေအိမ် ဆောက်လုပ် နေထိုင်၍ ရသည်။

လူနေထိုင်အိမ်ဂရံ
ထို ဂရံ မှသာလျှင် လူနေရန် အိမ်ဆောက်လုပ်ရန်
ဥပဒေ အရ သော်၄င်း၊ အရောင်းဝယ်ပြုရန်မှာ
အရှုပ်ရှင်းသော်၄င်း လုံးဝ ကင်းရှင်းသည်။
စည်ပင်မှ ထုတ်ပေးသော စာအုပ်စိမ်းဖြင့်။

ဂရံမြေ ဝယ်ယူမည် ဆိုပါက ဝယ်ယူသူမှ စစ်ဆေးရမည်၊
မခိုင်မာသော ဂရံ မြေများ လည်း ရှိသည့် နည်းတူ၊
အရောင်းဝယ် ပြုလုပ်ရာ အရှုပ်ရှင်းများသော ဂရံ
မြေ များလည်း ရှိသည်။

မှတ်ချက် - ဂရံမြေများသည် အစိုးရ စီမံကိန်း နှင့်
မလွတ်ကင်းပါက အချိန်မရွေးသိမ်းယူနိုင်ပါသည်။
ပြည်သူရွေးကောက်တင်မြှောက်ထားသော အစိုးရ
ဖြစ်ပါက လျော်ကြေး ပြန်ရနိုင်ပါသည်။

ပါမစ်မြေ
ဂရံ ပြောင်းလျှောက်မည်ဆိုပါက လွယ်ကူပြီး
ခိုင်မာမှု့ ရှိသော မြေ ပါ၊ သို့သော် ပါမစ် မြေ ဝယ်
ယူ မည်ဆိုပါက သတိထားပါ၊ အကောင်းဆုံးရှေ့နေ
ငှားရမ်းပြီး စီစစ်ပါ၊ စရံချပြီး သတင်းစာတွင် ကြေငြာ
ထည့်ပါ။ ပါမစ် မြေသည် အရင် အိုးအိမ်ရုံးမှ ထုတ်ပေး
သော ပိုင်ဆိုင်မှု စာရွက်စာတမ်း/ အိမ်ထောင်စုစာရင်းကဲ့သို့မိသားစုဓါတ်ပုံနှင့် တကွ မြေပိုင်ဆိုင်မှု စာချုပ် တွဲလျက်ပါရှိရပါမည်။
မှတ်ချက် - ပါမစ်မြေသည် အတုပေါများသည်။

ပြေစာ(စလစ်)
ပြေစာ စလစ် ဖြင့် ပြသ နိုင်သော မြေ များသည်
အများအားဖြင့် ပိုင်ဆိုင်မှု ခိုင်မာပါသည်။ သို့သော်
စည်ပင် ဧရိယာ အပြင် ဘက်မှ မြေ မျိုး များဖြစ်ပြီး
မြို့မြေ ဧရိယာ အတွင်း ဖြစ်နေပါက ဂရံ အထိ လျှောက်
နိုင်ပါသည်။
Gပြေစာ(စလစ်)
R/G ပြေစာ(စလစ်)
L ပြေစာ (စလစ်)
စ/ ပြေစာ (စလစ်)
ပုံစံ(5) ပြေစာ (စလစ်)
ရွာမြေ ပြေစာ(စလစ်)
R4 ပြေစာ(စလစ်)

G ပြေစာ(စလစ်)
အရောင်းဝယ် အတွက် စိတ်ချရပြီး( ခြံမြေ) ဟု
ခေါ်ဝေါ် ကြသည်။ အရှုပ်ရှင်း အနည်းငယ် သာ
ရှိမည်( အမွေဆိုင်) အိမ်ဆောက်လုပ်/ လူနေထိုင်
နိုင်သည်။ သို့သော် ဥပဒေ အရ ပိုမိုတရားဝင်လိုလျှင်
သ/အ လျှောက်လွှာ တင်ပြီး အိမ်ဆောက်လုပ် လူနေ
ထိုင် နိုင်ပါသည်။

R/G ပြေစာ(စလစ်)
လယ်မှ ပုံစုံပြောင်းထားသော မြေ ဖြစ်ပြီး စိုက်ပျိုးခွင့်
မိသားစု နေအိမ် အတွက် (လယ်အိမ်) ပြောင်းလျှောက်
ပြီး။ G ပြေစာ(စလစ်) သို့မဟုတ် /က ၃၀ အဖြစ်
ပြောင်း လျှောက်သော နိုင် သော မြေ ဖြစ်သည်။

L ပြေစာ (စလစ်)
သစ်တောမှ မြေအငှား/ ဂရံ (သို့) ယာယီ ခွင့်ပြုချက် ချပေးသော မြေ ဖြစ်ပြီး (အခြား) ပြောင်းလျှောက်ခွင့် မှာ
ရရင်ရ၊ မရရင် မရ ပါ။ ဝယ်မည် ဆိုပါက ဌာန ဆိုင်ရာ
သို့ အကြောင်းကြား၍ လုပ်သင့် သည့်အရာများ၊
ညွန်ကြားချက် အတိုင်း လိုက်နာ၍ ပြောင်း လွဲရ
ပါမည်။အကွက်ရိုက် ရောင်းချ ခွင့် မရှိပါကြောင်း။

စ/ ပြေစာ (စလစ်)
အရောင်းဝယ် မပြုလုပ်လျင် ပိုကောင်းမည်။
အစိုးရမှ တိုက်ရိုက် ချပေးသော စိုက်ပျိုးဂရံ
(သို့မဟုတ်) ပြေစာ စလစ် ဖြစ်ပြီး စိုက်ပျိုးရန်
အတွက် သီးသန့်သာ ဖြစ်ပြီး တစ်မိသားစုမှ အပ
အခြား အိမ်များ ဆောက်လုပ် ခွင့် မရှိပါ၊ အခြား
မြေသို့ ပုံစံ ပြောင်း လျှောက် ၍ မရပါ။ အလွန်
ခက်ခဲမည်။ အရှုပ်ရှင်း ဖြေရှင်းရမည်။ အကွက်ရိုက်
ရောင်းချခြင်းမရှိပါ၊ အစိုးရမှ အလွယ်တကူ ပြန်လည်
သိမ်းယူ နိုင်ပါသည်။

ပုံစံ(5) ပြေစာ
ထိုမြေသည် လယ်ပျက် ဖြစ်ပြီး အခြားမြေသို့
စီးပွားရေး၊ စက်မှု့ဇုံ၊ လူနေအိမ်၊ အကွက်ရိုက်ရောင်း
စသည့် အရာများ ခွင့်ပြုချက် လျှောက် ၍ ပြုလုပ်နိုင်
ပါသည်။ လယ်ပျက် ဖြစ်၍ ရွာတိုးချဲ့ ခြင်း၊ မြို့ဧရိယာ
တိုးချဲ့ ခြင်း စသည့် အရာများ ပြု လုပ်နိုင်သည်။
(အရှုပ်ရှင်း မရှိပါ/ အဓိက မြေစာရင်းရုံးပါ)

ရွာ မြေ ပြေစာ (စလစ်)
မြေ အမျိုးစားတွင် ခိုင်မာမှု ရှိပြီး Google Map
တွင်လည်း Singnal ပြသမည်။ Singnal မပြသ သော်လည်း R4 (or) G မြေ ဖြစ်နေပါက ရွာမြေ /ခြံမြေ
အမျိုးစားတွင် ထည့်သွင်း နိုင်ပါသည်။ အစိုးရ စီမံကိန်း
ရှိသော်လည်း မပယ်ဖျက်နိုင်၊ စက်မှုဇုံလည်း ဝင်လာ
၍ မရ နိုင်၊ ပြန်သိမ်းယူမည့် စိုးရိမ် မှု့ မျိုး အရှင်း မရှိ။

R4 ပြေစာ(စလစ်)
ထိုမြေမျိုးသည်လည်း လယ်ပျက် ဖြစ်ပြီး ရွာဧရိယာ
အတွင်း ပါနေပါက ရွာမြေ ဟု ခေါ်ဝေါ် နိုင်ပါသည်။
အစိုးရ မဖျက်သိမ်းပါ။ လူနေခွင့် ရှိပါသည်။ အမည်ပေါက် ဖြင့် ပြောင်းလျှောက်၍ အခြား မြေ အမျိုးစား
သို့ ပြောင်းလျှောက်ရန် လွယ်ကူပါသည်။
လယ် ဧရိယာ အတွင်း တွင် မပါဝင်ရန်သာ လိုသည်။

လယ်မြေ
လယ်မြေ ပေမယ့် အရောင်းဝယ် ပြုလုပ်ရာတွင်
လွယ်ကူပါသည်။ (R1)(R2)(R3) လယ်များသာ
အရောင်းဝယ် မပြုလုပ်ရန်သတိထားရပါမည်။
လမ်းမ ဘေးမျိုး ဆိုပါက R3 မြေ မျိုး ဖြစ်နေလည်း
R4(သို့မဟုတ်) ပုံစံ(5) သို့ ပြောင်းလျှောက်နိုင်သည်။
တစ်ခု သိထားရမည်မှာ မြန်မာ နိုင်ငံတွင် လယ်မြေသည်
အများဆုံး ဖြစ်ပြီး မြို့နယ်(ရပ်ကွက်) တိုးချဲ့ခြင်း လုပ်ငန်းမှာ လယ်မြေကိုသာ အသုံးများဆုံး ဖြစ်ပါသည်။

ဘိုးဘပိုင်မြေ
မျက်မြင်အထောက်ထား တွေ့ရန် အလွန်
ခက်ခဲပါသည်။
ဘိုးဘပိုင်မြေသည် ကတီပါအသားဖြင့် ပိတ်ပေါ် တွင်
စာလုံးများအား အပ်ချည်ဖြင့် ထွင်းထားသော စာချုပ်
စာတမ်း အမျိုးစား ဖြစ်သည်။ ခိုင်မာမှု့ တွင် ဂရံ မြေ
ထက် အဆ များစွာ သာသည်။ ခေတ် အဆက်ဆက်
အမွှေ ဆက်ခံ ခွင့်ရှိပြီး၊ အရောင်းဝယ် ပြု လုပ်ရာ ၌
အမွေစား အမွေခံ အရှုပ်ရှင်း ရှိသည်။

အရှုပ်ရှင်းဆိုသည်မှာ
မြေပိုင်ရှင်မှာ အမွေ ဆိုင် ရှိခြင်း၊ ပေါင်နှံထားခြင်း၊
အစိုးရ စီမံကိန်း နှင့် မလွတ်ကင်းခြင်း၊ သစ်တောမြေ
များအား ပိုင်းရောင်းခြင်း၊ အစိုးရမှ တိုက်ရိုက် ချပေး
သော စိုက်ပျိုး မြေ ဂရံ များ ရောင်းချခြင်း၊ ပုံစံ (7)
သာ ထွက်ရှိထားသော လယ်များ ရောင်းချခြင်း များ
ဖြစ်ပါတယ်။ မြေဝယ်ယူ မည် ဆိုပါက ထိုအရာများ
နှင့် မသက်ဆိုင်သော မြေ များ မှာ အရှုပ်ရှင်းကင်း
သည်ဟု ဆိုရပါမည်။

မြေဝယ်ယူမည်ဆိုပါက
မြေပိုင်ရှင်၏ စာချုပ်စာတန်း သမိုင်းကောက်ကြောင်းအား စုံစမ်းပါ၊ အမွေဆိုင်များရှိ ပါက ထိုသူ များအားရောင်းရန် သဘောတူကြောင်းအား မိမိ (ရှေ့နေ )အရှေ့တွင် ခံဝန်
လက်မှတ် ရေးထိုးခိုင်းပါ။ ပေါင်နှံထားခြင်း ရှိမရှိအား
စစ်ဆေးပါ၊ ဘဏ်(သို့မဟုတ်) ရပ် ကွက် အုပ်ချုပ်ရေး
မှုးသို့ စစ်ဆေးနိုင်ပါသည်။ သစ်တောမြေ ဟုတ်/မဟုတ်
ကြောင်းကို ပြေစာ(စလစ်)တွင် စစ်ဆေးနိုင်ပါသည်။
သစ်တောမြေ ဆိုပါက မြေဦးပိုင် မှာ (L) စာလုံးပါမည်
( ပြင်ဦးလွင် ကဲသို့ ပြန်လည် သိမ်းယူ ခံရမည်)
စိုက်ပျိုးမြေ ဆိုပါက ပြေစာ(စလစ်) တွင် (စ) စာလုံး
ပါ မည်။ မဝယ်ပါက ပို၍ ကောင်းမည်။ လယ်မြေ ဝယ်
ယူမည် ဆိုပါက ပုံစံ (105) စစ်ဆေးပါ၊ ပုံစံ(7) တစ်မျိုးတည်းသာ ပါမည်ဆိုပါက လယ်တစ်မျိုးတည်း စိုက်ပျိုး ခွင့်သာ ရှိပါသည်။
ေရေးရာ #တောင်ကြီးမြို့ #ရွာမြေ #

Address

Telephone

+959428330163

Website

Alerts

Be the first to know and let us send you an email when Marigold Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Marigold Real Estate:

  • Want your business to be the top-listed Media Company?

Share