Myanmar Info Hub Channel

  • Home
  • Myanmar Info Hub Channel

Myanmar Info Hub Channel Knowledge Sharing လေးတွေလုပ်ပေးမှာ ဖြစ်တာကြောင့် Page ကို Like and Follow လုပ်ပေးထားနော်..

09/09/2025

...အရေးကြီးလို့ သတိပေးပါရစေ...

ကျနော် မနေ့တနေ့က မြို့ထဲဘက် ခဏသွားရင်း
ဘတ်စ်ကားပေါ်နဲ့ လမ်းဘေးပလပ်ဖောင်း
တွေပေါ်မှာ မှတ်ပုံတင်ပြီးသား Sim Card တွေကို
တစ်ခုကိုမှ မြန်မာငွေ တစ်ထောင်ကျပ်နဲ့
လိုက်လံရောင်းချနေကြတာကို တွေ့ခဲ့ရတယ်ဗျ...။

ကျနော်တို့ မြန်မာလူမျိုးဆိုတာကလည်း
စျေးပေါပြီဆိုတာနဲ့ အရည်အသွေးဆိုတာကို
လှည့်မကြည့်တော့ဘူး...

အဲ့ဒီ့ Sim Card တွေကို ဝယ်လိုက်ကြတာဆိုတာ
အုန်းအုန်းထပဲဗျို့...။

အဲ...ပြောချင်တဲ့ ပြဿနာက အခုမှစမှာပါ...

ကျနော်ရန်ကုန်ပြန်ရောက်ကထဲက
ကျနော့်သူငယ်ချင်းတစ်ယောက်ကို
မဆက်သွယ်မိတာ ကြာနေလို့ဆိုပြီး
ကျနော် ဖုန်းခေါ်လိုက်မိတယ်...

သူ့ဘက်က ဖုန်းမကိုင်ဘူးဗျ...

သုံးလေးခါ ကျနော်ဆက်ခေါ်တယ်...မကိုင်ဘူး...။

အဲဒါနဲ့ ကျနော်လည်း သူ့မိဘတွေဆီ
ဖုန်းဆက်ကြည့်လိုက်တော့...
သူ့အမေ ကျနော့်ကိုပြောလိုက်တဲ့စကားက...

"သားရေ...သားသူငယ်ချင်း
အန်တီ့သားကတော့
အင်းစိန်ထောင်ထဲကနေ
အမှုရင်ဆိုင်နေရတာ ၆ လရှိပြီ...
ဖုန်းလည်း အသိမ်းခံထားရတယ်..." တဲ့ဗျာ...။

ဘာဖြစ်တာလဲလို့ မေးကြည့်တော့...

ကျနော် ခုနပြောတဲ့ လမ်းဘေးမှာ
စျေးပေါပေါနဲ့ရောင်းနေတဲ့
မှတ်ပုံတင်ပြီးသား Sim Card တစ်ခုကို
သွားဝယ်မိပြီး အသုံးပြုမိလိုက်တာတဲ့...

အဲ...တစ်လလောက်လည်းကြာရော
အိမ်ရှေ့မှာ မီးတန်းနဲ့ကားတွေ ရောက်လာပြီး
ဘုမသိဘမသိ ဖမ်းခံရရောတဲ့...

ဘာလို့လဲဆိုတော့...
အဲ့ဒီ မှတ်ပုံတင်ပြီးသား Sim Card ကို
မှတ်ပုံတင်ထားတဲ့သူဟာ
Kpay, Wave pay လိမ်လည်မှု ၊
(ကျားဖျန့်) လိမ်လည်မှုတွေနဲ့ ပတ်သတ်နေတဲ့သူ
ဖြစ်နေတာပါတဲ့...

အဲ့ဒီ့တော့ သက်ဆိုင်ရာက အဲ့ဒီ့လူရဲ့
လမ်းကြောင်းတွေ၊ဆက်သွယ်မှုတွေကို
လိုက်လံစုံစမ်းရင်း...
နောက်ဆုံးတော့ ကျနော့်သူငယ်ချင်းဆီမှာ
အဲ့လူရဲ့ Sim Card နဲ့ Kpay , Wave pay
ဖုန်းနံပါတ်ကို သွားတွေ့တော့ ငြင်းမရတော့ပဲ...
ခဏလိုက်ခဲ့ပါ...ဖြစ်ရောပေါ့...

ကျနော့်သူငယ်ချင်းလည်း
ခဏလိုက်သွားလိုက်တာ အခုဆို ၆ လရှိပါပြီ...
အမှုမပြတ်သေးပါဘူး...။

အဲ့ဒီ့တော့ဗျာ...ကျနော်သတိပေးလိုတာက
ဘာပဲဝယ်ဝယ် အာမခံချက်ရှိတဲ့
Quality ပစ္စည်းကိုပဲဝယ်ကြပါ...

Sim Card တစ်ခုကို Center မှာသွားဝယ်ပြီး
မှတ်ပုံတင်ရင် ၂သောင်းခွဲလောက် ကျပါတယ်...

အဲ့ဒါကို လမ်းဘေးမှာ ၁ထောင်ကျပ်နဲ့
ရောင်းနေတယ်ဆိုထဲက ကိုယ့်မှာ
ဦးနှောက်ရှိရင် စဥ်းစားကြဖို့ပါ...🙏
( ဘေးကင်းကြပါစေ )

N.L.A
~~~~( 06.09.25 )

၁။ တားဆေးအပါအဝင် ဆေးနေ့စဉ်သောက်နေရသူတွေ ✅ ပဲဘိစပ်နို့  သောက်ပါ ❤ ၂။ အဖြူဆင်းများသူ အားနည်းလွယ်သူများ ✅ ဒိန်ချဉ် သောက်ပါ၃...
04/09/2025

၁။ တားဆေးအပါအဝင် ဆေးနေ့စဉ်သောက်နေရသူတွေ
✅ ပဲဘိစပ်နို့ သောက်ပါ ❤

၂။ အဖြူဆင်းများသူ အားနည်းလွယ်သူများ
✅ ဒိန်ချဉ် သောက်ပါ

၃။ ဝမ်းချုပ်တတ်သူ များ
✅ မန်ကျည်းဖျော်ရည်/ချဉ်စော်ကားသီးဖျော်ရည်/သစ်သီးဖျော်ရည်တမျိုး သောက်ပါ

၄။ ရင်ကျပ်ပန်းနာ သမားများ
✅ ဆန်းကစ်သီးထဲပူစီနံတရွက်နှစ်ရွက် နဲ့ ဆားနဲနဲထည့်၍ဖျော်ရည်သောက်ပါ။ သကြားနို့ ဘာတခုမှမထည့် နဲ့

၅။ သွေးအားနည်းတတ်သူများ
✅ မုန်လာဥနီ ဖျော်ရည်သောက်ပါ

၆။ လိပ်ခေါင်းရှိသူများ
✅ မြင်းခွာရွက်ရည် သောက်ပါ

၇။ ဆီးကျဉ်တတ်သူများ
✅လက်ဖက်ခြောက်ရည် သောက်ပါ

၈။ မကြာခနခေါင်းမူးတတ်သူ ခြေလက်ထုံကျဉ် တတ်သူ အကြောကပ်တတ်သူများ နဲ့ ဝမ်းလျှောနေသူများ
✅ အုန်းစိမ်းရည် /ဂလူးကို့စ်ရည် သောက်ပါ

၉။ အစာအိမ်နာ /လေပွ တတ်သူများ
✅နွယ်ချို ရေနွေးစိမ်၍ပျားရည် တဇွန်းထည့် တနေ့ ၂ကြိမ် သောက်ပါ

၁၀။ သားအိမ်ရေအိတ်သွေးအိတ်တည်နေသူများ /သားအိမ်ကျ သူ များ
✅ စမုံနက်အဆီ တပတ် တဇွန်း သောက်ပါ

၁၁။ သွေးတွင်းအဆီပျစ်ခဲသူများ
✅စံပယ်ပန်းခြောက် ခပ်ထားတဲ့ရေနွေး မကြာခန သောက်ပေးပါ

Crd : Drမင်းခန့်
#ကျန်းမာရေး

03/09/2025

နင်ဘယ်လောက်စပ်စုလဲ😂😂😁😁

reply လည်း မြန်သလိုချွဲချွဲနွဲ့နွဲ့လည်း ပြောတတ်သေးဒါပေမဲ့ ကိုယ့်ဘက်ကတော့ စပြောရတာ တစ်ခုပဲ😁😂
30/08/2025

reply လည်း မြန်သလို
ချွဲချွဲနွဲ့နွဲ့လည်း ပြောတတ်သေး
ဒါပေမဲ့ ကိုယ့်ဘက်ကတော့ စပြောရတာ တစ်ခုပဲ😁😂

30/08/2025

စပ်စုနေရလို့ ပျင်းမအားသေးဘူး😁😂

29/08/2025

အချိန်တန်ရင် မောသွားလိမ့်မယ်
I don't care

29/08/2025

မလွယ်စိန်လေး 😂😁

😁😂😁😂😊😂
29/08/2025

😁😂😁😂😊😂

11/08/2025

Mom 🤍🤍🤍

သင်သာ Iphone Fan ဆို ဘာတွေပြောင်းလဲသွားလဲ ??? ကြည့်ရအောင် ---
31/07/2025

သင်သာ Iphone Fan ဆို ဘာတွေပြောင်းလဲသွားလဲ ???

ကြည့်ရအောင် ---

‎အဆင့်မြင့် kpay ဟက်ခြင်း‎‎ဒီနေ့မနက် ဆိုင်ဖွင့်တော့ လာနေကြ ကာစတန်မာတယောက် မျက်စီပျက် မျက်နှာပျက်နဲ့ အကိုရေ လုပ်ပါဦး kpay...
30/07/2025

‎အဆင့်မြင့် kpay ဟက်ခြင်း

‎ဒီနေ့မနက် ဆိုင်ဖွင့်တော့ လာနေကြ ကာစတန်မာတယောက် မျက်စီပျက် မျက်နှာပျက်နဲ့ အကိုရေ လုပ်ပါဦး kpay ထဲမှာ ပိုက်ဆံတွေ မရှိတော့လို့တဲ့။
‎ကျွန်တော်က kpay ရုံးကဆိုပြီး ဖုန်းဆက်လား? Code တွေမေးလား? လို့ မေးတော့ ဘယ်သူ့မှ ဖုန်းမဆက်ဘူးတဲ့။
‎အဲ့ဒါနဲ့ ကျွန်တော်လဲ သူ့ kpay ယူကြည့်တော့ logout ဖြစ်‌တာနဲ့ တခါထဲ ပြန်ဝင်ကြည့်တော့ ပိုက်ဆံက ရှိနေသေးတယ်၊ တခါထဲ ထုတ်မယ်ဆိုပြီး ရိုက်နေတဲ့အချိန် kpay code ထပ်ကျလာပြီး သူ့ဘာသာ other phone မှာ login ဝင်သွားပြီလို့ ပြောတယ်။ ကျွန်တော်လဲ အမြန် code ပြန်ချပြီး ပြန်ဝင်တော့ ဒီတခါလဲ ဟိုဘက်က code ထပ်ချပြီး ပြန်ယူသွားပြန်ရော၊ အဲ့ဒါနဲ့ ကာစတန်မာကို အမြန်မေးရတယ်၊ အကို ဖုန်းထဲ ညက ဘာapk တွေ downထားသေးလဲလို့၊ သူ့အိမ်နားက ကောင်လေးတော့ game တခု ထည့်ထားတယ်လို့ပြောတယ်။ အဲ့ဒါ ကျွန်တော့်ကိုပြဆိုပြီးတော့ သူပြတဲ့ စလော့ဂိမ်းapk ကို ဖျက်ပြီး နောက်တခါထပ်ဝင်တော့ code ထပ်ပြီး မကျတော့ဘူး၊တခါထဲ pin No ပါ ချိန်းပေးလိုက်တယ်။အဲ့ချိန်မှ သူ‌လဲ အပူလျော့သွားရှာတယ်။ kpay ဟက်တာ ခုမှ ကိုယ်တိုင် ကိုယ်ကျ မြင်ဖူးတော့တယ်။ ဖုန်းထဲကျတဲ့ code ကို လုံးဝ ဖုန်းဆက်မမေးဘူးနော်၊ ချက်ချင်းကျ ချက်ချင်း logout ဖြစ်သွားတာ၊ ကိုယ်မသိတဲ့ apk တွေ မdown ကြပါနဲ့၊ စလော့ဂိမ်းတွေ ဆော့ရင်လဲ permission တွေ ဇွတ်မပေးကြပါနဲ့။အရမ်း အဆင့်မြင့်တယ်နော် သတိထားနေကြပါ။

‎NPL
‎ကူးယူဖေါ်ပြပါသည်။

26/05/2024

အခန်းအကျယ်အပေါ်မူတည်ပြီး အဲကွန်းဘယ်နှစ်ကောင်တပ်ရမလဲ တွက်နည်း

အခန်းတခန်းကို အဲကွန်းစက်ဘယ်လောက်စက်ကို တပ်ရမလဲသိပ်မရှင်းဘူးဆိုလို့ ရေးပြီးတင်ပေးလိုက်ပါတယ်ဗျ။
အင်ဂျင်နီယာနည်းပညာအရ တွက်နည်းကအသေးစိတ်တွက်ရပေမယ့််သာမာန်လူတိုင်းနားလည်ဖို့ တွက်နည်းအကြမ်းတင်ပေးလိုက်ပါတယ်ဗျ။
နေ့တနေ့ရဲ့ပျမ်း မျှအပူချိန် 70’F နဲ့ 90’F ကြားရှိတဲ့နှစ်ထပ် သုံးထပ် လေးထပ်တိုက်တခုလုံးမှာရှိတဲ့သာမာန်နေအိမ် ၊ရုံးခန်းတွေအတွက်ဆိုရင် ဒီအတိုင်းစိတ်ချလက်ချတွက်လို့ရပါတယ်။
ပထမဆုံးအခန်းရဲ့ထုထည်ကို ကိုကုဗပေနဲ့ရှာပါ။
ဥပမာ အလျား=15ft အနံ=10ft
အမြင့်=10 ft ရှိတဲ့ အုတ်နံရံကါ၊ပြူတင်းပေါက်ဧရိယာက 25 Sqft အောက်ရှိတဲ့၊လူ ၄ ယောက်အောက်နေတဲ့အခန်းဆိုပါတော့
အခန်းရဲ့..အလျားxအနံxအမြင့် မြှောက်ရင် ထုထည်ရမယ်..1510ftx10ft=1500 ft3 ဆိုပါတော့
အဲဒါကို….အောက်က ဖော်ပြထားတဲ့အခန်းအနေအထားပေါ်မူတည်လို့်ပေးထားတဲ့ ကိန်ဂဏန်းနဲ့မြှောက်ရင်အခန်းရဲ့ စွန့်ထုတ်ရမည့် စက်ရဲ့ BTU ကိုရပါတယ်။
အဲဒီ BTU စုစုပေါင်းကို..8000 နဲ့စားရင်မြင်းကောင်းရေ..ဘယ်နှစ်ကောင်ဆိုတာရပါတယ်။
အခန်းအမျိုးအစား(၁)
လူနည်းနည်းနေတဲ့၊အုတ်နံရံကာ၊မျက်နှာကြက်လုံံအခန်းဆိုတဲ့အတွက်6 နဲ့ထပ်မြှောက်ရပါမယ်။ဒီအခန်းအတွက်ဆိုရင်1500 ft3 x 6=9000 Btu8000 နဲ့ စာတော့ (1.1 Hp)ကျော်ကျော်ရပါတယ်။အရပ်ပြောပြောရရင် 1 Hp တကောင် စက်တပ်ရမယ်လို့ဆိုတာပါ။
အခန်းအမျိုးအစား(၂)လူတော့နည်းတယ် အထပ်သား၊သစ်သားကာထားတယ်၊မျက်နှါကြက်လုံတယ်ဆိုရင်..9 နဲ့ထပ်မြှောက်ရပါမယ်။
ဒီအခန်းအတွက်ဆိုရင် 1500 ft3x 9=13500 Btu8000 နဲ့စားရင်(1.5 Hpတကောင်ခွဲ ကျော်ကျော်ရပါတယ်)
ကျန်တဲ့အခန်းပုံစံတွေလည်း ဒီအတိုင်းနမူနာယူတွက်သွားနိုင်ပါတယ်။
အခန်းအမျိုးအစား(၃)
အုတ်နံရံကာအခန်း၊လူတော့နည်းတယ်၊မှန်တွေက အခန်းနံရံရဲ့ ဧရိယာရဲ့ သုံးပုံတပုံကျော်ကာထားတယ်၊မျက် နှာကြက်ကအပူလုံတယ်ဆိုရင်လည်း 9 နဲ့မြှောက်ရပါမယ်။
အခန်းအမျိုးအစား(၄)
အုတ်နံရံကာထားတယ် ပြူတင်းနည်းတယ်၊ ဒါပေမယ့်လူအသင့်အတင့်နဲ့အစည်းအဝေးခန်း၊အားကစားခန်းမဖြစ်နေတယ်၊မျက် နှာကြက်အပူလုံဆိုရင်လည်း ၉နဲ့မြှောက်ရပါမယ်။
အခန်းအမျိုးအစား(၅)
အုတ်နံရံကာထားတယ် ပြူတင်းနည်းတယ်၊ ဒါပေမယ့်လူအများနဲ့ အစည်းအဝေးခန်းဆိုရင် 12 နဲ့မြှောက်ရပါမယ်။
အခန်းအမျိုးအစား(၆)
အုတ်နံရံကာထားတယ် ပြူတင်းနည်းတယ်၊ ဒါပေမယ့်လူနည်းတယ်၊မျက်နှာကြက်လုံတယ် ပြူတင်းပေါက်အများကြီးကျယ်တဲ့နံရံတွေရှိတဲ့အစည်းအဝေးခန်းဆိုရင်လည်း 12 နဲ့မြှောက်ရပါမယ်။
အခန်းအမျိုးအစား(၇)
အိပ်ခန်း၊ဧည့်ခန်းပဲ အုတ်နံရံကာ၊ပြူတင်းပေါက်နည်း၊ မျက်နှာကြက်လုံတဲ့ လူအတော်အသင့်များရင် 7.5 နဲ့မြှောက်ရပါမယ်
နောက်ထပ် ဥပမာတခုထပ်တွက်ပြရရင်အစည်းအဝေးခန်းတခုလူများတယ်ပြူတင်းပေါက်နည်းတယ်ပုံမှန်ပဲအုတ်နံရံကာ..မျက်နှာကြက်လုံတယ်
အလျား။ 40 ft
အနံ။20 ft
အမြင့်။12 ft ရှိတဲ့အခန်းဆိုပါတော့
အခန်းထုထည်=40x 20 x 12=9600 ft3သူကို့ အပေါ်ကဖော်ပြထားတဲ့အခန်အမျိုးအစားအရ12 နဲ့မြှောက်ရပါမယ်။အဲဒါဆိုရင်9600x 12 =115200 Btu ရပါမယ်
အဲဒါဆိုရင်
115200 ကို 8000 နဲ့ စားရင် 14.4 Hp ရပါမယ်။
1 Hp ၁၄ လုံးတပ်ရင်တပ်(တကောင် 14 လုံး)
1.5 Hp ၁၀ လုံးတပ်ရင်တပ်
3 Hp ၅ လုံးတပ်ရင်တပ် တခုခုကိုတပ်ပေးလို့ရပါပြီ။
စက်တွေကိုနေရာချရင်သာလူတိုင်းစီကို လေဖြန့်ဖြူးနိုင်တဲ့ နေရာနဲ့ချိန်ပြီးတပ်ရုံပါ။
အဓိကမှတ်ရမှာကတော့ပျဉ်ထောင်အိမ်၊ထရံကာမျက်နှာကျက်မရှိတဲ့မလုံတဲ့အဆောက်အဦးအဦးတွေအတွက်ကတော့..
အဲကွန်းတပ်ဖို့အဆင်မပြေသလို၊သင့်လည်းမသင့်တော်ပါဘူး။သာမာန်လူသက်သာယုံပဲရပါမယ်။သေချာတွက်လို့လည်းမရပါဘူးဗျ။
1 Ton အိမ်သုံးအဲကွန်းအသေးဟာ
လျှပ်စစ် Power Input1119 Watts(1.119 Kw)
1.5 Hp (1 HP=746 Watts)(တကောင်ခွဲ)နဲ့ညီပါတယ်။
Cooling Capacity အနေနဲ့12000 Btu
3500Watt(3.5 KW)3024 Kilo Calories(Kcal)နဲ့ညီပါတယ်။
အဲဒါတွေက..စက်ရဲ့ဘေးName plate မှာ ဘယ်လောက် Cooling capacity ရှိတယ်ဘယ်လောက် power input ရှိတယ်ရေးထားပါ
တယ်။Cooling capacity တူပြီးPower input နည်းတဲ့ တနည်းအားဖြင့််လျှပ်စစ်ဝပ် နည်းတဲ့စက်ကိုရွေးချယ်တပ်ဆင်သင့်ပါတယ်။
Unicode
အခန်းအကျယ်အပေါ်မူတည်ပြီး အဲကွန်းဘယ်နှစ်ကောင်တတ်ရမလဲ တွက်နည်း
အခန်းတခန်းကို အဲကွန်းစက်ဘယ်လောက်စက်ကို တပ်ရမလဲသိပ်မရှင်းဘူးဆိုလို့ ရေးပြီးတင်ပေးလိုက်ပါတယ်ဗျ။
အင်ဂျင်နီယာနည်းပညာအရ တွက်နည်းကအသေးစိတ်တွက်ရပေမယ့်သာမာန်လူတိုင်းနားလည်ဖို့ တွက်နည်းအကြမ်းတင်ပေးလိုက်ပါတယ်ဗျ။
နေ့တနေ့ရဲ့ပျမ်း မျှအပူချိန် 70’F နဲ့ 90’F ကြားရှိတဲ့နှစ်ထပ် သုံးထပ် လေးထပ်တိုက်တခုလုံးမှာရှိတဲ့သာမာန်နေအိမ် ၊ရုံးခန်းတွေအတွက်ဆိုရင် ဒီအတိုင်းစိတ်ချလက်ချတွက်လို့ရပါတယ်။
ပထမဆုံးအခန်းရဲ့ထုထည်ကို ကိုကုဗပေနဲ့ရှာပါ။
ဥပမာ အလျား=15ft အနံ=10ft
အမြင့်=10 ft ရှိတဲ့ အုတ်နံရံကါ၊ပြူတင်းပေါက်ဧရိယာက 25 Sqft အောက်ရှိတဲ့၊လူ ၄ ယောက်အောက်နေတဲ့အခန်းဆိုပါတော့
အခန်းရဲ့..အလျားxအနံxအမြင့် မြှောက်ရင် ထုထည်ရမယ်..1510ftx10ft=1500 ft3 ဆိုပါတော့
အဲဒါကို….အောက်က ဖော်ပြထားတဲ့အခန်းအနေအထားပေါ်မူတည်လို့်ပေးထားတဲ့ ကိန်ဂဏန်းနဲ့မြှောက်ရင်အခန်းရဲ့ စွန့်ထုတ်ရမည့် စက်ရဲ့ BTU ကိုရပါတယ်။
အဲဒီ BTU စုစုပေါင်းကို..8000 နဲ့စားရင်မြင်းကောင်းရေ..ဘယ်နှစ်ကောင်ဆိုတာရပါတယ်။
အခန်းအမျိုးအစား(၁)
လူနည်းနည်းနေတဲ့၊အုတ်နံရံကာ၊မျက်နှာကြက်လုံံအခန်းဆိုတဲ့အတွက်6 နဲ့ထပ်မြှောက်ရပါမယ်။ဒီအခန်းအတွက်ဆိုရင်1500 ft3 x 6=9000 Btu8000 နဲ့ စာတော့ (1.1 Hp)ကျော်ကျော်ရပါတယ်။အရပ်ပြောပြောရရင် 1 Hp တကောင် စက်တပ်ရမယ်လို့ဆိုတာပါ။
အခန်းအမျိုးအစား(၂)လူတော့နည်းတယ် အထပ်သား၊သစ်သားကာထားတယ်၊မျက်နှါကြက်လုံတယ်ဆိုရင်..9 နဲ့ထပ်မြှောက်ရပါမယ်။
ဒီအခန်းအတွက်ဆိုရင် 1500 ft3x 9=13500 Btu8000 နဲ့စားရင်(1.5 Hpတကောင်ခွဲ ကျော်ကျော်ရပါတယ်)
ကျန်တဲ့အခန်းပုံစံတွေလည်း ဒီအတိုင်းနမူနာယူတွက်သွားနိုင်ပါတယ်။
အခန်းအမျိုးအစား(၃)
အုတ်နံရံကာအခန်း၊လူတော့နည်းတယ်၊မှန်တွေက အခန်းနံရံရဲ့ ဧရိယာရဲ့ သုံးပုံတပုံကျော်ကာထားတယ်၊မျက် နှာကြက်ကအပူလုံတယ်ဆိုရင်လည်း 9 နဲ့မြှောက်ရပါမယ်။
အခန်းအမျိုးအစား(၄)
အုတ်နံရံကာထားတယ် ပြူတင်းနည်းတယ်၊ ဒါပေမယ့်လူအသင့်အတင့်နဲ့အစည်းအဝေးခန်း၊အားကစားခန်းမဖြစ်နေတယ်၊မျက် နှာကြက်အပူလုံဆိုရင်လည်း ၉နဲ့မြှောက်ရပါမယ်။
အခန်းအမျိုးအစား(၅)
အုတ်နံရံကာထားတယ် ပြူတင်းနည်းတယ်၊ ဒါပေမယ့်လူအများနဲ့ အစည်းအဝေးခန်းဆိုရင် 12 နဲ့မြှောက်ရပါမယ်။
အခန်းအမျိုးအစား(၆)
အုတ်နံရံကာထားတယ် ပြူတင်းနည်းတယ်၊ ဒါပေမယ့်လူနည်းတယ်၊မျက်နှာကြက်လုံတယ် ပြူတင်းပေါက်အများကြီးကျယ်တဲ့နံရံတွေရှိတဲ့အစည်းအဝေးခန်းဆိုရင်လည်း 12 နဲ့မြှောက်ရပါမယ်။
အခန်းအမျိုးအစား(၇)
အိပ်ခန်း၊ဧည့်ခန်းပဲ အုတ်နံရံကာ၊ပြူတင်းပေါက်နည်း၊ မျက်နှာကြက်လုံတဲ့ လူအတော်အသင့်များရင် 7.5 နဲ့မြှောက်ရပါမယ်
နောက်ထပ် ဥပမာတခုထပ်တွက်ပြရရင်အစည်းအဝေးခန်းတခုလူများတယ်ပြူတင်းပေါက်နည်းတယ်ပုံမှန်ပဲအုတ်နံရံကာ..မျက်နှာကြက်လုံတယ်
အလျား။ 40 ft
အနံ။20 ft
အမြင့်။12 ft ရှိတဲ့အခန်းဆိုပါတော့
အခန်းထုထည်=40x 20 x 12=9600 ft3သူကို့ အပေါ်ကဖော်ပြထားတဲ့အခန်အမျိုးအစားအရ12 နဲ့မြှောက်ရပါမယ်။အဲဒါဆိုရင်9600x 12 =115200 Btu ရပါမယ်
အဲဒါဆိုရင်
115200 ကို 8000 နဲ့ စားရင် 14.4 Hp ရပါမယ်။
1 Hp ၁၄ လုံးတပ်ရင်တပ်(တကောင် 14 လုံး)
1.5 Hp ၁၀ လုံးတပ်ရင်တပ်
3 Hp ၅ လုံးတပ်ရင်တပ် တခုခုကိုတပ်ပေးလို့ရပါပြီ။
စက်တွေကိုနေရာချရင်သာလူတိုင်းစီကို လေဖြန့်ဖြူးနိုင်တဲ့ နေရာနဲ့ချိန်ပြီးတပ်ရုံပါ။
အဓိကမှတ်ရမှာကတော့ပျဉ်ထောင်အိမ်၊ထရံကာမျက်နှာကျက်မရှိတဲ့မလုံတဲ့အဆောက်အဦးအဦးတွေအတွက်ကတော့..
အဲကွန်းတပ်ဖို့အဆင်မပြေသလို၊သင့်လည်းမသင့်တော်ပါဘူး။သာမာန်လူသက်သာယုံပဲရပါမယ်။သေချာတွက်လို့လည်းမရပါဘူးဗျ။
1 Ton အိမ်သုံးအဲကွန်းအသေးဟာ
လျှပ်စစ် Power Input1119 Watts(1.119 Kw)
1.5 Hp (1 HP=746 Watts)(တကောင်ခွဲ)နဲ့ညီပါတယ်။
Cooling Capacity အနေနဲ့12000 Btu
3500Watt(3.5 KW)3024 Kilo Calories(Kcal)နဲ့ညီပါတယ်။
အဲဒါတွေက..စက်ရဲ့ဘေးName plate မှာ ဘယ်လောက် Cooling capacity ရှိတယ်ဘယ်လောက် power input ရှိတယ်ရေးထားပါ
တယ်။Cooling capacity တူပြီးPower input နည်းတဲ့ တနည်းအားဖြင့်လျှပ်စစ်ဝပ် နည်းတဲ့စက်ကိုရွေးချယ်တပ်ဆင်သင့်ပါတယ်။

#မူရင်းရေးသားသူအား

Address


Alerts

Be the first to know and let us send you an email when Myanmar Info Hub Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share

Myanmar Info Hub Channel

လတ်တလော နာမည်ကြီးနေတဲ့ သတင်းအချက်အလက်များ၊ ဗဟုသုတ ဖြစ်ဖွယ်အချက်အလက်များ ၊ tips and tricks ၊ lifehacks ၊ ဟာသများစသဖြင့် အလျဉ်းသင့်သလို ဖျော်ဖြေတင်ဆက်သွားမှာဖြစ်တာကြောင့် page လေးကို like and follow လေးလုပ်ပေးထားကြပါနော်..

Myanmar Info Hub ဆိုတဲ့ နာမည်နဲ့ Youtube မှာ Subscribe လုပ်ထားခြင်းဖြင့် ခေါင်းစဉ်အလိုက် Playlist များဖြင့်ကြည့်ရှုနိုင်ပါမည်။

Youtube Channel သို့သွားရန် Link >> https://www.youtube.com/channel/UCH6qnoBNgP_SuHUHn04FE6w

Page နဲ့ပတ်သက်ပြီး ဝေဖန်အကြံပြုဆွေးနွေးစရာရှိတယ်ဆိုရင် Message box ကနေဆက်သွယ်နိုင်ပါတယ်နော်..