26/07/2020
New Punishment System..
Credit Score နဲ့ AFK အတွက်အရေးယူမှုများ
📍1.Credit Score ဆိုတာဘာလဲ?
Cedit Score ဆိုသည်မှာကစားသူတစ်ယောက်ရဲ့ကစားပုံအခြေနေပေါ်မူတည်သတ်မှတ်တဲ့ In-game အမှတ်ပေးစနစ် တစ်မျိုးပဲဖြစ်ပါတယ်။ အကယ်၍ကစားသူဟာ AFK လုပ်ခြင်း ၊ အပျက်သဘောဆောင် ကစားခြင်း ၊ တမင်တကာ အသေခံခြင်း စသည့် စည်းကမ်းချိုးဖောက်မှုများပြုလုပ်ပါက Credit Score လျှော့ချခြင်းခံရပါမယ်။
📍2.Credit Score တွေ လျော့ကျရင်ဘာဖြစ်မလဲ?
Credit Score 90 အောက်နည်းတဲ့ကစားသူများဟာ Rank ကစားလို့မရနိုင်ပါဘူး။ အမှတ် 60 အောက်နည်းတဲ့သူများကတော့ Classic Mode အပြင် Brawl Mode ပါ Ban ခံရမှာဖြစ်ပါတယ်။ Credit Score တွေလျှော့ခံရတဲ့အခါသင့်ရဲ့ ရရှိလာမယ့် Battle Point များဟာလည်းလျှော့ခံရမှာဖြစ်ပါတယ်။
📍3.Credit Score တွေပြန်တက်လာအောင်ဘယ်လိုလုပ်ရမလဲ?
နေ့စဉ် Login ဝင်ခြင်းနှင့် ကစားပွဲများကို ပြီးမြောက်အောင်ကောင်းမွန်စွာကစားခြင်းတို့ဖြင့် (ရှုံးရှုံးနိုင်နိုင်) Credit Score များ ပြန်လည်တက်လာစေနိုင်ပါတယ်။ သို့သော်လည်းကစားသူတစ်ယောက်နှင့်တစ်ယောက် ပြန်လည်တက်နိုင်မည့်ပမာဏကတော့ ကွဲပြားပါတယ်။
📍4.Credit Score ပြန်တက်သည့်ပမာဏကိုထိခိုက်စေမယ့်အချက်တွေကဘာတွေလဲ?
System ဟာ သင်ဆော့ကစားခဲ့သော ပွဲ 100 ကို ပြန်လည်စစ်ဆေးပြီး ၊ စည်းမျဉ်းဖောက်ဖျက်ခြင်း ရှိတဲ့ ပွဲတွေအကုန်လုံး(AFK, အပျက်သဘောဆောင်သော ကစားခြင်း, ရည်ရွက်ချက်ရှိရှိ အသေခံခြင်း အစရှိသည်) ကိုရေတွက်ပြီး စည်းမျဉ်းများအလိုက် Credit Score တွေကို လျှော့ချသွားမှာပါ
သင့် Credit Score လျှော့ခံရတဲ့ ပွဲတွေများလာလေလေ နေ့စဉ်ပြန်ရနိုင်တဲ့ Credit Score ပမာဏကလည်း နည်းလေပါပဲ!!!
(ဥပမာအားဖြင့် ကစားသူ A ဟာ လွန်ခဲ့တဲ့ ပွဲ 100 မှာ 1 ပွဲ AFK ဖြစ်ပြီး ကစားသူ B ဟာ လွန်ခဲ့တဲ့ ပွဲ 100 မှာ 10 ပွဲ AFK ဖြစ်တယ်ဆိုရင် ကစားသူ B အတွက် Credit Score တွေပြန်ရဖို့ ပိုမိုခက်ခဲလိမ့်မှာပါ )
📍5. အခြားအပြစ်ပေးမှု
Rank ပွဲတွေမှာ ကစားသူဟာ တစ်ရက်အတွင်း စည်းမျဉ်းကို 2 ခါ ချိုးဖောက်ခဲ့ရင် သူဟာ 1 ရက်ကြာ Ban ခံရမှာပါ!!!
အကယ်၍ ကစားသူတစ်ယောက်ဟာ Rank ပွဲမှာ အကြာကြီး AFK ဖြစ်နေရင် ထိုကစားပွဲကို သူတို့အသင်းနိုင်သွားသည့်တိုင်အောင် ကစားသူဟာကြယ်ရရှိမှာ မဟုတ်တော့ပါဖူး။
ကဲ ဆေးမထိုးကြဘဲ ပျော်ပျော်ပါးပါးဆော့ကစားကြပါ 😁