The Voice Of Spring

  • Home
  • The Voice Of Spring

The Voice Of Spring Investigative, Innovative, Independent Digital Media
(1)

တနိုင်ငံလုံးအနှံ့ အင်တာနက်များ အဖြတ်ခံရအပြီး သတင်းစီးဆင်းမှု မရပ်တန့်စေရန် ၂၀၂၁ ၊ ဧပြီ(၅)ရက်မှ ဇွန်(၂) ရက်အထိ ရက်ပေါင်း(၆၀) တိတိ နေ့စဉ်သတင်းစာကို စတင်ထုတ်ဝေခဲ့ခြင်းဖြင့် နွေဦးအသံ ကို မွေးဖွားခဲ့ပြီး လွတ်လပ်သောမီဒီယာတခုအဖြစ် ဆက်လက်ရပ်တည်နေသည်။

နွေဦးအသံ နေ့စဉ်သတင်းစာကို မြို့ကြီး(၇)မြို့ရှိ သပိတ်စစ်ကြောင်းများ၊ တက်ကြွလှုပ်ရှားသူလူငယ်များက ပြည်သူများထံ အခမဲ့ထုတ်ဝေဖြန့်ချိခဲ့သည်။

နွေဦးအသံ၏ အဓိကရည်ရွ

ယ်ချက်မှာ(၁) သတင်းစီးဆင်းမှုမရပ်တန့်စေရန် (၂) ကောလဟလများနှင့် သတင်းတုများကို ဖယ်ရှားရန် (၃) ပြည်သူများ၏ လွတ်လပ်စွာ သိခွင့်၊ ထုတ်ဖော်ခွင့်၊ ပြောဆိုခွင့်၊ ရေးသားခွင့်များကို ကာကွယ်ပြီး ပြည်သူများ၏အသံကို ပေါ်လွင်ထင်ဟပ်စေရန် ဖြစ်ပါသည်။

◼️‌‌PRA-Magway ရဲ့ အပတ်စဉ် ၈ အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်၃၁ ဒီဇင်ဘာ ||| နွေဦးအသံ |||  လူထုတော်လှန်ရေးမဟာမိတ်အင်...
31/12/2025

◼️‌‌PRA-Magway ရဲ့ အပတ်စဉ် ၈ အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

၃၁ ဒီဇင်ဘာ ||| နွေဦးအသံ |||

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway)ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၈) သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်က ဓာတ်ပုံမှတ်တမ်းအချို့နဲ့အတူ ဒီနေ့ ထုတ်ပြန်ထားပါတယ်။

အဆိုပါ အပတ်စဉ် (၈) သင်တန်းဟာ သင်တန်းကာလ (၃) လကျော် ကြာမြင့်ခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားကို PRA-Magway ရဲ့ လေ့ကျင့်ရေးသင်တန်းကျောင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အသိပေးထားပါတယ်။

©The Voice of Spring




✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

31/12/2025

◼️‌‌ဘုတလင်မြို့ပေါ် စကစတပ်စွဲနေရာတွေကို တပြိုင်တည်းတိုက်ခိုက်ခဲ့ရာ စကစ ၁၅ ဦးထက်မနည်းသေဆုံး

၃၁ ဒီဇင်ဘာ ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ၊ ဘုတလင်မြို့ပေါ်ရှိ အကြမ်းစစ်ကောင်စီတပ်စွဲနေရာတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒီဇင်ဘာ ၂၈ ရက်မှာ တပြိုင်တည်းတိုက်ခိုက်ခဲ့ရာ မြို့ကို ယာယီထိန်းသိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဘုတလင်မြို့ပေါ်မှာ ရွေးကောက်ပွဲ မပြုလုပ်နိုင်ရေးအပြင် မြို့သိမ်းတိုက်ပွဲပါ ဆင်နွှဲရင်း စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ မြို့ကို ယာယီထိန်းချုပ်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ နောက်ဆုံးခံစစ် ဘန်ကာအထိုင်တွေထဲမှ ခုခံနေရပြီး မုံရွာ နမခ တိုင်းစစ်ဌာနချုပ်မှ စစ်ကြောင်းတွေထိုးလာသလို ဟောင်ဝှစ်ဇာ၊ ပါရာမိုတာ၊ Y12 ၊ အသေခံဒရုန်းတွေနဲ့ အဆက်မပြတ် ခုခံနေခဲ့တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးအင်အားစုတွေဘက်မှ စကစတပ်သားတွေ ဘန်ကာအပြင် မထွက်နိုင်အောင် ၁ ရက်တာ ဝိုင်းရံ ထိမ်းထားနိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ လေကြောင်းအဆက်မပြတ် တပ်ကူပေးတဲ့အပြင် တော်လှန်ရေးတပ်တွေအနေနဲ့ ခဲယမ်းဖြည့်တည်းဖို့ မလုံလောက်အတွက် မြို့ပြင်ကနေပဲ ဝိုင်းထားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ခိုက်မှုကို မုံရွာခရိုင် ကွပ်ကဲရေးမှုး အပါအဝင် မုံရွာခရိုင် ပကဖ ရဲ့ ကွပ်ကဲမှုနဲ့ ဘုတလင်မြို့နယ် တပ်ပေါင်းစု စစ်ကြောင်း၊ မုံရွာခရိုင် အမှတ် ၂၀ တပ်ရင်း၊ မုံရွာခရိုင် ဗျူဟာ ၆၆ တပ်ရင်း၊ ညောင်ဦးခရိုင် အမှတ် ၃ တပ်ရင်း၊ ယင်းမာပင်ခရိုင် အမှတ် ၂၈ တပ်ရင်း၊

ယင်းမာပင်ခရိုင် 9+1 တပ်ရင်း၊ Burma Army BA အမှတ် ၁ တပ်ရင်း၊ မုံရွာခရိုင် ဒရုန်းတပ်ဖွဲ့၊ ရွှေဘိုခရိုင် ဒရုန်းတပ်ဖွဲ့၊ ဘုတလင်မြို့နယ် ပကဖ အဖွဲ့၊ ရေဦးမြို့နယ် ပကဖ အဖွဲ့နဲ့ ဒီပဲယင်းမြို့နယ် ပကဖ အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲဘော် ၆ ဦးမြင့်မြတ်စွာ ကျဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားတာ တွေ့ပါတယ်။

©The Voice of Spring




✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

◼️‌‌ခမရ ၅၆၁ မှ ထွက်ပြေးလာတာဖြစ်ပြီး စစ်တပ်ရဲ့ လူမဆန်တဲ့ အကြမ်းဖက်မှုတွေကို လက်မခံနိုင်တာကြောင့်ဟုဆို၃၁ ဒီဇင်ဘာ ||| နွေဦး...
31/12/2025

◼️‌‌ခမရ ၅၆၁ မှ ထွက်ပြေးလာတာဖြစ်ပြီး စစ်တပ်ရဲ့ လူမဆန်တဲ့ အကြမ်းဖက်မှုတွေကို လက်မခံနိုင်တာကြောင့်ဟုဆို

၃၁ ဒီဇင်ဘာ ||| နွေဦးအသံ |||

တနင်္သာရီမြို့နယ်၊ အခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်မှာ တပ်သား ၁ ဦးက ဒီဇင်ဘာ ၂၇ ရက်၊ နေ့လယ် ၁ နာရီခန့်မှာ PDF မြိတ်ခရိုင် တပ်ရင်း ၃ ထံသို့ ခဲယမ်းတွေနဲ့အတူ ထွက်ပြေး အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။

ညောင်ပင်ကွင်းရွာ အခြေစိုက် စစ်ကောင်စီရဲ့ ခမရ ၅၆၁ တပ်မှ တပ်သား သူရအောင်က လက်ပစ်ဗုံး ၂ လုံး၊ ၅.၅၆ ကျည် ၁၅၄ တောင့်၊ လက်ထိပ် တခုနဲ့အတူ တပ်မှထွက်ပြေးလာပြီး အလင်းဝင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတပ်သားဟာ စစ်သက် ၄ နှစ်ရှိပြီဖြစ်ပြီး လက်ရှိမှာ စစ်တပ်ရဲ့ လူမဆန်တဲ့ အကြမ်းဖက်မှုတွေကို လက်မခံနိုင်တာကြောင့် ထွက်ပြေးပြီး အလင်းဝင်လာတာဖြစ်ကြောင်းနဲ့ နွေးထွေးစွာကြိုဆိုထားပြီး လုံခြုံတဲ့ နေရာမှာ ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ မြိတ်ခရိုင် တပ်ရင်း ၃ က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

©The Voice of Spring




✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

◼️‌‌​ပေါက်ခေါင်းမြို့နယ်မှာ လက်နက်ကြီးအထိုင်ချပြီး တပ်စွဲနေတဲ့ စစ်အုပ်စုကို တိုက်ခိုက်မှု စကစ ၄ ဦး သေ ဆုံး၃၁ ဒီဇင်ဘာ |||...
31/12/2025

◼️‌‌​ပေါက်ခေါင်းမြို့နယ်မှာ လက်နက်ကြီးအထိုင်ချပြီး တပ်စွဲနေတဲ့ စစ်အုပ်စုကို တိုက်ခိုက်မှု စကစ ၄ ဦး သေ ဆုံး

၃၁ ဒီဇင်ဘာ ||| နွေဦးအသံ |||

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်နဲ့ ပြည်မြို့ နယ်အစပ်၊ ပေါက်ခေါင်းမြို့နယ် ချောင်းကောင်းကျေး ရွာ၊ အေးဘုရားအနီးမှာ လက်နက်ကြီးတပ်ဆင် အထိုင်ချပြီး တပ်စွဲနေတဲ့ စကစ တပ်ကို တိုက်ခိုက်ရာ စကစ ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြည်ခရိုင်တပ်ရင်း ၂ က ထုတ်ပြန်ပါတယ်။

အင်အား (၅ဝ) ခန့်နဲ့ အထိုင်ချထားတဲ့ စကစ တပ်ဖွဲ့ကို ဒီ ဇင်ဘာ ၂၈ ရက်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်မတော် တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန် လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူး တိုင်းစစ်ဌာန၊ အမှတ် (၂၁) ဗျူဟာ၊ ပြည်ခရိုင် တပ်ရင်း (၂)၊ တပ်ခွဲ (၃) နဲ့ ပြည်ခရိုင် တပ်ရင်း(၁)၊ တပ်ခွဲ(၃)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ အသိပေးထားပါတယ်။

©The Voice of Spring




✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

◼️‌‌PDF အထူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက် တပ်ရင်း ၂ ရင်း ထပ်မံဖွဲ့စည်း ၃၀ ဒီဇင်ဘာ ||| နွေဦးအသံ |||  ပြည်သူ့ကာကွယ်ရေးတပ်မတေ...
30/12/2025

◼️‌‌PDF အထူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက် တပ်ရင်း ၂ ရင်း ထပ်မံဖွဲ့စည်း

၃၀ ဒီဇင်ဘာ ||| နွေဦးအသံ |||

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်မှာ အမှတ်(၈၀၀၁)တပ်ရင်းနဲ့ အမှတ် (၁၈၁၉) ဒရုန်းတပ်ဖွဲ့ ထပ်မံဖွဲ့စည်းလိုက်တယ်လို့ အထူးတိုင်းစစ်ဌာနက ဒီဇင်ဘာ ၃၀ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

ရေးပြောက်ကျားတပ် Ye Guerrilla Force YGF ကို အမှတ်(၈၀၀၁)တပ်ရင်း အဖြစ်လည်းကောင်း၊ Flying Focus Drone Force FFDF ကို အမှတ်(၁၈၁၉)ဒရုန်းတပ်ဖွဲ့ အဖြစ်လည်းကောင်း ထပ်မံဖွဲ့စည်းလိုက်တာပါ။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာနမှာ နည်းဗျူဟာ ၅ ခုရှိပြီး တရားဝင်ကွပ်ကဲမှုခံယူထားတဲ့ တိုက်ခိုက်ရေးတပ်ရင်း (၁၁) ရင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တွေဖြစ်တဲ့ ရန်ကုန်၊ ပဲခူး၊ မွန် ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း (၃)ကြောင်းနဲ့ တိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးကွပ်ကဲမှုအောက် ဒရုန်းလက်ရုံးတပ်ဖွဲ့ (၅) ဖွဲ့ရှိတယ်လို့ ဆိုပါတယ်။

အထူးတိုင်းစစ်ဌာနရဲ့ ကွပ်ကဲမှုခံယူဖို့ ထပ်မံဖွဲ့စည်းတင်ပြထားတဲ့ တပ်ရင်း (၄) ရင်းနဲ့ ဒရုန်းတပ်ဖွဲ့ (၂) ဖွဲ့ရှိတဲ့အနက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်ရဲ့ လမ်းညွှန်ချက်တွေအရ လည်းကောင်း၊ အထူးတိုင်းစစ်ဌာနရဲ့ ရည်မှန်းချက်တရပ်အနေနဲ့ လည်းကောင်း၊

COC နှစ်ရပ်နဲ့ အညီ ခိုင်မာအားကောင်းတဲ့ တိုင်းစစ်ဌာနတစ်ခုဖြစ်ရေး အမှတ် (၈၀၀၁) တပ်ရင်းနဲ့ အမှတ် (၁၈၁၉) ဒရုန်းတပ်ဖွဲ့ တို့ကို PDF စစ်ရုံးချုပ်မှ စိစစ်လက်ခံပြီး အထူးတိုင်းစစ်ဌာနရဲ့ ကွပ်ကဲမှုအောက် အတည်ပြုဖွဲ့စည်းလိုက်ပြီဖြစ်တယ်လို့ အသိပေးကြေညာထားပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေး အမြန်ဆုံး အဆုံးသတ်အောင်မြင်ဖို့ လိုအပ်တဲ့ အခြေအနေကောင်းတွေ ဖန်တီးတည်ဆောက်ရာမှာ အင်အားသစ်တွေ စုစည်းခိုင်မာရေးဟာ အဓိက အကျဆုံးဖြစ်တယ်လို့လည်း PDF အထူးတိုင်းစစ်ဌာနက အသိပေးထားတာဖြစ်ပါတယ်။

©The Voice of Spring




✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

◼️‌‌၂၀၂၆ မှာ စစ်ရေးအရှိန်မြှင့်တင်သွားမယ်လို့ PDF တမူးခရိုင် တပ်ရင်း ၂ အသိပေး ၃၀ ဒီဇင်ဘာ ||| နွေဦးအသံ |||  ပြည်သူ့ကာကွယ်...
30/12/2025

◼️‌‌၂၀၂၆ မှာ စစ်ရေးအရှိန်မြှင့်တင်သွားမယ်လို့ PDF တမူးခရိုင် တပ်ရင်း ၂ အသိပေး

၃၀ ဒီဇင်ဘာ ||| နွေဦးအသံ |||

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ တမူးခရိုင် အမှတ် ၂ တပ်ရင်းက လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပြီး ၂၀၂၆ ခုနှစ်အတွင်း စစ်ရေးအရှိန်မြှင့်တင်ဖို့အတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြတယ်လို့ အဆိုပါတပ်ရင်းက အသိပေးထုတ်ပြန်ထားပါတယ်။

တမူခရိုင် အမှတ် ၂ တပ်ရင်းရဲ့ တပ်ရင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေး၊ ဒုတိယအကြိမ်အစည်းအဝေးကို ဒီဇင်ဘာ ၂၉ ရက်၊ မနက် ၁၀ နာရီခန့်မှာ ကျင်းပပြုလုပ်ခဲ့ပြီး နေ့လယ် ၂ နာရီခန့်မှာ ပြီးဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အစည်းအဝေးမှာ ရှေ့တန်းစစ်မြေပြင်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်မြေပြင်တပ်မှူးတွေ၊ လက်နက်ကြီးအဖွဲ့၊ တပ်ရင်းဆေးတပ်ဖွဲ့၊ တပ်ရင်းရုံးအဖွဲ့နဲ့ သက်ဆိုင်ရာအရာရှိတွေ တက်‌ရောက်ခဲ့ကြပြီး ရှေ့ဆက်လုပ်ဆောင်မဲ့ တပ်ရင်းလုပ်ငန်းစဉ်တွေနဲ့ ၂၀၂၆ ခုနှစ်အတွင်း စစ်ရေးအရှိန်မြှင့်တင်ဖို့အတွက် ညှိနှိုင်းဆွေးနွေးတိုင်ပင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

တိုက်စွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်တွေ မြှင့်တင်ပြီး တော်လှန်ရေးနဲ့ နောက်ဆုံးအန္တိမ​ အောင်မြင်ခြင်းပန်းတိုင် မရောက်မခြင်းကြိုးစားဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ ပြည်သူကိုဗဟိုပြုပြီး ပြည်သူယုံကြည်ကိုးစားထိုက်တဲ့ ပြည်သူ့စစ်သားတွေ ဖြစ်အောင် ကြိုးစားသွားမယ်လို့ တမူးခရိုင်အမှတ်(၂)တပ်ရင်းက အသိပေးထားတာ ဖြစ်ပါတယ်။

©The Voice of Spring




✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

◼️‌‌​ရေတာရှည်မြို့နယ်၊ အောင်လံမြို့နယ်နဲ့ တပ်ကုန်းမြို့ နယ်တို့မှာ စစ်အုပ်စုကို တိုက်ခိုက်မှု စကစ ၃၃ ဦးသေဆုံး၃၀ ဒီဇင်ဘာ ...
30/12/2025

◼️‌‌​ရေတာရှည်မြို့နယ်၊ အောင်လံမြို့နယ်နဲ့ တပ်ကုန်းမြို့ နယ်တို့မှာ စစ်အုပ်စုကို တိုက်ခိုက်မှု စကစ ၃၃ ဦးသေဆုံး

၃၀ ဒီဇင်ဘာ ||| နွေဦးအသံ |||

ပဲခူးတိုင်း ရေတာရှည်မြို့နယ်၊ မကွေးတိုင်း အောင်လံမြို့ နယ်နဲ့ နေပြည်တော် တပ်ကုန်းမြို့နယ်တို့က စကစ တပ်စွဲထားတဲ့ နေရာတွေနဲ့ စစ်ကြောင်းကိုတိုက်ခိုက်ရာ စစ်သား ၃၃ ဦးသေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ဆွာမကြီးကျေးရွာ နဲ့ အနောက်ဘက်ကမ်းရှိ ခင်တန်းလေးကျေးရွာ၊ ဒိုးတန်းကျေးရွာတို့မှာ အကြမ်းဖက်စကစ တပ်က မဲရုံများဆောက်ကာ အနီးအနားကျေးရွာက ပြည်သူများကို မဲထည့်ဖို့ဖိအားပေးနေတာကြောင့် အတုအ ယောင်ရွေး ကောက်ပွဲကို ဟန့်တားတိုက်ဖျက်နိုင်ရေးအ တွက် နေပြည်တော်တိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ် ရင်းတပ်ဖွဲ့များက အဲဒီကျေးရွာများကို ဒီဇင်ဘာ လ ၂၃ ရက်မှာ တပြိုင်တည်း ထိုးစစ်ဆင်တိုက် ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း အဲဒီကျေးရွာများက စကစ အထိုင်စခန်းအချို့နဲ့ မဲရုံနေရာများအား ရှင်းလင်းခဲ့ကာ စကစ ၁၀ ဦးခန့် သေဆုံးပြီး အထိအခိုက်များစွာနဲ့ ဆုတ်ခွာထွက်ပြေးသွားကြောင်း တိုက်ပွဲတွင်း ပိတ်မိနေတဲ့ ပြည်သူများကို PDF တွေက ကယ်ထုတ်ပြီး ဘေးလွတ်ရာသို့ ရွေ့ပြောင်းပေးခဲ့ကြောင်း ဖေါ်ပြပါတယ်။

ဒီဇင်ဘာလ (၂၃) ရက်မှာ အောင်လံမြို့နယ်၊ ခလရ (၇၁) ကထွက်ခွါလာတဲ့ အင်အား (၂၀) ခန့်ပါ စကစ စစ်ကားကိုနေ ပြည်တော် PDF များနဲ့ မဟာမိတ်များ ပူးပေါင်းကာ ကြားဖြတ်တိုက်ခိုက်ရာ စကစ အရာရှိ (၁)ဦး အပါအ ဝင် (၁၆)ဦးခန့် သေဆုံးခဲ့တယ်လို့ ဖေါ်ပြချက်မှာပါရှိပါတယ်။

ဒါ့ပြင် ဒီဇင်ဘာလ ၂၆ ရက်မှာ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ သံပုရာကုန်းအုပ်စု၊ သဲချောင်းကျေးရွာသို့ ဝင်ရောက်လာတဲ့ အင်အား(၂၀)ခန့်ပါ စကစ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲများက စောင့်ကြိုတိုက်ခိုက်ရာ စကစ (၃)ဦး သေဆုံးခဲ့ကြောင်း ၂၈ ရက်မှာတော့ ရေတာရှည်မြို့ နယ်၊ အောင်ချမ်းသာ ကျေးရွာ ဘုရားကုန်းတွင် စကစ စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့ရာ စကစ ၄ ဦး သေဆုံးခဲ့ကြောင်း ဆိုထားပါတယ်။

ဒီဇင်ဘာလ (၂၇) ရက်မှာလည်း ဆွာမြို့နယ်၊ ခလရ-၁၉ တပ်ရင်းဝန်းအတွင်းသို့ (၁၀၇) မမ (၂)လုံးနဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ အ ကြမ်းဖက်စစ်တပ်ကို အပြီးတိုင်ချေမှုန်းနိုင်ရေးအတွက် ဆက်လက် ကြိုးပမ်းသွားမှာဖြစ်ကြောင်း အသိပေးထားပါတယ်။

©The Voice of Spring




✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

29/12/2025

◼️‌‌ဘုတလင်မြို့ စစ်ကောင်စီတပ်စွဲနေရာတွေကို တိုက်ခိုက်ရာ စကစ သေဆုံးထိခိုက်မှုများ

၂၉ ဒီဇင်ဘာ ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ၊ ဘုတလင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စွဲရာနေရာ ၄ ခုကို တော်လှန်‌ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒီဇင်ဘာ ၂၈ ရက်၊ မနက် ၅ နာရီခန့်မှာ တပြိုင်တည်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့တယ်လို့ သိရပါတယ်။

ဘုတလင်မြို့ရှိ မိုးကိုယ်ပိုင်အထက်တန်းကျောင်း၊ ထွေအုပ်ရုံး၊ ရဲစခန်းနဲ့ စာသင်ကျောင်းတို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ပြီးနောက် လေကြောင်းအသုံးပြုပြီး တိုက်ခိုက်လာတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ခိုက်မှုကို Rocket Fighter ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ညောင်းဦးခရိုင် တပ်ရင်း ၃၊ ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစု (csraf)၊ မြို့ပြပြောက်ကျားတပ်ဖွဲ့ csraf ၊ BAMAR Army ၊ ဒေါင်းမျိုးဆက်၊ Civil Armed Force ၊ P0 ၊ SBTF ၊ Oxygen ၊ Snipe Rangers Force (Local - PDF) ဘုတလင်တပ်ပေါင်းစု တို့ပူပေါင်းပြီး စစ်ဆင်ရေးဖော်ဆောင်ခဲ့တယ်လို့ Rocket Fighter က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

©The Voice of Spring




✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

◼️‌‌ပခုက္ကူမြို့ရှိ စစ်ကောင်စီဂိတ်ကို တိုက်ခိုက်ရာ စကစ ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ၂၉ ဒီဇင်ဘာ ||| နွေဦးအသံ |||  မကွေးဒေသ၊ ပ...
29/12/2025

◼️‌‌ပခုက္ကူမြို့ရှိ စစ်ကောင်စီဂိတ်ကို တိုက်ခိုက်ရာ စကစ ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

၂၉ ဒီဇင်ဘာ ||| နွေဦးအသံ |||

မကွေးဒေသ၊ ပခုက္ကူမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ ဂိတ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒီဇင်ဘာ ၂၇ ရက်၊ ညနေ ၆ နာရီခွဲခန့်မှာ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပခုက္ကူမြို့၊ စက်မှုဇုံ ၇ လမ်း စစ်ကောင်စီ ဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရရှိကြောင်း စုံစမ်းသိရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူခရိုင်၊ အမှတ် (၁၆) တပ်ရင်း၊ ANYAR AYEYAWADDY REVOLUTION FORCE (AARF) နဲ့ GOLDEN EGAL (PDF) တို့က ပူးပေါင်းလုပ်‌ဆောင်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ Pakokku Generation Z က သတင်ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

©The Voice of Spring




✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

29/12/2025

◼️‌‌ရန်ကုန်-မန္တ‌လေးအမြန်လမ်းပေါ်သို့ ပကဖ ပူးပေါင်းအဖွဲ့များ တက်‌ရောက်စစ်ဆေးစဉ် တိုက်ပွဲဖြစ်

၂၉ ဒီဇင်ဘာ ||| နွေဦးအသံ |||

မန္တလေးဒေသ၊ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်သို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ ပူးပေါင်းအဖွဲ့တွေ ရှောင်တခင်စစ်ဆေးစဉ် အကြမ်းဖက်စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပကဖ အသံက ဒီဇင်ဘာ ၂၉ ရက်မှာ ဖော်ပြထားပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်း၊ ကျောက်ဆည်လမ်းခွဲနဲ့ ပြင်စည်လမ်းခွဲကြားရှိ မိုင်တိုင် ၃၃၂ အနီးဝန်းကျင်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ရှောင်တခင် တက်ရောက်စစ်ဆေးခဲ့ကြတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မန္တလေးတိုင်း ပကဖ အဖွဲ့၊ စဉ့်ကိုင်မြို့နယ် ပကဖ၊ တံတားဦးမြို့နယ် ပကဖ အဖွဲ့တွေ ပူးပေါင်းပြီး အမြန်လမ်းပေါ် ရှောင်တခင် စစ်ဆေးစဉ် စစ်ကောင်စီအဖွဲ့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါထိတွေ့မှုဖြစ်စဉ်အတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှာ အထိအခိုက်ရှိခဲ့ပေမဲ့ အသေးစိတ် စာရင်းကိုတော့ အတည်ပြု စစ်ဆေးနေဆဲဖြစ်တယ်လို့ အသိပေးထားတာ ဖြစ်ပါတယ်။

©The Voice of Spring




✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

◼️‌‌ရန်ကုန်၊ တောင်ဥက္ကလာပထွေအုပ်ရုံးရှိ စစ်အုပ်စုကို ဗုံးခွဲတိုက်ခိုက်ရာ ရဲ ၂ ဦးနဲ့ ဆယ်အိမ်မှူး ၁ ဦးထိခိုက်၂၉ ဒီဇင်ဘာ ||...
29/12/2025

◼️‌‌ရန်ကုန်၊ တောင်ဥက္ကလာပထွေအုပ်ရုံးရှိ စစ်အုပ်စုကို ဗုံးခွဲတိုက်ခိုက်ရာ ရဲ ၂ ဦးနဲ့ ဆယ်အိမ်မှူး ၁ ဦးထိခိုက်

၂၉ ဒီဇင်ဘာ ||| နွေဦးအသံ |||

ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို တော်လှန်ရေးအဖွဲ့တွေက ဒီဇင်ဘာ ၂၈ ရက်၊ ည ၁၁ နာရီခန့်မှာ ဗုံးခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ရဲ ၂ ဦးနဲ့ ဆယ်အိမ်မှူး ၁ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

သစ္စာလမ်းပေါ် တောင်ဥက္ကလာပ ထွေအုပ်ရုံးရှိ စစ်ကောင်စီ စစ်သား၊ ရဲနဲ့ လက်ပါးစေ ရပ်ကျေးတွေကို လက်ပစ်ဗုံး ၂ လုံး၊ လက်လုပ်မိုင်း ၂ လုံးတို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဆယ်အိမ်မှူး တဦးနဲ့ အရပ်ဝတ်နဲ့ ရဲ ၂ ဦး ထိခိုက်ဒဏ်ရာရပြီး ဆေးရုံတင်ထားရတယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မြို့ပြကြွက်ကွန်ယက်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်အုပ်စုရဲ့ တရားမဝင်ရွေးကောက်ပွဲကို အားဖြည့်ကူညီနေတဲ့ အကျိုးစီးပွားသမားတွေကို ပြတ်သားစွာ အရေးယူချေမှုန်းသွားမှာ ဖြစ်တယ်လို့ မြို့ပြကြွက်က အသိပေးထားပါတယ်။

ဒါ့အပြင် စစ်အုပ်စုဟာ တော်လှန်ရေးရဲဘော်တွေကိုသာမက သာမန်ပြည်သူတွေအပေါ်ကိုပါ နေ့စဉ်နဲ့အမျှ သတ်ဖြတ်ဖမ်းဆီးတာ၊ မတရားစစ်မှုထမ်းခိုင်းစေတာတွေကို ကျူးလွန်လျက်ရှတာကြောင့် စစ်တပ် လက်ပါးစေမှန်သမျှကိုလည်း အခွင်းအရေးရတိုင်း တိုက်ခိုက်ချေမှုန်းသုတ်သင်သွားမယ်လို့ မြို့ပြကြွက်အဖွဲ့က အသိပေးထားတာ ဖြစ်ပါတယ်။

©The Voice of Spring




✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

Address


Telephone

+959759244768

Website

https://t.me/VOStelegram

Alerts

Be the first to know and let us send you an email when The Voice Of Spring posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Voice Of Spring:

  • Want your business to be the top-listed Media Company?

Share