The Voice Of Spring

  • Home
  • The Voice Of Spring

The Voice Of Spring Investigative, Innovative, Independent Digital Media

တနိုင်ငံလုံးအနှံ့ အင်တာနက်များ အဖြတ်ခံရအပြီး သတင်းစီးဆင်းမှု မရပ်တန့်စေရန် ၂၀၂၁ ၊ ဧပြီ(၅)ရက်မှ ဇွန်(၂) ရက်အထိ ရက်ပေါင်း(၆၀) တိတိ နေ့စဉ်သတင်းစာကို စတင်ထုတ်ဝေခဲ့ခြင်းဖြင့် နွေဦးအသံ ကို မွေးဖွားခဲ့ပြီး လွတ်လပ်သောမီဒီယာတခုအဖြစ် ဆက်လက်ရပ်တည်နေသည်။

နွေဦးအသံ နေ့စဉ်သတင်းစာကို မြို့ကြီး(၇)မြို့ရှိ သပိတ်စစ်ကြောင်းများ၊ တက်ကြွလှုပ်ရှားသူလူငယ်များက ပြည်သူများထံ အခမဲ့ထုတ်ဝေဖြန့်ချိခဲ့သည်။

နွေဦးအသံ၏ အဓိကရည်ရွယ်ချက်မှာ(၁) သတင်းစီးဆင်းမှုမရပ်တန့်စေရန် (၂) ကောလဟလများနှင့် သတင်းတုများကို ဖယ်ရှားရန် (၃) ပြည်သူများ၏ လွတ်လပ်စွာ သိခွင့်၊ ထုတ်ဖော်ခွင့်၊ ပြောဆိုခွင့်၊ ရေးသားခွင့်များကို ကာကွယ်ပြီး ပြည်သူများ၏အသံကို ပေါ်လွင်ထင်ဟပ်စေရန် ဖြစ်ပါသည်။

◼️နတ်မောက်မှာ ပြည်သူတွေကိုဖမ်းဆီးနှိပ်စက်ခဲ့တဲ့ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စကစ ၁၀ ဦးသေဆုံး၃၁ ဩဂုတ် ||| နွ...
31/08/2026

◼️နတ်မောက်မှာ ပြည်သူတွေကိုဖမ်းဆီးနှိပ်စက်ခဲ့တဲ့ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စကစ ၁၀ ဦးသေဆုံး

၃၁ ဩဂုတ် ||| နွေဦးအသံ |||

မကွေးဒေသ၊ နတ်မောက်မြို့နယ်မှာ ပြည်သူတွေကို မတရားဖမ်းဆီးရိုက်နှက်နှိပ်စက်လာခဲ့တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်က ဩဂုတ် ၃၁ ရက်၊ မနက် ၆ နာရီ ၄၆ မိနစ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

လဲဘူးရွာသို့ ဝင်ရောက်စဉ် ပြည်သူတွေကို ဖမ်းဆီးရိုက်နှက်နှိပ်စက်ခဲ့တဲ့ အင်အား ၁၂၀ ခန့်ပါ စစ်တပ်စစ်ကြောင်းကို လဲဘူရွာ၊ လျှော်ချောင်းလေးရွာမှတဆင့် ဆက်လက်ထွက်ခွာလာစဉ် မိုင်းကွင်းအတွင်းအရောက် ပဒေသာမိုင်း ၄ လုံးနဲ့ ထိရောက်စွာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ဦးစီးတပ်က ထုတ်ပြန်ထားတာပါ။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း နေရာမှာတင် သေဆုံးပြီး ၅ ဦးအပြင်းအထန်ဒဏ်ရာရခဲ့တဲ့အတွက် စစ်ကြောင်းရှေ့ဆက်မတိုးနိုင်ဘဲ သေဆုံးဒဏ်ရာရသူတွေကို ထမ်းစင်တွေနဲ့ လျှော်ချောင်းလေးရွာသို့ ပြန်လည်သယ်ဆောင်သွားတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီနောက် လျှော်ချောင်းလေးရွာမှ ဒေသခံပြည်သူပိုင် နွားလှည်း ၁၃ စီးကို အတင်းအဓမ္မခေါ်ဆောင်ပြီး သေဆုံးဒဏ်ရာရသူတွေကို နွားလှည်းတွေအပြင် ထမ်းစင် ၅ ခု၊ လူချင်းကျောပိုးသယ်ဆောင်မှု ၂ ခု တို့နဲ့ ကမ်းပြိုရွာလမ်းပေါက်သို့ အလောတကြီးသယ်ဆောင်သွားသလို နတ်မောက်မြို့မှ ကား ၂ စီး၊ ၃ ဘီး ၁ စီးတို့နဲ့ လာရောက်သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ စစ်တပ်စစ်ကြောင်း လှုပ်ရှားရာ လမ်းကြောင်းတွေနဲ့ နီးစပ်တဲ့ နေရာတွေမှာ အထူးဂရုစိုက် သွားလာနေထိုင်ကြကြဖို့ကိုလည်း ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်က သတိပေးတိုက်တွန်းထားတာ တွေ့ရပါတယ်။

Photo | စစ်ဦးစီးတပ်

©The Voice of Spring




✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

◼️မြိတ်မှာ စစ်တပ်က စခန်းတိုက်ခိုက်ခံရပြီးနောက် အရပ်သား ၂ ဦးကို သတ်ဖြတ်ပြီး နေအိမ်များမီးရှို့ဖျက်ဆီး၃၁ ဩဂုတ် ||| နွေဦးအသ...
31/08/2026

◼️မြိတ်မှာ စစ်တပ်က စခန်းတိုက်ခိုက်ခံရပြီးနောက် အရပ်သား ၂ ဦးကို သတ်ဖြတ်ပြီး နေအိမ်များမီးရှို့ဖျက်ဆီး

၃၁ ဩဂုတ် ||| နွေဦးအသံ |||

တနင်္သာရီဒေသ၊ မြိတ်မြို့နယ်မှာ စခန်းတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ် စစ်ကြောင်းက ဩဂုတ် ၂၇ ရက်မှာ အရပ်သား ၂ ဦးကို သတ်ဖြတ်ခဲ့တဲ့အပြင် နေအိမ်များ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မဇောကျေးရွာအုပ်စုအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းက ငါးရပ်အင်းကျေးရွာနေ အရပ်သားပြည်သူ ၂ ဦးကို သတ်ဖြတ်ခဲ့တဲ့အပြင် တုံးဗျောကျေးရွာရှိ နေအိမ် ၈ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ရေခမ်းချောင်းကျေးရွာရှိ နေအိမ် ၁ လုံးကို ဩဂုတ် ၂၈ ရက်မှာ ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

တုံးဗျောကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို KNDO က ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့ပြီးနောက် စစ်တပ်က အခုလို အကြမ်းဖက်လုပ်ရပ်ကို ပြုလုပ်လာတာလည်း ဖြစ်ပါတယ်။

ငါးရပ်အင်းကျေးရွာ၊ တုံး‌ဗျောကျေးရွာ၊ ရေခမ်းချောင်းကျေးရွာ၊ ဒူးကျိုးကျေးရွာတွေကို စစ်တပ်က စစ်အုပ်ချုပ်ရေး(မာရှယ်လော) ကြေငြာထားတာဖြစ်သလို နိုင်ငံတဝှမ်းမှာလည်း အရပ်သားပြည်သူတွေကို လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တာ၊ ဖမ်းဆီးသတ်ဖြတ်တာတွေကို နေ့စဉ်ကျူးလွန်နေကြောင်း KNU က အသိပေးထားတာ တွေ့ရပါတယ်။

Photo | KNU (စစ်တပ်ရဲ့ အကြမ်းဖက်မှုများနဲ့ ဩဂုတ် ၂၄ ရက်မှာ စစ်တပ်ထံမှ သိမ်းဆည်းရရှိ လက်နက်များ)

©The Voice of Spring




✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

31/08/2026

ဘာသာမဲ့ချင်မဲ့လို့ရတယ် ... ဒါပေမယ့် အတွေးအမြင်ဆောင်းပါး(သို့မဟုတ်) စကားပြေပြိုင်ပွဲ လူတွေ့အကဲဖြတ်စစ်ဆေးခြင်း ..........

◼️တောင်သာမှာ စစ်တပ်စစ်ကြောင်းကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ၄ ရက်ဆက်တိုက်ခိုက်ရာ စကစ ၇ ဦးသေဆုံး၃၁ ဩဂုတ် ||| နွေဦးအသံ |||မန...
31/08/2026

◼️တောင်သာမှာ စစ်တပ်စစ်ကြောင်းကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ၄ ရက်ဆက်တိုက်ခိုက်ရာ စကစ ၇ ဦးသေဆုံး

၃၁ ဩဂုတ် ||| နွေဦးအသံ |||

မန္တလေးဒေသ၊ တောင်သာမြို့နယ်မှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ၄ ရက်ဆက်တိုက် ဒရုန်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးခဲ့တယ်လို့ TTA-PDF ရဲ့ ဩဂုတ် ၃၁ ရက်ထုတ်ပြန်ချက်အရ သိရပါတယ်။

ကျောက်ပန်းတောင်းဘက်မှ ထိုးစစ်ဆင်လာတဲ့စစ်ကြောင်းကို တောင်သာမြို့နယ်၊ ဝဲလောင်ရွာမှာ အထိုင်ချရပ်နားနေစဉ် ဩဂုတ် ၂၅ ရက်၊ နေ့လယ် ၂ နာရီခန့်မှာ ဒရုန်းနဲ့ ၂ ကြိမ်၊ ၈၀ မမ လက်နက်ကြီးနဲ့ ၅ ကြိမ် တိုက်ခိုက်ခဲ့ပြီး ၂၆ ရက်၊ မနက် ၁၁ နာရီခန့်မှာ ၈၀ မမ လက်နက်ကြီးနဲ့ ၂ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ စစ်တပ်စစ်ကြောင်းကို ဩဂုတ် ၂၇ ရက်၊ နေ့လယ် ၂ နာရီခန့်မှာလည်း ၈၀ မမ လက်နက်ကြီးနဲ့ ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပြင် ဩဂုတ် ၂၈ ရက်၊ နေ့လယ် ၁ နာရီခန့်မှာလည်း ၈၀ မမ လက်နက်ကြီး ၂ လုံး၊ ၆၀ မမ Drop Bomb ၂ လုံး တို့ကို ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးပြီး ဒဏ်ရာရသူတွေကိုလည်း ဝဲလောင်ရွာစခန်းအနီးရှိ ဓမ္မာရုံမှာ ကျေးရွာဆေးဆရာမတွေခေါ်ယူ ကုသနေတယ်လို့ တောင်သာ PDF က အသိပေးထားပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ TTA-PDF နဲ့ ပူး‌ပေါင်းတပ်ဖွဲ့တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း စစ်အုပ်စုအထိုင်ချတပ်စွဲထားတဲ့ နေအိမ်မီးလောင်ခဲ့တာကြောင့် စစ်အသုံးအဆောင်နဲ့ ခဲယမ်းအချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

Photo | TTA-PDF

©The Voice of Spring




✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

31/08/2026

◼️စစ်မြေပြင်မှာ စစ်အုပ်စုအသေအပျောက်များခဲ့တဲ့ စနိုက်ဘာပစ်ခတ်မှု ပုံရိပ်အချို့ Rangoon Warriors PDF ထုတ်ပြ

၃၁ ဩဂုတ် ||| နွေဦးအသံ |||

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ Rangoon Warriors PDF ရဲဘော်တွေရဲ့ စနိုက်ဘာ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်မှုများရှိခဲ့တယ်လို့ အဆိုပါတပ်ရင်းရဲ့ ဩဂုတ် ၃၀ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

"စစ်မြေပြင်မှာ ရန်သူ့အတွက် အိမ်မက်ဆိုးတွေဖြစ်စေဖို့ စနိုက်ဘာတပ်စုကလည်း အကောင်းဆုံး ကြိုးစားချီတက်လျက်" လို့ အထူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ ၃၇၊ Rangoon Warriors PDF - အမှတ် ၉၉၂၅ တပ်ရင်းက စနိုက်ဘာပစ်ခတ်မှု ရုပ်သံမှတ်တမ်းအချို့နဲ့အတူ ဖော်ပြထားတာပါ။

တပ်ရင်းအနေနဲ့ စစ်ဆင်ရေးတွေမှာ အားကောင်းစွာ ဆက်လက်ချီတက်လုပ်ဆောင်နိုင်ဖို့ ပြည်သူတွေရဲ့ ထောက်ပံ့မှုနဲ့ တော်လှန်ရေးရန်ပုံငွေ လိုအပ်တာကြောင့် ထောက်ပို့ရဲဘော်တွေအနေနဲ့ ပါဝင်ထောက်ပံ့ပေးကြဖို့ကိုလည်း Rangoon Warriors တပ်ရင်းက တိုက်တွန်းနှိုးဆော်ထားတာ တွေ့ရပါတယ်။

Video | Rangoon Warriors PDF - P 29925

©The Voice of Spring




✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

◼️‌ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်းရဲ့ မွမ်းမံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်၃၀ ဩဂုတ် ||| နွေဦးအသံ |||ရှမ်းတောင် - ကရင်နီအစပ် ဒေသ...
30/08/2026

◼️‌ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်းရဲ့ မွမ်းမံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

၃၀ ဩဂုတ် ||| နွေဦးအသံ |||

ရှမ်းတောင် - ကရင်နီအစပ် ဒေသတွေမှာ စစ်‌ရေးလှုပ်ရှားနေတဲ့ ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(တပ်ရင်း ၂) အမှတ် ၁၀၀၆ တပ်ရင်းရဲ့ အမှတ်စဉ် ၃ မွမ်းမံစစ်သင်တန်းဆင်းပွဲအခမ်းအနားကို ဩဂုတ် ၃၀ ရက်၊ မနက်ပိုင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

သင်တန်းဆင်းပွဲမှာ ရှမ်းတောင်-ကယား(ကရင်နီ)တိုင်းစစ်ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ရဲ့ ဘတ်တံဆိပ်တပ်ဆင်ခြင်း၊ စွမ်းရည်သရုပ်ပြခြင်းနဲ့ စံပြတပ်ဖွဲ့ဝင်တွေကို ဂုဏ်ပြုခြင်း နဲ့ တိုက်ခိုက်/ပစ်ခတ်ရေးစွမ်းရည် ထူးချွန်တပ်ဖွဲ့ဝင်တွေကို ဂုဏ်ပြုခြင်းတွေကို ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီသင်တန်းဟာ ရဲဘော်တွေကို တပ်ဖွဲ့တခုရဲ့ စုစည်းမှု၊ စည်းလုံးမှု၊ ကျစ်လစ်မှု အားအင်တွေနဲ့ ကျင့်ဝတ်စည်းကမ်းတွေကို လိုက်နာတတ်စေဖို့အတွက် ရည်ရွယ်ပြုလုပ်ခဲ့တာဖြစ်ပြီး သင်တန်းပြီးဆုံးသွားတဲ့အလျောက် တပ်ဖွဲ့ဝင်တွေအနေနဲ့ တော်လှန်ရေးရည်မှန်းချက် ပန်းတိုင်အတွက် ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေ တိုးပွားလာခဲ့ကြောင်း အသိပေးထားပါတယ်။

ရှေ့ဆက်မယ့်တော်လှန်ရေးခရီးကြမ်းမှာ တော်လှန်ပြည်သူလူထုရဲ့ ထောက်ခံပံ့ပိုးမှုအားတွေနဲ့ ကြံ့ကြံ့ခံပြီး အောင်ပွဲတွေဆင်နွှဲသွားနိုင်ဖို့အတွက် အသက်နဲ့ခန္ဓာ၊ ကိုယ်စွမ်းဥာဏ်စွမ်းတွေကို ရင်းနှီးပြီး ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ကတိသစ္စာပြုကြောင်း အဆိုပါတပ်က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

©The Voice of Spring




✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

◼️‌တွန်းဇံမြို့အနီး စစ်တပ်လက်ပါးစေ ZRA စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်အုပ်စုအထိနာထွက်ပြေး၃၀ ဩဂုတ် ||| နွေဦးအသံ ||...
30/08/2026

◼️‌တွန်းဇံမြို့အနီး စစ်တပ်လက်ပါးစေ ZRA စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်အုပ်စုအထိနာထွက်ပြေး

၃၀ ဩဂုတ် ||| နွေဦးအသံ |||

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်ရှိ အကြမ်းဖက်စစ်တပ် လက်ပါးစေ မီးတပ် (ZRA-EC) ရဲ့ ကင်းစခန်းကို CDF - Tonzang က ဩဂုတ် ၂၈ ရက်မှာ ဝင်ရောက်စီးနင်းတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

တွန်းဇံမြို့အနီး နတ်ဇံကျေးရွာရှိ ဇိုမီးတပ်(ZRA-EC) ရဲ့ ကင်းစခန်းကို ချင်းဒေသကာကွယ်ရေးတပ် (CDF-Tonzang)က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ZRA-EC ဘက်က ဒဏ်ရာရသူ အများအပြားနဲ့ ထွက်ပြေးတိမ်းရှောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအပြီးမှာ CDF-Tonzang တပ်ဖွဲ့ဝင်တွေ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ကျည်ဆံ၊ စစ်သုံးပစ္စည်းတွေနဲ့ ဖုန်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ မှတ်တမ်း ဓာတ်ပုံနဲ့တကွ ထုတ်ပြန်ထားတာပါ။

ZRA-EC ဟာ အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းပြီး တွန်းဇံမြို့ကို ပြန်လည်သိမ်းပိုက်ရာမှာ ပါဝင်ခဲ့တဲ့အပြင် စစ်ဘေးရှောင် ရွာသားတဦးကိုလည်း ရက်စက်စွာ သတ်ဖြတ်ခဲ့တာကြောင့် အခုလို သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ CDF-Tonzang က အသိပေးထားတာ တွေ့ရပါတယ်။

©The Voice of Spring




✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

Address


Alerts

Be the first to know and let us send you an email when The Voice Of Spring posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Voice Of Spring:

Shortcuts

  • Want your business to be the top-listed Media Company?

Share