TF အိမ်ခြံမြေ အကျိုးဆောင် 09425029599

  • Home
  • TF အိမ်ခြံမြေ အကျိုးဆောင် 09425029599

TF အိမ်ခြံမြေ အကျိုးဆောင် 09425029599 အိမ်၊ခြံ၊မြေ၊တိုက်ခန်း၊ရောင်းချင်?

7.7.ဆိုပြင်းအားတော်တော်ကြီးတာပဲ
28/03/2025

7.7.ဆိုပြင်းအားတော်တော်ကြီးတာပဲ

Celebrating my 3rd year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉
21/12/2024

Celebrating my 3rd year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

အိမ်ငှားများအတွက် အကျိုးဆောင်မယူပါရှင့် အိမ်ပိုင်ရှင်များ ငှားမည့်အခန်းများရှိရင် cb မှာ အချက်အလက် ပို့ထားလို့ရပါတယ်ရှင်...
05/07/2024

အိမ်ငှားများအတွက် အကျိုးဆောင်မယူပါရှင့် အိမ်ပိုင်ရှင်များ ငှားမည့်အခန်းများရှိရင် cb မှာ အချက်အလက် ပို့ထားလို့ရပါတယ်ရှင့် ခက်ခဲနေတဲ့ကာလမှာ အိမ်ရှင် နဲ့ အိမ်ငှား ကို တိုက်ရိုက်တွေ့ဆုံစေချင်ပါတယ်ရှင်.....

လွယ်မယောင်နဲ့ခက်တဲ့အမွေဆိုင်အိမ်နဲ့ခြံအရောင်းအဝယ်အဲဒီလိုဖြစ်ကြတာမျိုးကများသောအားဖြင့် ဂရံမှာမိဘအမည်ပေါက်အိမ်နှင့်ခြံတွေမ...
24/06/2024

လွယ်မယောင်နဲ့ခက်တဲ့အမွေဆိုင်အိမ်နဲ့ခြံအရောင်းအဝယ်
အဲဒီလိုဖြစ်ကြတာမျိုးကများသောအားဖြင့် ဂရံမှာမိဘအမည်ပေါက်အိမ်နှင့်ခြံတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။

မြေနှင့်အိမ်ဆိုတာ မိဘနှစ်ပါးမရှိအခါ မောင်နှမအများထဲမှ အဆင်ပြေသူ ဒါမဟုတ် ယုံကြည်ရပြီး ဩဇာညောင်းသောသူက မြေနှင့်အိမ်ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေကို ထိန်းသိမ်းပေးထားတတ်ကြပါတယ်။

👉မိဘပိုင်ဂရံမြေအမည်ပေါက်ဝယ်တဲ့အခါ ဝယ်သူတွေအနေနဲ့ အထူးသတိထား ဝယ်သင့်ပါတယ်။အရင်ကာလများဆီကလွယ်သလောက် ယခုကာလမှာတော့ ပြောသလောက်မလွယ်ကူကြပါဘူး။လုပ်ကိုင်ရတဲ့အဆင့်ဆင့်များတဲ့အပြင် အချိန်တွေပါပိုပေးရတတ်ပါတယ်။

👉မောင်နှမများတဲ့အိမ်ဆိုပိုဆိုးပါတယ်တစ်ယောက်တစ်ပေါက် ကိုယ်လိုချင်တာပြောတတ်တာကြောင့် ညှိနှိုင်းရတာ စိတ်ရှည်ရပါတယ်။
👉ရောင်းမယ်၊ မရောင်းဘူး၊
👉ပေးတဲ့ဈေးက နည်းလွန်းတယ်၊ တစ်ယောက်နဲ့တစ်ယောက်ခွဲတဲ့အခါများများလိုချင်ကြတာကလည်းလူ့သဘာဝဆိုတော့လဲ တခါတလေငြင်းခုံတတ်ကြပါတယ်။
ရောင်းတော့ရောင်းချင်တယ် နည်းမှာလဲကြောက်တတ်ကြပါတယ်။ရောင်းလို့ရမှအမွေခွဲလို့ရ မှာဆိုတော့လဲ စိတ်ညစ်ပြီးမဝယ်ကြမှာလဲစိတ်ပူကြပြန်ပါသေးတယ်။
အမွေဆိုင်များက ရောင်းမယ်လို့သာ ပြောနေတာ

ဝယ်သူဘက်က မြေနဲ့အိမ်ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေကို ကြည့်ပါရစေလို့မေးလိုက်တဲ့အခါကျတော့၊

🔹ပိုင်ဆိုင် မှု စာရွက်စာတမ်းမစုံတာတို့၊
🔹မိဘနှစ်ပါးသေစာရင်း(မူရင်း)မပြနိုင်တာ တို့
🔹မိသားစုအိမ်ထောင်စုစာရင်း(မူရင်း)မပြနိုင်တာတို့
🔹မောင်နှမအားလုံးရဲ့ မှတ်ပုံတင်(မူရင်း )တွေ အားလုံးမပြနိုင်တာတို့ ဖြစ်တတ်ပါတယ်။
ပိုင်ဆိုင်မှု စာချုပ်စာတမ်းမူရင်းတွေ ပြနိုင်ရင် အမွေဆိုင်တွေအားလုံးစုံပြီး အရောင်းအဝယ်စရန်ပေးစာချုပ်ချုပ်လို့ရပါတယ်။

အပြီးအပိုင် စာချုပ်ဖို့အတွက် အရောင်း မြေပုံ/မြေရာဇဝင်၊ပိုင်ဆိုင်ကြောင်းမြေပုံမြေ ရာဇဝင်တွေကူးတဲ့အခါမှာလည်း ပြောသလောက်မလွယ်ကူလှပါ။

တကယ်တော့ အမွေဆိုင်တွေအာမခံသလို ပိုင်ဆိုင်ကြောင်းစာချုပ် ချုပ်ဖို့နဲ့ အရောင်းအဝယ်စာချုပ်ဖို့ မြေပုံ၊ မြေရာဇဝင်တွေက မြို့တော်စည်ပင်က အလွယ်တကူ ထုတ်ပေးတာမရှိဘူး။
❗အမွေဆက်ခံသူတို့ရဲ့ ကျမ်းကျိန်
❗အဖေ အမေတို့ရဲ့ သေစာရင်း(မူရင်း)
❗ဂရံမူရင်းတွေ စစ် ဆေးကြည့်ရှုပြီးမှ မြေပုံထုတ်ပေးဖို့ စဉ်း စားပေးကြတာပါ။
❗ဒါအပြင်ရောင်းမယ့် မြေကွက်ဟာ ကန့်ကွက်ချက်မရှိဖို့လိုအပ် သေးတယ်။
တခါတလေ ဘဏ်မှာငွေချေးခဲ့ဖူးရင်၊ ဒါမှမဟုတ် တခြားအကြောင်းတခုခုကြောင့် သက်ဆိုင်ရာက မြေပုံ/ မြေရာဇဝင် (ပုံစံ ၁၀၅၊၁ဝ၆)ထုတ်မပေး ဖို့ ကန့်ကွက်ထားတတ်တယ်။
သူတို့ရဲ့ အရှုပ်အရှင်းများကို ဖြေရှင်းပြီးမှသာ ကန့်ကွက်ချက်ကိုပြန်လည်ရုပ်သိမ်းပေး ကြတယ်။
ကြွေးကျန်ကင်းရှင်းကြောင်းထောက်ခံချက်ထုတ်ပေးကြတယ်။

ဒါကြောင့် ဝယ်သူဘက်ကစာရွက်စာတမ်းတွေစစ်ဆေးမယ်ဆိုရင်
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

✅ ကွယ်လွန်သွားတဲ့ မိဘ နှစ်ပါးရဲ့ သေစာရင်း (မူရင်း)
✅အမွေဆိုင်မောင်နှမတွေ ရဲ့ မှတ်ပုံတင်(မူရင်း)နဲ့ အိမ်ထောင်စု စာရင်း(မူရင်း)ကိုကြည့်ရပါမယ်။
✅စရန်ငွေပေးပြီးပြီဆိုတာနဲ့အမွေဆက်ခံပိုင်ဆိုင် ကြောင်း စာချုပ်ချုပ်ပေးဖို့အတွက်အမွေဆိုင်များအား” ပိုင်ဆိုင်ကြောင်းမြေပုံ/ မြေရာဇဝင်“အရင်ကူးခိုင်းရမယ်။
မြို့မြေစာရင်း မှာ ရှုပ်နေတာရှိရင်လည်းအမွေဆိုင်တွေပဲ ရှင်းခိုင်းပြီးသားဖြစ်သွားပါတယ်။

✅အမွေဆက်ခံပိုင်ဆိုင်ကြောင်းမြေပုံရရင်တော့ အမွေဆက်ခံပိုင် ဆိုင်သူတွေက စာချုပ်စာတမ်း မှတ်ပုံတင် ရုံးမှာ အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုပေးပါလိမ့်မယ်။

✅အဲဒီအမွေ ဆက်ခံကြောင်းစာချုပ်ရရင် မြို့တော်စည်ပင်ရုံးမှာအမွေဆက်ခံသူတွေနာမည်ပြောင်းရပါမယ်။ (📌📌📌ယခုသတ်မှတ်လိုက်တဲ့ပုံစံပါ📌📌📌)
အဲဒီအမွေဆက်ခံသူတွေရဲ့ဂရန်အမည်ပြောင်းတာ(၁)လခန့်ကြာတတ်ပါတယ်။

✅စည်ပင်ကအမွေဆက်ခံသူတွေရဲ့နာမည်ပေါက်စာချုပ်ထုတ်ယူပြီးရင် စည်ပင်ရုံးမှာပဲ အရောင်းအဝယ်စာချုပ်ချုပ်ဆိုပေးရန်အတွက်”အရောင်းမြေပုံထပ်မံကူးရပြန်ပါတယ်။
(📌📌တစ်လခန့်ကြာနိုင်ပါတယ်)

✅အရောင်းမြေပုံရရင်ကာလရာဖြတ်တန်ဖိုးအခွန်ဆောင်ဖို့
တိုင်းအခွန်ရုံးက
1-ယာယီစာချုပ်(မိတ္တူ(၃-စုံ)
2-အရောင်းမြေပုံ
3-မြေဂရန်
4-မှတ်ပုံတင်
5-အိမ်ထောင်းစုစာရင်း
6-အဆောက်အဦအတိုင်းအတာနှင့်ခန့်မှန်းကုန်ကျစရိတ်တွက်ချက်မှုစာရင်း
7-မြေ/အိမ်/အဆောက်အဦးတို့ရဲ့ရှေ့/နောက်/ဝဲ/ယာ ဓါတ်ပုံ(၄)ပုံ တိုကို့တင်ပြရပါတယ်။

✅သက်ဆိုင်ရာကိုတင်ပြပြီးတာနဲ့ မြေနဲ့အိမ်ကို သက်ဆိုင်ရာကလာပြီးစစ်ပါတယ်။ပြီးမှသက်ဆိုင်ရာဌာနအရာရှိများအစည်းအဝေးထိုင်ကာကာလတန်ဖိုးဖြတ်ပေးပါတယ်
အဲဒီအစည်းဝေးရဲ့ဆုံးဖြတ်ချက်အတိုင်း
မြေနဲ့အိမ်တည်ရှိရာမြို့နယ်အခွန်ဦးစီရုံးသွားပြီး ဝင်ငွေခွန်တံဆိပ်ခေါင်းခွန်ဆောင်ရပါတယ် ။

✅မြို့နယ်အခွန်ရုံးက တန်ဖိုးကြီးတံဆိပ်ခေါင်းတွေနဲ့”ဝင-၈”လို့ခေါ်တဲ့အခွန်ဆောင်ပြီးကြောင်းပြေစာတွေရမှ မြေနဲ့အိမ်အရောင်းအဝယ်စာချုပ်ကိုမှတ်ပုံတင်ပေးဖို့ရန်ကုန်မြို့တော်စာချုပ်စာတမ်းမှတ်ပုံတင်ရုံးသို့ ဆက်ပြီးတင်ပြရပါတယ်။
အဲဒီမှတ်ပုံတင်ရုံးမှာ အခွန်ပြေစာ/အမွေက်ဆက်ခံသူတွေရဲ့အမည်ပြောင်းပြီးမြေဂရန်/နဲ့ဆက်စပ်တဲ့အထောက်အထားတွေတင်ပြမှ ရောင်းသူ/ဝယ်သူလက်မှတ်ထိုး၍မှတ်ပုံတင်ခွင့်ရပါတယ် ။

✅ပြီးတော့စာချုပ်မှတ်ပုံတင်ခ(0.5%)ပေးဆောင်ပြီးမှသာရောင်းသူ(အမွေဆက်ခံသူ)တွေရဲ့တာဝန်ပြီးဆုံးပါတယ် ။

✅စည်ပင်မှာဝယ်သူအမည်ပြောင်းလျှောက်တဲ့အခါရောင်းသူအမွေဆိုင်များလိုက်စရာမလိုတော့ပါ။
ဝယ်သူကိုယ်တိုင်ရဲ့မှတ်ပုံတင်/ အရောင်းအဝယ်စာချုပ်/မြေဂရန်နဲ့အခွန်ပြေစာတို့ကို့တင်ပြရပါတယ်။
စည်ပင်မှကန့်ကွက်ရန်ရှိ/မရှိသတင်းစာကြော်ငြာပေးပါတယ်။ရက်ပြည့်လို့ကန်ကွက်သူမရှိရင်ဝယ်သူနာမည်ပြောင်းပေးပါတော့တယ်။
ဒါမှသာ အမွေဆိုင် အိမ်နှင့်ခြံအရောင်းအဝယ်ဟာပြီးဆုံးမှာဖြစ်ပါတယ်။

အဲဒါကြောင့် အမွေဆိုင်အိမ်နဲ့ခြံဝယ်ရတာ အရင်ကဒီလောက်မခက်ပေမယ့် ယခုအခါမှာတော့ လုပ်ရတဲ့အဆင့်တွေများလာတဲ့အပြင် အချိန်တွေပါပိုပေးရတာကြောင့် လွယ်မယောင်နဲ့ခက်လိုဆိုလိုခြင်းဖြစ်ပါတယ်......

Crd

Credit:လွှတ်တော်ရှေ့နေမောင်ကောင်းဖေ

24/06/2024

ဂရန်မြေဝယ်ယူမယ်ဆိုရင် ဂရုစိုက်လုပ်ဆောင်ရမဲ့ အဆင့် (၉) ဆင့်ရှိပါတယ်။ အဆိုပါ (၉) ချက်စလုံးက အရေးကြီးတာမို့ လူကြီးမင်းတို့ ဗဟုသုတရရှိစေဖို့နဲ့ ရောင်းမှာ ဝယ်မှား မဖြစ်စေဖို့ မျှဝေပေးလိုက်ပါတယ်။

(၁) မြေပုံရာဇဝင်ကူးခြင်း (ပုံစံ ၁၀၅၊၁၀၆)

ဂရန်အမည်ပေါက်သူထံကနေ ဝယ်ယူမယ်ဆိုရင် ရောင်းမည့်သူ(ဂရန်အမည်ပေါက်ထားသူ)ကိုယ်တိုင်က မြို့တော်ခန်းမကို သွားရောက်ပြီး ရောင်းချမည့် မြေရဲ့ မြေပုံရာဇဝင် ကူးယူပေးရပါမယ်။

(၂) ကန့်ကွက်ကြေညာခြင်း

စည်ပင်ရုံးမှ ကန့်ကွက်စာကျတဲ့အခါ ပြန်ကြားရေးမှတစ်ဆင့် သတင်းစာထဲမှာ ကန့်ကွက်ကြောင်း ကြေငြာထည့်ရပါမယ်။

(၃) ပုံစံ ၁၀၅ ရရှိခြင်း

စည်ပုံရုံးမှ ကွင်းဆင်းစစ်ဆေးပြီး မြေတိုင်းပြီးတဲ့အခါမှာတေ့ာ ပုံစံ (၁၀၅) ရရှိမှာ ဖြစ်ပါတယ်။

(၄) အမြတ်ခွန်ထမ်းရန်လျှောက်ထားခြင်း

ပုံစံ (၁၀၅) ရရှိပြီးရင်တော့ အမြတ်ခွန်ထမ်းဆောင်ဖို့ လျှောက်ထားရမှာဖြစ်ပါတယ်။

(၅) အခွန်ဦးစီး ဌာနမှ ကွင်းစင်းစစ်ဆေးခြင်း
ပြီးရင်တော့ လျှောက်ထားတဲ့ မြေကွက်ကို အခွန်ဦးစီးဌာနက ကွင်းဆင်းစစ်ဆေးပြီးတော့ အိမ်ခြံမြေ ကာလတန်ဖိုး သတ်မှတ်ပေးပါတယ်။

(၆) အခွန်ထမ်းဆောင်ခြင်း

အခွန်ဦးစီးဌာနက စစ်ဆေးပြီးတဲ့နောက်မှာ အိမ်ခြံကာလတန်ဖိုးကို သတ်မှတ်ပေးပြီးနောက်မှာ ပေးသွင်းရမဲ့ အခွန်ကို အခွန်ဦးစီးဌာနမှာ ထမ်းဆောင်ပေးသွင်းရပါမယ်။ အခွန်ဦးစီးဌာနကနေမှ အိမ်ခြံမြေတန်ဖိုး သတ်မှတ်ပေးပြီး တံဆိပ်ခေါင်းခွန် ထမ်းဆောင်ဖို့ သတ်မှတ်ပေးပါတယ်။

(၇) တံဆိပ်ခေါင်းခွန် ပေးသွင်းခြင်း

အခွန်ထမ်းဆောင်ပြီး တစ်ပတ်အကြာမှာ အခွန်တံဆိပ်ခေါင်းထွက်ပါတယ်။မြို့နယ်အခွန်ဦးစီးဌာနကနေမှ တစ်ဆင့် တိုင်းအခွန်ဦးစီးဌာနကို အခွန်ပေးဆောင်ပြီးကြောင်း အကြောင်းကြားပေးပါတယ်။ တိုင်းအခွန်ဦးစီးဌာနကနေမှ တစ်ဆင့် စာချုပ်စာတမ်းရုံးကို အရောင်းအဝယ်မှတ်ပုံတင် စာချုပ်ချုပ်ဆိုနိုင်ပြီ ဖြစ်ကြောင်း အကြောင်းကြားပါတယ်။

(၈) တရားဝင်စာချုပ်ချုပ်ဖို့ လျှောက်ထားခြင်း

အခွန်တံဆိပ်ခေါင်းထွက်ပြီးချိန်မှာတော့ တရားဝင်အရောင်းအဝယ်စာချုပ်ချုပ်ဆိုဖို့အတွက် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ စာချုပ်ချုပ်ဆိုခွင့် လျှောက်ထားရပါမယ်။

(၉) ဂရန်အမည်ပြောင်းခြင်း

အရောင်းအဝယ်စာချုပ်ချုပ်ဆိုပြီးချိန်မှာတော့ ဝယ်ယူသူရဲ့ ကိုယ်ပိုင် အမည်ပေါက် ဂရန်ဖြစ်ဖို့အတွက် စည်ပင်မြေယာဌာနမှာ ဂရန်အမည်ပြောင်း လျှောက်ထားဖို့ အပေါ်စာလျှောက်လွှာယူပြီး ဂရန်နာမည်ပြောင်း လျှောက်ထားရပါမယ်။

ကူးယူဖောါပြပါသည်။

20/06/2024

ယနေ့ရင်ဆိုင်နေရသော အိမ်ခြံမြေရဲ့ ရောင်းခွန်ပြဿနာ
=====================================

အိမ်ခြံမြေ ရောင်းဝယ်ပြုလုပ်ကြသည့်အခါ ဝယ်သူကလည်းဝယ်ခွန်ဆောင်ရမည့်တာဝန်ရှိသလို၊ ရောင်းသူသည်လည်းရောင်းခွန်ဆောင်ရမည့်တာဝန်သည် နဂိုမူလကတည်းကရှိထားပြီးသားပါ။

မြေကွက်တစ်ကွက်ကိုအခွန်ဆောင်အမည်ပြောင်းမည်ဆိုပါက ပုံမှန်အားဖြင့် ဝယ်သူသည်သာ ဝင်ငွေခွန် ၊တံဆိပ်ခေါင်းခွန် ၊မှတ်ပုံတင်ကြေး စသည်အခွန်တို့ကို ဆောင်ရပါတယ်။

သက်ဆိုင်ရာအခွန်ရုံးမှ ရောင်းချသူများထံ ရောင်းခွန်(အမြတ်တော်ခွန်) အားလာရောက်ဆောင်ရန် အကြောင်းကြားစာပေးပို့တယ်။ ဆောင်သူရှိသလို မဆောင်သူများလည်းရှိပါတယ်။

ရောင်းသူဘက်မှ ရောင်းခွန်ဆောင်ဆောင်၊ မဆောင်ဆောင် ဝယ်သူကတော့ ဝင်ငွေခွန်ဆောင်ပြီးသည့်အခါ အချိန်တန်လျှင် တံဆိပ်ခေါင်းခွန်ဆောင်ပြီးဆိုသည့်နှင့်တပြိုက်နက် ပတခ(ဝင)-၈ စာရွက်အားထုတ်ပေးပါတယ်။ ထိုအခါမှသာ တံဆိပ်ခေါင်းများဖြင့် မှတ်ပုံတင်စာချုပ်ကြီးချုပ်ဆိုကြပါတယ်။

ယခုကတော့ အရင်လိုမဟုတ်တော့ပါဘူး-

အခွန်ဦးစီးဌာနတွေက ရောင်းသူဘက်ကိုလည်း အခွန်လိုက်နေပါတယ်။ ရောင်းခွန်လိုက်တာပြဿနာမဟုတ်ပေမဲ့ ဝယ်သူအ နေဖြင့်ဆိုလျှင်
ကိုယ့်ဝယ်ခွန် ကိုယ်ဆောင်ရတာပင်လျှင် အခက်အခဲတချို့ကြုံနေရပါတယ်။ ဒါဟာဘာလဲဆိုရင် ဝယ်သူဟာဝင်ငွေခွန်အရင်ဆုံးဆောင်ပါတယ်။ ဝင်ငွေခွန်ဆောင်ပြီးလို့ တံဆိပ်ခေါင်းခွန်ဆောင်ရန်အတွက်ယခင်ကလို သတ်မှတ်ရက်နေ့လာဆောင်
ပါလို့အခွန်ရုံးမှ မချိန်းပေးတော့ပါဘူး။

အခွန်ရုံးအနေဖြင့် ရောင်းသူဘက်ကို မိမိရောင်းချထားသည့်မြေကွက်နှင့်စပ်လျဥ်းပြီးရောင်းခွန်လာရောက်ဆောင်ဖို့ကို ရုံးစာဖြင့် စာတိုက်ကနေတစ်ဆင့်ပေးပို့ပြီးလာရောက်ဆောင်ခိုင်း နေပါပြီ။

(အောက်တွင် ပူးတွဲဖော်ပြပေးထားပါတယ်။)

ထိုအခါမှာ ဝယ်သူအနေနဲ့အချိန်ကြန့်ကြာမှုတွေဖြစ်ပေါ်လာပါပြီ။ တချို့အရောင်းအဝယ်တွေမှာဆိုရင်ရောင်းသူ( sp)ကိုင်ထားသူမှ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် စာချုပ်ကြီးလိုက်ချုပ်ပေးသည့်နေ့တွင် ကျန်ငွေအချို့အားပေးချေရန် ကတိက ဝတ်ထားပြီး အရောင်းအဝယ်မပြတ်သေးသည့် ကိစွရပ်မျိုးတွေမှာဆိုရင် ...ရောင်းသူဘက်မှ ရောင်းခွန်လာမဆောင်ပေးပါ ဝယ်သူအနေနဲ့ ဒုက္ခရောက်ရတာမျိုးတွေရှိနိုင်ပါတယ်။

အချို့ဝယ်ယူသူတွေဆိုရင် ရောင်းသူဘက်မှရောင်း ခွန်လာမဆောင်မချင်း စာချုပ်ကြီးမချုပ်သေးဘဲ စောင့်ဆိုင်းပေးတာမျိုးလည်းရှိပါတယ်။

ရောင်းသူဘက်မှ ရောင်းခွန်(အမြတ်တော်ခွန်) ကိုလာရောက်ဆောင်ပေးပြီးမှသာ ဝယ်သူကိုတံဆိပ်ခေါင်းခွန်ထမ်းဆောင်းခိုင်းပါတော့တယ်။ တံဆိပ်ခေါင်းတွေရမှသာ စာချုပ်ကြီးချုပ်တဲ့အဆင့်ပြီးပါတယ်။

အချို့ရောင်းသူတွေဆိုလျှင် ငွေဖြူလိုချင်၍ မြေကွက်ရောင်းတိုင်း၊ ရောင်းတိုင်းမှာ ရောင်းခွန်ဆောင်နေကြသူတွေလည်း မြင်ဖူးပါတယ်။ တချို့ရောင်းသူတွေကြ ရောင်းပြီးပြီမဆိုင်တော့ဘူးဆိုပြီး မဆောင်ကြတာရှိပါတယ်။
(ယခုကတော့မဆောင်လို့မရတော့ပါဘူး။)

တချို့အခွန်ဆောင်အမည်ပြောင်းရာမှာ ဂရန်အမည်ပေါက်ဆီကဝယ်သူက အမည်ပေါက်နှင့်တိုက်ရိုက် အရောင်းအဝယ်စာ ချုပ်ချုပ်ကြတာရှိသလို၊ ဂရန်အမည်ပေါက်သူစီမှ SP or GP ရယူထားသူနဲ့ အရောင်းအဝယ်စာချုပ်ကြီးချုပ်ဆိုကြတာတွေလည်းရှိကြပါတယ်။

SP or GP ယူထားသည့်ရောင်းသူဆီကို အခွန်မလိုက်ဘူးဟုမထင်ပါနှင့်။ ရာဖြတ်တင်သည့်စာချုပ်၌ sp or gp သမားနှင့် အရောင်းအဝယ်ချုပ်ဆိုထားခဲ့ပါက အဆိုပါမြေကွက်၏ ရောင်းခွန်သည်လည်း ထို sp or gp သမားထံ အခွန်ရုံးမှစာပို့ပါသည်။ဒါကိုဘာလို့ပြောရလဲဆိုရင်အချို့ဝယ်ရောင်းကောက် သည့်သူများသိစေလိုပါတယ်။

အမည်ပေါက်ဆီကဝယ်ပြီး ပြန်ရောင်းမှာဘဲဆိုပြီး sp သာယူ ထားကြတယ်။ နောက်ဝယ်သူကို ကိုယ်က sp ကိုင်ပြီး လိုက်လံဆောင်ရွက်ပေးကြတဲ့အခါ ယခုလို sp သမားတွေဆီလည်းအခွန်လိုက်ကြတာကိုသိထားဖို့လိုပါမယ်။

ရှေ့နေတွေထဲမှာတောင်ရှိပါတယ် ၊ ဆရာ/ ဆရာမဘဲ အစအ ဆုံးလိုက်လုပ်ပေးရမှာမို့ ဆရာ/ဆရာမ ဘဲ sp ယူထားပေးပါဆိုပြီးစာချုပ်တွေချုပ်ကြတာတွေရှိပါတယ်။ ယခုလို SP သ မားတွေကိုပါအခွန်လိုက်လာတော့ စိုက်ပြီးဆောင်ရမဲ့သဘောလိုဖြစ်နေပြီ

ဒါကြောင့် SP ယူထားတိုင်းလည်းမကောင်းပါဘူးနော်။ SP /GP ယူထားသူတွေ ရောင်းခွန်က ကိုယ့်ဆီလည်းရောက်လာနိုင်တယ်ဆိုတာ သိထားသင့်ပါတယ်ဟုအကြံပြုရင်း(ဝယ်ရောင်းသမားတွေအထူးသတိထားရတော့မယ့်အခြေအနေ)

Crd

19/06/2024

ကျွန်တော်တို့က ကိုယ်လက်ခံရရှိထားတဲ့ Special Power ၊ General Power တို့ကို အလွန်ခိုင်မာမှု ရှိတယ် လို့ မှတ်ယူထားတတ်ကြပါတယ်။ မည်သည့်အခြေအနေမျိုးမှာ SP, GP ပျက်ပြယ်သွားတတ်သလဲဆိုတာ နားမလည်သည့်အတွက် ထိုကဲ့သို့မှတ်ယူကြခြင်းဖြစ်ပါတယ်။

အိမ်ခြံမြေ ဝယ်သူတိုင်း Special Power, General power တွေကိုကိုင်ထားပြီး ကျေနပ်ကြပါတယ်။ Special Power, General power တွေဟာ အခြေအနေ (၇) မျိုးမှာ ပြန်လည်ပျက်ပြယ်သွားနိုင်ပါတယ်။ အဲဒီအခြေအနေတွေကတော့ -SP, GP အား ပြန်လည်ရုပ်သိမ်းသော အခါ၊ Special Power, General powerကို လွှဲအပ်ပေးသူက အကြောင်းခိုင်လုံမှုရှိရင် မိမိသဘောအရ ပြန်လည် ရုတ်သိမ်းနိုင်ပါတယ်။ ထိုသို့ရုတ်သိမ်းသောအခါ Special Power, General power တွေဟာ ပျက်ပြယ်သွားပါတယ်။

လက်ခံသူမှ ငြင်းပယ်၍ ပျက်ပြယ်ခြင်း

SP/GP တို့ကို တစ်စုံတစ်ယောက်သောသူက ကိုယ်စားလှယ်လွှဲအပ်ပေးပေမယ့် လက်ခံရမယ့်သူက အကြောင်း တစ်စုံတစ်ရာပြပြီး လက်ခံခြင်းမရှိခဲ့လျှင် ထို SP/GP တို့ဟာ ပျက်ပြယ်ပါတယ်။

ကိစ္စပြီးဆုံးလျှင်လည်း ပျက်ပြယ်ပါသည်

SP တစ်စောင်ကိုအကြောင်းအရာတစ်ခုနှင့် လွှဲအပ်ပေးပါတယ်၊ ဥပမာ- မြေပုံမြေရာဇဝင်ထုတ်ယူဖို့နှင့် ခြံစည်းရိုး ခတ်ရန် အဲဒီလိုအကြောင်း အရာနှစ်ခုနှင့် လွှဲအပ်ပေးထားတဲ့ SP တစ်စောင်က မြေပုံမြေရာဇဝင် ထုတ်ယူ ဖို့နဲ့ခြံစည်းရိုးခတ်တဲ့ကိစ္စအဝဝ ပြီးဆုံးသွားသည်နှင့် SP သည် ပြီးဆုံးခြင်း ပျက်ပြယ်ခြင်းသို့ ရောက်ပါတယ်။

လွှဲအပ်/လက်ခံသူတစ်ဦးဦးသေဆုံးခြင်း

SP/GP တို့ကိုလွှဲအပ်သူ (သို့) လွှဲအပ်ခြင်းလက်ခံသူတစ်ဦးဦးသေဆုံးသွားခဲ့လျှင် ထိုGP/SPတွေဟာ ပျက်ပြယ်ခြင်း၊ ပြီးဆုံးပါတယ်။

ရူးသွပ်ကြခြင်း

အလားတူပင် SP/GP တို့ကို လွှဲအပ်/လက်ခံသူတစ်ဦးဦး ရူးသွပ်သွားခဲ့လျှင်လည်း အဲဒီ SP/GP တွေဟာ ပျက်ပြယ်ခြင်း (သို့) ပြီးဆုံးပါတယ်။

လူမွဲအဖြစ် ခံယူကြခြင်း

SP/GP တို့ကို လွှဲအပ်သူ (သို့) လက်ခံသူတစ်ဦးဦးက လူမွဲအဖြစ် ခံယူလိုက်လျှင် ပျက်ပြယ်(သို့) ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ထို့ကြောင့် ရယူထားတဲ့ SP/GP ဟာ ခိုင်လုံခြင်းရှိ/မရှိဆိုတာ စစ်ဆေးကြရပါမယ်။ အထက်ပါ အချက်အလက်များကို ပဋိညာဉ်အက်ဥပဒေပုဒ်မ (၂၀၁)မှာလည်း အတိအလင်းဖော်ပြထားပါတယ်။

အခွန်ဆောင်မည့်သူများအတွက် ၂၀၂၃/၂၄ ခုနှစ် တန်ဖိုးဖြတ်(ရာပြတ်နှုန်းထား) အသစ်ထွက်တဲ့အတွက် အိမ်မြေ ဝယ်ခွန်အတွက် ရာဖြတ်တင်ပုံ...
09/12/2023

အခွန်ဆောင်မည့်သူများအတွက် ၂၀၂၃/၂၄ ခုနှစ် တန်ဖိုးဖြတ်(ရာပြတ်နှုန်းထား) အသစ်ထွက်တဲ့အတွက် အိမ်မြေ ဝယ်ခွန်အတွက် ရာဖြတ်တင်ပုံ တင်နည်းကိုပါဖော်ပြပေးလိုက်ပါတယ်။

ကျွန်တော်တို့တွေဟာ အခွန်ဆောင်တဲ့ နေရာမှာ ရာဖြတ်တန်ဖိုး မသိပဲ အခွန်ဆောင်လို့ မရပါဘူး။ ဒါကြောင့် ကျွန်တော် ဒီနေ့မှာ အိမ်မြေ ဝယ်ခွန်အတွက် ရာဖြတ်တင်ပုံ တင်နည်းလေးကို ပြောပြပေးပါ့မယ်ဗျ။

(၁) ၄လအတွင်း ချုပ်ဆိုထားသော အရောင်း အဝယ်စာချုပ် (မူရင်းနှင့်မိတ္တူ)

(၂) ၁နှစ်အတွင်း ရေးဆွဲထားသော ရောင်း/ဝယ်အတွက် မြေပုံမြေရာဇဝင်(၁၀၅/၁၀၆)။

(၃)အမည်ပေါက်မှ ရောင်းချခြင်း (သို့) မှတ်ပုံတင် ဆက်စပ်စာချုပ်များ။

(၄)ရှေ့/နောက်/ညာ မြေကွက်ဓာတ်ပုံ(၁)စုံ။

(၅)ဝယ်ယူသူ၏ အိမ်ထောင်စုစာရင်း (မူရင်းနှင့် မိတ္တူ )။

(၆)ဝယ်ယူသူက အိမ်မြေ လက်ခံရရှိပြီးကြောင်း ဝန်ခံချက်။

(၇)တင်ပြချက်အားလုံး မှန်ကန်ကြောင်းဝန်ခံချက်စတဲ့ ကာလတန်ဖိုး စီစစ်ရေးအဖွဲသို့ တင်ပြလျှောက်ထားရမှာ ဖြစ်ပါတယ်။

အိမ်ခြံမြေကို တရားဝင် ဝယ်ယူဖို့အတွက် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ စာချုပ်မှတ်ပုံတင်ရပြီး အခွန်တံဆိပ်ခေါင်း များစွာကို ကပ်ရပါတယ်။

ရာဖြတ်လို့ခေါ်တဲ့ “ကာလတန်ဖိုး စိစစ်ရေးအဖွဲ့က သတ်မှတ်ပေးတဲ့ တန်ဖိုးရဲ့ ၄ % ဖိုးဝယ်ယူပြီး ကပ်ရပါတယ်။ အိမ်ခြံမြေဝယ်ရင် ဝယ်ယူမည့်ပစ္စည်းအတွက် “ရာဖြတ်” သတ်မှတ်ဈေးအတိုင်း ကိုယ့်မှာ “ငွေဖြူ” ရှိရင် ပိုပြီးသက်သာပါတယ်။ ငွေဖြူဆိုတာက ဝင်ငွေရလမ်းဖော်ပြနိုင်သောငွေ (သို့) အခွန်စည်းကြပ်ပြီးဖြစ်သောငွေကို ပြောတာပါ။ ငွေဖြူမရှိရင် သိန်း ၁၀၀၀ အောက်- ၃%၊ သိန်း ၁၀၀၀-၃၀၀၀ အထိ- ၅%၊ သိန်း ၃၀၀၀-၃၀၀၀၀ အထိ- ၁၀%၊ သိန်း ၃၀၀၀၀ အထက်- ၃၀% တို့ကို “ဝယ်ခွန်” အဖြစ်ပေးဆောင်ရမည်လို့ အခွန်ဥပဒေမှာလဲ ပြဌာန်းထားပါတယ်။

ထပ်တိုးတာလေးပါဗျ

ရောင်းသူက
ဂရံအမည်ပေါက်ဖစ်ရမယ်
အခွန်10%ဆောင်ရမယ်

Credit Myanmar House

23/11/2023

တကယ်အတည်သာဆိုလျှင် တက်လိုက်မည့်ပြဿနာများကိုကြိုမြင်မိပါသည်။

အများပြည်သူသိရှိနိုင်ရန်ကြေညာချက်
*********************************
(1.12.2023) ရက်နေ့မှစ၍ လယ်ယာမြေများအပါအဝင် မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းများ၏ ပိုင်ဆိုင်မှုကို အလွှဲအပြောင်းပြုလုပ်ရန် လွှဲအပ်သော ကိုယ်စားလှယ်လွှဲစာများ (Special Power of Attorney - SP, General Power of Attorney - GP) မှတ်ပုံတင်ပေးရန် လျှောက်ထားလာပါက မှတ်ပုံတင်ပေးခြင်းလုပ်ငန်းကို
ဦးစွာဆောင်ရွက်ပေးမည်မဟုတ်ဘဲ
အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံတံဆိပ်ခေါင်းခွန် အက်ဥပဒေအပါအဝင် သက်ဆိုင်ရာအခွန်ဥပဒေများနှင့်အညီ ကျသင့်သော အခွန်များ ပြည့်စုံစွာ ထမ်းဆောင်ပြီးဖြစ်သည့် ပိုင်ဆိုင်မှုအလွှဲအပြောင်းစာချုပ်စာတမ်းကို လာရောက်မှတ်ပုံတင်သည့်အချိန်မှသာ တစ်ပါတည်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

မြို့တော်/မြို့နယ်
စာချုပ်စာတမ်းမှတ်ပုံတင်ရုံး
------------------------မြို့တော်/မြို့နယ်

ဥပေဒအရ အကျုံးဝင်သော မြေ (၉) မျိုးရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပေဒ၊ မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးမှုနှင့် စီမံကိန်းနှ...
20/11/2023

ဥပေဒအရ အကျုံးဝင်သော မြေ (၉) မျိုး

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပေဒ၊ မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးမှုနှင့် စီမံကိန်းနှင့်မြေ စီမံခန့်ခွဲရေး ဆိုင်ရာ နည်းဥပဒေများတွင် ပါရှိသည့် မြေ (၉) မျိုး အကြောင်း ရှာဖွေ တင်ပြလိုက်ပါသည်။

၁။ မြေပိုင်မြေ
==========
မြေပိုင်မြေဆိုသည်မှာ မြိုတော်နယ်နိမိတ်အတွင်း
စနစ္တက် မြို့ကွက်ဖော်ထုတ်ကာ ရောင်းချခဲ့၍ ၀ယယွူ ပိုင်ဆိုင်ခဲ့ပြီး မြေပိုင်ရှင် အခွင့်အရေး အဆင့်အတန်းရှိသည့် မြေကိုဆိုင်သည်။

၂။ ဘိုးဘပိုင်မြေ
===========
ဘိုးဘပိုင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံ မြို့နှင့် ကျေးရွာမြေများအက်ဥပဒေပုဒ်မ ၄၊ ပုဒ္မခြဲ (၁၀) အရ၊ ဘိုးဘွားမိဘလက်ထက်ကပင် "ဓါးမဦးခ်" ပိုင်ဆိုင်လာ၍ လွှဲပြောင်း ဆက်ခံခွင့်ရှိကာ "မစိုက်ပျိုးသည့်မြေ" ကို ဆိုလိုသည်။

၃။ ဂရန်ရှိမြေပိုင်မြေ
==============
ဂရန်ရှိမြေပိုင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပေဒပုဒ္မ ၇(က) အရခွင့်ပြုထားသည့် ဘိုးဘပိုင်မြေကဲ့သို့ အခွင့်အရေး အဆင့်အတန်းရှိသည့် မြေကို ဆိုလိုသည်။

၄။ လိုင်စင်မြေ
==========
လိုင်စင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့်ကျေးရွာ မြေများ အပိုဒ် - ၃၀၊ ၃၄ တို့အရ၊ကော်မတီက သတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ ယာယီအသုံးပြုခွင့် ပေးထားသော မြေကို ဆိုလိုသည်။

၅။ ပါမစ်မြေ
=========
ပါမစ်မြေဆိုသည်မှာ ကော်မတီကသတ်မှတ်သည့်
စည်းကမ်းချက်များနှင့်အညီ "လူနေအိမ်" သို့ "အဆောက်အအုံဆောက်လုပ်နေထိုင်ခွင့်" ပြုထားသော မြေကို ဆိုလိုသည်။

၆။ မြေငှားဂရန်မြေ
=============
မြေငှားဂရန်မြေ ဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပေဒ ၇/၈ နှင့် နည်းဥပဒေ အပိုဒ် ၂၉ တို့ အရ ကော်မတီက စည်းကမ်းချက်များ သတ်မှတ်ပြီး နှစ်ကာလ အပိုင်းအခြားသတ်မှတ်၍ မြေငှားစာချုပ်ဖြင့်
အငှားချထားသည့် မြေကိုဆိုလိုသည်။

၇။ စကွာတာမြေ
===========
စကွာတာမြေဆိုသည်မှာ မြေငှားစာချုပ် မရယူခဲ့၍ လည်းကောင်း၊ မြေငှား စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် အသစ်လဲလှယ်ခြင်းမပြု၍ လည်းကောင်း မြေငှားစာချုပ်ပါ စည်းကမ်းချက်တစ်ရပ်ရပ်ဖောက်ဖျက်၍လည်းကောင်း မြေအဆင့်အတန်းနိမ့်ချ သတ်မှတ်သောမြေကို
ဆိုလိုသည်။

၈။ ကျူးလွန်ခြင်းမြေ
==============
ကျူးလွန်ခြင်းမြေ ဆိုသည်မှာ လူနေရပ်ကွက်အတွင်း စနစ်တကျရှိသော အိမ်ရာမြေကွက်၌ ကျူးလွန်ခြင်း ပြေစာဖြင့်ကောက်ခံသည့် မြေမျိုးကို ဆိုလိုသည်။

၉။ ကျူးကျော်မြေ
=============
ကျူးကျော်မြေဆိုသည်မှာ ကော်မတီပိုင်မြေနှင့် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့် ရှိသော မြေပေါ်တွင် ခွင့်ပြုချက် တစ်စုံတစ်ရာ မရွိသူမ်ား ၀ငရွောကနွထေိုငလွှှကရွှိသော မြေကို ဆိုလိုသည်။

မြို့ကွက်မြေပုံ
==========
မြို့ကွက်မြေပုံဆိုသည်မှာ အခြေခံ အင်ဂျင်နီယာပိုင်းဆိုင်ရာများ m ဖြင့် စနစ္တ ကျရေးဆွဲပြီး မြို့ပြစီမံကိန်းနှင့်အညီ မြို့ကွက်ရိုက် ဖော်ထုတ်ထားသည့် အခြေခံမြေပုံကို ဆိုလိုသည်။

မြို့မြေစာရင်း
==========
မြို့မြေစာရင်းဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများအက်ဥပဒေ၊ နည်းဥပဒေများ၊ နောက်ဆက်တွဲ ၁ - အခန်း (၂) အပိုဒ် ၇ အရ မြို့ကွက် မြေပုံဖြင့် ရှိပြီးသော မြေများ၏ မြေပိုင်ဆိုင်ခွင့် စာရင်းကို ဆိုလိုသည်။တင်ပြပြီးနောက်

ယခုဖော်ပြခဲ့သော မြေများမှာ အိမ်ခြံမြေနှင့် ပတ်သက်သော မြေများ ဖြစ်ပါသည်။

ယင်းသို့မြေ အမျိုးမျိုးအကြောင်း သာသနာမြေ (၄) မျိုး အကြောင်းလည်း ရှင်းပြလိုပါသေးသည်။

၁။ အခွန်လွတ်သာသနာ့မြေ
===================
အခွန်လွတ်သာသနာ့မြေဆိုသည်မှာ မူလကနဦး မြေပိုင်မြေ သို့မဟုတ် ဘိုးဘပိုင်မြေကို ဥပဒေနှင့်အညီရရှိသော ပုဂ္ဂိုလ်က ဘာသာ သာသနာအကျိုး သုံးစွဲနိုင်ရန်အတွက် လျှောက်ထားသဖြင့် တည်ဆဲဥပဒေနှင့်အညီ ခွင့်ပြု ထုတ်ပေးသောမြေကို ဆိုသည်။

၂။ အခွန်လွတ်သာသနာ့မြေဂရန်
======================
အခွန်လွတ်သာသနာ့မြေဂရန်ဆိုသည်မှာ သာသနာရေး၊ သာသနာမူ အလို့ငှာ တည်ဆဲဥပဒေနှင့်အညီ "မြေယာပိုင် ပတ္တာစာချုပ်" ဖြင့် သတ်မှတ်ထုတ်ပေးသည့် လက်မှတ်ကိုဆိုသည်။
(၁၈၇၆ ခုနှစ်၊ အောက်မြန်မာနိုင်ငံ မြေနှင့်အခွန်တော် နည်းဥပဒေများ နည်းဥပဒေ ၃၂၊ ၃၃၊ ၃၆ နှင့် ၁၈၉၈ ခုနှစ်) (အောက်မြန်မာနိုင်ငံမြို့နှင့် ရွာမြေနည်းဥပဒေများ၊ နည်းဥပဒေ ၅၀၊ ၅၁ နှင့် ၅၄)

၃။ အခွန်လွတ်ဗဒ္ဓသိမ်မြေ
==================
အခွန်လွတ်ဗဒ္ဓသိမ်မြေ ဆိုသည်မှာ သာသနာမြေအတွင်း ဘာသာ၊ သာသနာမြေကိစ္စအတွက် အသုံးပြုရန်အလိုငှာ လူပုဂ္ဂိုလ်ကသာ လျှောက်ထားခွင့် ရှိသည့် မြေကိုဆိုသည်။

၄။ အခွန်လွတ်ဗဒ္ဓသိမ်မြေဂရန်
=====================
အခွန်လွတ်ဗဒ္ဓသိမ်မြေဂရန်" ဆိုသည်မှာ တည်ဆဲဥပဒေနှင့်အညီ "ဝိသုံဂါမသိမ်" အဖြစ်အသုံးပြုရန် အသီးအခြားမြေပေးအမိန့်ဖြင့် သတ်မှတ် ထုတ်ပေးလိုက်သည့် လက်မှတ်ကို ဆိုသည်။
(အောက်မြန်မာနိုင်ငံမြေခွန်ကောက်နည်းဥပဒေများ၊ နည်းဥပဒေ ၃၄ နှင့် အောက်မြန်မာနိုင်ငံမြို့နှင့်ရွာမြေ နည်းဥပဒေများ နည်းဥပဒေ-၅၂)

ဤသို့ဆိုလျှင် သာသနာ့မြေ (၄) မျိုးတွင် ဘာသာ၊ သာသနာအကျိုးအတွက် သုံးစွဲနိုင်သောမြေ၊ မြေယာအပိုင် ပတ္တာ စာချုပ်ဖြင့် ထုတ်ပေးသည့်လက်မှတ်၊ လူပုဂ္ဂိုလ်ကသာ
လျှောက်ထားခွင့်ရှိသော မြေနှင့် "ဝိသုံဂါမသိမ်" အသုံးပြုရန် အတွက် မြေပေးအမိန့် ဖြင့် ထုတ်ပေးလိုက်သည့် လက်မှတ်တို့လည်း ပါ၀င်သည်ကို သိရှိကြပြီဟုဖြစ်ပါသည်။

အိမ်ခြံမြေအဆောက်အအုံကို အရပ်စာချုပ်ဖြင့် ဝယ်ထားပါက မှတ်ပုံတင်စာချုပ်ချုပ်ဆိုနိုင် ရန်အတွက် အိမ်ခြံမြေတည်ရှိရာ မြို့နယ်အခ...
18/11/2023

အိမ်ခြံမြေအဆောက်အအုံကို အရပ်စာချုပ်ဖြင့် ဝယ်ထားပါက မှတ်ပုံတင်စာချုပ်ချုပ်ဆိုနိုင် ရန်အတွက် အိမ်ခြံမြေတည်ရှိရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးသို့ ပထမဆုံးသွားရောက်၍ ကာလ တန်ဖိုးစိစစ်သတ်မှတ်မှု ခံယူရန် ဆောင်ရွက်ရပါမည်။
ထိုအခါတင်ပြရမည့် စာရွက်စာတမ်းများမှာ-
(၁) ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော် ပြည်ထောင်စု နယ်မြေအတွင်း နေထိုင်သူများဖြစ်ပါက မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ တစ်နှစ်အတွင်း ထုတ်ယူထားသော မြေပုံနှင့်မြေရာဇဝင် မူရင်း/ မိတ္တူ။
(၂) အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များဖြစ်ပါက သက်ဆိုင်ရာမြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနက တစ်နှစ်အတွင်းထုတ်ပေးထားသော မြေပုံနှင့်မြေရာဇဝင် မူရင်း/ မိတ္တူကိုလည်း ကောင်းပူးတွဲတင်ပြရမည်။ (၃) အကယ်၍ မိမိဝယ်ယူသည့် မြေဂရန်ပေါက်သူ ကွယ်လွန်သွားပါက အမွေဆက်ခံ ထိုက်သူများ၏ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်စာချုပ်ချုပ်ဆိုထားသည့် အမွေဆက်ခံ ပိုင်ဆိုင်ကြောင်းစာချုပ် မူရင်း/ မိတ္တူ တို့ကို တင်ပြရန် (လိုအပ်ပါက အမွေဆက်ခံခွင့်လက်မှတ် တင်ပြနိုင်ရပါမည်)
(၄) မူလအမည်ပေါက်ပိုင်ဆိုင်သူကိုယ်စား ကိုယ်စားလှယ်လွှဲစာ SP / GP မူရင်း/ မိတ္တူ။
(၅) ဝယ်ယူထားသည့် မြေ (သို့မဟုတ်) မြေနှင့်အဆောက်အဦအတွက် ဓာတ်ပုံ (ရှေ့၊ နောက်၊ ဘေးနှစ်ဖက်)
(၆) မြေငှားစာချုပ် (ဂရန်) မူရင်း/ မိတ္တူ၊
အရောင်းအဝယ်ကတိစာချုပ် မူရင်း/မိတ္တူ (ဥပဒေနှင့် ညီညွှတ်ရန်မှာ လျှောက်ထားတဲ့ရက် မတိုင်မီ ရက်ပေါင်း(၃၀)အတွင်း ချုပ်ဆိုထားတဲ့ အိမ်ခြံမြေအရောင်းအဝယ်ကတိစာချုပ်ဖြစ်ရန် လိုအပ်ပါသည်။ ပိုင်ရှင်နှင့် အဆင်ပြေပါက စာချုပ်ကို ရက်စွဲပြောင်း၍ ပြန်ချုပ်တင်ပြရပါမည်။) ဂရန်အမည်ပေါက်ကွယ်လွန်သွားသည့်အတွက် အထက်အပိုဒ်(၃) တွင် ဖော်ပြထားသည့် “အမွေဆက်ခံပိုင်ဆိုင်ကြောင်းစာချုပ်” ချုပ်ဆိုနိုင်ရန်အတွက် သက်ဆိုင်ရာမြို့ပြစီမံကိန်းနှင့် မြေစီမံ ခန့်ခွဲမှုဌာန (သို့မဟုတ်) လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတို့တွင် မြေပုံရေးကူးရန် အရင် လျှောက်ထားရပါဦးမည်။
တင်ပြရန်လိုအပ်သော စာရွက်စာတမ်းများမှာ -
(က) လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် အမျိုးသားမှတ်ပုံတင် ကတ်ပြား မိတ္တူ၊
(ခ) မြေငှားစာချုပ်(ဂရန်)၊ စကွာတာမြေနှင့် သက်ကုန်မြေဖြစ်ပါက မြေငှားခကြွေးကျန် ကင်းရှင်းကြောင်းထောက်ခံချက် (သို့မဟုတ်) မြေငှားခနောက်ဆုံးပေးဆောင်ပြီးကြောင်း ပြေစာ၊
(ဂ) မြေငှားစာချုပ်(ဂရန်)မြေနှင့် ဂရန်သက်တမ်းကုန်မြေဖြစ်ပါက မြေငှားစာချုပ် (ဂရန်) မိတ္တူ၊
(ဃ) ကွယ်လွန်သူ၏ သေစာရင်း၊ သချိုင်းလက်မှတ်နှင့် သေစာရင်းတင်ပြနိုင်ခြင်းမရှိပါက မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ရပ်ကွက်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ သေဆုံး ကြောင်းထောက်ခံချက်မိတ္တူ၊ အမွေဆက်ခံခွင့်ရှိသူက တရားရုံးတွင်ပြုလုပ်ခဲ့သည့် ကျမ်းကျိန်လွှာ (သို့မဟုတ်) ကတိသစ္စာပြုလွှာမူရင်း၊
(င) အထက်အပိုဒ်(ဃ)ပါ အမွေဆက်ခံခွင့်ရှိသူကို သိရှိသူလူပုဂ္ဂိုလ်(၂)ဦး သိရှိကြောင်းနှင့် မှန်ကန်ကြောင်းကို တရားရုံးတွင်ပြုလုပ်ခဲ့သည့် ထောက်ခံကျမ်းကျိန်လွှာ(၂)စောင်မူရင်း၊
(စ) မြေပိုင်မြေ၊ ဘိုးဘပိုင်မြေနှင့် ဂရန်ရှိမြေပိုင်မြေများဖြစ်ပါက အမည်ပေါက်စာချုပ် (သို့မဟုတ်) မှတ်ပုံတင်ထားသောစာချုပ်စာတမ်းနှင့် ပိုင်ဆိုင်မှုနှင့်ပတ်သက်သည့် တရားရုံးမှ ချမှတ် ထားသည့် အမိန့်ဒီကရီ တစ်ရပ်ရပ် မိတ္တူ၊၊
(ဆ) ၁၉၈ရခုနှစ်၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းလွှဲပြောင်းခြင်းကိုကန့်သတ်သည့်ဥပဒေ ဆိုင်ရာ စိစစ်ရေးအဖွဲ့၏ဆောင်ရွက်မှုအပေါ် ပြည်ထဲရေးဝန်ကြီးဌာန အမိန့်မိတ္တူ တို့ဖြစ်ပါသည်။
ထို့ကြောင့် ဂရန်အမည်ပေါက် ကွယ်လွန်၍ ၎င်းကိုယ်စားလျှောက်ထားခြင်းဖြစ်၍ အထက် အပိုဒ်(ဃ)နှင့် (င) တို့တွင် ဖော်ပြထားသော ကွယ်လွန်သူ၏ သေစာရင်းအစရှိသည်တို့ကို တင်ပြနိုင် ခြင်းမရှိပါက သက်ဆိုင်ရာဌာနများမှ ထောက်ခံချက်များ၊ အမွေဆက်ခံခွင့်ရှိသူဆိုပါက တရားရုံး ကျမ်းကျိန်လွှာမူရင်း/ မိတ္တူ။ အထက်အပိုဒ်(ဃ)ပါ အမွေဆက်ခံခွင့်ရှိသူကို သိရှိသူလူပုဂ္ဂိုလ်(၂)ဦး သိရှိကြောင်းနှင့် မှန်ကန်ကြောင်းကို တရားရုံးတွင်ပြုလုပ်ခဲ့သည့် ထောက်ခံကျမ်းကျိန်လွှာ(၂)စောင် မူရင်း တို့ကို ရှေးဦးစွာဆောင်ရွက်ထားရပါမည်။
ထိုကြောင့် လုပ်ငန်းစဉ်ကို ပြန်လည်ပြောပြရပါလျှင် ကွယ်လွန်သူ၏ သေစာရင်းအထောက် အထားနှင့် အမွေဆက်ခံခွင့်ရှိကြောင်း တရားရုံးကျမ်းကျိန်ဆိုချက်၊ အဆိုပါ အမွေဆက်ခံခွင့်ရှိသူ ဦး/ ဒေါ်ကို သိရှိသူ လူပုဂ္ဂိုလ်နှစ်ဦးက သိရှိကြောင်း၊ မှန်ကန်ပါကြောင်း တရားရုံးတွင် ကျမ်းကျိန်ချက်ကို တစ်ခုစီပြုလုပ်ရန်လိုအပ်ပါသည်။
အဆိုပါအချက်များနှင့်ပြည့်စုံပါက အမွေဆက်ခံပိုင်ဆိုင်ကြောင်းစာချုပ်ကို စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် ပြုလုပ်ရပါမည်။
ထိုသို့ဆိုလျှင် ယခုစာစုတွင် ပထမဆုံးဖော်ပြထားသည့် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးသို့ သွားရောက်၍ ကာလတန်ဖိုးစိစစ်သတ်မှတ်ပေးရန် အဆင့်ကို ပြန်လည်သွားရောက်နိုင်ပြီ ဖြစ်ပါ သည်။ ကာလတန်ဖိုးစိစစ်သတ်မှတ်ပြီးပါက နှစ်အလိုက်ပြဌာန်းထားသော ပြည်ထောင်စု၏အခွန် အကောက်ဥပဒေအရ သတ်မှတ်ထားသော အခွန်အခများကို ပေးဆောင်ရန် လိုအပ်ပါသည်။
Credit
#အိမ်ခြံမြေသင်တန်း
#ဒေါ်လတ်လတ်မြင့်
09-5104041(Ph/Viber)
09-796111456(Ph/Viber)

14/09/2023

🏡 #ဂရံမြေဆိုရင်
သင်္ကေတ L နဲ့ ပြပြီး မြေပုံကို အနီရောင်နဲ့ ဆွဲပါတယ်

🏡 #ဘိုးဘွားပိုင်မြေဆိုရင်
သင်္ကေတ B နဲ့ပြပြီး မြေပုံကို အပြာရောင်နဲ့ ဆွဲပါတယ်

🏡 #အစိုးရမြေဆိုရင်
သင်္ကေတ A နဲ့ ပြပြီး မြေပုံကို ခရမ်းရောင်နဲ့ ဆွဲပါတယ်

🏡 #ရွာမြေဆိုရင်
လိမ္မော်ရောင်နဲ့ ဆွဲပြီး
သာသနာ့မြေဆိုရင်
အစိမ်းရောင်နှင့် ဆွဲပါတယ်

🏡🏡🏡
အက္ခရာ သင်္ကေတတွေကို ကြည့်ပြီး ဘာမြေအမျိုးအစားဖြစ် နိုင်တယ်ဆိုတာကို ခွဲခြားလို့ရပါတယ်။

🙋🙋🙋
တစ်နည်းအားဖြင့် မြေပြန့်လား ၊ ကုန်းကျလား၊ မြောင်းဘေးလား၊ ဆည်ရေသောက်လား၊ မြစ်ရေဝင်လား၊ သုသာန်လားနဲ့ နီးလား….စသည်ဖြင့် ခွဲခြား၍ ရနိုင်ပါတယ်။

မြေအမျိုးအစားများနှင့် သင်္ကေတ အက္ခရာများကတော့ …

၁။ 💚မိုးကောင်းလယ်မြေ၊ သာမန်လယ်မြေဆိုရင် R/P/M တို့နှင့်ပြပြီး
(က) ပထမတန်းစားဆိုရင် R 1
(ခ) ဒုတိယတန်းစားဆိုရင် R 2
တစ်ဧကအထွက်နှုန်း တင်း ၃၀ အောက်ဆိုရင် တတိယတန်း အမျိုးအစား R 3
တစ်ဧကအထွက်နှုန်း တင်း ၂၀ အောက်ဆိုရင် တတိယတန်း အမျိုးအစား R 4 နဲ့ပြကြပါတယ်။

၂ ။ အစိုးရ ဆည်ရေသောက်လယ်မြေဆိုရင် RG

၃ ။ ပုဂ္ဂလိက ဆည်ရေသောက်လယ်မြေဆိုရင် RP

၄ ။ ကန်ရေသောက် မူရင်းလယ်ဆိုရင် TM

၅ ။ မူရင်းလယ်မြေဆိုရင် M/MY

၆ ။ ချောင်းရေဝင်မြေဆိုရင် C

၇ ။ ယာမြေဆိုရင် Y

၈ ။ ရာဘာကြက်ပေါင်စေးစိုက်မြေဆိုရင် RR

၉ ။ တောင်ယာမြေဆိုရင် TY/YY

၁၀ ။ ကိုင်းမြေဆိုရင် K/KA/KY

၁၁ ။ ကိုင်းမြေရင့်ဆိုရင် KY

၁၂ ။ ဥယျာဉ်ခြံမြေဆိုရင် G/U

၁၃ ။ ဓနိမြေဆိုရင် D

၁၄ ။ အပိုင်ရမြေဆိုရင် O

၁၅ ။ အပိုင်ဂရန်မြေဆိုရင် G

၁၆ ။ အငှားဂရန်မြေဆိုရင် L
စသည်ဖြင့် အမျိုးမျိုး ရှိကြပါတယ်။

မိမိဝယ်မယ့်မြေရဲ့ မြေပုံမှာပါတဲ့ သင်္ကေတ လေးကိုကြည့်ပြီး မိမိဘာသာ အကြမ်းဖျဉ်း ခွဲခြားနိုင်ပါတယ်။🏡🏡🏡

မူရင်း ရေးသားသူအား
Credit ပေးပါတယ်

Address


Telephone

+959964054348

Website

Alerts

Be the first to know and let us send you an email when TF အိမ်ခြံမြေ အကျိုးဆောင် 09425029599 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share