Edrick Moments

  • Home
  • Edrick Moments

Edrick Moments Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Edrick Moments, Digital creator, .

အားလုံးပဲသိထားပေမယ့် Ginရဲ့အကြောင်းနဲ့ပက်သတ်ပီး ပိုပီးပြောပြချင်လို့ ဒီအကြောင်းလေးရေးဖြစ်သွားတာပါ   Gin ကို ၁၇ရာစုလောက်က...
15/09/2025

အားလုံးပဲသိထားပေမယ့် Ginရဲ့အကြောင်းနဲ့ပက်သတ်ပီး ပိုပီးပြောပြချင်လို့ ဒီအကြောင်းလေးရေးဖြစ်သွားတာပါ


Gin ကို ၁၇ရာစုလောက်က နယ်သာလန်နိူင်ငံ ယခင်ကဟော်လန်လို့လဲခေါ်တဲ့ နိူင်ငံမှာ Francisus Sylvius လို့ခေါ်တဲ့ပုပ္ဂိုလ် တစ်ဦးက Jenever ဆိုတဲ့ နာမည်နဲ့ Gin ကိုစတင်မိတ်ဆက် ခဲ့ပါတယ် Gin ကိုထုတ်လုပ်ပုံကတော့ pure spirit ကို botanical တွေနဲ့ရောစပ်ပီး pod still လို့ခေါ်တဲ့ ပေါင်းခံခြင်းမျိုးနဲ့ထုတ်လုပ်ခဲ့တာပါ ထို့နောက် ၁၈၃၂ခုနှစ်အရောက်မှာတော့ Column Still ကိုအသုံးပြုပီးတော့ London Dry Gin ဆိုတဲ့ နာမည်ကြီး Gin တစ်မျိုး ကို high society spirit အဖြစ်ထုတ်လုပ်ရောင်းချခဲ့တယ်

Gin ထဲမှာပါဝင်တဲ့ နာမည်ကြီး botanical တွေကတော့ Juniper Berries
Coriander’s Seed
Angelica Root
Liquorice
Orange and lemon peel
Orris Root
Almond
Cassia Bark
Cinnamon
Cubeb Barries
Grain of Paradise စတာတွေပဲဖြစ်ပါတယ်
အခြားသော botanical တွေလဲရှိပါသေးတယ် Gin တွေထဲမှာ ထူးထူးခြားခြားအဖြစ်ဆုံးကတော့
Handrick’s Gin ပါ သူကတော့ သခွါးသီးနံ့လေးသင်းပီး တော့ရှိနေပါတယ် တခြားသောbrands တွေနဲ့မတူတဲ့အချက်ပါ

Different styles of gin
Gin တွေကိုထုတ်လုပ်ရာတွင် style အမျိုးမျိုးပြောင်းလဲထုတ်လုပ်ခဲ့ရာ ယခုအခါတွင် ၁၀မျိုးလောက်ရှိပီလို့သိရပါတယ်
ထိုGin တွေကတော့
Jenner
Old Tom Gin
Plymouth Gin
Bathtub Gin
London Dry Gin
Navy Strength Gin
Sole Gin
Pink Gin
Barrel Aged Gin
New or International Style Gin ဆိုပီးလေ့လာတွေ့ရှိခဲ့ရပါတယ်
နောက်ရက်တွေမှာ လဲ spirit တွေအကြောင်းအပြင် other bar knowledge တွေကိုလဲ sharing လုပ်ပေးသွားမှာဖြစ်လို့ like and follow လေးလုပ်ထားပေးကြပါ အားလံုးကိုကျေးဇူးတင်ပါတယ်



06/09/2025

ကိုရောက်ရှိနေတဲ့ Future Burmese Youth Team✌️✌️✌️✌️✌️✌️

Atlantis Festival Myanmar မှာစောင့်နေမယ်ဘော်ဘော်တို့ရေBar Crew အနေနဲ့သွားလာလုပ်ရှား✌🏻✌🏻✌🏻
06/09/2025

Atlantis Festival Myanmar မှာစောင့်နေမယ်ဘော်ဘော်တို့ရေ
Bar Crew အနေနဲ့သွားလာလုပ်ရှား✌🏻✌🏻✌🏻


23/08/2025

Hello ဒီနေ့မှာတော့ Liquorတွေထဲက Netural Spirit ဖြစ်ပီးတော့ World-Famous spirit တစ်ခုအနေနဲ့ကျော်ကြားတဲ့ Vodka အကြောင်းလေးကို knowledge sharing လေးလုပ်ပေးသွားမှာပါ

History 📋
ပထမဆုံးအနေနဲ့ Vodka ဟာဆိုရင် Eastern Europe (Russia & Poland)ဒေသမှစတင်လာတာဖြစ်ပါတယ်
14th-15th Century ကတည်းကစတင်ထုတ်လုပ်လာတာလို့သိရပါတယ် 18th century မှာတော့ စတင်နာမည်ကြီးလာပါတယ်ဗျ
Vodka ဆိုတဲ့စကားလုံးဟာ Slavic Language မှစတင်ဆင်းသက်လာတာဖြစ်ပီးတော့ ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင် * Water * ရေလိုပေါ့ပါးပီး သန့်ရှင်းတဲ့အရက်လို့ အဓိပ္ပါယ်သက်ရောက်ပါတယ်

Production 🏭

Vodka ဟာ Fermented Grains(wheat,potato....etc)
တွေကို Fermentation လုပ်ပီးတော့ column distillation(အဆင့်ဆင့်ပေါင်းခံခြင်း)နဲ့ pure spirit ​ဖြစ်အောင်ပြုလုပ်ထားခြင်း ​ဖြစ်ပါတယ်

Myanmar & Asia မှာတော့ vodka ကို cocktailအဖြစ် ဖျော်စပ်သောက်သုံးမှုနည်းပီးတော့ Soft drinksတွေဖြစ်တဲ့ (sprite,red-bull,soda)အစရှိတာတွေနဲ့ ရောစပ်သောက်သုံးတာကိုပဲတွေ့ရလေ့ရှိပါတယ်
Western Countries တွေမှာတော့ Cocktail (Moscow Mule,Bloody Mary,Vodka Martini)တွေက နာမည်ကြီးပီးသောက်သုံးမှုများတာတွေ့ရပါတယ်

Vodka ကိုအမျိုးအစားခွဲပြရမယ်ဆိုရင် -

1.Plain Vodka
2.Flavored Vodka
3.Premium Vodka ဆိုပီးတော့ (၃)မျိုးခွဲခြားထားတယ်လို့သိရပါတယ် အဲ့အကြောင်းကိုနောက်မှပဲ ဆက်ရှင်းပြသွားပါမယ်

သိသလောက်လေးဝေမျှခြင်းဖြစ်ပါတယ်



Address


Telephone

+959957241040

Website

Alerts

Be the first to know and let us send you an email when Edrick Moments posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share