TMO Engineering Survey Equipment ZLA

  • Home
  • TMO Engineering Survey Equipment ZLA

TMO Engineering Survey Equipment ZLA သုခမြင့်မိုရ် အိမ် ခြံ မြေ

 ွေရောက်ပါပြီ ♦  ်ထားတဲ့မိတ်ဆွေများအားအရောက်ပို့ပေးသွားပါမည် 📊📈    ⚡ 💁  လူကြီးမင်းတို့ ၏ Concrete Building Infrastructur...
30/05/2026

ွေရောက်ပါပြီ ♦ ်ထားတဲ့မိတ်ဆွေများအားအရောက်ပို့ပေးသွားပါမည် 📊📈
⚡ 💁 လူကြီးမင်းတို့ ၏ Concrete Building Infrastructure များအတွက် T- Measurement Brand ၊✅ အဆောက်အဦးလုပ်ငန်းများတွက်မရှိမဖြစ်⚡ Tool (T- Measurement Product ®).EURO Export Quality, {Precision Tester},Taiwan Technology_Products များအား ..တိုင်းဒေသကြီး အသီးသီးရှိ 💸QC Teams and Thirty Party Group 💸 လုပ်ငန်းရှင် များ၊ ဆောက်လုပ်ရေး အင်ယာများ အလွယ်တစ်ကူ မှာယူရရှိပါပြီ ခင်ဗျာ

🌈 ZBL - R 630A Model Specification🔹_
🔻Locate rebars before drilling ,cutting and check
🔻Conformity Check for new buildings
🔻Spot Check of cover and rebar size 🔻Corrosion analysis
🔻Evaluating the quality of Construction Project
🔻 Evaluating the integrity and durability of existing structures

Rebar Scanner စမ်းသပ်ထူးခြားချက်မှာ…
🔹 #သံချောင်းSIZEဖော်ပြပေးခြင်း
🔹 #ကွန်ကရစ်CoverDeepကိုဖော်ပြပေးခြင်း
🔹 #သံချောင်းLOCATIONကိုဖော်ပြပေးခြင်း
🔹 ုတ်ပေးခြင်း
🔹 Inlongation ဖော်ပြပေးခြင်း

🧲 ဘာတွေလုပ်ပေးသလဲ?
~~~~~~~~~~~~~~~
-သံချောင်းအရွယ်စား6mm50mmထိတိုင်းတာနိုင်ခြင်း
-သံချောင်းတစ်ခုနှငိ့တစ်ခုအကွာဝေးကိုသိရှိနိုင်ခြင်း၊
-သံချောင်းတည်နေရာနှင့်အရွှယ်အစားသိနိုင်ခြင်း၊
-ကွန်ကရစ်မျက်နှာပြင်သံချောင်းတည်နေရာအတိမ်အနက်သိရှိနိူင်ခြင်း၊
-ကြည်လင်ပြတ်သားစွာအသုံးပြုနိုင်သောLCD အမျိုးအစားအသုံးပြုထားခြင်း
- အားပြန်သွင်းနိုင်ပြီး ပမာဏကြီးမားပြီး တာရှည်ခံသော mAh Battery အသုံးပြုထားခြင်း
-တိုင်းတာထားသောသောData များပြန်လည်ကြည့်လိုပါကသိုလှောင်မူစနှစ် Stortage ပါရှိခြင်း
- PC Softwareနှင့်ချိတ်ဆက်ပြီး Data Analysis ​ပြလုပ်ခြင်း _______
♦ SupportSupport Technical Training
♦ User Friendly instruction
♦ International Certification
♦ UserManualBook ( Guide Line Book)

✔ Good Quality
✔ Good Accurency
✔ Good Product
👉 အခုပဲ မှာယူလိုက်ပါ 🤗

#သံချောင်းအရည်အသွေး #သံချောင်းတည်နေရာ

🎁📦🛍 ⤵___........
^^ အနယ်နယ်အရပ်ရပ်မှ Customer များအဆင်ပြေစေရန် အောင်မဂ်လာ ကားဂိတ်များဖြင့် နေ့စဥ် ဂိတ်တင် ဝန်ဆောင်မူ ပေးလျှက် ရှိပါတယ် ၊ 🚌🚙🚛

👷 မှာယူအားပေးကြသော Customer တစ်ဦးတစ်​ယောက်ချင်းစီအား Engineering မိသားစုမှ"အထူးကျေးဇူးတင်ရှိပါသည်၊🙏

👉 TMO အရောင်းဖုန်း📞
TMO Engineering Survey & Distribution Group
☎ 📲 09 431 90 378
☎ 📲 09 772432269
☎ 📲 09 420 775197( Hot Line )
🏠 NO: 12 ၊သုခလမ်း ၊ Insein GTI ၊ ဖေါ့ကန် KBZ Bank ဘက်ခြမ်း ၊ ဖော့ကန်ကားမှတ် တိုင်ရှေ့တည့်တည့်မှဝင်လာပါ ၊ရန်ကုန် အင်းစိန် TMO အ​ရောင်းရုံး 🌐 www.tmo-survey.com.mm

📏📏📏📏📏📏📏📏📏📏📏📏📏📏📏📏📏

TMO Engineering မှ တာဝန်ယူ ရောင်းပေးနေတဲ့ Survey Precision Sunway ATS 120R Total Stationစက်မှာပါတဲ့ အစိတ်အပိုင်း (Parts ...
29/05/2026

TMO Engineering မှ တာဝန်ယူ ရောင်းပေးနေတဲ့ Survey Precision Sunway ATS 120R Total Station
စက်မှာပါတဲ့ အစိတ်အပိုင်း (Parts Name) များကို အရိုးရှင်းဆုံး User များ အဆင်ပြေစေရန် ဖော်ပြပေးပါမယ်၊

🔹 Telescope / Objective Lens
👉 အဝေးရှိ Prism ၊ Point များကို ချိန်ကြည့်ရန် အသုံးပြုသော မှန်ဘီလူး။
🔹 Eyepiece
👉 မျက်စိနဲ့ကြည့်တဲ့ နေရာ။ Focus ချိန်နိုင်သည်။
🔹 Focus K**b
👉 ပုံရိပ်ကြည်လင်အောင် Focus ချိန်တဲ့ ခလုတ်။
🔹 Display Screen (LCD)
👉 Distance, Angle, Coordinate Data တွေပြတဲ့ Screen။
🔹 Keyboard / Keypad
👉 Data ရိုက်ထည့်ခြင်း၊ Program အသုံးပြုခြင်းအတွက်။
🔹 Handle
👉 စက်ကို ကိုင်ဆောင်ရွှေ့ပြောင်းရန် Handle။
🔹 Horizontal Clamp & Tangent Screw
👉 ဘယ်/ညာ လှည့်ခြင်းကို Lock လုပ်ရန်နှင့် Fine Adjust ချိန်ရန်။
🔹 Vertical Clamp & Tangent Screw
👉 အပေါ်/အောက် ထောင့်ချိန်ရာတွင် အသုံးပြုသည်။
🔹 Tribrach
👉 စက်အောက်ခံ Base ဖြစ်ပြီး Tripod နဲ့ ချိတ်ဆက်ထားသော အပိုင်း။
🔹 Leveling Screw (Foot Screw)
👉 စက်ကို Level ညီအောင် ချိန်ရန် အသုံးပြုသော Screw ၃ ခု။
🔹 Optical/Laser Plummet
👉 Ground Point ပေါ်တိတိကျကျ Center ချရန်။
🔹 Battery Compartment
👉 Battery ထည့်သောနေရာ။
🔹 USB / Data Port
👉 Data Transfer ပြုလုပ်ရန် Port။
🔹 Tripod
👉 Total Station ကို တင်ထားသော ခြေတိုင် Stand။
Sunway ATS-120R Model သည်
2″ Accuracy, 30X Telescope, Reflectorless Measurement စနစ်များပါဝင်သော Survey Total Station ဖြစ်ပါတယ်။




🏫🏫  ောက်ပါပြီ❗ #မိုးတွင်းရာသီရောက်လာပြီဆိုတာနဲ့ 🚧🏗🏠🏡🏥အ​ဆောက်အဦးလုပ်ငန်းခွင်များရဲ့  #နံရံကိုဆေးသုတ်ဖို့လိုအပ်နေပြီလား ❓...
28/05/2026

🏫🏫 ောက်ပါပြီ❗
#မိုးတွင်းရာသီရောက်လာပြီဆိုတာနဲ့ 🚧🏗🏠🏡🏥
အ​ဆောက်အဦးလုပ်ငန်းခွင်များရဲ့ #နံရံကိုဆေးသုတ်ဖို့လိုအပ်နေပြီလား ❓ #မိုးရေစိုစွတ်Concreteမျက်နှာ တွင်းပြင် စိုထိုင်းဆ များကို သိရှိစေဖို့ ☑⤵⤵ ိုဆောင်ထားဖို့တော့လိုမည် #ဆေးမသုတ်မှီMoisterသိရပြီလား🤔
#စိတ်မပူပါနဲ့md917ရှိပါတယ် 👍

🏭🏘🏫🏗🏩🏗🏨🏗🏦🏗🏥📏📊
#ဆောက်လုပ်ရေလုပ်ငန်းခွင်_သုံးWallConcreteMoisture
့်နေရာများတွင်စိူထိုင်းစပါဝင်မူနှူန်းထား
ျက်နှာပြင်ထဲ့တွင်စိုထိုင်းစတိုင်းတာမူ
‼ အသုံးပြုရလွယ်ကူရိုးရှင်းတာကြောင့်လူကြ်ုက်များတဲ့ပစ္စည်းတစ်ခုဖြစ်ပါတယ် ✅
////// ///////// ///////// /////////// ////////// ///////// /////////

MD917 concrete wall moisture test analyzer
💠💠💠💠💠💠💠💠💠💠💠💠💠💠💠
👷‍♀️ MODEL: MD917

✅ Use High frequency electromagnetic wave priciple
measure concrete wall moisture content
✅ Measure on contact ,will not destroy tested cody
✅ Moisture upper limit alarm and setting
✅ Range:0-40%
✅ Ambient Temperature :-5C--+40C
✅ Resolution :0.5%
✅ Response time:1s
✅ Electromagnetic wave detects depth:25mm

👷 ဘယ်လိုအသုံးပြုရမလဲ @
======================
လွယ်ကူရိုးရှင်းပါတယ်👍အောက်မှာကြည့်ရအောင်🤗 >>>>>>
(1) Tester ကိုPower စဖွင့်ပါ၊
(2) Moisture % Setting ချိန်ဆလိုက်ပါ ( Slab/Beam/Column )
(3) တိုင်းတာမည့် မျက်နှာပြင်ကို သွားထိလိုက်ပါ
(4) ထွက်ပေါ်လာသည့် RESULT ကိုရယူအသုံးလိုရပါပြီ 🎯

💁‍♂️ ဘယ်လိုလုပ်ငန်းများအတွက်အသုံးဝင်သလဲ 🚧

🚦 ဆောက်လုပ်ရေး အဆောက်အဦး လုပ်ငန်းများ၊
🚦 ဆေးသုတ်လုပ်ငန်းခွင်များ
🚦 အိမ်ပြင် /တွင်း Interior Decoration များ
🚦 Celiling မျက်နှာကျက်အလှလုပ်ငန်းခွင်များ
🚦 ကွန်ကရစ် မျက်နှာပြင် ဆေးလုပ်ငန်းများနှင့်သက်ဆိုင်သော Construction အားလုံးအတွက် 🏗🏗🏭 ::::::::::::

🔷🔶 ိုထိုင်းဆတိုင်းကိရိယာ _____________
#လုပ်ငန်းခွင်Concreteမျက်နှာပြင်စိုထိုင်းဆအသုံးပြု ပါ 👍

➡➡နယ် မှမှာယူလိုသူများ ကို နယ်ဂိတ် အရောက် အောင်မဂ်လာ အဝေးပြေးမှ ဂိတ်များဖြင့် တာဝန်ယူပို့ဆောင်ပေးနေပါပြီ 🚌🚙🚕💨🌫

#ကွန်ကရစ်စိုထိုင်းဆ #ရန်ကုအင်းစိန်TMOအရောင်းရုံး

💢📛 မှတ်ချက် ____ အလုံးရေနည်းတာကြောင့်မြန်မြန်မှာယူထားမှစိတ်ချရပါမည် 📣📣

📌📌
⏺ဆက်သွယ်မှာယူရန် ⤵⤵

TMO Engineering Survey Distribution Group
☎📲 09 772432269
☎📲 09 799190901 ( Hot Line)

🏣 အမှတ် -12 သုခလမ်း အင်းစိန် GTI ကျောင်းအနီး
ဖော့ကန် ကားမှတ်တိုင်ရှေ့တည့်တည့် မှဝင်ပါ၊
@ ရန်ကုန်အင်းစိန်TMO အရောင်းရုံး
🌐 www.tmo-survey.com.mm

📈📉📈📉📈📉📈📉📈📉📈📉📈📉📈📉📈

"ငလျင်လှုပ်နေစဉ်အတွင်းမှာ Pile တွေက ခံနိုင်ရည်ရှိတယ်ဆိုရင် ငလျင်လှုပ်ပြီးသွားတဲ့အခါ စိတ်ပူစရာမလိုတော့ဘူး။” ဆိုတဲ့ အဆိုက ...
27/05/2026

"ငလျင်လှုပ်နေစဉ်အတွင်းမှာ Pile တွေက ခံနိုင်ရည်ရှိတယ်ဆိုရင် ငလျင်လှုပ်ပြီးသွားတဲ့အခါ စိတ်ပူစရာမလိုတော့ဘူး။” ဆိုတဲ့ အဆိုက မှန်ကန်ပါသလား။

တကယ်တော့ လုံးဝ မမှန်ပါဘူး။

အဆောက်အအုံတစ်ခုကို Pile Foundation နဲ့ ဒီဇိုင်းလုပ်ပြီဆိုရင် အင်ဂျင်နီယာအများစုဟာ အပေါ်ကကျလာမယ့် Dead Load နဲ့ Live Load တွေကို Pile ရဲ့ Skin Friction (ဘေးတိုက်ပွတ်မှုအား) နဲ့ End Bearing (ထိပ်ဖျားခံနိုင်ရည်အား) တို့က ဘယ်လိုပြန်ခုခံမလဲဆိုတာကိုပဲ အဓိကစဉ်းစားလေ့ရှိကြပါတယ်။

အမှန်စင်စစ်အားဖြင့် ငလျင်လှုပ်ခတ်မှု ရပ်သွားပြီးနောက် မြေသား ပြန်လည် ကျစ်ကျစ်လျစ်လျစ်ဖြစ်ခြင်း (Reconsolidation) ကာလသည် Pile Foundation များအတွက် အန္တရာယ် အရှိဆုံး အချိန်လည်း ဖြစ်နိုင်ပါတယ်။ ဒီအချက်ကို နားလည်ရန် မြေသားအရည်ပျော်ခြင်း (Liquefaction) ဖြစ်ပြီးနောက် ဆက်တိုက် ဖြစ်ပျက်တတ်သည့်အဆင့်များကို ဖော်ပြပေးသွားပါမယ်။

၁။ Mechanism အဆင့်ဆင့်
(က) Excess Pore Water Pressure ဖြစ်ပေါ်ခြင်းငလျင်လှုပ်ခတ်မှုကြောင့် မြေသားထဲရှိ ရေဖိအား ရုတ်တရက် မြင့်တက်လာပါတယ်။ Vertical Effective Stress (σv′) သုညနီးပါး ကျဆင်းသွားပြီး မြေသားဟာ ခိုင်မာမှု ဆုံးရှုံးသွားတဲ့အခါ Liquefaction ဖြစ်ပေါ်လာပါတယ်။
(ခ) Reconsolidation နှင့် Settlement
ငလျင်ရပ်သွားပြီး ပိုလျှံနေတဲ့ ရေဖိအားတွေ တဖြည်းဖြည်း ထွက်ခွာသွားတဲ့အခါ မြေသားဟာ ပြန်လည်ကျုံ့ဝင်ပြီး Settlement ဖြစ်ပေါ်လာပါတယ်။ ဒီ Settlement ဟာ ငလျင်ကာလ Settlement ထက်တောင် ပိုကြီးနိုင်ပါတယ်။
(ဂ) Negative Skin Friction (Downdrag) ဖြစ်ပေါ်ခြင်း
Pile ဘေးပတ်ပတ်လည်ရှိ မြေသားတွေဟာ Pile ထက် ပိုမြန်ပြီး အောက်သို့ ကျဆင်းသွားတဲ့အခါ၊ ၎င်း မြေသားတွေဟာ Pile ကို အောက်သို့ ဆွဲချနေသည့် Shear Stress တစ်ခုကို ဖန်တီးလိုက်ပါတယ်။ ဒါကို Negative Skin Friction (သို့) Downdrag လို့ ခေါ်ပါတယ်။

၂။ သဲပုံးတစ်ခုထဲက ပေတံနဲ့ နှိုင်းယှဉ်ပြောပြပါမယ်။
သဲပုံးတစ်ခုထဲ ပေတံတစ်ချောင်း မတ်မတ်ထိုးထားတယ်လို့ မှတ်ယူလိုက်ပါ။ ထိုသဲပုံးကို ငလျင်လှုပ်သကဲ့သို့ ခါလိုက်တဲ့အခါ သဲများ ပွလာပြီး ရေနှင့်ရောကာ ပျော့ကျသွားပါမည်။
ငလျင်ရပ်ပြီး သဲများ ပြန်အနည်ထိုင်တဲ့အခါ ဒီသဲများဟာ ပေတံကို ချိတ်ဆွဲ၊ ဆွဲချနေပါတယ်။ ပေတံပေါ်မှ ဖိချလိုက်သောအားမဟုတ်ဘဲ ဘေးပတ်ဝန်းကျင်ကနေ ဆွဲချလိုက်သောအား (Downdrag) ပဲ ဖြစ်ပါတယ်။
Pile ၏ အနေအထားကလည်း ဒီအတိုင်းပင်ဖြစ်ပါတယ်။

၃။ Neutral Plane နှင့် Dragload
ဒီဖြစ်စဉ်ကြောင့် Pile အတွင်းတွင် Neutral Plane ဟုခေါ်သော အရေးကြီးတဲ့ Point တစ်ခု ဖြစ်ပေါ်လာပါတယ်။
Neutral Plane အထက်မှာ မြေသားဟာ Pile ထက် ပိုမြန်မြန် နိမ့်ဆင်းနေပြီး Downdrag Force ကို ခံစားရမှာဖြစ်ပါတယ်။
Neutral Plane ၏ အောက်ဘက်မှာတော့ Pile ဟာ မြေသားထက် ပိုမြန်မြန် ကျနေပြီး Pile ကို Soil က ခုခံပေးထားမှာဖြစ်ပါတယ်။
ဒီ Neutral Plane ၏ တည်နေရာဟာ Pile Stiffness နှင့် Bearing Stratum ပေါ်မူတည်ပြီး ပြောင်းလဲနေမှာပါ။

Dragload ဟုခေါ်သော အပိုဝန် (Downdrag ကြောင့် ဖြစ်ပေါ်လာသော အင်အား) သည် Pile ၏ Axial Load ကို သိသိသာသာ မြင့်တက် စေပါတယ်။
Pile မှာ Structural Failure (အက်ကွဲ / ပျက်စီးမှု) ဖြစ်နိုင်ပါတယ်။Neutral Plane နိမ့်ဆင်းသွားလေ Pile ၏ Total Settlement ပိုကြီးလေ ဖြစ်ပါတယ်။

ဒါဟာ Double Whammyလို့ခေါ်တဲ့ ငလျင်ကြောင့် Structural Load တက်နေပြီး Downdrag ကြောင့် Axial Load ထပ်တက်တယ့် သဘောတရားဖြစ်ပါတယ်။ ဒါ့ကြောင့် Pile Design စဉ်းစားတဲ့အခါ Structural Load အပြင် Negative Skin Friction ကြောင့် ဖြစ်လာတဲ့ Dragload ကိုပါ ထည့်သွင်းစဉ်းစားပေးရမှာဖြစ်ပါတယ်။

Neutral Plane Analysis ကို လုပ်တဲ့အခါ Pile Stiffness နှင့် Bearing Stratum ၏ သက်ရောက်မှုကို ထည့်သွင်းစဉ်းစားမှ မှန်ကန်တဲ့ ရလဒ်ရပါမယ်။

၄။ လက်တွေ့ကာကွယ်ရေး နည်းလမ်းများ
ရန်ကုန်မြစ်ကမ်းနားတစ်လျှောက်၊ သီလဝါ Reclaimed Land များတွင် Bridge Pier၊ စက်ရုံကြီးများနှင့် အထပ်မြင့်အဆောက်အအုံများ တည်ဆောက်ရာ၌ ဤအချက်ကို ဂရုမပြုမိပါက ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်နိုင်ပါတယ်။
(က) Bitumen Coating
Pile အပေါ်ပိုင်း Liquefiable Zone များတွင် Bitumen လိမ်းပေးခြင်းဖြင့် မြေသားနှင့် Pile ကြား Friction ကို လျှော့ချ၍ Dragload ကို ထိရောက်စွာ လျှော့ချနိုင်ပါတယ်
(ခ) Physical Sleeves / Casing
Pile ကို Casing တစ်ခုအတွင်း ထည့်သွင်းတည်ဆောက်ခြင်းဖြင့် မြေသား Settlementကြောင့် ဖြစ်လာတဲ့ Dragloadမှ ကာကွယ်နိုင်ပါတယ်။

အင်ဂျင်နီယာများအနေနဲ့ Pile Capacity တစ်ခုတည်းကိုသာ ကြည့်လို့ မရပါဘူး။ ငလျင်အပြီး ဖြစ်ပေါ်လာမယ့် Settlement နှင့် Downdrag ဒဏ်ကိုပါ တာဝန်ယူပြီး တွက်ချက်ပေးဖို့ လိုအပ်ပါတယ်။ မမြင်ရတဲ့ မြေကြီးထဲက ပြဿနာမို့ ပေါ့ပေါ့တန်တန်မဆက်ဆံကြပါနဲ့လို့ ပြောလိုပါတယ်။
Site Investigation Report ကောင်းတစ်ခု၊ Analysis တစ်ခုဟာ နောင်တခါ ပိုင်ရှင်နှင့် လူအများ၏ ဘေးကင်းလုံခြုံရေးကို ကာကွယ်ပေးနိုင်ပါတယ်။

TMO Sunway Automatic Level စက်၏ အစိတ်အပိုင်းများနှင့် ၎င်းတို့၏လုပ်ဆောင်ချက်ကို မြန်မာလို ရိုးရှင်းစွာ ရှင်းပြပေးလိုက်ပါ...
27/05/2026

TMO Sunway Automatic Level စက်၏ အစိတ်အပိုင်းများနှင့် ၎င်းတို့၏လုပ်ဆောင်ချက်ကို မြန်မာလို ရိုးရှင်းစွာ ရှင်းပြပေးလိုက်ပါသည်။

---
TMO Sunway Automatic Level စက်၏ အစိတ်အပိုင်းများနှင့် လုပ်ဆောင်ချက်

၁. Telescope (အဝေးကြည့်မှန်ပြောင်း)

· အဆောက်အအုံ/မြေနေရာပေါ်က ဘား (Staff) ကိုမြင်ရအောင်ကြည့်ရတဲ့အပိုင်း။
· အတွင်းမှာ ချိန်ရွယ်ကြိုး (Crosshair) ပါတယ်။

၂. Focusing K**b (ပုံသေ့ခလုတ်/မှန်ပြောင်းရှင်းရတဲ့ခလုတ်)

· Staff ပေါ်က နံပါတ်တွေ ကြည်လင်အောင် ချိန်ညှိရတယ်။

၃. Spirit Level (Bubble Level – ​ရေချိန် အဆင့်)

· စက်ရဲ့ အလျားလိုက်ဖြစ်မှု ကိုစစ်ပေးတယ်။
· Bubble ရေချိန် က အလယ်ကျရင် စက်တန်းနေပြီ။

၄. Compensator (အလိုအလျောက်ညှိပေးစက် – အတွင်းပိုင်း)

· ရေချိန် Bubble အလယ်ကျနေရင် အတွင်းက မှန်တွေ အလိုအလျောက်ချိန်ပေးတယ်။
· ဒါကြောင့် Automatic Level လို့ခေါ်တယ်။

၅. Leveling Screws (ချိန်ညှိဝက်အူ ၃ ခု)

· စက်ကိုအလျားလိုက် တန်းအောင်ညှိရတဲ့ဝက်အူ ၃ ခု။
· ပူဖောင်း (Spirit Level) ကို အလယ်ကျလာအောင် နှစ်ဖက်စီညှိရတယ်။

၆. Horizontal Circle (အောက်ခံလှည့်ပတ်ဒီဂရီပြား)

· လားရာဘက် (Direction) ကိုသိချင်ရင် သုံးတယ်။
· ၀° ကနေ ၃၆၀° အထိရှိတယ်။

၇. Base Plate (စက်အခြေ)

· စက်တစ်ခုလုံးကို ဒီအပေါ်မှာတည်ဆောက်ထားတယ်။
· Tripod (ခြေသုံးချောင်း) ပေါ်တွဲတပ်ဖို့အောက်ခြေမှာ အပေါက် ပါတယ်။

၈. Tribrach (အောက်ခြေချိတ်ဆက်ကွင်း)

· Leveling Screws တွေနဲ့ Base Plate ကိုဆက်ပေးတယ်။

၉. Eyepiece ( မှန်ဘီဘူး )

· မှန်ပြောင်းထဲကြည့်တဲ့အပိုင်း။
· Crosshair (ချိန်ရွယ်ကြိုး) ကိုရှင်းအောင်လှည့်ညှိရတယ်။

---

သုံးရာတွင် အဆင့်လိုက် (သင်တန်းသားများအတွက် အလွယ်မှတ်ပုံ)

၁. Tripod ပေါ် စက်တပ်။
၂. Leveling Screws ၃ ခုနဲ့ Bubble အလယ်ကျအောင်ညှိ။
၃. Telescope နဲ့ ဘားကိုကြည့်။
၄. Focusing K**b နဲ့ နံပါတ်ရှင်း။
၅. ဖတ်မှတ်မှတ်သား။

---
ဆကိသွယ်မှာယူရန် 📐⚡👍
09 772432269
09 799190901
ောင်းရုံး

ဒါက အရိုးရှင်းဆုံး ရှင်းလင်းချက်ဖြစ်ပါတယ်။
အားလုံး Survey Level ဗဟုသုတတွေတိုးပွါးကြပါစေ၊





လူကြီးမင်းတို့ ၏ ထပ်မြင့်အဆောက်အဦး ဆောက်လုပ်ရေး လုပ်ငန်းများအတွက် _..........ဈေးနှူန်း ချိုသာပြီးအရည် အ သွေးမြင့်သော VE...
27/05/2026

လူကြီးမင်းတို့ ၏ ထပ်မြင့်အဆောက်အဦး ဆောက်လုပ်ရေး လုပ်ငန်းများအတွက် _..........ဈေးနှူန်း ချိုသာပြီးအရည် အ သွေးမြင့်သော VERTICAL LASER 🆙📐 ရောက်ရှိလာပါပြီ 🤗👍 ဆောက်လုပ်ရေး ထပ်မြင့်အဆောက်အဦး (HIGH RISE Buildings ) , Steel Structure ဆောက်လုပ်ရေးလုပ်ငန်းခွင် အသုံးပြု Suveyor's များ အတွက် နည်းပညာမြင့် Quality PLUMMET LASER / များအပြင် Construction Survey Instruments များလည်း ဖြန့်ဖြူး ရောင်းချပေးလျက်ရှိပါကြောင်း Customer မိတ်ဟောင်း/သစ်များထံသို့ သတင်းကောင်းပါးပါရစေ.🧲⚡

DZJ-400 Series Model (Shanghai High Quality )
' Peak Selling Products '
FEATURES:
=======
🔹* With Twosets of Semi Conductor Laser based on Optical Plumbing System.
🔹* Structure of Equipments ensures coaxiality.
🔹* Used in Construction , Project Engineer/ Suveyor derformation observation.
🔹* With back light under bubble.It is used easily under the dark or bad illumination conditions.
SPECIFICATION
==========
🔸*Stand deviation for one observation 1/45000
TELESCOPE
=======
♦*Available aperture - 30mm
♦*Zo Multiple - 25 x
♦* Field of view - 1° 30 '
♦* Minimum Visual Rnage -0.8 m
LASER PLUMMET
===========
🟩*Minimum Visual range - 0.5m
🟩* ACCURENCY - 50m
🟪* Night -

Concrete Slump Test – အဆင့်လိုက် စမ်းသပ်နည်း ၁။ ဘာလို့ Slump Test လုပ်ရတာလဲ။Concrete Slump Test ဆိုတာကတော့ freshly mixed...
26/05/2026

Concrete Slump Test – အဆင့်လိုက် စမ်းသပ်နည်း

၁။ ဘာလို့ Slump Test လုပ်ရတာလဲ။

Concrete Slump Test ဆိုတာကတော့ freshly mixed concrete ၏ “workability” (လုပ်ဆောင်နိုင်စွမ်း) နဲ့ “consistency” (ညီညာမှု) ၊ quality control (အရည်အသွေးထိန်းချုပ်မှု) ကို field မှာမြန်မြန်ဆန်ဆန်စစ်နိုင်ဖို့အတွက် သဘာဝလွယ်ကူပြီး ယုံကြည်စိတ်ချရတဲ့ စမ်းသပ်နည်းတစ်ခုဖြစ်ပါတယ်။

ဒီစမ်းသပ်မှုကအဓိကအားဖြင့်
1. Concrete workability ကိုသိနိုင်ရန်
2. Water-cement ratio မှန်/မှား စစ်ရန်
3. Concrete consistency (ထိန်းချုပ်မှုအတွက်)
4. Batch to batch uniformity စစ်ရန်
5. သတ်မှတ်ထားသော mix design နဲ့ကိုက်ညီမှုရှိ/မရှိ စစ်ရန်

၂။ စမ်းသပ်မှု မလုပ်ခင်မှာ စစ်ဖို့အရာများ

Slump Test လုပ်မယ်ဆိုရင်တော့ မလုပ်ခင် Delivery Order (DO) Sheet ကိုစစ်ဖို့ မဖြစ်မနေ လိုပါတယ်။ DO မှာတွေ့ရမယ့်အချက်အလက်တွေကတော့ – Concrete Grade (ဥပမာ C45 , C50 ), Concrete grade ဟာ ကိုယ် Concrete သွန်းလောင်းမဲ့ ဧရိယာမှာရှိတဲ့ လို့အပ်တဲ Grade လားဆိုတာ စစ်ပါ ၊ Slump Requirement (ဥပမာ 100-150 mm), Mix Design Code, ပမာဏ (ဧရိယာ), သယ်ဆောင်လာတဲ့ယာဉ်နံပါတ်နဲ့ Concrete ထွက်သွားချိန် တို့ဖြစ်ပါတယ်။

အဲ့အချက်တွေကိုသေချာစစ်ပြီးမှသာ စမ်းသပ်မှုအတွက် အဆင်ပြေမှာဖြစ်ပါတယ်။

၃။ လိုအပ်သောကိရိယာများ

စမ်းသပ်ဖို့လိုအပ်တဲ့ပစ္စည်းတွေအဖြစ်
• Slump cone
• Base plate / ညီညာ​သော Floor
• Tamping rod (လက်ရှိမှာ Ø16mm ဝန်းလုံးပြီး ၆၀ စင်တီမြင့်သော သံတုတ်)
• Measuring scale
• Scoop (Concrete ကိုထည့်ရန်)
တွေကို အသင့်ပြင်ဆင်ထားဖို့လိုပါတယ်။

၄။ Slump Test လုပ်နည်း (အဆင့်လိုက်)

အဆင့် ၁ – Cone ကိုထားခြင်း

Slump cone ကို သံပြား သို့ ညီညာညေသာ concrete floor ညီညာတဲ့နေရာမှာ တည်မြဲစွာတင်ပြီး မလှုပ် အောင် ဖိထားရပါမယ်။ Cone ထဲထည့်မယ့် concrete က အပြင်ဘက် မဖိတ်ဆင်အောင် ကြိုတင်အာရုံစိုက်ဖို့လိုပါတယ်။

အဆင့် ၂ – Concrete ထည့်ခြင်း

Cone ထဲကို concrete ကို သုံးအလွှာအဖြစ် ဖြည့်ပါ။
ပထမအလွှာကို cone အမြင့်၏ တစ်ပုံသုံးပုံအတိုင်းဖြည့်ပါ။ ထို့နောက် သံတုတ်ဖြင့် ၂၅ ကြိမ် ထောင်းဖိပေးပါ။
ဒုတိယအလွှာကို ထပ်ဖြည့်ပြီး နောက်ထပ် ၂၅ ကြိမ် ထောင်းဖိပါ။
တတိယအလွှာဖြည့်ပြီးနောက်ဆုံးလည်း ၂၅ ကြိမ် ထောင်းဖိပြီး concrete မျက်နှာပြင်ကို တည့်အောင် ဖြန့်ချပါ။

အဆင့် ၃ – Cone ကိုဖယ်ခြင်း

Cone ထဲထည့်ပြီးတဲ့နောက်တွင် မကြာခင်မှာတင် တည့်တည့် ဖြေညှင်းစွာပြီး Cone ကို ၅ စက္ကန့်အတွင်း ပြေပြေပြစ်ပြစ် ဖြည်းဖြည်းနဲ့ဖယ်ပေးပါ။
Concrete က Cone ဖယ်ချိန်မှာ အလိုအလျောက် ထင်းထင်းကျသွားမှာဖြစ်ပါတယ်။

အဆင့် ၄ – Slump တိုင်းခြင်း

Cone ရဲ့အပေါ်နားမှာ Straightedge တစ်ခု တင်ထားပြီး Measuring scale ဖြင့် Concrete ရဲ့အမြင့်ဆုံးမှတ်နဲ့ Cone အပေါ်နားအကြား အကွာအဝေးကို တိုင်းပါ။
အဲ့ဒီအကွာအဝေးက တကယ်ဆိုရင် Slump value ဖြစ်ပါတယ်။
ဥပမာ – Cone ရဲ့အမြင့်မှာ 300 mm ဖြစ်ပြီး Concrete top 210 mm ဖြစ်တယ်ဆိုရင် Slump = 90 mm ဖြစ်ပါတယ်။

၅။ Result မှတ်တမ်းတင်ခြင်း

စမ်းသပ်ပြီးတဲ့နောက်မှာတော့ Result ကိုဖြည့်ဖို့လိုပါတယ်။
ဖြည့်ရမယ့်အချက်တွေကတော့ – စမ်းသပ်သည့်ရက်စွဲ၊ အချိန်၊ Concrete Grade, Slump Result, Delivery Order မှာရှိတဲ့ Slump Requirement နဲ့ နှိုင်းယှဉ်မယ့်စာမျက်နှာ၊ Truck No, Tester Name, Site Name တို့ဖြစ်ပါတယ်။

၆။ Slump Result ကိုဘယ်လိုဖော်ပြရမလဲ
Slump တန်းဖိုးဟာ Concrete Mix Design မှာရှိတဲ့ Slump ထက် နည်းတာ များတာ ဖြစ်လို့မရပါဘူး။
ဉပမာ- Design Mix က ၁၀၀-၁၅၀ mm ဆိုရင် ၁၀၀ mm အောက် နည်းတာမရပါဘူး ၊၁၅၀mm ထက်ကျော်ရင်လည်း ရေမျာတဲ့အတွက်မရပါဘူး။
Slump ဟာ ၁၀၀-၁၅၀mm ကြားဖြစ်နေရပါမယ်။

၇။ သတိပြုရန် အချက်များ
• Cone ကို မလှုပ်အောင် တည်မြဲအောင်ထားပါ။
• Tamping rod ဖြင့် ထောင်းဖိမှု သတ်မှတ်အချက်ရေအတိုင်းလုပ်ပါ။
• Slump များလွန်းလျှင် Segregation ဖြစ်နိုင်သဖြင့် Reject လုပ်ဖို့သတိထားပါ။
• DO များကိုစစ်ပြီး သတ်မှတ် slump range ထဲမှာရှိမှာ Concrete ကိုAccept လုပ်ပါ။

ညီငယ် ညီမငယ်များအတွက် Knowledge sharing ခြင်းနှင့် ကိုယ်ကိုတိုင် သတိပြုမိရန် အတွက် ရေသားမှတ်သားခြင်းသာဖြစ်ပါသည်။

Credit



လူကြီးမင်းတို့၏ Construction လုပ်ငန်းခွင်များတွင် တကယ်လိုအပ်နေတဲ့  Survey Instruments ' AUTO LEVEL ' တိုင်းစက် ကို မိတ်ဆ...
26/05/2026

လူကြီးမင်းတို့၏ Construction လုပ်ငန်းခွင်များတွင် တကယ်လိုအပ်နေတဲ့ Survey Instruments ' AUTO LEVEL ' တိုင်းစက် ကို မိတ်ဆက်ပေးပါရစေ.🤗
အဆောက်အဦး , လမ်း/တံတား _တိုင်းတာရေးလုပ်ငန်း ပိုမို တိကျမြန်ဆန်စေ ဖို့ _ _ Japan Technology with Design Instruments Quality များဈေးနှူန်းထားသက်သာစွာဖြင့် ဖြန့်ချီပေးနေပါပြီ _

Construction ဆောက်လုပ်ရေး လုပ်ငန်း Engineering Survey တိုငိးတာရေး
QC Inspection Survey တိုုင်းတာရေး
Dual Quality Instruments များကိုအရည်အသွေး စိတ်ချယုံကြည်စွာ လာရောက်အားပေးဝယ်ယူနိုင်ပါပြီ ဖြစ်ပါကြောင်း CUSTOMER မိတ်ဟောင်းမိတ်သစ် များထံသို့ သတင်းကောင်းပါးလိုက်ရပါတယ် ………
*=====*=====*====*====*=====*

Projects လုပ်ငန်းများ အတွက် Quality စိတ်ချရဆုံး Dual Water Press Tech ပါဝင်သော………

SOKKIA Japan Technology [World Brand]
___^_____^______^_____^_____^____^

" SOKKIA Construction Auto Leveling Instruments "
Good Quality Available
================
@ 3 Models - 32 x , 28 x , and 24 x
magnification s
@ Rapid , Accurate and Stable Automatic
compensation
@ Ultra - Short 20 cm (7.9 in.) Focusing
All-Weather Dependability
@ Clampless , Endless Fine Horizontal
Adjustments
# magnification .objective aperture .resolution power fine of view(100m/328fts)
# minimum Focus - 0.2 m( 7.9 in.)from end telescope (0.3m). 1/ft. from instruments center
# Accurency (1 km double run leveling)
# Circular level , Sensitivity 10 ' / 2 mm
# Temperature IPx 6 ( IEC 60529- 2001)
Our Service …
* 12- months warrenty ( Certificate)
* After Sale Fully Service & Calibrated
* Accessories Available to sale customer
This Auto Level is Dual Accurated & Designed for very high precision projects .

👍 လာရောက်ဝယ်ယူအားပေးကြသော ချစ် မိတ်ဆွေ မိတ်ဟောင်း/သစ်များ စီးပွါး အောင်မြင် တိုးတက်ပါစေကြာင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်…

" အထူးဝန်ဆောင်မူအနေဖြင့်နယိ ဆိုဒ် ရုံး များသို့အရောက် ဂိတ်များဖြင့် Delivery တိုးမြင့်ပေးထားပါတယ်"

~ Service Workshop ;
*============*
# One Year Warrenty [12 - Months]
# After Sale Service [YGN Workshop Center]
# Instruments Guide line for usemethods …

~ Sale & Distribution Center ………
TMO Engineering Survey & Distribution Co,
ဇော်လင်းအောင်
^ 0943190378
^ 09964190378
^ 09420775197[Hot Line]
>>> Showroom Location _
# No; 12 ,သုခလမ်း ၊ Insein GTI ကျောင်းအနီး၊ ဖေါ့ကန်ကားမှတ်တိုင်ရှေ့တည့်တည့်မှဝင်ပါ၊ ရန်ကုန်အင်းစိန်TMOအရောင်းရုံး
[ Insein GTI ကျောင်းဘက်မှလာရင် ဂျပန်လမ်းမီးပွိုင့်ကျော်တာနဲ့ ဘယ်ဘက်သို့ ဝင်လာခဲ့ပါ]

မာရီယာနာချောက် (Mariana Trench)**************************** #ကမ္ဘာ့အနက်ရှိုင်းဆုံးနေရာ မာရီယာနာချောက် (Mariana Trench) သ...
26/05/2026

မာရီယာနာချောက် (Mariana Trench)
****************************
#ကမ္ဘာ့အနက်ရှိုင်းဆုံးနေရာ
မာရီယာနာချောက် (Mariana Trench) သည် ကမ္ဘာ့သမုဒ္ဒရာများအနက် အနက်ရှိုင်းဆုံးနေရာဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာ၏ အနောက်မြောက်ပိုင်းတွင် တည်ရှိသည်။ အောက်တွင် မာရီယာနာချောက်နှင့်ပတ်သက်သော အချက်အလက်များကို စုံလင်စွာ ဖော်ပြထားပါသည်။

၁. **တည်နေရာနှင့် ပထဝီဝင်အနေအထား**

- **တည်နေရာ**: မာရီယာနာချောက်သည် ဂူအမ်နှင့် မာရီယာနာကျွန်းစုများအနီး၊ ပစိဖိတ်သမုဒ္ဒရာ၏ အနောက်မြောက်ပိုင်းတွင် တည်ရှိသည်။
- **သြဒိနိတ်**: အနီးစပ်ဆုံး သြဒိနိတ်မှာ 1121N 14212E ဖြစ်သည်။
- **ပုံသဏ္ဍာန်**: လခြမ်းပုံစံရှိပြီး အလျားအားဖြင့် ၂,၅၅၀ ကီလိုမီတာခန့်နှင့် အနံ ၇၀ ကီလိုမီတာခန့်ရှိသည်။
- **အနက်**: အနက်ဆုံးနေရာမှာ ချယ်လင်ဂျာ နက်ရှိုင်းပိုင်း (Challenger Deep) ဖြစ်ပြီး အနက် ၁၀,၉၂၈ မီတာမှ ၁၁,၀၃၄ မီတာအထိ (ခန့်မှန်းခြေ ၁၁ ကီလိုမီတာ) ရှိသည်။

၂. **ဖြစ်ပေါ်လာပုံ (ဘူမိဗေဒဆိုင်ရာ)**

- **ဖြစ်စဉ်**: မာရီယာနာချောက်သည် ပြားလှုပ်ရှားမှုကြောင့် (tectonic plate subduction) ဖြစ်ပေါ်လာသည်။ ပစိဖိတ်ပြား (Pacific Plate) သည် ဖိလစ်ပိုင်ပြား (Philippine Plate) အောက်သို့ နစ်မြုပ်သွားခြင်းဖြစ်သည်။
- **ဘူမိဗေဒဆိုင်ရာ အရေးပါမှု**: ၎င်းသည် ကမ္ဘာ့အဓိက ပြားလှုပ်ရှားမှုဇုန်များထဲမှ တစ်ခုဖြစ်ပြီး ငလျင်နှင့် မီးတောင်လှုပ်ရှားမှုများနှင့် ဆက်စပ်နေသည်။

၃. **ရုပ်ပိုင်းဆိုင်ရာ အခြေအနေများ**

- **ဖိအား**: ချယ်လင်ဂျာ နက်ရှိုင်းပိုင်းတွင် ဖိအားသည် တစ်စတုရန်းလက်မ လျှင် ၁,၀၀၀ ဘားအထိ (ပင်မရေမျက်နှာပြင်ထက် ၁,၀၀၀ ဆ ပိုမို) ရှိသည်။
- **အပူချိန်**: ရေအပူချိန်သည် ၁ မှ ၄ ဒီဂရီစင်တီဂရိတ်ခန့်သာ ရှိပြီး အလွန်အေးခဲသည်။
- **အလင်းရောင်**: နေရောင်ခြည်သည် မီတာ ၂၀၀ ထက် ပိုနက်သောနေရာသို့ ရောက်ရှိမလာနိုင်သဖြင့် လုံးဝမှောင်မိုက်နေသည်။

၄. **ဇီဝမျိုးစိတ်များ**

- မာရီယာနာချောက်တွင် အလွန်ထူးခြားသော ဇီဝမျိုးစိတ်များ ရှိနေသည်။ ဖိအားမြင့်မားမှုနှင့် အလင်းရောင်မရှိသော ပတ်ဝန်းကျင်တွင် ရှင်သန်နိုင်သော သက်ရှိများကို **အစွန်းရောက်သက်ရှိများ** (extremophiles) ဟု ခေါ်သည်။
- **ထူးခြားသောသက်ရှိများ**:
- **အမ်ဖီပေါ့ဒ်** (Amphipods): ပုစွန်နှင့်တူသော သတ္တဝါများ။
- **ဇီနိုဖိုဖိုးရား** (Xenophyophores): တစ်ဆဲလ်ပါသော အကြီးဆုံးသက်ရှိများထဲမှ တစ်မျိုး။
- **ပင်လယ်ဖဝါး** (Sea cucumbers): ပင်လယ်ကြမ်းပြင်တွင် ရှင်သန်နေသည်။
- **ဘက်တီးရီးယားများ**: ဓာတုပေါင်းစပ်မှု (chemosynthesis) ဖြစ်စဉ်ဖြင့် အာဟာရဓာတ်ရယူသည်။
- **ထူးခြားချက်**: ဤသက်ရှိများသည် မီသိန်း (methane) နှင့် ဆာလဖာ (sulfur) ကဲ့သို့သော ဓာတုပစ္စည်းများကို အသုံးပြု၍ အစာထုတ်လုပ်သည်။

၅. **စူးစမ်းလေ့လာမှုများ**

- **ပထမဆုံး စူးစမ်းမှု**: ၁၉၆၀ တွင် ဂျက်ကူးစတို (Jacques Piccard) နှင့် ဒွန်ဝေါလ်ရှ် (Don Walsh) တို့သည် ထရီအက်စတ် (Trieste) ရေငုပ်သင်္ဘောဖြင့် ချယ်လင်ဂျာ နက်ရှိုင်းပိုင်းသို့ ပထမဆုံး ဆင်းသက်ခဲ့သည်။
- **ဂျိမ်းကင်မရွန်း၏ စူးစမ်းမှု**: ၂၀၁၂ တွင် ဒါရိုက်တာ ဂျိမ်းကင်မရွန်းသည် ဒီပ်ရုံးချယ်လင်ဂျာ (Deepsea Challenger) ဖြင့် တစ်ကိုယ်တော် ဆင်းသက်ခဲ့သည်။
- **ခေတ်မီစူးစမ်းမှုများ**: ရိုဘော့များနှင့် ရေငုပ်ယာဉ်များဖြင့် သုတေသနပြုလျက်ရှိပြီး ရေအောက်ဒရုန်းများကို အသုံးပြုကာ မြေပုံရေးဆွဲခြင်းနှင့် ဇီဝမျိုးစိတ်များ လေ့လာခြင်းများ ပြုလုပ်နေသည်။
- **အဓိကရှာဖွေတွေ့ရှိမှုများ**: ပြီးခဲ့သောနှစ်များအတွင်း ရေအောက်ဓာတုဖြည့်စွမ်းရာနေရာများ (hydrothermal vents) နှင့် ထူးခြားသော ဇီဝမျိုးစိတ်များကို ရှာဖွေတွေ့ရှိခဲ့သည်။

၆. **ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများ**

- **ညစ်ညမ်းမှု**: မာရီယာနာချောက်တွင်ပင် ပလတ်စတစ်အမှိုက်များ၊ ဓာတုညစ်ညမ်းမှုများကို တွေ့ရှိခဲ့သည်။ ၂၀၁၉ တွင် စူးစမ်းသူများက ပလတ်စတစ်အိတ်တစ်ခုနှင့် အခြားအမှိုက်များကို တွေ့ရှိခဲ့သည်။
- **သတ္တုတူးဖော်ရေး**: ချောက်အနီးရှိ သတ္တုဓာတ်များကို တူးဖော်ရန် စီမံကိန်းများကြောင့် ဂေဟစနစ်ထိခိုက်မည်ကို သိပ္ပံပညာရှင်များ စိုးရိမ်နေသည်။
- **ထိန်းသိမ်းရေး**: ဤနေရာသည် သိပ္ပံဆိုင်ရာ အရေးပါမှုရှိသောကြောင့် ထိန်းသိမ်းရေးအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ လိုအပ်သည်။

၇. **သိပ္ပံပညာနှင့် အရေးပါမှု**

- **ဇီဝဗေဒဆိုင်ရာ လေ့လာမှု**: မာရီယာနာချောက်သည် အစွန်းရောက်ပတ်ဝန်းကျင်တွင် ရှင်သန်နိုင်သော သက်ရှိများကို လေ့လာရန် အခွင့်အလမ်းပေးသည်။ ၎င်းသည် ကမ္ဘာပေါ်ရှိ အစောဆုံးသက်ရှိများ၏ ဆင့်ကဲဖြစ်စဉ်ကို နားလည်ရန် အထောက်အကူဖြစ်သည်။
- **အာကာသသုတေသန**: မာရီယာနာချောက်၏ အစွန်းရောက်ပတ်ဝန်းကျင်သည် အာကာသရှိ အခြားဂြိုဟ်များပေါ်ရှိ ပတ်ဝန်းကျင်နှင့် ဆင်တူသည်ဟု ယူဆထားပြီး၊ ဥပမာ- ဂျူပီတာ၏ လ ဖြစ်သော ယူရိုပါ (Europa) ၏ ရေအောက်သမုဒ္ဒရာများနှင့် နှိုင်းယှဉ်လေ့လာနိုင်သည်။
- **နည်းပညာဖွံ့ဖြိုးမှု**: ချောက်ကို စူးစမ်းရန်အတွက် ဖိအားခံနိုင်သော ရေငုပ်ယာဉ်များနှင့် ရိုဘော့များ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။

၈. **စိတ်ဝင်စားဖွယ်အချက်များ**

- မာရီယာနာချောက်သည် ဧဝရက်တောင်ထွတ်ထက် (၈,၈၄၈ မီတာ) ပိုမိုနက်ရှိုင်းသည်။
- ချောက်အတွင်း ဖိအားသည် လူသားတစ်ဦးအား ချက်ချင်းဖျက်ဆီးနိုင်သည်။
- ကမ္ဘာပေါ်တွင် လူသားများအနည်းငယ်သာ ဤနေရာသို့ ရောက်ရှိဖူးသည်၊ အာကာသထဲသို့ ရောက်ရှိဖူးသူထက် ပိုနည်းသည်။

၉. **အနာဂတ်အလားအလာ**

- **သုတေသနဆက်လက်လုပ်ဆောင်မှု**: မာရီယာနာချောက်သည် သိပ္ပံပညာရှင်များအတွက် နောက်ထပ်ထူးခြားသော ဇီဝမျိုးစိတ်များနှင့် ဘူမိဗေဒဆိုင်ရာ အချက်အလက်များကို ရှာဖွေရန် အလားအလာများစွာရှိသည်။
- **သဘာဝထိန်းသိမ်းရေး**: နိုင်ငံတကာအဖွဲ့အစည်းများသည် မာရီယာနာချောက်ကို ကာကွယ်ထိန်းသိမ်းရန် ဥပဒေများချမှတ်ရန် ကြိုးပမ်းနေသည်။

နိဂုံး

မာရီယာနာချောက်သည် ကမ္ဘာ့အနက်ရှိုင်းဆုံးနေရာတစ်ခုသာမက သိပ္ပံပညာအတွက် အဖိုးတန်သော ရတနာသိုက်တစ်ခုဖြစ်သည်။ ၎င်း၏ ထူးခြားသော ဂေဟစနစ်နှင့် အစွန်းရောက်ပတ်ဝန်းကျင်သည် လူသားများအား ကမ္ဘာ့သမုဒ္ဒရာများနှင့် အာကာသဆိုင်ရာ နားလည်မှုအသစ်များကို ပေးအပ်နိုင်သည်။ သို့သော် ၎င်းကို ထိန်းသိမ်းရန်နှင့် ညစ်ညမ်းမှုများမှ ကာကွယ်ရန် အရေးကြီးသည်။

Credit # သူရိန် (23/05/2025)


Address


Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959772432269

Website

Alerts

Be the first to know and let us send you an email when TMO Engineering Survey Equipment ZLA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TMO Engineering Survey Equipment ZLA:

  • Want your business to be the top-listed Media Company?

Share