
16/08/2025
Fissure Universe Episode 6 က Mini Ti ဖြစ်လာမည်လား???
Ti မတိုင်ခင် ကျွန်တော်တို့မှာ မက်မက်သက်သက် ကြည့်စရာဆိုလို့
ဒီ Fissure Universe Episode 6 ပြိုင်ပွဲလေးပဲရှိပါတယ်။
Online ပြိုင်ပွဲဖြစ်တာမို့ Ti Bootcamp ဝင်နေတဲ့ အသင်းကြီး 8 သင်းအတွက်လည်း အထူးအဆင်ပြေပါတယ်။
Bootcamp နေရာတွေမို့လို့လည်း Internet, PC စတဲ့ Facility တွေကလည်း 100% Full Power ရှိနေမှာမို့ Lag တွေ၊ Pause တွေနည်းဖို့ကိုလည်း မျှော်လင့်ရပါတယ်။
Ti Invited အသင်းကြီး 8 သင်းလုံးက Full Roster တွေနဲ့ဆော့မှာဆိုတော့ ပွဲတွေက တော်တော်ကြီးကိုကောင်းဦးမှာပါ။
ဒီပြိုင်ပွဲက Ti မှာ အသင်းတွေရဲ့လက်ရည် ဘယ်လိုအနေအထားရှိလဲ??
ဘယ်သူက ဘယ် Hero နဲ့ ဆော့ပြမလဲ၊ Meta ကနေ ဘယ် Hero နဲ့ ချိုးထွက်ကြမလဲဆိုတာကို စမ်းသပ်ရင်းထုတ်သုံးပြကြမလား???
ဆက်ပြီးလျှိုထားကြမလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။
Ti ကြည့်မယ့်သူတွေအနေနဲ့ ဒီပြိုင်ပွဲကို အာရုံစိုက်ပြီးကြည့်စေလိုပါတယ်။