Hits of History

  • Home
  • Hits of History

Hits of History Hits of History သတင်းဌာနမှ ပြည်တွင်း/နိုင်ငံတ?

14/12/2025

ပညာရေးကဏ္ဍ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်လိုတာကြောင့် ဝင်ရောက်အရွေးချယ်ခံခြင်းဖြစ်ကြောင်းထားဝယ်မြို့နယ် ပြည်သူ့လွှတော် ကိုယ်စားလှယ်လောင်း
ဒေါက်တာကျော်ကျော်ဌေး ပြော

17/10/2025

သီပေါမြို့ကို တပ်မတော် အပြီးသတ်ထိန်းချုပ်နိုင်ပြီဖြစ်ဟုဆို

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ကို ယနေ့ အောက်တိုဘာလ (၁၇) ရက်နေ့၌ တပ်မတော်က အပြီးသတ်ထိန်းချုပ်နိုင်ခဲ့ပြီး မြို့တွင်းစစ်ကြောင်းများဝင်ရောက်လာပြီဖြစ်ကြောင်းဒေသတွင်းသတင်းရင်းမြစ်များထံက သိရသည်။

သီပေါမြို့သိမ်းစစ်ဆင်ရေးကို တပ်မ တော်ဘက်က ယမန်နေ့ အောက်တိုဘာ (၁၆)ရက်နေ့၌ အပြီးသတ်လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ပြီး၊ တပ်ဆုတ် ပြေးခဲ့ရသည့် TNLA အဖွဲ့က မြို့တွင်းရှိ အစိုးရဌာနဆိုင်ရာရုံးများဖြစ်သည့် မြေစာရင်း၊ ထွေအုပ်၊ စိုက်ပျိုးရေး၊ ထောင် အပါအဝင် ဟိုတယ်သီပေါတို့ကို မီးရှို့ပြီး ဆုတ်ခွာထွက်ပြေးခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ယနေ့ အောက်တိုဘာ (၁၇) ရက်နေ့တွင် တပ်မတော်စစ်ကြောင်းနောက်ချန် အင်အားအချို့လည်း သီပေါမြို့သို့ ဝင်ရောက်လာနိုင်ပြီးဖြစ်ကြောင်း သိရသည်။

မြန်မာ့တပ်မတော်အနေဖြင့် ကျောက်မဲမြို့ကို အောက်တိုဘာ (၁ )ရက်၌ ထိန်းချုပ်နိုင်ခဲ့ပြီးနောက် (၁၆)ရက်အကြာ ယနေ့တွင် သီပေါမြို့ကို အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

09/10/2025

AA အကြမ်းဖက်သောင်းကျန်းသူများ၏ မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်၊ ရောင်းချနေသော လုပ်ငန်းများနှင့်ပတ်သက်၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၉

09/10/2025

မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ မှ မလေးရှားနိုင်ငံခြားရေးဝန်ကြီး အားလက်ခံတွေ့ဆုံ

အာဆီယံအနေဖြင့် မြန်မာနိုင်ငံ၏ကြိုးပမ်းဆောင်ရွက်မှုများကို အကောင်းဆုံးဖြစ်အောင်ပူးပေါင်းဆောင် ရွက်သွားမည်

မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ အောက်တိုဘာ ၉ ရက်နံနက်ပိုင်းက မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Dato' Seri Utama Haji Mohamad Bin Haji Hasan အားတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဥ် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင် ငံ၏ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်း ပရန်ပြင်ဆင်နေမှုများအတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး အာဆီယံအနေဖြင့် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင် ရွက်မှုများကို အကောင်းဆုံးဖြစ်အောင်ပူးပေါင်းဆောင် ရွက်ပေးသွားမည်ဖြစ်၍ အားလုံးပါဝင်သည့် ရွေး ကောက်ပွဲဖြစ်စေရန်အကြံပြုခဲ့ပြီး ရွေးကောက်ပွဲလေ့ လာစောင့်ကြည့်ရေးအဖွဲ့များစေလွှတ်ပေးသွားမည်ဟု ဆွေးနွေးပြောကြားခဲ့သည်။

ထို့အတူ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ ရွေးကောက် ပွဲကျင်းပရန် ၂၀၂၄ ခုနှစ်ကပင် စတင်အသိပေးပြောကြားခဲ့ပြီး မိမိတို့အနေဖြင့် နိုင်ငံရေးအရသဘောထားကွဲလွဲသူများ၊ နိုင်ငံရေးပါတီများကို ရွေးကောက်ပွဲအ တွက် ကြိုတင်ပြင်ဆင်ချိန်ရရှိအောင်ဆောင်ရွက်ပေးခဲ့ကာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခွင့်ကိုလည်း ဥပဒေနှင့်အညီဆောင်ရွက်ခဲ့သည်ဟု ပြောသည်။

ယခု ရွေးကောက်ပွဲတွင် ဥပဒေနှင့်ကိုက်ညီသည့် နိုင်ငံ ရေးပါတီ(၅၇)ပါတီဝင်ရောက်ယှဉ် ပြိုင်မည်ဖြစ်ပြီး ကိုယ်စားလှယ်လောင်း(၅)ထောင်ကျော်ရှိကာ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များ နိုင်ငံရေးလမ်းကြောင်းပေါ်တွင်လျှောက်လှမ်းနိုင်ရန် ငြိမ်းချမ်းရေးရရှိအောင်ဖိတ်ခေါ်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၈ ခုနှစ်မှစတင်၍ ယနေ့အချိန်အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက်(၂၇)ကြိမ်ဆောင်ရွက်ပေးခဲ့ပြီး နိုင်ငံရေးအရသဘောထားကွဲလွဲမှုများကြောင့် အကြမ်းဖက်လုပ် ရပ်များလုပ်ဆောင်နေသူများကိုလည်း နိုင်ငံရေးလမ်း ကြောင်းပေါ်၌ပါဝင်လာနိုင်ရန် (၃)ကြိမ်ဖိတ်ခေါ်ခဲ့သည်ဟု ပြောသည်။

ထို့ပြင် အောက်တိုဘာ ၁၅ ရက်သည် NCA နှစ်ပတ် လည်နေ့အခမ်းအနားကျင်းပမည်ဖြစ်၍ NCA လက် မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များ၊ NCA လက်မှတ်မရေး ထိုးထားရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်အချို့နှင့် နိုင်ငံတကာမှအသိသက် သေများတက်ရောက်ကြမည်ဟု ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ၎င်းတို့နှစ်ဦးသည် မြန်မာနိုင်ငံ၏နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများ၊ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များဖြင့် ဆန္ဒမဲပေးခြင်းဆောင် ရွက်သွားမည့်အခြေအနေများ၊ ရွေးကောက်ပွဲအား အ ပိုင်းလိုက်စနစ်ဖြင့်ကျင်းပသွားမည့်အခြေအနေများ၊ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာမှရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ ဖိတ်ခေါ်ထားရှိမှုတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့အတူ ရွေးကောက်ပွဲကျင်းပပြီးချိန်တွင် မြန်မာနိုင်ငံ အနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းဆောင်ရွက်သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း အပြုသ ဘောဆောင်သော ကောင်းမွန်သည့်ပူးပေါင်းဆောင် ရွက်မှုများ ဆောင်ရွက်လျက်ရှိမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများ အား ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင် ဆောင်ရွက်လျက်ရှိမှုအခြေအနေများကိုလည်း ဆွေး နွေးခဲ့ကြသည်။

05/10/2025

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ်၊ ညောင်ကန်ကျေးရွာအုပ်စု မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း လုပ်ဆောင်နေမှုအား ကြည့်ရှု၊ ဒေသတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံ

05/10/2025

မန္တလေးတက္ကသိုလ် နှစ်(၁၀၀)ပြည့်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပ

ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ၈၄ သာလိုတော့သည်
05/10/2025

ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ၈၄ သာလိုတော့သည်

05/10/2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် အောက်တိုဘာလ (၅)ရက်နေ့တွင် ရောက်ရှိသည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ သဝဏ်လွှာပေးပို့

28/09/2025

ငလျင်ဘေးသင့် လူနေအိမ်များအတွက် ထောက်ပံ့မည့် ဆောက်လုပ်ရေးသုံးပစ္စည်းများ မန္တလေးသို့ရောက်ရှိ

28/09/2025

ယနေ့ ပဲခူးဆေးရုံကြီးတွင် နှလုံးသွေးကြောရောဂါဆိုင်ရာ ရောဂါများ အခမဲ့ ဆေးကုသမှုပေးမည်

28/09/2025

မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် ကာဇက်စတန်နိုင်ငံသမ္မတ တွေ့ဆုံ

28/09/2025

ကမ္ဘာ့ခရီးသွားလုပ်ငန်း အထိမ်အမှတ် အခမ်းအနားကျင်းပ

Address


Telephone

+959972892626

Website

Alerts

Be the first to know and let us send you an email when Hits of History posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your business to be the top-listed Media Company?

Share