Tr Zin Linn

Tr Zin Linn သင်ကြားရေးနဲ့ ပတ်သတ်လို့ သိသမျှတတ်သမျှလေးတွေ မျှဝေမယ်

05/12/2025

အမှတ်ဘယ်လောက်ရကြလဲ ဖြေကြည့်ကြမယ်နော့😜

🔴ကလေးလေးနေထိုင်မကောင်းလို့ စိတ်ပူဖူးရင် -10မှတ်✔️

🔴ကလေးလေး အီးပေနေတဲ့ဖင်ကိုသန့်ရှင်းဖူးရင်-10မှတ်✔️

🔴ကလေးပျော်အောင် သီဆိုချော့မြှူဖူးရင် - 10မှတ်✔️

🔴ကလေးလေးထမင်းတစ်နပ်မစားတဲ့အပေါ်
မိခင်တစ်ယောက်လို သောကရောက်ဖူးရင်- 10မှတ်✔️

🔴ကလေးလေးမွေးနေ့ကိုမှတ်မိရင် - 10မှတ်✔️

🔴ကလေးလေးဖွံ့ဖြိုးကျန်းမာဖို့အတွက် အကြံဉာဏ်ကောင်းလေးတွေ စဉ်းစားပေးဖူးရင်- 10မှတ်✔️

🔴ကလေးလေးညအိပ်ရာ၀င်တိုင်း ချော့သိပ်စာဖတ်ပြပေးဖူးရင် - 10မှတ်

🔴ကလေးလေးဂျီကျငိုနေလို့ ချော့ဖူးရင်-10✔️

🔴ကလေးလေးအတွက် အမှတ်တရလက်ဆောင်လေးတွေ ၀ယ်ပေးဖူးရင် - 10 မှတ်✔️

🔴ကလေးလေးစားဖို့ ပြင်ဆင်‌ဖူးရင် - 10မှတ်

05/12/2025

ကလေးငယ်တွေရဲ့ ဘဝအစ အကောင်းဆုံးဖြစ်ဖို့ ပံ့ပိုးပေးချင်ပါသလား?🌱

ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေး (ECCD) အွန်လိုင်းသင်တန်းကို ယူနီဆက်မြန်မာရဲ့ ဒစ်ဂျစ်တယ်သင်ယူမှု ပလပ်ဖောင်း (Learning Passport Myanmar) မှာ စတင်လေ့လာနိုင်ပါပြီ။
ECCD ကို အခုမှစပြီး လေ့လာလိုသူ လူငယ်များ၊ မိဘများ၊ ပြုစုစောင့်ရှောက်သူများ၊ မူကြိုဆရာ/ဆရာမများအတွက် လုံးဝအခမဲ့ဖြစ်ပါတယ်။
သင်ရိုးညွှန်းတမ်းတွင် အပိုင်း (၄) ပိုင်း၊ မိနစ် (၂၅-၃၀) စာ သင်ခန်းစာငယ် (၂၄) ခု ပါဝင်ပြီး ကလေးတွေရဲ့ ရှေးဦးအရွယ် ဘက်စုံဖွံ့ဖြိုးမှုအတွက် လက်တွေ့ကျတဲ့ နည်းလမ်းတွေကို ကိုယ်အချိန်ပေးနိုင်မှုအပေါ် မူတည်ပြီး လေ့လာနိုင်မှာပါ။
ဒီသင်တန်းတွေဟာ အခမဲ့ဖြစ်ပြီး အင်တာနက်လိုင်းမကောင်းလည်း အဆင်ပြေပါတယ်။ ဒေါင်းလုဒ်ဆွဲထားရင် အင်တာနက်မလိုဘဲ (offline) လေ့လာနိုင်သလို၊ မသန်စွမ်းသူများအတွက်လည်း အသံဖိုင်တွေနဲ့ သင်ကြားနိုင်အောင် စီစဉ်ပေးထားပါတယ်။
အပိုင်းတစ်ခုပြီးတိုင်း အသိအမှတ်ပြုလက်မှတ် ရရှိမှာဖြစ်ပြီး၊ အားလုံးပြီးဆုံးရင် သင်တန်းပြီးမြောက်ကြောင်းလက်မှတ် (certificate of completion) ကို ရရှိမှာပါ။
ECCD ခရီးစဉ်ကို စတင်ဖို့ အဆင်သင့်ဖြစ်ပြီလား? ✨

👉 mm.learningpassport.org မှာ စာရင်းပေးသွင်းလိုက်ပါ

ဒါမှမဟုတ် Learning Passport Myanmar အက်ပ်ကို ဒေါင်းလုဒ်လုပ်ပြီး လေ့လာလိုက်ပါ။
ကလေးသူငယ်ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေး (ECCD) အွန်လိုင်းသင်တန်း စာရင်းပေးသွင်းရန် >> https://mm.learningpassport.org/ #/course/1712/item/27169

Learning Passport အကြောင်းလေ့လာရန် >> https://www.facebook.com/share/p/1K1HZ5haya/

13/10/2025

မိဘများ သတိပြုရမယ့် အချက်တခု တွေ့ရပါတယ် ။

ကျမတို့ ကလေးတွေက ကျမတို့ ကိုယ်တိုင် သတိမထားမိခင်မှာပဲ အရွယ်ရောက်နှင့်နေကြပြီ ဆိုတာပါပဲ။

စိတ်ရောကိုယ်ပါ အရွယ်ရောက်ဖို့ သူတို့ ၁၈ နှစ်ထိ စောင့်မနေကြတော့ဘူးဆိုတာပါ။

ဆယ်ကျော်သက်တွေကို ပိုမို အသိပညာပေး နွေးထွေးစွာ စောင့်ကြည့် သင်ကြားပေးဖို့လိုအပ်ပါတယ်။

ဆရာလေး မဖြစ်မနေကိစ္စတခုကူညီပေးဖို့ဖြစ်လာလို့ ကူပေးရတာရှိပါတယိ။

၁၆ နှစ်သားသားလေးတွေက ၁၇ နှစ် သမီးလေးတွေကို ခိုးပြေးလာတယ် ။ ဘောလုံးအတူကန်ဖက် ၁၃ နှစ် သူငယ်ချင်း နှစ်ယောက်ကိုလည်း အဖော်ခေါ်လာတယ်။

ငွေသား တသိန်းရှစ်သောင်းပါတယ်။
တဖွဲ့လုံးမှာ ပါတဲ့ပိုက်ဆံ ၊ ဒီပိုက်ဆံနဲ့ သူတို့ စုပြီးအိမ်ငှါးနေကြမယ် အလုပ်လုပ်ကြမယ် ။ ပျော်ပျော်နေမယ် ၊

သူတို့ဘာသာနေတဲ့အခါ
ဆူတဲ့သူတွေမရှိဘူး ၊ ရိုက်မယ့်သူမရှိဘူး ၊ချစ်တဲ့သူတွေနဲ့ရှိတဲ့အခါ ဘာကမှ မှုစရာမရှိဘူး ဒါဟာ သူတို့သတ်မှတ်တဲ့ သူတို့ရဲ့ နိဗ္ဗာန်ပါပဲ။

၁၇ နှစ်ကောင်မလေးက ထိုင်းကိုအလုပ်သွားလုပ်မှာမို့ ၁၆ နှစ် ကလေးက ရှင်ကွဲ မခွဲနိုင်လို့ ခိုးပြေးရင်းအတူရည်းစားထားဖက်တွေရော ဘောလုံးကန်ဖက်တွေရောပါလာပြီး တအုပ်ကြီးဖြစ်သွားတာ။

မိဘတွေနဲ့အများအမြင်မှာ ကလေးလေးတွေက သူတို့အသိစိတ်မှာတော့ အရွယ်ရောက်နှင့်ကြပြီး ကိုယ်စီဘဝ တွေစီမံနေကြပါပြီ။

ဒီတော့ ကျမတို့ ဆွေးနွေးတဲ့အခါ သူတို့ကိုအတိုက်အခံ မပြုပဲ project plan လိုမျိုးတခု ဆွေးနွေးပါတယ်။

ဟုတ်ပြီ တသိန်း ရှစ်သောင်း အတူစနေကြမယ် အိမ်ငှါးကူရှာပေးမယ်။

အိမ်လခ ၊ သောက်ရေဝယ်ရမယ်၊ ပန်းကန်တွေဝယ်မယ်၊ ချက်စားမယ့်အိုးတွေဝယ်မယ် ၊ အိပ်ယာ ၊ ဒါတွေအားလုံးဆို ဘယ်လောက်ကျနိုင်မယ် နောက်နေ့ဘာစားကြမလည်း ကစ ဆွေးနွေးပါတယ် ၊

တကယ့်လက်တွေ့ဘဝကြီးနဲ့ စားဝတ်နေရေးရုန်းကန်ရမှုတွေဟာ စိတ်ကူးနဲ့တင်ခါးပါတယ်။

ဒီလောက်ငယ်တာဆိုပြီး ရိုက်ဆုံးမရင်လည်း နောက်တခေါက် ပိုကောင်းတဲ့အစီအစဉ်နဲ့ထွက်ပြေးမယ့် သူလေးတွေဖြစ်နိုင်လို့ပါပဲ ။

ရိုက်တာ ဆူတာထက် စကားများများပြော အချိန်ပေး ဆွေးနွေးဖို့လိုလာပါတယ်။

သေချာပါတယ် မျှော်လင့်ချက်ကြီးမားတဲ့ မိဘများအတွက် ဘယ်သားသမီးကမှ စိတ်တိုင်းကျစရာဖြစ်နေမှာမဟုတ်ပါဘူး။

အသက်အမြင့်တွေရော အရပ်အမြင့်တွေရောမတူကြမှတော့ အမြင်တွေလည်း ထပ်တူတော့မကျနိုင်သေးပါဘူး ။

သိပ်ကို လူကြီးဖြစ်ချင်တဲ့သူတို့ကို ရိုက်နှက်ဆုံးမတာမဟုတ်ပဲ လူကြီးအရာထားပြီး ဆွေးနွေးတိုင်ပင်အဖြေရှာကြပါ။
အချိန်ပေးပါ နွေးထွေးပေးပါ မျက်ခြေမပြတ်စောင့်ကြည့်ပေးပါလို့ အကြံပြုလိုပါတယ်။

It is added.👇👇
( #မိဘအသီးသီးထံသေချာလက်ရောက်အပ်နှံပြီးကြောင်းသိရပါသည်။ )

#ရွှေမေတ္တာလူမှုကူညီရေးအသင်း
👇

မိဘ နဲ့ သားသမီး
https://www.facebook.com/share/p/1GZZXKa29E/
မိဘ၏ ကိုယ်ရည်ကိုယ်သွေးနှင့် သားသမီး
https://www.facebook.com/share/p/17QFTKKd1A/

သင့်ကလေးက
https://www.facebook.com/share/p/17DVoa1p3q/

သားသမီးအုပ်ချုပ်ပုံနဲ့ပတ်သက်ပြီး
https://www.facebook.com/share/p/1CDvcwj59Z/


ရွှေမေတ္တာလူမှု့ကူညီရေးအသင်း

credit: :Shwe Lei

Credit to original writer with respect

ပြန်လည်မျှဝေသည်။

28/09/2025

အခြေခံသင်္ချာ လေ့လာမယ်
#ပညာဒါန

25/09/2025

ဝေစုရှာမယ် Grade 6 သင်္ချာ

21/09/2025

ထောင့်မှန်ခံအနားဆိုတာ
Grade 7 သင်္ချာ ၂

20/09/2025

Grade 8 သင်္ချာ
#ပညာဒါန

19/09/2025

Grade8 Maths (Part-3)
တစ်မှတ်တန်မေးခွန်းနမူနာ #ပညာဒါန #အဌမတန်းသင်္ချာ

18/09/2025

Grade 8Maths 1
Exercise -6.1
အက္ခရာအပိုင်းကိန်းများပါသော
ညီမျှခြင်းများဖြေရှင်းခြင်း
#ပညာဒါန

Address


20150

Telephone

+959457496274

Website

Alerts

Be the first to know and let us send you an email when Tr Zin Linn posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share