Balance News Agency

  • Home
  • Balance News Agency

Balance News Agency Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Balance News Agency, News & Media Website, .

ပြိုင်ပွဲဝင်လိုသူများအနေဖြင့် ဖုန်း ၀၉-၄၃၁၂၉၁၇၇၊ ၀၉-၄၂၀၁၆၃၃၄၈ နှင့် ၀၉-၅၁၁၁၄၀၃ တို့သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်မည်ဖြစ...
07/12/2025

ပြိုင်ပွဲဝင်လိုသူများအနေဖြင့် ဖုန်း ၀၉-၄၃၁၂၉၁၇၇၊ ၀၉-၄၂၀၁၆၃၃၄၈ နှင့် ၀၉-၅၁၁၁၄၀၃ တို့သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်မည်ဖြစ်သည်။

(၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အလွတ်တန်းစက်ဘီးပြိုင်ပွဲကျင်းပမည်

ရန်ကုန် ဒီဇင်ဘာ ၇

(၇၈)နှစ်မြောက်လွတ်လပ်ရေး နေ့ အထိမ်းအမှတ်အကြို အမျိုသား၊ အမျိုးသမီး(အလွတ်တန်း)စက်ဘီးပြိုင်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့တွင်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားပြိုင်ပွဲကို မင်္ဂလာဒုံ၊ ပြည်လမ်း၊ ဘိုခြံမီးပွိုင့်မှတာလွှတ်မည်ဖြစ်ပြီး အမျိုးသမီးပြိုင်ပွဲကို ပြည်လမ်း၊လေဆိပ်လမ်းဆုံမှ တာလွှတ်မည်ဖြစ်ကာ အမျိုးသား၊အမျိုးသမီး စက်ဘီးပြိုင်ပွဲဝင်သူအားလုံးသည် ပြည်သူ့ရင်ပြင်သို့ စီးနင်းပန်း ဝင်ကြရမည်ဖြစ်သည်။

ပြိုင်ပွဲဝင်စက်ဘီးသမားများအတွက် သုဝဏ္ဏဘောလုံးကွင်းမှ သတ်မှတ်တာလွှတ်မည့်နေရာများသို့ ကားကြီးများဖြင့်ပို့ဆောင်ပေးမည်ဖြစ်သည်။
BNA
Photo : Crd

UFC ပြိုင်ပွဲ မြန်မာဖိုက်တာ ဂျိုရှုအာဗန် အနိုင်ရရှိ ရန်ကုန် ဒီဇင်ဘာ ၇UFC က ကျင်းပတဲ့ ဖလိုင်းဝိတ်တန်း ချန်ပီယံ ခါးပတ် လုပ...
07/12/2025

UFC ပြိုင်ပွဲ မြန်မာဖိုက်တာ ဂျိုရှုအာဗန် အနိုင်ရရှိ

ရန်ကုန် ဒီဇင်ဘာ ၇

UFC က ကျင်းပတဲ့ ဖလိုင်းဝိတ်တန်း ချန်ပီယံ ခါးပတ် လုပွဲမှာ မြန်မာဖိုက်တာ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်က ဘရာဇီးဖိုက်တာကို ပထမ အချီ စက္ကန့်ပိုင်းမှာတင် အနိုင်ရရှိခဲ့ပါတယ်။

ရန်ကုန် ဒီဇင်ဘာ ၇

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့ ည (အမေရိကန်စံတော်ချိန်) မြန်မာစံတော်ချိန် ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်းမှာတော့ ဖလိုင်းဝိတ်တန်း လက်ရှိချန်ပီယံ ဘရာဇီးဖိုက်တာ ပန်ဒိုဂျာ နဲ့ မြန်မာဖိုက်တာ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန် တို့ရှင်ပြိုင်ထိုးသတ်ရာမှာ ပန်ဒိုဂျာဟာ ပြန်အကျမှာ လက်ထိသွားတဲ့အတွက် ဂျိုရှုအာဗန် အနိုင်ရရှိတာပဲဖြစ်ပါတယ်။
BNA

မြန်မာပြည်တွင်း အလုပ်သမားရှားပါးရခြင်းမှာ ပြင်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်ခြင်း၊ ပြည်တွင်းနိုင်ငံရေးဖြစ်စဉ်များ‌က...
06/12/2025

မြန်မာပြည်တွင်း အလုပ်သမားရှားပါးရခြင်းမှာ ပြင်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်ခြင်း၊ ပြည်တွင်းနိုင်ငံ
ရေးဖြစ်စဉ်များ‌ကြောင့်လည်းကောင်း၊ မူးယစ်ဆေးစွဲပြီး လေလွင့်သူများပြားလားခြင်း စသည့် အကြောင်းအရာများကြောင့်ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။

ရန်ကုန် ဒီဇင်ဘာ ၆

မြန်မာပြည်တွင်းမှာပင် အလုပ်သမားရှားပါးမှု ကြုံတွေ့နေရတယ်လို့ သိမ်ကြီးဈေး ၊ မင်္ဂလာဈေး၊ ညောင်ပင်လေးဈေး ယုဇနပလာဇာ အစရှိသည့် ရန်ကုန်မြို့တွင်း လက်လီ လက္ကား ဈေးဆိုင် အသိုင်းအဝန်းများမှ သိရသည်။

" လစာတွေတိုးပေးတာတောင် လုပ်မယ့်သူမရှိဘူး။
ဒီမှာက နေ့စားလုပ်အားခပေးတာများတယ်။ လရှင်းနည်းတယ်။ အရင်ကဝင်ဝင်ချင်းရှစ်‌ထောင်ပေးရင် အခု မိန်း
ကလေးတစ်သောင်း၊ ယောကျာ်းလေး တစ်သောင်းနှစ်ထောင် ပေးတာတောင် လုပ်မယ့်သူရှားတယ်။ ဒါတောင်ရက်မှန်ကြေး‌ပါ‌သေးတယ်။ ခက်တာက အလုပ်သမားတွေအတွက်ကလည်း တစ်ရက်တစ်သောင်းက ကုန်ဈေး
နှုန်းကြီးတော့ အဆင်မ‌ပြေဘူး " ဟု သိမ်ကြီးဈေးမှ ဆိုင်ရှင်တစ်ဦးကပြောသည်။

ယင်းသို့အလုပ်သမားရှားပါးရခြင်းမှာ ပြင်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်ခြင်း၊ ပြည်တွင်းနိုင်ငံရေးဖြစ်စဉ်များ‌ကြောင့်လည်းကောင်း၊ မူးယစ်ဆေးစွဲအလေလွင့်သူများပြားလားခြင်း စသည့် အကြောင်းအရာများကြောင့်ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။

" ကျတော်တို့နဲ့ အတူလုပ်တဲ့သူတွေတောင် နိုင်ငံခြားထွက်ကုန်ကြပြီ တချို့ကရပ်ကွက်ထဲမှာကြုံရာကျပန်းပဲလုပ်ကြတယ်။ တချို့ကဆိုင်ကယ်ဘေးတွဲဆွဲကြတယ်။ အစစအရာရာ ဈေးတွေကကြီးတော့ ဝင်ငွေနဲ့မမျှဘူး မနည်းချွေသုံးရတယ်။ ကျန်းမာရေးဖြစ်လာရင် မလွယ်ဘူး။ ကျွန်တော့ လုပ်အားခက ပုံမှန်မရှိဘူး အနည်းဆုံးတစ်နေ့ ‌တစ်သောင်းခွဲလောက်တော့ရတယ်။ " ဟု ပျံကြကုန်ထမ်းလုပ်သား တစ်ဦးကပြောသည်။

ထို့အပြင် WY မူးယစ်ဆေးဝါး မှာ ဈေးနှုန်း သက်သာစွာဖြင့် အလွယ်တကူရရှိခြင်းကြောင့် လူငယ်မူးယစ်ဆေးသမားများ ပိုမိုများပြားလာပြီး အလုပ်အကိုင် လုပ်ချင်စိတ်မရှိပဲ အကျင့်စာရိတ္တပျက်ပြားလာသည့် လူငယ်များ ပိုမိုများပြားလာကြောင်း စုံစမ်းတွေ့ရှိရသည်။
သတင်းနှင့် ဓါတ်ပုံ BNA

ရန်ကုန်မြို့လယ်ခေါင်ရှိ ရွှေဇင်ရွှေဆိုင်အား သေနတ်ပြပြီး  သိန်းပေါင်း ငါးထောင်ကျော် လုယက်သွားရန်ကုန် ဒီဇင်ဘာ ၅ရန်ုကုန်တို...
05/12/2025

ရန်ကုန်မြို့လယ်ခေါင်ရှိ ရွှေဇင်ရွှေဆိုင်အား သေနတ်ပြပြီး သိန်းပေါင်း ငါးထောင်ကျော် လုယက်သွား

ရန်ကုန် ဒီဇင်ဘာ ၅

ရန်ုကုန်တိုင်းဒေသကြီး လသာမြို့နယ် ၁၉လမ်းရှိ
ရွှေဇင်ရွှေဆိုင်မှ ယာဉ်ပေါ်တွင်ပါလာသည့် ရွှေထည်ပစ္စည်းများ သယ်ဆောင်နေစဉ် သေနတ်ပြ လုယူသွားကြောင်းသိရသည်။

"ကားပေါ်ကပစ္စည်းတွေချနေတဲ့အချိန် လူငယ်အမျိုးသား နှစ်ဦးက ဆိုင်ကယ်နဲ့ရောက်လာပြီး သေနတ်ပြ လုယူသွားတာပါ " ဟု သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးကပြောသည်။

လုယုသွားသည့်ရွှေထည်များမှာ ကျောက်နားကပ် ၉၄ ရံ တန်ဖိုး (သိန်း၁၀၅၉ ကျပ် ) ရွှေကျောက်အရော လက်စွပ် ၂၁၇ ကွင်း (သိန်း ၂၃၀၀ ကျပ် )ရွှေနှင့် ကျောက်အရောဆွဲသီး ၈၀ ထုပ် (သိန်း ၉၀၀ ကျပ် ) စုစုပေါင်းတန်ဖိုးငွေကျပ် သိန်း ၄၂၅၉ ကျပ်နှင့် ငွေသား သိန်း ၁၀၃၀ ကျပ်အပါအဝင် စုစုပေါင်းတန်ဖိုးငွေကျပ်သိန်းပါင်း
၅၂၈၉ ကျပ် လုယူသွားကြောင်း သက်ဆိုင်ရာမှ သိရသည်။
BNA
ဓါတ်ပုံ Crd

02/12/2025

မြန်မာအမျိုးသား၊ အမျိုးသမီး ဘောလုံး ပွဲစဉ်‌‌များ တိုက်ရိုက်ထုတ်လွှင့်ပြသမည်

ရန်ကုန် ဒီဇင်ဘာ ၂

ထိုင်းနိုင်ငံတွင် ကျင်းပမည့် ၂၀၂၅ ခုနှစ် ဆီးဂိမ်းစ်ပြိုင်ပွဲများအနက် မြန်မာ့လက်‌ရွေးစင်အမျိုးသား‌ဘောလုံးအသင်းနှင့် အမျိုးသမီးဘောလုံးအသင်းတို့ ပါဝင်ယှဉ်
ပြိုင်မည့် ဘောလုံးပွဲစဥ်များကို တိုက်ရိုက်ထုတ်လွင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးပွဲစဉ်များကို Channel 7 ရုပ်သံလိုင်းနှင့် အမျိုးသမီးဘောလုံးပွဲစဉ်များကို MRTV-4 ရုပ်သံလိုင်းတို့မှ တိုက်ရိုက်ထုတ်လွှင့် ပြသပေးသွားမည်ဖြစ်သည်။
( ပုံ ) ဘောလုံးပွဲစဉ်အချိန်ဇယား
BNA
Photo-Crd

မန္တလေးငလျင်ကြီး၏ နောက်ဆက်တွဲငလျင်တစ်ခုလှုပ်ခတ်ရန်ကုန် ဒီဇင်ဘာ ၂ မန္တလေးတိုင်းဒေသကြီးတွင်၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက် ၁‌‌၂ န...
02/12/2025

မန္တလေးငလျင်ကြီး၏ နောက်ဆက်တွဲငလျင်တစ်ခုလှုပ်ခတ်

ရန်ကုန် ဒီဇင်ဘာ ၂

မန္တလေးတိုင်းဒေသကြီးတွင်၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက် ၁‌‌၂ နာရီ မိနစ် ၅‌၀ ခန့်က လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇ ဒဿမ ၇ အဆင့်ရှိငလျင်ကြီး၏ နောက်ဆက်တွဲငလျင်တစ်ခု ယနေ့ ညနေ ၅ နာရီ ၃၁ မိနစ်ခန့်က လှုပ်ခတ်သွားကြောင်း မြေငလျင် သတင်းများစင်တာက ထုတ်ပြန်ထားသည်။

အဆိုပါငလျင်သည် ပြင်းအား ၄ ဒဿမ ၉ အဆင့်ရှိပြီး မန္တ‌လေးတိုင်း ဒေသကြီး စဉ့်ကိုင်မြောက်ဘက် ၇ မိုင်ကို ဗဟိုပြုလှုပ်ခတ်သွားခြင်းဖြစ်သည်။

ထို့အပြင်
" လတ်တလောကမ္ဘာ့ပြတ်ရွေ့ဒေသအခြေအနေ အနည်းငယ်။

ပြီးခဲ့သည့် ၄၈ နာရီဝန်းကျင်အချိန် ကမ္ဘာ့ပြတ်ရွေ့ဒေသများ အထူးသဖြင့် Oriental အရှေ့ခြမ်းဒေသများ သာမန်ထက်ပိုမို Active တက်ကြွနေခဲ့ပါသည်။

လွန်ခဲ့သည့် ၄၈ နာရီကျော်အချိန်အတွင်းမှာ ဂျပန်နိုင်ငံ နယူးဇီလန်အနီးဝန်းကျင်၊ ကမ်ချက်ကာ၊ ပါပူအာနယူးဂီနီနိုင်ငံဒေသများမှာ အင်အား ၅.၀ အထက်မြေငလျင်များအဓိကဖြစ်ပွားရာဖြစ်ခဲ့ပြီး ခုထိတိုင်ဆက်လက်လှုပ်ရှားနေပါသည်။
အဆိုပါမြေငလျင်ရပ်ဝန်းများနှင့်အတူ မြန်မာနိုင်ငံလည်း စိုးရိမ်ရရပ်ဝန်းမှာ ရှိနေခဲ့တာကိုတွေ့ရပြီး ယနေ့ဆက်
လက်စောင့်ကြည့်နေစဉ် အင်အား ၄.၀ အဆင့်မြေငလျင်များ မြန်မာနိုင်ငံအနောက်ပိုင်းဒေသများကစတင်ကာ လှုပ်ရှားလာခဲ့သည်ကို ယနေ့တွေ့ရပါသည်။

နိဂုံးဆိုရပါက အထက်ကဖော်ပြချက် မြေငလျင်များလှုပ်ရှားသွားသည်ဒေသများဟာ လွန်ခဲ့သည့် ၄၈ နာရီကျော်က အခြားပြတ်ရွေ့ဒေသများထက် ပိုမိုကာ Active ဖြစ်နိုင်သည့်ရပ်ဝန်းများဖြစ်ပြီး နောက်ထပ် ၄၈ နာရီခန့်အတွင်း နီပေါ၊ ဘင်္ဂလားဒေ့ရှ်အနီးပတ်ဝန်းကျင်ကနိုင်ငံအချို့ မြန်မာ အားအသင့်အတင့်မြေငလျင် ဆက်လက်သတိချပ်နိုင်ကြစေရန် ဖော်ပြလိုက်ပါသည်။ " ဟု မြေငလျင်သတင်းများစင်တာက ထုတ်ပြန်ထားသည်။
BNA
ဓါတ်ပုံ - မြေငလျင် သတင်းများစင်တာ

ရွှေတိဂုံစေတီတော်မြတ်ကြီးအား ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည် ၅ ဒသမ ၈ သန်းကျော် လာရောက်ဖူးမြော်ရန်ကုန် နိုဝင်ဘာ၂၆ရန်ကုန်မြ...
26/11/2025

ရွှေတိဂုံစေတီတော်မြတ်ကြီးအား ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည် ၅ ဒသမ ၈ သန်းကျော် လာရောက်ဖူးမြော်

ရန်ကုန် နိုဝင်ဘာ၂၆

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအထိ (၁၀)လ တာကာလအတွင်း ပြည်တွင်းပြည်ပမှဘုရားဖူးဧည့်သည် ၅ ဒသမ ၈ သန်းကျော် လာရောက်ဖူးမြော်ကြည် ညိုကြကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။

ယင်းကာလအတွင်း ဘုရားဖူးဝင်ရောက်မှုအနေဖြင့် သံဃာတော် ၁၀၉၂၁၆ ပါး၊ သာသနာ့နွယ်ဝင် သီလရှင် ၅၈၇၂၅ ပါး၊ အမျိုးသား ၂၅၈၄၂၄၀ ဦး၊ အမျိုးသမီး ၃၀၇၉၇၉၄ ဦး၊ နိုင်ငံခြားသား ၂၉၆၁၉ ဦး၊ နိုင်ငံခြားသူ ၃၂၃၂၄ ဦး၊ စုစုပေါင်း ၅၈၉၃၉၁၈ ဦးဖြစ်သည်။

ရွှေတိဂုံစေတီတော်ဘဏ္ဍာထိန်းဂေါပကအဖွဲ့သည် ရပ်နီးရပ်ဝေးမှဘုရားဖူးများ အဆင်ပြေစေရန် နှင့် စိတ်အေးချမ်းသာစွာဖူးမြော်ကြည်ညိုနိုင်ရန် ၂၀၂၄ ခုနှစ်၊ဇန်နဝါရီလ ၁ ရက်မှစ၍ နံနက် ၅ နာရီ မှ ည ၉ နာရီ အထိ ဖွင့်လှစ်ပေးလျက်ရှိရာမှ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁ ရက်မှစကာ ဘုရားဖူးမြှော်ချိန်ကို နံနက် ၄ နာရီမှ ည ၁၀ နာရီအထိ တိုးမြှင့်ဖွင့်လှစ်ပေးထားကြောင်း သိရသည်။
BNA

ပါဝါအိတ်ဇောတပ်ဆင်ထားသည့် မော်တော်ယာဉ်များကို ဥပဒေအတိုင်း ထောင်ဒဏ်၊ ငွေဒဏ်ချမှတ်ပြီး ပြင်းပြင်းထန်ထန် အရေးယူ အပြစ်ပေးသွား...
20/11/2025

ပါဝါအိတ်ဇောတပ်ဆင်ထားသည့် မော်တော်ယာဉ်များကို ဥပဒေအတိုင်း ထောင်ဒဏ်၊ ငွေဒဏ်ချမှတ်ပြီး ပြင်းပြင်းထန်ထန် အရေးယူ အပြစ်ပေးသွားမည်

ရန်ကုန် နို၀င်ဘာ၂၀

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပါဝါအိတ်ဇောတပ်ဆင်ထားသော မော်တော်ယာဉ်များကို ၂၀၂၅ ခုနှစ် ဒီဇင်
ဘာလမှစ၍ ဥပဒေအတိုင်း ထောင်ဒဏ်၊ ငွေဒဏ် ချမှတ်ပြီး ပြင်းပြင်းထန်ထန် အရေးယူ မည်ဖြစ်ကြောင်း ရန်ကုန်
တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီက အသိပေး ထုတ်ပြန်ထားသည်။

ထောင်ဒဏ်အနေဖြင့် တစ်လထက်မပိုသောထောင်ဒဏ် ငွေဒဏ်အနေဖြင့် ကျပ်တစ်သိန်းထက်မပိုသောငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ပြစ်ဒဏ်ချမည်ဖြစ်ပြီး ထပ်မံကျူးလွန်ပါက သုံးလထက်မပိုသည့် ထောင်ဒဏ် သုံးသိန်းထက်မပိုသောငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ပြစ်ဒဏ် ချမှတ်မည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အပြင် ပါဝါအိတ်ဇော ရောင်းချ သည့် ဆိုင်များ၊ ပါဝါအိတ်ဇောတပ်ဆင်ပေးသည့် ဝပ်ရှော့များကိုလည်း သက်ဆိုင်ရာဌာနများ၏ ဥပဒေအရ ပြင်းပြင်း
ထန်ထန် အရေးယူခံရမည် ဖြစ်‌ကြောင်းကြောင်းသိရသည်။

အဆိုပါယာဉ်စည်းကမ်း ထိန်းသိမ်းကြီးကြပ်ရေး ပူးပေါင်
းအဖွဲ့များက ၂၀၂၅ ခုနှစ်၊ ဇွန်လမှနိုဝင်ဘာလလယ်ထိ ပါဝါ အိတ်ဇော တပ်ဆင်ထားသည့်ပြိုင်ကား ခုနှစ်စီး၊ လူစီးယာဉ် ၇၁ စီး၊ မော်တော်ဆိုင်ကယ် နှစ်စီး စုစုပေါင်း အစီး၈၀ ကို ဖမ်းဆီး၊ ဒဏ်ရိုက်၊ လိုင်စင်ပိတ်သိမ်း ပညာပေးခဲ့ကြောင်းသိရသည်။
BNA
ဓါတ်ပုံ လူမှုကွန်ယက်

တံဆိပ်‌ခေါင်းဝါသနာရှင်များအတွက်မြန်မာ့စာတိုက်လုပ်ငန်းမှ စာပို့တံဆိပ်ခေါင်းများ ရောင်းချပေးမည်ရန်ကုန် နို၀င်ဘာ ၁၈မြန်မာ့တ...
18/11/2025

တံဆိပ်‌ခေါင်းဝါသနာရှင်များအတွက်

မြန်မာ့စာတိုက်လုပ်ငန်းမှ စာပို့တံဆိပ်ခေါင်းများ ရောင်းချပေးမည်

ရန်ကုန် နို၀င်ဘာ ၁၈

မြန်မာ့တူရိယာ တစ်မျိုးချင်းအလိုက် ထုတ်ဝေခဲ့ပြီးသော နှစ်ရာကျပ်တန် တံဆိပ်ခေါင်းများကို တံဆိပ်ခေါင်းစုဆောင်းသူ ဝါသနာရှင်များ တစ်စုတစ်စည်းတည်း စုဆောင်းနိုင်ရန် ရည်ရွယ်၍ ရောင်းချပေးမည်ဖြစ်
ကြောင်း မြန်မာ့စာတိုက်လုပ်ငန်းမှ သိရသည်။

အဆိုပါရောင်းချပေးမှုကို နိုဝင်ဘာ၂၀ရက်၊ နံနက် ၉နာရီခွဲမှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်
တည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
BNA

ရန်ကုန်ရှိ ပန်းထိမ်လုပ်ငန်းလုပ်ကိုင်သူ တစ်သောင်းကျော် အလုပ်လက်မဲ့ဖြစ်နေရွှေဖြင့်ပြုလုပ်ထားသော အဆောင်အရုပ်နှင့် လက်ဝတ်ရတန...
18/11/2025

ရန်ကုန်ရှိ ပန်းထိမ်လုပ်ငန်းလုပ်ကိုင်သူ တစ်သောင်းကျော် အလုပ်လက်မဲ့ဖြစ်နေ

ရွှေဖြင့်ပြုလုပ်ထားသော အဆောင်အရုပ်နှင့် လက်ဝတ်ရတနာများ နိုင်ငံတကာသို့ တင်ပို့ရန် ပြင်ဆင်နေ

ရန်ကုန် နို၀င်ဘာ ၁၈

နိုင်ငံတကာဈေးကွက်သို့ ရွှေဖြင့်ပြုလုပ်ထားသော အဆောင်အရုပ်နှင့် လက်ဝတ်ရတနာများ ပြန်လည်တင်ပို့ရန် ပြင်ဆင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ အဖိုးတန်သတ္တု(ရွှေ) ရောင်းဝယ်သူများအသင်းမှ သိရသည်။

အဆိုပါတင်ပို့ခြင်းကို ၂၀၂၀ ပြည့်နှစ် မတိုင်ခင်ကာလက ဂျပန်နှင့် ကိုရီးယားနိုင်ငံသို့ လက်ဝတ်ရတနာများ တင်ပို့ခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းတွင် တင်ပို့မှု မရှိသလောက် နည်းပါးသွားကြောင်း သိရသည်။

ထို့ကြောင့် ရန်ကုန်တွင်ရှိသည့် ပန်းထိမ်လုပ်ငန်းလုပ်ကိုင်သူ တစ်သောင်းကျော် အလုပ်လက်မဲ့ ဖြစ်နေပြီး ပန်းထိမ်လုပ်ငန်းများ အလုပ်ပြန်ပေးနိုင်ရန် လက်ဝတ်ရတနာ ရွှေထည်များ ပြန်လည်တင်ပို့နိုင်ရေးအတွက် ပြင်ဆင်နေကြောင်း သိရသည်။

နိုင်ငံတကာဈေးကွက်တွင်လည်း ရွှေထည်နှင့် ပြုလုပ်ထားသည့်အဆောင် လက်ဝတ်ရတနာကို ကြိုက်နှစ်သက်သောကြောင့် ယင်းဈေးကွက်သည် ပြန်လည်တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

ပြည်ပကို ရွှေတင်ပို့ရာတွင် ၁၂ ပဲရည် ရွှေထည်နှင့်ပြုလုပ်ထားသည့် ရွှေထည်များကို အများဆုံးတင်ပို့ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
BNA

မြန်မာ‌ဗိုဗီနမ်အားကစားသမားများဆု တံဆိပ် ၁၄ ခု ဆွတ် ခူးရရှိရန်ကုန် နိုဝင်ဘာ ၈အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် ၂၀၂၅ ခုန...
08/11/2025

မြန်မာ‌ဗိုဗီနမ်အားကစားသမားများဆု တံဆိပ် ၁၄ ခု ဆွတ် ခူးရရှိ

ရန်ကုန် နိုဝင်ဘာ ၈

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်နေ့မှ ၈ ရက်နေ့ထိ ကျင်းပပြုလုပ်‌ သည့် 8th WVVF World Vovinam Championship 2025 ပြိုင်ပွဲအပြီးတွင် မြန်မာဗိုဗီနမ်အားကစား သမားများက ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်ငါးခုနှင့် ကြေးတံဆိပ်ခုနှစ်ခု၊ စုစုပေါင်း ဆုတံဆိပ် ၁၄ ခု ဆွတ် ခူးရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် မြန်မာဗိုဗီနမ်အသင်းမှ အုပ်ချုပ်သူနည်းပြနှစ်ဦး၊ အားကစားသမား အမျိုးသား သုံးဦး၊ အမျိုးသမီးသုံးဦး စုစုပေါင်းရှစ်ဦးတို့ဖြင့် ပြိုင်ပွဲအမျိုးအစား ၁၆ မျိုးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ယနေ့ပြိုင်ပွဲများပြီးဆုံးချိန်တွင် ဆုတံဆိပ် ၁၄ ခုကို နိုင်ငံ့ဂုဏ်ဆောင်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ရွှေတံဆိပ်ကို အတိုက်ပြိုင်ပွဲ ၄၈-၅၁ ကီလိုတန်းတွင် နှင်းသက်ဝေက ရွှေတံ ဆိပ်၊ Dual Knife From(female)ပြိုင်ပွဲတွင် မေဟန်နီအောင်လွင်က ရွှေတံဆိပ်တို့ကရရှိခဲ့သည်။

ယင်းအပြင် Dragon-Tige From (male)ပြိုင်ပွဲတွင် မောင်တင်ထူးဇော်က ငွေတံဆိပ်၊ pair Knife from(male)ပြိုင်ပွဲတွင် မောင်ဟိန်း ထက်အောင်+မောင်ကျော် သူစိုးအောင်တို့က ငွေတံဆိပ်၊ Four-Element Staff From (male)ပြိုင်ပွဲတွင် မောင်တင်ထူးဇော်က ငွေတံဆိပ်၊pair Sword from (male)ပြိုင်ပွဲတွင် မောင်ဟိန်းထက်အောင်+ မောင် တင်ထူးဇော်တို့က ငွေတံဆိပ်၊ Pair Machette From (males)ပြိုင်ပွဲတွင် မောင်ဟိန်းထက်‌အောင်+ မောင်တင်ထူးဇော်တို့က ငွေတံဆိပ်များအသီးသီး ရရှိခဲ့ကြသည်။

ထို့အတူ Ying Yang Sword From (Female)ပြိုင်ပွဲတွင် မမေဟန်နီအောင်လွင်က ကြေးတံဆိပ်၊ Mix Basic Self Dedense Technique(3 females 3 males)ပြိုင်ပွဲတွင် မောင်ဟိန်းထက်အောင်+ မောင်ကျော်သူစိုးအောင် +မောင်တင်ထူးဇော်+မချစ်နိုဒီဆောင်း+မမေဟန်နီအောင်လွင်+မနှင်းသက်ဝေ တို့က ကြေးတံဆိပ်၊ Ying Yang Sword From (male)ပြိုင်ပွဲတွင် မောင်ကျော်သူစိုးက ကြေးတံဆိပ်၊ 1females Defense againstmales with weapon ပြိုင်ပွဲတွင် မမေဟန်နီအောင်လွင် မောင်ဟိန်း ထက်အောင်+မောင်ကျော်သူစိုးအောင် + မောင်တင်ထူးဇော်တို့က ကြေးတံဆိပ်၊ Cross - From (male) ပြိုင်ပွဲတွင် မောင်ဟိန်းထက်အောင်က ကြေးတံဆိပ်၊ Female Self Defence from ပြိုင်ပွဲတွင် မောင် ဟိန်းထက်အောင်+မချစ်နိုဒီဆောင်းတို့က ကြေးတံဆိပ်၊ Pair Sword From (male)ပြိုင်ပွဲတွင် မချစ်နို ဒီဆောင်း+မမေဟန်နီအောင်လွင်တို့က ကြေးတံဆိပ်များ အသီးသီးဆွတ်ခူးရရှိခဲ့ကြကြောင်း သိရသည်။
BNA

မြန်မာအမျိုးသမီးဘောလုံးအသင်းပြိုင်ပွဲကို ကွင်းဝင်ကြေးအခမဲ့ သတ်မှတ်ထားရန်ကုန် နိုဝင်ဘာ ၈အာရှအမျိုးသမီးချန်ပီယံလိဂ် AFC Wo...
08/11/2025

မြန်မာအမျိုးသမီးဘောလုံးအသင်းပြိုင်ပွဲကို ကွင်းဝင်ကြေးအခမဲ့ သတ်မှတ်ထား

ရန်ကုန် နိုဝင်ဘာ ၈

အာရှအမျိုးသမီးချန်ပီယံလိဂ် AFC Women’s Champions League 2025/2026 ပြိုင်ပွဲ အုပ်စု(ဂ) ပွဲစဉ်များအား ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏကွင်တွင် မနက်ဖြန် နိုဝင်ဘာ ၉ ရက်မှစ၍ ၁၅ ရက် ထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ကွင်းဝင်ကြေးအခမဲ့စီစဉ်ပေးထားကြောင်းသိရသည်။

ပွဲစဉ်များကို ဝင်ကြေးအခမဲ့စီစဉ်ပေးထားသည့်အပြင် ပရိတ်သတ်များ အဆင်ပြေစွာ လာရောက်အားပေးနိုင်ရန် အပြန်ခရီးကို ဘတ်စ်ကားများ အခမဲ့စီစဉ်ပေးထားကြောင်း သိရသည်။

ကွင်းအတွင်းလာရောက်‌အားပေးရန် အခက်အခဲရှိသည့် ပရိတ်သတ်များအတွက်လည်း AFC Hub Youtube Channel အကါအဝင် ရုပ်သံများမှ တိုက်ရိုက်ပြသနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

ယင်းပွဲစဉ်များတွင် မြန်မာ အိမ်ရှင်အသင်း ISPE
အနေဖြင့် တောင်ကိုရီးယားကလပ် ဆူဝမ်အသင်းနှင့် မနင်ဖြန် ၉ ရက်နေ့တွင် ပွဲဦးထွက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

lSPE အသင်းအနေဖြင့် အုပ်စု (ဂ) ‌တွင် တောင်ကိုရီးယား၊ မြောက်ကိုရီးယား အမျိုးသမီးကလပ်အသင်း၊ ဂျပန် အမျိုးသမီးကလပ်အသင်းတို့ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်
သည်။
BNA

Address


Alerts

Be the first to know and let us send you an email when Balance News Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Balance News Agency:

  • Want your business to be the top-listed Media Company?

Share