G.Life

G.Life Always

အမ်းတွင် စစ်ကောင်စီ ထောင်ထားသည့် မိုင်းနင်းမိ၍ ကျောင်းသားတစ်ဦးသေဆုံး၊ မိခင်ဖြစ်သူ ပြင်းထန်ဒဏ်ရာရ Western News| နိုဝင်ဘာ ...
28/11/2023

အမ်းတွင် စစ်ကောင်စီ ထောင်ထားသည့် မိုင်းနင်းမိ၍ ကျောင်းသားတစ်ဦးသေဆုံး၊ မိခင်ဖြစ်သူ ပြင်းထန်ဒဏ်ရာရ

Western News| နိုဝင်ဘာ ၂၈

ရခိုင်ပြည် အမ်းမြို့ တပ်တောင်အနီး ပဒေါက်ချောင်ကျေးရွာတွင် ယနေ့ နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းအချိန့်ခန့်က စစ်ကောင်စီ ထောင်ထားသည့် မြေမြုပ်မိုင်းနင်းမိ၍ ကျောင်းသား ကလေးငယ်တစ်ဦး သေဆုံးမှုရှိခဲ့ပြီး မိခင်ဖြစ်သူမှာ ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း အမ်းဒေသခံများက ပြောသည်။

သေဆုံးသူမှာ တပ်တောင်တွင် လာရောက်နေထိုင်နေသည့် အမ်းမြို့နယ်၊ လုံးကျေးရွာဒေသခံဖြစ်ပြီး အုတ်ဖုတ်သည့် လုပ်ငန်းခွင်သို့ မိခင်ဖြစ်သူနှင့် အတူသွားစဥ် စစ်ကောင်စီတပ်စွဲနေထိုင်သည့် တာဝါတိုင်တောင် (ဒေသအခေါ်) အနီး မိုင်းနင်းမိခဲ့ကြခြင်း ဖြစ်သည်။

မြေမြှုပ်နင်းမိစဉ် သားဖြစ်သူမှာ နေရာတွင်ပင်သေဆုံးခဲ့ပြီး မိခင်ဖြစ်သူမှာမူ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း တပ်တောင်ဒေသခံတစ်ဦးက Western News ကို ပြောသည်။

"သူတို့က အုတ်ဖုတ်တဲ့နေရာကိုသွားတာပါ။ မိုင်းကတော့ တပ်နားမှာအရင်ကတည်းကထောင်ထားတာရှိတယ်။ အဲ့ဒါကိုနင်းမိပြီး သားဖြစ်သူကတော့ သေသွားတယ်" ဟုပြောသည်။

မိုင်းနင်းမိ၍ သေဆုံးသွားသည့် သားဖြစ်သူမှာ ၄ တန်းကျောင်းသား မောင်ဇွဲနိုင်ထွန်းဖြစ်ပြီး ဒဏ်ရာရရှိခဲ့သည့် မိခင်ဖြစ်သူမှာ အသက် ၃၀ ကျော်အရွယ် ဒေါ်သူဇာဖြစ်ပြီး လက်ရှိ တပ်တောင်ဆေးရုံတွင် တက်ရောက်ဆေးကုသ ခံယူနေကြောင်း သိရသည်။

အမ်းမြို့ တပ်တောင် စစ်ကောင်စီတပ်စွဲနေထိုင်သည့် တာဝါတိုင်တောင် (ဒေသအခေါ်)အနီးတွင် မိုင်းပတ်ပတ်လည်း မြှုပ်နှံထားပြီး ညပိုင်းနှင့် ညဉ့်ပိုင်းတွင် တိရိစ္ဆာန်များ သွားလာမှုရှိနေ၍ မကြာခဏဆိုသကဲ့သို့ မိုင်းပေါက်ကွဲခြင်း ဖြစ်တက်ပြီး ယခုတစ်ကြိမ်တွင် ဒေသခံများ သေဆုံးမှုများ ဖြစ်ပေါ်ခြင်းဖြစ်သည်။

ရခိုင်တွင် ၂၀၂၃ ခုနှစ် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းကလည်း ပုဏ္ဏားကျွန်း ယိုးတရုတ် မီးရထားဘူတာမှာ စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးကာ နောက်ထပ် ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့သည်။

ရခိုင်တွင် ပြီးခဲ့သည့် တိုက်ပွဲကာလများအတွင်းက မြေမြုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၇၀ ထက်မနည်းရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၁၀၀ ကျော်ခန့်ရှိခဲ့ကြောင့် အရပ်ဖက်အဖွဲ့စည်းများ၏ စာရင်းအချက်လက်များအရသိရသည်။

Western News-WN

ပုံစာ- သေဆုံးသူ သားဖြစ်သူနှင့် ပြင်းထန်ဒဏ်ရာရရှိခဲ့သူ မိခင်ဖြစ်သူအား ဆေးရုံတွင် တွေ့ရစဉ်။

l ရခိုင်လူမျိုးသိသင့်သော ရခိုင်သမိုင်း==================ရခိုင်အစ မာရယုဆိုရေ စကားအရ ရခိုင်တွင် မာရယုမင်းသည် မြို့ပြနိုင်င...
27/09/2023

l ရခိုင်လူမျိုးသိသင့်သော ရခိုင်သမိုင်း
==================
ရခိုင်အစ မာရယုဆိုရေ စကားအရ ရခိုင်တွင် မာရယုမင်းသည် မြို့ပြနိုင်ငံအဖြစ် ပထမဆုံး ဓညဝတီမြို့ကို ဘီစီ(၃၃၂၅) တွင် စတင် တည်ထောင်ခသည်

ဓညဝတီမြို့တွင် မင်း(၅၇)ဆက် နှစ်ပေါင်း(၁၈၁၈)နှစ် ထွန်းကားခသည်

ဒုတိယဓညဝတီခေတ်ကို
ဓမ္မရာဇာမင်းက ဘီစီ(၁၅၀)တွင် တည်ထောင်ခပီးကေ
ထိုမြို့တွင် မင်း(၂၈)ဆက် စိုးစံပြီး နှစ်ပေါင်း(၉၂၇) နှစ် ကြာမြင့်ခသည်

တတိယ ဓညဝတီခေတ်ကို
စန္ဒသူရိယမင်းသည် ဘီစီ(၅၈ဝ)တွင် တည်ထောင်ခဲ့ပြီး ထိုမြို့၌ မင်း (၂၅) ဆက် စိုးစံ၍ နှစ်ပေါင်း(၉ဝ၇) နှစ် ကြာမြင့်ခသည်

ဝေသာလီခေတ်ကို မဟာတိုင်းစနြ္ဒားမင်းသည် အေဒီ(၃၅၇) တွင်
တည်ထောင်ပီးကေ မင်းဆက် (၂၆)ဆက် နှစ်ပေါင်း(၄၉)နှစ် ကြာမြင့်ခသည်

လေးမြို့ခေတ်ကို ခေတ္တသင် မင်းသည် အေဒီ(၈၁၈)တွင် တည်ထောင်ပီးကေ
မင်းဆက် (၆၁)ဆက် နှစ်ပေါင်း (၆၁၂)နှစ် ကြာမြင့်ခသည်

ယင်းကြောင်း
ရခိုင်ပြည်ဒေသတွင် ပထမ ဓညတီခေတ်မှ မြောက်ဦးခေတ်ထိ နှစ်ပေါင်း (၅၁ဝ၉)နှစ် မင်းဆက်ပေါင်း(၂၄၅)ဆက် အုပ်စိုးခဲ့ကြောင်း ရခိုင်သမိုင်း
မှတ်တမ်းများအရ သိရှိရကြောင်း
#သာလီစွရခိုင်ပြည် မှ ဗဟုသုတအဖြစ် တင်ဆက်ပီးလိုက်ရခြင်းဖြစ်ပါရေ //

#သာလီစွရခိုင်ပြည်
#ရခိုင်သတင်းနန့်ရခိုင်ရသအစီစိုင်တင်ဆက်သူ

15/09/2023

အာရှတိုက်ရဲ့အချမ်းသာဆုံးမြို့ဖြစ်ခဲ့တဲ့ ရခိုင့် မြောက်ဦးမြို့😍

ရခိုင် လူမျိုးတို့သည် ဘီစီ, ရာစုအားဖြင့် ( ၃၃ ) ရာစု--------------------------------ယခု ( ၂၁ )ရာစု ဆိုသော အရာသည် အေဒီ ဖြ...
24/08/2023

ရခိုင် လူမျိုးတို့သည် ဘီစီ, ရာစုအားဖြင့် ( ၃၃ ) ရာစု
--------------------------------
ယခု ( ၂၁ )ရာစု ဆိုသော အရာသည် အေဒီ ဖြစ်သည်၊
နှစ်ပေါင်း( ၁၀၀ )လျှင် ( ၁ ) ရာစု
နှစ်ပေါင်း( ၁၀၀၀ )လျှင် ( ၁၀ ) ရာစု
နှစ်ပေါင်း( ၂၀၀၀ )လျှင် ( ၂၀ ) ရာစု
နှစ်ပေါင်း( ၂၀၁၉ )ဆိုလျှင် ( ၂၁ ) ရာစု ဖြစ်သည်၊
ရခိုင်လူမျိုးတို့သည် ဘီစီ နှစ်ပေါင်း( ၃၂၉၉ )နှစ် ဖြစ်သဖြင့်
ဘီစီ နှစ်ပေါင်း ( ၁၀၀ )လျှင် ဘီစီ ( ၁ )ရာစု
ဘီစီ နှစ်ပေါင်း ( ၁၀၀၀ )လျှင် ဘီစီ ( ၁၀ )ရာစု
ဘီစီ နှစ်ပေါင်း ( ၂၀၀၀ )လျှင် ဘီစီ ( ၂၀ )ရာစု
ဘီစီ နှစ်ပေါင်း ( ၃၀၀၀ )လျှင် ဘီစီ ( ၃၀ )ရာစု
ဘီစီ နှစ်ပေါင်း ( ၃၂၀၀ )လျှင် ဘီစီ ( ၃၂ )ရာစု
ဘီစီ နှစ်ပေါင်း ( ၃၂၉၉ )ဆိုလျှင် ဘီစီ( ၃၃ )ရာစု ဖြစ်သည်၊
ဤသည်ကား ရခိုင်လူမျိုးတို့၏ ဘီစီ သက်တမ်း ဖြစ်ပြီး
ဘီစီနှင့် အေဒီကို ပေါင်းသော် ရခိုင်လူမျိုးတို၏ နှစ်ပေါင်း ( ၅၃၁၈ )နှစ်ကို ရှိရမည် ဖြစ်သည်၊
ဘီစီ ------------ နှစ်ပေါင်း ( ၃ ၂ ၉ ၉ ) နှစ်
အေဒီ ----------- နှစ်ပေါင်း ( ၂ ၀ ၁ ၉ ) နှစ်
-----------------------------------------
ရခိုင်လူမျိုးတို့၏ သက်တမ်း( ၅ ၃ ၁ ၈ ) နှစ် ဖြစ်သည်၊
Credit : ဘယ်ကျာရစ် ဝေဂူဆန်

"ရခိုင်မင်းဆက်မျ ား"၁။ပထမဓညဝတီခေတ်   (BC 3325 မှ BC 1605)  မင်းဆက်ပေါင်း  ၅၇ ဆက်  အစမင်း           မာရယုမင်း  နောက်ဆုံးမ...
24/08/2023

"ရခိုင်မင်းဆက်မျ ား"
၁။ပထမဓညဝတီခေတ်
(BC 3325 မှ BC 1605)
မင်းဆက်ပေါင်း ၅၇ ဆက်
အစမင်း မာရယုမင်း
နောက်ဆုံးမင်း မျိုးခြားအမတ်
၂။ဒုတိယဓညဝတီခေတ်
(BC 1605 မှ BC 580)
မင်းဆက်ပေါင်း ၂၈ ဆက်
အစမငျး ကမ္မရာဇာမင်း
နောက်ဆုံးမင်း သီရိရာဇာ
၃။တတိယဓညဝတီခေတ်
(BC 580 မှ AD 326)
မင်းဆက်ပေါင်း ၂၅ ဆက်
အစမင်း စန္ဒသူရိယမင်း
နောက်ဆုံးမင်း သူရိယကေတု
၄။ဝေသာလီခေတ်
(AD 327 မှ AD 677)
မင်းဆက်ပေါင်း ၁၃ ဆက်
အစမင်း မဟာတိုင်းစနြ္ဒား
နောက်ဆုံးမင်း ငတုံမင်း
၅။လေးမြို ့ခေတ်
(AD 818 မှ AD 1416)
မင်းဆက်ပေါင်း ၆၁ ဆက်
အစမင်း ခေတ္တသင်မင်း
နောက်ဆုံးမင်း စောမွန်
၆။မြောက်ဦးခေတ်
(AD 1430 မှ AD 1785)
မင်းဆက်ပေါင်း ၄၈ ဆက်
အစမင်း မင်းစောမွန်
နောက်ဆုံးမင်း မဟာသမ္မတမင်း

06/08/2023

သိဖို့👌

Address


Telephone

+959771829850

Website

Alerts

Be the first to know and let us send you an email when G.Life posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to G.Life:

  • Want your business to be the top-listed Media Company?

Share