Bahosi Media - ဗဟိုရ်စည် မီဒီယာ

  • Home
  • Bahosi Media - ဗဟိုရ်စည် မီဒီယာ

Bahosi Media - ဗဟိုရ်စည် မီဒီယာ တိကျမှန်ကန်သောသတင်းများကို အများပြ

မန္တလေးမြို့ သင်္ကြန်အကျနေ့ မြင်ကွင်းဓာတ်ပုံများ
14/04/2024

မန္တလေးမြို့ သင်္ကြန်အကျနေ့ မြင်ကွင်းဓာတ်ပုံများ

13/04/2024

မန္တလေးသင်္ကြန်အကြိုနေ့ဖွင့်ပွဲ

လွတ်လပ်ရေးနေ့အထိမ်းအမှတ် မန္တလေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသား/အကျဉ်းသူ ၁၀၅၁ဦးလွှတ်ပေး==============================(၇၆)နှ...
04/01/2024

လွတ်လပ်ရေးနေ့အထိမ်းအမှတ် မန္တလေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသား/အကျဉ်းသူ ၁၀၅၁ဦးလွှတ်ပေး
==============================
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်မန္တလေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသား/အကျဉ်းသူ ၁၀၅၁ဦးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ကြောင်း သိရသည်။

လွတ်ငြိမ်းခွင့်ရရှိခဲ့သည့် အကျဉ်းသား ၈၆၂ ဉီးနှင့် အကျဉ်းသူ ၁၈၉ ဉီးစုစုပေါင်း ၁၀၅၁ဦးတို့အား အကျဉ်းထောင် တာဝန်ရှိသူများက ကျန်းမာရေးစစ်ဆေးပေးခြင်း၊ နေ့တွက်စရိတ်နှင့် ခရီးစရိတ် ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ပေးပြီး အကျဉ်းထောင်မှ လွှတ်ပေးခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အကျဉ်းထောင်(၅)ခုနှင့်အလုပ်စခန်း (၇)ခုတို့မှ အကျဉ်းသား ၁၄၀၇ဦး၊ အကျဉ်းသူ ၂၉၀ဦး စုစုပေါင်း ၁၆၉၇ကိုလည်း လွတ် ပေးခဲ့ကြောင်း သိရသည်။

BHS

Mandalay International Trade Fair & Investment Forum 2023ကျင်းပ=============================Mandalay International Trade...
20/12/2023

Mandalay International Trade Fair & Investment Forum 2023ကျင်းပ
=============================

Mandalay International Trade Fair & Investment Forum 2023ပွဲကို ယနေ့ ဒီဇင်ဘာ (၂၀)ရက်နေ့မှစတင်၍ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ သိပ္ပံလမ်း၊ လမ်း၇၀နှင့် ၇၂လမ်းကြားရှိ မန္တလေးကွန်ဗင်းရှင်းစင်တာ(MCC)တွင်ကျင်းပခဲ့ကြောင်း သိရသည်။

ပြပွဲကို မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) နှင့် တရုတ်နိုင်ငံ၊ တဟုန်ပြည်နယ်မှ ကုန်သည်ကြီးများအသင်းတို့ပူးပေါင်းစီစဥ်ကျင်းပခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂ဝ ရက်မှ ဒီဇင်ဘာ ၂၂ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိကျင်းပသွားမည်ဖြစ်သည်။

အဆိုပါပွဲကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များ၊ ဖိတ်ခေါ်ထားသောပြည်နယ်/တိုင်းအသီးသီး မှလုပ်ငန်းရှင်များ၊ ပြည်တွင်း/ပြည်ပလုပ်ငန်းရှင်များနှင့်ကုမ္ပ ဏီများ အချင်းချင်းချိတ်ဆက်ပေးနိုင်ခြင်းအားဖြင့် ရင်းနှီး မြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်လာစေရန်၊ တိုင်းဒေသကြီး၏ စီးပွား ရေးနှင့်ပတ်သက်၍ ဖွံ့ဖြိုးတိုးတက်စေရေးအလားအလာများ သိသာပေါ်လွင်စေရန်၊ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ရပ်တည်ရှင်သန်သွားနိုင်ရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ကျင်းပခြင်း ဖြစ်ပြီး ယခုကဲ့သို့ကျင်းပခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် များစွာအထောက်အကူပြုနိုင်မည်ဖြစ်သည်။

ပြပွဲအတွင်း ဒီဇင်ဘာ ၂၀ရက်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု အလားအလာနှင့်စိုက်ပျိုးရေးမွေးမြူရေးကဏ္ဍ၊ ဒီဇင်ဘာ ၂၁ရက်နေ့တွင် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းကဏ္ဍ၊ ဒီဇင်ဘာ ၂၂ ရက်နေ့တွင် Green Energy MSME ကဏ္ဍများနှင့်ပတ်သက်၍ ဆွေးနွေးပွဲများလည်း ပြုလုပ်သွားမည်ဖြစ်သည်။

ပြပွဲတွင် ပြခန်းပေါင်း(၂၀၀)ကျော်ကိုခင်းကျင်းပြသထားရှိပြီး ဖျော်ဖြေရေးအစီအစဥ်၊ Lucky Drawအစီအစဥ်နှင့်ပျော်ရွှင်စရာဂိမ်းအစီအစဥ်များကိုလည်း နေ့စဥ် ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

BHS

29/10/2023

မန္တလေးနန်းမြို့အရှေ့ဘက်ရှိ ရတနာပုံဥယျာဉ်တွင် သီတင်းကျွတ်ပွဲတော်ကျင်းပ၊ လာရောက်သူများဖြင့်စည်ကား
------------------------------------------------------------
မန္တလေးနန်းမြို့အတွင်း အရှေ့ဘက်ခြမ်း ရတနာဥယျာဉ် (၆၆လမ်း၊ ၁၂ လမ်းနှင့် ၂၆လမ်း)တွင် ယနေ့အောက်တိုဘာ (၂၉)ရက်၊ သီတင်းကျွတ်လပြည့်နေ့ ညနေပိုင်းက မြန်မာ့ရိုးရာသီတင်းကျွတ်ပွဲတော်ကိုကျင်းပခဲ့ရာ လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ရတနာပုံဥယျာဉ်တွင် မြန်မာ့ရိုးရာ သီတင်း ကျွတ်မီးထွန်းပွဲတော်တွင် ဆီဆီး (၅၀၀၀) မီးထွန်းပူဇော်ပွဲများအပြင် မီးသီးများဖြင့် မီးအလှဆင်ထားမှုများ၊ ကျောက်ဆည် ဆင် အက၊ ရိုးရာခြင်းလုံးအလှခတ်၊ မန်းစည်ပင်ခေတ်ပေါ်တေးဂီတ အဖွဲ့၊ Upland တေးဂီတ အဖွဲ့များနှင့်အတူ နိုင်ငံကျော် တေးသံရှင်များက ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ထို့အပြင် ပွဲတော်ကာလတွင် လာရောက်သူများအား ဌာနဆိုင်ရာအသီးသီးမှ စတုဒီသာ မဏ္ဍပ်များဖြင့် ဧည့်ခံ ကျွေးမွေးရေးအစီအစဉ်များလည်း ထည့်သွင်းထားသည်။

မြန်မာ့ရိုးရာသီတင်းကျွတ် မီးထွန်းပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့နှင့် လပြည့်ကျော်(၁) ရက်တို့တွင် နေ့စဉ် ညနေ ၅နာရီမှု ည ၉နာရီခွဲအထိ နှစ်ရက်ကြာကျင်းပမည်ဖြစ်ကြောင်း သိရသည်။

သီတင်းကျွတ်လပြည့်နေ့ ဦးပိန်တံတားကျိုးကျ လူအထိအခိုက်ရှိ၊မရှိမသိရသေး------------------------------------------------------...
29/10/2023

သီတင်းကျွတ်လပြည့်နေ့ ဦးပိန်တံတားကျိုးကျ လူအထိအခိုက်ရှိ၊မရှိမသိရသေး
----------------------------------------------------------
မန္တလေး အမရပူရမြို့ရှိ ဦးပိန်တံတားသည် ယနေ့အောက်တိုဘာ(၂၉)ရက် မွန်းလွဲ(၂)နာရီဝန်းကျင်က အစိတ်အပိုင်းတစ်နေရာ ကျိုးကျသွားကြောင်း သိရသည်။

``ကျွန်တော်တို့နေ့လည်ပိုင်းရောက်တယ်။ ထမင်းစားနေတုန်း တံတားပေါ်လူအုပ်ကြီးပြေးလာတယ်။ တံတားကျိုးသွားတယ်ပြောတယ်။ အနီးအနထိတော့ မသွားတော့ဘူး။ အဝေးကနေပဲကြည့်ဖြစ်တာ ဟုတ်တယ်။ တိုင်နှစ်နေရာလောက်ကျိုးပြီး ပြုတ်ကျနေတာ။´´ဟု
ယင်းနေရာကိုရောက်ရှိနေသူတစ်ဦး၏ပြောကြားချက်အရ သိရသည်။

``တံတား အရှေ့ဘက်ထိပ် (ရတာနာပုံကျောင်းဘက်)က သွားရင် သုံးခုမြောက် ဇရပ်မှာ ကျိုးကျတာ။ ထိခိုက် ဒဏ်ရာရသူ တွေရှိတယ်။ ကယ်ဆယ်ရေး လုပ်နေကြတယ်။ သေဆုံးဒဏ်ရာရတယ်ဆိုတာတော့ အတိအကျ မသိရသေးဘူ။´´ဟု စျေးသည်တစ်ဦးကဆိုသည်။

သီတင်းကျွတ်လပြည့်နေ့ဖြစ်တာနှင့်အညီ ဦးပိန်တံတားသို့ လာရောက်လည်ပတ်သူများပြားသည့်အတွက် အခုလိုကျိုးကျခြင်းဖြစ်ကြောင်း၊ ယခင်အခါကြီးရက်ကြီးများတွင် ယခုလိုမျိုးမဖြစ်ဘဲ ယနေ့လပြည့်နေ့တွင်ဖြစ်ပွားခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

တံတားကျိုးကျမှုကြောင့် လူတချို့ရေထဲပြုတ်ကျသွားသော်လည်း သေဆုံးထိခိုက်ဒဏ်ရာရရှိမှုအခြေအနေမသိရှိရသေးကြောင်း သိရသည်။

ဓာတ်ပုံ Yan Nyein Aung

သီတင်းကျွတ်လပြည့်နေ့ မန္တလေးမြို့ရှိ ကုသိုလ်တော်  နှင့်စန္ဒာမုနိဘုရားတို့တွင် ဘုရားဖူးပြည်သူများဖြင့်စည်ကားမန္တလေး အောက်...
29/10/2023

သီတင်းကျွတ်လပြည့်နေ့ မန္တလေးမြို့ရှိ ကုသိုလ်တော် နှင့်စန္ဒာမုနိဘုရားတို့တွင် ဘုရားဖူးပြည်သူများဖြင့်စည်ကား

မန္တလေး အောက်တိုဘာ ၂၉

ယနေ့သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)တွင် မန္တလေးမြို့အထင်ကရ သမိုင်းဝင်ကုသိုလ်တော်ဘုရားနှင့် စန္ဒာမုနိဘုရားတို့တွင် ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

အလားတူ မန္တလေးမြို့ရှိ တန်ခိုးကြီးဘုရားများ၊ မြို့နယ်၊ ရပ်ကွက် အသီးသီးရှိ စေတီပုထိုးများနှင့် ဓမ္မာရုံများ၌ ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူ ပူဇော်၍ ကုသိုလ် ကောင်းမှု ပြုလုပ်ကြပြီး ညပိုင်းတွင်မန္တလေးနန်းမြို့အရှေ့ဘက်ခြမ်းတွင်ဘုရားရှင်အားဆီမီးထွန်းညှိပူဇော်၍ မီးထွန်းပွဲတော်နှင့် မီးပုံလွှတ်တင်ခြင်းအစီအစဉ်များကျင်းပမည်ဖြစ်ကြောင်းသိရသည်။

မန္တလေးတွင် Mingalar Mandalay 6th Fashion Week 2023ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်။အောက်တိုဘာ(28)၊မန္တလေးမြို့၊...
28/10/2023

မန္တလေးတွင် Mingalar Mandalay 6th Fashion Week 2023ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်။

အောက်တိုဘာ(28)၊

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊မင်္ဂလာ-မန္တလေးလမ်း လျှောက်စျေးတွင် Mingalar Mandalay 6th Fashion Week 2023ပြိုင်ပွဲကို အောက်တိုဘာလ၂၈ရက်ညနေ ၄နာ ရီက ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် Newstarlight Co.,ltd CEO ဒေါ်မေရင်၊နိုင်ငံကျော်ဒီဇိုင်နာများနဲ့MainSponsorပေးထားသည့် စိန်ဧကရီစိန်ရွှေရတနာဆိုင်၏ MDဒေါက်တာသဲစုခိုင်တို့ က ဖဲကြိုးဖြတ်ပြီး အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီးနောက် အ ခမ်းအနားကို Sponsorပေးခဲ့သည့်လုပ်ငန်းများ ၏ တာဝန်ရှိသူများကို Newstarlight Co.,ltdမှ တာဝန်ရှိသူများက ဂုဏ်ပြုTrophyများ ပေးအပ်သည်။

အဆိုပါပြိုင်ပွဲသို့ လာရောက်အားပေးသည့် ပရိသတ်များအား အနုပညာရှင်များဖြစ်​ကြသည့် ရဲလေး၊ချစ်ဇွဲသာ၊နန်းက လျာအောင်၊ဆမ်ဆမ်၊ထက်ယံနဲ့Bee Posion Dancer အဖွဲ့က ဖျော်ဖြေတင်ဆက်​ကြပြီး၊Mingalar Mandalay 6th Fashion Week 2023ပြိုင်ပွဲကို မန္တလေးမြို့ရှိ မျိုးဆက်သစ်ဒီဇိုင်းနာ ၂၂ဦး ဝင်ရောက်ယှဥ် ပြိုင်သွားမှာဖြစ်ပြီးပြိုင်ပွဲကိုအောက်တိုဘာ၂၈ရက်မှ၃၀ရက်နေ့ထိ၃ရက်တိုင်ကျင်းပ၍ နိုင်ငံကျော်ဒီဇိုင်းနာများက အကဲဖြတ်ဒိုင် လူကြီးများအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလဲသိရသည်။

Address


Alerts

Be the first to know and let us send you an email when Bahosi Media - ဗဟိုရ်စည် မီဒီယာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Bahosi Media - ဗဟိုရ်စည် မီဒီယာ:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share