19/10/2021
သူပေါ့ ၈ ၈ ၈ ၈ အရေးတော်ပုံမှာတက်ကြွစွာပါဝင်ခဲ့တာကြောင့်
ရုပ်ရှင်သရုပ်ဆောင်ထမင်းအိုးကို အာဏာရှင်တွေကရိုက်ခွဲခဲ့ကြတယ်။ ရုပ်ရှင်ရိုက်ခွင့်ပိတ်ခံခဲ့ရတယ်။
ဝမ်းရေးအတွက် ၂၇ လမ်း ထီရုံးနားမှာ
မုန့်လုပ်ရောင်းခဲ့ရတယ်။ သူ့ဆိုင်လေးမှာရေးထားတဲ့စာလေးကိုခုထိမှတ်မိနေပါတယ် ( ယနေ့ရောင်းရငွေသည် နက်ဖြန်အတွက်အရင်း)
ကွမ်းကိုနှစ်သက်စွာစားပေမယ့် အရက်လုံးဝမသောက်တဲ့ လူကြမ်းမင်းသားကြီးလို့သိထားခဲ့ရသော ဦးအံ့ကျော် ။
Credit to-U Khin Soe