Shwe Poe Poe

Shwe Poe Poe ဗဟုသုတများ

03/08/2025

ခုရက်ပိုင်း ကျောက်ကပ်ဝေဒနာရှင်တွေ
တွေ့နေရလို့ ဘာကြောင့် ကျောက်ကပ်ဖြစ်ရသလဲဆိုတာ ပြောပြပေးပါ့မယ်

🚫 ကျောက်ကပ်ဖြစ်စေနိုင်တဲ့အချက်များ

1. ရေသောက်နည်းခြင်း / ရေမသောက်ဘဲနေခြင်း

2. အဆီဓာတ်နဲ့ ဆားအလွန်အကျွံစားခြင်း

3. အသားအမြဲစားပြီး Fiber(အမျှင်ဓာတ်)
စားနည်းခြင်း

4. Vitamin နဲ့ Supplement အလွန်အကျွံသုံးမိခြင်း

Collegen Gluta နဲ့ တခြား အသားဖြူဆေး ပိန်ဆေး ဝဆေးတွေ သောက်နေတယ်ဆိုရင် ရေများများသောက်ဖို့ မမေ့ပါနဲ့



5. ဆီး/ ဝမ်း သွားနည်းခြင်း

6. Soft drink, Cola, Energy drink များ
သောက်သုံးခြင်း

Coke / Red Bull / Pepsi စတဲ့ အအေးတွေကို တစ်ပတ်တစ်ခါလောက်ဘဲ သောက်ပေးပါ

7. Genetics
(မိသားစုအနေနဲ့ ကျောက်ကပ်ဖြစ်ဖူးသူရှိခြင်း)

မိသားစုထဲမှာ ကျောက်ကပ်ဖြစ်ဖူးတာရှိလာရင် မိမိမှာလည်း ဖြစ်နိုင်ချေရှိပါတယ်

8.အကိုက်အခဲပျောက်ဆေး နဲ့ တခြားဆေးတွေကို
အလွန်အကျွံသုံးစွဲမိခြင်း

9. အိပ်ချိန်နောက်ကျခြင်း

✅ ဘယ်လိုကာကွယ်ကြမလည်း

-ရေများများသောက်ပါ
-ဆီး/ဝမ်းမှန်အောင် ထိန်းသိမ်းပါ
-အအေးတွေ လျှော့သောက်ပါ
-အသင့်စား ခေါက်ဆွဲခြောက် တခြားအစားအစာတွေကို လျှော့စားကြည့်ပါ
-ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးပါ
-အသားနဲ့ အရွက်အသီး မျှမျှတတ စားသုံးပေးပါ
-Supplememt (ဝိတ်ချဆေး/ ဝဆေး / အသားဖြူဆေး) သုံးစွဲမှု လျှော့ချပေးပါ
-အာရုံကြောဆေး အကိုက်အခဲပျောက်ဆေးတွေကို
မလိုအပ်ဘဲ မသောက်ပါနဲ့
-ညဘက်စောစော အိပ်ရာဝင်ပေးပါ

ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ

#ကျန်းမာရေး
#ဆယ့်တစ်လီ


#ကျန်းမာတဲ့ဘဝ

Address


Alerts

Be the first to know and let us send you an email when Shwe Poe Poe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Poe Poe:

  • Want your business to be the top-listed Media Company?

Share