Paung Laung Media

  • Home
  • Paung Laung Media

Paung Laung Media သတင်းမှန်စီးဆင်းရာ ပေါင်းလောင်းမီဒီယာ

08/09/2025

"ဖရူဆိုမြို့နယ်၊ ဒေလကြိုအုပ်စုမှာ ဗေ့လဂါဖို (ခေါ်) ဒီးကူပွဲ ကျင်းပပြုလုပ်" (Video News)

သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့ခဲ့ရသော ဧဒင်ကျေးရွာကို ကယန်းပြည်သစ်ပါတီဝင်ရဲဘော်တွေမှ သွားရောက်ကူညီထောက်ပံ့ပေးခဲ့စက်တင်ဘာ ၅...
05/09/2025

သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့ခဲ့ရသော ဧဒင်ကျေးရွာကို ကယန်းပြည်သစ်ပါတီဝင်ရဲဘော်တွေမှ သွားရောက်ကူညီထောက်ပံ့ပေးခဲ့

စက်တင်ဘာ ၅၊ ၂၀၂၅ခုနှစ်။

ကယန်းဒေ အမှတ်(၄)မြို့နယ်ရှိ ကယန်းပြည်သစ်ပါတီဝင်တွေဟာ သဘာ၀ဘေး မိုးကြီးမြေပြိုမှုတွေနဲ့ကြုံတွေ့ခဲ့ရတဲ့ ပေါင်းလောင်းဒေသ၊ ဧဒင်ကျေးရွာရှိပြည်သူတွေကို ကူညီထောက်ပံ့ခြင်းနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာလုပ်အားပေးခြင်း စတာတွေကို စက်တင်ဘာ၂ရက်နေ့နဲ့ ၃ရက်နေ့က သွားရောက်ကူညီဝန်းရံပေးခဲ့ပါတယ်။

ဧဒင်ကျေးရွာမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၇ရက်နေ့က မိုးကြီးရာကနေ တောင်ကျချောင်းရေစီးဆင်းပြီးရွာအတွင်းမြေပြိုစီးဆင်းလာမှုကြောင့် ကျေးရွာအတွင်းရှိလူနေအိမ်(၁၀)လုံးဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ရတဲ့အပြင် ရွာခံ(၂)ဦးလည်းသေဆုံးခဲ့ရပြီး အိမ်မွေးတိရစ္ဆာန်အများအပြားလည်း ထိခိုက်သေဆုံးခဲ့ရတယ်လို့ ကျေးရွာတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါ့ကြောင့် ကယန်းဒေသ အမှတ်(၄) မြို့နယ်ရှိ ကယန်းပြည်သစ်ပါတီဝင်ရဲဘော်တွေကနေ သဘာဝဘေးအန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရတဲ့ ဧဒင်ကျေးရွာကို ကူညီထောက်ပံခြင်း၊ ပျက်စီးသွားတဲ့လူနေအိမ်တွေကိုပြန်လည်ပြုပြင်ခြင်းစတဲ့ အကူအညီတွေ သွားပေးခဲ့တာဖြစ်ပါတယ်။

‎ကယန်းဒေသရှိ ကျေးရွာတွေအတွင်း ပုံမှန် နယ်လှည့်ဆေးကုသပေးတဲ့ KNHC‎‎စက်တင်ဘာ ၄၊ ၂၀၂၅ခုနှစ်။‎‎စစ်အာဏာသိမ်းပြီးနောက်ပိုင်း အစ...
04/09/2025

‎ကယန်းဒေသရှိ ကျေးရွာတွေအတွင်း ပုံမှန် နယ်လှည့်ဆေးကုသပေးတဲ့ KNHC

‎စက်တင်ဘာ ၄၊ ၂၀၂၅ခုနှစ်။

‎စစ်အာဏာသိမ်းပြီးနောက်ပိုင်း အစိုးရဆေးပေးခန်းတွေမလည်ပတ်နိုင်တော့တာကြောင့် ကယန်းဒေသရှိ ဒေသခံတွေဟာ ကယန်းအမျိုးသားကျန်းမာရေးကော်မတီ (KNHC)ကိုသာ အားကိုးနေရတာဖြစ်ပါတယ်။

‎ကယန်းဒေသအတွင်းမှာ KNHC အနေနဲ့ ဆေးပေးခန်းတွေများစွာဖွင့်လှစ်ထားပေမယ့် ဆေးပေးခန်းမရှိသေးတဲ့ ကျေးရွာတွေဆီကို ၃လတစ်ကြိမ် ပုံမှန် နယ်လှည့်ဆေးကုသပေးနေပါတယ်။

‎လက်ရှိ ၂၀၂၅ခုနှစ် စက်တင်ဘာလမှာတော့ KNHC ကနေ အလယ်ကယန်းဒေသအတွင်းရှိ ကျေးရွာတွေဆီ သွားရောက်နယ်လှည့်ဆေးကုသပေးနေပါတယ်။




‎ကယန်းအမျိုးသားတပ်မတော် (KNA) အမှတ် (၂၁၀၅)တပ်ရင်းမှ တပ်စုမှူး ရဲဘော် ဧလိယာ (ခ)အိုင်ရို တိုက်ပွဲအတွင်းကျဆုံး‎‎စက်တင်ဘာ ၄၊...
04/09/2025

‎ကယန်းအမျိုးသားတပ်မတော် (KNA) အမှတ် (၂၁၀၅)တပ်ရင်းမှ တပ်စုမှူး ရဲဘော် ဧလိယာ (ခ)အိုင်ရို တိုက်ပွဲအတွင်းကျဆုံး

‎စက်တင်ဘာ ၄၊ ၂၀၂၅ခုနှစ်။

‎ကယန်းအမျိုးသားတပ်မတော် (KNA) အမှတ် (၂၁၀၅)တပ်ရင်းမှ တပ်စုမှူး ရဲဘော် ဧလိယာ (ခ)အိုင်ရိုဟာ ဖက်ဒရယ်ဒီမိုကရေစီနဲ့ အဖိနှိပ်ခံလူမျိုးပေါင်းစုံအပါအဝင် ကယန်းအမျိုးသားတွေအတွက် တော်လှန်တိုက်ပွဲဝင်ရင်း ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ရက်နေ့က ရှေ့တန်းတိုက်ပွဲတစ်နေရာမှာ မြင့်မြတ်စွာကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

‎ရဲဘော်ဧလိယာ(ခ)အိုင်ရိုရဲ့ ဈာပနအခမ်းအနားကို ဒီကနေ့ စက်တင်ဘာလ ၄ရက်နေ့မနက်ပိုင်းက ကယန်းဒေသတစ်နေရာမှာ ပြုလုပ်ခဲ့ပါတယ်။

Photo -Kayan National Army

03/09/2025

မောင်ဘလော့ရွာသစ်မှာ ပျံလွန်တော်မူသွားပြီဖြစ်တဲ့ ဆရာတော် အာဗြာဟန်သန်း(ငြိမ်း)အတွက် အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်

ကယန်းပြည်သစ်ပါတီ ပါတီဝင်လူငယ်ဌာနမှ လူငယ်စွမ်းရည်မြှင့်တင်‌ရေးသင်တန်း အပါတ်စဥ် ၃ အတွက် လျောက်လွှာများလက်ခံနေစက်တင်ဘာ ၃၊ ၂...
03/09/2025

ကယန်းပြည်သစ်ပါတီ ပါတီဝင်လူငယ်ဌာနမှ လူငယ်စွမ်းရည်မြှင့်တင်‌ရေးသင်တန်း အပါတ်စဥ် ၃ အတွက် လျောက်လွှာများလက်ခံနေ

စက်တင်ဘာ ၃၊ ၂၀၂၅ခုနှစ်။

ကယန်းပြည်သစ်ပါတီ ပါတီဝင်လူငယ်ဌာနကနေ ဦးဆောင်ပြုလုပ်တဲ့ လူငယ်စွမ်းရည်မြှင့်တင်ရေး သင်တန်း အပါတ်စဥ် ၃ အတွက် သင်တန်းသူ/သားတွေကို ခေါ်ယူနေကြောင်း ပြီးခဲ့တဲ့ ဩဂုတ်လ ၂၂ရက်နေ့က စတင်ကြေညာခဲ့ပြီး လျှောက်လွှာဖောင်တွေကို စက်တင်ဘာလ ၁၀ရက်နေ့အထိ လက်ခံသွားမှာဖြစ်ပါတယ်။

လူငယ်စွမ်းရည်မြှင့်တင်ရေးသင်တန်း အပါတ်စဥ် ၃ မှာ အသက် ၁၈နှစ် နှစ်မှ ၂၅နှစ်အတွင်းရှိ လူငယ် သင်တန်းသူ/သား ၄၅ ဦးအထိ လက်ခံသွားမှာဖြစ်ပြီး သင်တန်းကာလ (၃) လတာ ကြာမြင့်မှာဖြစ်ပါတယ်။

ကယန်းပြည်သစ်ပါတီဝင်လူငယ်ဌာနကနေ လူငယ်စွမ်းရည်မြင့်တင်ရေးသင်တန်းကို ၂၀၂၃ ခုနှစ် ကနေ စတင်ပြုလုပ်လာခဲ့တာဖြစ်ပြီး ယခင် အပတ်စဥ် ၁ နဲ့ အပါတ် ၂ သင်တန်းတွေမှာ ၄၅ ရက်တာသာကြာမြင့်ခဲ့ပေမယ့် ယခုလက်ရှိခေါ်ယူနေတဲ့ အပါတ်စဥ် ၃ သင်တန်းမှာတော့ သင်ကြားရေးကာလ ၃ လတာ ကြာမြင့်မှာဖြစ်ပါတယ်။

ကယန်းဒေသ အမှတ် (၆ )မြို့နယ်မှာ ကယန်းပြည်သစ်ပါတီဝင်လူငယ်တွေ တွေဆုံနှီးနှောဖလှယ်ပွဲ ကျင်းပပြုလုပ်စက်တင်ဘာ ၃၊ ၂၀၂၅ခုနှစ်။ပြ...
03/09/2025

ကယန်းဒေသ အမှတ် (၆ )မြို့နယ်မှာ ကယန်းပြည်သစ်ပါတီဝင်လူငယ်တွေ တွေဆုံနှီးနှောဖလှယ်ပွဲ ကျင်းပပြုလုပ်

စက်တင်ဘာ ၃၊ ၂၀၂၅ခုနှစ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ရက်နေ့က ကယန်းဒေသ အမှတ်(၆)မြို့နယ်အတွင်းရှိ ကယန်းပြည်သစ်ပါတီဝင်လူငယ်တွေဟာ အောင်နန်းချိုကျေးရွာမှာ တွေ့ဆုံနှီးနှောဖလှယ်ပွဲတစ်ရပ်ပြုလုပ်ခဲ့ပါတယ်။

တွေ့ဆုံပွဲမှာ ပါတီ၀င်လူငယ် ၅၀ခန့် တက်ရောက်ခဲ့ကြပြီး ဒေသအရေး၊ မြန်မာ့အရေးနဲ့ နိုင်ငံရေးရာတွေသုံးသပ်ဆွေးနွေးခဲ့ကြပါတယ်။ တွေဆုံဆွေးနွေးပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်မှာ အမှတ်(၆)ဒေသအတွင်းရှိ ပါတီဝင်လူငယ်တွေ အချင်းချင်းရင်းနှီးကြမှုရှိစေဖို့နဲ့ ဒေသအကျိုးပြုလုပ်ငန်းတွေမှာစုပေါင်းဆောင်ရွက်မှုရှိစေဖို့ဖြစ်ကြောင်း သိရပါတယ်။

တွေ့ဆုံနှီးနှောဖလှယ်ပွဲမှာ လူငယ်တွေအနေနဲ့ တစ်နှစ်တာအတွင်းဆောင်ရွက်ခဲ့ကြတဲ့ ဒေသအကျိုးပြုလုပ်ငန်းတွေကို ပြန်လည်အစီရင်ခံတင်ပြကြပြီး ရှေ့လုပ်ငန်းစဥ်တွေကိုလည်း ရေးဆွဲချမှတ်ကြခဲ့ပါတယ်။

29/08/2025

တိုင်းရင်းဌာနေတွဲလက်အဖွဲ့မှ ဦးဆောင်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဟောပြောပွဲပြုလုပ် (Video News)

အမှတ် (၆) မြို့နယ်အတွင်းရှိဒေသခံတွေကို ကယန်းအမျိုးသားကျန်းမာရေးကော်မတီ - KNHC မှ ဆေးကုသပေးသြဂုတ် ၂၈၊ ၂၀၂၅ ခုနှစ်။ပြီးခဲ့...
28/08/2025

အမှတ် (၆) မြို့နယ်အတွင်းရှိဒေသခံတွေကို ကယန်းအမျိုးသားကျန်းမာရေးကော်မတီ - KNHC မှ ဆေးကုသပေး

သြဂုတ် ၂၈၊ ၂၀၂၅ ခုနှစ်။

ပြီးခဲ့တဲ့သြဂုတ်လ ၂၃ ရက်နေ့က ကယန်းအမျိုးသားကျန်းမာရေးကော်မတီ - Kayan National Health Committee (KNHC) မှ ဦးဆောင်ပြီး ကယန်းဒေသ၊ အမှတ် (၆) မြို့နယ်အတွင်းရှိ ဒေသခံတွေကို ကွင်းဆင်းဆေးကုသမှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။

ကယန်းဒေသ၊ အမှတ် (၆) မြို့နယ်အတွင်းမှာ လတ်တလောအတွင်းက ယားနာရောဂါကူးစက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး အဲ့ဒီဒေသအတွင်းမှာ အစိုးရကျေးလက်ဆေးပေးခန်းတွေလည်းလည်ပတ်မှုမရှိတာကြောင့် ဒေသခံတွေရဲ့ကျန်းမာရေးအတွက် KNHC မှ လာရောက်ပြီး ဆေးကုသပေးခဲ့တာဖြစ်ပါတယ်။

မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် ပင်းလောင်း-ပေါင်းလောင်း-ကင်းသာ-နေပြည်တော်လမ်းပိုင်းမှာ တောင်ပြိုပြီး လမ်းပိတ်ဆို့နေဩဂု...
28/08/2025

မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် ပင်းလောင်း-ပေါင်းလောင်း-ကင်းသာ-နေပြည်တော်လမ်းပိုင်းမှာ တောင်ပြိုပြီး လမ်းပိတ်ဆို့နေ

ဩဂုတ် ၂၈၊ ၂၀၂၅ခုနှစ်။

ဩဂုတ်၂၆ ရက်နေ့ကစတင်တဲ့ မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် ပင်လောင်း-ပေါင်းလောင်း-ကင်းသာ-နေပြည်တော် ကိုဆက်သွယ်ထားတဲ့လမ်းမကြီးပေါ်ရှိနေရာတချို့မှာ တောင်ပြိုပြီးလမ်းပိတ်ဆို့မှုတွေရှိနေတယ်လို့ သိရပါတယ်။

ကင်းသာကနေ မိုင်တိုင်အမှတ်/၁၉ အကြားမှာ တောင်ပြိုပြီးလမ်းပိတ်နေတဲ့အပြင် ရေတိုက်စားမှုကြောင့် အချို့တံတားတွေလည်းပြိုကျပျက်စီးမှုတွေရှိနေလို့ ယာဉ်ကြီး၊ ယာဉ်ငယ်တွေ ဖြတ်သန်းသွားလာလို့မရတာ ၂ရက်နီးပါရှိနေပြီဖြစ်ကြောင်း ကုန်ကားသမားတစ်ဦးထံမှသိရပါတယ်။

ဧဒင်ကျေးရွာမှာ ရေကြီးမြေပြိုမှုဖြစ်ပွားနေပြီး ဒေသခံ (၂)ဦးအထိသေဆုံးသြဂုတ် ၂၇၊ ၂၀၂၅ခုနှစ်။ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လော...
27/08/2025

ဧဒင်ကျေးရွာမှာ ရေကြီးမြေပြိုမှုဖြစ်ပွားနေပြီး ဒေသခံ (၂)ဦးအထိသေဆုံး

သြဂုတ် ၂၇၊ ၂၀၂၅ခုနှစ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းဒေသအတွင်းရှိ ဧဒင်ကျေးရွာမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒီကနေ့ သြဂုတ်လ ၂၇ ရက်နေ့ မနက်ပိုင်းက ရေကြီးမြေပြိုမှုမှုတွေဖြစ်ပွားနေပြီး နေအိမ်တွေထိခိုက်ပျက်စီးမှုတွေကြုံနေရတဲ့အပြင် ဒေသခံ (၂)ဦးလည်း သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ပင်လောင်းမြို့နယ် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ မိုးရာသီဘော်လုံးပြိုင်ပွဲကျင်းပနေသြဂုတ် ၂၇၊ ၂၀၂၅ခုနှစ်။ရ...
27/08/2025

ပင်လောင်းမြို့နယ် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ မိုးရာသီဘော်လုံးပြိုင်ပွဲကျင်းပနေ

သြဂုတ် ၂၇၊ ၂၀၂၅ခုနှစ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ပအို၀်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ မြို့နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ အထက်တန်း၊ အလယ်တန်းအဆင့် အမျိုးသား/အမျိုးသမီး ဘော်လုံးပြိုင်ပွဲတစ်ရပ်ကို ပင်လောင်းမြို့အားကစားကွင်းမှာ ကျင်းပပြုလုပ်နေကြောင်းသိရပါတယ်။

ဘော်လုံးပြိုင်ပွဲကျင်းမရခြင်းဟာ ပင်လောင်းမြို့နယ်ရှိအထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းပေါင်းစုံ ကျောင်းသား/သူတွေအနေနဲ့ အားကစားစွမ်းရည်တိုးတက်မှုရှိစေဖို့နဲ့ ရင်းနီးချစ်ခင်မှုရရှိစေဖို့ရည်ရွယ်ပြီး မိုးရာသီအားကစားပြိုင်ပွဲတစ်ခုအဖြစ် နှစ်စဥ်နှစ်တိုင်းကျင်းပပေးနေတာဖြစ်တယ်လို့ အထက်တန်းပြ ကျောင်းဆရာတစ်ဦးမှပြောပါတယ်။

Address


Telephone

+959776612904

Website

Alerts

Be the first to know and let us send you an email when Paung Laung Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Paung Laung Media:

  • Want your business to be the top-listed Media Company?

Share