I rest where ruins grow

  • Home
  • I rest where ruins grow

I rest where ruins grow but if it's forever, it's even better.

အဆင်ပြေသွားသည်ဖြစ်စေ၊ ကျရူံးသွားသည်ဖြစ်‌စေအချိန်တန်ရင် ငါတို့အားလုံး ထွက်သွားကြရမှာပဲမဟုတ်လား အဲ့အတွက်ကြောင့် အနာဂါတ်မှာ...
17/10/2025

အဆင်ပြေသွားသည်ဖြစ်စေ၊ ကျရူံးသွားသည်ဖြစ်‌စေအချိန်တန်ရင် ငါတို့အားလုံး ထွက်သွားကြရမှာပဲမဟုတ်လား အဲ့အတွက်ကြောင့် အနာဂါတ်မှာ ငါအဆင်ပြေပါ့မလားဆိုတဲ့ စိတ်ပူပန်မှုတွေကို တတ်နိုင်သလောက်လျှော့ချပြီးအကြီးမားဆုံးအိပ်မက်တွေကို စအကောင်အထည်ဖော်ကြည့်ပါ..။

- B
Oct/17

ဘဝမှာ မင်းပေးဆပ်ခဲ့ရတဲ့ မေတ္တာတွေကို ပြန်လက်ခံရရှိဖို့ မမျှော်လင့်ခြင်းဖြင့် ကိုယ့်ကိုယ်သနားညှာတာပေးပါ လူတိုင်းမှာ မင်းလ...
15/10/2025

ဘဝမှာ မင်းပေးဆပ်ခဲ့ရတဲ့ မေတ္တာတွေကို ပြန်လက်ခံရရှိဖို့ မမျှော်လင့်ခြင်းဖြင့် ကိုယ့်ကိုယ်သနားညှာတာပေးပါ လူတိုင်းမှာ မင်းလိုနှလုံးသားမျိုး ပိုင်ဆိုင်နိုင်စွမ်းမရှိကြဘူး မင်းပေးတဲ့ ကောင်းမွန်တဲ့ စေတနာအတိုင်းလည်း သူတို့တူညီစွာ ပြန်လည်ပြုမူချင်မှ ပြုမူလိမ့်မယ်

မင်းသူတို့အပေါ် မေတ္တာ‌ စေတနာထားသလို ပြန်လည်ပြုမူစေချင်တာက သဘာဝကျတဲ့ ဆန္ဒတစ်ခုပါ ဒါပေမဲ့ လူတစ်ဦးချင်းစီတိုင်းက သူတို့ကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင်တွေ၊ မိသားစုနဲ့ ဘဝအတွေ့အကြုံတွေ မတူညီတာကြောင့် သူတို့ရဲ့ တုံ့ပြန်ပုံတွေဟာလည်း မင်းသဘောအတိုင်း ဖြစ်ချင်မှ ဖြစ်နေလိမ့်မယ်

ဒီလိုကွဲပြားခြားနားမှုလေးကို နားလည်ပေးနိုင်စွမ်းရှိတာဟာလဲ တကယ်တော့ တန်ဖိုးရှိတဲ့ လက်ဆောင်လေးတစ်ခုပဲ ဒါပေမယ့် တခါတလေမှာ ဒီနားလည်နိုင်စွမ်းလေးကြောင့်ပဲ မင်းဟာ သူတို့ထက် ပိုပြီး ခံစားလွယ်လာတယ် အလွယ်တကူ စိတ်ထိခိုက်တတ်လာတယ်

ဒါကြောင့် သူတို့ဘက်က တူညီတဲ့တန်ဖိုးထားမှုတွေကို ပြန်မရလာတဲ့အခါ စိတ်ပူပန်မှုတွေ၊ ဝမ်းနည်းမှုတွေ ခံစားရတာဟာ လုံးဝပုံမှန်ပါပဲဆိုတာ သိထားပေးပါနော် မင်းပေးအပ်ခဲ့တဲ့ မေတ္တာတွေအပေါ် မျှော်လင့်ချက်ကို လျှော့ချဖို့ ကြိုးစားကြည့်ပါ ဒါဟာမလွယ်ကူဘူးဆိုတာ ငါနားလည်ပင်မယ့် မင်းရဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ချပေးနိုင်မယ်ဆိုရင် ကြိုးစားကြည့်ဖို့ ထိုက်တန်တာပဲ မဟုတ်လား

ဒီလိုနူးညံ့တဲ့ နှလူံးသားလေးဟာ အထီးကျန်ဆန်နိုင်တဲ့အတွက် ခက်ခဲလာတိုင်း ကိုယ့်ကိုယ်ကို သစ္စာမဖောက်ပဲ ညှင်သာစွာ ပွေ့ဖက်ထားပေးပါနော်..။

- B
Oct/15

Finding Peace Amidst Challenges "အခက်အခဲများကြားမှ ငြိမ်သက်မှုကို ရှာဖွေခြင်း"  ​ဘဝရဲ့ အခက်အခဲဆုံးသော အချိန်တွေကို ငြိမ်...
14/10/2025

Finding Peace Amidst Challenges
"အခက်အခဲများကြားမှ ငြိမ်သက်မှုကို ရှာဖွေခြင်း"

​ဘဝရဲ့ အခက်အခဲဆုံးသော အချိန်တွေကို ငြိမ်းချမ်းစွာ ဖြတ်သန်းနိုင်ဖို့ အကောင်းဆုံး နည်းလမ်းကတရားထိုင်ခြင်း (Meditation) ပဲ တရားထိုင်တယ်ဆိုတဲ့လုပ်ငန်းစဉ်ဆိုတာ ဘာသာရေးနောက်ခံ၊ ယုံကြည်မှုမရှိသူတွေအတွက်ပါ အလွယ်တကူ လေ့ကျင့်နိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ လုပ်ငန်းစဉ်တစ်ခုပဲ

The Benefits of Observing
"ဝင်လေထွက်လေ မှတ်သားခြင်း၏ အကျိုးကျေးဇူး"

​တရားထိုင်ခြင်းရဲ့ အခြေခံအကျဆုံး လုပ်ရပ်က ဝင်လေထွက်လေကို သတိပြု မှတ်သားခြင်းပဲ ဖြစ်ပါတယ်။အဲ့လိုအသက်ရှူမှုကို သတိနဲ့ စောင့်ကြည့်မှတ်သားခြင်းက၊ ဖြစ်ပေါ်လာတဲ့ အရာမှန်သမျှဟာ ဖြစ်ပြီးလျှင် ပျက်ရမယ်၊ ပျက်ပြီးလျှင် ပြန်ဖြစ်ရမယ်ဆိုတဲ့ မတည်မြဲခြင်း ရဲ့ လောကနိယာမကို လက်တွေ့ကျကျ မြင်တွေ့လာရစေတယ်

The Meaning of Letting Go
"လွှတ်ချလိုက်ခြင်းရဲ့ အနက်အဓိပ္ပာယ်"

ဒီအသိတရား တခုက ဘဝအခြေအနေများနှင့် တိုက်ရိုက်အချိုးကျနေပါတယ် ​တရားထိုင်တဲ့အချိန်မှာ လေကို လွှတ်ချလိုက်ရတဲ့ ထွက်သက် ဟာ မည်သည့်အရာကိုမှ ဆုပ်ကိုင်မထားခြင်းကို ကိုယ်စားပြုပါတယ်။ လက်တွေ့ဘဝမှာ ကြုံတွေ့ရသော အခက်အခဲတွေ၊ ရှုံးနိမ့်မှုတွေ စိတ်ပျက်အားငယ်မှုတွေနဲ့ ဝမ်းနည်းပူဆွေးမှုများသည်လည်း ထွက်သက်လိုမျိုး ခဏတာမျှသာ တည်ရှိပြီး ပျက်စီးချုပ်ငြိမ်းသွားနိုင်သည့် သဘောရှိတာကို နက်နက်နဲနဲ နားလည်သဘောပေါက်လာပါလိမ့်မယ်

အဲ့လို ဝင်လေထွက်လေကို မှတ်သားသကဲ့သို့ပင်၊ ဘဝထဲ ဝင်ရောက်လာသော ကောင်းသော၊ ဆိုးသော ခံစားချက်များ ကိုလည်း မပိတ်ပင်ဘဲ ဝင်ခွင့်ပေးလိုက်ပါ ဧည့်သည်တွေဆက်ဆံပြီး သူတို့ရဲ့ သဘောအတိုင်း ပြန်ထွက်သွားခွင့်ပြုလိုက်ပါ အဲ့လို လေ့ကျင့်နိုင်သွားတဲ့အခါ ဘဝ၏ မတည်ငြိမ်တဲ့ အခြေအနေတွေကြားမှာတောင် ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ခြေလှမ်းတွေက အမြဲတမ်း ငြိမ်သက်တည်ကြည်နေမှာ ဖြစ်ပါတယ်။

Becoming Your Own Refuge
"​မိမိကိုယ်ကို အားကိုးရာ ဖြစ်လာခြင်း"

​ပျော်ရွှင်စရာ ကြုံလာလျှင် မထိန်းချူပ်ပဲ ပျော်ရွှင်လိုက်ပါ၊ ဝမ်းနည်းစရာကြုံလာလျှင်လည်း မထိန်းချူပ်ပဲ ငိုကြွေးလိုက်ပါ။ ခံစားချက်အားလုံးက ခဏတာလာလည်ကြတဲ့ဧည့်သည်‌တွေသာ ဖြစ်ကြောင်း လက်ခံလာနိုင်သည့်အချိန်ကစပြီး၊ မိမိကိုယ်တိုင်မှလွဲပြီး ပြင်ပမှ ဘယ်အရာကမှ ကိုယ့်ကို အမှန်တကယ် ဆင်းရဲဒုက္ခပေးနိုင်ခြင်းမရှိကြောင်းကို အပြီးအပိုင် နားလည်သွားပါလိမ့်မယ်

တည်ငြိမ်နေသော စိတ်၏ ရှေ့မှောက် စကြာဝဠာတခုလုံးအရူံးပေးရသကဲ့သို့ သင့်ဘဝ၏ အရှင်သခင်မှာလဲ သင်ကိုယ်တိုင်သာ ဖြစ်လာပါလိမ့်မယ်..။

- B
Oct/14

တစ်နေ့မှာ မင်းဟာ ရေတောင် မကူးတတ်ဘဲနဲ့ သမုဒ္ဒရာထဲကနေ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ဆွဲထုတ်ခဲ့ရကြောင်း လူတွေကို ပြန်ပြောပြနိုင်လ...
09/10/2025

တစ်နေ့မှာ မင်းဟာ ရေတောင် မကူးတတ်ဘဲနဲ့ သမုဒ္ဒရာထဲကနေ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ဆွဲထုတ်ခဲ့ရကြောင်း လူတွေကို ပြန်ပြောပြနိုင်လိမ့်မယ် ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အရှုံးပေးဖို့ လုံးဝ စိတ်မကူးလိုက်ပါနဲ့..။

- B
Oct/9

06/10/2025

တခါတလေ ဘဝကို လက်မြှောက်အရူံးပေးချင်နေတဲ့ အချိန်တွေမှာ "ငါဒီတကြိမ် ဒီတခါတော့ ရအောင်ထကြည့်သင့်တယ် ထင်တယ်" ဆိုတဲ့ မျှော်လင့်ချက် တပိုင်းတစလေးကလည်း ကိုယ်လိုအပ်နေတဲ့ ဘဝရဲ့ အပြောင်းအလဲ တခုဖြစ်သွားနိုင်တယ်

ကမ္ဘာမှာ လူတွေသက်မှတ်ထားတဲ့ အံ့ဖွယ်ဆိုတာ ၇ခုပဲရှိပင်မယ့်၊ လူတွေရဲ့ ကိုယ်တွင်းမှာတော့ ပင်ကိုယ်အစွမ်းအစ‌တွေနဲ့၊ အဆုံးအစမဲ့ ဖြစ်နိုင်‌ချေတွေဟာ မရေတွက်နိုင်လောက်အောင် ကိမ်းအောင်းနေပါတယ်

ကံသည် အလုပ်ဆိုတာကို သိသွားတဲ့အချိန်ကစပြီး
ကိုယ့်ဘက်က အခက်မသင့်လို့ ရူံးသွားနိုင်တာကိုသိနေရင်တောင် အခါခါကြိုးစားလို့ နိုင်သွားနိုင်တာကိုလည်း သတိရဖို့လိုပါတယ်..။

- B
Oct/6th

ကျွန်တော်ဟာ သိပ်ကိုရိုးရှင်းပြီး တကိုယ်ကောင်းဆန်တဲ့ လူတယောက်ပါ ပူဆွေးစရာရှိရင် တယောက်ထဲ ပူဆွေးမယ် ပျော်စရာတွေဆိုရင်‌တော့...
03/10/2025

ကျွန်တော်ဟာ သိပ်ကိုရိုးရှင်းပြီး တကိုယ်ကောင်းဆန်တဲ့ လူတယောက်ပါ ပူဆွေးစရာရှိရင် တယောက်ထဲ ပူဆွေးမယ် ပျော်စရာတွေဆိုရင်‌တော့ အတူ ရီ"မော" နေလိုက်ချင်တဲ့လူမျိုးပေါ့

နေ့ဘက်တွေမှာ စိတ်ပင်ပန်းလဲ ဘာမှမဖြစ်သလိုနေနိုင်ပင်မယ့် ညတွေရဲ့ တိတ်ဆိတ်ခြင်းတွေကိုတော့ ကျွန်တော်တကယ်အသားမကျသေးတာ အမှန်ပါ အဲ့အတွက်ကြောင့် မျက်လုံးပိတ်သွားမှာကိုပင် စိုးရိမ်မိပါတယ်..။

- B
Oct/3

ဤကမ္ဘာရဲ့ ခနတာ လာလည်‌သော ဧည့်သည်တွေထဲမှ အညတရ လူတယောက်အဖြစ် ကျွန်တော် ရိုးသားစွာ ဝန်ခံနိုင်သည်မှာ ဒီဘဝ၊ ဒီအချိန်အထိ ဘယ်သူ...
23/09/2025

ဤကမ္ဘာရဲ့ ခနတာ လာလည်‌သော ဧည့်သည်တွေထဲမှ အညတရ လူတယောက်အဖြစ် ကျွန်တော် ရိုးသားစွာ ဝန်ခံနိုင်သည်မှာ ဒီဘဝ၊ ဒီအချိန်အထိ ဘယ်သူ့အပေါ်မှ ကျောမပေးခဲ့ခြင်းသာဖြစ်ပါတယ် ဤသည်ကား မလုပ်နိုင်ခဲ့၍မဟုတ်ပဲ၊ မလုပ်ရက်ခဲ့လို့သာ ဖြစ်ခဲ့တယ်

ခံစားတတ်သော နှလုံးသားတို့ဟူသည် ရက်စက်ကြမ်းတမ်းခြင်းတို့မှ ကာကွယ်ပေးတတ်ကြပြီး ကိုယ်ချင်းစာစိတ်ထားတတ်အောင် သင်ပေးကြသော်ငြားလည်း ကိုယ့်ကိုယ်ကို ချစ်တတ်ခြင်းမှ မရှိဘူးဆိုရင်၊ ဒီနှလုံးသားဟာ အသွားနှစ်ဖက်ပါတဲ့ ဓားသွားလို တစ်သက်တာ နာကျင်စေမယ့် ဒဏ်ရာတွေသာ ထားခဲ့ကြပါလိမ့်မယ်

ကိုယ့်ပုံစံအစစ်အမှန်လေးကိုမှ မေ့လျော့ပြီး မုန်းသွားအောင် လုပ်ဖို့ အမြဲကြိုးစားနေတတ်တဲ့ ကမ္ဘာမှာ ကိုယ့်ကိုယ်ကိုချစ်တတ်‌အောင်ကြိုးစားပါ၊ သိမ်မွေ့ပါ၊ ကမ္ဘာကြီးက လိုအပ်နေတဲ့ ချစ်ခြင်းမေတ္တာဖြစ်ပေးပါ လောကနိယာမအလိုက် ဘယ်အရာမှ ကိုယ့်အနားမှာအမြဲမနေတတ်ကြသော်ငြားလည်း ကိုယ့်အတွက်ကိုလဲ မျက်နှာမလှည့်သွားပါနဲ့..။

- B
Sept/23

ဘဝရဲ့ အစစ်အမှန် ချမ်းသာမှုလူအများစုက ဘဝရဲ့ချမ်းသာခြင်းကို ငွေကြေး၊ ဂုဏ်သိက္ခာ၊ ရာထူး တွေနဲ့ တိုင်းတာတတ်ကြပေမယ့် ဘဝရဲ့အစစ...
18/09/2025

ဘဝရဲ့ အစစ်အမှန် ချမ်းသာမှု
လူအများစုက ဘဝရဲ့ချမ်းသာခြင်းကို ငွေကြေး၊ ဂုဏ်သိက္ခာ၊ ရာထူး တွေနဲ့ တိုင်းတာတတ်ကြပေမယ့် ဘဝရဲ့အစစ်အမှန် ချမ်းသာခြင်းဆိုတာ ကိုယ်ချစ်ရတဲ့သူတွေ ပျော်နေတဲ့အခါ မြင်ရတဲ့ သူတို့ရဲ့အပြုံးလေးတွေ၊ ကိုယ်စားချင်တဲ့မုန့်လေးစားရင်း မသိစိတ်က ကနေမိတဲ့ "Happy Dance" လေးတွေနဲ့ ကိုယ်လိုချင်တဲ့ပစ္စည်းလေးကို ပိုက်ဆံစုပြီး ဝယ်လိုက်နိုင်တဲ့အချိန်တွေမှာ ခံစားရတဲ့ ပီတိလေးတွေနဲ့ပဲ ဖွဲ့စည်းထားတာပါ။ အဲ့ဒီခံစားချက်တွေဟာ ငွေကြေးနဲ့ လဲလှယ်လို့ မရနိုင်တဲ့ အဖိုးတန်ရတနာတွေပါ။

လောကကြီးကို ချစ်တတ်ဖို့ဆိုတာ ဂရုစိုက်တတ်ခြင်းနဲ့ အမြဲစတင်ပါတယ်။ ကိုယ်တန်ဖိုးထားရတဲ့ အရာတွေကို အလေးထားတဲ့စိတ်နဲ့ ကြည့်လိုက်တဲ့အခါတိုင်း အချိန်တွေဟာ ပိုပြီးနှေးကွေး၊ ပိုပြီးလှပလာတယ်လို့ ခံစားရလိမ့်မယ်။ အဲ့ဒီလိုမျိုး ခံစားရတဲ့အခါ သူတို့ကိုပါ ပိုပြီးတန်ဖိုးထားလာမိပါတယ်။ ရိုးရှင်းတဲ့ဒီလို အရာလေးတွေကို တန်ဖိုးထားတတ်လာတာဟာ ဘဝရဲ့ ချမ်းသာခြင်းကို ရရှိနေတာပါပဲ။

- B
Sept/18

မင်းကလူတိုင်းအပေါ်မှာ နားလည်မှုတွေပေးတယ် မင်းကော နားလည်မှုနဲ့ ထိုက်တန်တယ် မထင်မိဘူးလားတဲ့ဟုတ်ကဲ့၊ ကျွန်တော်မထင်ပါဘူး လူတ...
15/09/2025

မင်းကလူတိုင်းအပေါ်မှာ နားလည်မှုတွေပေးတယ် မင်းကော နားလည်မှုနဲ့ ထိုက်တန်တယ် မထင်မိဘူးလားတဲ့

ဟုတ်ကဲ့၊ ကျွန်တော်မထင်ပါဘူး လူတိုင်းက ကြီးပြင်းလာခဲ့တဲ့ ပတ်ဝန်းကျင်‌တွေမတူကြတော့ မထင်မိဘူးလို့ပဲ ဖြေဖြစ်မှာပါ၊ နောက်ဆုံးကြရင် ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ဘဝကို ဘယ်သူ့အပေါ်မှအပြစ်ပုံမချပဲ ကိုယ့်ရဲ့ ပုံစံအစစ်ကို နားလည်လက်ခံနိုင်တဲ့သူအနားမှာ ရှိနေခြင်းကသာ မင်္ဂလာတပါးဖြစ်လာတာပါ

လူတိုင်းမှာ စိတ်ဒဏ်ရာကိုယ်စီရှိကြပါတယ်၊ ဒါပေမယ့် စိတ်ဒဏ်ရာတွေသည် လက်ဆင့်ကမ်းဖို့ မလိုအပ်ဘူး၊ အဲ့တာ‌ကြောင့် သူများအပေါ်မှာ ကိုယ့်လုပ်ရပ်တွေ မှားယွင်းခဲ့သည်ရှိသော် စိတ်ဒဏ်ရာကို အကြိမ်ကြိမ်ပုံမချနေပဲ ကိုယ်‌လုပ်ရပ်တွေအတွက် သံသရာမထပ်အောင် မနေသင့်ဘူးလား

ဒီကမ္ဘာမှာ လှပတဲ့ အရာတွေထပ်မတိုးလာနိုင်တော့ရင်တောင် ပိုပြီးမဆိုးရွားသွားဖို့တော့ ကျွန်တော်တို့ ကြိုးစားသင့်ပါတယ်..။

- B
Sept/15

လောကမှာ အကြီးမားဆုံးက မေတ္တာလို့ ငါ့ကိုလူတယောက်ပြောခဲ့ဖူးတယ် မေတ္တာတရားက အရမ်းလှပတဲ့ စွမ်းအင်တခုလို ဘာလိုချင်တောင်းတမှုမ...
02/09/2025

လောကမှာ အကြီးမားဆုံးက မေတ္တာလို့ ငါ့ကိုလူတယောက်ပြောခဲ့ဖူးတယ် မေတ္တာတရားက အရမ်းလှပတဲ့ စွမ်းအင်တခုလို ဘာလိုချင်တောင်းတမှုမှမရှိတဲ့ ကိုယ်ချင်းစာတရားလေးတခုပါ။

စိတ်ဧ။်ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပါစေဆိုတဲ့ စကားလေးတခွန်းနဲ့တင် စကြာဝဠာတခုလုံးကို ပြန့်နှံ့နိုင်စွမ်းရှိတယ်တဲ့။

ငါဝမ်းမနည်းချင်ဘူးဆိုတဲ့ စိတ်ရဲ့တောင်းတမှုကြောင့်
မင်းသူတို့အဆင်ပြေတာလေးကို မြင်ချင်တယ်
ဒါဟာ ဘယ်လောက်တောင် လှပလိုက်သလဲ..။

- B
Sep/3rd

ငါထင်တယ် အခုနောက်ပိုင်း လူ့အသိုင်းအဝိုင်းနဲ့ တဖြည်းဖြည်းဝေးကွာလာချင်းက ဖိအားပေးပြီး ရှေ့ဆက်ရတဲ့ အရာတွေဆိုရင် လက်လွှတ်ချင...
01/09/2025

ငါထင်တယ် အခုနောက်ပိုင်း လူ့အသိုင်းအဝိုင်းနဲ့ တဖြည်းဖြည်းဝေးကွာလာချင်းက ဖိအားပေးပြီး ရှေ့ဆက်ရတဲ့ အရာတွေဆိုရင် လက်လွှတ်ချင်လာလို့ပဲ

ဘယ်သူ့စီက အထင်အမြင်မှဂရုမစိုက်‌တော့တဲ့အခါ စိတ်က တကယ်လွတ်လပ်ပေါ့ပါးသွားလိမ့်မယ် ပျော်ရွှင်မှုဆိုတာ တခြားသူတွေရဲ့လက်ထဲမှာ မဟုတ်ဘဲ ကိုယ့်ရဲ့ ရင်ထဲမှာပဲရှိနေတယ်ဆိုတာကို သိလိုက်ရသလိုမျိုးပေါ့..။

- B
Sep/1st

တယောက်ယောက်က မင်းကောဘယ်လိုရှင်သန်ချင်လဲလို့ မေးလာခဲ့ရင် တသက်လုံးရှင်သန်ချင်တယ်လို့ ဖြေမိမယ်ထင်တယ် ခန္တာကိုယ်ကတော့ ဟုတ်တာ...
25/08/2025

တယောက်ယောက်က မင်းကောဘယ်လိုရှင်သန်ချင်လဲလို့ မေးလာခဲ့ရင် တသက်လုံးရှင်သန်ချင်တယ်လို့ ဖြေမိမယ်ထင်တယ် ခန္တာကိုယ်ကတော့ ဟုတ်တာပေါ့ ဘယ်တည်မြဲပါ့မလဲလေနော်

ဒါပေမယ့် CoCo ထဲက "Remember me" ဆိုတဲ့သီချင်းထဲမှာပြောထားတာလေးတခုရှိတယ် တစုံတယောက်ကမင်းကို မှတ်မိနေသရွေ့ သေဆုံးပြီးနောက်မှာတောင် မင်းရဲ့စိတ်ဝိညာဉ်လေးကတော့ ထိုသူတို့ရဲ့ နှလုံးသားမှာ ဆက်ပြီးရှင်သန်နိုင်ပါသေးတယ်တဲ့

ကိုယ်ချစ်ခင်ရတဲ့ သူတွေ၊ ဂရုစိုက်ရတဲ့သူတွေနဲ့၊ ဒီကမ္ဘာမြေပေါ်က တစုံတယောက်ပင် ဖြစ်‌ခဲ့သည်ရှိသော် ကိုယ်ပြုမူလိုက်မိတဲ့ ကြင်နာမှုလေးတခုကြောင့် သူတို့ရင်ထဲမှာ အမြဲရှင်သန်ခဲ့လိမ့်မယ်ဆိုတာလေးက အမြဲတမ်း ငါ့အဖြေဖြစ်နေမှာပါ..။

- B
Aug/25

Address


Telephone

+959966388947

Website

Alerts

Be the first to know and let us send you an email when I rest where ruins grow posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share