I rest where ruins grow

  • Home
  • I rest where ruins grow

I rest where ruins grow Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from I rest where ruins grow, Digital creator, .

What is Functional Grief?Functional grief ဆိုတာ နာကျင်မှုကိုရင်ဝယ်ပိုက်ပြီး ဘဝကို ရှေ့ဆက်လျှောက်ခြင်းဖြစ်ပြီး ဘဝရဲ့ အဆင်...
23/12/2025

What is Functional Grief?

Functional grief ဆိုတာ နာကျင်မှုကိုရင်ဝယ်ပိုက်ပြီး ဘဝကို ရှေ့ဆက်လျှောက်ခြင်းဖြစ်ပြီး ဘဝရဲ့ အဆင်မ‌ပြေဖြစ်မှုတွေ၊ ဝမ်းနည်းမှုတွေကို အပြည့်အဝ ခံစားနေရပေမယ့် တစ်ဖက်မှာလည်း နေ့စဉ်ဘဝရဲ့ လုပ်ငန်းဆောင်တာတွေကို ပုံမှန်အတိုင်း လုပ်ဆောင်နိုင်ခြင်း၊ ဆုံးဖြတ်ချက်ချနိုင်ခြင်းနဲ့ ဘဝကို ရှေ့ဆက်နိုင်ခြင်းတွေကို ဆိုလိုပါတယ်

ဒါဟာ ဝမ်းနည်းမှုကို ရင်ဝယ်ပိုက်ထားပေမယ့် အဲ့ဒီဝမ်းနည်းမှုကြောင့် ဘဝကြီး ရပ်တန့်မသွားအောင် ထိန်းကျောင်းနိုင်တဲ့ စွမ်းရည်တမျိုးပဲဖြစ်ပါတယ် ဒီလိုလူမျိုးတွေအများစုဟာ ဆုံးရူံးမှုကိုလည်း လက်ခံထားနိုင်ကြတယ် နာကျင်မှုတွေနဲ့လည်း အတူယှဉ်တွဲနေထိုင်တတ်ကြတယ် သူတို့အတွက် ဝမ်းနည်းမှုက ကားမောင်းသူ မဟုတ်တော့ဘဲ ဘေးက လိုက်ပါစီးနင်းသူ (Passenger) အဖြစ်ပဲ ရှိနေတော့တာပါ

Functional grief ရှိသူတွေဟာ လူရှေ့မှာ တည်ငြိမ်နေပေမယ့် ကွယ်ရာမှာ ရှိုက်ကြီးတငင် ငိုကြွေးတတ်ပါတယ်
ဝမ်းနည်းနေပေမယ့် အတွေးထဲမှာ မနစ်မွန်းတတ်ကြဘူးဆုံးရှုံးမှုအကြောင်းကို စိတ်မထိခိုက်ဘဲ ပြောပြနိုင်တယ် နေ့စဉ်လုပ်ငန်းဆောင်တာတွေကို မပျက်မကွက် လုပ်နိုင်ကြပါတယ်

သူတို့ဟာ

Emotional Regulation - စိတ်ခံစားမှုကို ထိန်းညှိခြင်း ပြင်းထန်တဲ့ ခံစားချက်တွေ အလွန်အမင်း ဝါးမျိုတာမခံရအောင် ထိန်းညှိနိုင်ကြတယ်

Cognitive Integration - သိမြင်မှုဆိုင်ရာ ပေါင်းစပ်ခြင်း ဖြစ်ပြီးခဲ့တာက နာကျင်စရာကောင်းတယ်၊ ဒါပေမဲ့ ဒါဟာ တကယ့်အရှိတရားပဲဆိုပြီး လက်ခံနိုင်ရှိကြတယ်

Compartmentalization - အခန်းကန့်ထားခြင်း
တနေ့တာ အလုပ်လုပ်ချိန်မှာ‌တော့ ဝမ်းနည်းမှုကို ခေတ္တခနဘေးဖယ်ထားတတ်ကြပြီး အားလပ်တဲ့အချိန်မှ ပြန်လည်ခံစားတတ်ကြတယ် (ဒါက ခံစားချက်တွေကို ဖိနှိပ်ထားခြင်းမဟုတ်ဘဲ အချိန်ခွဲခြားထားခြင်းသာ ဖြစ်ပါတယ်)

ဒါဆိုရင် လူတချို့ကဘာကြောင့် ဒီလိုဖြစ်လာရသလဲ
Functional Grief ရှိသူအများစုဟာ ဒီလိုနေထိုင်မှုကို ရွေးချယ်သင်ယူတတ်ကြတာမဟုတ်ပဲ ကြီးပြင်းလာတဲ့ပတ်ဝန်းကျင်ကြောင့် ဖြစ်တတ်ပါတယ်

- ဆုံးရှုံးမှုတွေကြားကပဲ
အားတင်းပြီးရှေ့ဆက်ခဲ့ရသူတွေ
- ငယ်စဉ်ကတည်းက စိတ်ပိုင်းဆိုင်ရာအရ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးခဲ့ရသူတွေ
- "ငါပြိုလဲလို့မရဘူး" ဆိုတဲ့ အခြေအနေမျိုးမှာ အကြိမ်ပေါင်းများစွာ နေခဲ့ရသူတွေစီမှာ ဒီလို ပုံစံမျိုး တွေ့ရတတ်ပါတယ်

Functional Grief ရဲ့နောက်မှာ ပေးဆပ်ရတဲ့ Hidden Cost တွေ‌လည်းရှိပါတယ် သူတို့ဟာအပြင်ပန်းမှာ ကြံ့ခိုင်တယ်လို့ထင်ရပင်မယ့် နောက်မှ တသီတတန်းကြီး ပြိုလဲသွားနိုင်ပြီး လူတွေနဲ့ စိတ်ချင်းဝေးကွာလာနိုင်တယ် နာကျင်မှု‌ တွေကို ဦးနှောက်နဲ့ပဲ ခွဲခြမ်းစိတ်ဖြာပြီး နှလုံးသားနဲ့ အမှန်တကယ် မခံစားတတ်တော့ကြဘူး

Functional Grief ဆိုတာ နာကျင်မှု မရှိတော့တာမျိုး မဟုတ်ဘူး နာကျင်နေလျက်နဲ့ ရှင်သန်နိုင်အောင် ကြိုးစားတဲ့ "နည်းလမ်း" တစ်ခုသာ ဖြစ်ပါတယ် အချို့က ဆုံးရှုံးမှုအောက်မှာ ပြိုလဲသွားကြတယ်၊ အချို့ကတော့ အဲ့ဒီဆုံးရှုံးမှုကို ပိုက်ပွေ့ပြီး လမ်းလျှောက်တတ်အောင် သင်ယူကြတယ် နှစ်ခုလုံးဟာ လူသားဆန်တဲ့ နာကျင်မှုတွေဖြစ်ပြီး
ခံစားချက်တွေစီကနေ ရှောင်ပြေးမယ့်အစား သူတို့ကိုရဲရဲရင့်ရင့် ရင်ဆိုင်ပြီး သင်ယူသင့်စရာသင်ယူ၊ ထားခဲ့သင့်တာထားခဲ့ပြီး ရှေ့ဆက်နိုင်ခြင်းသာ အဓိကကျပါတော့တယ်

21/12/2025

In life when things get tough, you need to have happy memories to carry it through.

21/12/2025

If I ever vanish from your life, when the corner table stayed empty and my bad jokes never came back please remember this, I stayed until I had nothing left to give.

Icarus ဟာနေမင်းကြီးရှိရာ အမြင့်ဆုံးထိရောက်အောင်  ပျံသန်းခဲ့ပါတယ် သူ့သားအတွက် အတောင်ံပံတွေကို ဆက်‌ပေးခဲ့တဲ့ အေကရပ် အဖေက  ...
17/12/2025

Icarus ဟာနေမင်းကြီးရှိရာ
အမြင့်ဆုံးထိရောက်အောင် ပျံသန်းခဲ့ပါတယ်

သူ့သားအတွက် အတောင်ံပံတွေကို ဆက်‌ပေးခဲ့တဲ့ အေကရပ် အဖေက သူ့ကိုနိုမ့်နိုမ့်လည်း မပျံပါနဲ့ ပင်လယ်ရေပြင်က ရေငွေ့တွေကြောင့် အတောင်ပံလေးလံပြီး ရေထဲကျဆင်းသွားနိုင်တယ်

မြင့်မြင့်လည်းမပျံပါနဲ့ နေမင်းကြီးရဲ့ အပူရှိန်ကြောင့် တောင်ပံကိုဆက်ထားတဲ့ ဖယောင်းတွေ အရည်ပျော်သွားနိုင်တယ်ဆိုပြီး သတိပေးခဲ့ပါတယ်

အေကရပ်ကတော့ ကောင်းကင်မှာပျံသန်းရတဲ့ ပျော်ရွှင်စိတ်ကြည်နူးမှုတွေထဲမှာ နစ်မျောခဲ့တာကြောင့် အဖေဖြစ်သူရဲ့ သတိပေးချက်ကိုပါ မေ့ပြီး သူ့ရဲ့စိတ်အားထက်သန်တဲ့ ရည်မှန်းချက်ကြီးမှုကြောင့် နေမင်းကြီးစီ ပို၍မြင့်သထက် မြင့်အောင် ပျံတက်သွားခဲ့တယ်

နေနဲ့ နီးကပ်လာပြီး သိပ်မကြာခင်မှာပဲ ပြင်းထန်တဲ့ အပူရှိန်တွေ ဖြာထွက်မှုတွေကြောင့် တောင်ပံ‌တွေကို ချိတ်ဆက်ပေးထားတဲ့ ပျားဖယောင်းတွေ အရည်ပျော်လာတယ် ဖယောင်းတွေမရှိတော့တဲ့အခါမှာ အမွှေးတွေပါ တခုပြီးတခု တဖြေးဖြေးကျွတ်လာခဲ့တယ် သိပ်မကြာခင်မှာ သူလဲ ကောင်းကင်ယံကနေ ပြုတ်ကျခဲ့ပါတယ်

အေကရပ်လဲ သူကျဆုံးမယ်ဆိုတာကို သိခဲ့တာတောင်ပြုတ်ကျနေစဉ် ကာလအတွင်း ဝမ်းနည်းကြောင့်ကြပြီး နောင်တရသော အမူအယာများမရှိခဲ့ဘူး ကြောက်ရွံ့ပြီးသူမအော်ဟစ်ခဲ့ဘူး ‌သူ့လုပ်ရပ်ကြောင့်လဲ နောင်တမရခဲ့ပါဘူး အဲ့အစား သူမျက်နှာတခုလုံး ပြုံးရွှင်ကာ ရယ်မောနေခဲ့တယ်

အကြောင်းမှာ သူမသေဆုံးမှီ အချိန်ခဏအတွင်း ဘယ်လူသားမှ မရောက်ဖူးသေးတဲ့ အရပ်သို့ ရောက်ရှိခဲ့တဲ့အတွက် သူရဲ့ရယ်မောသံမှာလဲ "ငါ့ဘဝရဲ့ နောက်ဆုံးအချိန်မှာ ငါဖြစ်ချင်တာကို အစွမ်းကုန် လုပ်သွားနိုင်ခဲ့ပြီ" ဆိုတဲ့ ကျေနပ်မှုတွေကို ဖော်ပြနေခဲ့တယ်

အဲ့ရယ်မောသံတွေက ကံကြမ္မာကို လှောင်ပြောင်ခြင်းဖြစ်ခဲ့တယ် ကြောက်ရွံ့ပြီး အောဟစ်နေမည့်အစား သူ၏ ပျက်စီးခြင်းကို ပြုံးပြုံးကြီး တိုးဝှေ့ပြီး ရင်ဆိုင်ခဲ့ပါတယ်

လူအများစုက ကျရှုံးခြင်းကိုသာ ကြည့်တတ်ကြသော်လည်း Icarus မှာက‌တော့ ဘဝမှာ တခါပဲ ပိုင်ဆိုင်ခွင့်ရှိတဲ့ "လွတ်လပ်မှု" ကိုသာ သူတန်ဖိုးထားခဲ့ပါတယ် နေမင်းကြီးနှင့် နီးကပ်စွာ ပျံသန်းခွင့်ရခဲ့သည့် အခိုက်အတန့်က သူရဲ့ အသက်ရှင်ခြင်းထက် ပိုပြီးတန်ဖိုးရှိတယ်လို့ ခံစားခဲ့ရတယ် ဒါကြောင့် သူကျရှုံးသွားခဲ့ချိန်မှာတောင် ကိုယ့်ရဲ့ ရည်မှန်းချက်နောက်ကို အစွမ်းကုန် လိုက်ခဲ့ရတဲ့အတွက် နောင်တမရဘဲ ဂုဏ်ယူခဲ့တယ်

နောက်ဆုံမှာ Icarus လဲသူကျဆုံးနေစဉ်အတွင်း ရယ်မောနေခဲ့ပါတယ်၊ အဘယ်ကြောင့်ဆိုသော် ကျဆုံးခြင်းဟူသည်ကား တစ်ချိန်က အမြင့်ဆုံးသို့ ပျံသန်းဖူးခဲ့ခြင်းရဲ့သက်သေ ဖြစ်ခဲ့ပါတယ်

အေကရပ်ကဲ့သို့ ကျွန်တော်တို့သည်လည်း သူ့ကိုအတုယူသင့်ပါတယ် အဲ့တာကြောင့် လမင်းကြီးကို ရည်မှန်းပြီး ပစ်လွှတ်လိုက်ပါ၊ အကယ်၍ မင်း လွဲချော်သွားခဲ့ရင်တောင် ကြယ်တာရာတွေကြားမှာ ဆင်းသက်နားခိုခွင့် ရပါလိမ့်မယ်..။

"Icarus laugh as he fell for he knew that to fall is to once have soared"

22/11/2025

စိတ်ပျက်စရာကောင်းတဲ့ ဒီကမ္ဘာကြီးမှာ ပျော်ရွှင်မှုကို ကိုယ်တိုင် ကြိုးစားရှာဖွေ ဖန်တီးယူကြရတာပဲ။
အသက်ရှင်သန်နေဖို့အတွက် လုံလောက်တဲ့ အားအင်တစ်စုံတစ်ရာ မဆုံးရှုံးရပါစေနဲ့လို့ပဲ ဆုတောင်းရင်း ရှေ့ကို ဆက်လျှောက်နေကြရသလိုပေါ့။
မဖြစ်စေချင်တာတွေ ဖြစ်လာလို့ အဲဒီကနေ သင်ခန်းစာယူရမယ်ဆိုတာ သိပေမဲ့၊ တခြားနည်းလမ်း ဖြစ်ခဲ့ရင်လဲငါတို့ ပြောင်းလဲနိုင်မယ့် အခွင့်အရေး ရှိနေတာပဲ
ဘာကြောင့် အရာအားလုံးဟာ နာကျင်ခြင်းနဲ့သာ စတင်ပြီးမှ သင်ခန်းစာဖြစ်လာရတာလဲ ဘယ်တော့မှနားမလည်ခဲ့ဘူး၊ လူတွေရဲ့အကြီးမားဆုံး ရန်သူက ဒေါသမဟုတ်ဘူး၊ မိုက်မဲခြင်းပဲ မသိလို့မှောင်မိုက်နေတဲ့အချိန်မှာ ဘဝ‌ရဲ့ အောက်ဆုံးကို ဇောက်ထိုးကျခြင်းကသာ ဒီအနာကိုမှတ်စေလိမ့်မယ်။

ဒါဆိုရင် ငါတို့ သိခဲ့ရင်ကော...။

Nov/22

ရင့်ကျက်လာပြီး နောက်ပိုင်းမှာ ကိုယ့်ဘဝရဲ့ ဖြစ်‌ကြောင်းကုန်စဉ် ဘယ်သူ့ကိုမှ လိုက်မရှင်းပြတော့ဘူး အဲ့လိုလိုက်ရှင်းပြလို့ ကု...
18/11/2025

ရင့်ကျက်လာပြီး နောက်ပိုင်းမှာ ကိုယ့်ဘဝရဲ့ ဖြစ်‌ကြောင်းကုန်စဉ် ဘယ်သူ့ကိုမှ လိုက်မရှင်းပြတော့ဘူး အဲ့လိုလိုက်ရှင်းပြလို့ ကုန်သွားမယ့် အားအင်တွေကို ကိုယ့်အပေါ်ပဲ အသုံးချလိုက်တယ် လစ်ဟင်းမှုလည်းမရှိတော့ဘူး စိတ်ချမ်းသာရတယ် အနည်းဆုံးတော့ နေ့တနေ့တာကုန်ဆုံးသွားရင် ပြေးကြည့်လို့ အနားမှာရှိပေးနိုင်တာလည်း ကိုယ်ပဲရှိတယ်လေ

မတည်မြဲတဲ့ ဘဝမှာ လူတွေဆိုတာ အချိန်မရွေး ကိုယ့်ဘဝထဲက ထွက်သွားနိုင်တယ်၊ ကိုယ်လည်းပဲ အဆင်မပြေရင် ထွက်သွားရတာပဲ ကိုယ့်ဘဝထဲက လူဟောင်းတွေထွက်သွားမယ်၊ လူသစ်တွေဝင်လာမယ် အလုပ်ဟောင်းတွေ ပြောင်းရတယ် အလုပ်သစ်တွေရလာတယ်

ကောင်းသည်၊ ဆိုးသည်မရှိ ဒီနိယာမကြီးက ကိုယ်ကြိုက်ကြိုက်မကြိုက်ကြိုက် လက်မခံလဲ နေကွာဆိုပြီး ဆက်လည်ပတ်နေအုန်းမှာပဲ ကိုယ်ကိုယ်တိုင်တောင် ကိုယ့်ကိုယ်ကို သစ္စာမ‌ေဖာက်မိဖို့၊ မထွက်သွားဖို့လိုပါတယ် ခန္တာကိုယ်ကဆန့်ကျင်တာတွေ လုပ်မိတဲ့အခါ၊ စားမိတဲ့အခါ၊ စိတ်က ကိုယ့်အတွက် မကောင်းတော့ဘူးဆိုတာ သတိပေးလျက်နဲ့ သိသိရက်ကို မှား‌မိတဲ့အခါတွေမှာ ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့က ပိုပြီးခဲယဉ်းလာတယ် ဘာလို့ဆို မကောင်းမှန်းလည်းသိတယ် ဆက်ပြီးလည်းလုပ်နေမိသလိုမျိုးပေါ့

အဲ့တာကြောင့် လူတွေ ဘဝထဲက ထွက်သွားမှာ၊ ကိုယ်ကလှည့်ထွက်ခဲ့ရမှာ‌တွေကို မကြောက်ပါနဲ့ ကိုယ်ကိုယ်တိုင်သာ ကိုယ့်ဘဝထဲက မထွက်သွားဖို့လိုပါတယ် လူတွေကိုယ့်အနားမှာ မရှိတော့မှာကို မစိုးရိမ်ပါနဲ့ ကိုယ့်ကိုယ်ကို အားကိုးတတ်ဖို့သာ ပိုအရေးကြီးပါတယ် နေ့တနေ့တာ ကုန်ဆုံးလို့ ပြေးကြည့်လိုက်ရင် ကိုယ့်မှာကိုယ်ပဲရှိတော့မှာပါ...။

- B
Nov/18

တကယ်တော့ ဆုံးရှုံးမှုဆိုတာ လူတွေရဲ့ လမ်းခရီးမှာ ဘယ်တော့မှ ရှောင်လွှဲမရတဲ့ အရိပ်တစ်ခုလိုပါပဲ သူပြန်ရောက်လာတိုင်း မနာကျင်အ...
12/11/2025

တကယ်တော့ ဆုံးရှုံးမှုဆိုတာ လူတွေရဲ့ လမ်းခရီးမှာ ဘယ်တော့မှ ရှောင်လွှဲမရတဲ့ အရိပ်တစ်ခုလိုပါပဲ သူပြန်ရောက်လာတိုင်း မနာကျင်အောင်၊ နှလုံးသားရဲ့ သတ္တိတွေကို ပြန်လည်စုစည်းရင်း ပြင်ဆင်နေရတာသာ ငါတို့ လုပ်နိုင်တဲ့ အရာပါ..။

- B
Nov/12th

09/11/2025

ဘဝမှာ ဘာ‌တွေပဲဖြစ်လာပါ‌စေ ရှေ့ဆက်ရမှာပဲဆိုတဲ့စကားလေးကသိပ်မှန်တယ် ကိုယ့်ဘက်ကစေတနာစိတ်ရင်းမှန်နဲ့ ကောင်းခဲ့သလောက် အဲ့လူတွေကပဲ သူတို့အလိုမကျတဲ့အခါ ကိုယ့်အပေါ်သစ္စာဖောက်လာလိမ့်မယ်၊ ကိုယ်ချစ်တဲ့သူတွေလဲ တနေ့မှာ ကိုယ့်ကိုထားသွားနိုင်တယ်၊ လူတွေဆိုတာလည်း ဘဝထဲကနေ အချိန်မရွေးထွက်သွားနိုင်ကြတာပဲ

အရာအားလုံးက အချိန်တခနအတွင်းမှာ ဖြစ်ပျက်နေကြတယ် ဒါတွေကို ကိုယ်လိုက်ထိန်းချူပ်လို့မရဘူး အဲ့အစားဖြစ်ခွင့်ပေးကြည့်လိုက်ပါ၊ သူတို့ငါ့ကိုဘယ်လိုထင်မလဲ ထင်ပါလိမ့်စေ ငါ့ကိုဘယ်လိုပြောကြမလဲ ပြောပါလိမ့်စေ

ပြောစရာတွေကုန်လို့ မောသွားရင် ရပ်သွားကြတာကြီးပဲ
သူတိူ့အထင်အမြင်နဲ့၊ အပြောတွေထဲမှာ ကိုယ့်ရဲ့ ပုံစံအစစ်အမှန်ဟာ မပြောင်းလဲသွာဖို့လိုတယ် ကိုယ့်ကိုသစ္စာဖောက်ကြလဲ မကောင်းတဲ့သူတွေ သူ့နည်းသူ့ဟန်နဲ့ထွက်သွားကြတာကြီးပဲ

အရာရာတိုင်းက ကောင်းဖို့ဖြစ်လာတယ်လို့ ခံယူရခက်သလောက် တကယ်တမ်း ဘဝပဲ့ကိုင်ရှင်ဖြစ်နေတဲ့ ကျွန်တော်တို့က ဒီအခြေအနေတွေမှာ အရှိကိုအရှိအတိုင်းလက်ခံပြီးသာ ကိုယ်ပျော်ရွှင်ရာလုပ်သင့်ပါတယ် ဘဝမှာကိုယ်ပျော်တာလေးမှ မလုပ်နိုင်ရင် ဘယ်အဖက်တင်ပါ့တော့မလဲ ကြီးကြီးမားမားကြီးဖြစ်စရာမလိုဘူး ပန်းပင်လေးရေလောင်းတာကအစ ကိုယ်ပျော်နေမယ်ဆိုရင် ဘယ်သူတွေကို ဂရုစိုက်စရာလိုအုန်းမှာလဲ

နေ့တနေ့တာရဲ့ နောက်ဆုံးမှာ လူတွေကသူတိူ့မှန်တယ်ထင်ရာကိုသာ လုပ်တတ်ကြတာကြောင့် သူတို့ကိုယ့်အပေါ်မှားယွင်းစွာဆက်ဆံခဲ့ရင်လဲ သူတို့ဘက်ကမှန်တယ်ထင်နေလို့သာ ဒီလိုလုပ်ရခြင်းဖြစ်တဲ့အတွက် ကိုယ်ကဘာကြောင့် ဂရုစိုက်နေစရာလိုသေးလဲ ကိုယ်လည်းကိုယ်မှန်တယ်ထင်ရာကို လုပ်ရုံပဲ အဲ့လိုလုပ်တဲ့အခါမှာလဲ ဒီလူသည် တဖက်လူကို ထိခိုက်စေလား မထိခိုက်စေလားတခုနဲ့တင် လူကောင်း၊ လူယုတ်ခွဲခြားနိုင်ပါသေးတယ်

ဘဝဟာ အခြားလူတွေရဲ့ အထင်မြင်တွေကို ဂရုစိုက်နေဖို့အတွက်အရမ်းတိုတောင်းလွန်းပါတယ် ကိုယ့်ရဲ့အချိန်တွေဟာ ဒါတွေကိုစိတ်ညစ်နေဖို့အတွက်မဟုတ်ဘူး မိသားစုဝန်တွေကို အချိန်ပေးဖို့၊ ကိုယ်ချစ်တဲ့အရာတွေအပေါ်အချိန်ပေးဖို့ပါ၊ ဒါ့‌ကြောင့် ပျော်ရာကိုလိုက်ရှာပါ ပျော်ရာကိုသာလုပ်ကြပါ ဘယ်သူ့ကိုမှ မထိခိုက်သရွေ့ ကိုယ်မှန်တယ်ထင်တဲ့အရာပေါ်မှာ မားမားမက်မက်ရပ်တည်ကြည့်ပါ..။

- b
Nov/9th

"ကမ္ဘာပေါ်မှာ အိပ်မက်တွေကို ဖျက်စီးပစ်တဲ့သူလောက် ရက်စက်တဲ့သူရှိလာမှာမဟုတ်ဘူး ဘာအကြောင်းကြောင့် လူတွေရဲ့ ရှင်သန်ခြင်းကိုမ...
08/11/2025

"ကမ္ဘာပေါ်မှာ အိပ်မက်တွေကို ဖျက်စီးပစ်တဲ့သူလောက် ရက်စက်တဲ့သူရှိလာမှာမဟုတ်ဘူး ဘာအကြောင်းကြောင့် လူတွေရဲ့ ရှင်သန်ခြင်းကိုမှ ဖျက်စီးပစ်ချင်ရတာလဲ

အိပ်မက်တွေ၊ ရည်မှန်းချက်တွေဆိုတာ မေ့ပစ်ဖို့ကောင်းတဲ့အရာတွေမဟုတ်ဘူး အဲ့အရာတွေက လူတွေကို အရူံးမပေးသင့်ကြောင်း သတိပေးနေတဲ့ အရာတွေပဲ"

ဖြစ်နိုင်တာ၊ မဖြစ်နိုင်တာတွေ တွေးဖို့မလိုအပ်ဘူး
လူတိုင်းမှာအကြီးမားဆုံး အိပ်မက်တွေမက်ပိုင်ခွင့်ရှိတယ်
ဒါဟာအခကြေးငွေ လုံးဝပေးစရာမလိုတဲ့ လွယ်ကူအရိုးရှင်းဆုံး Manifesting ပါ လူတိုင်းမှာ ဖြစ်ချင်တာကိုယ်စီရှိကြတယ် တချို့က ကြွယ်ဝချမ်းသာချင်ကြတယ် ပိုက်ဆံအတွက် စိတ်မပူရတဲ့ ဘဝမျိုးကို ပိုင်ဆိုင်ချင်ကြတယ် တချို့ကြတော့လည်း career တခုအပေါ်မှာ အသက်ကြီးသည်အထိ အခြေချချင်တယ်

အဲ့တာတွေကို တဆင့်ပြီး တဆင့် ပုံဖော်ပြီး အကြီးမားဆုံး အိပ်မက်တွေကို စမက်ကြည့်လိုက်၊ ဒါက လက်တွေ့အကောင်အထည် မဖော်ခိုင်းတာမဟုတ်ဘူး အိပ်ယာထဲ အိပ်မက်ပဲဆက်မက်နေဖို့ အားပေးနေတာမဟုတ်သလို စိတ်ဓါတ်ခွန်အား စာပေတွေလည်း လူံးဝမဟုတ်ပါဘူး အံ့ဩဖို့ကောင်းတဲ့ ကျွန်တော်တို့ရဲ့စိတ်အလုပ်လုပ်ပုံလေးတခုကို နားလည်ထားသလောက် အကျိုးရှိအောင် ပြောပြတာပါ

အတွေးတွေတကယ်ဖြစ်လာဖို့ဆိုရင် ကိုယ်ကလဲသူတို့အပေါ်မှာ "ငါကြိုးစားရင်း ကြိုးစားရင်း‌တော့ ဖြစ်လာလိမ့်မယ် ဖြစ်ကိုဖြစ်လာမှာ၊ ဒါဟာ ငါ့ကံကြမ္မာပဲ" ဆိုတဲ့ တထစ်ချယုံကြည်ချက်မျိုးကို ချထားကြည့်သင့်တယ် တခုခုလွဲမှားသွားနိုင်တယ်ဆိုတဲ့ အတွေးတွေခနဖယ်ထားသင့်တယ် အဲ့တာတွေက မသေချာတဲ့ energy တွေသာပေးနေလိမ့်မယ် အဲ့ uncertain ဖြစ်တဲ့ အတွေးတွေကြောင့်လဲ ကိုယ့်အလုပ်မှာ သံသယဝင်နေလိမ့်မယ် အဲ့လို မတွေးမိဖို့လဲ ကျွန်တော်တို့အမြဲကြိုးစားသင့်ပါတယ်

အရာရာတိုင်း အတွေးကနေသာ စတင်ခဲ့ကြပါတယ် အကယ်၍သာ ကိုယ်က အဲ့ယုံကြည်ချက်လေးကို ကြိုးစားနေစဉ်ကာလအတွင်း ဆက်ပြီး ထိန်းထားနိုင်မယ်ဆိုရင်ကိုယ့်ဘေးနားက အရာတွေအားလုံး အံ့ဖွယ်တွေအဖြစ် တဖြေးဖြေးချင်း ပြောင်းလဲစပြုလာတာကို မျက်ဝါးထင်ထင် မြင်လာရမှာပါ တည်ငြိမ်နေတဲ့စိတ်ကို စကြာဝဠာတခုလုံးအရူံးပေးရသလိုမျိုး ကိုယ့်စိတ်သာ တခုထဲအပေါ်ပဲ ဦးတည်ထားမယ်ဆိုရင် ဒီကမ္ဘာလောကကြီးမှာ ကျွန်တော်တို့မရယူနိုင်တာ ဘာမြန်းရှိပါအုန်းမလဲ

အိပ်မက်တွေလား၊ အနာဂါတ်တွေလား
အရာအားလုံးက ဖြစ်နိုင်ခြင်းတွေနဲ့ကြီးပဲ ပြည့်နှက်နေတယ် ကျွန်တော်တို့နိုင်ငံဟာ မရှိတာကြီးတခုထဲကိုပဲ အရင် ထိုင်စိတ်ညစ်နေလို့မရတော့တဲ့ အချိန်ကာလတခုကို ရောက်ခဲ့ပါပြီ အိပ်မက်တွေပျောက်ဆုံးကြတယ်၊ အနာဂါတ်တွေ တိမ်မြုပ်ကြတယ် လမ်းတွေပျောက်ကြတယ် ဒါတွေကို စိတ်မညစ်ပါနဲ့‌ ပြောလဲ ကျွန်တော်တို့ဟာ လူတွေဖြစ်တဲ့အလျောက် ခံစားချက်‌တွေကို ကြုံတွေ့ရမှာပဲ အဲ့အစားငါ့မှာ ရှိတာ‌လေးနဲ့ ဘာလုပ်လို့ရလဲ လုပ်နိုင်တာကိုလုပ်ပြီး ကြိုးစားရင်း ငါ‌လုပ်ချင်တဲ့အရာကို မရောက်မချင်းလုပ်မယ်ဆိုပြီးသာ ကိုယ်ဝါသနာပါတာလေးတွေ၊ ကိုယ်ချစ်တာလေးတွေ စပြီးလုပ်ကြည့်မယ်ဆိုရင် ဘယ်သူကမဖြစ်လာနိုင်ဘူးလို့ တပ်အပ်ပြောနိုင်ပါ့မလဲ

တချို့သောသူတွေကတော့ ပြောတတ်ကြပါတယ် နိုင်ငံရဲ့အခြေအနေနဲ့ ဖြစ်နိုင်ချေတွေကို calculate လုပ်ပြီး လူတယောက် အောင်မြင်မှု၊ ဆုံးရူံးမှုတွေကို ဖြစ်လာနိုင်ခြေရှိမရှိ ဆုံးဖြတ်နေကြတာရှိပါတယ် အဲ့နည်းတူ အဲ့လိုအချိန်တွင်းမှာပဲ သူတို့ယုံကြည်ရာ မီးစသေးသေးလေးကိုမျှ မငြိမ်းတောက်သွားအောင် ထိန်းသိမ်းရင်း လုပ်နိုင်သွားတဲ့သူတွေလဲရှိကြတာပဲ ဒီလူ ဒီလိုကြိုးစားပုံမျိုးနဲ့ဆိုရင် နောင်ဆယ်နှစ်လဲ ဒီနေရာမရောက်နိုင်ဘူးလို့ ပြောလို့မရပြန်ဘူး သူ့စိတ်ထဲဘယ်လို စိတ်ပိုင်းဖြတ်ထားတာ ကိုယ်မမြင်ရနိုင်ဘူးလေ

တချို့တွေဟာ မွေးကထဲက ပါရမီပါကြတယ်
တချို့တွေက ကိုယ့်ဒူးကိုယ်ချွန်ကြရတယ်
တချို့တွေက မွေးကထဲက ချမ်းသာကြတယ်
တချို့တွေက မွေးကထဲက ဆင်းရဲကြတယ်

ကံ၊ဉာဏ်၊ဝိရိယဆိုတဲ့ သုံးပါးစလုံး ပြည့်စုံမှ အောင်မြင်တယ်လို့ဆိုနိုင်တယ်

ပါရမီပါလာတဲ့သူဟာ ကံကောင်းသလောက်၊ ကြိုးစားမှု "ဝိရိယ" မပါရင် သူဖြစ်ချင်တာဖြစ်လာနိုင်မလား..

"ဉာဏ်" ကောင်းတဲ့သူဟာ ကြိုးစားမှုမရှိရင်သူဖြစ်ချင်တာဖြစ်လာမလား..

ဝိရိယကောင်းတဲ့သူဟာ စဉ်းစားဆုံးဖြတ်နိုင်စွမ်းမရှိရင်၊ ဗဟုသုတမရှိရင် "ဉာဏ်" မရှိရင် သူဖြစ်ချင်တာဖြစ်လာနိုင်မလား..

လူတိုင်းမှာ အားသာချက်ကိုယ်စီရှိကြပါတယ်
လစ်ဟင်းမှုလည်းကိုယ်စီရှိကြပါတယ်
အိပ်မက်ကြီးမားပါစေ၊ သူတို့တွေကို ယုံကြည်ပေးပါ၊ ရှင်သန်ခြင်းကို အဖျက်စီးမခံပါနဲ့၊ ကိုယ့်ကံကြမ္မာကို အရွေ့မခံပါနဲ့၊ လစ်ဟင်းတာကို ဖြည့်ကြည့်ပါ အဲ့တာဆိုရင်ကျွန်တော်တို့ အရမယူနိုင်တာ ဘာမြန်းရှိပါအုန်းမလဲ

- B
Nov/8th

Address


Telephone

+959966388947

Website

Alerts

Be the first to know and let us send you an email when I rest where ruins grow posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share