24/09/2026
Football Update News
ကယ်လ်ဗင်ဒီဘရိုင်းက နည်းပြသစ်ဗန်ဘွန်မ်မေးလ်လက်အောက်မှာဘယ်လ်ဂျီယံလက်ရွေးစင်အသင်းအတွက်ဆက်ကစားဦးမယ်လိုအတည်ပြုပြောဆိုလာခဲ့ပါတယ်။ဒီဟာကသူ့အနေနဲ့ နောက်ဆုံးလမ်းကြောင်းအဖြစ် ၂၀၂၈ ယူရိုပြိုင်ပွဲမှာပါဝင်ကစားဖိုပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။
အသက် ၃၅ နှစ်အရွယ်ကွင်းလယ်တိုက်စစ်ကစာသမားက အသင်းဖော်တွေကိုတောင်းဆိုလိုက်တဲ့စကားကိုဖွင့်ဟလာခဲ့ပြီး နာပိုလီအသင်းမှာပြီးပြည့်စုံမှုရှိတဲ့ကြံ့ခိုင်မှုအနေအထားဟာ ဒီတကြိမ်အဆုံးအဖြတ်အတွက်အရေးကြီးတဲ့အချက်ဖြစ်ကာ သူ့အနေနဲ့ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲပြီးဆုံးပြီးနောက်လက်ရွေးစင်အသင်းအတွက်ကစားပေးတာအဆုံးသတ်ဖိုမတွေးထားခဲ့ဖူးကြောင်းပြောဆိုလာခဲ့ပါတယ်။
စီနီယာကစားသမားဖြစ်တဲ့အန်ဆေးလ်ဗစ်ဒ်ဆေးလ်ကတော့ကစားတာအနားယူကြောင်းကြေငြာခဲ့ပြီး ကော်တွိက်စ်ကတော့ နေရှင်းနယ်လိဂ်ကိုပါဝင်ကစားမှာမဟုတ်ဘူးလိုဆုံးဖြတ်ပေမဲ့ ဒီဘရိုင်းကတော့ အသင်းမှာဆက်ရှိနေမဲ့စိတ်ခွန်အားအဖြစ်ရှိနေဆဲဖြစ်ပါတယ်။
ဒီဘရိုင်းကမာ့ခ်ဗန်ဘွန်မ်မေးလ်ကိုခန့်အပ်တာဟာ နည်းပြသစ်ဖြစ်လာခဲ့ပြီး နေပယ်လ်မြိုမှာတော့စကားပြောဆိုမှုရှိခဲ့ပြီးနောက်အပေါင်းလက္ခဏာဆောင်တဲ့အထင်ကြီးစရာတွေရှိခဲ့ကြောင်းပြသထားခဲ့ပါတယ်။
အစောပိုင်းမှာတော့ကောင်းမွန်တဲ့ကွင်းလယ်ကစားသမားဖြစ်တယ်ဆိုတာမသိခဲ့ရပေမဲ့ သူ့ရဲ့ကစားပုံကိုကြိုက်နှစ်သက်မှုရှိခဲ့ပါတယ်။
ဒီဘရိုင်းက ဗန်ဘွန်မ်မေးလ်ရဲ့နည်းစနစ်ပိုင်းဆိုင်ရာတောင်းဆိုလိုက်ပြီးကွင်းတွင်းမှာသူ့ရဲ့မျှော်လင့်ချက်နဲ့ပတ်သက်ပြီးကြည့်ရမှာဖြစ်တယ်လိုပြောဆိုလာခဲ့ပါတယ်။ဒတ်ချ်လူမျိုးတွေဖြစ်ပြီးအကျင့်ကလည်းတည့်တိုးပါပဲ့ကျနော့်နဲ့ကောင်းကောင်းသင့်တော်မှုရှိပါတယ်။အမှန်တရားပြောတဲ့သူဖြစ်ပြီး သူ့အနေနဲ့ကျနော့်ကိုဘာလုပ်ချင်လဲ သူ့ကိုကူညီဖိုဒီနေရာမှာဘာလုပ်မှာလဲလိုပြောပါတယ်။လို ပြောဆိုလာခဲ့ပါတယ်။
ဒီဘရိုင်းဟာ အသင်းမှာဆက်ရှိမဲ့ လက်ရွေးစင်အသင်းဖော်တွေကိုချီးကျူးပြောဆိုလာခဲ့ပါတယ်။အသင်းတွင်းလူငယ်ကစားသမားတွေကိုတော့ အသင်းကိုကူညီပေးဖိုတောင်းဆိုလိုက်ပါတယ်။ဒါ့အပြင်သူ့အနေနဲ့ ဒီလိုအဆင့်မြှင့်လိဂ်မှာရှိနေတဲ့သူ့ရဲ့ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီးအံ့ဩကြောင်းခံစားနေရသေးပြီးသူ့အနေနဲ့ ပွဲအတော်များများ ပွဲချိန် ၉၀ ပြည့်ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။
ကစားသမားအတော်များများကလည်းဘယ်ဂျီလက်ရွေးစင်အသင်းမှာဆက်ရှိဖိုတောင်းဆိုထားပြီး ဒီဟာကခွန်အားရှိစေမှာပါ။ဒီဟာကနေ့ရက်တိုင်းဟာ သူ့ရဲ့စိန်ခေါ်မှုတွေဖြစ်စေပြီး ကွင်းတွင်းစွမ်းဆောင်ရည်အရဖြစ်နိုင်သမျှအကောင်းဆုံးဖြစ်အောင်လုပ်ဆောင်ဖိုကြိုးစားရမှာပါ။
လူငယ်ကစားသမားတွေကိုကစားတာနားလိုက်တဲ့အခါအံ့ဩတာမျိုးမဖြစ်စေချင်ပါဘူး။သူတိုအသင်းအနေနဲ့ လက်ရှိကတည်းကနေ အသင်းမှာခွဲဝေတာဝန်ယူရတဲ့ခံစားချက်ကိုထိတွေ့ဖိုလိုအပ်ပါတယ်လိုဒီဘရိုင်းကပြောဆိုလာခဲ့ပါတယ်။