GUS Myanmar

GUS Myanmar Media and Advertising

No No ကျွန်တော် အိတ်မဟုတ်ရပါဘူးဗျာ😂
05/09/2021

No No ကျွန်တော် အိတ်မဟုတ်ရပါဘူးဗျာ😂

ရေပေါ်မှာ အိမ်လေးတွေဆောက်မယ် . . .  လေးစားစွာဖြင့်
04/09/2021

ရေပေါ်မှာ အိမ်လေးတွေဆောက်မယ် . . .



လေးစားစွာဖြင့်

အေးချမ်းတဲ့ ကလောမြို့လေးကို ကိုယ်ချစ်ရတဲ့သူတွေနဲ့ အလည်တစ်ခေါက်တော့ ရောက်ချင်သေးတယ် . . .မူရင်းဓါတ်ပုံပိုင်ရှင်များအား လေ...
04/09/2021

အေးချမ်းတဲ့ ကလောမြို့လေးကို ကိုယ်ချစ်ရတဲ့သူတွေနဲ့ အလည်တစ်ခေါက်တော့ ရောက်ချင်သေးတယ် . . .

မူရင်းဓါတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် ပေးပါသည်။

ပုဂံကိုရောက်ခဲ့ရင်  #နတ်ထောင့်ကျောင်း ကိုတော့ တစ်ခေါက်လောက်သွားစေချင်++++++++++++++++++++++++++++++++++++နတ်ထောင့်ကျောင်...
03/09/2021

ပုဂံကိုရောက်ခဲ့ရင် #နတ်ထောင့်ကျောင်း ကိုတော့ တစ်ခေါက်လောက်သွားစေချင်
++++++++++++++++++++++++++++++++++++
နတ်ထောင့်ကျောင်းဟာ ပုဂံမြို့ဟောင်းက တောင်ဘီရွာမှာပြီး တောင်ဘီကျောင်း မြို့ထောင့်ကျောင်း နတ်တောင်ကျောင်း စသဖြင့်လဲ ခေါ်ကြပါတယ်။ ကုန်းဘောင်ခေတ်နှောင်းလက်ရာ သစ်သားဘုန်းကြီးကျောင်းကြီးဖြစ်ပြီး ၁၉ ရာစု အလယ်ပိုင်းလက်ရာလို့ အကြမ်းဖျင်းမှတ်သားနိုင်ပါတယ်။
နတ်တော်ကျောင်းတော်ကို မြန်မာ့ဘုန်းတော်ကြီးကျောင်းများရဲ့ ဗိသုကာ ထုံးတမ်း စဉ်လာအတိုင်း ဆောင်မကြီး၊ ဘုရားဆောင်၊ ပြသဒ်ဆောင်၊ စနုဆောင်၊ ဘောဂဆောင် အပြင် ပတ်လည် စင်္ကြန်လျှောက်လမ်း တို့ဖြင့် ဖွဲ.စည်းတည်ဆောက်ထားပါတယ်။ တိုင်လုံးပေါင်း ၁၆၀ ကျော်ကို သုံးထားပြီး တိုင်အခြေမှာ အုတ်ဖိနပ် ခံထားပါတယ်။ ပင်မဆောင်ကြီးက ပေ ၁၃၀ x ၁၁၅ အကျယ်ရှိပါတယ်။ ပြာဿာဒ် အဆင့်ဆင့်ကို အနုပညာမြောက် ပန်းပုပန်းဆွဲများစွာကို သုံးပြီး တန်ဆာဆင်ထားပါတယ်။ ကျောင်းတွင်းရှိ တိုင်များမှာလဲ ပန်းပု ရုပ်ကြွလေးများဖြင့် အလှဆင်ထားပြီး မျက်နှာကြတ်မှာလဲ ပန်းပုလက်ရာများကို တွေ့နိုင်ပါတယ်။ ယခင်ပြန်ဆောက်ထားတဲ့ အုတ်လှေကားနေရာမှာ မြန်မာမှုလက်ရာ နရားခံလှေကားကို အစားထိုးထည့်သွင်းခဲ့တယ်လို့ သိရပါတယ်။ ပုဂံရောက်ရင် သွားရောက်လေ့လာသင့်တဲ့ နေရာလေး တစ်ခုဖြစ်ပါပဲ။

မူရင်ဓါတ်ပုံပိုင်ရှင်(APK)နှင့် စာရေးသားသူအား လေးစားစွာဖြင့် ပေးပါသည်။

သမိုင်းတန်းဖိုး သိပ်ကိုကြီးမားတဲ့ ရွှေကျောင်းတော်ကြီး++++++++++++++++++++++++++++++++တည်နေရာက အောင်မြေသာစံမြို့နယ်၊ ဒေါန...
03/09/2021

သမိုင်းတန်းဖိုး သိပ်ကိုကြီးမားတဲ့ ရွှေကျောင်းတော်ကြီး
++++++++++++++++++++++++++++++++
တည်နေရာက အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်မှာပါ။ ရွှေကျောင်းအရှေ့မှာ ဗုဒ္ဓတက္ကလိုလ်ကြီး တစ်ခုရှိတယ်။ သမိုင်းကြောင်းကို ပြန်လိုက်ရမယ်ဆိုရင် မြနန်းစံကျောင်ရွှေနန်းတော်ဝန်းထဲက မှန်နန်းဆောင်ရဲ့ မြောက်ဘက်အရပ်မှာ နန်းဆောင်တစ်ဆောင် ရှိခဲ့တယ်။ မင်းတုန်းမင်း စံမြန်းရာအဆောင်ဆိုလည်း မမှားဘူး။ ၁-၁၀-၁၈၇၈မှာ မင်းတုန်းမင်းကြီး နတ်ရွာစံတော့ နောက်တက်တဲ့မင်း ဖြစ်တဲ့ သီပေါမင်းက ဖခင်မင်းတုန်းမင်း နတ်ရွာစံခဲ့တဲ့ နန်းဆောင်ရယ်၊ စနုဆောင်ရယ်ကို ၁၃ရက်နေ့မှာ ဖြုတ်သိမ်းလိုက်တယ်။ ၃၁-၁၀-၁၈၈၃ခုရောက်မှ အခုရွှေကျောင်း ရှိနေတဲ့နေရာမှာ ဘုန်းကြီးကျောင်းအဖြစ် ပြောင်းလဲဆောက်လုပ် လှူဒါန်းခဲ့တယ်။ ၁၉ရာစု ကုန်းဘောင်ခေတ်က မြန်မာမှုဗိသုကာလက်ရာတွေကို အစွမ်းကုန် အသုံးပြုထားပြီး ထိုခေတ်က ငွေဒင်္ဂါး တစ်သိန်းနှစ်သောင်းကျပ် ကုန်ကျခဲ့တယ်။ နန်းတော်ကနေ လာတဲ့ကျောင်းမို့လို့ ရွှေနန်းတော်ကျောင်းလို့ နာမည်ပေးပေမယ့် ကျောင်းတော်အတွင်းအပြင်တစ်ခုလုံးကို ရွှေပိန်းချထားတဲ့အတွက် ရွှေကျောင်းလို့ လူသိများလာတယ်။

ရွှေကျောင်းတစ်ခုလုံး အတွင်းအပြင် နေရာလပ်မကျန် ဗိသုကာပညာရပ်ကို အခမ်းနားဆုံး အသုံးပြုထားတယ်။ ခြူပန်း၊ ခြူနွယ်၊ အပြောက်အမွမ်း၊ ရုပ်လုံးရုပ်ကြွ၊ နံရံကပ်ရုပ်ကြွ၊ ဇာတ်ကြီးဆယ်ဘွဲ့ထွင်းရုပ်ကြွတွေနဲ့ ကိန်းကြီးခမ်းကြီး နိုင်လှတယ်။ ကို်ယ်အတွက် တအံ့တသြအဖြစ်ရဆုံးကတော့ ကျောင်းထဲက ကွန်းစင်တိုင်ခြေမှာ ထွင်းထားတဲ့ ဇာတ်ကြီးဆယ်ဘွဲ့ရုပ်ကြွတွေပဲ။ တိုင်ခြေတစ်ခုစီမှာ ဇာတ်တစ်ခုစီ ထွင်းထားတာ။ ဘယ်လိုမြင်အောင်ပြောရမလဲဆိုရင် ဝေဿန္တရာဇာတ်တော် ရုပ်လုံးရုပ်ကြွမှာဆိုရင် -
* ပုဏ္ဏားတို့က ဝေဿန္တရာမင်းကြီးထံမှာ မင်္ဂလာဆင်ဖြူ အလှူခံဟန်၊ (အလယ်တိုင်ရဲ့ ပထမအတန်း ညာဘက်ကပုံ)
* ဝေဿန္တရာမင်းကြီးက ပုဏ္ဏားတွေကို မင်္ဂလာဆင်ဖြူတော် အလှူပေးလိုက်လို့ ပုဏ္ဏားတွေပျော်ပြီး ဆင်စီးသွားဟန်၊ (အလယ်တိုင်ရဲ့ ပထမအတန်း ညာဘက် ဒုတိယမြောက်ပုံ)
* မင်္ဂလာဆင်ဖြူလှူလိုက်လို့ တိုင်းသူပြည်သားတွေ မကျေမနပ်ဖြစ်တဲ့အတွက် မင်းကြီးက မိဖုရားနဲ့ သားသမီးကို မြင်းရထားပေါ်တင်ပြီး တောသို့ထွက်ဟန်၊ (အလယ်တိုင်ရဲ့ ပထမအတန်း ဘယ်ဘယ်ပုံ)
* တောထဲမှာ အစာရှာထွက်တဲ့ မိဖုရားကို နတ်သားသုံးပါးက ခြင်္သေ့၊ ကျား၊ ကျားသစ်အသွင် ဖန်တီးပြီး အိမ်အပြန်နောက်ကျအောင် ဟန့်တားဟန်၊ (ဒုတိယအတန်း ညာဘက်ကပုံ)
* သားနဲ့သမီးကို အခိုင်းအစေအဖြစ် အလှူလာခံတဲ့ ပုဏ္ဏားကို ကြေကွဲစွာ လှူဒါန်းလိုက်ဟန်၊ (ဒုတိယအတန်း ဘယ်ဘက်ကပုံ)
စတဲ့ ဘုရားလောင်းတို့ ကျင့်ကြံရတဲ့ စွန့်ခြင်းငါးပါးထဲက သား၊ သမီးရတနာကို စွန့်ခြင်း ပါရီမီဖြည့်ကျင့်ပုံကို ထွင်းထုထားတာကို တွေ့နိုင်ပါတယ်။

မူရင်းဓါတ်ပုံပိုင်ရှင် ရေးသားသူအား လေးစားစွာဖြင့် ပေးပါသည်။

အင်းလေးရဲ့ နေဝင်ဆည်းဆာချိန်လေးဟာ သဘာဝပန်းချီကားတစ်ချပ်လို့ ဆိုမယ်ဆိုရင်တောင် မှားမယ်မထင်ပါဘူး . . .မူရင်းဓါတ်ပုံပိုင်ရှင...
03/09/2021

အင်းလေးရဲ့ နေဝင်ဆည်းဆာချိန်လေးဟာ သဘာဝပန်းချီကားတစ်ချပ်လို့ ဆိုမယ်ဆိုရင်တောင် မှားမယ်မထင်ပါဘူး . . .

မူရင်းဓါတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် ပေးပါသည်။

သဘာဝအလှ ရှုခင်းတွေကို ပိုင်ဆိုင်ထားတဲ့ ကလော . . . ဘယ်လိုပဲကြည့်ကြည့် လှနေရော . . .  မူရင်းဓါတ်ပုံပိုင်ရှင်များအား လေးစား...
03/09/2021

သဘာဝအလှ ရှုခင်းတွေကို ပိုင်ဆိုင်ထားတဲ့ ကလော . . . ဘယ်လိုပဲကြည့်ကြည့် လှနေရော . . .


မူရင်းဓါတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် ပေးပါသည်။

02/09/2021

😂 အမေပေးထားတဲ့ အမွေလေးတော့ မလုပ်ပါနဲ့ ဂေါင်းကြီးရာ 😂

ဗိသုကာ လက်ရာမြောက် ဝါးအိမ်လေးများ+++++++++++++++++++++++တစ်ချိန်ချိန် ပိုက်ဆံတွေ အရမ်းချမ်းသာခဲ့ရင်တောင်မှ မြို့ပြရဲ့ မွ...
02/09/2021

ဗိသုကာ လက်ရာမြောက် ဝါးအိမ်လေးများ
+++++++++++++++++++++++
တစ်ချိန်ချိန် ပိုက်ဆံတွေ အရမ်းချမ်းသာခဲ့ရင်တောင်မှ မြို့ပြရဲ့ မွန်းကြပ်မှုတွေနဲ့ဝေးရာမှာ ခုလိုလေးတွေ ဆောက်ပြီး အေးအေးဆေးဆေး ဘဝကို ဖြတ်သန်းသွားချင်တယ် . . .😊 မြန်မာမှာလည်း ဆောက်ထားတဲ့ပုံလေးကို နောက်ဆုံးမှာ ထည့်ပေးထားပါတယ် . . .

မူရင်းဓါတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် ပေးပါသည်။

မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု အမွေအနှစ်တို့ တည်ရှိရာ တစ်ခုဖြစ်တဲ့ ရခိုင်ပြည်နယ်   သွားရောက်လည်ပါတ်သင့်တဲ့ နေရာလေး တစ်ခုဖြစ...
02/09/2021

မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု အမွေအနှစ်တို့ တည်ရှိရာ တစ်ခုဖြစ်တဲ့ ရခိုင်ပြည်နယ် သွားရောက်လည်ပါတ်သင့်တဲ့ နေရာလေး တစ်ခုဖြစ်ပါတယ် . . .

မူရင်းဓါတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် ပေးပါသည်။

Address


Alerts

Be the first to know and let us send you an email when GUS Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to GUS Myanmar:

  • Want your business to be the top-listed Media Company?

Share