13/03/2022
"Dota2 နဲ့ အဆင်တူဆုံး မိုဘိုင်းလ်ဂိမ်းဖြစ်လာမယ့် Auto Chess MOBA အကြောင်း သိရသမျှ"
၂၀၁၉ ခုနှစ်အစပိုင်း Dota 2 ရဲ့ custom game များအတွင်းမှာ Dota Auto Chess လို့ အမည်ရတဲ့ auto battler အမျိုးအစား strategy ဂိမ်းတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ Drodo Studio က ဖန်တီးခဲ့တဲ့ ဒီဂိမ်းဟာ ထွက်ပေါ်ပြီး လအနည်းငယ်အတွင်းမှာတင် ကစားသူပေါင်း ၈ သန်းကျော်အထိရရှိခဲ့ပြီး အလွန်အောင်မြင်ခဲ့သလို နောက်ပိုင်းမှာတော့ Auto Chess ဆိုတဲ့အမည်နဲ့ သီးခြားဂိမ်းတစ်ခုအဖြစ်နဲ့ မိုဘိုင်းလ်ပေါ်ကို လျင်မြန်စွာရောက်ရှိလာခဲ့ပါတယ်။
၂၀၂၁ ခုနှစ်အရောက်မှာတော့ Auto Chess ကို Drodo Studio နဲ့ ပူးပေါင်းပြီး ဖန်တီးဖြန့်ချိခဲ့တဲ့ Dragonest ကုမ္ပဏီဟာ ယင်းတို့အနေနဲ့ Auto Chess MOBA ဂိမ်းတစ်ခုကို ပြုလုပ်နေပြီဖြစ်ကြောင်း စတင်ကြေညာခဲ့ပါတယ်။ ယင်းကြေညာချက်အတွင်း Auto Chess MOBA ဂိမ်းဟာ pay-to-win မဟုတ်ပဲ ကျွမ်းကျင်မှုအပေါ်မှာသာ မှီခိုမှာဖြစ်ကြောင်း၊ Auto Chess ဇာတ်ကောင်များကို ဒီဂိမ်းအတွင်းမှာ ဟီးရိုးများအဖြစ် တွေ့မြင်ရမှာဖြစ်ကြောင်း၊ ကစားသူများ မျှတစွာ ယှဥ်ပြိုင်နိုင်အောင် ဟီးရိုးအားလုံးကို အခမဲ့ လွတ်လပ်စွာ ကစားခွင့်ပေးထားမှာဖြစ်ကြောင်း၊ ဂိမ်းကို စတင် ကစားဖို့ လွယ်ကူပေမယ့် ကျွမ်းကျင်မှုရှိရမယ့်အပိုင်းကိုတော့ ကျယ်ပြန့်အောင် စီစဥ်ထားကြောင်း၊ ဥပမာအားဖြင့် ဂိမ်းရဲ့ vision ပိုင်းမှာ အချိန်ပေါ်မူတည်ပြီး ကွာခြားမှုရှိအောင် နေ့နဲ့ ညတို့ကို ထည့်သွင်းပေးထားကြောင်း အစရှိသဖြင့် ပါဝင်ခဲ့ပါတယ်။
Esports ပရိသတ်အမြောက်အများဟာ ဒီအချက်များကို ကြားသိခဲ့ရပြီးနောက် Auto Chess MOBA ဟာ Dota 2 နဲ့ အလွန်ဆင်တူတဲ့ဂိမ်းတစ်ခုဖြစ်လာနိုင်ကြောင်း စတင်ခန့်မှန်းမိခဲ့ကြပါတယ်။ ယခင်တည်းက Dota Auto Chess ရဲ့ ဇာတ်ကောင်များကို Dota 2 ဟီးရိုးများကနေ မှီငြမ်းပြုလုပ်ထားခဲ့တာကြောင့်လည်း ဒီအကြောင်းကို လူအများ အလွယ်တကူထင်မြင်လာနိုင်ကြတာဖြစ်ပါတယ်။
ယခုနှစ် မတ်လအစပိုင်းမှာတော့ Dragonest ဟာ Auto Chess MOBA အကြောင်းကို ပိုမိုအသေးစိတ်ကျစွာ ရှင်းလင်းကြေညာလာခဲ့ပါတယ်။ Dragonest ရဲ့ ဗီဒီယိုကြေညာချက်အတွင်း အဓိကပါဝင်လာခဲ့တဲ့အရာ ၃ ခုကတော့ မြေပုံအကြောင်း၊ ဟီးရိုးများအကြောင်းနဲ့ အမြင်ပိုင်းဆိုင်ရာများအကြောင်းတို့ပဲ ဖြစ်ကြပါတယ်။
(https://youtu.be/P0f65QUor78)
မြေပုံအတွင်းမှာတော့ အပေါ်လမ်းနဲ့ အောက်လမ်းတို့ကို အချိုးမညီအောင် ပြုလုပ်ထားပြီး ခုတ်ထွင်ရှင်းလင်းလို့ရတဲ့ သစ်ပင်ပေါင်း ၁,၀၄၀ ပင်၊ တော creep ၁၈ အုပ်၊ ကုန်းမြင့် ၁၂ နေရာ၊ အချိန်ပေါ်မူတည်တဲ့ နေ့နဲ့ ည အပြောင်းအလဲ စ တဲ့ အစိတ်အပိုင်းများကို ထည့်သွင်းထားပါတယ်။ လမ်းပေါ်က creep များဟာ ကွာပြားခြားနားမှု များမှာဖြစ်သလို မိမိရဲ့ အောက်လမ်းဟာ ရန်သူရဲ့ အပေါ်လမ်းနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
လမ်းပေါ်က ဆန့်ကျင်ဘက် creep ၂ အုပ် တွေ့ဆုံမယ့်နေရာဟာ မိမိဘက်က အောက်လမ်း tower နဲ့ နီးကပ်မှာဖြစ်ပြီး ဒီအချက်ကပဲ safe lane နဲ့ offlane တို့ကို ကွာခြားသွားစေမှာပါ။ လမ်းပေါ်မှာ ရင်ဆိုင်ရတာ အန္တရာယ်များတယ်လို့ ယူဆရင်လည်း နီးစပ်ရာတောထဲကို ဝင်ပြီး အရွယ်အစားစုံတဲ့ တော creep များကို စားကာ gold ရှာနိုင်မှာဖြစ်ပါတယ်။ Creep များဟာ အချိန်ကြာလာတာနဲ့အမျှ အလိုလိုအဆင့်မြင့်လာကြမှာလည်းဖြစ်ပြီး XP နဲ့ gold များကို ပိုမိုပေးစွမ်းလာမှာလည်းဖြစ်ပါတယ်။
ဂိမ်းအတွင်းမှာ sentry tower လို့ ခေါ်တဲ့အရာများလည်း ပါဝင်ပြီး ဗီဒီယိုအရ ယင်းတို့ကို Dota 2 အတွင်းက outpost များသဖွယ် အသုံးပြုရနိုင်ခြေရှိပါတယ်။ ကုန်းမြင့်ပေါ်မှာ observer ward ထောင်ရင် unobstructed vision ရနိုင်ပြီး ယင်းတို့ဟာ တွေ့ဆုံတိုက်ခိုက်မှုများအတွက် အရေးပါတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သစ်ပင်ခုတ်ထွင်ရှင်းလင်းခြင်း၊ teleport ခုန်ခြင်း စတဲ့ အရာများကိုလည်း စမ်းသပ်လျက်ရှိပြီး ဂိမ်းတွင်းအစိတ်အပိုင်းများစွာ ပါဝင်တဲ့အတွက် ဖြစ်နိုင်ခြေပေါင်း မရေမတွက်နိုင်အောင်ရှိတဲ့ ဂိမ်းပွဲအမြောက်အများပေါ်ပေါက်လာမှာဖြစ်တယ်လို့လည်း ပြောသွားခဲ့ပါတယ်။
Auto Chess MOBA ရဲ့ ဟီးရိုးအများစုမှာ ability ၄ ခုစီ ရှိမှာဖြစ်ပြီး ဟီးရိုးရဲ့ Auto Chess ဇာတ်ကောင်ဘဝက ကိုယ်ပိုင် ability လည်း ပါဝင်မှာပါ။ ဥပမာအားဖြင့် Auto Chess ဇာတ်ကောင်တစ်ကောင်ဖြစ်တဲ့ Zeus ဟာ ဟီးရိုးဖြစ်လာချိန်မှာလည်း ကိုယ်ပိုင် ability ဖြစ်တဲ့ Zeus Punishment ကို သုံးပြီး HP နည်းတဲ့ ရန်သူများကို တိုက်ခိုက်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ဟီးရိုးများမှာ အစပိုင်းတည်းက initial general ability များ ပါဝင်မှာ မဟုတ်ပေမယ့် ဟီးရိုးတစ်ကောင်လျှင် နှိပ်သုံးလို့ရတဲ့ active item ၃ ခုအထိ ရွေးချယ်နိုင်ကြမှာပါ။ ဥပမာပေးသွားတဲ့ active item များကတော့ Teleport Dagger, Scythe of Vyse နဲ့ Orb of Refresh တို့ဖြစ်ကြပြီး Dota 2 ထဲက item များနဲ့ ဆင်တူစွာ အလုပ်လုပ်ကြပါတယ်။
ဗီဒီယိုအတွင်းမှာ item ရွေးချယ်မှုဟာ အလွန်အရေးကြီးကြောင်း၊ မှန်ကန်တဲ့ item များဟာ အပြောင်းအလဲကောင်းများကို ဖြစ်စေနိုင်ကြောင်း၊ roaming နဲ့ teamwork ဟာလည်း ဒီဂိမ်းကို ကစားရာမှာ အဓိကကျမှာဖြစ်ကြောင်း၊ teleportation ပါဝင်ခြင်းကြောင့် တွေ့ဆုံတိုက်ခိုက်မှု များပြားမှာဖြစ်ကြောင်း၊ ဆုံးဖြတ်ချက်တစ်ခုချင်းစီဟာ အနိုင်အရှုံးအတွက် အရေးပါမှာဖြစ်ကြောင်း စ တာတွေကိုလည်း ပြောသွားခဲ့ပါတယ်။
ဂိမ်းရဲ့ အမြင်ပိုင်းဆိုင်ရာများမှာတော့ ဖန်တီးသူများဟာ Auto Chess ဇာတ်ကောင်အသွင်သဏ္ဍာန်များကို Auto Chess MOBA အတွင်း တိုက်ရိုက်ထည့်သွင်းဖို့ ကြိုးပမ်းခဲ့ကြပေမယ့် အဆင်မပြေခဲ့ကြောင်း၊ ဒါကြောင့် chess piece skin အချို့ကို ရွေးချယ်ပြီး ကြည့်လို့ကောင်းအောင် ပြုပြင်ခဲ့ရတာတွေရှိကြောင်း၊ ဒါပေမယ့် မူရင်းအသွင် လုံးဝပျောက်ကွယ်မသွားအောင်တော့ ဂရုစိုက်ထားသလို မူရင်းအသွင်ကနေ ပိုကောင်းအောင် လုပ်ဆောင်နေတာတွေလည်းရှိကြောင်း အစရှိသဖြင့် ပြောသွားခဲ့ပါတယ်။
Auto Chess MOBA အတွင်းမှာ ဇာတ်ကောင်များကို Sacred Alliance နဲ့ Demonic Legion ဆိုပြီး အုပ်စု ၂ စု ခွဲခြားထားမှာဖြစ်ကာ ဂိမ်းအတွင်းက နှစ်ဘက်အသင်းတို့ရဲ့ နေရာများကိုလည်း မတူညီတဲ့ ဂရပ်ဖစ်များနဲ့ အရောင်များ အသုံးပြုဖန်တီးထားမှာပါ။ Sacred Alliance ကို Divinity, Feathered နဲ့ Human race များက ကိုယ်စားပြုမှာဖြစ်ပြီး ပါဝင်ပြီး Demonic Legion ကိုတော့ Demon, Glacier နဲ့ Goblin race များက ကိုယ်စားပြုမှာဖြစ်ပါတယ်။
နှစ်ဘက်အသင်းများအနက် Sacred Alliance ဘက်က tower များဟာ အဖြူရောင်များပြီး လေးထောင့်ပုံစံများ၊ သစ်ပင်များနဲ့ အစီအစဥ်ကျတဲ့အသွင်ရှိကြပေမယ့် Demonic Legion ဘက်က tower များကတော့ မီးခိုးရောင်များပြီး မီးတောက်များ၊ ချော်ရည်များ၊ အချွန်အတက်များနဲ့ ကွဲပြားတဲ့အသွင်ရှိကြမှာဖြစ်ပါတယ်။ Sacred Alliance နဲ့ Demonic Legion တို့ကြားက ပဋိပက္ခကြောင့် Auto Chess MOBA အတွင်း တိုက်ပွဲများ ပေါ်ပေါက်လာရတဲ့ အခြေအနေ ဖန်တီးထားကြောင်းကိုလည်း ပြောသွားခဲ့ပါတယ်။
Auto Chess MOBA နဲ့ အခြား မိုဘိုင်းလ် MOBA ဂိမ်းများကြားက အဓိက ကွာခြားချက်များကတော့ အချိုးမညီတဲ့ လမ်းများ၊ active item များ၊ ဟီးရိုးဒီဇိုင်းများ စ တာတွေဖြစ်ကြပြီး ယင်းတို့ဟာ ဂိမ်းပွဲတိုင်းကို ထူးခြားနေစေမှာဖြစ်တယ်လို့ ဆိုပါတယ်။ Auto Chess MOBA အနေနဲ့ နက်နဲပြီး နည်းဗျူဟာဆန်စွာ ကစားရတဲ့ အတွေ့အကြုံများ ပေးစွမ်းနိုင်ဖို့ မျှော်လင့်တယ်လို့လည်း ဆိုထားပါတယ်။
Auto Chess MOBA အတွင်းမှာ rune လိုမျိုး ဝယ်ယူရမယ့်အရာများ လုံးဝမပါဝင်ပဲ ဟီးရိုးများအားလုံးကို အခမဲ့ကစားနိုင်မှာဖြစ်ကြောင်းကိုလည်း ဗီဒီယိုရဲ့ နောက်ပိုင်းမှာ ထပ်မံပြောသွားခဲ့ပါတယ်။ ဂိမ်းထွက်ပေါ်လာမယ့် ရက်အတိအကျကို မကြေညာနိုင်သေးပေမယ့် ယခုနှစ်အတွင်း စမ်းသပ်မှုများစွာ ပြုလုပ်ဖို့ ရည်ရွယ်ထားကြောင်း၊ အုပ်စုငယ်များနဲ့ စမ်းသပ်မှုများကတော့ စတင်နေပြီဖြစ်ကြောင်း၊ အသေးစိတ်အချက်အလက်များကို အနာဂတ်မှာ ထပ်မံကြေညာပေးသွားမှာဖြစ်ကြောင်း အစရှိသဖြင့်လည်း ပြောသွားခဲ့ပါတယ်။
ကြေညာချက်အတွင်း ရှင်းလင်းပြောကြားသွားခဲ့ခြင်း မရှိပေမယ့် Dota 2 ထဲက Roshan နဲ့ တူတဲ့ အကောင်ကြီးတစ်ကောင်ကို ဗီဒီယိုထဲမှာ တွေ့မြင်ခဲ့ရပါတယ်။ ဒါ့အပြင် မြစ်အတွင်းက rune ပုံစံ အစိမ်းရောင်အရာတစ်ခုကိုလည်း တွေ့ခဲ့ရပြီး အမျိုးအမည်အတိအကျမဖော်ပြထားတဲ့ item များ၊ Dota 2 ပုံစံ ability များကို သုံးမေကြတဲ့ ဟီးရိုးများ စ တာတွေကိုလည်း ပြသသွားခဲ့ပါတယ်။ မိုဘိုင်းလ် MOBA များထဲမှာ Dota 2 နဲ့ အဆင်တူဆုံး မိုဘိုင်းလ်ဂိမ်းဖြစ်လာမယ့် Auto Chess MOBA အကြောင်း သိရသမျှကို ဖော်ပြလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
ref: auto chess facebook, wiki
Ads ( 18+, Gamble responsibly)
—————————
1xbet ဝက်ဆိုက်မှာ promo code - gamingnoddles နဲ့ အကောင့်ဖွင့် (စာရင်းသွင်း) ပြီး သွင်းငွေရဲ့ အပိုဘောနပ် - 100% နဲ့ 160,000 kyats အထိရယူလိုက်ပါ။
1xbet မှာ Dota2, CSGO, Valorant နဲ့ LOL တို့လို Esports Gameတွေကစားဖို့ အကောင့်ဖွင့်ချင်တယ်ဆိုရင်တော့ အခုပဲ bonus တွေယူဖို့ viber group ကို join လိုက်ပီး အကောင့်ဖွင့်မယ်လို့ သာစာပို့လိုက်ပါ။ https://invite.viber.com/?g=43YyhScZOE2kaNpfTrMqL9HwFWN5vgh8
Viber group ကနေ ညီအကိုတို့သိလိုသည်များကို အသေးစိတ်ရှင်းပြပေးသွားမှာဖြစ်လို့ လာရောက်လေ့လာဖို့အကြံပေးချင်ပါတယ်