ThadinSone - သတင်းစုံ

  • Home
  • ThadinSone - သတင်းစုံ

ThadinSone - သတင်းစုံ အင်တာနက်သတင်း

သရုပ်ဆောင်မင်းရာဇာနှင့် ဇနီးတို့အား ကရင်ပြည်နယ်တွင် ဖမ်းမိအိမ်အကူအမျိုးသမီးငယ်အား အဓမ္မပြုကျင့်မှု၊အက်ဆစ်ဖြင့်ပက်မှုများပြု...
09/04/2020

သရုပ်ဆောင်မင်းရာဇာနှင့် ဇနီးတို့အား ကရင်ပြည်နယ်တွင် ဖမ်းမိ

အိမ်အကူအမျိုးသမီးငယ်အား အဓမ္မပြုကျင့်မှု၊
အက်ဆစ်ဖြင့်ပက်မှုများပြုလုပ်ခဲ့သည် ဆိုသော
သရုပ်ဆောင် မင်းရာဇာနဲ့ ဇနီးဖြစ်သူတို့အား DKBA
910 ဗိုလ်မှူး စောထူးအောင် ဉီးစီးသောအဖွဲ့က ဖမ်းဆီးထားပြီး မကြာမီ သက်ဆိုင်ရာသို့ လွှဲပြောင်းပေးသွားမယ် လို့ သိရပါတယ်။

Source: Han Nyein Oo

တန်ခူးလ ကောင်းကင်ယံမှာ သာခဲ့တဲ့ စူပါမွန်းPink Moon ပန်းရောင်လ လို့ခေါ်ကြတဲ့ စူပါမွန်း Supermoon ဖြစ်စဉ် ကို ရန်ကုန်မှာ တေ...
09/04/2020

တန်ခူးလ ကောင်းကင်ယံမှာ သာခဲ့တဲ့ စူပါမွန်း

Pink Moon ပန်းရောင်လ လို့ခေါ်ကြတဲ့ စူပါမွန်း Supermoon ဖြစ်စဉ် ကို ရန်ကုန်မှာ တွေ့မြင်ခဲ့ရတဲ့ မြင်ကွင်းပါ။

၂၀၂၀ ခုနှစ် အတွင်း အကြီးဆုံး မြင်ရတဲ့ ဒီ စူပါမွန်းဟာ လပြည့်ညနဲ့ ယှဉ်တွဲဖြစ်ပေါ်ခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီ ၇ ရက် ည နဲ့ ၈ ရက် မနက်တွေမှာ မြင်တွေ့ခဲ့ရပါတယ်။ ဒီလပြည့်ညရဲ့ စူပါမွန်းလ ဟာ ကမ္ဘာနဲ့ အနီးဆုံးနေရာကို ရောက်ရှိခဲ့တာပါ။ ကမ္ဘာကို ပတ်နေတဲ့ လရဲ့ ပတ်လမ်းကြောင်းမှာ အနီးဆုံးရောက်ရှိချိန် နဲ့ လပြည့်အမှတ်ရောက်ချိန် တိုက်ဆိုင်ခဲ့တဲ့ အတွက် လမင်းကို ပုံမှန်ထက် အရွယ်အစားကြီးပြီး မြင်တွေ့ရခဲ့ရတာ ဖြစ်ပါတယ်။

ဧပြီ ရဲ့ စူပါမွန်းဟာ ၂၀၂၀ မှာ တတိယမြောက် မြင်ခဲ့ရတဲ့ စူပါမွန်းလည်း ဖြစ်ပါတယ်။ ပန်းရောင်လ လို့ ခေါ်တွင်ကြတာကတော့ လရဲ့ အရောင်အသွေး သိသိသာသာ ပြောင်းလဲ သွားတာကို ရည်ညွှန်းတာ မဟုတ်ဘဲ မြောက်အမေရိက ဌာနေ လူမျိုးတွေက ဧပြီမှာ ပွင့်တဲ့ တောရိုင်းပန်း တမျိုး နဲ့ ခိုင်းနှိုင်း ခေါ်ဝေါ် ခဲ့ရင်းနဲ့ Pink Moon လို့ အမည်တွင်ခဲ့တာပါ။

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကြောင့် အိမ်မှာ နေကြရင်းနဲ့ ပန်းရောင်လ စူပါမွန်းကို ကြည့်ဖြစ်ခဲ့ကြတဲ့ ကမ္ဘာ့ နေရာ အနှံ့ က ဘီဘီစီ ပရိသတ်တွေလည်း ကိုယ့် အတွေ့အကြုံတွေကို မှတ်ချက်မှာ လာရောက် မျှဝေကြပါဦးနော်။

#ဘီဘီစီမြန်မာပိုင်း #မြန်မာ #ရန်ကုန် #လ #စူပါမွန်း #ပန်းရောင်လ

Photo - Ye Myo Khant / MPA

10 ယောက်ရှိပါပြီ။ အားလုံးဂရုစိုက်ကြပါ။9ယောက်မြောက်က ထိုင်းကပြန်လာတာပါတဲ့။
29/03/2020

10 ယောက်ရှိပါပြီ။ အားလုံးဂရုစိုက်ကြပါ။
9ယောက်မြောက်က ထိုင်းကပြန်လာတာပါတဲ့။

 #ထောင်ဖောက် ထောင်ဆူပြီ29.3.2020ထိုင်းပထမဆုံး Lockdown လုပ်သောဘူလီလမ်ခရိုင်Covid19 ကြောက်သဖြင့် အကျဉ်းသား 100ကျော်ထောင်အ...
29/03/2020

#ထောင်ဖောက် ထောင်ဆူပြီ

29.3.2020
ထိုင်းပထမဆုံး Lockdown လုပ်သော
ဘူလီလမ်ခရိုင်
Covid19 ကြောက်သဖြင့်
အကျဉ်းသား 100ကျော်
ထောင်အတွင်း မီးရှို
ထောင်ဖောက်ထွက်လာ
အနီးပတ်ဝန်းကျင် အပြစ်မဲ့ပြည်သူအိမ်များ ဝင်ဆီး
ဓားစာခံလုပ် ဆူပူနေကြ
ထိုင်းဘုရင့်တပ်မတော် ဝင်ရောက်ထိမ်းသိမ်းနေ
သေနတ်သံများ ဆူညံနေဆဲ အသေအပျောက်ရှိ

ရှက်စရာ ကောင်းလိုက်တာ-------------လူမူ့ကွန်ယက်မှာ သံဃာတော်အရှင်မြတ်များကိုဆွမ်းမလှူနိုင်တော့ဘူး ဆိုတဲ့စာရွက်လေးတွေ့လိုက်...
29/03/2020

ရှက်စရာ ကောင်းလိုက်တာ
-------------

လူမူ့ကွန်ယက်မှာ သံဃာတော်အရှင်မြတ်များကိုဆွမ်းမလှူနိုင်တော့ဘူး ဆိုတဲ့စာရွက်လေးတွေ့လိုက်ရတော့ များစွာတုန်လှုပ် မိသွားတယ်

သီဟိုဠ်မှာ ကပ်ဘေးဆိုက်တော့ တဆယ့်နှစ်နစ် မိုးခေါင်ခဲ့တယ် လူတွေလည်း ငတ်သေကြ ရဟန်းတော်တွေလည်း ဆွမ်းမရလို့အားပြတ်ပြီး ပျံလွန်တော်မူကြတာ အများကြီး ရှိခဲ့ဘူးတယ်တဲ့

ကပ်ဘေးဆိုက်လို့လူတွေ ငတ်ကြ ပြတ်ကြတဲ့အခါ စဉ်းစားသတဲ့ ငါတို့ငတ်ပြီးသေသွားတာ အကြောင်းမဟုတ်ဘူး
သံဃာတော်များ ဆွမ်းမစားရ ရင် ဘုရာရှင်ရဲ့ တရားတော်တွေကို စောင့်ထိမ်းမဲ့သူ မရှိတော့ဘူး အဲဒါဆိုရင် သာသနာကွယ်လိမ့်မယ် ဒါ့ကြောင့် သံဃာတော်များအတွက် စီစဉ်ရမယ် ဆိုပြီး သံဃာတော်တွေ ဆွမ်းအခတ်အခဲ အတွက် သုံးနှစ်စာ လုံလောက်တဲ့ စပါးတွေကို စီစဉ်ပေးခဲ့ ကြတယ်

ဒါတောင် သုံးနှစ်ပြည့်တဲ့အထိ့ကပ်ဘေးကမပြီးသေးလို့ရဟန်းသံဃာတော်တွေဟာ မိမိတို့ရထားတဲ့ပိဋကတ်စာပေတွေကို မေ့မှာစိုးတဲ့အတွက်
သဲသောင်ပြင်ပေါ် ဗိုက်မှောက်သူ တွေရော သဲအစိုတွေကို ဗိုက်ပေါ်တင်သူတွေရော အများပြီးရှိတယ် တဲ့ အစာမစားရလို့ပူနေတဲ့ဝမ်းကို အေးအောင် အဲဒီလိုပြုလုပ်ကြရခဲ့ဘူးပါတယ်

အဲဒီအချိန်က ပြည်သူတွေ နဲ့ သံဃာတော်တွေရဲ့ ကျေးဇူးကြောင့် ကျွန်တော်တို့တတွေ အခုအချိန်ထိ ဗုဒ္ဓဘာသာ ဖြစ်ခွင့်ရနေကြရတာပါ
သူတို့တတွေသာ ဆရာ ဒကာ မညီညွတ်ခဲ့ရင် သာသနာ ကွယ်ခဲ့တာကြာပါပြီ

စဉ်းစားကြည့်ကြစမ်းပါ
အခု ကပ်ဘေးဆိုတာ ထမင်းမငတ်နိုင်သေးပါဘူး နည်းနည်းလေး စိုးရိမ်စရာ ကောင်းတာ နဲ့ပဲ ကိုယ်လွတ်ရုန်းဖို့ကြိုးစားကြမယ် ဆိုရင် ကျွန်တော်တို့တတွေ ဗုဒ္ဓဘာသာ လို့ပြောရမှာ ရှက်စရာကောင်းလှပါတယ်

ဘုရားရှင်တောင် ဒီသာသနာ ဖြစ်ပေါ်လာဖို့ သွေးတွေလှူခဲ့တာ သမုဒ္ဒရာလေးစင်းထဲက ရေထက် များတယ် တဲ့
မျက်လုံးတွေ လှူခဲ့တာ ကောင်းကင်က ကြယ်တာရာတွေ ထက်များ တယ် တဲ့

အခု အဲဒီလောက် တန်ဘိုးရှိတဲ့ သာသနာတော်ကြီး ပျက်ခါနီး မှာဘုရားရှင်တောင် လေးအသင်္ချေကမ္ဘာတသိန်းပေးဆပ်ပြီးရလာခဲ့တာ ငါတို့က အခု ကာကွယ်ဖို့ကြုံလာပြီး ဝမ်းသာစရာကောင်းလှတယ် လို့ နှလုံးမသွင်းနိုင်ကြဘူးလား

သာသနာကို အသက်နဲ့လဲပြီးကာကွယ်ရမယ်စောင့်ထိမ်းမယ် ငါတို့သေရင်သေပါစေ သံဃာတော်တွေ ဆွမ်းမငတ်စေရဘူး ဆိုတဲ့ သီဟိုခေတ်က ဒကာတွေရဲ့
သဒ္ဓါတရား မျိုးတွေ ကို အတုမယူ သင့်ဘူးလား

ကိုယ်က ရှာစားလို့ရပါသေးတယ်
ရှာစားလို့မရနိုင်တဲ့ ရဟန်းသံဃာတော်များက ကိုယ့်ထက် ပိုကြောက်မှာ အသေအချာပါပဲ

သီဟိုဠ်ခေတ်က ဒကာတွေရဲ့ သဒ္ဓါတရားမျိုးတွေနဲ့သာ ဗုဒ္ဓဘာသာ ဆိုတဲ့
အရှိန်အဝါနဲ့ ထိုက်တန်ပါတယ်

နောက်ကို
ဒီလို စာရွက်မျိုးတွေ
မမြင်ရ မတွေ့ရပါစေနဲ့
ဗုဒ္ဓဘာသာတို့ရယ်

ရှက်လွန်း လို့ပါ

ဘုရားရှင်ကို အားနာလွန်းလို့ပါ
သီဟိုဠ်ခေတ်က ဒကာတွေကို
အားနာလွန်းလို့ပါ
ဗုဒ္ဓဘာသာလို့ ပြောရမှာ
အားနာလွန်းလို့ပါ

ဦးမြင့်ခိုင်

Share ပေးကြပါရန်

24/03/2020

သင့်မှာ ရွေးချယ်စရာ ၃ ခု ရှိပါတယ်...

(1) အိမ်မှာနေမယ်

(2) ဆေးရုံမှာနေမယ်

(3) ဓာတ်ပုံမှန်ဘောင်ထဲမှာနေမယ်

ငါရေးတာမဟုတ်ဘူး ဟိုတှောက်ရေးတာ ဆဲချင် သူ့ကိုဆဲ 😂

ကိုင်ကိုင် ဘာရွေးမလဲ ☺️


COVID-19 မြန်မာနိုင်ငံ၂ ယောက် တွေ့ရှိပါပြီ .......
24/03/2020

COVID-19 မြန်မာနိုင်ငံ
၂ ယောက် တွေ့ရှိပါပြီ .......

နာမည်ကြီးနေတဲ့ ဝူဟန် ရောဂါကြောင့် Lock Down ချခြင်းရဲ့ အဓိပ္ပယ် .......
23/03/2020

နာမည်ကြီးနေတဲ့ ဝူဟန် ရောဂါကြောင့် Lock Down ချခြင်းရဲ့ အဓိပ္ပယ် .......

22/03/2020

ဟင်းခိုးစားလို့ မျက်လုံးဖောက်ခံရတဲ့ကြောင်ကလေး အဲလောက်ထိမလုပ်သင့်ပါဘူး...

Corona virus ကြောင့် ဖိုးဖိုးကို ဝင်တွေ့ခွင့် မရတော့လို့ ကိုယ့်စေ့စပ်ကြောင်းလမ်းသတင်းလေး ပြတင်းပေါက်အပြင်ကနေ ပြောပြနေတဲ့...
20/03/2020

Corona virus ကြောင့် ဖိုးဖိုးကို ဝင်တွေ့ခွင့် မရတော့လို့ ကိုယ့်စေ့စပ်ကြောင်းလမ်းသတင်းလေး ပြတင်းပေါက်အပြင်ကနေ ပြောပြနေတဲ့ ‌မြေးမလေး Carly Boyd ❤️

အသက်ကြီးသူတွေကို မတော်တဆရောဂါကူးမှာစိုးလို့ ပေးမတွေ့တော့တာပါ။ ဒီပုံထဲမှာ ဘယ်သူကမှ ရောဂါဖြစ်နေတာ မဟုတ်ပါဘူး။ ကိုယ့်မိသားစု၊ ကိုယ်ချစ်တဲ့သူတွေကို ကာကွယ်တယ်ဆိုတာ ဒါကိုပြောတာ‌ပါ။

Be responsible, Be safe ❤️

ပန်းအိဖြူ
Photo - Original

ရောဂါသာရှိနေရင် ဒုက္ခတွေများပြီ🤨........ထိုင်းနိုင်ငံတွင် အများပြည်သူနေရာများ၌ တံတွေးလိုက်ထွေးပြီး ကိုရိုနာဗိုင်းရပ်စ်စစ်...
20/03/2020

ရောဂါသာရှိနေရင် ဒုက္ခတွေများပြီ🤨........

ထိုင်းနိုင်ငံတွင် အများပြည်သူနေရာများ၌ တံတွေးလိုက်ထွေးပြီး ကိုရိုနာဗိုင်းရပ်စ်စစ်ရန် ငြင်းဆန်သည့် တရုတ်အမျိုးသမီးကို ထိန်းသိမ်းကာ ဓါတ်ခွဲနမူနာရယူစစ်ဆေးထား
https://www.tachileik.net/2020/03/cov_20.html
***********
ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ နေ့စဉ်တိုးလာနေ၍ စိုးရိမ်မှုမြင့်နေသည့် ထိုင်းနိုင်ငံတွင် တရုတ်အမျိုးသမီးတစ်ဦးက ဘတ်စ်ကားနှင့် ရထားထိုင်ခုံများ၌ တံတွေးလိုက်ထွေးနေပြီး ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရန် ခေါ်ဆောင်သည်ကိုလည်း ငြင်းဆန်သဖြင့် တာဝန်ရှိသူများက ထိန်းသိမ်းပြီး ဓါတ်ခွဲနမူနာရယူ စစ်ဆေးနေကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးသည် ဘန်ကောက် - ဆာရာဘူရီ ဘတ်စ်ကားစီးနင်းလိုက်ပါလာစဉ် ပီကေဝါးပြီး ကြမ်းပြင်တွင်ထွေးသည့်အပြင် ပါးစပ်သုတ်ထားသည့် စက္ကူကိုလည်း ကြမ်းပြင်တွင် ပစ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ကားပေါ်တွင် ထိုင်ခုံနေရာများစွာ ရွှေ့ပြောင်းထိုင်ကာ တံတွေးလိုက်ထွေးပြီးမှ ကားပေါ်ကဆင်းသွားသည်ကို ဘတ်စ်ကားလိုင်းက သတိထားမိသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအမျိုးသမီးအား ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးရန် တာဝန်ရှိသူများက ဆေးရုံပို့ရန်ခေါ်သည်ကို ငြင်းဆန်ပြီး တရုတ်နိုင်ငံသို့ (၂)ရက်အတွင်း ပြန်မည်ဟုပြောကာ ထွက်ခွာသွားခြင်းဖြစ်ကြောင်း CCTV မှတ်တမ်းနှင့်အတူ လူမှုကွန်ယက်စာမျက်နှာတွင် တင်ပြလာခြင်းဖြစ်သည်။

ယင်းနောက် အဆိုပါ အမျိုးသမီးကို အများပြည်သူစီးနင်းနေသည့် ရထားတွင် တံတွေးထွေးနေသည်ကို တွေ့ရပြီးနောက် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆေးရုံသို့ ခေါ်ဆောင်ရန် ကြိုးစားစဉ် တံတွေးဖြင့် ပြန်ထွေးသဖြင့် လုံးထွေးဖမ်းဆီးခဲ့ရကြောင်း ထိုင်းသတင်းဌာနများတွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၂၀)ရက်နေ့၌ သတင်းဖေါ်ပြလာသည်ကို တွေ့ရသည်။

လက်ရှိတွင် အဆိုပါ အမျိုးသမီးအား ဆေးရုံတွင် ခေါ်ဆောင်ထားကာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးနေပြီဖြစ်ကြောင်း သိရသည်။
Tachileik News Agency
Source: Tunkhao

~~~~~~~~⊰❂ Zawgyi Version ❂⊱~~~~~~~~
ထိုင်းနိုင်ငံတွင် အများပြည်သူနေရာများ၌ တံတွေးလိုက်ထွေးပြီး ကိုရိုနာဗိုင်းရပ်စ်စစ်ရန် ငြင်းဆန်သည့် တရုတ်အမျိုးသမီးကို ထိန်းသိမ်းကာ ဓါတ်ခွဲနမူနာရယူစစ်ဆေးထား
https://www.tachileik.net/2020/03/cov_20.html
***********
ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ နေ့စဉ်တိုးလာနေ၍ စိုးရိမ်မှုမြင့်နေသည့် ထိုင်းနိုင်ငံတွင် တရုတ်အမျိုးသမီးတစ်ဦးက ဘတ်စ်ကားနှင့် ရထားထိုင်ခုံများ၌ တံတွေးလိုက်ထွေးနေပြီး ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရန် ခေါ်ဆောင်သည်ကိုလည်း ငြင်းဆန်သဖြင့် တာဝန်ရှိသူများက ထိန်းသိမ်းပြီး ဓါတ်ခွဲနမူနာရယူ စစ်ဆေးနေကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးသည် ဘန်ကောက် - ဆာရာဘူရီ ဘတ်စ်ကားစီးနင်းလိုက်ပါလာစဉ် ပီကေဝါးပြီး ကြမ်းပြင်တွင်ထွေးသည့်အပြင် ပါးစပ်သုတ်ထားသည့် စက္ကူကိုလည်း ကြမ်းပြင်တွင် ပစ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ကားပေါ်တွင် ထိုင်ခုံနေရာများစွာ ရွှေ့ပြောင်းထိုင်ကာ တံတွေးလိုက်ထွေးပြီးမှ ကားပေါ်ကဆင်းသွားသည်ကို ဘတ်စ်ကားလိုင်းက သတိထားမိသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအမျိုးသမီးအား ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးရန် တာဝန်ရှိသူများက ဆေးရုံပို့ရန်ခေါ်သည်ကို ငြင်းဆန်ပြီး တရုတ်နိုင်ငံသို့ (၂)ရက်အတွင်း ပြန်မည်ဟုပြောကာ ထွက်ခွာသွားခြင်းဖြစ်ကြောင်း CCTV မှတ်တမ်းနှင့်အတူ လူမှုကွန်ယက်စာမျက်နှာတွင် တင်ပြလာခြင်းဖြစ်သည်။

ယင်းနောက် အဆိုပါ အမျိုးသမီးကို အများပြည်သူစီးနင်းနေသည့် ရထားတွင် တံတွေးထွေးနေသည်ကို တွေ့ရပြီးနောက် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆေးရုံသို့ ခေါ်ဆောင်ရန် ကြိုးစားစဉ် တံတွေးဖြင့် ပြန်ထွေးသဖြင့် လုံးထွေးဖမ်းဆီးခဲ့ရကြောင်း ထိုင်းသတင်းဌာနများတွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၂၀)ရက်နေ့၌ သတင်းဖေါ်ပြလာသည်ကို တွေ့ရသည်။

လက်ရှိတွင် အဆိုပါ အမျိုးသမီးအား ဆေးရုံတွင် ခေါ်ဆောင်ထားကာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးနေပြီဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Source: Tunkhao
⊰❂ #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net ❂⊱
Naing Oo

ထိုင်းဆိုသည်မှာလည်းမဖြစ်ရင်လည်း ဘာမှ မဖြစ်ဘူး..ဖြစ်လိုက်ရင်လည်း အကြီးအကျယ်ပဲ..ဇာတ်လမ်းကိုပြောပြရရင် ထိုင်းစစ်သားလေးက သူ့...
09/02/2020

ထိုင်းဆိုသည်မှာလည်း
မဖြစ်ရင်လည်း ဘာမှ မဖြစ်ဘူး..
ဖြစ်လိုက်ရင်လည်း အကြီးအကျယ်ပဲ..

ဇာတ်လမ်းကိုပြောပြရရင်
ထိုင်းစစ်သားလေးက သူ့ချွေးနှဲစာကရတဲ့ လစာငွေနဲ့
မြေကွက်ဖိုးသွင်းထားတဲ့ ဘတ်ငါးသောင်းကို
သူတို့တပ်မှူးကတော် က ဖြောင်ထားတယ်..
အဲဒီမှာ ဆရာသမားက ပေါက်ကွဲပီး
လက်နက်တိုက်ကိုသွား ချေမှုန်းရေးရိုင်ဖယ်သွားယူ..
အစောင့်တွေကို ပစ်သတ်...
တပ်မှူးအိမ်ကို ဘောက်ချာဆုတ်ဖို့သွားတော့
ကတော်ကိုမတွေ့ဘူး..သူယောက္ခမအဘွားကြီးကို သတ်..
တပ်မှူးကာနယ်ကို သတ်...
တပ်ရင်းက ဟမ်းဗီးကားနဲ့ မြို့လယ် ပလာဇာကို
မောင်းချလာပီး ပွဲကြမ်းနေတာ..

လမ်းမှာ မြင်မြင်သမျှ ပစ်ချလာခဲ့လို့
အရပ်သား တဒါဇင်ကျော်လောက်သေကုန်ပီ..
ဒဏ်ရာရတဲ့သူတွေလည်း အများကြီးပဲ..
ဆေးရုံမှာ သွေးမလောက်တော့လို့
နီးစပ်ရာအလှူရှင်တွေလာလှူနေကြတယ်...

တပ်ထိန်းနဲ့ SWAT တွေရဲ့
ဓားစာခံအော်ပရေးရှင်းကလဲ သိပ်အဆင်မပြေဘူး..
သောင်းကျန်းနေတဲ့ တပ်ကြပ်က အထူးတပ်ကလည်းဖြစ်ပြန်
လက်ကလည်း အရမ်းဖြောင့်တော့
ရှော့ပင်းမောလ်ထဲ ဝင်ရှင်းတဲ့ ကွန်မင်ဒိုတွေ
ကျည်ကာဝတ်ထားတာတောင် ထိကုန်ကျတယ်..
SWAT နှစ်ယောက်ကျသွားပီ...
ထိုင်းကာချုပ်တော့ အချီကြီး ပျားတုပ်တာပဲ...

အဲဒီ ထိုင်းရမ်ဘိုရဲ့ ဖေ့ဖွတ်အကောင့်က
Jakrapanth Thomma လို့ခေါ်တယ်..
ဖြစ်စဉ်အစမှ အဲဆရာသမားက ဓာတ်ပုံတွေတင်..
Live တွေလွင့် လုပ်လိုက်သေးတယ်..
အခု သူ့ရဲ့ ဖေ့ဖွတ်အကောင့်ကို FB Teamက
ပိတ်ချပစ်လိုက်ပီ....

အခုထိ မစ်ရှင် ကွန်ပလိ မဖြစ်သေးဘူး..
အရပ်ဘက်စစ်ဘက်သေဆုံးသူပေါင်း ၂၆ဦး..
ဒဏ်ရာရထားတာလည်း အများကြီးပဲ..
Terminal 21 ရှော့ပင်းမောလ်ထဲမှာ
အထူးတပ်က ဝင်ရှင်းနေတုန်း..
သွန်းမားက လေးလွာမှာ ဓားစာခံ ၁၆ ယောက်နဲ့
ရှိနေတယ်လို့ သိရတယ်..

မနှစ်က မယ်ဆိုင်ဂူထဲမှာ ပိတ်မိနေတဲ့ တောဝက်ဘောလုံးအသင်းအကြောင်း ရုပ်ရှင်တော့ ထွက်လာပီးပီ..
နောက်များမကြာမီမှာလည် ဒီ ထိုင်းရမ်ဘို သွန်မား ရဲ့
Terminal 21 စွန့်စားခန်းကို ပိတ်ကားထက်မှာ
မြင်လာရဖို့ ရှိနေတယ်...

ကိုဆေတန်

04/02/2020
😂  ချစ်ချစ်' က ကိုရီးယား မင်းသားတွေကို သဘောကျတယ်ဆိုလို့ ၊ ကိုရီးယား စတိုင်တိုင်းပဲနေပစ်လိုက်တော့တယ် 😂😂😂
20/01/2020

😂 ချစ်ချစ်' က ကိုရီးယား မင်းသားတွေကို သဘောကျတယ်ဆိုလို့ ၊ ကိုရီးယား စတိုင်တိုင်းပဲနေပစ်လိုက်တော့တယ် 😂😂😂

ဝင်းနဲ့ ဇော် ဆေးထိုးသတ်မဲ့နေ့ကို ထိုင်းအစိုးရမှ တရားဝင်ထုတ်ပြန်လိုက်ပြီ@@@@@@@@@@@@@@@လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ကျခံနေ...
16/01/2020

ဝင်းနဲ့ ဇော် ဆေးထိုးသတ်မဲ့နေ့ကို ထိုင်းအစိုးရမှ တရားဝင်ထုတ်ပြန်လိုက်ပြီ
@@@@@@@@@@@@@@@လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ကျခံနေရတဲ့ ဝင်းနဲ့ ဇော် ကိုဆေးထိုးသတ်မည့် နေ့ကို ထိုင်းအစိုးရမှ တရားဝင်ထုတ်ပြန်လိုက်ပြီ

Thursday, January 16, 2020

ထိုင်းနိုင် ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမားတြွေဖစ်တဲ့ ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ဟာ ဗြိတိသျှနိုင်ငံ သား ဒေးဗစ်မေးလာကို လူသတ်မှု ၊အန်နာ ကို မုဒိမ်းမူ လူသတ်မှုတို့နဲ့ သေဒဏ်ချမှတ်ခြင်းခံထားရတာဖြစ်ပါတယ် ထိုင်းရှေ့နေ့များကောင်စီပါ ပါတယ် သူတို့ အမေနှစ်ယောက်ပါပါတယ် သံအမတ်ကြီးလည်းရောက်လာပြီး ဝင်းနဲ့ဇော် ကိုယ်တိုင်လက်မှက်ထိုးထားတဲ့ စာကို တင်လိုက်ပါတယ်လို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။

အောက်တိုဘာလ ၂၄ ရက်နေ့ မနက် ၁၁ နာရီလောက်မှာထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးဦးဆောင်၊ပြီး၊ထိုင်းဘုရင့်ဆီအသနား ခံလွှာကို၊ထောင်ညွန်ကြားရေးမှူးဆီကတဆင့်တင်လိုက်တာလို့ ပြောပါတယ် ထိုင်းနိုင်ငံမှာ ဗြိတိန်နိုင်ငံက ကမ္ဘာလှည့်ခရီးသွား ၂ ဦး အသတ်ခံခဲ့ရတဲ့ အမှုအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး မြန်မာနိုင်ငံသား အလုပ်သမား ၂ ဦးကို ထိုင်းတရားရုံးက ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက သေဒဏ်ချမှတ် ခဲ့ပါတယ်။

ထိုင်းဥပဒေကသေဒဏ်ချမှတ်ခံရသူတွေ ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးရန်ခွင့်ပြုထား ပြီးသူတို့ရဲ့နောက်ဆုံးအယူခံကို ပြစ်ဒဏ် ချမှတ်ခံရပြီး ရက်ပေါင်း ၆၀ အတွင်း အယူခံတင်နိုင်ပါတယ် ဝင်းနဲ့ဇော် တို့ အယူခံနှစ်ခါတင်ခဲ့ပြီး နှစ်ခါစလုံးရှုံးနိမ့်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ် ဇန်နဝါရီလမှာ ခရိုင်တရားရုံးက သေဒဏ်ချမှတ်တဲ့ အမိန့်ကို ဆက်လက်အတည်ပြု ကြောင်း ချမှတ်ခဲ့ပြီး ထိုင်းဗဟိုတရားရုံးကလည်းသြဂုတ်လ ၂၉က နောက်ဆုံးအယူခံ လျှောက်ထားခဲ့တာဖြစ်ပါတယ် မြန်မာရွှေ့ပြောင်းအလုပ်သမား ခန့်မှန်းခြေ ၄,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က လူသတ်မှုဖြစ်ပွားပြီး ရက်ပိုင်းအတွင်းမှာပဲ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာလူငယ် ၂ ယောက်ကတော့ သတ်ဖြတ်မှု ကျုးလွန်ကြောင်း အစောပိုင်းမှာတော့ ဝန်ခံပြောဆိုခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ရဲတွေရဲ့ နှိပ်စက်မှုကြောင့် ဖြောင့်ချက်ပေးခဲ့တာ ဖြစ်တဲ့အကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့တာပါ။

၂၀၁၄ ခုနှစ် စက်တင်ဘာလကုန်ပိုင်းမှာ လူသတ်မှုနဲ့ တရားစွဲဆိုခံ ခဲ့ရတဲ့ မြန်မာလူငယ် ၂ ဦးကတော့ တနှစ်ကျော်ကြာ ထိုင်းနိုင်ငံ ကော့စမွေ အကျဉ်းထောင် မှာ ဖမ်းဆီးထားပြီး အခုနောက်ဆုံး တရားရုံးကနေ သေဒဏ်ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ယောက် အမှုအပေါ် ထိုင်းရှေ့နေများကောင်စီနဲ့ ပူးပေါင်းပြီး မြန်မာသံရုံးကပါ လိုက်ပါကူညီဆောင်ရွက်နေကြပါတယ် လိပ်ကျွန်းက ဗြိတိသျှစုံတွဲနှစ်ဦး အသတ်ခံရမှုနဲ့ ပက်သက်ပြီး ဝင်းနဲ့ဇော်တို့အပေါ် တရားခံလိုစွပ်စွဲခဲ့တဲ့ အပေါ် ဗြိတိန်နဲ့ ထိုင်းတို့အပါအဝင် နိုင်ငံအများအပြားက ထိုင်းရဲတပ်ဖွဲ့ အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ ကြပါတယ် ဒီအမှုမှာ ထိုင်းရဲတပ်ဖွဲ့က ဝင်းနဲ့ ဇော်တို့အပေါ် ဖိအားပေးကာ တရားခံလို ဝန်ခံခိုင်းတာ၊ သေဆုံးသူ အန်နာရဲ့ကိုယ်ပေါ်မှာတွေ့ရှိတဲ့ မျိုးရိုးဗီဇ နဲ့ စွပ်စွဲခံထားရသူတွေရဲ့ မျိုးရိုးဗီဇတွေ ထပ်တူမကျတာတွေ စတာတွေလည်း ကွဲလွဲမှုတွေရှိတယ်လို့ ဝေဖန်တာတွေရှိခဲ့ပါတယ်။

ထုံးစံအရ၊ထောင်ညွှန်ကြားရေးမှူးက၊ထိုင်းတရားရေးဝန်ကြီးဌာန၊အဲဒီကတဆင့်ထိုင်းဘုရင်ထံပန်ကြား အသနားခံရတာဖြစ်ပါတယ်။သို့ပေမယ့်လည်းအဆိုပါအသနားခံစာဟာရှုံးနိမ့်ခဲ့ပြီး ထိုင်းသတင်းတွေအရဝင်းနဲ့ဇော်ကိုသေဒဏ်ချမှတ်မယ့်နေ့ကိုကြေငြာခဲ့ပြီဖြစ်ပါတယ်။

Crd - SearchMyanmar

တတိယကမ္ဘာစစ် ဖြစ်သည်ဖြစ်စေမဖြစ်သည်ဖြစ်စေ မိမိနိုင်ငံရဲ့စစ်ရေးပြင်ဆင်မှုတွေကိုတော့အားရကျေနပ်မိပါ၏။       ။Credit
12/01/2020

တတိယကမ္ဘာစစ် ဖြစ်သည်ဖြစ်စေ
မဖြစ်သည်ဖြစ်စေ မိမိနိုင်ငံရဲ့
စစ်ရေးပြင်ဆင်မှုတွေကိုတော့
အားရကျေနပ်မိပါ၏။ ။

Credit

ဒီသားအဖကိုကြည်ု့ပြီး ဈေးဝယ်ထွက်လာတဲ့လူတွေကရှောင်ဖယ်ရှောင်ဖယ်ပြုလုပ်ကြသည့်အပြင် ဈေးဆိုင်တွေကလည်း မျက်နှာမဲ့စွာဖြင့် မတူ...
12/01/2020

ဒီသားအဖကိုကြည်ု့ပြီး ဈေးဝယ်ထွက်လာတဲ့လူတွေက
ရှောင်ဖယ်ရှောင်ဖယ်ပြုလုပ်ကြသည့်အပြင် ဈေးဆိုင်တွေ
ကလည်း မျက်နှာမဲ့စွာဖြင့် မတူသလို့မတန်သလို ဆက်ဆံ
ပြီးမရောင်းချင်ကြဘူးဗျာ။ တကယ်တော့ ဖဲ့ခြစ်ထားတဲ့ပိုက်ဆံ
လေးတွေကိုစု သမီးလေးအတွက်ဆိုပြီးဈေးဝယ်ထွက်လာတဲ့
သားအဖပါဗျာ။ လူလူချင်းအတူတူ အဝတ်အစားကိုကြည့်ပြီး
အပေါ်ယံဆက်ဆံခြင်း ကင်းမဲ့ကြပါစေဗျာ။

Address


Alerts

Be the first to know and let us send you an email when ThadinSone - သတင်းစုံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ThadinSone - သတင်းစုံ:

  • Want your business to be the top-listed Media Company?

Share