Silver Moon Design

  • Home
  • Silver Moon Design

Silver Moon Design Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Silver Moon Design, Digital creator, .

05/10/2026
02/10/2026

💁🏻‍♀️ဦးကြီးတို့ရေ မတ်ပဲ၊ပဲတီစိမ်းမျိုးတွေကို ဘယ်လိုရွေးချယ်သင့်လဲ❓
💯အထွက်နှုန်းကောင်းပြီး ပိုးမွှား၊ရောဂါ အသင့်အတင့်ခံနိုင်ရည်ရှိ၍ အဝါရောင်မှိုစိတ်ရောဂါဒဏ် ခံနိုင်သော မတ်ပဲမျိုးနှင့် ပဲတီစိမ်းမျိုးများ ကို ဖော်ပြပေးလိုက်ပါတယ်။
🌱မတ်ပဲမျိုးများ🌱
🫘မတ်ပဲ TBL -9
၅ဝ% ပန်းပွင့်ရန် ကြာချိန် (၃၅-၄၀) ရက်ဖြစ်ပြီး သက်တမ်း ပျမ်းမျှ (၇၅-၈၀) ရက်ခန့်ရှိပါသည်။
တစ်ပင်ပါသီးကိုင်း (၄-၅) ကိုင်း၊ တစ်ပင်ပါသီးတောင့် (၆၀-၈၀)တောင့် ၊ တစ်တောင့်ပါအစေ့(၅-၇)စေ့နှင့် အစေ့ (၁၀၀) အလေးချိန် (၆.၆) ဂရမ် ပျမ်းမျှရှိပါသည်။
အပင်အမြင့် (၆၀) စင်တီမီတာခန့် ပျမ်းမျှရှိပါသည်။
အစေ့အရောင်သည် အနက်ရောင်ရှိပါသည်။
ရာသီမရွေးစိုက်ပျိုးနိုင်ပါသည်။
အထွက်နှုန်း တစ်ဧကလျှင် ပျမ်းမျှ (၂၀-၂၅) တင်းခန့်ရှိပါသည်။
အဝါရောင်မှိုစိတ်ရောဂါဒဏ် ခံနိုင်ရည်ရှိပါသည်။
🫘မတ်ပဲ ရေဆင်း (၇)
၅ဝ% ပန်းပွင့်ရန် ကြာချိန် (၄၅-၅၀) ရက်ဖြစ်ပြီး သက်တမ်း ပျမ်းမျှ (၈၀-၈၅) ရက်ခန့်ရှိပါသည်။
တစ်ပင်ပါသီးတောင့် (၃၅-၄၀)တောင့် ၊ တစ်တောင့်ပါအစေ့ (၅-၆) စေ့၊ အစေ့ (၁၀၀) အလေးချိန် (၅-၅.၅) ဂရမ်ခန့်ရှိပါသည်။
အစေ့အရောင်သည် တောက်ပသော အစိမ်းနက်ရောင်ရှိပါသည်။
ရာသီမရွေးစိုက်ပျိုးနိုင်ပါသည်။ အထွက်နှုန်း တစ်ဧကလျှင် ပျမ်းမျှ (၂၅-၃၀) တင်းခန့်ရှိပါသည်။
အဝါရောင်မှိုစိတ်ရောဂါဒဏ် ခံနိုင်ရည်ရှိပါသည်။
🫘 မတ်ပဲ ရေဆင်း-၄
၅ဝ% ပန်းပွင့်ရန် ကြာချိန် (၃၂)ရက် ဖြစ်ပြီး သက်တမ်း (၆၉) ရက်ဆိုသော်လည်း ဆောင်းသီးနှံစိုက်ပျိုးလျှင် ပျမ်းမျှ (၉၀-၉၅)ရက်ခန့်အထိ ရှိပါသည်။
လင်းတာတုန့်ပြန်မှုမရှိ၊ အပူချိန်တုန့်ပြန်မှု အနည်းငယ်ရှိ၍ မိုးဦး၊ မိုးလယ်၊ မိုးနှောင်း ရာသီမရွေး စိုက်ပျိုးနိုင်သော မျိုးဖြစ်ပါသည်။
ပင်ထောင်ဖြစ်ပြီး အစေ့အရောင်မှာ အနက်ဖြစ်ပြီး အပင်အမြင့် (၃၄) စင်တီမီတာ/(၁)ပေကျော် ပါသည်။
ကိုင်းဖြာထွက်မှုမှာ ပျမ်းမျ (၃)ကိုင်းခန့်၊ တစ်ပင်တွင် သီးတောင့် (၃၁)တာင့်ရှိပြီး တစ်တောင့်ပါအစေ့ (၄-၆) စေ့၊ အစေ့(၁၀၀) အလေးချိန် (၄.၁၂- ၄.၅) ဂရမ် အထိ ရှိပါသည်။
အထွက်နှုန်းမှာ တစ်ဧကလျှင် (၂၀-၂၅) တင်းခန့် ပျမ်းမျှ ရှိပါသည်။
ပိုးမွှားနှင့် အဝါရောင်မှိုစိတ်(Virus)ရောဂါဒဏ်ခံနိုင်ရည် အသင့်အတင့်ရှိသော မျိုး ဖြစ်ပါသည်။

🫛ပဲတီစိမ်းမျိုးများ🫛
🫘ပဲတီစိမ်း ရေဆင်း-၁၅
သက်တမ်း (၆၀-၇၃) ရက်ခန့်ရှိပါသည်။
တစ်ပင်ပါသီးကိုင်း( ၃-၄) ကိုင်း၊ တစ်ပင်ပါသီးတောင့် (၁၃-၂၉)တောင့် ၊ တစ်တောင့်ပါအစေ့(၁၀-၁၃)စေ့ နှင့် အစေ့ (၁၀၀) အလေးချိန် (၅-၇) ဂရမ် ပျမ်းမျှရှိပါသည်။
ပင်ထောင်မျိုးဖြစ်ပြီး အစေ့အရောင်သည် အစိမ်းရောင်ရှိပါသည်။
အထွက်နှုန်း တစ်ဧကလျှင် ပျမ်းမျှ (၂၀-၃၀) တင်းခန့်ရှိပါသည်။
ရာသီမရွေးစိုက်ပျိုးနိုင်ပါသည်။
အဝါရောင်မှိုစိတ် နှင့် မြစ်ခြောက်ဆွေးရောဂါဒဏ် အသင့်အတင့် ခံနိုင်ရည်ရှိပါသည်။
🫛ပဲတီစိမ်း ရေဆင်း-၁၆
၅ဝ% ပန်းပွင့်ရန် ကြာချိန် (၃၅-၄၀) ရက်ဖြစ်ပြီး သက်တမ်း (၆၀-၆၅) ရက်ခန့်ရှိပါသည်။
တစ်ပင်ပါသီးတောင့် (၂၀-၃၀)တောင့် ၊ တစ်တောင့်ပါအစေ့(၁၀-၁၃)စေ့ နှင့် အစေ့ (၁၀၀) အလေးချိန် (၆.၅-၇) ဂရမ် ပျမ်းမျှရှိပါသည်။
အဆုံးမရှိပန်းခိုင်မျိုးဖြစ်ပြီး အစေ့အရောင်သည် အစိမ်းရောင်ရှိပါသည်။
အထွက်နှုန်း တစ်ဧကလျှင် ပျမ်းမျှ (၂၀-၃၀) တင်းခန့်ရှိပါသည်။
ရာသီမရွေးစိုက်ပျိုးနိုင်ပါသည်။
အဝါရောင်မှိုစိတ် နှင့် မြစ်ခြောက်ဆွေးရောဂါဒဏ် အသင့်အတင့် ခံနိုင်ရည်ရှိပါသည်။

💁🏻‍♀️အထက်ဖော်ပြပါမျိုးများ၏ ပဲပင်သက်တမ်း နှင့် အထွက်နှုန်းများသည် စိုက်ပျိူးမြေပေါ်မူတည်နိုင်ပြီး သွင်းအားစု(မြေသြဇာ)များ စနစ်တကျ ထည့်သွင်းခြင်း နှင့် အပင်ပြုစုမှု‌ကောင်းလျှင် အပင်သက်တမ်းပိုကြာ၍ အကြိမ်ကြိမ်ခူးဆွတ်နိုင်‌သဖြင့် အထွက်နှုန်းတိုးနိုင်ပါသည်။

စိုက်ပျိုးရေးအတွက်ဆိုအီဗို☘️

#မတ်ပဲ
#ပဲတီစိမ်း
#တောင်သူပညာပေးဆောင်းပါး

02/10/2026

🫘🫛🌱မတ်ပဲ၊ ပဲတီစိမ်း ဖြစ်ထွန်းဖို့ စိုက်ပျိုးမြေကို ဘယ်လိုပြင်ဆင်သင့်လဲ❓

🔸ယခင်စိုက်ခင်းထဲရှိ ပင်ကြွင်း၊ ပင်ကျန်များ၊ ပဲအရိုင်းပင်များ နှင့် အမှိုက်များအား ဖယ်ရှားပေးပါ။
🔸မြေညီညာ‌စေရန်၊ စိုက်ထယ်ရေးကောင်းစေရန် နှင့် အပင်ပေါက်ညီညာစေရန် ထယ် (၁ စပ် မှ ၂ စပ်) ထိုးပြီး ဓားကြမ်းတုံးဖြင့် ထွန် (၂ ) စပ်မောင်းပေးရန် လိုအပ်ပါသည်။
🔸ထယ်ထိုး၊ ထွန်မွှေခြင်းဖြင့် ပိုးမွှားနှင့်မှိုများကို နေပူနှင့်ထိတွေ့စေနိုင်ပြီး ပျက်စီးသွားနိုင်ပါသည်။
🔸ပဲပင်များ အသေအပျောက်နည်းစေရန် ထယ်နက်နက်ထိုးသင့်ပါသည်။
🔸ထယ်နက်နက်ထိုးခြင်းဖြင့် ပဲပင်၏အမြစ်များသည် မြေအတွင်းသို့ (၄-၆) လက်မ အနက်ခန့် ရောက်သွားပြီး အမြစ်နက်စွာ ဆင်းနိုင်၍ မြေအောက်ရေကို ကောင်းမွန်စွာ စုပ်ယူနိုင်ပါသည်။
🔸မြေဆီလွှာ ပိုမိုကောင်းမွန်စေရန် နှင့် အပင်အကျိုးပြုအဏုဇီဝပိုးများလာစေရန် (၁) ဧကလျှင် နွားချေး လှည်း(၅-၁၀) စီးခန့်ထည့်ပေးပါ။ နွားချေးမရနိုင်လျှင် (၁) ဧကလျှင် သဘာဝမြေသြဇာ (သို့) ဇီဝမြေသြဇာ (100) ကီလိုဂရမ်နှုန်း ထည့်သွင်းပေးပါ။ ဂျစ်ပဆန်မြေသြဇာ (၂၅) ကီလိုဂရမ် (၂-၃) အိတ်နှုန်းထည့်သွင်းပေးပါ။
🔸ပဲပင်များ ပင်ပိုင်းကြီးထွားစေရန်၊ အသီး၊ အပွင့် များစေရန်၊ ရာသီဥတု နှင့် ပိုးမွှားရောဂါဒဏ်ခံနိုင်ရည်ရှိစေရန် (၁) ဧကလျှင် တီစူပါ နှင့် ပိုတက်ရှ် ပါဝင်သည့် ဓာတ်မြေသြဇာ (၅၀) ကီလိုဂရမ် အိတ်ဝက်စီ ထည့်သွင်းပေးပါ။
🔸ရောဂါဒဏ်ခံနိုင်ရည်ရှိသော မျိုးများကို ရွေးချယ်စိုက်ပျိုးပါ။
🔸 မြေအစိုဓါတ်နည်းမည်ဟုထင်ပါက မျိုးစေ့များကို တစ်ည ရေစိမ်ပြီးမှစိုက်ပျိုးပါ။
🔸 မစိုက်ပျိုးမီ မြေဆောင်ရောဂါများကို ကာကွယ်ရန် ပဲ(၁)တင်းလျှင် မျိုးစေ့လူးနယ်ဆေး (၂၀) ဂရမ်နှုန်းဖြင့် လူးနယ်၍ စိုက်ပျိုးပေးရပါမည်။
🔸 မြေသည် ရေစိုလွန်းခြင်း၊ ခြောက်လွန်းခြင်း မဖြစ်စေဘဲ အပင်ပေါက်ရန် သင့်တော်သော အစိုဓာတ်ရှိချိန်တွင် စိုက်ပျိုးပေးသင့်ပါသည်။

🌱 မြေကောင်းမှ အမြစ်ကျန်းမာ🌿 အမြစ်ကျန်းမာမှ အပင်သန်🫘 အပင်သန်မှ ပဲအထွက်ကောင်း👍

စိုက်ပျိုးရေးအတွက်ဆိုအီဗို☘️

#တောင်သူပညာပေးဆောင်းပါး
#မတ်ပဲ
#ပဲတီစိမ်း
#ပဲမျိုးစုံ

02/09/2026

🌾စပါးရွက်ညိုပြောက်ရောဂါကို ထိရောက်စွာကာကွယ်နှိမ်နင်းပါ။👍
👉ဤရောဂါသည် စပါးပင် သက်တမ်းတစ်လျှောက်လုံးမှာ ကျရောက်ဖျက်ဆီးလေ့ရှိသည်။
🔥အပြင်းထန်ဆုံးရောဂါကျရောက်ချိန်သည် ပင်ပွား အများဆုံး ထွက်ချိန်မှ ရင်မှည့်ချိန်အထိ ဖြစ်သည်။
👉ရောဂါလက္ခဏာတွေကတော့
🌾စပါးပင် အရွက်၊ ရွက်ဖုံး၊ စပါးစေ့နှင့် စပါးနှံအခက်များပေါ်တွင် တွေ့ရတတ်သည်။
ရောဂါအစက်အပြောက်များသည် အစောပိုင်းအဆင့်တွင် ခရမ်းရောင်နှင့်အညိုရောင်ရှိပြီး နောက်ပိုင်းမှာ အညိုရောင်အနားရင့်နှင့် အလယ်တွင် မီးခိုးရောင်အကွက်ပြောက်များ ဖြစ်ပေါ်တတ်ပါသည်။
🌾ထိုမှ အရွက်များတဖြည်းဖြည်းခြောက်ပြီး စပါးပင်သေသွားပါသည်။
🌾စပါးစေ့ပေါ်မှာ ရောဂါကျပြီဆိုပါက အမဲရောင်အစက်ပြောက်များကို ဆန်စေ့ဖြစ်သည်အထိ တွေ့ရတတ်ပါသည်။
👉စပါးရွက်ညိုပြောက်ရောဂါဖြစ်စေတဲ့မှိုသည် ရောဂါရအပင်အစိတ်အပိုင်းထဲတွင်
(၂-၃)နှစ်အထိခိုအောင်းရှင်သန်နိုင်ပြီး မြေဆီလွှာထဲတွင်လည်း ရှင်သန်နိုင်သည်။
🍄မှိုစပိုးများသည် လေမှတဆင့်ပျံ့နှံ့နိုင်ပြီး တနေရာမှတနေရာသို့ ကူးစက်နိုင်သည်။

⚡️ဓာတုနည်းဖြင့်ကာကွယ်နှိမ်နင်းနည်း
✅အီဗိုဂရိုမှ ထုတ်တဲ့ ဘန်ဇာ အား ရေ(၂၀)လီတာဝင်ဆေးဖျန်းပုံး(၁)ပုံးလျှင် ဆေးရည်(၅၀)စီစီ ထည့်ပြီး တစ်ဧကလျှင်ဆေးဖျန်းပုံး (၅)ပုံး အသုံးပြုနိုင်ပါသည်။

✅သဘာဝနည်းဖြင့်ကာကွယ်နှိမ်နင်းနည်း
👉ရောဂါကင်းသော မျိုးစေ့ကို ရွေးချယ်စိုက်ပါ။
👉ရောဂါရ စပါးစိုက်ခင်းရဲ့ ရိုးပြတ်များ၊ ပင်ကြွင်းပင်ကျန်များကို မီးရှို့ပါ။
👉စပါးခင်းထဲရှိ ပေါင်းမြက်နှင့် စပါးရိုင်းပင်များကို ရှင်းလင်းပါ။
👉စပါးခင်းကို ရေသွင်း၊ ရေထုတ်ကောင်းအောင် စီမံထားပါ။
👉ရောဂါကျရောက်ဖူးသော လယ်ကွက်ကိုဖြတ်၍ ရေသွင်းခြင်းကိုရှောင်ပါ။
👉တမန်းအပုပ်လွန်အောင် မစောင့်ဘဲ တမန်းအနေတော်အချိန်မှာစိုက်ပျိုးပါ။

စိုက်ပျိုးရေးအတွက်ဆို အီဗို☘️

#ဘန်ဇာ
#စပါးရွက်ညိုပြောက်ရောဂါ
#တောင်သူပညာပေးဆောင်းပါး

18/08/2026

🌾🌾🌾

Address


Telephone

+959452282192

Website

Alerts

Be the first to know and let us send you an email when Silver Moon Design posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Silver Moon Design:

Shortcuts

  • Want your business to be the top-listed media company?

Share