Zmn.Marketing.mm

  • Home
  • Zmn.Marketing.mm

Zmn.Marketing.mm Page အသစ်ဖွင့်ပေးပါသည်။တိကျမှန်ကန်မြန်ဆန်တဲ့ Page Boost Service အပ်နိုင်ပါသည်။

✅Facebook Identity Confirmation ပြုလုပ်နည်း ✅ID တင်ထားခြင်းကအရမ်းကြီးလိုအပ်လို့လားဆိုတော့မလိုပါဘူး၊မလိုဘူးလားမေးပြန်ရင်လ...
25/10/2023

✅Facebook Identity Confirmation ပြုလုပ်နည်း

✅ID တင်ထားခြင်းကအရမ်းကြီးလိုအပ်လို့လားဆိုတော့မလိုပါဘူး၊မလိုဘူးလားမေးပြန်ရင်လည်းလိုတယ်ပြောရမယ်(မမဆောင်းဆန်နေပြီ)..နည်းနည်းရှုပ်သွားတယ်ဟုတ်...ID တင်ထားလို့ Ads Acc တွေမကျနိုင်ဘူးလားမေးရင်ကျနိုင်ပါတယ်၊Ads Acc Disabled မဖြစ်ချင်လို့ ID တင်ရတာမဟုတ်ပါဘူး။လိုအပ်တယ်ဆိုတာကတော့ Social Issues,elections or politics တွေအတွက်ပါ။

နောက်တစ်ခုသတိထားရမည့်အချက်က ID Confirm ဖြစ်ဖို့ မိမိဖွင့်ထားတဲ့ Facebook Acc ကအမည်၊မွေးနေ့သက္ကရာဇ် သည်မှတ်ပုံတင်ထဲကအတိုင်းကွက်တိဖြစ်ဖို့လိုပါသည်။Profile Picture သည်လည်းမိမိပုံအစစ်ဖြစ်ဖို့လိုပါသည်။(ပုံသည်မျက်နှာကွယ် မျက်လွှာချ မျက်နှာတစ်ခြမ်းပုံတွေထက်မျက်နှာအပြည့်ပုဲတင်က ပိုအဆင်ပြေစေသည်၊မထင်ရင်မထင်သလိုစိတ်ကောက်ပြီးConfirm မပေးတတ်တဲ့ ဇူဇူ့ကြောင့်စိတ်တွေလည်းညစ်ဖူးသည်မို့ထပ်ဆင့်စေတနာစကားရယ်ပါ...)

သေချာတဲ့ FB Ads Acc လိုချင်တာဆိုရင်တော့အောက်ပါနည်းအတိုင်းပဲ ID တင်ထားလိုက်ပါ...

1.Facebook Setting သို့သွားပါ

2.Personal Information ထဲဝင်ပါ

3.Identity Confirmation ကိုနှိပ်ပါ

4.Facebook Account လုံခြုံရေးအတွက်လား၊နိုင်ငံရေးPost တွေ Ads ပြုလုပ်ခြင်းအတွက်လားနေရာမှာ Booster တွေမို့ ဒုတိယအချက်ကိုပဲရွေးပေးလိုက်ပါ။

5.ပြီးလျှင်Country မှာ Myanmar ကိုရွေးချယ်ပါ။

6.Two-Factor Authentication မှာဖုန်းနံပါတ်ဖြည့်ပြီး Text Code ရိုက်ထည့်ပေးပါ။ဒါကတစ်ဆင့်ပြီးပါပြီ...နောက်တစ်ဆင့်အတွက်

7.Identity Confirmation ကိုနှိပ်ပါ..ရွေးချယ်မူသုံးမျိုးကျလာပါလိမ်မည်။အောက်ဆုံးတစ်ခုဖြစ်သည့် Notional ID (မှတ်ပုံတင်ဖြင့်)ကအလွယ်ဆုံးမို့ရွေးချယ်ပြီး Continue လုပ်ပါ။

8.ကင်မရာနှင့်အတူမှတ်ပုံတင်ကိုရိုက်ယူရန်ပုံစံကွက်လေးပေါ်လာပါလိမ့်မည်။(အလင်းမပေါက် အလင်းမပြန်တဲ့ပုံစံနဲ့သေချာလေးရိုက်ပေးပါ..ဓါတ်ပုံရိုက်ရာတွင်ယခင်ကကွက်တိရိုက်၍ရသော်ငြားယခုအခါမှာတော့ဘေးဘက်အစွန်းထွက်လေးပါပါမှအဆင်ပြေတတ်လို့ဘေးဘက်လေးတွေပါအောင်ရိုက်ပေးပါ။အလင်းအမှောင်ညီအောင်လက်ကိုင်ပြီးထောင်ရိုက်၍လည်းရပါသည်။အဓိကလိုအပ်တာက ပုံကြည်လင်ပြတ်သားမူရှိဖို့ပင်ဖြစ်ပါသည်)

9.စိတ်တိုင်းကျပုံရပြီးဆိုမှ Submmit နှိပ်တက်လိုက်ပါ။Inreview ကြာချိန်ကတော့ 24 Hours မှ 48 Hours အတွင်းဖြစ်တတ်ပါသည်။များသောအားဖြင့်ID Confirm ကမြန်တတ်ပါသည်။

10.Support Inbox မှာစစ်ဆေးပြီး Reject ဖြစ်ပါကထပ်တင်ပါ..ပုံကိုအရင်တခေါက်ထက်ပိုကြည်လင်ပြတ်သားအောင်ရိုက်ပြီးထပ်တင်ပါ..

အားလုံးပဲအဆင်ပြေနိုင်ကြပါစေ...🥳

(Copy ၍ ရသည်။ Credit ပေးပါ)





😍Commerical Design လှလှလေးတွေစျေးနူန်းချိုသာစွာဖြင့်အပ်နှံလို့ရပါပြီနော်..😍🌟ကိုယ့်ရဲ့ဝယ်သူတွေသတိအပြုမိအောင် ပုံလှလှလေးတွ...
04/01/2023

😍Commerical Design လှလှလေးတွေစျေးနူန်းချိုသာစွာဖြင့်အပ်နှံလို့ရပါပြီနော်..😍

🌟ကိုယ့်ရဲ့ဝယ်သူတွေသတိအပြုမိအောင် ပုံလှလှလေးတွေနဲ့ Pageမှာဖမ်းစားတတ်ဖို့လည်းလိုပါတယ်..ZMN Digital Marketing မှာတစ်ပုံချင်းသော်လည်းကောင်း တစ်လစာ Package လိုက်သော်လည်းကောင်းစျေးနူန်းအထူးချိုသာစွာဖြင့်ဆောင်ရွက်ပေးနေပါပြီနော်..🌟🌟

📱အသေးစိတ်အချက်အလက်များအတွက်..
📲Page Messanger သို့မဟုတ်
☎09763434087
သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။




ုပ်နည်း

လွတ်လပ်ရေးနေ့ ဒို့မမေ့ 🇲🇲🇲🇲==================( ၇၅ ) ကြိမ်မြောက်  #လွပ်လပ်ရေးနေ့အားကြိုဆိုဂုဏ်ပြုအပ်ပါသည်🙇‍♂️🙇 #လွတ်လပ်ရေ...
04/01/2023

လွတ်လပ်ရေးနေ့ ဒို့မမေ့ 🇲🇲🇲🇲
==================

( ၇၅ ) ကြိမ်မြောက် #လွပ်လပ်ရေးနေ့အား

ကြိုဆိုဂုဏ်ပြုအပ်ပါသည်🙇‍♂️🙇

#လွတ်လပ်ရေးနေ့
#ဇန်နဝါရီလ၄ရက်

Boostလုပ်တိုင်းRejectဖြစ်နေတာဘာကြောင့်လဲ?မိမိတို့ရဲ့ Page မှာ boost တင်တိုင်း rejectဖြစ်နေရင် အောက်ပါနည်းလမ်း(3)မျိုးနဲ့...
03/01/2023

Boostလုပ်တိုင်းRejectဖြစ်နေတာဘာကြောင့်လဲ?

မိမိတို့ရဲ့ Page မှာ boost တင်တိုင်း rejectဖြစ်နေရင် အောက်ပါနည်းလမ်း(3)မျိုးနဲ့ ဆန်းစစ်ဖြေရှင်းနိုင်ပါတယ်။

✔️1)မိမိတို့boostတင်တဲ့postကစာသားနဲ့ပုံတွေမှာfb teamက ခွင့်မပြုတဲ့ စာသားနဲ့ ပုံတွေပါရင် Ads policiesနဲ့မညီကြောင်းwarningစာပေါ်ပြီး boost not approved ဖြစ်သွားမှာပါ။ အဲ့လိုဖြစ်ရင်တော့ fb ads policies များကိုလေ့လာပါ။ မိမိpostကို policyညီအောင်ပြန်လည်ပြုပြင်ပြီး boost ပြန်တင်ရင် approved ဖြစ်မှာပါ။

(Fb Ads policiesများကတော့ Boosting လင်စွဲ ကဏ္ဍမှာဖော်ပြပေးထားပါတယ်)

✔️2) Boostတင်မယ့် Accountက Fb ရဲ့ Policy အသစ်ကိုလက်မခံရသေးရင်လဲ Boostတင်ရင် Not Approved ပြပြီး Reject ဖြစ်တတ်ပါတယ်။
အဲ့လိုမျိုး Fb ရဲ့ Policy အသစ်ကြောင့် boost တင်တဲ့အခါ Not Approved ဖြစ်ပြီး This ad May not run‌ပေါ်နေရင် Click here ကိုနှိပ်ပါ။ Non-discrimination policy ကို accept လုပ်ခိုင်းသောစာပေါ်လာပါက Review now (သို့) review non-discrimination policy--- နှိပ်၍ ပေါ်လာတဲ့စာကို အောက်ဆုံးထိဆွဲပြီး accept နှိပ်ပေးပါ။ အောက်မှာပေးထားတဲ့ linkထဲလဲဝင်ပြီး accept လုပ်ပေးလို့ရပါတယ်။ အဲ့ဒါဆိုရင် Boost approved ဖြစ်သွားမှာပါ။

https://www.facebook.com/certification/nondiscrimination/

✔️3)နောက်ထပ်boost all rejected ဖြစ်ရတာကတော့ Page errorကြောင့်ပါ။ Not approved page error ဖြစ်ရတဲ့အကြောင်းအရင်းကတော့ Fb ရဲ့ ads policyမညီတာ‌တွေကို boost/promoteတင်ခဲ့မိလို့ ဖြစ်ပါတယ်။ ထို Not approved Page error ကြောင့် မိမိတို့Pageမှာ error ဖြစ်သွားရင်တော့ မိမိboost/promoteတင်သမျှ postအားလုံးက ads ruleညီ‌သော်လည်းကြော်ငြာလို့မရဘဲnot approved ဖြစ်နေမှာဖြစ်ပြီး အရင်က boost active/completed ဖြစ်ပြီးသားတွေပါ desktop view နဲ့ ad centre မှာဝင်ကြည့်ရင် rejectedဆိုပြီးပေါ်နေမှာဖြစ်ပါတယ်။

🔰ပြန်ယူနည်းကတော့

🔰ပထမအဆင့်အနေနဲ့ not approvedဖြစ်ကြောင်းwarningပေါ်တဲ့စာမှာrequest review ကိုနှိပ်ပြီး policy ညီကြောင်း စာတင်ပြီးပြန်ယူနိုင်ပါတယ်။

🔰ဒုတိယအ
ဆင့်ကတော့ မိမိads account quality မှာစစ်ဆေးပြီး rejected‌ပေါ်နေတဲ့ ads တွေကိုပြန်လည်စစ်ဆေးပေးဖို့ သတ်မှတ်ထားတဲ့ formပုံစံနဲ့စာတင်ပြီးပြန်ယူရမှာဖြစ်ပါတယ်။

ပြန်ယူဖို့ပျမ်းမျှကြာချိန်ကတော့ 12နာရီမှ3ရက်ထိကြာတတ်ပါတယ်။)

" facebook Page Name ဘာလို့ change မရတာလဲ။ ''Page တခုစထောင်ပြီဆိုတာနဲ့ အရေးကြီးဆုံး က page နာမည်ဖြစ်ပါတယ်။ ကိုယ့် page ထ...
02/01/2023

" facebook Page Name ဘာလို့ change မရတာလဲ။ ''

Page တခုစထောင်ပြီဆိုတာနဲ့ အရေးကြီးဆုံး က page နာမည်ဖြစ်ပါတယ်။ ကိုယ့် page ထဲဝင်လိုက်တာနဲ့ ပထမ ဆုံး customer တွေကို ဆွဲဆောင်နိင်တဲ့ အရာတွေ ထဲက တခုပေါ့။
အဲ့အတွက် ​ကြောင့် နာမည် စပေးတဲ့ အခါမှာ ဂရုတစိုက်ပေးဖို့လိုအပ်သလို နာမည် ပြန်ချိန်းတော့မယ်ဆို ရင်လည်း လိုက်နာရမယ့်စည်းကမ်းလေးတွေ ရှိပါတယ်။

1️⃣ Facebook က ဒီလို နာမည်မျိုးတွေ လက်မခံဘူး။

1)facebook policy အရ ban ထားတဲ့ နာမည်မျိုးတွေ change လို့မရပါဘူး။လူမျိုးရေး ၊ဘာသာရေး ၊ နိင်ငံရေး စတာတွေပုတ်ခတ်စော်ကားထားတဲ့ နာမည်တွေ အပြင် Facebook banned words တွေထည့်လို့မရပါဘူး။

2)page Nameမှာ ''official'' ဆိုတဲ့ စကားလုံး ကို သုံးချင်တိုင်းသုံးမရပါဘူး။ Facebook မှ အတည်ပြုထားတဲ့ Brand တွေ ၊ public figures မှ ထည့်ခွင့်ရှိပါတယ်။ ပြောရရင် facebook Verify လုပ်ထားတဲ့ Blue Mark page တွေ ထည့်ခွင့်ရှိပါတယ်။

3)စကားလုံးအထားအသို လည်းဂရုစိုက်ပါမယ်။
ဥပမာ English လို နာမည် ပေးမယ်ဆိုရင် camel letter တွေထည့်လို့မရပါဘူး ဥပမာ ( TeA sHoP, oLiNe StOre) ။ ​မြန်မာလိုပေးမယ်ဆိုရင်လည်း နောက်ပိုင်း ''Unicode''ကိုသာ အသုံးပြုစေချင်ပါတယ်။

4)Symbol(သင်္ကေတ)တွေ ၊ အခြား အထူးပြုစကားလုံးတွေထည့်လ်ို့မရပါဘူး။ ဥပမာ - (@ * #$ )

5)Page name နောက်မှာ dash(-) ခံပြီး ကြော်ငြာ ဆောင်ပုဒ်တွေထည့်မရေးဖို့ ပြောချင်ပါတယ်။ ဘာမှမဖြစ်ပေမယ့် ကြော်ငြာ ဆောင်ပုဒ်ဆိုတာ page description မှာထည့်မှ ကြည့်ကောင်းမှာဖြစ်ပါတယ်။ ဥပမာ (Onnet Network - အကောင်းဆုံးဆို onnet မှာရှာ)

6)ယေဘူယျ ဆန်တဲ့စကားလုံးတွေ ထည့်မရပါဘူး။ဥပမာ (Orange,Pizza)

မေးစရာရှိလာနိင်တယ်။( ဘာကြောင့် ''Apple'' ကျထည့်လို့ရတာလဲ? Apple company ဟာ ကမ္ဘာလုံးကသိထားပြီး တဲ့ အပြင် facebook က verify လုပ်ပေးထားတဲ့အတွက် ထည့်ရတာပါ။) ပြောရရင် မျက်နှာကြီးရာ ဟင်းဖက်ပါပေါ့။

7)မြို့ ၊ ပြည်နယ် နာမည်​ သက်သက်ပဲ ထည့်မရပါဘူး။ ဥပမာ (Mandalay ,Yangon, Myanmar)
ထည့်ချင်တယ် ဆိုရင်တော့ Mandalay မုန့်တီ ၊ Myanmar Star Online Class အဲ့လိုပုံစံမျိုးဆိုရပါတယ်။

2️⃣Facebook Name ဘလို ချိန်းမလဲ။

၂၀၁၉ နှစ်လည်ပိုင်းလောက် ကစပြီး Facebook nameကို application ကနေတိုက်ရိုက် change လို့မရတော့ပါဘူး။

Facebook ads advertising policy များလာတာနဲ့အမျှ PC version မှာ features ပိုစုံစုံလင်လင် ထည့်ပေးလိုက်တာကြောင့်ဖြစ်ပါတယ်။

အကယ်၍ mobile phone ကနေ change မယ်ဆိုရင်
1)browser( ဘယ် browser မဆိုရပါတယ်။)ထဲကနေဝင်ပါ။
2)Facebook ကို log in ဝင်ပါ။
3)ပြီးရင် Browser ရဲ့ header bar(ထိပ်ဆုံး) ရဲ့ ညာ ဖက် အစွန်ဆုံးမှာ 3 dots (အစက်သုံးစက်)ထဲ ဝင်ပါ။
4)ပြီးတဲ့ အခါကျ အောက်ဆုံးနားမှာ desktop site ဆိုတာရှိပါတယ်။ အမှန်ခြစ်ပေးလိုက်ပါ။
5)ပြီးရင် About ထဲဝင်ပါ။ Edit ထဲဝင်ပါ။
6)Faecbook info ထဲ မှ change facebook name ထဲဝင်ပါ။
7)နာမည်ပေးတဲ့အခါ သေချာစီစစ်ပါ။
8)ပြီးရင် click Continue လုပ်ပါ။
9)Request review လုပ်ပါလိမ့်မယ်။

3️⃣FAQs(Frequently Ask Questions)

1 )အ​ပေါ်က rule တွေနဲ့ မငြိတာတောင် Page name က ချိန်းမရဘူး ဖြစ်နေတယ်ဘာကြောင့်လဲ။

-Page name change ဖို့အတွက် page role (လုပ်ပိုင်ခွင့်) မရှိလို့ပါ။ ချိန်းမယ်ဆိုရင် Admin access ဒါမှမဟုတ် ၊ Editor လောက်ရထားမှ ချိန်းလို့ရပါမယ်။

-Page like 200 ကျော်သွားရင် page name ချိန်းဖို့ access က admin တယောက်တည်းပဲ လုပ်ပိုင်ခွင့်ရှိပါတော့တယ်။

-Page like 1000+ ရှိသွားရင်တော့ ချိန်းဖို့မလွယ်တော့ပါဘူး။ change မယ် ဆိုရင်တော့ chrome ကနေတဆင့်Hola Proxy extention ထည့် region ပြောင်းပြီးမှရပါမယ်။ သေတော့မသေချာပါဘူး။

-နောက်ထပ် admin တယောက်ယောက်က page name ကို လက်တလောမှချိန်းထားရင် မရပါဘူး။

-Page မှာ ရှိသမျှ admin တွေအားလုံး profile အတုတွေနဲ့ဖြစ်နေရင်လည်း မရတတ်ပါဘူး။

-Admin အနေနဲ့ personal account မှာ ဖြစ်စေ Page မှာ ဖြစ်စေ Hate speech share ထားတာတွေ violation တွေ ထိထားရင်လည်း ချိန်း လို့မရတတ်ပါဘူး။

2 )Page name ချိန်း တာဘယ်လောက်ကြာအောင်စောင့်ရမလဲ။

-Page name ကို Admin ဖြစ်ပြီး ၇ရက် မှာ ၁ ခါချိန်းခွင့်ရှိပါတယ်။

- Page name change လို့ Request review တင်တဲ့အခါ Follower အနည်းအများပေါ် မူတည်ပြီး ၃ ရက်ကနေ ၁ပတ်ထိ စောင့်ရပါတယ်။

-Page name change ပြီးလို့ နောက်ထပ် ၇ရက်အတွင်း page ကို unpublished လုပ်လို့မရပါဘူး။ အဲ့ဒိ ၇ရက်အတွင်း follower တွေအကုန်လုံးကို page name change ကြောင်း Facebook AI က အသိပေးနေမှာ ဖြစ်ပါတယ်။

3 )Page name change လို့ မရရင် နောက်ထပ်ဘာတွေ လုပ်လို့ရအုန်းမလဲ။

-ပထမ တခါ ချိန်းလို့မရရင် နောက်ထပ် ၇ရက်စောင့်ပြီး မှ ချိန်းပါ။

-Page admin က ads account verify ဖြစ်ပြီးသားဆိုရင် Business support မှာ live chat နဲ့ request လုပ်ပြီး ပြန်တင်လို့ရပါတယ်။Request တင်တဲ့အခါ ဘာကြောင့်လည်းမေးပါတယ်။
အပြင်လုပ်ငန်းရဲ့ နာမည်ပါပြောင်းလို့ page name ပါပြောင်းတယ်ဆိုရင် လုပ်ငန်းနာမည် ၊logo အဲ့လိုတွေ တင်ရပါတယ်။

-Page Category ပြောင်းကြည့်ပါ။ ဒီနည်းက အလုပ်ဖြစ်မလားတော့ ကျ​နော်အာမခံဘူး။ ကျွန်တော်ကိုယ်တိုင် စမ်းကြည့်ဖို့တော့ လုပ်နေတယ်။ တခြား website တွေ ကရှာဖတ်ကြည့်တာတော့ 2013 လောက်က ဒီနည်းနဲ့ လုပ်တယ်ဆို အဆင်ပြေတယ် ပြောပါတယ်။ (Category ဆိုတာ ကျွန်တော်တို့ page စထောင်တော့ ရွေးရတဲ့ Technology လား Services လား Public figure အဲ့ဒါက်ိုပြောတာပါ။)

- နောက်တနည်းကတော့ တခါ ချိန်းရင် နာမည်နည်းနည်းစီပြင်ချိန်းပါ။

ဥပမာ ကျွန်တော်page Nebwin Tech ကို
Nebwins Technology လို့ပြောင်းမယ်ဆိုရင်

ပထမ Nebwin''s'' Tech လို့ အရင် ပြောင်းလိုက်ပါ။

နောက်ထပ် ၇ရက် ကြာတဲ့အခါ Nebwins ''Technology'' လို့ထပ်ပြောင်းကြည့်ပါ။

ဒီနည်းကလည်းအဆင်ပြေစေမယ့်နည်းတခုပါပဲ။

4️⃣Page name ချိန်းရင် Follower တွေ like တွေ ကျတက်သလား။
အဖြေကတော့ ဟုတ်ပါတယ်။
ဘာကြောင့်လဲ?
ကျွန်တော်တို့ serach bar ကနေ Page နာမည် ရိုက်ရှာတဲ့အခါ နာမည်တူများနေရင်တောင် ကိုယ်အမြဲ ဝင်ကြည့်နေတဲ့ page ကို Search Engine က ပြပေးပါတယ်။ Page name ချိန်းလိုက်တဲ့အတွက် Sear​ch Engine မှာ Optimize ကျသွားပြီး follwer နည်းသွားတက်ပါတယ်။
ဒါပေမဲ့မပူပါနဲ့ ရက်ပိုင်းအတွင်း ကိုယ့်ရဲ့ Promote လုပ်တဲ့ပေါ်မူတည်ပြီး ပြန်တတ်လာမှာပါ။

5️⃣Page name ချိန်း လိုက်ရင် ''Blue Mark '' ပြုတ်တတ်လား။

ဟုတ်ကဲ့ ။ ပြုတ်ပါတယ်။ Verify လုပ်ထားတဲ့ Page ဆိုရင် Name ချိန်းလိုက်တဲ့ အခါ verify ပြန်တင်ပေးရပါတယ်။




😩Online Shop Page ပိုင်ရှင်တွေအတွက်အလောင်ရဆုံးကိစ္စပြပါဆို ငဇူရွှေစိတ်တော်ညှိုးပြီး Page ကိုချပစ်လိုက်တဲ့ Case လို့ပြောက...
16/12/2022

😩Online Shop Page ပိုင်ရှင်တွေအတွက်အလောင်ရဆုံးကိစ္စပြပါဆို ငဇူရွှေစိတ်တော်ညှိုးပြီး Page ကိုချပစ်လိုက်တဲ့ Case လို့ပြောကြရမှာပါ...ပုံမှန် Boost Post လေးကနေ Boost Unavailable ဖြစ်သွားပြီဆိုကိုယ့် Page ပြန်ရဖို့က 50-50 လို့သာသက်မှတ်လိုက်ပါ..😩

✅ဘာကြောင့် Page တွေကျလဲ??

🟠မြန်မာ့ပိဋကတ်သုံးပုံထက်အဆများစွာပိုတဲ့ ငဇူရဲ့ပေါ်လစီတွေကြောင့်လို့အကြမ်းဖျင်းသက်မှတ်ရပေမဲ့ ဘာမှတောင်မဘာရသေးတဲ့ Page အသစ်တွေဟပ်ချလောင်းဆိုပုံပြောင်းသွားတာကတော့အတော်ခံရခက်တဲ့ကိစ္စကြီးပါ...🟠

🟠ဆိုလိုတာကငဇူရဲ့ပေါ်လစီအကုန်ကိုအနုလုံပဋိလုံ ရနေသော်ငြားClickတချက်ခေါက်ပြီးသူတို့ဘက်ကဒေါက်ဖြုတ်ဖို့ကအချိတ်မရွေးပါပဲ..တကယ်တမ်းပေါ်လစီတွေကိုထဲထဲဝင်ဝင်ချိုးဖောက်ထားတဲ့တချို့Page တွေလုံးလုံးမကျတာလည်းမျက်မြင်ကိုယ်တွေ့ပါ)🟠

✅ထင်မှတ်မထားတဲ့အကြောင်းအရာတွေကြောင့်လည်း ကျတတ်ပါတယ်...သူတို့လေးတွေကိုသေချာဂရုစိုက်ပေးရင် Page တွေအကျနည်းပါလိမ့်မယ်..✅

✨Page မှာ သီးသန့် Logo ထားပါ..Cover ကိုတွေ့ရပုံမတင်ပါနဲ့ ၊ဖုန်းနံပါတ်၊လိပ်စာ၊Logo ပါတာမျိုးလေးCreat လုပ် ထားပါ

✨ကျသွားတဲ့Pageက Logo,Cover,Ph No,Page Name ဆင်တူထပ်ဖွင့်မယ် Post တူထပ်တင်မယ်ဆိုရင်လည်းကျပါမယ်

✨မိမိ Fb Ads Acc ဟာ Disabled ဖြစ်နေမယ်ဆိုရင်Page ကို Admin မထားပါနဲ့ Editor ပြောင်းထားပါ
၊အလားတူ မိမိPageကိုကြော်ငြာပေးသူအကောင့် Restricted မိရင်လည်း ထုတ်ပစ်ပါ

✨Page Quality ကိုပုံမှန်စစ်ပါ Policy ထိတဲ့Post မျိုး Alert လာရင်ဖျက်ပစ်ပါ

✨Before & After ပုံ၊Screenshoot ပုံ များစွာတင်ခြင်းကိုရှောင်ကြဉ်ပါ

✨Client တွေဆီက Page Review တောင်းပါ၊Page Review ကောင်းရှိရင် Page ကျလို့ပြန်ဆယ်လျင်ရနိုင်ခြေများ

✨အရေးကြီးဆုံးအချက်က Page Admin အကောင့်မှတဆင့် Page Post တွေကိုGp Share မလုပ်မိဖို့ပါပဲ...

✅အဲ့လောက် ထိန်းထားရက်နဲ့ Page က Boost လုပ်ခွင့်အပိတ်ခံရသေးတယ်ဆို မင်မင်တို့ Page မှာ Service လာအပ်လိုက်ပါ...အချိန်မြန်၊ဈေးတန်ဖို့အာမခံပါတယ် 😊


*🎼 နားကြပ် ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း ဈေးကွက်မှာ ရှိတဲ့ နားကြပ်တိုင်းလိုလိုက အမည်းရောင်ဖြစ်နေချိန်တုန်းက App...
16/12/2022

*🎼 နားကြပ် ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း

ဈေးကွက်မှာ ရှိတဲ့ နားကြပ်တိုင်းလိုလိုက အမည်းရောင်ဖြစ်နေချိန်တုန်းက Apple ကုမ္မဏီကနေ အဖြူရောင်ကြိုးနဲ့နားကြပ်တွေထွက်လာတာ မှတ်မိသေးတယ်။ အဖြူရောင် နားကြပ်တပ်ထားတော့ လူတွေ သတိထားမိတာပေါ့။ အနည်းဆုံးတော့ စက္ကန့်(၃၀) လောက် ကြည့်မိတာပေါ့။ နည်းပညာလဲကောင်းသလို၊ ဒီဇိုင်းကလဲ လှတာကြောင့် သတိထားမိနိုင်တဲ့စက္ကန့်ပိုင်းပဲလေ။ တကယ်တော့ အဖြူရောင်ဖြစ်နေတာကိုက .. အဲဒီ စက္ကန့်ပိုင်းလေးရဲ့ အသက်။

အာရုံစိုက်စေတဲ့အရာပေါ့။ အများနဲ့မတူဘူးလေ။

နားကြပ်ဆိုတာ ပုံမှန်အားဖြင့် အမည်းပဲ။ ဒါက အဲဒီအချိန်တုန်းက သမားရိုးကျအမြင်တစ်ခု၊
အဖြူ လုပ်လိုက်တော့ .. သမားရိုးကျ ကို ကန့်လန့်တိုက်တာပဲ။

*💻Software ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း

ဆော့ဝဲ ဆိုတာ အရင်တုန်းက ပုဒ်ပြတ်ရောင်းတာ။ ကုမ္မဏီလုပ်ငန်းတစ်ခုကိုရေးဆွဲပေးပြီး ဈေးကြီးကြီးနဲ့ တစ်ခါတည်း ရောင်းလိုက်တာ။ တစ်ချိန်မှာ Saleforce က ဆော့ဝဲကို ဈေးသက်သက်သာသာထားပြီး လစဉ်ကြေး နဲ့လုပ်ပစ်လိုက်တယ်။ SaaS ပေါ့။ Software as a Service ဆိုပြီး လစဉ်ကြေးနဲ့သူ့ဆော့ဝဲကို ပေးသုံးတယ်။ နှစ်ဦးနှစ်ဘက်အဆင်ပြေပေါ့။ လစဉ်ကြေးသက်သက်သာသာနဲ့ကုမ္မဏီလုပ်ငန်းကြီးတွေသာသုံးနိုင်တဲ့ နည်းပညာကို လစဉ်ကြေးနဲ့အသုံးပြုလို့ရတော့ လုပ်ငန်းငယ်တွေအတွက် အဆင်ပြေတော့ အသုံးပြုသူများလာတယ်။ အခု အဲဒီ လုပ်ငန်းက ဘီလီယံနဲ့ချီတဲ့လုပ်ငန်းဖြစ်နေပြီ။ ပုံသေဈေးနဲ့ ရောင်းနေကျ သမားရိုးကျ ကို လစဉ်ကြေး နဲ့ကန့်လန့်တိုက်တာပဲ။

*💡 ​​စျေးကွက်ထဲမှာ အသားကျနေတဲ့ သမားရိုးကျအမြင် တွေရှိတယ်။

အဲဒီ သမားရိုးကျအမြင် တွေကို ကန့်လန့်တိုက်ပြီး အမြင်သစ်တစ်ခုနဲ့ ဈေးကွက်ဝင်ကြည့်ပါ။

*🥣 စားသောက်ဆိုင်

ထမင်းဆိုင်ဆိုတာ ပန်းကန် နဲ့ရောင်းရမယ်ဆိုတဲ့ သမားရိုးကျ ကို ဇလုံ နဲ့ရောင်းပြီး ကန့်လန့်တိုက်ခဲ့ကြတယ်။
တစ်ခါပြင် ဆိုတဲ့ သမားရိုးကျအိုင်ဒီယာ ကို အဝစား ဆိုပြီး ကန့်လန့်တိုက်ခဲ့ကြတယ်။
တစ်ပွဲမှာတစ်ပွဲရှင်း ဆိုတဲ့ သမားရိုးကျ ကို ဘူဖေး (မမှာလဲအကုန်ရှင်း) ဆိုပြီး ကန့်လန့်တိုက်ခဲ့ကြတယ်။

*👕ဖက်ရှင်စတိုးဆိုင်

အရင်တုန်းက စတိုးဆိုင်တွေမှာ အဝတ်အထည် တွေကို ဗွီဒို ထဲမှာ ခေါက်ထည့်ပြထားပြီးရောင်းတာ၊ စမ်းဝတ်ကြည့်ချင်ရင် ခွင့်တောင်းရတယ်။ စမ်းဝတ်ဖို့ခွင့်တောင်းရတယ်။ စမ်းဝတ်ပြီးလို့မဝယ်ပဲ ထွက်သွားရင် ပြောခံရသေးတယ်။
ယနေ့ခေတ်မှာ... အဝတ်ထည်တွေကို အပြင်မှာ ဖြန့်ချိတ်ထားပြီး တစ်ထည်ပြီးတစ်ထည်ဝတ်ကြည့် ခိုင်းထားတယ်။ အကုန်ဝတ်ကြည့်ပြီး မဝယ်ပဲထွက်သွားလဲ ဆိုင်ရှင်က အေးဆေးပဲ။
သမားရိုးကျ ကို အဲ့လို ကန့်လန့်တိုက်ခဲ့ကြတာ။

*🃏ဖုန်းဆိုင်

အရင်က ဖုန်းဆိုင်တွေမှာ ဖုန်းတွေကို မှန်ကောင်တာထဲမှာ ထဲ့ထားတာ၊ အပြင်က ပဲရှိုး၊ ကြည့်ချင် ကိုင်ချင်ရင် ခွင့်တောင်း ၊ ဆိုင်ရှင်က ထုတ်ပြပြီး ခွင့်ပြုတော့မှ ထိခွင့်ကိုင်ခွင့်ရတာ၊ ခွင့်မတောင်းပဲ စိတ်ကြိုက် ကောင်တာထဲလက်နိုင်ပြီး ကိုင်ကြည့်လို့မရဘူး။ ပွတ်ကြည့်လို့မရဘူး။

နောက်တော့ apple ကုမ္မဏီက ဖုန်းနမူနာကို စားပွဲပေါ်တင်ပေးထားတယ်၊ ကိုင်ကြည့်ချင် ကြည့်၊ ပွတ်ကြည့်ချင်ကြည့်၊ ကလိချင်တာကလိ၊ အိမ်တော့ယူမသွားနဲ့ ကြိုးနဲ့ချိတ်ထားတယ်။
အဲဒီလို သမားရိုးကျ အမြင်တစ်ခုကို ကန့်လန့်တိုက်တာ။

*🍣မုန့်ဆိုင်

မုန့်စားချင်ရင် အရင်ဝယ်ပေါ့၊ မဝယ်သေးပဲနဲ့စားချင်လို့မရဘူး၊ ဒါက သမားရိုးကျ အမြင်။
ထိုးမုန့်ဆိုင်တစ်ဆိုင်က အဲဒီ သမားရိုးကျ ကို ကန့်လန့်တိုက်ပစ်လိုက်တယ်။
မဝယ်သေးလဲ စားကြည့် ၊ စားကြည့်ပြီး မဝယ်ပဲ ခန့်တည်တည် နဲ့ပြန်ထွက်လာလဲ ဘာမှမဖြစ်ဘူး။ အဝစားတော့ မတွယ်နဲ့ပေါ့ဗျာ။ ( ကျွန်တော်ဆို မန်းလေး တက္ကသိုလ်တက်တုန်းက ငွေပြတ်ပြီးထမင်းသာငတ်ချင်ငတ်မယ်၊ ထိုးမုန့်တော့ ဘယ်တုန်းကမှ မငတ်ခဲ့ဘူး၊ အဲဒီ ထိုးမုန့်ဆိုင်ကိုသိပ်ကျေးဇူးတင်တာ 😁 ကြုံလို့ရင်ဖွင့်တာပါ။ )

လုပ်ငန်းတိုင်းမှာ သမားရိုးကျ အမြင် ဆိုတာ ရှိကြတယ်။

သမားရိုးကျ အမြင် ဆိုတာရှိရင် … ကန့်လန့်တိုက်စရာ ဆိုတာ ရှိတယ်။

✨ဒါကြောင့် လုပ်ငန်းတိုင်း မှာ ကန့်လန့်တိုက် စရာတွေရှိတယ်။

ဆေးဆိုင်လား .. ကန့်လန့်တိုက်စရာတွေအများကြီးပဲ။
ကုန်မာဆိုင်လား.. ကန့်လန့်တိုက်စရာတွေအများကြီးပဲ။
ဖက်ရှင်ဆိုင်လား …
စာသင်ကျောင်းလား ..
အလှကုန်ဆိုင်လား…
ဆေးရုံလား…
ထုတ်ကုန်လား…
ဝန်ဆောင်မှုလား….

လုပ်ငန်းတိုင်းမှာ သမားရိုးကျ အမြင် တစ်ခု ကို ကန့်လန့်တိုက်စရာရှိတယ်။

ကန့်လန့်တိုက်တော့ ဘာဖြစ်လဲဆိုရင်.. ပြောစရာဖြစ်တာပေါ့။
ပြောစရာဖြစ်ကတည်းက .. ကြော်ငြာသလိုဖြစ်နေပြီ။
ကြော်ငြာတစ်ခုက..လူအများပြောကြတော့ .. ပြန့်တာပေါ့။
ပြန့်တော့ … ပေါက်တာပေါ့။

ပေါက်တယ် .. ဆိုတာ စီးပွားရေးလုပ်သူတိုင်း ကြိုက်တာပဲ။ ရောင်းကောင်းလာတာကိုး။

ဒီလို .. ပေါက်ချင်လို့ပဲ ငွေတွေ သိန်းချီကုန်ခံပြီး ကြော်ငြာနေကြ၊ မားကက်တင်းလုပ်နေကြတာလေ။ ခုဟာက ကြော်ငြာစရာမလိုပဲ ပေါက်တာလေ။

အခုဟာက ကြော်ငြာစရာမလိုတော့ ငွေမကုန်ပဲ .. မားကက်တင်းဆင်းတဲ့နည်း။ အရင်ဆောင်းပါးတွေမှာ ပြောခဲ့တယ်..
“မရောင်းပါနဲ့ …. ဝယ်စေပါ”… လို့။
ပြီးတော့ " မကြော်ငြာ နဲ့.. ပြန့်နှံ့ စေပါ" .. လို့။

ပြန့်နှံ့ခြင်း ဆိုတာ မားကက်တင်း ရဲ့Key ပဲ။

ပြန့်နှံ့စေတဲ့ နည်းလမ်းတစ်ခု က .. စီးပွားရေးလုပ်ငန်းရဲ့သမားရိုးကျအမြင်တစ်ခုကို ကန့်လန့်တိုက်တဲ့ နည်းပဲ.. ငွေမကုန်ပဲ ပေါက် တဲ့နည်းပေါ့။

“ဗျို့.. ကိုမာသင် .. ငွေမကုန်ပဲ ဘယ်လိုမားကက်တင်း လုပ်မတုန်း” လို့ဆိုရင် … စာဖတ်သူတိုင်းက ဒီဆောင်းပါးကို သမားရိုးကျ တစ်ခေါက်ပဲ ဖတ်ကြတာ.. ကိုယ်က သမားရိုးကျကို ကန့်လန့်တိုက်ပြီး အစဆုံး နှစ်ခေါက်ပြန်ဖတ်ကြည့်ပေါ့။

ပြီးရင်..
ကိုယ့်လုပ်ငန်းရဲ့သမားရိုးကျ တွေကို တစ်ခုပြီးတစ်ခု စဉ်းစားပြီး ချရေး၊ အဲဒီ သမားရိုးကျ တွေကို တစ်ခု ပြီး တစ်ခု ကန့်လန့် တိုက် ကြည့်ပေတော့။

ပုံမှန်အားဖြင့် ကျွန်တော့် အကြံဉာဏ်လေးတစ်ခု ကြောင့် အဆင်ပြေသွားကြသူတွေက ကျွန်တော့်ကို ကျေးဇူးတင်ပြီး စားစရာမုန့်တွေ ၊ လက်ဆောင်တွေ .. ပို့ပေးလေ့မရှိဘူး၊ ပို့ကို မပို့တာ ..ပေးကို မပေးတာ..
ကိုယ်က အဲဒီသမားရိုးကျ ကို ကန့်လန့်တိုက်ပြီး .. အင်း. .. ဘာတွေလုပ်ချင်တုန်းဗျ.. ။ 😀

အဖြေရရင် .. အောက်မှာမန့်ခဲ့လိုက်တော့ဗျာ။ ။ 😀
-
-
အင်းပါ.. ပို့ချင်လဲ... ပို့ပါ၊ ပေးချင်လဲ ပေးပါ။
သိပ်တော့ မများစေနဲ့၊ လက်ဆောင်ဆိုလဲ မကြီးစေနဲ့ .. လို့ပြောပါရစေ၊ ကျွန်တော့်အပြောကို ကန့် လန့်တိုက်ချင်လဲ တိုက်ဗျာ..
-
-
.ဪ .. ခက်ပြီ.. မကြီးစေနဲ့၊ မများပါစေ နဲ့ဆို ... ..ကဲ ကဲ .. ကန့်လန့်တိုက်ချင်လဲ တိုက်.. တိုက်။ ။ 😁😂

#မာသင်

"လူကြီးမင်းတို့ရောင်းအားအတွက် ခေါင်းစားမခံပါနဲ့ ကျွန်တော်တို့ ZMN Team ကတာဝန်ယူပေးပါရစေ.."🕺 Zmn.marketing.mm တွင်ရရှိနို...
25/10/2022

"လူကြီးမင်းတို့ရောင်းအားအတွက် ခေါင်းစားမခံပါနဲ့ ကျွန်တော်တို့ ZMN Team ကတာဝန်ယူပေးပါရစေ.."

🕺 Zmn.marketing.mm တွင်ရရှိနိုင်သော Servicesများကတော့..

1🎯Page Package Service
Page တစ်ခုလုံးအတွက်တစ်လစာService ပေးခြင်းဖြစ်ပါသည်။Page အတွက်လိုအပ်သော Setting ပိုင်းဆိုင်ရာများ၊Page Post အတွက်Content အရေးအသားများ၊Design ပိုင်းဆိုင်ရာများ၊Boostရန်လိုအပ်သည်များကိုတလစာ Plan ဖြင့်စျေးနူန်းချိုသာစွာဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

2🎯Page Boost Service
10$ မှစတင်၍ Page Promote၊Post Boost အတွက်အထိရောက်ဆုံးသော Target ထားပြီးလက်မလည်အောင်ရောင်းအားတိုးစေမည့် Boost Service အပ်နှံနိုင်ပါသည်။(Dollar စျေးအတတ်အကျအရစျေးနူန်းအပြောင်းအလဲရှိနိုင်ပါသည်။)

3🎯Page Content Service
Post တစ်ခုရဲ့ဆွဲဆောင်မူက အရေးအသားနှင့်Design ပိုင်းက ၅၀%စီအချိုးကျနိုင်တာမို့ Page Content အတွက်လည်းအပ်နှံနိုင်ပါသည်။

4🎯Boost Unaviable Service
Page Boost unaviable ဖြစ်ပါက ထိုက်သင့်သော Service ကြေးဖြင့်ပြန်ဆယ်ပေးပါသည်။(ကြာချိန် ၂ရက်)

5🎯Logo Cover Design
ဆွဲဆောင်မူရှိသော Page Logo Cover Design ပိုင်းကိုလည်းစျေးနူန်းချိုသာစွာအပ်နှံနိုင်ပါပြီ။

Hotline_ 09763434087,09962881627




📝Zmn.Marketing.mm ရဲ့Boost Result လေးတွေပါ၊ယုံကြည်မူနှင့်လက်တွဲပေးကြသောOnline business လုပ်ငန်းရှင်တိုင်းကို ကျေးဇူးအထူး...
18/10/2022

📝Zmn.Marketing.mm ရဲ့Boost Result လေးတွေပါ၊ယုံကြည်မူနှင့်လက်တွဲပေးကြသောOnline business လုပ်ငန်းရှင်တိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်…📝

🌟Result ကောင်းလေးတွေနဲ့လက်မလည်အောင်ရောင်းအားတိုးစေဖို့မိမိ Page အတွက် Service အစုံအပ်နှံနိုင်ပါပြီ…🌟




Address


Telephone

+959962881627

Website

Alerts

Be the first to know and let us send you an email when Zmn.Marketing.mm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share