12/03/2025
📌16.3.2025 ရက်နေ့ ဖောင်တင်ရက် နောက်ဆုံးမို့ လာလျှောက်မယ့် သူများ အမြန်ဆုံး လာရောက်လျှောက်ပေးထားကြပါခင်ဗျာ 📌📝
https://www.facebook.com/100063526917072/posts/1229927295801489/
📕 “တတိယအကြိမ်မြောက် စာပေသစ်ပင် စိုက်ပျိုးခြင်း” ပရောဂျက်အတွက် စာဖတ်နည်းပြဆရာ၊ ဆရာမများ ခေါ်ယူခြင်း📕
🚨လျှောက်လွှာ နောက်ဆုံးထား ပေးပို့ရမည့်နေ့ - ၃လပိုင်း ၁၆ ရက်
🚨ပထမအဆင့် ရလဒ်ကြေညာမည့်နေ့ - ၃လပိုင်း ၁၈ ရက်
🚨ဒုတိယအဆင့် လူတွေ့အင်တာဗျူးမည့်နေ့ - ၃လပိုင်း ၂၁၊ ၂၂ ရက်
🚨ဒုတိယအဆင့် ရလဒ်ကြေညာမည့်နေ့ - ၃လပိုင်း ၂၆ ရက်
📝📝📝စာဖတ်နည်းပြ ဆရာဖြစ် အကြိုသင်တန်း ကျင်းပမည့်နေ့ - သင်္ကြန်ပိတ်ရက်အပြီး ၄လပိုင်း စတုတ္ထအပတ်အတွင်း (၂) ရက်သင်တန်း ပြုလုပ်သွားပါမည်။ ရက်အတိအကျကို နောက်ပိုင်းတွင် ထပ်မံ ကြေညာပေးသွားပါမည်။
🔖🔖🔖 ProDVD Co.,LTD သည် Shepherd Co.,LTD နှင့် ပူးပေါင်းပြီး ၂ဝ၁၈ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှ ကလေးငယ်များနှင့် လူငယ်လူရွယ်များ၏ အနာဂတ်ဘဝ တိုးတက်လှပေစေမည့် စာပေဆိုင်ရာ ပရောဂျက်များစွာကို လုပ်ဆောင်လာခဲ့ပါသည်။ လက်ရှိတွင်လည်း စာအုပ် အခမဲ့ လှူဒါန်းခြင်း ပရောဂျက်၊ ဘာသာပြန် စာအုပ်နှင့် ဗီဒီယို တည်းဖြတ်ထုတ်လုပ်ခြင်း ပရောဂျက်၊ မြန်မာစာအုပ် အသံသွင်း တည်းဖြတ်ထုတ်လုပ်ခြင်း ပရောဂျက်တို့အပြင် ယခုတစ်ခေါက်တွင်လည်း “တတိယအကြိမ်မြောက် စာပေသစ်ပင် စိုက်ပျိုးခြင်း” ပရောဂျက်အတွက် စာဖတ်နည်းပြဆရာ၊ ဆရာမများအား ခေါ်ယူမွေးထုတ်သွားမည့် အစီအစဉ်ရှိပါသည်။ သို့ဖြစ်ပါ၍ အောက်ဖော်ပြပါ စည်းကမ်းသတ်မှတ်ချက်များနှင့် ကိုက်ညီပြီး ကလေးငယ်များအား စာဖတ်နည်းပြရန် စိတ်ဝင်စားသူများအား ဖိတ်ခေါ်အပ်ပါသည်။💞💞💞
📚“စာပေသစ်ပင် စိုက်ပျိုးခြင်း”📚
📌ပရောဂျက် အစီအစဉ်နှင့် စာဖတ်နည်းပြဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များ📌
🎯၁။ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ စာဖတ်နည်းပြဆရာ၊ ဆရာမ (၁ဝ) ဦးခန့်အား ရွေးချယ်ခေါ်ယူသွားမည်။
(မှတ်ချက်။ ။ စာဖတ်နည်းပြ စည်းကမ်းသတ်မှတ်ချက်နှင့် ကိုက်ညီပါက ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များမှလည်း ဆရာ၊ ဆရာမ တစ်ဦးနှင့်အထက် ရွေးချယ်ခေါ်ယူသွားနိုင်သည်။ သတ်မှတ်ချက်နှင့် ကိုက်ညီသူ နည်းပါးပါက ခေါ်ယူသူ (၁ဝ) ဦးအောက်လည်း ဖြစ်သွားနိုင်သည်။)
🎯၂။ ပရောဂျက်ကာလ (၈) လ - ၂ဝ၂၅ ခုနှစ် (၅) လပိုင်းမှ (၁၂) လပိုင်းအထိ
(မှတ်ချက်။ ။ (၄) လပိုင်းအတွင်း စာဖတ်နည်းပြဆရာ၊ ဆရာမ အကြိုသင်တန်း (Online or Offline) ပို့ချပေးသွားမည်။ သင်တန်းပို့ချရာတွင် ကုန်ကျမည့် အသွားကားခတစ်ကြောင်းနှင့် အင်တာနက် အသုံးပြုခတို့ကို ကုမ္ပဏီဘက်မှ တာဝန်ယူပေးသွားမည်။ သင်တန်းကာလ ကြာမြင့်ချိန်နှင့် ရက်အတိအကျကို နောက်ပိုင်းတွင် ပြန်လည် ကြေညာပေးသွားမည်။)
🎯၃။ ကလေးငယ်များအား စာဖတ်နည်းပြပေးရန် စိတ်ဝင်စားသူ မည်သူမဆို လာရောက် လျှောက်ထားနိုင်သည်။ အသက်အရွယ်၊ ပညာအရည်အချင်း ကန့်သတ်ချက် မရှိပါ။
(မှတ်ချက်။ ။ ကွန်ပျူတာအခြေခံ (Microsoft Word, Excel, PowerPoint) အသုံးပြုတတ်သူဖြစ်ရမည်။ စာရေးစာဖတ်တတ်ပြီး ကလေးငယ်များအား စာဖတ်၊ စာရေး လမ်းညွှန်ပေးနိုင်သူ၊ စာပေကို ချစ်မြတ်နိုးသူ၊ ကလေးငယ်များအပေါ် စိတ်ရှည်သည်းခံနိုင်သူ၊ ပရောဂျက်ကာလ (၈) လကို အစမှ အဆုံးအထိ တာဝန်ယူလုပ်ဆောင်ပေးနိုင်သူ ဖြစ်ရန် လိုအပ်သည်။)
🎯၄။ လစဉ် ကလေးငယ်များအား စာဖတ်ပြမည့် စာအုပ်အမျိုးအစားများကို ကုမ္ပဏီဘက်မှ အနည်းဆုံး (၁) လ ကြိုတင်ပြီး ဝယ်ယူထောက်ပံ့ပေးသွားမည်။ ထို့အပြင် လစဉ် သင်ကြားပေးသွားမည့် သတ်မှတ် စာအုပ်များ၏ ဆရာ့လက်ကိုင် သင်ကြားရေးမှတ်တမ်း (Teaching Plan) ကိုလည်း ကုမ္ပဏီဘက်မှ ကြိုတင်စီစဉ်ပံ့ပိုးပေးသွားမည်ဖြစ်သည်။
🎯၅။ စိတ်ဝင်စား၍ လာရောက်လျှောက်ထားသော ဆရာ၊ ဆရာမများအတွက် လစဉ် စာသင်ကြားခအဖြစ် ငွေကျပ် ၁၂ဝ,ဝဝဝ နှင့် စာသင်ကြားမည့် နေရာ အသုံးပြုဌားရမ်းခတစ်ဖြစ်လဲ စာရေးကိရိယာ ဝယ်ယူခအဖြစ် ငွေကျပ် ၁၁ဝ,ဝဝဝ ကျပ်တို့အား လစဉ် ကုမ္ပဏီဘက်မှ ထောက်ပံ့ကူညီပေးသွားမည်ဖြစ်သည်။
🎯၆။ စာဖတ်နည်းပြအလုပ်ကို စိတ်ဝင်စား၍ လာရောက်လျှောက်ထားသော ဆရာ၊ ဆရာမများအနေဖြင့် အသက် (၈) နှစ်မှ (၁၃) နှစ်အတွင်း ကလေး အယောက် (၄ဝ) ခန့်ကို ကိုယ်တိုင် ရှာဖွေစုဆောင်းကာ စာသင်ကြားမည့် နေရာကိုလည်း မိမိအဆင်ပြေသလို ရှာဖွေသင်ကြားပေးသွားရမည်ဖြစ်သည်။ စာသင်ကြားရမည့် အချိန်ကိုလည်း မိမိအဆင်ပြေသလို လွတ်လပ်စွာ ရွေးချယ်နိုင်ပါသည်။
🎯၇။ လစဉ် မိမိတို့ သင်ကြားပေးလိုက်သော ကျောင်းသားအမည်စာရင်းနှင့် လစဉ် သင်ကြားရေး အတွေ့အကြုံများကို ပြန်လည်မျှဝေပေးသော အစီရင်ခံစာကိုမူ ကုမ္ပဏီဘက်သို့ သတ်မှတ်ရက်တွင် အပြီးပြန်လည်ပေးအပ်သွားရမည်ဖြစ်သည်။
(မှတ်ချက်။ ။ ကျောင်းသားအမည်စာရင်းနှင့် လစဉ် သင်ကြားရေးအတွေ့အကြုံများကို ပြန်လည်မျှဝေပေးသော အစီရင်ခံစာ Sample Form ကို ကုမ္ပဏီဘက်မှ ထောက်ပံ့ကူညီ ပေးသွားမည်ဖြစ်သည်။)
🎯၈။ (၂) လ တစ်ကြိမ် ဒေသအသီးသီးမှ စာဖတ်နည်းပြဆရာ၊ ဆရာမများနှင့် Online သို့မဟုတ် Offline မှ တွေ့ဆုံပြီး တစ်ဦးချင်း စာသင်ကြားနေသည့် အတွေ့အကြုံနှင့် အခက်အခဲများကို တိုင်ပင်ဆွေးနွေးအကြုံပြုခြင်းနှင့်အတူ စာဖတ်နည်းပြသင်ကြားရေးအတွက် လိုအပ်မည့် အသိပညာ ဗဟုသုတများကိုလည်း ကုမ္ပဏီဘက်မှ တာဝန်ရှိသူများမှ ဖြည့်စွက်သင်ကြားပေးသွားမည်ဖြစ်ပါသည်။
👇“တတိယအကြိမ်မြောက် စာပေသစ်ပင် စိုက်ပျိုးခြင်း” လျှောက်လွှာစာရွက်ထုတ်ယူခြင်းနှင့် ပရောဂျက်ဆိုင်ရာ အသေးစိတ် ထပ်မံ သိရှိလိုပါက
☎️09 – 770 998 040, 09 – 667 913 939 တို့ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
❤️***မြန်မာနိုင်ငံက ကလေးငယ်များ၏ အနာဂတ်ဘဝ သာယာတိုးတက်လှပအောင် အားလုံး အတူတူ လက်တွဲပြီး ဖန်တီးပုံဖော်သွားကြဖို့ ဖိတ်ခေါ်အပ်ပါသည်***❤️