21/04/2022
Amazon က World Book Day 2022 အတွက် အီးဘုတ် ၁၀ အုပ် အလကားပေးနေ
ဧပြီ ၂၃ ဆိုရင် ကမ္ဘာ့စာအုပ်နေ့ကို နှစ်စဉ်ကျင်းပနေကြဖြစ်ပါတယ်။ Amazon က ကမ္ဘာ့စာအုပ်နေ့ ကျင်းပတာကို ပါဝင်ဆင်နွှဲတဲ့အနေနဲ့ Kindle အီးဘုတ် ၁၀ အုပ်ကို အလကားပေးနေပါတယ်။
ယူနက်စကိုက စုစည်းကျင်းပတဲ့ အဲဒီနေ့ကို World Book ၊ Copyright Day ၊ International Day of the Book လို့လည်း ခေါ်ကြပါတယ်။
Amazon က အလကားပေးတဲ့ အဲဒီစာအုပ်တွေကို ရယူဖို့ Amazon account တော့ရှိရပါမယ်။ ပြီးရင် စာအုပ်ဖတ်ဖို့ Kindle app ကို စမတ်ဖုန်းမှာဖြစ်ဖြစ်၊ ကွန်ပျူတာမှာ ဖြစ်ဖြစ် တင်ရပါမယ်။
အခမဲ့ စာအုပ် ၁၀ အုပ်ပေးတဲ့ အစီအစဉ်ကို ဧပြီ ၂၇ အထိ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ မနှစ်ကပေးခဲ့တဲ့ စာအုပ်တွေပါပဲ ကမ္ဘာအနှံ့က စာအုပ်တွေ ပါဝင်မှာ ဖြစ်ပြီး၊ ဆယ်နိုင်ငံက အမျိုးအစား ဆယ်မျိုး ပါဝင်မှာ ဖြစ်ပါတယ်။
စာအုပ် ၁၀ အုပ်လုံးကတော့ အင်္ဂလိပ်လို ဘာသာပြန်များ ဖြစ်ပါတယ်။
1) The Puma Years by Laura Coleman
Travel Memoir (Bolivia)
2) The Ardent Swarm by Yamen Manai
Literary Fiction ( Tunisia)
3) North to Paradise by Ousman Umar
Memoir (Ghana)
4) Where the Desert meets the Sea by Werner Sonne
Historical Fiction ( Israel)
5) An Eye for an Eye by Carol Wyer
Thriller (England)
6) The Other Man by Farhad J. Dadyburjor
Book Club Fiction (India)
7) The Easy Life in Kamusari by Shion Miura
Contemporary Fiction (Japan)
8) Mother Dear by Nova Lee Maier
Psychological Thriller (Netherlands)
9) To the Sky Kingdom by Tang Qi
Fantasy (China)
10) The Caiman by Maria Eugenia Manrique
Children's Book (Venezuela)