P.T.S Boost Service & Digital Marketing Agency

  • Home
  • P.T.S Boost Service & Digital Marketing Agency

P.T.S Boost Service & Digital  Marketing Agency Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from P.T.S Boost Service & Digital Marketing Agency, Social Media Agency, No-25B, 16 Str (west), 3Yanpyay, .

Boost လုပ်တဲ့အခါ $နည်းနည်း message များများဝင်ပြီး အကောင်းဆုံးသောရလဒ်နဲ့အမြန်ဆုံးသောBoostserviceတခုရှာဖွေနေပါသလားP T S B...
15/01/2024

Boost လုပ်တဲ့အခါ $နည်းနည်း message များများဝင်ပြီး အကောင်းဆုံးသောရလဒ်နဲ့အမြန်ဆုံးသောBoostserviceတခုရှာဖွေနေပါသလား

P T S Boost Service and Digital Marketing Agency လေးရှိပါတယ်

P.T.S Boost Service & Digital Marketing Agency နဲ့ ဆိုရင်

‼️ရောင်းအားကျပြီး ရောင်းမကောင်းလို stock တွေပုံနေပြီးလား?

‼️အကောင့်နဲ့ဈေးရောင်းတာကို ဖေ့စ်ဘွတ်ခ် team က ပိတ်ပင်လိုက်လို့ စိတ်ညစ်နေတာလား

🔰page နဲ့ ဈေးရောင်းချင်ပေ့မယ် page မထောင်တတ်ဖြစ်နေတာလား

🔰ထိရောက်မြန်ဆန်သော Boost Service တခုရှာနေပါသလား။

ဒါတွေအားလုံး အဝေးမှာ ထားခဲ့ပြီး ယခင်ကထက်ရောင်းအားကောင်းစေဖို့၊သိသိသာသာ page reach တွေတက်လာဖို့ ၊စတဲ့ အရာတွေကိုဆွေးနွေးတိုင်ပင်ပြီး

🌿 Post Boost Service လား

🌿ရောင်းအားအတွက် အဝယ်စာ ဝင်ဖို့ Message Boost Service လား

🌿Page promote Service လား

🌿Page အသစ်ဖွင့်ပေးတဲ့ Service လား

🌿BM AC service လား

🌿Ac Disable service လား

🌿Page ပြန်ဆယ်ပေးခြင်း service လား စတဲ့ လိုချင်တဲ့ Target ကိုဆွေးနွေးတိုင်ပင်ပြီး ဝန်ဆောင်မူရယူနိုင်ပါပြီး

ငွေကြိုလွှဲစရာမလိုပဲ Active ဖြစ်မှ ငွေချေရပါမယ်

‌တိကျသေချာတဲ့ audience များနဲ့အတူ ရောင်းအားတိုးလိုပြုံးပျော် ရွှင် P.T.S Boost Service လက်တွဲအစဉ် ။

$1-4300
$10ကစပြီးအပ်လိုရပါပြီး

အသေးစိတ်စုံစမ်းချင်ပါက 09972151381

m.me/PTSBOOSTSERVICEANDDIGITALMARKETINGAGENCY

14/01/2024

ုရဲ့ရောင်းအားအသက်ကboostလုပ်ချင်ပါ

Online shop page လေးရဲ့ ရောင်းအားတက်ဖို့ boost service ရှာနေပြီးဆိုရင် P T S Boost Service and Digital Marketing Agency လေးရှိပါတယ်

P.T.S Boost Service & Digital Marketing Agency နဲ့ ဆိုရင်

‼️ရောင်းအားကျပြီး ရောင်းမကောင်းလို stock တွေပုံနေပြီးလား?

‼️အကောင့်နဲ့ဈေးရောင်းတာကို ဖေ့စ်ဘွတ်ခ် team က ပိတ်ပင်လိုက်လို့ စိတ်ညစ်နေတာလား

🔰page နဲ့ ဈေးရောင်းချင်ပေ့မယ် page မထောင်တတ်ဖြစ်နေတာလား

🔰ထိရောက်မြန်ဆန်သော Boost Service တခုရှာနေပါသလား။

ဒါတွေအားလုံး အဝေးမှာ ထားခဲ့ပြီး ယခင်ကထက်ရောင်းအားကောင်းစေဖို့၊သိသိသာသာ page reach တွေတက်လာဖို့ ၊စတဲ့ အရာတွေကိုဆွေးနွေးတိုင်ပင်ပြီး

🌿 Post Boost Service လား

🌿ရောင်းအားအတွက် အဝယ်စာ ဝင်ဖို့ Message Boost Service လား

🌿Page promote Service လား

🌿Page အသစ်ဖွင့်ပေးတဲ့ Service လား

🌿BM AC service လား

🌿Ac Disable service လား

🌿Page ပြန်ဆယ်ပေးခြင်း service လား စတဲ့ လိုချင်တဲ့ Target ကိုဆွေးနွေးတိုင်ပင်ပြီး ဝန်ဆောင်မူရယူနိုင်ပါပြီး

Boost Service မအပ်ခင် page ရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ပြီး အကြံပေး ဆောင်ရွက်ပေးမှာပါ။
ငွေကြိုလွှဲစရာမလိုပဲ Active ဖြစ်မှ ငွေချေရပါမယ်

တိကျသေချာတဲ့ audience များနဲ့အတူ ရောင်းအားတိုးလိုပြုံးပျော် ရွှင် P.T.S Boost Service လက်တွဲအစဉ် ။

အသေးစိတ်စုံစမ်းချင်ပါက 09978749865

m.me/PTSBOOSTSERVICEANDDIGITALMARKETINGAGENCY

14/01/2024

#ကြော်ငြာတွေကြော်ငြာတဲ့အခါpost Engagement နဲ့ boostလုပ်သင့်လား Message နဲ့ boost လုပ်သင့်လား?

လတ်တလော service ပေးထားတဲ့ Life journey by Che page results ရက်တော့မပြည့်သေး
09/08/2023

လတ်တလော service ပေးထားတဲ့
Life journey by Che page results ရက်တော့မပြည့်သေး

ဒီတလောမအားလို page service results လေးတွေသိပ်မတင်ဖြစ်နေလို့ Htet Myanmar Blade Wire Installation Page ရဲ့ Real Audience ...
09/08/2023

ဒီတလောမအားလို page service results လေးတွေသိပ်မတင်ဖြစ်နေလို့

Htet Myanmar Blade Wire Installation Page ရဲ့ Real Audience နြဲ post like,Page like , Message results လေးတွေ

"စေတနာထားပြီး အလုပ်လုပ်ပါ”စေတနာလို့ ပြောလိုက်ရင် လူတွေက ဘာသာရေး ကိစ္စ၊ လူမှုရေးကိစ္စ၊ ပရဟိတ၊ ဒါတွေနဲ့ ရောသွား တတ်ပါတယ်။ ...
09/08/2023

"စေတနာထားပြီး အလုပ်လုပ်ပါ”

စေတနာလို့ ပြောလိုက်ရင် လူတွေက ဘာသာရေး ကိစ္စ၊ လူမှုရေးကိစ္စ၊ ပရဟိတ၊ ဒါတွေနဲ့ ရောသွား တတ်ပါတယ်။ တကယ်တော့ ဘဝတိုးတက်ရေးမှာ လည်း အရေးကြီးပါတယ်။

ခုလို နည်းပညာတွေ တအားထွန်းကားလာတဲ့ခေတ် မှာ ကျွန်တော်တို့ဆီကနေ တောင်းဆိုလာတဲ့ အရည်အချင်းတွေ ရှိပါတယ်။ အဲဒီထဲမှာ တစ်ခု အပါအဝင် ဖြစ်နေတာကတော့ Service mindset လို့ခေါ်တဲ့ ဝန်ဆောင်မှုစိတ်ထား ဖြစ်ပါတယ်။ ဒီနေ့ ခေတ် လုပ်ငန်းရှင်တွေ၊ ဦးဆောင်သူတွေ သူတို့ရဲ့ ဝန်ထမ်းတွေဆီက အလိုချင်ဆုံး အရည်အသွေးလို့ ပြောရင်လည်း မှားမယ် မထင်ပါဘူး။

ကိုယ်တိုင်လည်း ဒါနဲ့ ပတ်သက်လို့ အလုပ်တွေ လုပ် ဖူးသလို၊ သင်တန်းတွေလည်း ပေးဖူးပါတယ်။ တချို့တွေက သီအိုရီတွေ အများကြီးသိတယ်။ လက်တွေ့မှာ သူတို့ပေးတဲ့ ဝန်ဆောင်မှုကကျ ကောင်းမနေဘူး။ တချို့ကျတော့လည်း အထွေအထူး သင်နေစရာ မလိုဘူး။ သူတို့ လုပ်တာ ကိုင်တာ၊ ပြောတာဆိုတာလေးတွေက သိပ်ကျေနပ် စရာ ကောင်းနေတယ်။ အဓိက ကွာခြားချက်က ဘာ လဲလို့မေးရင် စေတနာပဲ။ တစ်နည်းအားဖြင့် တစ်ဖက်သားကို အဆင်ပြေအောင် ဘယ်လိုလုပ် ပေးရမလဲ ဆိုတဲ့ စိတ်နေစိတ်ထား ဖြစ်ပါတယ်။

နယ်မြို့တစ်ခုမှာ အလုပ်လုပ်တုန်းက တပည့်မတစ် ယောက်နဲ့ ဆုံဖူးပါတယ်။ သူ့အလုပ်ကို အတိုချုပ် ပြောရရင် ရပ်ရွာထဲက အမျိုးသား၊ အမျိုးသမီးတွေ ကို ဆေးခန်းရဲ့ ဝန်ဆောင်မှုတွေ သိအောင် ပြောပြဖို့ ရယ်၊ လိုအပ်သူတွေကို ဆေးခန်းအရောက် ခေါ်လာ ပေးဖို့ရယ်ပါ။ မျိုးဆက်ပွား ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသိပညာ၊ လူတွေနဲ့ ဘယ်လို စကားပြောရမယ်၊ ရပ်ကွက်ထဲ၊ ကျေးရွာတွေထဲမှာ ဟောပြောပွဲတစ်ခုကို ဘယ်လိုလုပ်ရမယ် စသဖြင့် Technical skill လို့ခေါ်တဲ့ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုအပြင် သိသိသာသာ မြင်နေရတာက သူ့ရဲ့ စေတနာပါပဲ။

သူ့ကို Customer service အကြောင်း သင်တန်းမ ပေးဖူးပါဘူး။ ဝန်ဆောင်မှုအကြောင်း သူ့ကို သွား မေးရင်လည်း သေသေချာချာ ဖြေနိုင်မယ် မဟုတ်ပါ ဘူး။ ဒါပေမဲ့ သူ့ကို လူတွေက သဘောကျကြတယ်။ သူနဲ့ ဆုံပြီးရင် စိတ်မကျေမနပ် ဖြစ်သွားရသူဆိုတာ မရှိသလောက်ပဲ။ ဖော်ရွေတယ်။ သဘောကောင်း တယ်။ ဘယ်သူ့ကိုမဆို ကူညီတတ်တယ်။ ဆေးခန်း ပြပြီးရင် အိမ်အထိ ပြန်လိုက်ပို့ဖို့ဆိုတာ သူ့တာဝန်ထဲ မပါဘူး။ ဒါပေမဲ့ အိမ်က ချက်ချင်း လာမကြိုနိုင် သေးလို့ မြန်မြန်ပြန်ဖို့ လိုနေသူတွေ၊ မိုးရွာနေလို့ ဆိုင် ကယ်ကယ်ရီ ငှားမရတဲ့သူတွေဆို သူကိုယ်တိုင် လိုက်ပို့ပေးတတ်တယ်။ ဆေးခန်းမှာ လူများလို့ စောင့်နေရရင် သူက ဘေးမှာထိုင် စကားပြောပေး နေတယ်။ ကလေးပါလာသလား၊ ထိန်းထားပေး တယ်။ သူ့ကို ဒါတွေ ဒါတွေ လုပ်ရမယ်လို့ ပြောထား တဲ့ ဘောင် (သူ့ JD) ရဲ့ အပြင်က အလုပ်တွေကိုပါ ခိုင်းဘဲ လုပ်ပေးနေတယ် ဆိုတာ သူ့ရဲ့ စေတနာ ကြောင့်ပါ။
Customer service is not a skill, it is an attitude ဆိုတဲ့ စကား ရှိပါတယ်။ ဆိုလိုတာက ဝန်ဆောင်မှု ဆိုတာ ကျွမ်းကျင်မှု မဟုတ်ဘူး။ စိတ်နေစိတ်ထား ပါတဲ့။

သဘောက Customer service အကြောင်း သင်တန်းပေးတယ်ဆိုတာ ဝန်ဆောင်မှုရဲ့ သဘော သဘာဝတွေအကြောင်း၊ ဘယ်လိုတွေ သတိထားရ မယ်၊ ဘာတွေ လုပ်သင့်တယ် ဆိုတာတွေကိုသာ သင်ပေးနိုင်တာပါ။ ကာယကံရှင်မှာ စေတနာအခံ ကလေး ပါမလာရင် ဘယ်လောက်သင်ပေး သင်ပေး ထူးမှာ မဟုတ်ပါဘူး။ လုပ်ကိုလုပ်ရမယ်လို့ ပြောထားလို့သာ လုပ်နေရတာမျိုးပါ။ လုပ်ရိုးလုပ် စဉ်ထဲမှာ မပါတဲ့ အခြေအနေတွေ ရှိလာတဲ့အခါမှာ တော့ သိသာလာပါတယ်။

ဥပမာ ကားလက်မှတ် ရောင်းတဲ့ ဌာနတစ်ခု ဆိုပါ တော့။ လက်မှတ်ဖြတ်ပြီးရင် ပြန်လဲမပေးပါဘူး။ ဒါက သူတို့ရဲ့ စည်းမျဉ်းစည်းကမ်း ဖြစ်ပါတယ်။ ဒါ မျိုးကလည်း ထားသင့်ပါတယ်။ မဟုတ်ရင် လက်မှတ်ဖြတ်ပြီးသမျှသာ ပြန်လာလဲနေရင် သေရ ချည်ရဲ့။
ဒါပေမဲ့ တချို့အခြေအနေတွေ ရှိတတ်ပါတယ်။ ဥပမာ လက်မှတ်ဖြတ်ပြီးမှ မမျှော်လင့်တဲ့ အခြေအနေကြောင့် အပြောင်းအလဲ ဖြစ်သွားတယ်၊ စီးတော့စီးမယ်၊ ရက်ပြောင်းချင်တာမျိုး၊ အချိန် ပြောင်းချင်တာမျိုးပေါ့။ အဲ့ဒီအခါမှာ တချို့ကတော့ လက်မှတ်ဖြတ်ပြီးရင် မရဘူးဆိုပြီး ခပ်ပြတ်ပြတ်ပဲ ပြောတယ်။ တချို့ကျလည်း အတတ်နိုင်ဆုံး ကြိုးစားပေးမယ် ဆိုပြီး ကိုယ်ဖြတ်ထားတဲ့ လက်မှတ်ကို တခြားသူတွေဆီ ရောင်းပေးတယ်။ တစ်ခါတစ်လေလည်း အဆင်ပြေတယ်။ တစ်ခါတစ် လေလည်း ပြန်ရောင်းလို့ မရတော့တဲ့အတွက် လက်မှတ်အသစ် ထပ်ဖြတ်လိုက်ရတာမျိုး ရှိပါ တယ်။ ဒါပေမဲ့ ဘာကွာလဲဆိုတော့ စိတ်ကျေနပ်မှု ပေါ့။

ကိုယ့်အမှား ဖြစ်လို့ လက်မှတ်အသစ် ထပ်ဝယ်ရတာ ကို ဘယ်သူမှ Complaint မတက်ပါဘူး။ တက်ခွင့် လည်း မရှိဘူး။ သို့သော် သော် သူ အတတ်နိုင်ဆုံး ကြိုးစားပေးတယ် ဆိုတဲ့ ခံစားမှုမျိုး ရတယ်။ တစ်နည်းအားဖြင့် သူ့ရဲ့ စေတနာကို ခံစားလိုက်ရ ခြင်းလည်း ဖြစ်ပါတယ်။ ကားလက်မှတ် စုံစမ်းလို သူတွေ ဖုန်းဆက်ရင် ဘယ်လိုပြန်ဖြေရမယ်၊ ဖုန်း ကိုင်ရင် ဘယ်လိုစတ်ဆက်ရမယ် စတာတွေကို သင်ပေးထားလို့ ရပါတယ်။ ဒါမျိုး Customer ကို ဘယ်လိုအဆင်ပြေအောင် လုပ်ပေးရမလဲ ဆိုတဲ့ စိတ်ကိုတော့ သင်ပေးလို့ မရပါဘူး။
တက်စီတွေဆိုလည်း ယာဉ်စီးသူ ကားပေါ်တက်ရင် အဲကွန်းဖွင့်ပေးရမယ် ဆိုတဲ့ စည်းကမ်းရှိတယ်။ ဒီ တော့ ဖွင့်ကို ဖွင့်ပေးရတယ်။ ဒါပေမဲ့ အဲကွန်း မအေး တာကို မပြင်ဘဲ ဒီအတိုင်း ဖွင့်ပေးထားတာမျိုးက စေတနာ မပါမှန်း သိသာစေတယ်။ နောက် ခရီးသည်က သူသွားရမဲ့နေရာကို အတိအကျ မသိ တဲ့အခါမှာလည်း မကူညီတာ၊ နည်းနည်းကလေး ပို သွားပေးလိုက်ရတာကို ပိုက်ဆံထပ်တောင်းတာ၊ ဒါ တွေက ကားမောင်းသူရဲ့ စေတနာကို ပြနေတာ ဖြစ် ပါတယ်။ တကယ်သာ စေတနာပါတဲ့ ကားဆရာဆို ယာဉ်စီးသူအနေနဲ့ ကိုယ့်ကားထဲ ဝင်လိုက်တာနဲ့ စိတ် ထဲ ကျေနပ်မှုရအောင် ကိုယ့်ရဲ့ ကိုယ်သင်းရနံ့ အပါအဝင် ကားထဲက အနံ့အသက်တွေကိုကအစ ဂရုစိုက်တတ်ပါလိမ့်မယ်။

Customer တွေဘက်က တောင်းဆိုမှု ပိုကြီးတဲ့ ဆေးကုသမှုလုပ်ငန်းတွေ၊ ဟိုတယ်တွေ၊ ခရီးသွား လုပ်ငန်းတွေ၊ စားသောက်ဆိုင်တွေဆို ပိုတောင်မှ လိုအပ်ပါလိမ့်ဦးမယ်။ တစ်လောကလုံးမှာ ဒီ အစားအသောက်က ကိုယ့်ဆိုင်မှာပဲ ရတယ်၊ ဒီကုသ မှုက ကိုယ့်ဆေးရုံမှာပဲ လုပ်လို့ရတယ်၊ ဒီ တစ်လောကလုံးမှာ ကိုယ့်ဟိုတယ်တစ်ခုပဲ ရှိတယ်၊ အဲ့လိုအခြေအနေတွေဆိုရင်တော့ ချေမိုးပြီး ဝန်ဆောင်မှု ပေးနေလို့ ရပေမဲ့ အဲ့လိုမဟုတ်ဘဲ အပြိုင်အဆိုင် များတဲ့ အနေအထားဆိုရင်တော့ ဝန်ဆောင်မှု ကောင်းကောင်း ပေးနိုင်သူက ခေါင်း တစ်လုံး သာသွားမှာ ဖြစ်ပါတယ်။

လူမှုကွန်ရက်မှာ စာရေးတယ်။ အပိုဒ်ကလေးတွေ ခွဲ ပြီး ဖတ်ရသူ အဆင်ပြေပြေ ဖတ်နိုင်အောင် လုပ် ပေးတယ်။ အလုပ်မှာ Powerpoint presentation လုပ်တယ်။ ဘယ်သူမဆို ကြည့်လို့ အဆင်ပြေ အောင် Font size အနေတော်လေး ထားပေးတယ်။ အရောင်ကို မျက်စိစူးစေတာမျိုး မရွေးဘူး။

ပြောရရင် ဒါတွေအကုန်လုံးက စေတနာကို အခြေခံ တာပဲ။ အဲ့လိုလုပ်ငန်းတွေ၊ အဲ့လိုလူပုဂ္ဂိုလ်တွေပဲ သက်ဆိုင်ရာ နယ်ပယ်မှာ ပိုပြီး အောင်မြင်မှု ရကြ တာပဲ။

ဒီတော့ ဘာပဲလုပ်လုပ် တစ်ဖက်သားကို အဆင်ပြေ အောင် လုပ်ပေးလိုက်မယ် ဆိုတဲ့ စိတ်အခံလေးတွေ မွေးမြူထားကြဖို့ လိုပါလိမ့်မယ်။ ကိုယ့်အခက်အခဲ၊ ကိုယ့်ပြဿနာတွေကိုပဲ အခြေခံ စဉ်းစားမနေဘဲ တစ်ဖက်သားဘက်က ထည့်တွေးတတ်အောင် ကြိုးစားပါ။ အဲဒါက ကိုယ့်အလုပ်မှာ ပျော်ရွှင်မှု ပိုရ စေမှာ ဖြစ်သလို ပိုပြီးလည်း အောင်မြင်မှု ရလာစေ ပါလိမ့်မယ်။

09/08/2023

အခုတလော ကျွန်တော်တို့ page admin လေးတွေကြုံတွေ့နေရတယ် payment Error

ကိုယ်ရဲ့ visa card ထဲမှာလဲငွေအလုံလောက်ရှိပေ့မယ် ငွေချေလို့မရ

Threshold again ပြသနာလဲမဟုတ်ပဲ ကျွန်တော်တို့ ကို ဖေ့စ်ဘွတ်ခ် ဘက်ကနေ သက်သက်မဲ့မဲ့ ငွေချေ ခွင့်မရတဲ့အခါ မျိုး ကျွန်တော်ငွေချေရမယ့်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ဒီ video လေးကမိတ်ဆွေတို့အတွက်အဆင်ပြေမယ်ဆိုရင် like and follow လေးတချက် လုပ်ပေးခဲ့ပါ

Boost တယ်ဆိုတာ​ တကယ်တော့​ ဗန်းစကားပါတကယ်တော့​ Facebook​ ကိုပိုက်ဆံပေးပြီး ကိုယ့်Postကြော်ငြာခိုင်းတာကို Media​ Buying​ လ...
08/08/2023

Boost တယ်ဆိုတာ​ တကယ်တော့​ ဗန်းစကားပါ
တကယ်တော့​ Facebook​ ကိုပိုက်ဆံပေးပြီး ကိုယ့်Postကြော်ငြာခိုင်းတာကို Media​ Buying​ လုပ်တယ်လို့ခေါ်ပါတယ်...

Page​ Admin​တော်တော်များများက​ ဘုစ်တယ်ဆိုပြီးပဲ ပြောလေ့ရှိကြတယ်.. Facebook​ ရဲ့​ ခလုတ်ကလဲ Boost​ လို့ရေးထားတာတော့ ဒီလိုပဲခေါ်ကြတာပေါ့..

Service​သမား​တွေကိုလဲ​ ဘုစ်ဆားဗစ်လို့ပဲအလွယ်ခေါ်ကြတယ်... ကြော်ငြာ​ Run​ ချင်ရင်လဲ​ "မောင်လေးရေ ဘုစ်ထုချင်လို့"​ ဆိုပြီးပြောကြတယ်..

အကယ််၍သာ​ ကျွန်တော်တို့သာ Media Buying လို့ပြောင်းခေါ်ရင်​ ဘယ်လောက်ပိုမိုက်မလဲပေါ့😁

Service ကို Media Buying
Serviceသမားကို Media Buyer
Service အပ်ချင်ရင် "Media Buying လေးလုပ်ချင်လို့ပါ" ဆိုရင်​ ပိုမမိုက်ဘူးပေဘူးလားပေါ့နော်🙄

ဒီလို​ဆို​ Service​လာအပ်တဲ့ Admin​လဲခေတ်မှီမယ်
Service လက်ခံ​တဲ့​ Service​သမားလဲ​ နားဝင်ချိုမယ်

ရှည်တယ်ထင်လဲ​ "Boost လုပ်ချင်ပါတယ်"​ ပဲပေါ့ဗျာ😁

Service​နဲ့Service​သမား​ကိုတော့​ Media​ Buying၊ Media​ Buyer လို့ခေါ်တယ်ဆိုတာ​သိရင်ကိုပဲ ခေတ်မှီတယ်ပြောလို့ရပါပြီ 😁

Client​ တွေ​ဆီက​ ဘုစ်သမားလေးလို့ အခေါ် ခံရတာ​
နားထဲကန့်လန့်ကြီးဝင်နေလို့ပါ🥹

💥 page ပိုင်ရှင် တွေအတွက် Facebook Boost လုပ်နည်း နဲ့ ပတ်သတ်ပြီး Quizz လေးတစ်ခု တင်ပေးလိုက်ပါတယ်...🌟🎊🎉 ✅ ကိုယ့်...
08/08/2023

💥 page ပိုင်ရှင် တွေအတွက် Facebook Boost လုပ်နည်း နဲ့ ပတ်သတ်ပြီး Quizz လေးတစ်ခု တင်ပေးလိုက်ပါတယ်...🌟🎊🎉

✅ ကိုယ့်ရဲ့ အဖြေကို Comment လေးနဲ့ အဖြေလေးတွေ ဝေမျှခဲ့ပေးပါဦး....

🌟 Facebook Marketing ပညာရပ်ကို အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုအနေနဲ့ လေ့လာဆည်းပူးချင်တဲ့ မိတ်ဆွေတို့အတွက် ကျွန်တော်တို့ P.T.S Online Digital Marketing Class မှာ Facebook Marketing tools တွေကို Facebook Marketing ဆရာ တစ်ဦး ဖြစ်တဲ့ ဆရာ ဇင်ကိုကိုဇော် ကိုယ်တိုင်ကိုယ်ကျ သင်ကြား ပို့ချပေးနေတဲ့ Online သင်တန်းလေးတွေရှိ နေ ပါပြီ....🌟

သင်တန်းအကြောင်းအသေးစိတ်သိချင်တယ်ဆိုရင်
အောက်ပါ Link လေးကနေတစ်ဆင့် အသေးစိတ် စုံစမ်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်.

m.me/PTSonlinedigitalmarketingclass


ကိုယ့်ရဲ့ page ကဘာလို့ အလုပ်သိပ်မဖြစ်ရတာလဲ ?1.အရောင်း Post တွေချည်းပဲ အမြဲ တင်နေလို့2. ဈေးကွက်အပြောင်းအလဲ နဲ့ ၀...
08/08/2023

ကိုယ့်ရဲ့ page က
ဘာလို့ အလုပ်သိပ်မဖြစ်ရတာလဲ ?

1.အရောင်း Post တွေချည်းပဲ အမြဲ တင်နေလို့

2. ဈေးကွက်အပြောင်းအလဲ နဲ့ ၀ယ်သူတွေရဲ့ လိုအပ်ချက် အပြောင်းအလဲ တွေကို အမှီ မလိုက်နိုင်လို့

3. Page ကို Run ဖို့ လုံလောက်တဲ့ နည်းစနစ်တွေ မကျွမ်းလို့

4. လူတွေ ၀ယ်ချင်လောက်အောင် မရေးတက်မပြောပြတက်လို့

5. Page မှာ စုံလင်တဲ့ Post တွေ မရှိလို့

6. တစ်ခြားသူဆီက မ၀ယ်ပဲ မိမိထံက ၀ယ်ယူဖို့ လုံလောက်တဲ့ အဖြေတွေမရှိလို့

7. Boost ထားတဲ့ Post တွေကို လိုအပ်ရင် Budget တိုးတာ သို့မဟုတ် လျော့တာ သို့မဟုတ် ရပ်ပစ်တာတွေမလုပ်ဖို့ Strategy သေချာမရှိသေးလို့

8. ဖေါက်သည်တွေနဲ့ Relationship ဆောက်နည်းတွေ မသိလို့

9. ဘယ်အချိန်မှာ ဘာရေးပြီး ဘယ်အချိန်မှာ ဘယ် Post ကို Boost ရမလဲ မသိလို့

10. First Time Buyer ရဖို့ ဘယ်လောက်ရင်းသင့်တယ်ဆိုတာ မသိလို့

11. Sale Funnel, Customer Lifetime Value မသိတော့ Customer Acquisition Cost ကို မရင်းရဲလို့

12. လုံလောင်တဲ့ လေ့လာအားမရှိလို့ ဘာလိုနေလဲ သေချာ မသိလို့

13. သူစိမ်းကနေ၀ယ်သူဖြစ်ဖို့ အဆင့်ဆင့် Relationship သေချာ မတည်ဆောက်တက်လို့

14. Give Away တွေသာပေးပြီးသွားတယ် ရေရှည် ၀ယ်သူဖြစ်အောင် မစီစဉ်တက်လို့

15. အရောင်းတက်ဖို့ ဘယ် Post တွေကို ရေး ဘယ် Offer တွေပေး ဘယ်လို Boost တွေလုပ်
လာမေးသူတွေရဲ့ Objection တွေကို ကြိုတင်မကာကွယ်ထားနိုင်လို့

16. မိမိ Product က လူ 1000 မြင် တစ်ယောက် ၀ယ်တဲ့ Product လား လူ 100,000မြင်မှ တစ်ယောက်၀ယ်တဲ့ Product ဆိုတာကို မသိလို့ ...လုံလောက်တဲ့ Budget ကို မသုံးလို့

Credit to Digital Face

လုပ်ငန်းတစ်ခု တိုးတက်အောင်မြင်ဖို့ မဖြစ်မနေ လိုအပ်တဲ့အချက်တခုဟာ ဝန်ထမ်းကောင်းတွေရှိဖို့ဖြစ်ပါတယ်။ဝန်ထမ်းကောင်းဆိုတဲ့နေရာ...
03/08/2023

လုပ်ငန်းတစ်ခု တိုးတက်အောင်မြင်ဖို့ မဖြစ်မနေ လိုအပ်တဲ့အချက်တခုဟာ ဝန်ထမ်းကောင်းတွေရှိဖို့ဖြစ်ပါတယ်။

ဝန်ထမ်းကောင်းဆိုတဲ့နေရာမှာ မိမိလုပ်ငန်းနဲ့ အံ့ဝင်ဂွင်ကျဖြစ်တဲ့ သူကိုဆိုလိုပါတယ်။

ဥပမာ ကျွန်တော်တို့ Car Showroon လုပ်ငန်းအတွက် ဝန်ထမ်းကောင်းဆိုတာ ကားနဲ့ပက်သက်ပြီးဝါသနာပါတဲ့ ကိုယ်တိုင်လဲနောင်တချိန် ကားနဲ့ပက်သက်တဲ့လုပ်ငန်းတခုကို ကိုယ်ပိုင်လုပ်ကိုင်ချင်စိတ်ရှိသူ တက်ကြွကြိုးစားသောသူများကိုဆိုလိုပါတယ်။

ဒီလိုပဲ စားသောက်ဆိုင်တခုအတွက်ဆိုလဲ အစားအသောက်နဲ့ ချက်ပြုတ်ခြင်းကို ဝါသနာပါသူများကိုသာ ခန့်ထားရမှာဖြစ်ပါတယ်။

လုပ်ငန်းအများစု ကျရှုံးရခြင်းရဲ့ အဓိကအချက်ဟာမှားယွင်းတဲ့ဝန်ထမ်းခန့်ထားမှုကြောင့် ဖြစ်ကြတာများပါတယ်။

ဒါ့ကြောင့် သင့်လုပ်ငန်းအောင်မြင်ဖို့

လုပ်ငန်းဦးဆောင်သူ သင်ကိုယ်တိုင် ဒီလုပ်ငန်းကို ချစ်ခင်မြတ်နိုး ဝါသနာပါ ကြိုးစားချင်သူဟုတ်ရဲ့လား

သင့်ဝန်ထမ်းတွေကရော ဒီလုပ်ငန်းနဲ့သင့်လျော်မှန်ကန်မှုရှိသူတွေ ဟုတ်ရဲ့လား

ဒီ ၂ ချက်မှန်တယ်ဆို သင့်လုပ်ငန်းအောင်မြင်ဖို့ ၅၀% မကသေချာနေပါပြီ။

❝ ဝါဆိုလပြည့် ဓမ္မစင်္ကြာ အခါတော်နေ့ ❞ ၁.၈.၂၀၂၃ ၊ အင်္ဂါနေ့တွင် ကျရောက်‌သော ဝါဆိုလပြည့် အခါသမယမှာ၇ရက်သားသမီးများ အားလုံး...
01/08/2023

❝ ဝါဆိုလပြည့် ဓမ္မစင်္ကြာ အခါတော်နေ့ ❞

၁.၈.၂၀၂၃ ၊ အင်္ဂါနေ့တွင် ကျရောက်‌သော
ဝါဆိုလပြည့် အခါသမယမှာ

၇ရက်သားသမီးများ အားလုံး စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပါစေ

ဘေးအန္တရာယ်ကင်းဝေးပြီး လိုအင်ဆန္ဒများ
တလုံးတခဲပြည့်ဝ နိုင်ကြပါစေ။🙏🌻💐

#ဝါဆိုလပြည့်

Address

No-25B, 16 Str (west), 3Yanpyay

11241

Telephone

+959978749865

Website

Alerts

Be the first to know and let us send you an email when P.T.S Boost Service & Digital Marketing Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share