Corazon Computer Services

Corazon Computer Services Computer, Networking, CCTV and ELV Systems Installation and Solution

28/02/2024

မင်္ဂလာပါ ကျွန်တော်တို့ CORAZON Team မှ IT Services များကို ခေတ္တခဏရပ်ဆိုင်းထားပါတယ်ခင်ဗျာ၊ ပြန်လည်စတင်မယ့်ရက်ကိုလည်း ဒီ Page လေးမှာပဲကြေငြာပေးမှာဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

CORAZON Team ကိုယ်စား
Moe Myint Maung (IT Services Team Lead)

မင်္ဂလာပါခင်ဗျာ CORAZON (ကော်ရာဇွန်) မှလူကြီးမင်းတို့၏ ICT နှင့်သက်ဆိုင်သမျှပြဿနာများကို ဖုန်းတစ်‌ချက်ခေါ်လိုက်ရုံဖြင့် ...
24/02/2024

မင်္ဂလာပါခင်ဗျာ CORAZON (ကော်ရာဇွန်) မှ
လူကြီးမင်းတို့၏ ICT နှင့်သက်ဆိုင်သမျှပြဿနာများကို ဖုန်းတစ်‌ချက်ခေါ်လိုက်ရုံဖြင့် အိမ်/ရုံး/ဌာန အရောက်၀န်ဆောင်မှုပေးနေပါပြီ။🤗🤗

💻🖥️ Laptops, Desktop သာမက MacBook and iMac (Apple Computer) များအတွက်

✅ OS (Windows, Mac OS, Linux) အမျိုးမျိုးတင်ပေးခြင်း။

✅ Software, Games အမျိုးမျိုးကိုစိတ်တိုင်းကျ ထည့်သွင်းပေးခြင်း။

✅ Computer Hardware Driver များErrorတက်ခြင်း၊Printer Driverများထည့်သွင်းအသုံးပြုရန်လိုခြင်းများအတွက်ထည့်သွင်းပေးခြင်း။

✅ Virus ရှင်းပေးခြင်း။

✅ ရုံးတွင်း/ပြင် အိမ်တွင်း/ပြင် Network ချိတ်ဆက်ပေးခြင်း။

✅ Network Configuration လုပ်ပေးခြင်း။

✅ File Server, Email Server, Web Server, ISA Server အစရှိသဖြင့် Server အမျိုးမျိုးထိုင်ပေးခြင်းများ။

✅ Network Printer/ Print Server Configuration

🏣🏢 ရုံးခန်းများ၊ Company များ၊ Organization များနှင့်ဆိုင်များအတွက် အထူး IT Support Service/ Regular Maintenance Service Contract များလဲရနိုင်ပါသည်။ (IT ၀န်ထမ်းမရှိသောရုံးများအတွက် မိမိတို့၏ ရုံးတွင်း၀န်ထမ်းခန့်ထားသကဲ့သို့စိတ်တိုင်းကျခိုင်းနိုင်ပါသည်)🤗🤗

အိမ် /ရုံး /ကျောင်း /စက်ရုံ / သင်တန်း များသို့ အရောက် လိုက်လံပြုပြင်ပေးပါသည်။

☎️ 09972005941 (Viber, Line or Cb ) or call 😉
📧 [email protected]
🏠 No.895, 2nd Floor, Natmauk Street, 55 Ward, South Dagon, Yangon.









#အိမ်အရောက်
#ရုံးအရောက်
#ကွန်ပျုတာ
#ဝန်ဆောင်မှု
#ဝင်းဒိုးတင်
#နက်ဝက်ချိတ်

20/02/2024

မိမိအသုံးပြုနေတဲ့ ကွန်ပျူတာအကြောင်းဘယ်လိုကြည့်ရမလဲ
၁။ ပထမဆုံးနည်းလမ်းကတော့ Taskbar ကို Right Click တစ်ချတ်နှိပ်ပါ၊ Task Manager ကိုဝင်ပါ၊ Performance ကိုဝင်ပြီး မိမိကွန်ပျူတာရဲ့ CPU, RAM, HDD/SSD တို့ကိုကြည့်နိုင်ပါတယ်၊ (ဤနေရာတွင် မိမိကွန်ပျူတာက HDD လား SSD လား ဆိုတာကိုပါတခါတည်းကြည့်နိုင်ပါတယ်)
၂။ ဒုတိယနည်းလမ်းကတော့ This PC ကို Right Click နှိပ်ပါ၊ Properties ကိုဝင်ပြီးလည်း မိမိကွန်ပျူတာ အကြောင်းကို ကြည့်နိုင်ပါတယ်။
၃။ နောက်နည်းလမ်းတစ်ခုကတော့ Window + R ကိုနှိပ်ပါ၊ dxdiag ကိုရိုက်ထည့်ပြီးတော့လည်း မိမိကွန်ပျူတာအကြောင်းကို ကြည့်နိုင်ပါတယ်။
အခုကျွန်တော် ပြောပြပေးသွားတဲ့နည်းလမ်းတွေကတော့ ကွန်ပျူတာကိုအခုမှစသုံးတဲ့ Beginer တွေအတွက်ပါ။

I T Value မှ ရေးသားတင်ပြသည်

Group Link
https://www.facebook.com/groups/1078549253189486/?ref=share_group_link

Hello, We are CORAZON Team, All your ICT-related problems are just a phone call away, and Corazon provides services at y...
13/02/2024

Hello, We are CORAZON Team,
All your ICT-related problems are just a phone call away, and Corazon provides services at your home/office/department.🤗🤗

💻🖥️ Not only for Laptops, Desktop but also for MacBook and iMac (Apple Computer).

✅ Installation various OS (Windows, Mac OS, Linux).

✅ Installing all kinds of software and games at will.

✅ Computer Hardware Driver Errors, Printer Drivers installation and installation addon for the need to use.

✅ Virus cleaning.

✅ Network connection inside/outside home/outside office.

✅ Network Configuration.

✅ Various servers such as File Server, Email Server, Web Server, ISA Server, etc.

✅ Network Printer/Print Server Configuration

🏣🏢 Offices, Companies, Special IT Support Service / Regular Maintenance Service Contracts are available for organizations and shops. (For offices that do not have IT staff, they can be asked to do so as if they have appointed staff in their own office)🤗🤗

☎️ 09972005941 (Viber also)
📧 [email protected]
🏠 No.895, 2nd Floor, Natmauk Street, 55 Ward, South Dagon, Yangon.

13/02/2024

🏢 For home, offices, companies, special IT support service / regular maintenance service contracts can be signed for organizations and shops.
(For offices that do not have IT staff, they can be asked to do so as if they have appointed staff in their own office)🤗🤗

(home/office service)
https://www.facebook.com/profile.php?id=100092493319082&mibextid=ZbWKwL

CORAZON COMPUTER SERVICES
☎️ 09972005941
📧 [email protected]
🏠 No.895, 2nd Floor, Natmauk Street, 55 Ward, South Dagon, Yangon.

Computer, Networking, CCTV and ELV Systems Installation and Solution

🏢 ရုံးခန်းများ၊ Company များ၊ Organization များနှင့်ဆိုင်များအတွက် အထူး IT Support Service/ Regular Maintenance Service ...
13/02/2024

🏢 ရုံးခန်းများ၊ Company များ၊ Organization များနှင့်ဆိုင်များအတွက် အထူး IT Support Service/ Regular Maintenance Service Contract များချုပ်ဆိုနိုင်ပါသည်။
(IT ၀န်ထမ်းမရှိသောရုံးများအတွက် မိမိတို့၏ ရုံးတွင်း၀န်ထမ်းခန့်ထားသကဲ့သို့စိတ်တိုင်းကျခိုင်းနိုင်ပါသည်)🤗🤗
(အိမ်/ရုံး အရောက်ဝန်ဆောင်မှု)
https://www.facebook.com/profile.php?id=100092493319082&mibextid=ZbWKwL

CORAZON COMPUTER SERVICES
☎️ 09972005941
📧 [email protected]
🏠 No.895, 2nd Floor, Natmauk Street, 55 Ward, South Dagon, Yangon.

08/02/2024

လူတိုင်းအမေးများသော ကွန်ပျူတာပြဿနာ (၁၀) မျိုးနှင့်အဖြေများ။
========================
Online မှ လူတိုင်းအမေးများကြသော ပြဿနာ ၁၀ မျိုးနှင့် အဖြေများအား ပုံနှင့်တကွ စုစည်းဖော်ပြပေးလိုက်ပါတယ်။
ဆရာကိုရန်နိုင်
-
(၁) Dsktop Sereen ဇောက်ထိုး/ဘေးစောင်းဖြစ်သွားလို့ ဘယ်လိုလုပ်ရမလဲ။
Keyboard က Ctrl+Alt+ Arrow Key တွေ ကို နှိပ်ပြီး Screen ကို လိုသလို ပြန်ပြောင်းပါ။ ဇောက်ထိုးဖြစ်ရင် Ctrll+Alt နဲ့ အပေါ်မျှား ကိုနှိပ်ပါ။
မနှိပ်တတ်ရင် Windows Display Setting ထဲက Display Orientation ကို ပြန်ပြောင်းပါ။
-
(၂) Wifi ချိတ်မရတာ ဘာ့ကြောင့်လဲ။
Desktop ဆိုရင် Wifi Chip/Card မပါလာတာကြောင့် Wifi မရတာများပါတယ်။ Laptop ဆိုရင်တော့ Wifi Adapter Driver File ကို Install လုပ်ထားခြင်းကိုပြန်စစ်ပါ။ Driver Update လုပ်ပါ။
(Driver File များသည် ထုတ်လုပ်သော Laptop ၏ ကုမ္ပဏီမှဖြန့်ချီသော File များဖြစ်၍ Laptop အမျိုးအစား Model ကို သိရှိနားလည်မှသာ ပြုလုပ်သင့်သည်။)
တချို့ Laptop များ၏ ကီးဘုတ်မှ Function Key (F- Key) များတွင် Wifi Key တစ်ခုပါတတ်သည်။ ဥပမာအားဖြင့် F4-F5-F12 Key များဖြစ်တတ်သည်။ ထိုကီးများကို Fn နှင့်တွဲနှိပ်မိရင်ဖြစ်စေ ဒီအတိုင်း မှားနှိပ်မိရင်ဖြစ်စေ Wifi ပျောက်တတ်ပါတယ်။
-
(၃) ကွန်ပျုတာမှာ Google Playstore ထည့်ပြီး App တွေဘယ်လိုသွင်းရသလဲ။
Windows စနစ် အသုံးပြုသောကွန်ပျူတာသည် Android စနစ်မဟုတ်သဖြင့် Google Playstore သို့မဟုတ် App တွေကို တိုက်ရိုက် ထည့်သွင်းအသုံးပြု၍မရပါ။ အသုံးပြု၍ ရအောင် ကြားခံ Emulator သို့မဟုတ် Virtualization နည်းပညာတစ်ခုခု သုံးရပါသည်။ ဥပမာ Bluesteak/MEMU Play ကို အရင်ထည့်သွင်းရပါသည်။ ထိုသို့ထည့်သွင်းရာတွင် ကွန်ပျူတာ၏ စွမ်းဆောင်ရည်နှင့် RAM ပမာဏများစွာလိုအပ်သဖြင့် တော်ရုံ RAM/CPU ရှိသော ကွန်ပျူတာများ မထည့်သွင်းနိုင်ပါ။
Wikdows 11 တွင် Android Subsystem အသုံးပြု၍ရသော်လည်း Google Play Service များအလုပ်မလုပ်ပါ။ Amazon Store သာ အလုပ်လုပ်ပါသည်။
-
(၄) Windows အတက်တွင် BSOD အပြာရောင် Screen တက်လာပြီး Error ဖြစ်လာရင် ဘယ်လိုလုပ်မလဲ။
အပြာရောင် Screen ဖြစ်ပေါ်လာသည့် ပြဿနာရင်းမြစ်များစွာရှိပါသည်။ တချို့မှာ Hardware ကြောင့်ဖြစ်သလို တချို့မှာ Software ကြောင့်ဖြစ်ပါသည်။ တချို့မှာ System Repair/Restore လုပ်ခြင်း တင်ထားသော Update များကိုဖြုတ်ချခြင်းဖြင့်ကောင်းသွားတတ်သလို တချို့မှာ Windows Repair လုပ်ရုံဖြင့် ပြန်မကောင်းတတ်ကြပါ။ အဲဒါကြောင့် ဖျက်မရသော Data များရှိလျှင် နားလည်သည့် Services Technician နှင့် ‌ဆွေးနွေးသင့်ပါတယ်။
Boot Option များ/System File Error များ/RAM/GPU Error များအစရှိသဖြင့် Hardware နှင့် Software များကြောင့်ဖြစ်ပေါ်လာသော Computer Memory Dump ကွန်ပျူတာမှတ်ဉာဏ်ပြုတ်ကျခြင်းဖြစ်စဉ်ကြောင့် BSOD ဖြစ်ပေါ်ခြင်းဖြစ်ပါတယ်။ BSOD နှင့်ပတ်သက်ပြီး တပွဲတိုး ဖြေရှင်းနည်းမရှိတာကို အသုံးပြုသူတွေသတိထားသင့်သည်။
-
(၅) Laptop တွင် Touch Pad ဘာ့ကြောင့်‌ ရွှေ့မရတာလဲ။
Touchpad များရွှေ့မရခြင်းမှာ Driver File Error ကြောင့်ဖြစ်သလို Laptop ကီးဘုတ်မှ Fn + Touchpad key မှားနှိပ်မိတာကြောင့်လည်းဖြစ်တတ်ပါသည်။ တချို့ Laptop များတွင် Fn ခလုတ်ကို အမြဲ On ထားတတ်သဖြင့် Touchpad ခလုတ်ဖြစ်သော (ဥပမာ F7) ကို မှားနှိပ်မိလျှင်ဖြစ်တတ်သည်။ Touchpad Key သည် Laptop မော်ဒယ်နှင့်အမျိုးအစားအလိုက် F5-F6/F7/F9 အစရှိသဖြင့် သတ်မှတ်ထားကြသည်။ Fn Key မှားနှိပ်ခြင်းမဟုတ်လျှင် Hardware Error ဖြစ်တတ်သည်။
-
(၆) Laptop သုံးနေရင်း Screen ဘာကြောင့်ပိတ်ပိတ်သွာသလဲ။
တချို့မှာ ကီးဘုတ်တွင်ပါဝင်သော Screen Sharing ခလုတ်ဖြစ်သော F6 ကဲ့သောသို့ ခလုတ်များကို မှားနှိပ်ခြင်းကြောင့်ဖြစ်သည်။ Touchpad နှင့် Wifi များကဲ့သို့ပင် Screen Sharing အတွက် Key တစ်ခုကို Laptop ၏ F Key များထဲတွင်ပါဝင်သည်။ ဥပမာ(F6-F8) ဖြစ်သည်။
-
(၇) Welcome Screen ပေါ်ပြီး ဘာ့ကြောင့် Windows ထဲဝင်မရဖြစ်တာလဲ။
Windows Update သို့မဟုတ် အင်တာနက်တွင် Microsoft Account တစ်ခုခုကို ဝင်မိသည့်အခါ သို့မဟုတ် Windows Office Application တစ်ခုခုသုံးရင် အင်တာနက်ချိတ်ပြီးချိန် ကွန်ပျူတာကို ပိတ်ပြီး ပြန်ဖွင့်လျှင် ထိုပြဿနာဖြစ်တတ်သည်။ တခါတရံ သုံးနေရင် ခဏနားထားချိန် Log on Screen ပေါ်လာပြီး Mouse ပဲရွှေ့ရပြီး ဘာမှနှိပ်မရဖြစ်တတ်သည်။ အဲဒီအချိန် Ctrl+Alt+Delete ကို နှိပ်ပြီး Windows User Name ပေါ်အောင်လုပ်ပြီးပြန်ဝင်ခြင်းဖြင့် ပြဿနာအများစုကိုဖြေရှင်းနိုင်ပါသည်။
-
(၈) Zoom Meeting လုပ်နေချိန် Error တက်ခြင်း BSOD ဖြစ်ခြင်း၊ Windows ပြုတ်ကျခြင်းကို ဘယ်လိုဖြေရှင်းမလဲ။
Zoom/YouTube တို့၏ အခမဲ့အသုံးပြုသော Version များတွင် Hardware Performance ကို အသုံးပြုမှုများပြားလျှင် BSOD ဖြစ်တတ်သည့်အတွက် Zoom ကိုဖွင့်ထားချိန် Taskbar တွင်ရှိသော Zoom Icon မှ Setting ထဲတွင် နှိပ်၍ Advanced ထဲတွင် Hardware Performance ကိုဖြုတ်ပြီး Computer ကို Restart လုပ်ပြီး Zoom ကို ပြန်လည်အသုံးပြုခြင်းဖြင့် ထိုပြဿနာအများစုကို ဖြေရှင်းနိုင်ပါသည်။ တချို့ ကွန်ပျူတာများတွင် Model နှင့် Hardware လိုအပ်ချက်/Driver File/ Connection တို့ မကိုက်ညီသဖြင့် Error တက်ခြင်းများကိုတော့ အသေးစိတ်ဖြေရှင်းရပါမည်။
-
(၉) ကွန်ပျူတာများတွင် Microphone မိုက် သုံးလို့မရခြင်း။
Desktop ကွန်ပျုတာများတွင် Microphone မပါဝင်သဖြင့် မိုက်သီးသန့်တပ်ဆင်ရပါမည်။
Laptop များတွင်လည်း Built In Microphone မပါဝင်သော မော်ဒယ်နှင့် ပါဝင်သောမော်ဒယ်ဟူ၍ ရှိသဖြင့် ပါမပါစစ်ဆေးရပါမည်။
မိုက်ကရိုဖုန်းတပ်ဆင်ရာတွင် မိမိအသုံးပြုသော Desktop သို့မဟုတ် Laptop မှ Jack ဂျပ်ပင်ပေါက်သည် မိုက်ကရိုဖုန်းအတွက်သီးသန့်အသုံးပြုသောအပေါက် သို့မဟုတ် နားကြပ်/Audio Out နှင့် ပူးတွဲအသုံးပြု၍ရမရ စစ်ဆေးရပါမည်။ တချို့ကွန်ပျုတာမော်ဒယ်နိမ့်များတွင် Combo Jack အဖြစ် တစ်ပေါက်တည်းတွင်ပူးတွဲအသုံးပြု၍မရပဲ Mic အတွက်သီးသန့်အပေါက်ပါဝင်သဖြင့် သီးသန့်မိုက် သို့မဟုတ် သီးသန့်မိုက်ခေါင်းပါဝင်သော နားကြပ် Headset ကို အသုံးပြုရပါမည်။
Audio Driver File များ Update မဖြစ်လျှင် သို့မဟုတ် Install လိုအပ်ချက်ရှိလျှင်လည်း Mic အသုံးပြုမရပါ။
-
(၁၀) Windows နဲ့ Software များ ကို Download လုပ် Install လုပ်လျှင် ဘာ့ကြောင့် Error များဖြစ်သလဲ။
၎င်းပြဿနာအများစုကိုဖြစ်စေတဲ့အဓိက အချက်မှာ User များကြောင့်သာအဓိကဖြစ်ပါသည်။
-
- Install ပြုလုပ်သူအများကိုယ်တိုင် Windows နှင့် File System ဖိုင်စနစ်များ ဖိုင်အမျိုးအစားများကို လုံးဝနားမလည်ပဲ ဖုန်းကဲ့သို့ အလွယ်တကူ Install ပြုလုပ်ရမည်ဟု ယူဆကြခြင်း။
-
- မိမိတို့ကိုယ်တိုင် အခြေခံနှင့် သီအိုရီများကို စနစ်တကျမလေ့လာပဲ Youtube မှ တပွဲထိုးဖြေရှင်းနည်းများကို အားကိုးလွန်းခြင်း။
(နိုင််ငံတကာမှလွှင့်တင်ထားသော YouTube မှ ဖြေရှင်းနည်းအများစုသည် ကွန်ပျူတာအခြေခံပညာရေးစနစ်သင်ကြားခဲ့သော နိုင်ငံတကာမှ User များအတွက် သို့မဟုတ် အခြေခံပိုင်နိုင်သူများအတွက်သာသင့်လျှော်သည်။ )
-
- Computer နည်းပညာသည် နိုင်ငံတကာတွင် မူလတန်းမှစတင်ပြီး သင်ရိုးထည့်ကာ တက္ကသိုလ်များတည်ထောင် ဘွဲ့များ‌ေပးကာ စနစ်တကျသင်ကြားပေးသော ပညာရပ်တစ်ခုဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ပြည်တွင်းပညာရေးစနစ်နှင့် ဖွံဖြိုးမှုကြောင့် တပွဲတိုးနည်းလမ်းများအားကိုးပြီး ပြင်ပသင်တန်းများကိုသာ အရွယ်ရောက်ပြီးမှတက်ရောက်ကြခြင်း။
-
- အလုပ်နှင့် ခေတ်စနစ်လိုအပ်ချက်ကြောင့် ကွန်ပျူတာများကို အလွယ်တကူဝယ်ယူအသုံးပြုခွင့်ရကြသော်လည်း အများစုမှာယခုမှ စတင်ကိုင်တွယ်ဖူးကြခြင်းတို့ကြောင့်ဖြစ်ပါသည်။
-
ကွန်ပျူတာ ဆိုသည်မှာ စာစီစာ
ရိုက်ရုံပဲဟုသောအတွေးအခေါ်ရှိခဲ့သော သူများမှ နိုင်ငံကို နှစ်ပေါင်းများစွာဦးဆောင်ခဲ့ခြင်းကြောင့် ကွန်ပျုတာနှင့်ပတ်သတ်သော နည်းပညာနိုးကြားမှုမှာ နှစ်ပေါင်း များစွာခေတ်နောက်ကျခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းကွန်ပျူတာ User များထဲတွင် ‌မျိုးဆက်အလိုက် ထိုပြဿနာများ ဖြစ်‌နေခြင်းဟုသုံးသပ်မိသည်။
မူရင်းရေးသားသူအား CRDပါဗျ
၁။ ကွန်ပျူတာနည်းပညာစာအုပ်များကိုရှာဖွေလေ့လာရန်
Page-www.facebook.com/nlhbcafe
Group–https://www.facebook.com/groups/tunitbookstore/
၂။ နည်းပညာဘာသာရပ်များကို လေ့လာဆည်းပူရန်
Page –https://www.facebook.com/naylinhtetitg/
Group–https://www.facebook.com/groups/itguidenlh
၃။ Software များကိုရှာဖွေလေ့လာလာရန်
Pag–https://www.facebook.com/profile.php?id=100076261510632
Group-https://www.facebook.com/groups/290036186256318/

I T Value မှ ပြန်လည်မျှဝေပါသည်

07/02/2024

Computer ရဲ့ Parts တွေဘယ်လိုခေါ်လဲ?
မသိသေးသူများအတွက်ပါ ။Computer အကြောင်းလေ့လာနေသူများ Share ထားသင့်ပါတယ်ရှင့်❤️

of Computer


HP Elitebook 840 G3 (Enterprise Edition)- Intel Core i5-6th Generation- RAM 4 GB DDR4 - HDD 250 GB (Original)- 14” HD LE...
07/02/2024

HP Elitebook 840 G3 (Enterprise Edition)
- Intel Core i5-6th Generation
- RAM 4 GB DDR4
- HDD 250 GB (Original)
- 14” HD LED Display
- Intel HD Graphics 520
-720p HD Web Camera
- 2x USB Type-A 3.0
- 1x USB Type-C 3.0
- Display Port + VGA Port
- 3.5 mm Audio Jack
- 46Wh (Li-ion) Battery (New)
- New adaptor
- Bang_and_Oulfsen audio system
- Windows 10 Pro (License Version)

(NVMe Slot ပါတဲ့တွက် NVMe SSD ပါထပ်စိုက်လို့ရပါတယ်)

Price: 520,000 Ks

HP Mouse တစ်ခု + laptop အိတ်အသစ်လက်ဆောင်ထည့်ပေးထားပါတယ်ခင်ဗျာ။

ရုံးသုံး၊ အိမ်သုံး နဲ့ game (DotA 2, GTA 5 နိုင်ပါတယ်) ဘာလာလာ‌နိုင်သေးတဲ့ slim type business laptop ပါးပါးလေးပါ။

မှတ်ချက်။။ ဂိမ်းများနှင့် ဆော့ဖ်ဝဲများ အခမဲ့စိတ်ကြိုက်လိုအပ်သလောက်ထည့်သွင်းပေးပါသည်။

မိတ်ဆွေ ညီအကိုများ လိုအပ်ပါက

☎️ 09972005941

# ရန်ကုန် မြို့တွင်း အိမ်အရောက်ငွေချေ၊
# နယ်ဝေးဆို Royal Express (သို့) နီးစပ်ရာကားဂိတ်အရောက်ပို့ဆောင်ပေးပါတယ်ခင်ဗျာ။
Corazon Computer Sales & Services
📧[email protected]
📌No. 895, 2nd Floor, Natmauk Street 55 Ward, South Dagon Myothit Township, Yangon.








Normal user များအတွက် (သို့) second hand computer ဝယ်မယ့်သူများအတွက် share ပေးခြင်းဖြစ်ပါတယ်ခင်ဗျာ။CPU (Processor)ကိုအမျ...
04/02/2024

Normal user များအတွက် (သို့) second hand computer ဝယ်မယ့်သူများအတွက် share ပေးခြင်းဖြစ်ပါတယ်ခင်ဗျာ။

CPU (Processor)ကို
အမျိုးမျိုး change ကြည့်မယ် 😁
__________________________
CPU Model တွေ change ကြမယ်.....
ကျွန်တော်အခုပြောပြပေးမယ့်အကြောင်းအရာသည် computer second စျေးကွက်ထဲမှာ မသိနားမလည်သူတွေ၊ နည်းပညာအကျွမ်းတ၀င်မရှိလှသူတွေ ဂျင်းမမိစေဖို့အတွက်ရည်ရွယ်တာပါ။ ပိုက်ဆံလေးမရှိမဲ့ ရှိမဲ့ စုပြီး
second လေး၀ယ်ကိုင်ပါတယ်ဆိုမှ ၀ယ်တုန်းကကြည့်လိုက်တာကတော့ i5 ပဲ..ပြီးကျမှ Pentium, Celeron ကိုဂျင်းထည့်လွှတ်လိုက်မှန်းသိရတယ်ဖြစ်မှာစိုးလို့ပါ။
BIOS ထဲကိုပဲ၀င်စစ်ဖို့သတိပေးလိုက်ပါတယ်။၀င်စစ်တဲ့နည်းလေးတော့
နည်းနည်းလေ့လာသွားဖို့လိုတာပေါ့နော်။ဒါမှမဟုတ် နာလည်တတ်ကျွမ်းသူခေါ်သွားတာအကောင်းဆုံးပါပဲ။
ကျွန်တော်ပြောပြတယ်ဆိုတာက ဒီလိုလုပ်ရင် ဒီလိုပြောင်းထားလို့ရတယ်ဆိုတာ သိ‌စေချင်ရုံပါပဲ။
အောက်မှာပြထားပါတယ်။လမ်းကြောင်းကိုဒီမှာလည်းပြပေးလိုက်ပါမယ်
အားလုံးအဆင်ပြေကြပါစေ.........
HKEY_LOCAL_MACHINE
HARDWARE ==>> DESCRIPTION
System ==>> CentralProcessor =>> 0
Processor Name နေရာမှာ Click (၂)ချက်နှိပ်ပြီး
ပြောင်းလဲနိုင်သည်။

Credit : original post

LINK Patch Cord Duplex 9/125 (3M)၄ကြိုးLINK Patch Cord Simplex Pigtail 9/125 3.0MM (1M)၈ကြိုးLINK Splice Tray with Plast...
04/02/2024

LINK Patch Cord Duplex 9/125 (3M)
၄ကြိုး
LINK Patch Cord Simplex Pigtail 9/125 3.0MM (1M)
၈ကြိုး
LINK Splice Tray with Plastic Base for 12 Fiber
၂ခု

အကုန်ယူရင် 50,000 Ks
09972005941

မင်္ဂလာပါခင်ဗျာ ယခုအပတ််အတွင်း ကျနော်တို့ CORAZON မှ Service Technician မလုံလောက်သောကြောင့် တစ်ချို့သော Service call မျာ...
12/01/2024

မင်္ဂလာပါခင်ဗျာ ယခုအပတ််အတွင်း ကျနော်တို့ CORAZON မှ Service Technician မလုံလောက်သောကြောင့် တစ်ချို့သော Service call များမသွား‌ရောက်နိုင်ခဲ့ခြင်း ရက်ချိန်းများပြန်ချိန်းရခြင်းများ ဖြစ်ပေါ်ခဲ့ခြင်းအတွက် အနှုးအညွှတ််တောင်းပန်အပ်ပါသည်။
မကြာခင်အချိန်အတွင်း Service Technician များ ထပ်တိုးအင်းအားဖြည့်ပြီး အိမ်/ရုံးအရောက် ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါကြောင််း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ။







#ဝန်ဆောင်မှု

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959972005941

Website

Alerts

Be the first to know and let us send you an email when Corazon Computer Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Corazon Computer Services:

Share