NDSP Books

NDSP Books NgarDoeSarPay is one of the leading Publishing House in Myanmar. NDSP already published more than hundred books. +95973055543

ဝတ္ထုတိုပေါင်းချုပ်နဲ့ရယ်မောခြင်း ပေါင်းချုပ်ဘယ်ပေါင်းချုပ်ကြီးကိုစာအုပ်စင်ပေါ်မှာခန့်ခန့်ထည်ထည်သိမ်းထားကြသလဲ
12/09/2026

ဝတ္ထုတိုပေါင်းချုပ်နဲ့
ရယ်မောခြင်း ပေါင်းချုပ်
ဘယ်ပေါင်းချုပ်ကြီးကို
စာအုပ်စင်ပေါ်မှာ
ခန့်ခန့်ထည်ထည်သိမ်းထားကြသလဲ

အိုဘာမား မောင်နှံhttps://www.facebook.com/share/p/17sTMyFhRh/?mibextid=wwXIfr
12/09/2026

အိုဘာမား မောင်နှံ

https://www.facebook.com/share/p/17sTMyFhRh/?mibextid=wwXIfr

သုခဘုံ - ဖြစ်တည်ခြင်း
(သို့မဟုတ်)
အိုဘာမား မောင်နှံတို့ရဲ့
စာအုပ်ထူကြီး နှစ်အုပ်။

နှစ်အုပ်စလုံးဟာ အိုဘားမားရဲ့
သမ္မတသက်တမ်းနှစ်ဆက်တွင်းက
စိတ်ဝင်စားစရာကောင်းတဲ့
အဖြစ်အပျက်များ အတွေ့အကြုံများကို
အခြေခံပါတယ်။

မောင်နှံနှစ်ယောက်စလုံးဟာ
ငယ်စဉ်ကတည်း စာအလွန်ဖတ်သလို
ပညာတတ်တွေလည်းဖြစ်ကြတယ်။

သမ္မတသက်တမ်းရှစ်နှစ်အတွင်းမှာ
နာမည်ပျက် မရှိခဲ့သလို
လူချစ်လူခင်လည်းများခဲ့တယ်။

သမ္မတတွေရဖို့ခက်ခဲတဲ့ နိုဘယ်ဆုကိုတောင်
ဘားရက်ခ်က ရခဲ့သေးတယ်။
ဒီစာအုပ်ကြီး နှစ်အုပ်ကို ယှဉ်ဖတ်မိရင်
ဒိုးတူဘောင်ဖက်ဆိုတဲ့
စကားကို ပိုသဘောပေါက်မိမှာပါ။

အင်မတန်ကြီးလေးတဲ့ တာဝန်ကို ထမ်းရွက်
နေရချိန်မှာပဲ သမီးလေးနှစ်ယောက်ကို
ပြိုင်တူပြုစုပျိုးထောင်နေခဲ့ကြပါတယ်။

တိုင်းပြည်တာဝန်ကို အလေးထားသလို
မိသားစုအရေးကိုလည်း မမေ့လျော့ခဲ့ကြတာ
အတုယူဖွယ်ရာပါပဲ။

နှစ်အုပ်စလုံးမှာ
အတုယူစရာတွေ မှတ်သားစရာတွေအပြင်
ထူးခြားတဲ့ အဖြစ်အပျက်တွေ
အတွင်းရေးတွေနဲ့အတူ
ဓာတ်ပုံများဝေဝေဆာဆာနဲ့
ထုတ်ဝေထားပါတယ်။

https://www.facebook.com/share/p/1C29pVqCrv/?mibextid=wwXIfr
09/09/2026

https://www.facebook.com/share/p/1C29pVqCrv/?mibextid=wwXIfr

R U Ready ❗️❤️❗️
၉ ရက် ၉ လ ၉ နာရီအတွက်
ထို၉ အုပ်

၉ အုပ်စလုံးက
လူကြိုက်များပြီးသားစာအုပ်တွေ
ဖြစ်တာမို့
အထူးမိတ်ဆက်ဖို့ လိုမယ် မထင်ပါ။

တစ်ခုပါပဲ…
အထူး Sale မှာ
ရောင်းမယ့်စာအုပ်တွေက
Error စာအုပ်တွေပါ…

Error ဆိုတာ
စာမျက်နှာကျော်နေတာ
ဖတ်မရလောက်အောင် ပျက်စီးနေတာမျိုး
လုံးဝ (လုံးဝ ) မဟုတ်ပါ။
စာရွက်တွန့်နေတာမျိုး
အဖုံးတွန့်နေတာမျိုးနဲ့
စာရွက်မှာ
အစက်အပျောက်ရှိနေတာမျိုးပါပဲ။

စာအုပ်အသစ်များမဟုတ်ဘဲ
တိုက်လက်ကျန်စာအုပ် Error များ
ဖြစ်တာကြောင့် အမြတ်တနိုး
သိမ်းဆည်းလိုသူများအတွက်
မသင့်တော်ပါ။

စျေးတန်တန်နဲ့ စာအုပ်ဖတ်ချင်သူများအတွက်
ရည်ရွယ်ပါတယ်။

အုပ်ရေအကန့်အသတ်ရှိတာကြောင့်
ဦးရာလူ
စနစ်ပါပဲ

ည ၉ နာရီမှာဆုံကြစို့

ဝတ္ထုတိုပေါင်းချုပ်ကြီးရဲ့လှို့ဝှက်ချက်လို့ပဲပြောရမလားထူးခြားချက်လို့ပဲ ပြောရမလားစိတ်ဝင်စားစရာ အချက်တစ်ခု ရှိပါတယ်။အဲ့ဒီ...
26/08/2026

ဝတ္ထုတိုပေါင်းချုပ်ကြီးရဲ့
လှို့ဝှက်ချက်လို့ပဲပြောရမလား
ထူးခြားချက်လို့ပဲ ပြောရမလား
စိတ်ဝင်စားစရာ အချက်တစ်ခု ရှိပါတယ်။

အဲ့ဒီအချက်ကို သိဖို့ဆိုရင်
စာဖတ်သူဟာ ဆရာမင်းလူရဲ့
အမာခံပရိသတ်ဖြစ်ထားဖို့လိုအပ်ပြီး
ဆရာ့စာအုပ်တွေ အများအပြား ဖတ်ရှုထားဖူးသူလည်း
ဖြစ်ဖို့ လိုအပ်ပါတယ်။

အဲ့ဒါကတော့ ဆရာမင်းလူရဲ့
လုံးချင်းစာအုပ်များရဲ့
မြစ်ဖျားတွေကို ဒီစာအုပ်ကြီးထဲမှာ တွေ့နိုင်ပါတယ်။

ဘယ်လို မြစ်ဖျားတွေလဲဆိုရင်
တချို့သော ဆရာမင်းလူရဲ့
လုံးချင်းဝတ္ထုတွေဟာ
ဝတ္ထုတိုတွေ အခြေတည်ပြီး ထပ်မံဖန်တီး
ခဲ့တာ ဖြစ်ပါတယ်။

ဝတ္ထုတိုပုဒ်ရေ ၁၀၁ ပုဒ်
ပါဝင်တဲ့
ပေါင်းချုပ်စာအုပ်ကြီးဟာ
ဆရာ့ပထမဆုံး
ပုံနှိပ်ဖော်ပြခြင်းခံခဲ့ရတဲ့
ဝတ္ထုတိုပေါင်းချုပ်ကြီးကနေ
ကွယ်လွန်ချိန်မှာ အဆုံးသတ်မသွားနိုင်ခဲ့တဲ့
ဝတ္ထုတိုထိ စုစည်းထားတဲ့
စာအုပ်ကြီးဖြစ်ပါတယ်။

တန်ဖိုး ၃၅၀၀၀ ကျပ်နဲ့
အမြို့မြို့အနယ်နယ်က
စာအုပ်ဆိုင်များမှာ
မေးဝယ်ပါ။

ကလေးတွေနဲ့အတူ စာဖတ်ကြပါစို့https://www.facebook.com/share/1c1UrXYQa7/?mibextid=wwXIfr
25/08/2026

ကလေးတွေနဲ့အတူ စာဖတ်ကြပါစို့

https://www.facebook.com/share/1c1UrXYQa7/?mibextid=wwXIfr

အားလုံးပါဝင်လို့ရပြီး
အကျိုးများစေမယ့်
ကလေးတွေနဲ့ စာအတူဖတ်ကြစို့ဆိုတဲ့
အစီအစဉ်လေး မိတ်ဆက်ပါရစေ။

အစီအစဉ်က ရိုးရှင်းပါတယ်။
သားသား မီးမီးတွေ
တူ၊ တူမလေးတွေကို
စာအုပ်တွေ ဖတ်ပြဖို့ပါပဲ။

ကလေးတွေကို စာအုပ်ဖတ်ပြတာ
လွန်စွာ အကျိုးကျေးဇူးများပါတယ်။
စာအုပ် စာပေကို ချစ်ခင်မြတ်နိုးဖို့
အခြေခံကောင်းတွေအများကြီး
ဖြစ်ထွန်းစေတယ်။

မိဘ၊ လူကြီးတွေက
သူတို့လေးတွေကို ဂရုတစိုက်ရှိတယ်
နွေးနွေးထွေးထွေး ရှိတယ်ဆိုတဲ့
စိတ်ခံစားချက်ဖြစ်စေပါတယ်။
သူတို့တတွေအတွက်
လုံခြုံစိတ်ချမှုကို ဖြစ်စေပါတယ်။

ကောင်းကျိုးတွေအများအပြားရှိတာကြောင့်
ကလေးတွေကို စာအတူဖတ်စေချင်ပါတယ်။
စာအုပ်တွေစျေးကြီးလို့
မဝယ်နိုင်လို့ဆိုသူတွေအတွက်လည်း
စာအုပ်တွေ လက်ဆောင် မျှဝေပေးသွားမှာပါ။

WE Distribution
Yoke Pya
Marvelo
Page တွေမှာ
စာအုပ်လက်ဆောင်အစီအစဉ်လေးတွေ
အလျင်းသင့်သလို
တင်ပေးသွားမှာ ဖြစ်တာကြောင့်
စောင့်မျှော်အားပေးကြပါဦးနော်

#ကလေးတွေနဲ့စာအတူဖတ်ကြစို့


⭐️🙏⭐️🙏https://www.facebook.com/share/p/1Bu2aejGj9/?mibextid=wwXIfr
21/08/2026

⭐️🙏⭐️🙏

https://www.facebook.com/share/p/1Bu2aejGj9/?mibextid=wwXIfr

ယနေ့
(ဩဂုတ် ၂၁ ) ဟာ
ဆရာမင်းလူရဲ့
ဝတ္ထုတိုပေါင်းချုပ် Pre Order နောက်ဆုံးနေ့
ဖြစ်ပါတယ်။
ကြိုတင်အမှာကာလအတွင်းမှာယူထားတဲ့
စာအုပ်များသာ
ချည်အိတ်လေးပါမှာ ဖြစ်ပါကြောင်း…..
❤️🙏❤️🙏

ဝတ္ထုတိုပေါင်းချုပ်ကြီးဟာဆရာမင်းလူရဲ့ တစ်ဘဝလုံးပါပဲ….ဒီလိုပါ။နေဝင်သွားတော့ လထွက်သည် ဆိုတဲ့ဝတ္ထုတိုလေးဟာဆရာမင်းလူရဲ့ပထမဆု...
10/08/2026

ဝတ္ထုတိုပေါင်းချုပ်ကြီးဟာ
ဆရာမင်းလူရဲ့ တစ်ဘဝလုံးပါပဲ….

ဒီလိုပါ။

နေဝင်သွားတော့ လထွက်သည် ဆိုတဲ့
ဝတ္ထုတိုလေးဟာ
ဆရာမင်းလူရဲ့
ပထမဆုံး ပုံနှိပ်ဖော်ပြခြင်းခံရတဲ့ ဝတ္ထုတိုဖြစ်ပြီး
ရုပ်ရှင်ပဒေသာ မဂ္ဂဇင်း၊
၁၉၇၆ ခုနှစ်မှာ ဖော်ပြခဲ့ပါတယ်။

တစ်ဘဝလုံး စာရေးသားခြင်းကိုသာ
တစိုက်မတ်မတ်လုပ်ခဲ့သူ ဆရာမင်းလူဟာ
ကွယ်လွန်ချိန်ထိ ရတနာခုနှစ်သွယ်ဆိုတဲ့
စာမူကို ရေးသားခဲ့ပြီး
အဆုံးသတ်နိုင်ခဲ့ခြင်းတော့ မရှိပါ။

ဝတ္ထုတိုပေါင်းချုပ်စာအုပ်ကြီးဟာ
ဆရာမင်းလူရဲ့ ပထမဆုံး ပုံနှိပ်စာမူကနေ
နောက်ဆုံးချိန်ထိရေးသားခဲ့တဲ့
ဝတ္ထုတို ၁၀၁ ပုဒ်ကို စုစည်းထားတဲ့
စာအုပ်ကြီး ဖြစ်ပါတယ်။

ဆရာ့တစ်ဘဝစာ
စာအုပ်ကြီးကို
ငါတို့စာပေနေ စတုတ္တအကြိမ်အဖြစ်
ထပ်မံ ထုတ်ဝေပါတော့မယ်။

တစ်ဘဝလုံးစာ စာအုပ်ကြီးဖြစ်တာကြောင့်
မှတ်မှတ်ရရ သိမ်းဆည်းကြမယ့်သူတွေအတွက်
ထူးရှယ်လက်ဆောင်တစ်ခုကို
စီစဉ်နေပါကြောင်း
သတင်းကောင်းပါးရင်း

မျှော်

Address


Alerts

Be the first to know and let us send you an email when NDSP Books posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your business to be the top-listed media company?

Share