InsiderNote

InsiderNote Help super fans to connect with the creator.
(1)

12/04/2026

Dr. Phyo Paing ရဲ့ AI နဲ့
ပတ်သက်တဲ့ update တွေကို
https://www.insidernote.app/user/creator/iphyopaing/contents မှာ
ဖတ်ရှုနိုင်ပါတယ်။

ကိုယ့်ရဲ့အတွေးအမြင်တွေကို
monetize လုပ်ဖို့
Insidernote

14/03/2026

ဆရာမသီတာရဲ့ ညတစ်ည

ည ၁၁ နာရီ။

ဆရာမသီတာ Facebook post တစ်ခုရေးပြီးတယ်။ စာလုံး ၁,၂၀၀ လောက်ရှိတယ်။ နာရီဝက်ကြာအောင် အချိန်ယူပြီး ရေးခဲ့တယ်။ သူ့ coaching client တစ်ယောက်ကို ကူညီရင်း သိလိုက်ရတဲ့ framework တစ်ခု — "The Readback System" ဆိုတာ။ Staff တွေ boss ကို bypass လုပ်တဲ့ ပြဿနာကို ဖြေရှင်းတဲ့ နည်းလမ်း။

Post ကိုတင်လိုက်တယ်။

Like ၅၀ လောက်ရတယ်။ Comment ၃ ခု — "မျှဝေပေးတာ ကျေးဇူးပါ"၊ "👏👏👏"၊ "Save ထားလိုက်ပြီ"။

ဒါပြီးရင် — ပျောက်သွားတယ်။

Facebook algorithm က သူ့ post ကို ၂ ရက်အတွင်းမှာ မြှုပ်ချလိုက်တယ်။ Followers ၁၅,၀၀၀ ထဲက ၃% လောက်ပဲ မြင်ရတယ်။ Framework ကောင်းကောင်း — ပျောက်သွားတယ်။ ရှာလို့မရတော့ဘူး။ Google ကလည်း Facebook post ကို index မလုပ်ဘူး။

ဒီလို post တွေ ဆရာမသီတာ ၃ နှစ်အတွင်း ၅၀၀ ကျော် ရေးခဲ့ပြီးပြီ။

ပေါင်းရင် စာမျက်နှာ ၁,၀၀၀ ကျော်တယ်။ Book ၃ အုပ်စာလောက်ရှိတယ်။ ဒါပေမဲ့ ဘယ်နေရာမှာမှ စုထားလို့မရဘူး။ ရှာလို့မရဘူး။ ဝင်ငွေ — သုည။

—

ဒီပြဿနာ ဆရာမသီတာ တစ်ယောက်ထဲမဟုတ်ဘူး။

Myanmar မှာ coach, trainer, consultant, educator တွေ ရာနဲ့ချီပြီး ရှိတယ်။ သူတို့အားလုံး Facebook ပေါ်မှာ အသိပညာတွေ free ပေးနေကြတယ်။

ဒါပေမဲ့ —
• Content ကို algorithm က ထိန်းချုပ်တယ်
• ဝင်ငွေ တစ်ပြားမှ မရဘူး
• Content တွေ ပျောက်ဆုံးသွားတယ်
• Follower ရှိတယ်၊ audience မပိုင်ဘူး
• Framework ကောင်းတွေ comment section ထဲမှာ သေဆုံးသွားတယ်

Facebook က ကိုယ့်ဆိုင်မဟုတ်ဘူး။ သူများဆိုင်မှာ ကိုယ့်ပစ္စည်း free ချပြီး ရောင်းနေတာ ဖြစ်နေတယ်။

ဆရာမသီတာ ညတစ်ည စဉ်းစားကြည့်တယ်

"ငါ့ framework ၅၀ ကျော်ကို တစ်နေရာတည်းမှာ စုထားလို့ရရင်ကော?"

"လူတွေက ငါ့ framework ကို ရှာလို့ရရင်ကော? တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပြီး မြင်ရင်ကော?"

"ငါ့ premium content ကို တကယ်တန်ဖိုးထားတဲ့လူတွေက ပိုက်ဆံပေးပြီး ဖတ်ရင်ကော?"

"AI က ငါ့ framework တွေကို analyze လုပ်ပြီး connection suggest လုပ်ပေးရင်ကော?"

—

InsiderNote ဆိုတာ ဒါပဲ။

Facebook မဟုတ်ဘူး။ Medium မဟုတ်ဘူး။ Notion မဟုတ်ဘူး။
ကိုယ့်အသိပညာကို ကိုယ်ပိုင်တဲ့ platform။

✍️ ရေးချင်တာရေး — framework, insight, case study
🔒 Private / Public / Early Access — ကိုယ်ရွေးချယ်
🤖 Message ပို့လို့ရတယ်။
💰 Subscriber ရတယ်၊ ဝင်ငွေရတယ်
🔗 Knowledge graph — idea တွေ အချင်းချင်း ချိတ်ဆက်
📱 App Store မှာ ရှိပြီးသားပဲ

—

၆ လအကြာ

ဆရာမသီတာ InsiderNote သုံးပြီး ၆ လအကြာ —

Framework ၅၀ က တစ်နေရာတည်းမှာ စုစည်းပြီးသားဖြစ်သွားတယ်။ AI က "Readback System" နဲ့ "Accountability Scoring" မှာ connection ရှိတာကို suggest လုပ်ပေးတယ်။ သူ မြင်ဖူးတဲ့ pattern ကို AI က ဖေါ်ထုတ်ပေးတယ်။

Subscriber ၃၀၀ ရတယ်။ တစ်လ $1,500 ဝင်ငွေရတယ်။

ဒါထက်အရေးကြီးတာ — reader တွေက "👏👏👏" comment မဟုတ်ဘူး — "ဒီ framework ကို ငါ့ team မှာ apply လုပ်ကြည့်တာ result ထွက်ပြီ" ဆိုတဲ့ message တွေ ရတယ်။

Free content ရဲ့ reader နဲ့ paid content ရဲ့ reader က လုံးဝ ကွာတယ်။ ပိုက်ဆံပေးပြီး ဖတ်တဲ့လူက — apply လုပ်တယ်။

—

ကိုယ့်ခေါင်းထဲမှာ framework ရှိတယ်။ ကိုယ့် experience ထဲမှာ lesson ရှိတယ်။ ဒါတွေကို Facebook မှာ free ပေးနေမယ့်အစား —

ကိုယ်ပိုင် platform ပေါ်မှာ publish လုပ်ပါ။

ကိုယ့်ကို တကယ် တန်ဖိုးထားတဲ့ reader ၁,၀၀၀ ရှိရင် — ဒါလုံလောက်ပြီ။ Kevin Kelly ပြောသလိုပဲ — 1,000 True Fans။

ကိုယ့်အသိပညာကို ကိုယ်ပိုင်ပါ။ ကိုယ့် audience ကို ကိုယ်ပိုင်ပါ။ ကိုယ့်ဝင်ငွေကို ကိုယ်ပိုင်ပါ။

Think in Public. ✦

Derek @ Phyo Paing

25/02/2026

တစ်ခါမှ မရဖူးတဲ့အရာရဖို့
တစ်ခါမှ မလုပ်ဖူးတဲ့
အမူအကျင့်ကောင်းတွေလုပ်ဖို့လိုတယ်။

No လို့ပြောရမည့်အရာတွေ။
Yes လို့ပြောရမည့်အရာတွေ။
စောင့်ရမည့်အရာတွေ။
လွတ်ချရမည့်အရာတွေ။
အမူအကျင့်အသစ်တွေလိုတယ်။

Insidernote

24/02/2026

ကိုယ့်အတွက် အကောင်းဆုံးဗားရှင်း
တည်ဆောက်နေသူများအတွက်
Social media လူမှုကွန်ယက်။
Version 1.0

Pls visit http://insidernote.app

📚 Insidernote Library - သင့်အတွေးအမြင် လက်တွဲဖော်စာအုပ်တွေထဲမှာ အဖြေရှာပါ! 🔍သင်ဟာ...✅ စီးပွားရေး တိုးတက်ချင်တဲ့သူလား?✅ M...
30/01/2026

📚 Insidernote Library - သင့်အတွေးအမြင် လက်တွဲဖော်
စာအုပ်တွေထဲမှာ အဖြေရှာပါ! 🔍
သင်ဟာ...

✅ စီးပွားရေး တိုးတက်ချင်တဲ့သူလား?
✅ Marketing ကျွမ်းကျင်ချင်တဲ့သူလား?
✅ Strategic Thinking သင်ယူချင်တဲ့သူလား?
✅ စိတ်ပညာနဲ့ ဘဝအမြင်သစ်တွေ ရှာဖွေချင်တဲ့သူလား?

Insidernote Library မှာ အကုန်ရှိပါတယ်!
🎯 ဘာတွေရမလဲ?

📖 စာအုပ်ကောင်း ၁,၁၀၀+ ရဲ့ အနှစ်ချုပ်များ
🎧 Strategic Thinking Masterclass (Audio)
💼 Business Systemization Framework
📊 Marketing စာအုပ် ၁၂ အုပ်ရဲ့ အသိပညာများ
❓ မေးခွန်းတွေကို ဖြေပေးမယ့် Q&A Session များ

👥 Follower ၁၂,၄၀၀+ က ဘာကြောင့် ယုံကြည်ကြသလဲ?
ဒီ Channel က စာအုပ်တစ်အုပ်ဖတ်ဖို့ အချိန်မရှိတဲ့သူတွေအတွက် အချိန်တိုအတွင်း အသိပညာရအောင် ဖန်တီးပေးထားပါတယ်။
🔔 အခုပဲ Follow နှိပ်ပြီး Subscribe လုပ်လိုက်ပါ!
👉 insidernote.app/user/creator/library/contents
"သင့်အတွေးအမြင်ကို တိုးတက်စေမယ့် လက်တွဲဖော်" 💡

Address


Alerts

Be the first to know and let us send you an email when InsiderNote posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to InsiderNote:

Shortcuts

  • Want your business to be the top-listed media company?

Share