
02/08/2025
တော်လှန်မိဘပြည်သူညီအကိုမောင်နှမများတို့ ခင်မျာ...
3.8.2025 မနက်ဖြန် မြန်မာစံတော်ချိန် ညနေ 6 နာရီ မှာ
ကျွန်တော်တို့ ယင်းမာပင်ခရိုင်အမှတ် ၉ တပ်ရင်းရဲ့ ပထမဆုံးအကြိမ် ကျည်ကာဝတ်စုံ ကမ်ပိန်းအတွက် တော်လှန်ရေးစကားဝိုင်းလေးတခု ရှိပါတယ်။
ဒီစကားဝိုင်းလေးမှာ ပါဝင်ဆွေးနွေးပေးသွားမယ့် ဆရာ/ဆရာမတို့နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ကဗျာဆရာ ဆရာစောဝေ
စာရေးဆရာမ ဆရာမမသီတာ (စမ်းချောင်း) နှင့်
ဆရာ ဦးစိုးသန်း နိုင်ငံရေးအကျဉ်းသားဟောင်း(Buffalo Chapter ပြည်သူ့ဂုဏ်ရည်) တို့မှ ပါဝင်ဆွေးနွေးပေးသွားကြမှာဖြစ်ပါတယ်ခင်မျာ...
#ရှေ့တန်းထောက်ကူကျည်ကာလှူကမ်ပိန်း
ဒါကြောင့် ကျွန်တော်တို့ရဲ့ ကျည်ကာဝတ်စုံကမ်ပိန်း live လေးမှာ ဆရာ/ဆရာမတို့ရဲ့ တော်လှန်ကဗျာများ ခံစားနားဆင်ကြရင်း ထောက်ပို့ကူညီပေးကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ခင်မျာ...
#ယင်းမာပင်ခရိုင်အမှတ်၉တပ်ရင်း
#အနောက်မြောက်ဒေသပြည်သူ့ကာကွယ်ရေးတပ်
#ကျည်ကာကမ်ပိန်း