GG Natural & Organic Fertilizer

  • Home
  • GG Natural & Organic Fertilizer

GG Natural & Organic Fertilizer သဘာဝ မြေသြဇာများ အသုံးပြုခြင်းဖြင့?

ဒေါင်းမြီးပျံကို နှိမ်နင်းရခက်တာ ဘာ့ကြောင့်ပါလဲတဲ့။ ကျနော်တို့ နှိမ်နင်းတာနောက်ကျတယ်ထင်လို့ စောစောနှိမ်နင်းလည်း မရဘူး။ ပ...
06/09/2025

ဒေါင်းမြီးပျံကို နှိမ်နင်းရခက်တာ ဘာ့ကြောင့်ပါလဲတဲ့။ ကျနော်တို့ နှိမ်နင်းတာနောက်ကျတယ်ထင်လို့ စောစောနှိမ်နင်းလည်း မရဘူး။ ပေါင်းသတ်ဆေးတွေ အမျိုးမျိုးသုံးတာလည်းမရဘူး။ ဒီ ဒေါင်းမြီးပျံမှာ ထူးခြားမှုတခုခုရှိလို့ နှိမ်နင်းရခက်တာလားလို့ တွေးမိလို့ပါတဲ့။

အတွေးကောင်း၊ အမေးကောင်းတဲ့တောင်သူပါ။ ကျနော်ရေးဖြစ်ဖို့ တခါတခါ စိတ်ကူးရပေမယ့် မရေးဖြစ်တဲ့အကြောင်းအရာကို မေးလာတုန်းတိုက်ဆိုင်တော့ ရေးဖြစ်ပါပြီ။
မှန်ပါတယ်။ ဒေါင်းမြီးပျံကို နှိမ်နင်းရခက်တဲ့အကြောင်းအရင်းမှာ သူ့ရဲ့ သဘာဝကြောင့်ဆိုတဲ့အချက်က အတော်လွှမ်းမိုးပါတယ်။
ဒေါင်းမြီးပျံမြက်ရဲ့ထူးခြားချက်တွေကို အရင်ပြောပါမယ်။
သူရှင်သန်ပေါက်ရောက်နေတဲ့ ဒေသ၊ ရေမြေ၊ ရာသီဉတုအခြေအနေအရ၊ အပင်အရွယ်အစားအရ၊ သူပေါက်နေတဲ့မြေပေါ်မှာရှိတဲ့သီးနှံအမျိုးအစားအရ၊ မြေအာဟာရနဲ့ အစိုဓာတ်အရ ပန်းခိုင်တခိုင်ကနေ အစေ့ ၁၀၀၀-၄၀၀၀ အထိ ထုတ်နိုင်ပါတယ်။ အစေ့ဟာ မြေကြီးထဲမှာ ၂-၃ နှစ်အထိ ရှင်သန်နိုင်စွမ်းကောင်းစွာ ရှိနေနိုင်ပါတယ်။ ဒေါင်းမြီးပျံပန်းခိုင်ကထွက်တဲ့အစေ့ဟာ ပူလွန်း၊ အေးလွန်း၊ ရေပြတ်၊ ရေနစ်မြုပ် ဘယ်လိုအခြေအနေမှာဖြစ်စေ မျိုးညှောင့်ပေါက်နိုင်ပါတယ်။ အစေ့က ကောင်းစွာရင့်နေဖို့သာ လိုတာပါ။ မျိုးညှောင့်ပေါက်လာတဲ့အစေ့ဟာ အမြစ်လောင်း၊ အညွန့်လောင်း တပြိုင်ထဲ ယှဉ်ပြိုင်ပြီးထွက်ပါတယ် (သီးနှံစေ့တွေကျတော့ ယေဘုယျ အမြစ်လောင်းထွက်ပြီး ၂-၃ ရက်ကြာမှ အညွန့်လောင်းစတင်တတ်ပါတယ်)၊ ဒါကြောင့် သီးနှံနဲ့ ရေ၊ အာဟာရ ယှဉ်ပြိုင်ရယူရာမှာ ဒေါင်းမြီးပျံက အားသာချက်ရှိပါတယ်။ Regrowth လို့ခေါ်တဲ့ ဒေါင်းမြီးပျံကို ထိသေပေါင်းသတ်ဆေးနဲ့ ညှိုးကျသွားအောင်ဖျန်းခြင်း၊ တံစဉ်နဲ့ရိတ်ခြင်းဆောင်ရွက်ပြီးနောက် ကျန်ခဲ့တဲ့ ပင်ခြေအစိတ်အပိုင်းကနေ ၂ ရက်အတွင်း အရွက်သစ်ပြန်လည်ထွက်နိုင်ပါတယ်။

ပင်ပိုင်းဆိုင်ရာကြီးထွားချိန်ကာလ အခြားမြက်အုက်စုပေါင်းများထက် နည်းပါတယ်။ အစိုဓာတ်လုံလောက်ရင် အပင်ပေါက်ပြီး ၈-၁၀ ရက်အတွင်း ပန်းခိုင်စပြီးထွက်နိုင်ပါတယ်။ ပန်းခိုင်ရင့်ဖို့ ၇-၁၂ ရက်ခန့်အထိသာ ကြာတတ်ပါတယ်။ ဒါကြောင့် ဒေါင်းမြီးပျံမြက်ရဲ့ ဘဝစက်ဝန်းတကြိမ်ပြည့်စုံဖို့ ၁၇-၂၅ ရက်သာ လိုအပ်ပါတယ်။ ထိုအချိန်မှာ သီးနှံပင်သက်တမ်းက ၁ လသားခန့်သာရှိမယ်ဆိုရင် စိုက်ခင်းထဲမှာ ဒေါင်းမြီးပျံ ၂ ဆင့်ထပ်နေပြီး နှိမ်နင်းရမလွယ်ကူခြင်းကို ဖြစ်ပါတယ်။
မြစ်မွှား၊ မြစ်ဖွာပုံစံအမြစ်ထွက်ရှိပြီး အမြစ်စဉ်အင်အားကောင်း၊ မြေကြီးထဲမှာ ပြန့်ကားနိုင်စွမ်းကောင်းပါတယ်။ သီးနှံပင်ရဲ့ အမြစ်ဇုံအထိ အမြစ်ပြန့်ခဲ့ရင် အာဟာရယှဉ်ပြိုင်နိုင်စွမ်းက ဒေါင်းမြီးပျံက အသာစီးရပါတယ်။ မူလအပင်ရဲ့ အခြေကနေ ပင်ပွါးတွေ များစွာထွက်နိုင်ပါတယ်။ စပါးလို ပင်ပွါးစီးချိန်ကုန်ဆုံးတယ်ဆိုတာမရှိပဲ မုလအပင်က ပန်းခိုင်ထွက် အစေ့ကြွေနေတဲ့ကာလတလျှောက်လုံး ပင်ပွါးကလည်း အပင်မသေမခြင်း ဆင့်ပြီးထွက်နေနိုင်ပါတယ်။

အရေးအကြီးဆုံးက allelopathy လို့ခေါ်တဲ့ အမြစ်ကနေ ထွက်ရှိလာတဲ့ ဓာတုပစ္စည်းအချို့ဟာ သီးနှံပင်ရဲ့ ရှင်သန်ကြီးထွားမှုကို နှောင့်နှေးအောင် တိုက်ခိုက်တာပါ။ ဒေါင်းမြီးပျံ အမြစ်ကနေ၊ သေသွားတဲ့ ဒေါင်းမြီးပျံပင်ကြွင်းပင်ကျန်ကနေ Phenolic acids များဖြစ်တဲ့ (p-hydroxybenzoic acid, ferulic acid, vanilic acid)၊ Flavonoids, Terpenoids, Quinones စတဲ့ ဓာတုဓာတ်ပေါင်းများထုတ်နိုင်ပါတယ်။ အဲဒီဓာတုဓာတ်ပေါင်းတွေဟာ ဒေါင်းမြီးပျံပေါက်ရောက်နေတဲ့ စိုက်ခင်းထဲကသီးနှံတွေအပေါ် မျိုးညှောင့်ပေါက်မှု မကောင်းအောင်၊ အမြစ်စဉ်အင်အားနည်းအောင်၊ ကလိုရိုဖီးလ်ထုတ်လုပ်မှုနည်းစေခြင်းဖြင့် အစာချက်လုပ်မှုအားနည်းအောင်၊ အင်ဇိုင်းလုပ်ငန်းစဉ်များနှေးအောင်၊ ရှင်သန်ကြီးထွားမှုအားနည်းအောင် အဟန့်အတားဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် မြေကြီးထဲမှာရှိတဲ့ အနုဇီဝသက်ရှိတွေရဲ့ သီးနှံအာဟာရတွေ ပျော်ဝင်ပြိုကွဲမှုအတွက်အကူအညီပေးနိုင်စွမ်းကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဒေါင်းမြီးပျံပေါက်တဲ့ စပါးခင်းဟာ ပင်ပိုင်းဆိုင်ရာကြီးထွားမှုနဲ့ ပင်ပွါးနည်းမှု၊ အမြစ်အင်အားနည်းမှုကို တွေ့ရတတ်တာပါ။

နောက်ဆုံးတချက်အနေနဲ့ ဒေါင်းမြီးပျံမြက်ဟာ ပေါင်းသတ်ဆေးကို ယဉ်ပါးလွယ်ရခြင်းအကြောင်းအရင်းပါ။
ပေါင်းပင်တွေ ပေါင်းသတ်ဆေးကို ယဉ်ပါးမှုဖြစ်စေတဲ့ အဓိကဖြစ်စဉ် ၂ မျိုးရှိပါတယ်။
TSR လို့ ခေါ်တဲ့ Target -Site Resistance
NTSR လို့ခေါ်တဲ့ Non-Target Site Resistance ဆိုတဲ့ ဖြစ်စဉ်ပါ။
TSR ဆိုတာကတော့ ပေါင်းသတ်ဆေးရဲ့ mode of actions ရဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ မြက်အုပ်စုပေါင်းသတ်ဆေးတွေရဲ့ mode of actions သည် ပေါင်းပင်ရဲ့ အင်ဇိုင်းစနစ်ကို တိုက်ခိုက်တဲ့ဆေးတွေဖြစ်ပါတယ်။
Acetolactate synthase (ALS) အင်ဇိုင်းကို တိုက်တဲ့ဆေးတွေ (ဉပမာ - ပါရာဇိုဆာလဖျူရွန်၊ ဘန်ဆာလဖျူရွန်၊ ဘစ်စ်ပိုင်ရီဘက် ဆိုဒီယမ်) စတာတွေပါ

Acetyl- CoA carboxylase (ACCase) အင်ဇိုင်းကို တိုက်တဲ့ဆေးတွေ (ဉပမာ - ဖီနောက်ဇာ၊ ဆိုင်ဟေလို၊ ကွစ်ဇာလို) စတာတွေပါ

Photo system lol (PS ll) proteins ကိုတိုက်တဲ့ အာထရာဇင်း၊ ဘန်တဇုံ စတဲ့ဆေးတွေပါ
ဒီဆေးတွေက မြက်အုပ်စုကို အဓိကထိရောက်တဲ့ဆေးတွေဖြစ်ပြီး မြက်ပင်ရဲ့ ဖော်ပြပါ အင်ဇိုင်းစနစ်ရှိရာ/ထွက်ရာနေရာတွေကို တိုက်ခိုက်ပြီး မြက်ကိုသေစေပါတယ်။
ဆေးယဉ်ပါးတဲ့အခါ ထို အင်ဇိုင်းထုတ်တဲ့ မြက်ပင်ရဲ့ ဇီဝကမ္မလုပ်ငန်းစဉ်ဖြစ်ပေါ်ရာနေရာမှာ ထွန်းလာပြီး/ပြောင်းလဲလာပြီး ဆေးဘယ်လောက်ဖျန်းဖျန်း ပေါင်းပင်မသေခြင်းကို TSR လို့သတ်မှတ်ပါတယ်။ ဒေါင်းမြီးပျံ ဆေးယဉ်ပါးခြင်းဟာ TSR ဖြစ်စဉ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

NTSR ဆိုတာကတော့ ပေါင်းပင်ရဲ့ရုပ်ဗီဇသွင်ပြင်နဲ့ ဇီဝကမ္မလုပ်ငန်းစဉ်တွေပြောင်းလဲခြင်းကြောင့် ပေါင်းသတ်ဆေးကို ခံနိုင်ရည်ရှိသွားတာပါ။
ပေါင်းပင်ထဲကို ဆေးစိမ့်ဝင်မှုနည်းအောင် တစ်ရှူးသားတွေထူလာတာ
ပေါင်းသတ်ဆေးရဲ့အာနိသင်ဟာ ပေါင်းပင်တစ်ရှူးထဲမှာ target site ကိုမရောက်မီ/ရောက်တဲ့အထိ မစိမ့်ဝင်မီ ပျက်ပြယ်သွားတာ
ပေါင်းသတ်ဆေးဟာ ပေါင်းပင်တစ်ရှုးထဲကို ရောက်တာနဲ့ ချက်ခြင်းအာနိသင်လျော့ကျသွားစေတာ
ဒီလိုဖြစ်စဉ်ကို NTSR လို့သတ်မှတ်ပါတယ်။
ဒေါင်းမြီးပျံမြက်ဟာ Bispyribac-sodium နဲ့Cyhalofop-p-butyl ကို ယဉ်ပါးရတဲ့အကြောင်းကတော့ ဒေါင်းမြီးပျံမြက်ကနေ cytochrome P450 monoxygenease နဲ့ glutathione S-transferases (GSTs) အင်ဇိုင်းတွေကို ထုတ်ပေးပြီး ပေါင်းသတ်ဆေးဟာ target site ကိုရောက်အောင် မစိမ့်ဝင်မီ ပြိုကွဲအာနိသင်ပျက်ပြယ်စေလိုက်တာဖြစ်ပါတယ်။

ဒေါင်းမြီးပျံမြက်မှာ TSR ရော NTSR ရော ၂ မျိုးလုံးဖြစ်နိုင်ပြီး မြက်အုပ်စုပေါင်းသတ်ဆေးတွေကို ယဉ်ပါး၊ ဆေးမတိုး၊ ပေါင်းမသေ ဖြစ်ရခြင်းပါ။

ဒီအချက်တွေကြောင့် မေးခွန်းမေးတဲ့တောင်သူထင်မြင်သလိုပါပဲ။ ဒေါင်းမြီးပျံကို နှိမ်နင်းရခက်ခြင်းဟာ ဆေးကြောင့်၊ နည်းစနစ်ကြောင့်အပြင် ဒေါင်းမြီးပျံရဲ့ ပင်ကိုယ်သဘာဝကြောင့်က ပိုပြီးလွှမ်းမိုးပါတယ်။

မြက်အုပ်စုသတ်ဆေး ၂ မျိုးပေါင်း၊ ၃ မျိုးပေါင်းပြီး ဒေါင်းမြီးပျံအတွက် ပေါင်းသတ်ဆေးသုံးခြင်းထက် မြက်အုပ်စုသတ်ဆေးကို addative (ထပ်ပေါင်းအာနိသင်) တိုးစေမယ့် မြက်အုပ်စုသတ်ဆေး + ရွက်ပြန့်ပေါင်းသတ်ဆေး အသုံးပြုခြင်းကသာ ဒေါင်းမြီးပျံကို အထိုက်အလျောက်နှိမ်နင်းနိုင်မှာဖြစ်ပါတယ်။
ဉပမာ Fenoxaprop-P-Ethyl 10 % + Ethoxysulfuron 15 % EC (240-400 CC/ဧက)
Cyhalofop-P-butyl 10 % + Penoxulum 12.5 % EC (320-400 CC/ဧက)
စတဲ့ဆေးမျိုးကို စပါးကြဲပြီး အပင်ပေါက်ပြီး ၁၅-၂၅ ရက်၊ ဒေါင်းမြီးပျံ ၂-၄ ရွက်ထွက်ချိန်မှာ သုံးနိုင်ပါတယ်။

ပေါင်းသတ်ဆေးကိုပဲ အားစိုက်သုံးရင်တော့ ရေရှည်မှာ ဒေါင်းမြီးပျံရဲ့ regrowth ပါဝါကြောင့် ပြန်ပေါက်နိုင်ပါတယ်။ သမန်းနှိုးတာ၊ အပင်ကျသွားတဲ့ ဒေါင်းမြီးပျံပင်ကြွင်းပင်ကျန်တွေကို ဖယ်ပစ်တာ စတဲ့နည်းတွေနဲ့ ပေါင်းစပ်ဆောင်ရွက်မှသာ ထိရောက်မှာပါ။

Credit ပေးပါတယ် 🥰
Dr. DaDa
Ph. D Entomology

စီးပွားဖြစ် သခွားစိုက်ပျိုးနည်းမြန်မာအမည် - သခွားအင်္ဂလိပ်အမည် - CUCUMBERရုက္ခဗေဒအမည် - Cucumis sativusမျိုးရင်းအမည် - C...
22/08/2025

စီးပွားဖြစ် သခွားစိုက်ပျိုးနည်း

မြန်မာအမည် - သခွား
အင်္ဂလိပ်အမည် - CUCUMBER
ရုက္ခဗေဒအမည် - Cucumis sativus
မျိုးရင်းအမည် - CUCURBITACEAE

မူရင်းဒေသ
---------------
အာရှတိုက်တောင်ပိုင်းတွင် စတင်ပေါက်ရောက်သည်ဟုယူဆပါသည်။

အမျိုးအစား
---------------
သခွားတွင် အစိမ်းစားနှင့် အမှည့်စားဟူ၍ နှစ်မျိုးရှိပြီး အစိမ်းစားမျိုးတွင်
(က) ဆင်ချေးတုံး - ဤသခွားမျိုးသည် ပုအိုင့်၍ အမြောင်းမြောင်းထနေသဖြင့် ရွှေဖရုံသီးနှင့်တူ သည်။
(ခ) သခွားကြား - ဤသခွားသည် တစ်တောင်ခန့်ရှည်၍ အဖြူနှင့်အစိမ်းကြားရောင်ရှိသည်။ အလုံး အတုတ်မှာ လက်ကောက်ဝတ်ခန့်မှ လက်မောင်းအထိတုတ်သည်။
(ဂ) ဆတ်တွန့်သခွား - ဤသခွားသည် ကျွတ်သည်။ ဆတ်သည်။ အနည်းငယ်အသားကြမ်း၍ သခွား သီး၏အရောင်မှာ အဖြူဖြစ်၍ ဆင်စွယ်ကဲ့သို့ ကောက်ကွေးနေသည်။
(ဃ) သခွားချဉ် – ဤသခွားသည် အသီးရှည်၍ အရသာချဉ်သည်။၎င်းသည် အအေးဓါတ်ကြိုက်သ ဖြင့်တောင်ပေါ်ဒေသ၌ ပို၍ဖြစ်ထွန်းသည်။
(င) ချဉ်ဖတ်သခွား အသီးအရှည် (၇) စင်တီမီတာတွင် ခူး၍ ချဉ်ဖတ်ထည့်သောမျိုးများ - (Amira) (Tokiwa) ဖြစ်သည်။
သခွားအုပ်စုကို (၃) စုခွဲထားသည်။
(၁) မိုးသခွား - အပူဒါဏ်ခံနိုင်သည်။ ကိုင်းထွက်ရန်လွယ်ကူသည်။ အသီးများသည် ကိုင်းများတွင်သီး သည်၊ ကိုင်းသေးသည်၊ အဆစ်ကြာရှည်သည် ၊ အရွက်ရှည်သည် ၊ အရွက်၏အလျားသည် အနံထက် ပိုရှည်သည်။ အမြစ်ဖွဲ့စည်းပုံသေးသောကြောင့် ရွှေ့ပြောင်းရန်ခက်ခဲသည်။ အသီးသေးသွယ်သည် အရွက်ချောသည်။
(၂) ဆောင်သခွား - အအေးဒါဏ်ခံနိုင်သည်။ ကိုင်းထွက်မှုနည်းသည်။ အသီးများသည် ပင်မပိုင်းမှထွက်သည် ။ ပင်မကိုင်းသည်တုတ်နိုင်သည် ။ ဆစ်ကြားတိုသည် ။ အရွက်များ သည်အနံထက်အလျားပိုရှည်သည်။ ပြောင်းရွှေ့လွယ်ကူသည်။ အသီးများသည် တိုတုတ် သည်။ အရွက်ကြမ်းသည် ။
(၃) စပ်မျိုးများ - အမမျိုးလိုင်းကြားတွင် အဖိုမျိုးလိုင်း (၂) တန်း (၃) တန်း ခြား၍ စိုက်ပျိုးနိုင်၍ စပ်မျိုးများထုတ်လုပ်ခြင်းဖြစ်သည်။
အမှည့်စားမျိုးတွင်
(က) ကျောက်သခွားလေး - ဤသခွား၏ပုံသဏ္ဍာန်မှာ လုံးသည်။ မှည့်သောအခါ ဝါထိန်၍နေသည်။
(ခ) ကျောက်သခွားကြီး - ဤသခွားမှာ အရွယ်အစားများစွာကြီးသည်။ နုစဉ်အခါတွင် အစိမ်းရောင် ရှိ၍ခါးသည်။ မှည့်သောအခါ ဝင်းဝါလာသည်။ အခွံ့မှာချောမွတ်မနေဘဲ ၊ အနည်းငယ်ပြုတ်ထနေ သည်။ အသားကြမ်းသည်။

စိုက်ပျိုးသည့်ဒေသ
-------------------

မလေးရှား ၊ အင်ဒိုနီးရှား ၊ အရှေ့နှင့်အနောက် အာဖရိက ၊ ဖိလစ်ပိုင်းနှင့်အပူပိုင်းသမဒေသ များ ၊မြန်မာပြည်အနှံအပြားစိုက်ပျိုးကြသည်။

ရေ မြေရာသီဥတု
------------------

သခွားသည် သဲဆန်သောသဲမြေမှ စနယ်မြေစေးအထိ မြေအမျိုးမျိုးတွင် စိုက်ပျိုးဖြစ်ထွန်း သော်လည်း ၊ နုံးမြေ ၊ သဲနုံးမြေ နှင့်နုံးစနယ်မြေများတွင် ပိုမိုဖြစ်ထွန်းပါသည်။ သခွားစိုက်သောမြေနေ ရာတွင် ရေမဝပ်စေဘဲ ရေစီးရေလာကောင်းသောနေရာများတွင် ပိုမိုဖြစ်ထွန်းပါသည်။ သခွားမျိုးများ သည်မြေချဉ်ငံဓါတ် pH (၅.၅) မှ (၆.၅)အတွင်းပိုမိုဖြစ်ထွန်းပါသည်။
သခွားသည်ပူနွေးသောရာသီတွင် ပိုမိုဖြစ်ထွန်းပြီး ဆီးနှင်ဒါဏ်ကို ခံနိုင်ရည်မရှိပေ။ သခွားပင် များသည် (၁၁)°ဃ တွင် အပင်မပေါက်နိုင်ပေ။ သခွားပင်များသည် အပူချိန် (၁၈)°C မှ (၂၄)°C အတွင်းမှာသာ ပိုမိုဖြစ်ထွန်းပါသည်။ မိုးများပြီးစိုထိုင်းဆများသောနေရာများတွင် စိုက်ပျိုးပါကအပင် များရောဂါကျလွယ်ပါသည်။ ထို့ကြောင့်နေရောင်ခြည် ကောင်းစွာရရှိပြီး စိုထိုင်းဆနည်းသော် အရပ် တွင်သခွားစိုက်ပျိုးရန်သင့်လျှော်ပါသည်။

မြေပြုပြင်ခြင်း
---------------

ထယ်တစ်စပ်ထိုးပေးပြီးနောက် ၊ ထွန်ဖြင့် (၆) စပ်မှ (၈) စပ်အထိ ထွန်မွှေပေးရန်လိုအပ်ပါ သည်။ မိုးရွာလျှင် ရေမဝပ်စေရန် ၊ ရေနှုတ်မြောင်းများလည်း ဖောက်လုပ်ပေးရပါမည်။ ထယ်ရေးကြေ ညက်ရပြီးနောက် စိုက်ဘောင်များ (သို့မဟုတ်) စိုက်ကျင်းများပြုလုပ်စိုက်ပျိုးနိုင်ပါသည်။
၆။ မြေဩဇာကျွေးနည်း
နွားချေးမြေဩဇာကို တစ်ဧကလျှင် လှည်း (၁၀)စီး မှ (၁၅)စီးအထိထည့်ပေးပါ။ နွားချေး မြေဩဇာကို စိုက်ဘောင်ပြုလုပ်ရာတွင် မြေကြီးနှင့်ရောစပ်သမအောင်မွှေပေးပါ။ သခွားစိုက်ပျိုးရန်အ တွက် ယူရီးယားဓါတ်မြေဩဖာ (၂၂၄)ပေါင် မှ (၃၃၆)ပေါင် ၊တီစူပါ (၂၂၄)ပေါင်မှ (၃၃၆)ပေါင်ထိ ထည့်ပေးပါ။

စိုက်ပျိုးနည်း
-------------
သခွားစိုက်ပျိုးရန် အလျားပေ (၃၀) ၊ အနံ (၃) ပေရှိ စိုက်ဘောင်များပြုလုပ်ပေးရမည်။ ဘောင်ပေါ်တွင် တစ်တန်းနှင့်တစ်တန်း (၁.၅)ပေနှင့် တစ်ပင် (၁.၅)ပေခွာပြီး သခွားစေ့များကို စိုက်ပျိုးရမည်။ စိုက်ကျင်းတစ်ကျင်းလျှင် သခွားစေ့ (၃-၄) စေ့ ထည့်ပေးပြီး အပင်များပေါက်လာ၍ အရွက် (၂) ရွက် ၊ (၃) ရွက်ထွက်လာပါက တစ်ကျင်းလျှင် တစ်ပင်သာချန်ပြီး မှုန်းပေးပါ။ အပင် ကလေးများတက်နိုင်ရန် (၅)ပေ ၊ (၆) ပေ ရှိသော ဝါးခြမ်းများထောင်ပေးရမည်။ သခွားကိုမိုးဦးမေလ နှင့် ဇွန်လ ၊ ဆောင်းတွင်း အောက်တိုဘာလတွင် စိုက်ပျိုးနိုင်သည်။

တစ်ဧကမျိုးစေ့နှုန်း
------------------
တစ်ဧကလျှင် သခွားမျိုးစေ့ (၂၀ဝ)ဂရမ် မှ (၃၀ဝ) ဂရမ်အထိ ထည့်သွင်းစိုက်ပျိုးရန်ဖြစ်ပါ သည်။ တစ်ဧကလျှင် အပင်ရေ (၁၉၀ဝဝ) ထက်မနည်း ရှိရပါမည်။

ရေသွင်းနည်း
-------------

သခွားကိုမိုးတွင်းတွင် စိုက်ပါကရေသွင်းပေးရန် မလိုသော်လည်း ၊ ဆောင်းစိုက်များအတွက် စိုက်ချိန်တွင်တစ်ကြိမ် နှင့် အစိုဓါတ်အခြေအနေအရ ထပ်မံ၍လိုအပ်ပါက ၊ ရေ (၂) ကြိမ်မှ (၄)ကြိမ် အထိပေးရန်လိုပါသည်။

အပင်ပြုစုနည်း
---------------

သခွားစိုက်ပြိး (၁၅) ရက်မှ (၂၀)ရကအတွင်း ပေါင်းတစ်ကြိမ်လိုက်ပေးရပါမည်။ သခွားသက်တန်းတလျှောက်တွင် ပေါင်းအခြေအနေအရ ရေ (၂)ကြိမ် ပေါင်းလိုက်ပေးပါမည်။အပင် ကလေးများခါးကြပ်နေပါက အပင်ခြေရင်းကို မြေဆွပေးပြီးနောက် ၊ မြေတောင်မြှောက်ပေးရပေမည်။

အသီးဆွတ်ခူးနည်း
------------------
သက်လတ် ၊ သက်ကြီး ၊ သက်လျင်မျိုးများတွင်(၄၅) ရက်မှစ၍ လည်းကောင်း၊ သခွားသီးများ စတင်ခူးဆွတ်နိုင်ပါသည်။ ရင့်မှည့်သောသခွားသိးများကို ဆွတ်ခူးရန် အရေးကြီးပါသည်။ နုသော သခွားသီးများကို ဆွတ်ခူးပါက အစိုဓါတ်များ၏။ သခွားသီးမှည့်ပါက အသီးအောက်ခြေရှိ အညှာအက်ကွဲလာပါသည်။

အထွက်နှုန်း
------------
သခွားအထွက်နှုန်းသည် ရေ မြေ ရာသီဥတု ၊ အပင်ပြုစုမှုပေါ်မူတည်နေပါသည်။ သခွားတစ် ဧကလျှင် ကီလိုဂရမ် (၄၀ဝဝဝ) မှ (၅၀ဝဝဝ) အထိထွက်နိုင်ပါသည်။

မျိုးထုတ်လုပ်နည်း
-----------------
ရင့်မှည့်၍ ရောဂါကင်းသော သခွားသီးကိုရွေးချယ်ပြီးလျှင် သခွားသီးကို ဓါးဖြင့်ခွဲ၍ အတွင်း မှအစေ့များကို ထုတ်ယူပြီး လေလုံသောဘူးတွင်ထည့်၍ တစ်ညထားရမည် ဖြစ်ပါသည်။ ဤကဲ့သို့ ထားခြင်းဖြင့် အစေ့တွင် ကပ်နေသော အချွဲများအချဉ်ဓါတ်ပေါက်ပြီး ပျက်စီးသွားမည်ဖြစ်ပါသည်။ ၎င်းအစေ့များကို ရေဆေးပြီး နေ(၂) နေလှမ်း၍ လုံခြုံသောဘူးတွင် ထည့်ထားရန်လိုအပ်ပါသည်။

သိုလှောင်နည်း
--------------
သခွားများကို (ဝ)°C မှ (၁)°C အခန်းတွင်စိုထိုင်းဆ (၉၀)% ပေးထားလျှင် တစ်ပတ်ခန့် သိုလှောင်နိုင်မည်ဖြစ်ပါသည်။
၁၅။ သတိပြုရန်အချက်များ
(၁)သခွားပင်များတွင် ကျရောက်တသာကျိုင်းကောင်များကို ထိရေုာက်စွာနှိမ်နှင်းရန်လိုပါသည်။
(၂)သခွားပင်များအား ဒီဒီတီ ၊ ဘီအိပ်စီ ၊ အင်ဒရင်းဆေးများမပက်ဖျန်းသင့်ပေ။ ပက်ဖျန်းပါက အရွက်များလောင်ကျွမ်းပျက်စီးမည်ဖြစ်သည်။
(၃) သခွားသီးများ ရင့်မှည့်မှခူးရန်လိုပါသည်။ နုစဉ်ခူးပါက အခါးဓါတ်များ၏။

22.8.2025

မိုးရာသီ သီးနှံ စိုက်ပျိုးကြမယ်------------------------------------------------ကြက်ဟင်းခါးသီးပင် စိုက်ပျိုးခြင်း🍃🍃🍃မျိုး...
21/08/2025

မိုးရာသီ သီးနှံ စိုက်ပျိုးကြမယ်
------------------------------------------------
ကြက်ဟင်းခါးသီးပင် စိုက်ပျိုးခြင်း🍃🍃🍃

မျိုးရွေးချယ်ခြင်း
-------------------------

ဒေသမျိုးများသည် အသီးပုံစံအားဖြင့် အရှည်မျိုး၊ အပုမျိုး၊ အလုံးမျိုးဟူ၍ အမျိုးမျိုးရှိသည်။ အရောင် အားဖြင့် အစိမ်းနု၊ အစိမ်းရင့်၊ အဖြူမျိုးဟူ၍ရှိပြီး များသောအားဖြင့် ခါးသောအရသာရှိသည်။ အလုံးသေးမျိုး သည် ဟင်းချက်ရာတွင် လေးသောအရသာရှိ၍ ကြိုက်နှစ်သက်

ကြသည်။ အရှည် ၁၀ လက်မခန့်ရှိသော အဖြူရောင်၊ အစိမ်းရင့်မျိုးများကို တဖြည်းဖြည်း စိုက်ပျိုးလာကြသည်။ မျိုးအားလုံးသည် စိုက်ပြီးရက် ၅၀-၆၀ တွင် စတင်ခူးဆွတ်နိုင်သည်။ တစ်ဧကလျှင် အပင် ၆,၀၀၀-၈,၀၀၀ ခန့် စိုက်နိုင်သည်။

စိုက်ချိန်အေး၍ ဆီးနှင်းကျတတ်သောတောင်ပေါ်ဒေသတွင် ဆောင်းရာသီ၌ ဖြစ်ထွန်းမှုနည်း၍ နွေနှင့် မိုးရာသီ တွင် စိုက်သင့်ပြီး ကျန်ဒေသများတွင် တစ်နှစ်ပတ်လုံးစိုက်နိုင်သည်။

စိုက်ပျိုးခြင်း
-------------------

တိုက်ရိုက်အစေ့ချနည်းကိုသာ သုံးကြသည်။ ကြက်ဟင်းခါးစေ့သည် အပင်ပေါက်ရာခိုင်နှုန်း ကျတတ်၍ မျိုးညှောင့်ဖောက်ပြီးမှ အစေ့ချသည်။ စိုက်ဘောင်ပြုလုပ်မည့်မြေကို သဘာဝမြေသြဇာ၊ နွားချေး၊ သစ်ရွက် ဆွေး၊ ကြက်ချေးများရော၍ သမအောင် ရောမွှေပြီး စိုက်

ဘောင်ဖော်ပေးရမည်။ ကြက်ဟင်းခါးကိုစတင်၍ သို့ မဟုတ် တန်းထိုး၍ စိုက်ပျိုးကြသည်။ စတင်လျှင် စိုက်ဘောင်တစ်ဘောင်နှင့် တစ်ဘောင် ၅-၇ ပေခြား၍ တန်းထိုးပါက လေးပေခြားပေးရမည်။ ဘောင်အကျယ်မှာ နှစ်ပေရှိပြီး အမြင့်မှာ တစ်ပေခန့်ရှိရပါမည်။ တစ်ပင်နှင့် တစ်ပင် တစ်ပေခြား စိုက်ပြီးတန်းကြားကို တစ်ပေခြားချန်ပေးရပါမည်။

မြေသြဇာထည့်သွင်းခြင်း
---------------------------------------

ကြက်ဟင်းခါး တစ်ဧကလျှင် နွားချေးလှည်း ၁၀ စီးမှ ၂၀ စီး၊ ပုလဲ ၁-၂ အိတ်၊ တီစူပါ ၂-၄ အိတ်၊ ပိုတက်ရှ်မြေသြဇာ ၁-၂ အိတ်ထည့်ပေးရပါမည်။

အပင်ပြုစုခြင်း
-----------------------

တိုက်ရိုက်အစေ့ချစနစ်ဖြစ်၍ ပေါင်းမြက်ကိုနိုင်အောင် နှိမ်နင်းပေးရန် လိုအပ်ပါသည်။ အပင်မပေါက်ခင်ကပင် ရေကိုဂရုတစိုက်လောင်း ရန်လိုအပ်ပြီး အပင်ငယ်စဉ်တွင် လိုအပ်ပါက နေ့စဉ်ရေလောင်းပေးရမည်။ အညွန့် ငါးပေခန့်ရောက်ချိန်တွင် လိုအပ်ပါက ရေသွင်းပေးရမည်။ ကြက်ဟင်းခါးသည် အပင်ငယ်စဉ်တွင် ဗူး၊ ဖရုံကျိုင်းကျရောက်တတ်၍ ထိသေဆေးဖြင့် နှိမ်နင်းပါ။ အသီးကို သီးလုံးဖောက်ပိုးများကျရောက်တတ်၍ အလုံးကြီးမျိုးများကို စက္ကူအိတ်ဖြင့် စွတ်ပေးပါ။ ရွက်ခြောက်ရောဂါကျရောက်ပါက မှိုသတ်ဆေးများကို ကြို တင်ကာကွယ် သုံးစွဲရပါမည်။

ခူးဆွတ်ခြင်း၊ မျိုးစေ့ထုတ်ခြင်း
------------------------------------------------

ကြက်ဟင်းခါးသီးကိုစားသုံးရန်အတွက် မနု၊ မရင့်အနေတော်ခူးသင့်သည်။ ရင့်လွန်းပါက အထားမခံ ဘဲ ဝါသွားတတ်သည်။ မျိုးစေ့ထုတ်ရန်အတွက် အပင်ပေါ်တွင် လုံးဝရင့်မှည့်သည်အထိ ဝါအောင်ထားပြီးမှ ခူးဆွတ်ရမည်။ ခူးဆွတ်ပြီးသောအသီးကို အရိပ်ထဲတွင် နှစ်ပတ်ခန့်ထားပြီး အသီးကိုလက်နှင့်ဖဲ့၍ အနီရောင် အစေ့အိမ်ထဲမှ အလွယ်တကူထုတ်ယူနိုင်သည်။ အစေ့ကိုရေသန့်သန့်ဖြင့် ၁၅ မိနစ်ခန့်သာဆေးပြီး ဆေးကြော စဉ်အတွင်း လက်ဝါးအတွင်း၌ထည့်၍ ညှစ်ပေးခြင်းဖြင့် အကျိအချွဲများကို သန့်စင်ပါ။နေရောင်အောက်တွင် နာရီဝက်နေလှန်းပါ။ နေလှန်းစဉ် ပြင်းထန်စွာ ပွတ်တိုက်ခြင်းမပြုပဲ ၁၅ မိနစ် တစ်ကြိမ်မွှေပေးပါ။ ထို့နောက် အရိပ်ထဲတွင် နှစ်ရက်ခန့် လေသလပ်ခံပြီး ခြောက်သွေ့သည့်အခါ ပုလင်းထဲတွင် သေချာစွာထည့်၍ သိုလှောင်ပါ။ တစ်ဧကလျှင် အသီး၈၀,၀၀၀ ခန့် ထွက်ရှိနိုင်ပါသည်။

ကျမ်းကိုး- ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း လမ်းညွှန် (စားနပ်ရိက္ခာဖူလုံမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့)

21.8.2025

မအားတဲ့ ကြားထဲကထင်းရှုး နဂါးပင်လေးတွေ သန့်ရှင်းရေး လုပ်ပေးဖြစ်ခြင်း 18.8.2025
18/08/2025

မအားတဲ့ ကြားထဲက

ထင်းရှုး နဂါးပင်လေးတွေ

သန့်ရှင်းရေး လုပ်ပေးဖြစ်ခြင်း

18.8.2025

ကျွဲကောသီးတွေ သီးနေပီကွယ် 🥰🥰🥰
16/08/2025

ကျွဲကောသီးတွေ သီးနေပီကွယ်

🥰🥰🥰

ပိန်းခရမ်း -------------အပိုင်း (၂)၄. အိမ်အလှစိုက်ပင်အဖြစ်အရွက်အရောင်ပေါင်းစုံ (အစိမ်း-အမည်း၊ အစိမ်း-မီးခိုး) အလှကို ပေး...
14/08/2025

ပိန်းခရမ်း
-------------
အပိုင်း (၂)

၄. အိမ်အလှစိုက်ပင်အဖြစ်

အရွက်အရောင်ပေါင်းစုံ (အစိမ်း-အမည်း၊ အစိမ်း-မီးခိုး) အလှကို ပေးနိုင်ပြီး ကြီးထွားမြန်သည်။

Flower arrangement မဟုတ်ပေမဲ့ Landscape design မှာ Tropical feel ပေးနိုင်တယ်။

ရေတိမ်/ရေတွင်းနားမှာ စိုက်ထားရင် ပိုပြီး လှတယ်။

၅. အပင်ဂရုစိုက်ပုံ

ရေထည့်ပေးမှု – မကြာခဏ ရေချဉ်းပေးပါ၊ အနည်းဆုံး အပတ် ၃–၄ ကြိမ် (မိုးမကျသည့်ကာလ)

မြေလှော်ခြင်း – အမြစ်ရေထဲမှာပဲမနေရအောင် တစ်ခါတစ်ရံ မြေလှော်ပေးပါ။

ရေကြွယ်စွာ လိုအပ် – မြေစိုစိုနေရမယ်။ အခြောက်ခံမခံနိုင်။

၆. မြေဩဇာကျွေးနည်း

စိုက်ပြီး ၂–၃ ပတ်ကြာတာနဲ့ အဓိက ဂျီဝဩဇာ (compost) သို့မဟုတ် ငြိမ်းဩဇာ (cow manure) ပေါင်းထည့်ပါ။

အပင်ကြီးထွားနေစဉ် (တစ်လခြား) NPK (10:10:10) အတိုင်းနည်းနည်းပေါင်းပေးနိုင်သည်။

ဩဇာပေးပြီးနောက် ရေထည့်ပေးရန် မမေ့ပါနှင့်။

ဒီအမျိုးအစားဟာ မိုးရာသီမှာ အထူးသင့်တော်ပြီး မိုးမရွာချိန်မှာ ရေဖျန်းပေးရုံနဲ့ အိမ်ဝန်းထဲမှာ အလှအတွက် အလွန်ကောင်းပါတယ်။

14.8.2025

14/08/2025

ပိန်း ခရမ်း
--------------------

ဒီပုံထဲက အရွက်ကြီး များရော အရောင်ကွဲခြားမှုကြောင့် မြင်ရတာက Colocasia esculenta ဆိုတဲ့ အပင်မျိုးလို့ ခေါ်ပါတယ်။
မြန်မာမှာ မဏိသီး (သို့) တရုတ်ဓားမဏိ လို့ခေါ်ကြတတ်ပြီး အိမ်အလှပင်အဖြစ်လည်း စိုက်ကြသလို အစားအသောက်၊ ဆေးပင် အနည်းငယ်အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။

---

၁. အချက်အလက် အကျဉ်းချုပ်

မူရင်း – အရှေ့တောင်အာရှ၊ ပစိဖိတ်ဒွတ်ကျွန်းများ

မိသားစု – Araceae

အသွင်အပြင် – အရွက်များဟာ အကြီးကြီး၊ နှလုံးပုံသဏ္ဌာန်ရှိပြီး အစိမ်းမှ အမည်းနားရောင်ထိ ကွဲပြားတတ်တယ်။

အမျိုးအစား – အစားအသောက် Colocasia (မဏိ) / Ornamental Colocasia (အလှပင်)

၂. စိုက်ပျိုးနည်း

1. မူခွေစိုက်နည်း – မဏိဓားအမြစ်၊ သို့မဟုတ် အမြစ်ရှိသော အရွက်ရင်းကွဲယူပြီး စိုက်ပါ။

2. မြေ – ရေစိမ့်ကောင်းပြီး အဓိကအားဖြင့် ဂျီဝဓာတ်များများပါသော မြေ (loamy soil) သင့်တော်သည်။

3. ရေ – ရေကြွယ်ဝစွာလိုအပ်ပြီး ရေစိုနေသလို သေချာစိုက်ရမယ်။

4. နေရာ – နေရောင်အတောင့်အတင်းမလိုပေမဲ့ နေရောင်တစ်စိတ်တစ်ပိုင်းရနိုင်ရမယ်။

၃. အသုံးဝင်ပုံ

အစားအသောက် – Colocasia esculenta အမျိုးအစားတချို့ရဲ့ အမြစ်/သီး (မဏိ) ကို ချက်စားနိုင် (သို့) သကြားဖျော်မှုနဲ့ မုန့်လုပ်နိုင်။ (အရွက်မှာ အချို့အမျိုးအစားမှာ အဆိပ်ပါသဖြင့် အချက်မစားသင့်)

ဆေးပင် – အာယုရဝေဒ်မှာ အမြစ်၊ အရွက် အချို့ကို ဆေးဆီ၊ အဆီစွပ်အဖြစ်သုံးတတ်တယ်။

အလှပင် – အရောင်အမျိုးစုံနှင့် အရွက်ကြီးကြီးကြောင့် ဥယျာဉ်၊ အိမ်ဝန်း၊ ရေတိမ်အနားမှာ အလှအတွက် အလွန်တန်ဖိုးရှိသည်။

အပိုင်း (၂) ကိုဆက်တင်ပေးပါမယ်နော်
See you

---
14.8.2025

18/04/2025
ကျမ်းမာရေးအတွက် ကောင်းမွန်သော စွန်ပလွန်သီး ထူးခြားချက်များစွန်ပလွံပင်သည် အုန်းပင် ထန်းပင်မျိုးတို့တွင် ပါဝင်၍၊ ရာသီဥတု ပ...
18/04/2025

ကျမ်းမာရေးအတွက် ကောင်းမွန်သော

စွန်ပလွန်သီး ထူးခြားချက်များ

စွန်ပလွံပင်သည် အုန်းပင် ထန်းပင်မျိုးတို့တွင် ပါဝင်၍၊ ရာသီဥတု ပူပြင်းခြောက်သွေ့ လွန်းသောအရပ်တွင် ပေါက် ရောက်သည်။

ထို့ကြောင့် ရှေးပဝေသဏီမှစ၍၊ တူးမြောင်းများဖြင့် ရေသွင်း စိုက်ပျိုးနိုင်သော အာဖရိကတိုက် မြောက်ပိုင်းနှင့် အာရှတိုက်ရှိ သဲကန္တာရအရပ်များတွင် စွန်ပလွံပင်ကို အထူး တစ်လည် စိုက်ပျိုးခဲ့ကြသည်။

အသီးကို အမှည့်အတိုင်းဖြစ်စေ၊
အခြောက်လှန်း၍ဖြစ်စေ စားသုံးကြသည်။

အချို့အသီးခိုင်ကြီး များတွင် တစ်ခိုင်လျှင် အသီးပေါင်း ၁ဝဝဝ ကျော်ပါ၍ အလေး ချိန်အားဖြင့် ပေါင် ၂ဝ ကျော်မျှ ရှိသည်။

အီရတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် စွန်ပလွံ အများဆုံး စိုက်ပျိုးသော တိုင်းပြည်ဖြစ် ရာ ဥရောပတိုက်နှင့် အမေရိကတိုက်များသို့ စွန်ပလွံသီး အမြောက်အမြား တင်ပို့လေသည်။

10/12/2024

ဘာပန်းလေးလဲ 😘😘😘

နံနံပင် စိုက်ပျိုးနည်းစနစ်===================မြန်မာ ပြည်တွင် အထင် ရှားဆုံး ဟင်းခတ် အမွှေး အကြိုင်မှာ နံနံပင် ဖြစ်ပြီး အေ...
08/12/2024

နံနံပင် စိုက်ပျိုးနည်းစနစ်
===================

မြန်မာ ပြည်တွင် အထင် ရှားဆုံး ဟင်းခတ် အမွှေး အကြိုင်မှာ နံနံပင် ဖြစ်ပြီး အေစ့ ကိုလည်း ဟင်းခပ် မဆလာ တွင်သုံး နိုင်သည်။ မြန်မာဟင်း များတွင် သာမက မုန့်ဟင်းခါး၊ အုန်းနို့ ခေါက်ဆွဲ၊ အသုတ်စုံ တို့တွင် လည်း တွဲဖက် အသုံး ပြုသည်။ နံနံ ပင်ကို တို့စရာ အဖြစ်လည်း စားသုံး ကြသည်။ နံနံ ပင်သည် ဆောင်းရာသီ တွင် အထူး ဖြစ်ထွန်း ပြီး ကျန်ရာသီ များတွင် ရွားပါးကာ ဈေးကြီးပေးရသည်။

မြေပြုပြင်ခြင်း

ရေမ ၀ပျသော နုံးမြေသည် နံနံပင် စိုက်ပျိုးရန် အသင့် တော်ဆုံး ဖြစ်သည်။ ရွှံ့စေး ဆန်သော မြေနှင့် သဲမြေ မ်ား၌ နွားချေး၊ မြေဆွေး၊ ဖွဲပြာ တို့ကို ထည့်၍ သင့်တော်သည့် မြေအနေ အထား ရအောင် ပြုပြင်၍ စိုက်နိုင်သည်။

စိုက်ပျိုးခြင်း

နံနံ ပင်ကို ဘောင်များ ပြုလုပ် စိုက်ပျိုးပါက အထူး ကောင်းမွန်သည်။ ဘောင်များကို (၄-၅)လက်မ အမြင့် ပြုလုပ်ပြီး (၂-၃)ပေ အကျယ်ဖြင့် အရှည်ကို အလို ရှိသလောက် ထားကာ ပြင်နိုင်သည်။ နံနံစေ့ မစိုက်ခင် မြန်မြန် အပင် ပေါက်ရန် ရေတွင် (၂၄)နာရီကြာ စိမ်ရသည်။ အစေ့ကို ရေမစိမ်မီ ဂုံနီ အိတ်ပေါ်တွင်တင်၍ ပုလင်းဖြင့် နှစ်ခြမ်းကွဲသွားစေရန် အသာအယာလှိမ့်ပါ။ ထို့နောက်ရေတွင် ၂၄ နာရီကြာ စိမ်ရာ၌ ရေနှစ်ကြိမ် လဲပေးပါ။ ပြီးလျှင်ဆယ်ယူ၍ စစ္ထားပါ။ ထို့နောက် ဘောင်ပေါ်တွင် သုည ဒသမ ၅ လက်မ အနက်မြောင်းများကို လေးလက်မခြားဆွဲပြီး မျိုးစေ့ များကိုချပါ။ နွားချေးအမှုန့်၊ သို့မဟုတ် မြေဆွေးမှုန့်ဖြင့် ပါးပါးဖုံးပြီး ကောက်ရိုးမြက်ခြောက်တို့ဖြင့် အုပ်ပါ။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် မြေတွင် အစို ဓာတ်ထိန်း
ပေးခြင်း၊ ပေါင်းပင်ပေါက်ရောက်မှု သက်သာခြင်းတို့သာမက အပင်ငယ်များကိုလည်း သန့်ရှင်း စေသည်။ ကောက်ရိုး၊ မြက်ခြောက်ဆွေးသောအခါ မြေဆွေး ဓာတ်ကိုလည်း ရရှိစေ နိုင်သည်။ စိုက်ပျိုးပြီး ပါက ရေကို တစ်နေ့နှစ်ကြိမ်လောင်း ရမည်။ အပင်ငယ်များ ပေါက်လာ ပြီးနောက် ရေကို လျော့လောင်းပေးနိုင် ပါသည်။ အပင်များပေါက်ချိန်တွင် ရေများပါက ခါးရိရောဂါကျရောက်နိုင်သည်။

မြေသြဇာထည့်သွင်းခြင်း

နံနံ ပင်သည် ရွက်စား သီးနှံ ဖြစ်ခြင်းကြောင့် နွားချေး မြေဆွေးနှင့် ယူရီးယား ဓာတ်မြေသြဇာများ အဓိက ကြှေးရနျ လိုအပ်သည်။ သို့သော် မြေတွင် အျခား ဓာတ်မြေသြဇာများ ချို့တဲ့နိုင် သဖြင့် ဖော့စဖိတ်နှင့် ပိုတက်ရှ် မြေသြဇာ အနည်းငယ် တို့ကို မြေပြုပြင်ချိန်၌ မြေခံအဖြစ် ထည့်ပေး ရမည်။ အပင်ငယ် များပေါက် လာပြီး နှစ်ပတ်ခန့်ကြာလျှင် ယူရီးယား မြေသြဇာ ထမင်းစားဇွန်း နှစ်ဇွန်းစာကို ရေလေးဂါလံတွင် ဖျော်၍ လောင်းပေးခြင်းဖြင့် သန်မာသော အပင်များကိုရရှိနိုင်သည်။ အစေ့များကို ကျဲကျဲစိုက်လျှင် ကိုင်း
ဖြာသော နံနံပင်များကို ရရှိနိုင် သည်။

ခူးယူခြင်း

အပင်များ ပေါက်ပြီး ၄၅ ရက်သားမွ စတင်၍ နုတ်ယူ စားသုံးခြင်း၊ ရောင်းချခြင်း ပြုလုပ်နိုင်သည်။ မျိုးစေ့ ထုတ်ယူခြင်း နံနံပင်ကို မျိုးစေ့ထုတ်ယူမည်ဆိုပါက ဆောင်းရာသီ၊ နို၀င်ဘာလတွင် အပင်များကို ဘောင်ဖြင့် သီးသန့်ရွှေ့ပြောင်းစိုက်ထားရမည်။ ပင်ကြား၊တန်းကြား (၆x၈)လက်မခန့်ခွာ၍ စိုက်ထားလျှင် ပန်းများပွင့် လာပြီး အသီးများသီးလာသည်။ အသီးများရင့်မှည့်လျှင် အပင်များကို ရိတ်သိမ်းပြီး အစေ့များကို ခြှေလှေ့ယူ နိုင်သည်။

နံနံပင် စိုက်ပျိုးနည်းစနစ်
===================

မြန်မာ ပြည်တွင် အထင် ရှားဆုံး ဟင်းခတ် အမွှေး အကြိုင်မှာ နံနံပင် ဖြစ်ပြီး အစေ့ ကိုလည်း ဟင်းခပ် မဆလာ တွင်သုံး နိုင်သည်။ မြန်မာဟင်း များတွင် သာမက မုန့်ဟင်းခါး၊ အုန်းနို့ ခေါက်ဆွဲ၊ အသုတ်စုံ တို့တွင် လည်း တွဲဖက် အသုံး ပြုသည်။ နံနံ ပင်ကို တို့စရာ အဖြစ်လည်း စားသုံး ကြသည်။ နံနံ ပင်သည် ဆောင်းရာသီ တွင် အထူး ဖြစ်ထွန်း ပြီး ကျန်ရာသီ များတွင် ရှားပါးကာ စျေးကြီးပေးရသည်။

မြေပြုပြင်ခြင်း

ရေမ ၀ပျသော နုံးမြေသည် နံနံပင် စိုက်ပျိုးရန် အသင့် တော်ဆုံး ဖြစ်သည်။ ရွှံ့စေး ဆန်သော မြေနှင့် သဲမြေ များ၌ နွားချေး၊ မြေဆွေး၊ ဖွဲပြာ တို့ကို ထည့်၍ သင့်တော်သည့် မြေအနေ အထား ရအောင် ပြုပြင်၍ စိုက်နိုင်သည်။

စိုက်ပျိုးခြင်း

နံနံ ပင်ကို ဘောင်များ ပြုလုပ် စိုက်ပျိုးပါက အထူး ကောင်းမွန်သည်။ ဘောင်များကို (၄-၅)လက်မ အမြင့် ပြုလုပ်ပြီး (၂-၃)ပေ အကျယ်ဖြင့် အရှည်ကို အလို ရှိသလောက် ထားကာ ပြင်နိုင်သည်။ နံနံစေ့ မစိုက်ခင် မြန်မြန် အပင် ပေါက်ရန် ရေတွင် (၂၄)နာရီကြာ စိမ်ရသည်။ အစေ့ကို ရေမစိမ်မီ ဂုံနီ အိတ်ပေါ်တွင်တင်၍ ပုလင်းဖြင့် နှစ်ခြမ်းကွဲသွားစေရန် အသာအယာလှိမ့်ပါ။ ထို့နောက်ရေတွင် ၂၄ နာရီကြာ စိမ်ရာ၌ ရေနှစ်ကြိမ် လဲပေးပါ။ ပြီးလျှင်ဆယ်ယူ၍ စစ်ထားပါ။ ထို့နောက် ဘောင်ပေါ်တွင် သုည ဒသမ ၅ လက်မ အနက်မြောင်းများကို လေးလက်မခြားဆွဲပြီး မျိုးစေ့ များကိုချပါ။ နွားချေးအမှုန့်၊ သို့မဟုတ် မြေဆွေးမှုန့်ဖြင့် ပါးပါးဖုံးပြီး ကောက်ရိုးမြက်ခြောက်တို့ဖြင့် အုပ်ပါ။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် မြေတွင် အစို ဓာတ်ထိန်း
ပေးခြင်း၊ ပေါင်းပင်ပေါက်ရောက်မှု သက်သာခြင်းတို့သာမက အပင်ငယ်များကိုလည်း သန့်ရှင်း စေသည်။ ကောက်ရိုး၊ မြက်ခြောက်ဆွေးသောအခါ မြေဆွေး ဓာတ်ကိုလည်း ရရှိစေ နိုင်သည်။ စိုက်ပျိုးပြီး ပါက ရေကို တစ်နေ့နှစ်ကြိမ်လောင်း ရမည်။ အပင်ငယ်များ ပေါက်လာ ပြီးနောက် ရေကို လျော့လောင်းပေးနိုင် ပါသည်။ အပင်များပေါက်ချိန်တွင် ရေများပါက ခါးရိရောဂါကျရောက်နိုင်သည်။

မြေသြဇာထည့်သွင်းခြင်း

နံနံ ပင်သည် ရွက်စား သီးနှံ ဖြစ်ခြင်းကြောင့် နွားချေး မြေဆွေးနှင့် ယူရီးယား ဓာတ်မြေသြဇာများ အဓိက ကျွေးရန် လိုအပ်သည်။ သို့သော် မြေတွင် အခြား ဓာတ်မြေသြဇာများ ချို့တဲ့နိုင် သဖြင့် ဖော့စဖိတ်နှင့် ပိုတက်ရှ် မြေသြဇာ အနည်းငယ် တို့ကို မြေပြုပြင်ချိန်၌ မြေခံအဖြစ် ထည့်ပေး ရမည်။ အပင်ငယ် များပေါက် လာပြီး နှစ်ပတ်ခန့်ကြာလျှင် ယူရီးယား မြေသြဇာ ထမင်းစားဇွန်း နှစ်ဇွန်းစာကို ရေလေးဂါလံတွင် ဖျော်၍ လောင်းပေးခြင်းဖြင့် သန်မာသော အပင်များကိုရရှိနိုင်သည်။ အစေ့များကို ကျဲကျဲစိုက်လျှင် ကိုင်းဖြာသော နံနံပင်များကို ရရှိနိုင် သည်။

ခူးယူခြင်း

အပင်များ ပေါက်ပြီး ၄၅ ရက်သားမှ စတင်၍ နုတ်ယူ စားသုံးခြင်း၊ ရောင်းချခြင်း ပြုလုပ်နိုင်သည်။ မျိုးစေ့ ထုတ်ယူခြင်း နံနံပင်ကို မျိုးစေ့ထုတ်ယူမည်ဆိုပါက ဆောင်းရာသီ၊ နို၀င်ဘာလတွင် အပင်များကို ဘောင်ဖြင့် သီးသန့်ရွှေ့ပြောင်းစိုက်ထားရမည်။ ပင်ကြား၊တန်းကြား (၆x၈)လက်မခန့်ခွာ၍ စိုက်ထားလျှင် ပန်းများပွင့် လာပြီး အသီးများသီးလာသည်။ အသီးများရင့်မှည့်လျှင် အပင်များကို ရိတ်သိမ်းပြီး အစေ့များကို ချွေလှေ့ယူ နိုင်သည်။

ရေးသားသူအား card ပေးပါသည်။

06/12/2024

Hi everyone! 🌟 You can support me by sending Stars - they help me earn money to keep making content you love.

Whenever you see the Stars icon, you can send me Stars!

Address

Kywal Nar Htauk Village

Alerts

Be the first to know and let us send you an email when GG Natural & Organic Fertilizer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to GG Natural & Organic Fertilizer:

  • Want your business to be the top-listed Media Company?

Share