23/09/2025
မိုးလေဝသသတင်းထုတ်ပြန်ချက်အရ တိုင်ဖွန်းမုန်တိုင်း "ရာဂါဆာ" (RAGASA)ကြောင့် နေရာစိပ်စိပ် မိုးရွာသွန်းခြင်း၊ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းခြင်းများ ဖြစ်ပေါ်နိုင်ကာ မိုးကြီးနိုင်ခြင်းကြောင့် ညောင်ဦးခရိုင်/ညောင်ဦးမြို့နယ်အတွင်းမုန်တိုင်းဘေးအန္တရာယ်အပါအဝင် အခြားသဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက လျှင်မြန်စွာ တုန့်ပြန်ဆောင်ရွက်နိုင်ရေး
ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာနရှိသန္ဓေမီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အသင့်စုဖွဲ့ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။
အရေးပေါ်ဆက်သွယ်ရန် ဖုန်းနံပါတ်များ
အရေးပေါ် ၁၉၁
ညောင်ဦးခရိုင်မီးသတ်တပ်ဖွဲ့
၀၆၁ ၂၄၆၂၀၄၇
ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့
၀၆၁ ၂၄၆၁၉၁