News Upload Media

  • Home
  • News Upload Media

News Upload Media Media and News

ခေတ်ရှေ့ပြေး 3D Pop Planet Design နဲ့ ပိုပြီး အဆင့်မြှင့်တင်ထားတဲ့ ဖန်တီးမှုအပြည့်အဝရှိ Photography  အတွေ့အကြုံများနဲ့ မ...
09/09/2026

ခေတ်ရှေ့ပြေး 3D Pop Planet Design နဲ့ ပိုပြီး အဆင့်မြှင့်တင်ထားတဲ့ ဖန်တီးမှုအပြည့်အဝရှိ Photography အတွေ့အကြုံများနဲ့ မိတ်ဆက်လာတဲ့ OPPO Reno16 Series 5G

OPPO Reno16 Series ရဲ့ ထုတ်ကုန်တွေဖြစ်ကြတဲ့ OPPO Reno16 5G ကို ၃,၆၉၉,၉၀၀ ကျပ်နဲ့ OPPO Reno16 F 5G ကို ၂,၇၉၉,၉၀၀ ကျပ်တို့ဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။

စက်တင်ဘာ ၈ ၊ ရန်ကုန်။ ။ ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ် OPPO က ခေတ်ရှေ့ပြေးပြီး ထူးခြားဆန်းသစ်တဲ့ 3D Pop Planet Design နဲ့ AI နည်းပညာအသုံးပြုထားတဲ့ တီထွင်ဆန်းသစ်ထားတဲ့ AI လုပ်ဆောင်ချက်တွေပါရှိတဲ့ ဓာတ်ပုံရိုက်ကူးမှု အတွေ့အကြုံကောင်းများစွာ ပါရှိလာမဲ့အပြင် သုံးစွဲသူတွေအတွက် All-in-one Creator Tool တစ်ခုအဖြစ် သတ်မှတ်လို့ရတော့မဲ့ OPPO Reno16 Series 5G ကို မြန်မာနိုင်ငံဈေးကွက်မှာ တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပြီး OPPO Reno16 5G ကို ၃,၆၉၉,၉၀၀ ကျပ် ၊ OPPO Reno16 F 5G ကို ၂,၇၉၉,၉၀၀ ကျပ်ဖြင့် တရားဝင်မိတ်ဆက်လာခဲ့တာဖြစ်ပါတယ်။

တီထွင်ဆန်းသစ်လှတဲ့ နည်းပညာတွေနဲ့ AI လုပ်ဆောင်ချက်တွေကို ဟန်ချက်ညီညီ လှလှပပ ပေါင်းစပ်ထားတဲ့ OPPO Reno16 Series ရဲ့ ထုတ်ကုန်တွေဖြစ်ကြတဲ့ OPPO Reno16 5G နဲ့ OPPO Reno16 F 5G တစ်လုံးချင်းစီဟာ Content Creation တွေအတွက်သာမက ဗီဒီယိုရိုက်ကူးခြင်း၊ တည်းဖြတ်ခြင်းနဲ့ မျှဝေခြင်းတို့ကို ပိုမိုလွယ်ကူ၊ သဘာဝကျပြီး ကိုယ်ပိုင်ဟန်ပန်နဲ့ ဖော်ပြနိုင်စေရန် ဖန်တီးထားပါတယ်။ AI Remix Collage နဲ့ Pop Cam ကဲ့သို့ လုပ်ဆောင်ချက်တွေကနေ ColorOS 16 ရဲ့ Personalized AI Experience တွေအထိ ခံစားတွေ့ရှိနိုင်အောင် OPPO Reno16 Series 5G ဟာ စမတ်ဖုန်းနဲ့အလွယ်တကူ တီထွင်ဆန်းသစ်စွာ ဖန်တီးရ လွယ်ကူပြီး အသုံးပြုရလွယ်ကူတဲ့ အတွေ့အကြုံသစ်တွေကို ပေးစွမ်းမှာ ဖြစ်ပါတယ်။

စမတ်ဖုန်းလောကရဲ့ ပထမဆုံးအနေနဲ့ ထူးခြားဆန်းသစ်တဲ့ 3D Pop Planet Design
OPPO Reno Series ရဲ့ ဒီ 3D Design ကြောင့် OPPO Reno16 Series 5G ဟာ ထင်ရှားတဲ့ Visual Identity တစ်ခုကို ပိုင်ဆိုင်လာသလို ပိုမိုကောင်းမွန်ပြီး အထက်တန်းဆန်တဲ့ အသွင်အပြင်နဲ့ ခံစားမှုကို ရရှိစေနိုင်မှာဖြစ်ပါတယ်။

OPPO Reno16 Series 5G မှာဆိုရင် အေးမြကျစ်လစ်တဲ့ One-piece Cold-sculpted အနောက်ဘက် ကျောအဖုံးကို အသုံးပြုထားပြီး Camera Module နဲ့ ချောမွေ့စွာ ဆက်စပ်ပေါင်းစပ်ထားတာကြောင့် သန့်ရှင်းပြီး ကြည့်ရရှင်းလင်းစေတဲ့ အမြင်ကို ရရှိစေပါတယ်။

OPPO Reno16 5G မှာ လက်တစ်ဖက်တည်းနဲ့ သက်သောင့်သက်သာ အသုံးပြုနိုင်ဖို့ ဖန်တီးထားတဲ့ ကျစ်လစ်တဲ့ 6.32 လက်မ မျက်နှာပြင် ပါဝင်ပြီး Aerospace-grade Aluminum Frame က အေးမြပြီး တော်ရုံနဲ့ လွတ်မကျနိုင်မဲ့ ကိုင်တွယ်နိုင်စွမ်း ကို ပေးစွမ်းမှာဖြစ်ပါတယ်။ OPPO Reno16 F 5G မှာတော့ 6.57 လက်မ မျက်နှာပြင် ပါဝင်တာကြောင့် ပိုမိုကျယ်ပြန့်တဲ့ Viewing Experience ကို ရရှိစေမှာ ဖြစ်ပါတယ်။

Creator တွေအတွက် စိတ်တိုင်းကျ အဆန်းသစ်ဆုံး ဖန်တီးပြုပြင်နိုင်မဲ့ ဓာတ်ပုံနည်းပညာတွေပါရှိလာမဲ့ OPPO Reno16 Series 5G
OPPO Reno16 Series 5G ကို 50MP Ultra Wide Selfie Camera နဲ့ မြင်ကွင်းကျယ်ကျယ်နဲ့ Group Selfie ရိုက်ကူးရာမှာ လူပိုများများ ပါဝင်နိုင်စေမဲ့ 100-degree Field of View ပါဝင်တာကြောင့် ပိုမို ကြွရွပြီး ကောင်းမွန်တဲ့ ဓာတ်ပုံနဲ့ ပုံရိပ်တွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။

ကင်မရာစနစ်အနေနဲ့ OIS ပါဝင်တဲ့ High-resolution Main Camera ၊ 3.5x Optical Zoom ရရှိတဲ့ Telephoto Portrait Camera နဲ့ ပိုမိုလွတ်လပ်စွာ Frame ချိန်ညှိနိုင်စေမဲ့ Ultra-wide Camera တို့ပါဝင်တဲ့ Triple-camera System ကို ထည့်သွင်းပေးလာတာ ဖြစ်ပါတယ်။

ဗီဒီယို ဖန်တီးမှု နဲ့ပတ်သက်ရင်လဲ OPPO Reno16 Series 5G တစ်ခုလုံးမှာ 4K Auto Straighten Video နဲ့ Dual View Video 2.0 လုပ်ဆောင်ချက်တွေ ပါဝင်လာတာကြောင့် ဗီဒီယိုကို ပိုမိုလွယ်ကူပြီး သက်သောင့်သက်သာဖြစ်တဲ့ ရိုက်ကူးမှု အတွေ့အကြုံကို ခံစားရရှိစေမှာဖြစ်ပါတယ်။

ပိုမိုထက်မြက်လာတဲ့ အတွေ့အကြုံကြောင့် သုံးစွဲသူတွေရဲ့ ကိုယ်ပိုင်စိတ်ကြိုက်ဖြစ်အောင် ဖန်တီးလို့ရမဲ့ OPPO Reno16 Series 5G ရဲ့ AI Experience
OPPO Reno Series ထုတ်ကုန်တွေထဲမှာ ပထမဆုံးအကြိမ် ပါဝင်လာတဲ့ AI Snap Key က AI Mind Space ကို အမြန်ဆုံးဝင်ရောက်အသုံးပြုနိုင်စေမှာဖြစ်သလိုAI Mind Space က အရေးကြီးတဲ့ အချက်အလက်တွေကို ပိုမိုထိရောက်စွာ စီမံနိုင်အောင် ကူညီပေးနိုင်မှာဖြစ်ပါတယ်။ ယခုအခါ အသစ်အဖြစ် ပါရှိလာတဲ့ AI Bill Manager က Digital Payment နဲ့ ‌ငွေရှင်းဘောင်ချာ တွေကို အလိုအလျောက် မှတ်သားခွဲခြားပြီး သုံးစွဲမှုမှတ်တမ်းတွေနဲ့ မိမိရဲ့ ငွေသုံးစွဲမှုကို ပြန်လည်ဆန်းစစ်နိုင်တဲ့ အချက်အလက်တွေအဖြစ် စနစ်တကျ စုစည်းပေးနိုင်ပါတယ်။

နေ့စဉ်အသုံးပြုမှုအတွက် ယုံကြည်စိတ်ချရတဲ့ Performance
OPPO Reno16 Series 5G တစ်ခုလုံးမှာ 6,700mAh နှင့်အထက် Battery Capacity တွေ ပါဝင်တာကြောင့် တစ်နေ့တာလုံး ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ OPPO Reno16 F 5G မှာတော့ 7,000mAh အထိ Battery Capacity ပါဝင်တာကြောင့် ခရီးသွားချိန် ဒါမှမဟုတ် အပြင်မှာ အချိန်ကြာကြာ အသုံးပြုရချိန်တွေမှာ ပိုမိုကြာရှည်ခံတဲ့ ဘက်ထရီခံနိုင်ရည်စွမ်းဆောင်မှု ကို ရရှိစေနိုင်မှာ ဖြစ်ပါတယ်။ ဒါတင်သာမက နာမည်ကျော် 80W SUPERVOOC Fast Charging နဲ့ ပေါင်းစပ်ထားတာကြောင့် သုံးစွဲသူတွေရဲ့ နေ့စဉ်ဘဝကို ပိုမိထောက်ပံ့မှုပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

OPPO Reno16 5G မှာဆိုရင်တော့ Snapdragon 7 Gen 4 Mobile Platform ကို အသုံးပြုထားတာကြောင့် နေ့စဉ်အသုံးပြုမှုအတွက် ချောမွေ့ပြီး ယုံကြည်စိတ်ချရတဲ့ Performance ကို ရရှိစေပါတယ်။ နေ့စဉ် ဆက်သွယ်နိုင်မှုစွမ်းရည်ကို ပိုမိုကောင်းမွန်စေရန် OPPO Reno16 Series 5G မှာ AI LinkBoost 4.0 ကို ထည့်သွင်းထားပြီး လူများပြားတဲ့နေရာတွေ ဒါမှမဟုတ် ဆက်သွယ်မှု ကွန်ရက် အားနည်းတဲ့နေရာတွေမှာ ပိုမိုတည်ငြိမ်တဲ့ ကွန်ရက်စွမ်းဆောင်မှုကို ရရှိစေပါတယ်။

Reno16 Series တစ်ခုလုံးကိုလဲ နေ့စဉ်အသုံးပြုမှုအတွင်း ပိုမိုခံနိုင်ရည်ရှိစေရန် ဖန်တီးထားပြီး Model အားလုံးမှာ IP68၊ IP69 နဲ့ IP69K Water and Dust Resistance Rating တွေ ပါဝင်ပါတယ်။ Splash Touch နဲ့ Glove Touch Feature တွေကလည်း ဖုန်းမျက်နှာပြင်မှာ ရေစိုနေချိန် ဒါမှမဟုတ် လက်အိတ်ဝတ်ထားချိန်တွေမှာတောင် Touch Response ကို ဆက်လက်တုံ့ပြန်နိုင်စေတဲ့အထိ ကောင်းမွန်မှုကို ပေးစွမ်းမှာဖြစ်ပါတယ်။

ခေတ်ရှေ့ပြေး 3D Pop Planet Design နဲ့ Photography ပိုင်းမှာ ဆန်းသစ်တဲ့ စွမ်းဆောင်ရည်တွေ ပါဝင်လာမဲ့ OPPO Reno16 5G ကို စက်တင်ဘာ ၃၀ ရက်နေ့အထိ ဝယ်ယူအားပေးသူတွေအတွက် စုစုပေါင်း ငွေကျပ် (၁၅) သိန်းတန်ဖိုးရှိ 180-days Screen Damage Warranty နဲ့ 5-Years Battery Warranty အပြင် အခြား ခံစားခွင့်များပါရှိမဲ့ VIP Card ၊ LED Rechargeable Lamp ၊ 100,000 MMK Cashback နဲ့ ATOM Package ၊ OPPO Reno16 F 5G ကို စက်တင်ဘာ ၃၀ ရက်နေ့အထိ ဝယ်ယူအားပေးသူတွေအတွက် စုစုပေါင်း ငွေကျပ် (၁၁) သိန်းတန်ဖိုးရှိ 180-days Screen Damage Warranty နဲ့ 5-Years Battery Warranty အပြင် အခြား ခံစားခွင့်များပါရှိမဲ့ VIP Card ၊ LED Rechargeable Lamp ၊ 100,000 MMK Cashback နဲ့ ATOM Package ၊ စတဲ့ အထူးလက်ဆောင်တွေ ပေးအပ်သွားမှာဖြစ်ပါတယ်။ ဒါတင်သာမက အောက်တိုဘာ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဝယ်ယူသူတွေအတွက် OPPO Reno16 5G ကို ဝယ်ယူမယ်ဆိုပါက စုစုပေါင်း ငွေကျပ် (၁၅) သိန်းတန်ဖိုးရှိ 180-days Screen Damage Warranty နဲ့ 5-Years Battery Warranty အပြင် အခြား ခံစားခွင့်များပါရှိမဲ့ VIP Card ၊ LED Rechargeable Lamp ၊ 25,000 mAh အားပါရှိတဲ့ Power Bank နဲ့ ATOM Package ၊ OPPO Reno16 F 5G ကို ဝယ်ယူမယ်ဆိုပါက စုစုပေါင်း ငွေကျပ် (၁၁) သိန်းတန်ဖိုးရှိ 180-days Screen Damage Warranty နဲ့ 5-Years Battery Warranty အပြင် အခြား ခံစားခွင့်များပါရှိမဲ့ VIP Card ၊ LED Rechargeable Lamp ၊ 25,000 mAh အားပါရှိတဲ့ Power Bank နဲ့ ATOM Package တို့ကို အထူးလက်ဆောင်အဖြစ် ထပ်မံပေးအပ်သွားမှာဖြစ်ပါတယ်။ နိုဝင်ဘာ ၁ ရက်နောက်ပိုင်းဝယ်ယူသူ တွေအတွက်တော့ ATOM Package တစ်မျိုးတည်းသာ လက်ဆောင်အဖြစ်ပေးအပ်သွားမှာဖြစ်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ စမတ်ဖုန်းလောကရဲ့  ပထမဦးဆုံး “3D Floating Planet Effect“ ဒီဇိုင်းနဲ့ အတူ ပွဲထွက်လာတော့မဲ့ OPPO Reno16 Se...
02/09/2026

ကမ္ဘာလုံးဆိုင်ရာ စမတ်ဖုန်းလောကရဲ့ ပထမဦးဆုံး “3D Floating Planet Effect“ ဒီဇိုင်းနဲ့ အတူ ပွဲထွက်လာတော့မဲ့ OPPO Reno16 Series 5G

OPPO Reno16 Series 5G မှ စတင်ကာ Reno Ambassador အဖြစ် ခေတ်လူငယ်မျိုးဆက်သစ် BABYMONSTER အဖွဲ့ကို ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။

စက်တင်ဘာ ၂ ၊ ရန်ကုန် ။ ။ ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ် OPPO က လူငယ်တွေကြား ရေပန်းစားပြီးသားဖြစ်သလို သုံးစွဲသူ ပရိသတ်တွေကို နောက်ဆုံးပေါ် ခေတ်မီ AI လုပ်ဆောင်ချက်တွေနဲ့ အမြဲ ထိတွေ့ခွင့်ပေးနေကျ OPPO Reno Series ဟာလဲ ဒီတစ်ခေါက်မှာတော့ အများနဲ့ မတူတဲ့ 3D Pop Planet ဖောင်းကြွဒီဇိုင်းနဲ့ အတူ နောက်ဆုံးပေါ် မျိုးဆက်သစ်ဖြစ်လာမဲ့ OPPO Reno16 Series ကို မကြာခင် မြန်မာနိုင်ငံဈေးကွက်အတွင်းသို့ မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။

ယခုတစ်ခါ OPPO Reno16 Series အတွက် လူငယ်တွေ နှစ်သက်သဘောကျပြီး ဂီတနယ်ပယ်မှာ ခေတ်ရှေ့ပြေးကာ အရည်အချင်းပြည့်ဝတဲ့ K-Pop Girl Group – BABYMONSTER ကိုလဲ Reno Ambassador အဖြစ် သက်ဆိုင်ရာနိုင်ငံအသီးသီးတွေအတွက် သီးခြားပူးပေါင်းလက်တွဲဆောင်ရွက်လိုက်ပြီဖြစ်ပါတယ်။

OPPO Reno16 Series 5G မှာဆိုရင် ခေတ်ရှေ့ပြေးပြီး ထူးခြားဆန်းသစ်တဲ့ 3D Pop Planet ဒီဇိုင်းနဲ့ ဖန်တီးပြုလုပ်လာပြီဖြစ်ပါတယ်။ ဒါတင်သာမက Celestial Elements တွေကို ခေတ်မီ Digital Technology နဲ့ ပြန်လည်ပေါင်းစပ်ဖန်တီးထားပြီး ယနေ့ခေတ် လူငယ်တွေရဲ့ ဖန်တီးနိုင်စွမ်းနဲ့ ကိုယ်ပိုင်စတိုင်ကို ပိုမိုထူးခြားစွာ ဖော်ပြနိုင်စေမဲ့ ဒီဇိုင်းအယူအဆ အသစ်တစ်ရပ်ကို ဖော်ဆောင်ထားပါတယ်။ ဒီအပြင် အမြဲတမ်း ခေတ်နဲ့ တစ်ပြေးညီ ဖြစ်နေတဲ့ AI Features တွေကလဲ OPPO Reno Series တွေရဲ့ ပုံရိပ်ကို အမြဲဖော်ဆောင်လေ့ရှိပါတယ်။

ကင်မရာအတွက်လဲ သုံးစွဲသူတွေကို ပိုသဘောနှစ်ခြိုက်လာစေမဲ့ OPPO Reno16 Series 5G မှာဆိုရင် Imaging Hardware ကို ပိုမိုမြင့်မားတဲ့ Level တစ်ခုအထိ Upgrade ပြုလုပ်ထားတာကြောင့် Photography နဲ့ Content Creation ကို အလေးထားတဲ့ လူငယ်တွေအတွက် နေ့စဉ်ဘဝရဲ့ အမှတ်တရတွေကို ပိုမိုလွယ်ကူစွာ ဖန်တီးနိုင်စေမှာ ဖြစ်ပါတယ်။

30/08/2026

Asia Pacific Real Estate Convention 2026 Myanmar အခမ်းအနားကျင်းပ
‎===========================

‎ရန်ကုန်၊ ဩဂုတ် ၃၀
‎ Upload
‎ #​MRESA



‎မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို) (MRESA) ဥက္ကဋ္ဌ ၏ ဦးဆောင်လမ်းညွှန်မှုဖြင့်
‎ Asia Pacific Real Estate Convention 2026 Myanmar အခမ်းအနားကို ဩဂုတ် ၂၈ ရက်တွင် ရန်ကုန်မြို့ရှိ Novotel Hotel ၌ ကျင်းပခဲ့သည်။



‎အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဌေးအောင်၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံခြားဧည့်သည်တော်များ၊ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) ဥက္ကဋ္ဌ နှင့်အလုပ်အမှုဆောင်များ ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ အိမ်ခြံမြေအသင်းသူအသားများ ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ
‎တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။


‎အခမ်းအနားတွင် ကမ္ဘာ့အိမ်ခြံမြေအဖွဲ့ချုပ် ဥက္ကဋ္ဌ Ms. Lily Chang က Video Clip ဖြင့် ကြိုဆိုဂုဏ်ပြုမိန့်ခွန်း ပြောကြားခဲ့ပြီး MRESA ဥက္ကဋ္ဌ ဒေါ်မို့မို့အောင်က အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ ထို့နောက် Thai FIABCI မှ Dr. Sopon Pornchokchai က ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။

‎Asia Pacific Real Estate Convention 2026 Myanmar တွင် Panel Discussion အစီအစဉ် လေးခုနှင့် Speaker ခုနစ်ဦး ပါဝင်ဆွေးနွေးမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ အိမ်ခြံမြေလုပ်ငန်းကဏ္ဍ၌ နိုင်ငံတော်က ချမှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် လိုက်နာရမည့်အချက်များကိုလည်း ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

MPT က ဝန်ထမ်းများ၏ ကျန်းမာကြံ့ခိုင်ရေး နှင့် ပိုမိုကောင်းမွန်သော လုပ်ငန်းခွင်ကိုမြှင့်တင်ရန် (၈) ကြိမ်မြောက် “TeamFit: U...
28/08/2026

MPT က ဝန်ထမ်းများ၏ ကျန်းမာကြံ့ခိုင်ရေး နှင့် ပိုမိုကောင်းမွန်သော လုပ်ငန်းခွင်ကိုမြှင့်တင်ရန် (၈) ကြိမ်မြောက် “TeamFit: Unite & Move” ယောဂကျန်းမာရေး လှုပ်ရှားမှုကို ဆက်လက်ဆောင်ရွက်

[ရန်ကုန်၊ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်] – MPT သည် ဝန်ထမ်းများ၏ ကျန်းမာကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်တစိုက် အလေးထားဆောင်ရွက်မှုနှင့်အညီ နိုင်ငံတစ်ဝန်းရှိ ဝန်ထမ်းများ ပူးပေါင်းပါဝင်သည့် (၈) ကြိမ်မြောက် "TeamFit: Unite & Move" ယောဂကျန်းမာရေးလှုပ်ရှားမှုကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအစီအစဉ်သည် ဝန်ထမ်းများအကြား ကျန်းမာသော လူနေမှုဘဝပုံစံ၊ စိတ်အေးချမ်းသာယာမှုနှင့် ကောင်းမွန်သော လုပ်ငန်းခွင်ယဉ်ကျေးမှုကို ဖော်ဆောင်ပေးနိုင်ခဲ့ပါသည်။
ယောဂကျန်းမာရေးလှုပ်ရှားမှုကဲ့သို့သော ပုံမှန်လှုပ်ရှားမှုများမှတစ်ဆင့် MPT သည် ဝန်ထမ်းများ စိတ်ဖိစီးမှုများကို လျှော့ချနိုင်ရန်၊ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်မှု တိုးတက်စေရန်၊ စိတ်ကြည်လင် လန်းဆန်းစေရန်နှင့် နေ့စဉ်လူနေမှုဘဝနှင့် လုပ်ငန်းခွင်အတွင်း အာရုံစူးစိုက်မှု ပိုမိုကောင်းမွန်လာစေမည်ဖြစ်ပါသည်။ အဆိုပါလှုပ်ရှားမှုတွင် ရန်ကုန်တိုင်းဒေသကြီးမှ ဝန်ထမ်း (၃၀) ကျော်က လူကိုယ်တိုင် ပါဝင်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ထမ်း (၂၀၀) ကျော်တို့က အွန်လိုင်းမှတစ်ဆင့် တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့ကြပါသည်။ အဆိုပါလှုပ်ရှားမှုသည် ဝန်ထမ်းများ၊ အထူးသဖြင့် လူငယ်ဝန်ထမ်းများအနေဖြင့် အလုပ်နှင့် မိမိတို့ကိုယ်ပိုင်ဘဝအကြား ဟန်ချက်ညီညီ ထိန်းသိမ်းကာ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အလေးထားနိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးလိုသည့် MPT ၏ စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုများကို ပေါ်လွင်စေပါသည်။

MPTJO ၏ လုပ်ငန်းလည်ပတ်ရေးဌာနကြီးမှ Mr. Hiroyuki OKAI က "ကျွန်တော်တို့ရဲ့ TeamFit အစီအစဉ်တွေမှာ လူကိုယ်တိုင်ရော အွန်လိုင်းကနေပါ တက်တက်ကြွကြွနဲ့ ဆက်လက်ပါဝင်ပေးကြတဲ့ ဝန်ထမ်းတစ်ဦးတစ်ယောက်ချင်းစီကို လှိုက်လှိုက်လှဲလှဲ အထူးကျေးဇူးတင်ရှိပါတယ်။ ကိုယ်ရော၊ စိတ်ပါ ကျန်းမာကြံ့ခိုင်မှုဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာတိုးတက်မှုနဲ့ လုပ်ငန်းခွင်ဆိုင်ရာအောင်မြင်မှုတွေအတွက် ခိုင်မာတဲ့ အခြေခံအုတ်မြစ်တစ်ခုဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေဟာ MPT ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တာကြောင့် ဝန်ထမ်းတွေရဲ့ ကျန်းမာကြံ့ခိုင်ရေးကို အဘက်ဘက်ကနေ အခုလိုပံ့ပိုးပေးနိုင်တာဟာ ဝန်ထမ်းတွေရဲ့ ကိုယ်ပိုင်ဘဝမှာရော လုပ်ငန်းခွင်မှာပါ ပိုမိုတက်ကြွတဲ့ စွမ်းအင်၊ အာရုံစူးစိုက်မှု၊ အပြုသဘောဆောင်တဲ့ စိတ်ဓာတ်တွေနဲ့ ရှေ့ဆက်သွားနိုင်ဖို့ အထောက်အကူဖြစ်စေမှာပါ" ဟု ပြောကြားခဲ့ပါသည်။
ပုံမှန်ဆောင်ရွက်နေသည့် ကျန်းမာရေး လှုပ်ရှားမှုအစီအစဉ်များသည် ဝန်ထမ်းများအား ပိုမိုတက်ကြွပြီး စိတ်အားထက်သန်ကာ ကြံ့ကြံ့ခံနိုင်သော ဝန်ထမ်းအင်အားကို မြှင့်တင်ရန် ကူညီပေးနိုင်ပါသည်။ MPT သည် “TeamFit: Unite & Move” အစီအစဉ်ကို စဉ်ဆက်မပြတ် ပြုလုပ်ပေးခြင်းဖြင့် ဝန်ထမ်းများအား ကျန်းမာကြံ့ခိုင်မှုကို နေ့စဉ်လူနေမှုဘဝပုံစံ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပုံမှန်ကျင့်သုံးလာစေရန် တိုက်တွန်းရင်း အသင်းအဖွဲ့စိတ်ဓာတ်၊ ချိတ်ဆက်မှုနှင့် အပြုသဘောဆောင်သော လုပ်ငန်းခွင်ယဉ်ကျေးမှုကို ပိုမိုခိုင်မာလာစေရန် ရည်ရွယ်ထားပါသည်။
စစ်မှန်သည့် ပြည်တွင်း အော်ပရေတာဖြစ်သော MPT သည် မြန်မာနိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအတွက် ယုံကြည်စိတ်ချရပြီး အရည်အသွေးမြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန် ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အပြင် လူမှုရေး၊ ကျန်းမာရေးနှင့် လူမှုအကျိုးပြုအစီအစဉ်များမှတစ်ဆင့် လူမှုအသိုက်အဝန်းနှင့် ဝန်ထမ်းများ၏ ကျန်းမာကြံ့ခိုင်ရေးကို ဆက်လက် ပံ့ပိုးကူညီ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
MPT ၏ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက တရားဝင်ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်သည့် အပြင် မိမိသိရှိလိုသည်များကို တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးမည့် တူတူ Chat ၊ MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

AIESEC in Myanmar က ကျင်းပပြုလုပ်တဲ့ “YouthSpeak Forum 2026 : Campus to Corporate” ပွဲမှာ လူငယ်တွေရဲ့ အသက်မွေးလမ်းကြောင်...
25/08/2026

AIESEC in Myanmar က ကျင်းပပြုလုပ်တဲ့ “YouthSpeak Forum 2026 : Campus to Corporate” ပွဲမှာ လူငယ်တွေရဲ့ အသက်မွေးလမ်းကြောင်းအတွက် ကူညီပံ့ပိုးပေးခဲ့တဲ့ OPPO Myanmar AED

ယခုပွဲမှာ OPPO Myanmar AED က National Event Partner အဖြစ် ပါဝင်ခဲ့ပါတယ်။

ဩဂုတ် ၂၅ ၊ ရန်ကုန် ။ ။ ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်း အမှတ်တံဆိပ် OPPO က နည်းပညာပိုင်းတွေမှာ ပိုမိုကောင်းမွန်တိုးတက်လာအောင် အစဉ်အဆက်ကြိုးပမ်းနေရုံသာမက ပိုပြီးကောင်းမွန်တဲ့ လူနေမှုဘဝတွေ ဖြစ်လာစေဖို့အတွက် အမှန်တကယ်ကြိုးစားနေတဲ့ လူငယ်အဖွဲ့အစည်းတွေနဲ့ လူထုအကျိုးပြုလုပ်ငန်းတွေမှာ ထိရောက်မှုရှိရှိ ကူညီပံ့ပိုးလျက်ရှိပါတယ်။

ယခုအခါမှာလဲ AIESEC in Myanmar က ကျင်းပပြုလုပ်တဲ့ “YouthSpeak Forum 2026 : Campus to Corporate” ပွဲမှာ လူငယ်တွေအနေနဲ့ ပညာရေးကနေ အလုပ်အကိုင်ဘက်ကို ကူးပြောင်းတဲ့အချိန်မှာ ကြုံတွေ့ရတတ်တဲ့ ကွာဟမှုတွေကို ဖြည့်ဆည်းပေးဖို့၊ အဆိုပါ ကွာဟချက်တွေကို ဖြည့်ဆည်းဖို့ နည်းပညာ နဲ့ AI ကို ထိထိရောက်ရောက် နည်းလမ်းမှန်မှန်နဲ့ အသုံးချနိုင်ဖို့နဲ့ အဆိုပါ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ် OPPO ရဲ့ ထုတ်ကုန်တွေက ကူညီထောက်ပံ့ပေးနိုင်ဖို့အတွက် OPPO Myanmar AED က “ National Event Partner ” အဖြစ် ပါဝင်အားဖြည့်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ ပွဲမှာ နယ်ပယ်မတူညီတဲ့ အသက်မွေးလမ်းကြောင်းအသီးသီးမှ နည်းပညာရှင်တွေက ၎င်းတို့ရဲ့ မတူညီတဲ့ အမြင်တွေ၊ အတွေ့အကြုံတွေနဲ့ အသက်မွေးလမ်းကြောင်းအသီးသီးအတွက် လိုအပ်တဲ့အရာတွေကို မျှဝေဖလှယ်ရင်း အပြန်အလှန် နားလည်မှုနဲ့ လေးစားမှုတွေ တိုးပွားလာစေမဲ့ အတွေ့အကြုံတွေကို မျှဝေပေးခဲ့သလို OPPO Myanmar AED က တာဝန်ရှိသူမှလဲ OPPO အနေနဲ့ လူငယ်တွေရဲ့ ပညာရေးကနေ အလုပ်အကိုင်ဘက်ကို ကူးပြောင်းတဲ့အချိန်မှာ ကြုံတွေ့ရတတ်တဲ့ ကွာဟချက်တွေကို နည်းပညာအားဖြင့် မည်သို့မည်ပုံ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း မျှဝေပေးခဲ့ပါတယ်။

ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ပညာရေး ဆက်လက်သင်ယူနိုင်စေရန် အက်တမ်(ATOM) မှ ‘Bright Futures’ ပညာ...
24/08/2026

ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ပညာရေး ဆက်လက်သင်ယူနိုင်စေရန် အက်တမ်(ATOM) မှ ‘Bright Futures’ ပညာသင်ဆုအစီအစဉ်အား မိတ်ဆက်
တက္ကသိုလ်ပညာရေး ဆက်လက်သင်ယူရန် ငွေကြေးဆိုင်ရာ အခက်အခဲ/လိုအပ်ချက် ရှိနေသည့် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး ထူးချွန် ကျောင်းသား၊ ကျောင်းသူများအတွက် အက်တမ်(ATOM) ၏ ‘Bright Futures’ ပညာသင်ဆုအစီအစဉ်ကို မိတ်ဆက်။
ရွေးချယ်ခံရသည့် ကျောင်းသား၊ ကျောင်းသူ (၁၀) ဦးသည် အောင်အောင်မြင်မြင်နှင့် ဆက်လက် ပညာသင်ကြားနိုင်ရေးအတွက် လစဉ် ထောက်ပံ့ကြေး၊ ကျောင်းလခနှင့် စာအုပ်စာတမ်း စရိတ်များ စသည့် ငွေကြေးပံ့ပိုးမှုများရရှိနိုင်။
ပညာရေးကဏ္ဍ မြှင့်တင်ရေး ကတိကဝတ်နှင့်အညီ အက်တမ်(ATOM) သည် မြန်မာနိုင်ငံ၏ အနာဂတ်မျိုးဆက်သစ် များအတွက် ပံ့ပိုးကူညီပေးလျက်ရှိပြီး ခိုင်မာအားကောင်း၍ အားလုံးပါဝင်နိုင်သော ပိုမိုကောင်းမွန်သည့် အနာဂတ်ဆီသို့ ရှေ့ရှုဆောင်ရွက်လျက်ရှိ။
ရန်ကုန်၊ မြန်မာ၊ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့။ ။ မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G ဝန်ဆောင်မှု ပေးအပ်နေသည့် အက်တမ်(ATOM) သည် ‘လူမှုဘဝနှင့် ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး’ CSR မဏ္ဍိုင်အောက်မှ ပညာရေးဆိုင်ရာ အစီအစဉ်သစ်တစ်ခုဖြစ်သည့် အက်တမ်(ATOM) ၏ ‘Bright Futures’ ပညာသင်ဆုအစီအစဉ်ကို ဂုဏ်ယူစွာ မိတ်ဆက်လိုက်သည်။ အဆိုပါ အစီအစဉ်သည် ငွေကြေးဆိုင်ရာ အခက်အခဲများရှိနေသည့် ထူးချွန်ထက်မြက်သော ၂၀၂၅-၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများအား တက္ကသိုလ်ပညာရေး ဆက်လက်သင်ယူ နိုင်ရန်နှင့် ပိုမိုကောင်းမွန်သော အနာဂတ်ကို တည်ဆောက်နိုင်ရန် ရည်ရွယ်ပံ့ပိုးပေးသွားမည် ဖြစ်သည်။
အက်တမ်(ATOM) ၏ ‘Bright Futures’ ပညာသင်ဆုအစီအစဉ်အတွက် လျှောက်လွှာများကို ၂၀၂၆ ခုနှစ် ဩဂုတ်လ (၁၄) ရက်မှ စက်တင်ဘာလ (၃၀) ရက်နေ့အထိ လက်ခံသွားမည်ဖြစ်သည်။ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ကျောင်းသား၊ ကျောင်းသူများသည် အက်တမ်(ATOM) ၏ Facebook, Website နှင့် LinkedIn တို့မှတစ်ဆင့် အလွယ်တကူ ရယူနိုင်သည့် ATOM’s "Bright Futures" Scholarship Program တရားဝင် လျှောက်လွှာပုံစံဖြင့် လျှောက်ထားနိုင်သည်။ လျှောက်ထားသူများထဲမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ (၁၀) ဦးအား ရွေးချယ်၍ စာသင်ကုန်ကျစရိတ်များအတွက် လစဉ်ထောက်ပံ့ကြေး မြန်မာကျပ်ငွေ (၃) သိန်း အပြင် ကျောင်းလခ၊ စာအုပ်စာတမ်းစရိတ်များအတွက် နှစ်စဉ်ထောက်ပံ့ကြေး မြန်မာကျပ်ငွေ (၅) သိန်း ပါဝင်သည့် ပညာသင်ဆုများကို ပေးအပ်သွားမည်ဖြစ်သည်။
“လူငယ်တိုင်းဟာ ဘယ်လိုပဲငွေကြေးအခက်အခဲတွေရှိနေပါစေ မိမိတို့ရဲ့ အိပ်မက်တွေကို အကောင်အထည် ဖော်ခွင့်နဲ့ ထိုက်တန်ပါတယ်” ဟု အက်တမ်(ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallah က ပြောကြားခဲ့သည်။ အက်တမ်(ATOM) ၏ 'Bright Futures' ပညာသင်ဆုအစီအစဉ်ကို မိတ်ဆက်ပေးလိုက်ခြင်းဟာ ပညာရေး အဟန့်အတားဖြစ်စေမှုကို ဖယ်ရှားပေးပြီး ရေရှည်တည်တံ့တဲ့ အသက်မွေးဝမ်းကျောင်း လမ်းကြောင်းတွေကို ပွင့်လင်းစေကာ လူငယ်တွေကို စွမ်းဆောင်ရည် မြှင့်တင်ပေးရန် ဆိုတဲ့ အက်တမ်(ATOM) ရဲ့ ကတိကဝတ်ကို ပိုမိုခိုင်မာစေပါတယ်။ ဒီနေ့မှာ လူငယ်တွေအတွက် ရင်းနှီးမြှုပ်နှံပေးခြင်းဖြင့် သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို ဖော်ထုတ်နိုင်ဖို့ ကူညီပေးရုံတင်မကဘဲ ပိုမိုအားကောင်းပြီး အားလုံးပါဝင်နိုင်တဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက်ပါ ရေရှည်တည်တံ့တဲ့ အကျိုးသက်ရောက်မှုတွေကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်” ဟု ဆက်လက်ပြောကြားခဲ့သည်။
ပညာသင်ဆု ရရှိသူများကို ငွေကြေးဆိုင်ရာ လိုအပ်ချက် အထောက်အထား၊ ထူးချွန်သည့် ပညာအရည်အချင်းနှင့် အရည်အချင်းစစ်ဆေးမှုဆိုင်ရာ လိုအပ်သော စာရွက်စာတမ်း အထောက်အထားများအပေါ် မူတည်၍ ပွင့်လင်း မြင်သာသော စိစစ်ရွေးချယ်မှု လုပ်ငန်းစဉ်ဖြင့် ရွေးချယ်သွားမည်ဖြစ်သည်။ အက်တမ်(ATOM) ၏ ‘Bright Futures’ ပညာသင်ဆု ရရှိသူများအနေဖြင့် စာသင်နှစ်တစ်လျှောက် ကောင်းမွန်သော လုပ်ဆောင်ချက်ရလဒ်များကို ထိန်းသိမ်းထားရန်၊ စာသင်နှစ်တစ်ခုစီကို အောင်မြင်စွာ ပြီးမြောက်ရန်နှင့် ပညာသင်ဆု၏ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်း များကို လိုက်နာရန် လိုအပ်မည်ဖြစ်သည်။ ရွေးချယ်ခံရသည့် ပညာသင်ဆု ရရှိသူများကို နိုဝင်ဘာလတွင် ရန်ကုန်မြို့ရှိ အက်တမ်(ATOM) ရုံးချုပ်၌ ကျင်းပမည့် ပညာသင်ဆု ပေးအပ်ပွဲ အခမ်းအနားတွင် တရားဝင် ကြေညာပေးသွားမည်ဖြစ်ပြီး အခမ်းအနားသို့ တက်ရောက်နိုင်ရန်အတွက် ခရီးစရိတ်များကိုလည်း အက်တမ်(ATOM) မှ ပံ့ပိုးပေးသွားမည်ဖြစ်သည်။
အက်တမ်(ATOM) ၏ ကော်ပိုရိတ်ရေးရာအရာရှိချုပ် ဦးသိန်းဟုတ် ကလည်း “ကျွန်တော်တို့ရဲ့ ‘လူမှုဘဝနှင့် ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး’ CSR မဏ္ဍိုင် ကနေတစ်ဆင့် အက်တမ်(ATOM) ဟာ လူမှုအသိုင်းအဝိုင်းအတွက် အခွင့်အလမ်းကောင်းတွေကို အစဉ်အမြဲ ဖန်တီးပေးနိုင်ဖို့ ကြိုးပမ်းလျက်ရှိပါတယ်။ အက်တမ်(ATOM) ၏ 'Bright Futures' ပညာသင်ဆုအစီအစဉ်ဟာ လာမယ့်မနက်ဖြန်တွေရဲ့ ခေါင်းဆောင်မှု အခန်းကဏ္ဍတွေမှာ တာဝန်ထမ်းဆောင်ကြမယ့် မြန်မာလူငယ်တွေနဲ့အတူ အမြဲတမ်း အတူတကွ ရပ်တည်သွားမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရေရှည်ကတိက ဝတ်ကို ဖော်ပြနေတာပဲဖြစ်ပါတယ်။ ဒါ့အပြင် တန်းတူညီမျှရှိမှုကို မြှင့်တင်ရေး၊ အခွင့်အလမ်းရရှိမှု တိုးချဲ့ရေးနဲ့ လူငယ်တွေရဲ့ အနာဂတ်အတွက် ရေရှည်တည်တံ့တဲ့ လမ်းကြောင်းတွေကို တည်ဆောက်နိုင်အောင် စွမ်းဆောင်ပေးရေး စတဲ့ ကျွန်တော်တို့ရဲ့ လူမှုအသိုင်းအဝိုင်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကတိကဝတ်ကိုလည်း မီးမောင်းထိုးပြနေပါတယ်” ဟု ပြောကြားခဲ့သည်။
အက်တမ်(ATOM) ၏ ‘Bright Futures’ ပညာသင်ဆုအစီအစဉ်မှတစ်ဆင့် ပညာရေးကဏ္ဍ မြှင့်တင်ရန်နှင့် မြန်မာလူငယ်များကို စွမ်းဆောင်ရည်မြှင့်တင်ပေးရန် ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့ခြင်း ဖြစ်သည်။ ငွေကြေးဆိုင်ရာ အခက်အခဲနှင့် ရင်ဆိုင်နေရသည့် စွမ်းရည်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ အတွက် ရင်းနှီးမြှုပ်နှံခြင်းဖြင့် အက်တမ်(ATOM) သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူမှုအသိုင်းအဝိုင်း များအတွက် ပိုမိုတောက်ပပြီး အားလုံးပါဝင်နိုင်သော အနာဂတ်တစ်ခု တည်ဆောက်ရေး အခွင့်အလမ်းများကို ဆက်လက် ဖန်တီးပေးလျက်ရှိသည်။

ရန်ကုန် Swish အားကစားပြိုင်ပွဲမှာ အားကစားသမားတွေနည်းတူ အမြင့်ဆုံး Durability စွမ်းဆောင်ရည် ပါရှိတဲ့ OPPO A6s Pro နဲ့အတူ ...
19/08/2026

ရန်ကုန် Swish အားကစားပြိုင်ပွဲမှာ အားကစားသမားတွေနည်းတူ အမြင့်ဆုံး Durability စွမ်းဆောင်ရည် ပါရှိတဲ့ OPPO A6s Pro နဲ့အတူ ပူး‌ပေါင်းပါဝင်ခဲ့တဲ့ OPPO Myanmar AED

ဩဂုတ် ၁၉ ၊ ရန်ကုန် ။ ။ ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ် OPPO က ဩဂုတ် ၁၅ နဲ့ ဩဂုတ် ၁၆ ရက်နေ့တွေက ရန်ကုန်မြို့ရှိ Junction Square Outdoor Area မှာ ပြုလုပ်ကျင်းပခဲ့တဲ့ ရန်ကုန် Swish အားကစားပြိုင်ပွဲမှာ Title Sponsor အနေနဲ့ ပါဝင်ကူညီပေးခဲ့ပါတယ်။ အဆိုပါ ပွဲတော်မှာ OPPO Myanmar AED အနေနဲ့ လူငယ်တွေ သဘောကျ နှစ်သက်နိုင်မဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းအစီအစဉ်တွေကို ထည့်သွင်းကာ လူငယ်တွေ စိတ်ဝင်စားမဲ့ အစီအစဉ်တွေနဲ့အတူ ပျော်ရွှင်စွာကျင်းပပြုလုပ်ပေးခဲ့ပါတယ်။

ဂိမ်းအစီအစဉ်တွေအနေနဲ့ လူငယ်တွေ ရင်ခုန်စိတ်လှုပ်ရှားစေမဲ့အစီအစဉ်တွေကို ဖန်တီးထားပြီး ပထမအစီအစဉ်အနေနဲ့ အမှတ်တရတိုင်းကို အကောင်းဆုံး ပုံဖော်မှတ်တမ်းတင်နိုင်မဲ့အပြင် အစွမ်းထက်ဆုံး 100-degree မြင်ကွင်းကျယ်နှင့် ဈေးတန်းတူ စမတ်ဖုန်းတွေအကြား မြင်ကွင်းအကျယ်ဆုံး တစ်ခုတည်းသော 0.6x Ultra Wide Selfie Camera နဲ့အတူ ဓာတ်ပုံရိုက်ကူးနိုင်အောင် စီစဉ်ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒုတိယအစီအစဉ်အနေနဲ့ OPPO Myanmar AED ဘက်က စီစဉ်ထားတဲ့ အသေးစားရေကန်ထဲ OPPO A6s Pro ဖုန်းကို ပစ်ထည့်ကာ ထိပ်တန်းအဆင့်ရှိ IP69K Dust & Water Resistance ဖြင့် ရေ၊ ဖုန်ကာကွယ်မှုကို စမ်းသပ်ခံစားနိုင်အောင် စီစဉ်ထားတာဖြစ်ပါတယ်။ တတိယအစီအစဉ်အနေနဲ့ OPPO A6s Pro ရဲ့ ထိပ်တန်းအကြမ်းခံနိုင်မှုစွမ်းရည် Military-grade Shock Resistance ကို စမ်းသပ်နိုင်စေရန် ဘတ်စ်ကတ်ဘော ဂိုးတိုင်တွေမှာ OPPO A6s Pro ဖုန်းကို ကပ်ထားမှာဖြစ်ပြီး ပါဝင်သူတွေအနေနဲ့ အဆိုပါ ဂိုးတိုင်ထဲကို ဂိုး (၃) ဂိုးဝင်အောင် ပစ်သွင်းယူရမှာဖြစ်ပါတယ်။ အခုလို ရင်ခုန်စိတ်လှုပ်ရှားဖွယ် အစီအစဉ်တွေနဲ့အတူ ရန်ကုန် Swish အားကစားပြိုင်ပွဲမှာ OPPO Myanmar AED က ပါဝင်ထားသလို လာရောက်ကြည့်ရှုသူ ပရိသတ်တွေပျော်ရွှင်စေနိုင်ဖို့အတွက် တခြားသော ဓာတ်ပုံရိုက်စရာ နေရာအလှတွေနဲ့ အတူ ထပ်မံ အားစိုက်ဖန်တီးထားတာကြောင့် လူငယ်တွေ၊ လာရောက်ကြည့်ရှုသူတွေအကြား အတော်လေး ရေပန်းစားခဲ့တာဖြစ်ပါတယ်။

OPPO Myanmar AED အနေနဲ့ လူငယ်တွေရဲ့ အိပ်မက်တွေ၊ စိတ်အားထက်သန်မှုတွေကို အမြဲတမ်း အားပေးကူညီလျက်ရှိပြီး ခေတ်မီဆန်းသစ်တဲ့ နည်းပညာတွေနဲ့အတူ လူငယ်တိုင်းရဲ့ စိန်ခေါ်မှုမှန်သမျှမှာ ခိုင်မာတဲ့ အဖော်မွန်အဖြစ် ရပ်တည်သွားမှာဖြစ်ပါတယ်။ ရှေ့လျှောက်မှာလဲ ပိုမိုကောင်းမွန်တဲ့ လူနေမှုဘဝနဲ့ ပျော်ရွှင်ဖွယ်ရာ အတွေ့အကြုံကောင်းတွေကို ဖန်တီးပေးနိုင်ဖို့အတွက် အကောင်းဆုံးသော နည်းပညာ ထုတ်ကုန်တွေ၊ အဓိပ္ပာယ်ရှိတဲ့ အစီအစဉ်တွေနဲ့အတူ လူငယ်တွေနဲ့ထပ်တူ အမြဲရှိနေမှာဖြစ်ပါတယ်။

#အချိန်ကြာကြာကြမ်းကြမ်းသုံးPowerfulAIဖုန်း

သတင်းထုတ်ပြန်ချက်ထိုင်းနိုင်ငံမှ မြန်မာလုပ်သားများအနေဖြင့် TrueMoney Wallet ကိုအသုံးပြုပြီး မြန်မာနိုင်ငံမှမိသားစုဝင်မျာ...
19/08/2026

သတင်းထုတ်ပြန်ချက်

ထိုင်းနိုင်ငံမှ မြန်မာလုပ်သားများအနေဖြင့် TrueMoney Wallet ကိုအသုံးပြုပြီး မြန်မာနိုင်ငံမှမိသားစုဝင်များထံ ပိုမိုလုံခြုံပြီး သက်သာလျင်မြန်စွာ ငွေလွှဲနိုင်ပြီ

ရန်ကုန်၊ မြန်မာ၊ ဩဂုတ်လ ၁၈ ရက်၊ ၂၀၂၆။ ။ ထိုင်းနိုင်ငံတွင်အလုပ်လုပ်ကိုင်လျက်ရှိသော သန်းနှင့်ချီသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် မိမိတို့ လုပ်အားခဝင်ငွေများကို မြန်မာနိုင်ငံမှ မိသားစုဝင်များနှင့် ချစ်ခင်ရသူများထံ သို့ လွယ်ကူမြန်ဆန်လုံခြုံပြီး ကုန်ကျစရိတ် သက်သာစွာ ငွေလွှဲနိုင်မည့် နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှုကို TrueMoney နှင့် KBZPay တို့ပူးပေါင်း၍ စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါသည်။ ဤဝန်ဆောင်မှုမှတစ်ဆင့် သုံးစွဲသူများသည် ထိုင်းနိုင်ငံရှိ TrueMoney Wallet မှ မြန်မာနိုင်ငံရှိ KBZPay အကောင့်များ သို့မဟုတ် KBZ Bank အကောင့်များသို့ တိုက်ရိုက်ငွေလွှဲနိုင်မည်ဖြစ်ပါသည်။ ဤပူးပေါင်းဆောင်ရွက်မှုသည် လက်ခံသူများထံသို့ ငွေကြေးများကို လုံခြုံစွာ၊ အဆင်ပြေစွာနှင့် အချိန်နှင့်တစ်ပြေးညီ ရောက်ရှိစေရန် ရည်ရွယ်ထားပါသည်။ အဆိုပါ ငွေလွှဲဝန်ဆောင်မှုကို အရှေ့တောင်အာရှ၏ ထိပ်တန်း Fin-Tech ဒစ်ဂျစ်တယ်ငွေပေးချေမှု ပလက်ဖောင်းတစ်ခုဖြစ်သည့် TrueMoney နှင့် မြန်မာနိုင်ငံမှ အသုံးအများဆုံး mobile wallet ဖြစ်သည့် KBZPay နှင့် ပူးပေါင်းကာ ဆောင်ရွက်ထားခြင်းဖြစ်ပြီး ထိုင်းမှမြန်မာသို့ ငွှေလွှဲပြောင်းမှုများကို ပိုမိုလုံခြုံစိတ်ချရပြီး၊ လွယ်ကူမြန်ဆန်ကာ အဆင်ပြေစေရန် ရည်ရွယ်ထားသည်။

မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် အလွတ်သဘောငွေလွှဲလမ်းကြောင်းများကို အသုံးပြုရာတွင် ငွေလွှဲခမြင့်မားခြင်း၊ ငွေကြေးဆိုင်ရာ အန္တရာယ်များနှင့် ငွေလွှဲရာတွင် ကြန့်ကြာမှုများကို ရင်ဆိုင်ကြရလေ့ရှိပါသည်။ ၎င်းတို့၏ ငွေလွှဲပို့မှုတိုင်းသည် မိသားစုများ၏ နေ့စဉ်စားဝတ်နေရေး၊ ပညာရေးနှင့် ကျန်းမာရေးစရိတ်များအတွက် တိုက်ရိုက်အထောက်အကူပြုနေသည့်အတွက် လုံခြုံစိတ်ချရသော တရားဝင်ငွေလွှဲလမ်းကြောင်းရှိခြင်းက အလွန်အရေးပါလာခဲ့သည်။

၂၀၂၅ ခုနှစ်အတွင်း နိုင်ငံအသီးသီးရှိ မြန်မာရွှေ့ပြောင်းလုပ်သားများမှ လွှဲပြောင်းခဲ့သော ငွေပမာဏသည် အမေရိကန်ဒေါ်လာ ၅.၆ ဘီလီယံအထိ ရှိခဲ့ပြီး၊ ၂၀၂၃ ခုနှစ်၏ ၃.၅ ဘီလီယံဒေါ်လာထက် သိသိသာသာ တိုးတက်လာခဲ့ခြင်းဖြစ်သည်။ ယင်းပမာဏသည် မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ၄ ရာခိုင်နှုန်းခန့်နှင့် ညီမျှကာ ရွှေ့ပြောင်းလုပ်သားများ၏ ငွေလွှဲပို့မှုသည် မိသားစုများ၏ စားဝတ်နေရေးကို အထောက်အပံ့ပေးရုံသာမက နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အရေးပါသော မောင်းနှင်အား တစ်ရပ်ဖြစ်ကြောင်း ဖော်ပြနေသည်။ ထို့ကြောင့် ယုံကြည်စိတ်ချရသော တရားဝင်ငွေလွှဲဝန်ဆောင်မှုများ ပိုမိုအသုံးပြုလာနိုင်ခြင်းသည် ငွေလွှဲပို့သူနှင့် လက်ခံသူ နှစ်ဖက်စလုံးအတွက် ငွေကြေးဆုံးရှုံးမှုအန္တရာယ်များကို လျှော့ချကာကွယ်ပေးကာ ယုံကြည်စိတ်ချရသော ငွေလွှဲပြောင်းမှုကို ရရှိနိုင်သကဲ့သို့ လူမှုအသိုက်အဝန်းများ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အရေးပါသော အခန်းကဏ္ဍမှ ပံ့ပိုးပေးလျက်ရှိသည်။

TrueMoney President ဖြစ်သူ Mr. Tanyapong Thamavaranukupt မှ “TrueMoney ရဲ့ ရည်မှန်းချက်ကတော့ လူတိုင်းအတွက် လုံခြုံစိတ်ချရပြီး လက်လှမ်းမီနိုင်တဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုတွေကို ဖန်တီးပေးဖို့ ဖြစ်ပါတယ်။ KBZPay ရဲ့ ခိုင်မာတဲ့ ဝန်ဆောင်မှုကွန်ရက်တို့နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တာဟာ နိုင်ငံရပ်ခြားမှာရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားသန်းပေါင်းများစွာအတွက် နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုတွေကို အလွယ်ကူအဆင်ပြေဆုံး ဖြစ်အောင် ဖန်တီးပေးဖို့ဆိုတဲ့ ကျွန်တော်တို့ရဲ့ကတိကဝတ်ကို ပြလိုက်တာလည်းဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။

TrueMoney Myanmar ၏ Country Managing Director ဖြစ်သူ ဦးထွန်းထွန်းလင်း မှ “နိုင်ငံရပ်ခြားမှာရှိတဲ့ မြန်မာပြည်သူတွေ အထူးသဖြင့် ရွှေ့ပြောင်းလုပ်သားတွေအတွက် ငွေလွှဲပို့မှုဆိုတာ မိသားစုတွေနဲ့ ချိတ်ဆက်ပေးတဲ့ အရေးကြီးတဲ့ ပေါင်းကူးတံတားတစ်ခု ဖြစ်ပါတယ်။ TrueMoney က လက်ရှိမှာ ထိုင်းနိုင်ငံတစ်ဝန်း အသုံးပြုသူ သန်း ၃၀ ကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိပြီး မြန်မာနိုင်ငံတစ်ဝန်းမှာလည်း အေးဂျင့် ၃၀,၀၀၀ ကျော်နဲ့ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ အလားတူ KBZPay ကလည်း မြန်မာနိုင်ငံမှာ အသုံးပြုသူအများဆုံး မိုဘိုင်းငွေပေးချေမှုဝန်ဆောင်မှုတွေထဲက တစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိတာကြောင့် အခုလိုပူးပေါင်းဆောင်ရွက်မှုကနေ ထိုင်းမှာရှိတဲ့မြန်မာလုပ်သားတွေအနေနဲ့ TrueMoney Wallet ကိုသုံးပြီး မြန်မာနိုင်ငံမှာရှိတဲ့ မိသားစုဝင်တွေက KBZPay ကနေပဲဖြစ်ဖြစ်၊ KBZ ဘဏ်မှာပဲဖြစ်ဖြစ် ရယူလိုက်ရုံပဲဖြစ်တဲ့အတွက် တကယ်ကို လွယ်လွယ်ကူကူနဲ့ လျင်မြန်စိတ်ချစွာ ငွှေလွှဲလို့ရသွားပြီ ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။

ထို့အပြင် ထိုင်းနိုင်ငံတစ်ဝန်းရှိ 7-Eleven ဆိုင်ပေါင်း (၁၄,၀၀၀) ကျော်တွင်လည်း ငွေလွှဲပို့လိုသူများအနေဖြင့် ၂၄ နာရီ၊ ၇ ရက်ပတ်လုံး အချိန်မရွေး ငွေဖြည့်ဝန်ဆောင်မှုကို လွယ်ကူအဆင်ပြေစွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။

ကမ္ဘောဇဘဏ်၏ Chief Executive Officer ဖြစ်သူ ဦးဇော်လင်းအောင် မှ “KBZ ဘဏ်အနေနဲ့ ထိုင်းနိုင်ငံက TrueMoney နဲ့ အခုလို ပူးပေါင်းဆောင်ရွက်ရတဲ့အတွက် အထူးဝမ်းမြောက်မိပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုက ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံအကြား ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှု ချိတ်ဆက်မှုကို ပိုမိုခိုင်မာစေမယ့် အရေးကြီးတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး ကမ္ဘောဇဘဏ်အနေနဲ့ မြန်မာနိုင်ငံသားများ၊ အထူးသဖြင့် ရွှေ့ပြောင်းလုပ်သားများနဲ့ သူတို့ရဲ့မိသားစုများရဲ့ နေ့စဉ်ဘဝလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ လုံခြုံစိတ်ချရပြီး လွယ်ကူအဆင်ပြေတဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုများ ထိထိရောက်ရောက် ပံ့ပိုးပေးသွားနိုင်မှာ ဖြစ်ပါတယ်။ ဒီကနေတစ်ဆင့် မိသားစုများအကြား လူတိုင်းရာနှုန်းပြည့်ပါဝင်နိုင်တဲ့ ဘဏ္ဍာရေးစနစ် (100% financial inclusion) ကို မြှင့်တင်ဖို့နဲ့ ဒေသတွင်း ငွေပေးချေမှုဆိုင်ရာ ချိတ်ဆက်မှုများ ပိုမိုတိုးတက်စေဖို့ အရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။

TrueMoney သည် မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် လုံခြုံစိတ်ချရပြီး အသုံးပြုရလွယ်ကူသော ဒစ်ဂျစ်တယ်ငွေလွှဲနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုများကို ပိုမိုကျယ်ပြန့်စွာ ရရှိနိုင်စေရန် ၎င်း၏ နိုင်ငံတကာဝန်ဆောင်မှု တိုးချဲ့ရေးမဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာရွှေ့ပြောင်းလုပ်သားများ အများအပြား နေထိုင်အလုပ်လုပ်ကိုင်လျက်ရှိသော မလေးရှား၊ ဂျပန်၊ ကိုရီးယားနိုင်ငံများအပါအဝင် အခြားနိုင်ငံများတွင်လည်း ယုံကြည်စိတ်ချရသော ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

MPT က ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးကြုံတွေ့ခံစားနေရသည့် ဒေသခံပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများနှ...
17/08/2026

MPT က ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးကြုံတွေ့ခံစားနေရသည့် ဒေသခံပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို ဆက်လက်ပံ့ပိုးပေးအပ်

[ရန်ကုန်၊ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၇) ရက်] – MPT သည် ဧရာဝတီတိုင်းဒေသကြီး၊ ငဝန်မြစ်ဝှမ်းတစ်လျှောက် မကြာသေးမီက ဖြစ်ပေါ်ခဲ့သော ငဝန်တာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်ခြင်းများကြောင့် ထိခိုက်ခံစားခဲ့ရသည့် ဒေသခံပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီများနှင့် အရေးပေါ် ဆက်သွယ်ရေးဝန်ဆောင်မှု ဖြေရှင်းချက်များကို အမြန်ဆုံးပံ့ပိုး ပေးခဲ့ပါသည်။ ရေစီးကြောင်းများ အောက်ဘက်ပိုင်းသို့ ဆင်းသက်လာသည်နှင့်အမျှ MPT သည် နေရပ်စွန့်ခွာရသည့် မိသားစု များထံသို့ မရှိမဖြစ်လိုအပ်သော ထောက်ပံ့ရေးပစ္စည်းများကို တိုက်ရိုက်ပေးအပ်နိုင်ရန် အတွက်ဆက်လက် ဆောင်ရွက် ခဲ့ပါသည်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နှင့် ၁၅ ရက် တွင် MPT သည် အိမ်ထောင်စုပေါင်း ၃၀၀ ကျော်အတွက် အခြေခံ စားသောက်ကုန်များ၊ အဝတ်အထည်များ၊ ဆေးဝါးများနှင့် အခြားသောလိုအပ်သည့် အသုံးအဆောင်ပစ္စည်းများကို ဖြန့်ဝေပေးအပ်ခဲ့ပါသည်။ အချိန်နှင့်တစ်ပြေးညီ တိုက်ရိုက်ပံ့ပိုးကူညီမှုများ ရရှိစေရန်အတွက် MPT ဝန်ထမ်းများသည် ငသိုင်းချောင်းမြို့ရှိ ရေတံခွန်ဘုန်းတော်ကြီးကျောင်း ရေဘေးရှောင်စခန်းနှင့် လေးမျက်နှာမြို့နယ် ပြန်လည်ထူထောင်ရေး အဖွဲ့များသို့ ကိုယ်တိုင်သွားရောက်ကာ ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့ပါသည်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများနှင့်အတူ MPT သည် ဒေသတွင်း ဆက်သွယ်ရေး လိုအပ်ချက်များကို ပံ့ပိုးပေးနိုင်ရန်အတွက် အရေးပါသော နည်းပညာပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံများကိုလည်း စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။ အရေးပေါ်ကယ်ဆယ်ရေးလုပ်ဆောင်သူများနှင့် ဒေသခံပြည်သူများအကြား ချိတ်ဆက်မှုများ ပြတ်တောက်မှုမရှိစေရန်အတွက် MPT က B2B ဂြိုဟ်တုအင်တာနက်စက် (B2B Satellite Terminals) (၂) ခုနှင့် ရွှေ့ပြောင်းသယ်ဆောင်နိုင်သော မိုဘိုင်းအခြေစိုက်စခန်း (Cell on Wheels - COW) တစ်ခုတို့ကို ဩဂုတ်လ (၅) ရက်နေ့တွင် တပ်ဆင်လည်ပတ် ပေးခဲ့ပါသည်။ ထို့အပြင် ယခုလို အခက်အခဲကာလအတွင်း အဆင်ပြေချောမွေ့စွာ ဆက်သွယ် နိုင်စေရန်အတွက် ရေဘေးသင့် ဒေသများရှိ သုံးစွဲသူများအား ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ အင်တာနက်ဒေတာ၊ ဖုန်းခေါ်ဆိုမှုနှင့် စာတို(SMS) ပေးပို့ခြင်း ဝန်ဆောင်မှုများကိုလည်း အခမဲ့အသုံးပြုနိုင်ရန် ပေးအပ်ခဲ့ပါသည်။
MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်ရေးဌာနမှ အရာရှိချုပ် ဖြစ်သူ ဦးရဲမင်းဦးက - "ဒီလို သဘာဝဘေးအန္တရာယ် အခက်အခဲတွေကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ ဧရာဝတီတိုင်းဒေသကြီးက ပြည်သူတွေအတွက် ကျွန်တော်တို့ အထူးပဲ စိတ်မကောင်းဖြစ်ရပါတယ်။ ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်အဖွဲ့အစည်းတစ်ခုအနေနဲ့ ကျွန်တော်တို့ရဲ့ အဓိက ဦးစားပေးလုပ်ငန်းစဉ်ကတော့ အလိုအပ်ဆုံးနေရာတွေဆီကို မရှိမဖြစ်လိုအပ်တဲ့အထောက်အပံ့ပစ္စည်းတွေနဲ့ ခိုင်မာအားကောင်းတဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို ပံ့ပိုးပေးဖို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အဓိက ကတိကဝတ် ဖြစ်တဲ့ 'အတူလက်တွဲအမြဲရှိမည် MPT' ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ မြန်မာပြည်သူပြည်သားတွေနဲ့အတူ ဘယ်လို အခြေအနေ မျိုးမှာမဆို ရင်ပေါင်တန်းပြီး အမြဲရပ်တည်ပေးသွားဖို့ အပြည့်အဝ သန္နိဋ္ဌာန်ချထားပါတယ်" ဟု ပြောကြားခဲ့ ပါသည်။
MPT သည် ၎င်း၏ လုပ်ငန်းလည်ပတ်ရာ ဒေသအားလုံးတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ အပြည့်အဝ တည်ငြိမ်မှုရှိစေရန် ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ MPT ၏ လူမှုအကျိုးပြုလုပ်ငန်းများနှင့် ဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက MPT ၏ တရားဝင် ဝဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့ ဝင်ရောက်ကြည့်ရှုနိုင်ပြီး၊ MPT4U App၊ Viber နှင့် တရားဝင် ဝဘ်စာမျက်နှာတို့ရှိ MPT Chatbot များမှတစ်ဆင့်လည်းကောင်း၊ ၁၀၆ Call Center သို့ ခေါ်ဆို၍လည်းကောင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Address


Telephone

+959965819964

Website

Alerts

Be the first to know and let us send you an email when News Upload Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to News Upload Media:

Shortcuts

  • Want your business to be the top-listed Media Company?

Share