Liam’s Channel

  • Home
  • Liam’s Channel

Liam’s Channel စားမယ်၊သွားမယ်၊တွေးမယ်��

ဒီလိုပါဘဲ ဘဝကြီးက 😂😂
27/08/2024

ဒီလိုပါဘဲ ဘဝကြီးက 😂😂

မြို့ပြမှာနေရင်း မွန်းကျပ်လာရင်လူတွေကိုမကြည့်နဲ့ ကောင်းကင်ကြီးကိုမော့ကြည့်လိုက်😇
25/08/2024

မြို့ပြမှာနေရင်း မွန်းကျပ်လာရင်
လူတွေကိုမကြည့်နဲ့ ကောင်းကင်ကြီးကိုမော့ကြည့်လိုက်😇

ကိုယ့်နိုင်ငံလေးကိုလဲ အခုလိုမျိုး သာယာတိုးတက်စေချင်တယ်🌱
15/08/2024

ကိုယ့်နိုင်ငံလေးကိုလဲ
အခုလိုမျိုး သာယာတိုးတက်စေချင်တယ်🌱

I will comeback with my best version one day.
02/08/2024

I will comeback with my best version one day.

Tourist Visa ၁ လ သက်တမ်းတိုးနည်းTR Visa နဲ့ မြန်မာကနေထွက်လာတာဘဲဖြစ်ဖြစ်TR Visa ကို တခြားနိုင်ငံထွက်ယူပြီးထိုင်းကိုပြန်လာ...
31/07/2024

Tourist Visa ၁ လ သက်တမ်းတိုးနည်း

TR Visa နဲ့ မြန်မာကနေထွက်လာတာဘဲဖြစ်ဖြစ်
TR Visa ကို တခြားနိုင်ငံထွက်ယူပြီး
ထိုင်းကိုပြန်လာတဲ့သူဘဲဖြစ်ဖြစ်

ရက် 30 သက်တမ်းတိုးဖို့အတွက်
ဘာတွေလိုအပ်တာလဲ / ဘယ်လိုလုပ်ရတာလဲဆိုတာ ကျွန်တော် သိသလောက်ပြောပြပေးပါမယ်

TR visaသက်တမ်းကုန်ခါနီးမှ သွားတိုးလဲရပြီး
မကုန်ခင်ကြိုပြီးသွားလဲ သွားလို့ ရပါတယ်။
(💢တခုရှိတာက အရမ်းရက်စောပြီးတော့
မသွားပါနဲ့ ပြန်လွတ်တက်လို့ပါ💢)

Visaကုန်တဲ့ရက်ကနေစပြီး
ရက် 30ထပ် ပေါင်းပေးတာပါ

TR Visa Extension အတွက်
ဘာတွေလိုအပ်လဲဆိုတော့

- Passport မူရင်း
- Passport မိတ္တူ
- Visa စာမျက်နှာ မိတ္တူ (နောက်ဆုံးအဝင်တုံးထုထားတဲ့ စာမျက်နှာ မိတ္တူ)
- Passport (4 x 6 cm ) ဓါတ်ပုံတပုံ(အဖြူနောက်ခံ)
- TM 30(ငှါးတဲ့ တိုက် /အိမ်ရှင်ဆီက တောင်းပါ)
- Visa Fees 1900 Baht ဆောင်သွားပါ

💢တကယ်လို့ မိတ္တူကူးတာဖြစ်ဖြစ်/
ဓါတ်ပုံမပါတာဖြစ်ဖြစ် မေ့ခဲ့ရင်လဲ
အဲ့ထဲမှာ ဆိုင်လေးတွေရှိပါတယ်💢

ကျွန်တော်ကတော့ ဘန်ကောက်မြို့မှာဆိုတော့
Government Complex ရုံးမှာ သွားတိုးပါတယ်။

Visaသက်တမ်း သွားတိုးတော့မယ်ဆိုရင်

➡️Gate 2 တံခါး‌‌ ပေါက်ကနေဝင်သွားရင်
security gate မှာ passport ပြပြီး ဝင်သွားပါ။

➡️Immigration Division 1ဆိုတဲ့ အပြာရောင်ဆိုင်းဘုတ်ရှိတဲ့နေရာကနေ ဝင်သွားပါ

➡️အထဲဝင်ပြီးတာနဲ့ပထမဆုံး ကောင်တာမှာ
passport ပြပြီး TM 7 form တောင်းပါ။

➡️ယူပြီးရင် အပြင်မှာ ဖောင်ဖြည့်ပြီးပါလာတဲ့
ဓါတ်ပုံကိုကပ်ခဲ့ပါ ဖြည့်တဲ့နေရာတွေမှာ
ကော်ဘူးရှိပါတယ်(ဘောပင်ယူသွားပါ)

➡️အပြင်မှာ TM 7 form ဖြည့်ပြီးသွားရင်
Division 1 ထဲကို ပြန်ဝင်ပါ။

➡️Information ကောင်တာကို ကျော်ဝင်ပြီးတော့ Queue Ticket ပေးတဲ့ ကောင်တာစီမှာ တိုကင်ယူခဲ့ပါ
(Ticket မှာ ဘယ်ကောင်တာကို
သွားရမယ်ဆိုတာပါပါတယ် eg. J 051 )

➡️Ticketရတာနဲ့ ထိုင်စောင့်မနေပါနဲ့
document check ဆိုတဲ့ စာရွက်စာတမ်းစစ်တဲ့
နေရာမှာ တန်းစီပြီး တံစိပ်တုံးထုတာလုပ်ပါ။

➡️ပြီးရင်တော့ ကိုယ့်နံပါတ်ရောက်တာကို
ပိုက်ဆံကိုင်ပြီးစောင့်နေရုံပါဘဲ။

➡️ကိုယ့် ticketရောက်လို့ အထဲဝင်ပြီး
ပိုက်ဆံပေးပြီးရင် ticketကိုပြန်ယူလာပြီး
အရှေ့မှာစောင့်နေပေးပါ passport ပြန်လာပေးမှာပါ

➡️Visaတိုးပေးတာကို သေချာပြန်စစ်ပြီးရင်တော့
ပြန်လို့ရပါပြီဗျာ✌🏻

တခြားသိချင်တာရှိရင်လဲ လာမေးလို့ပါတယ်ဗျာ😇

30/07/2024

ဘန်ကောက်မြို့ထဲမှာ နေ့ချင်းပြန်သွားလို့ရတဲ့
အိုအေစစ်နေရာလေးတခုပေါ့🤓

ကျွန်တော်ကတော့ သံရုံးကိုမနက်အစော
ထောက်ခံစာသွားယူရင်း ပိုနေတဲ့အချိန်ကို
Bang Kachaoဘက်ကို သွားဖြစ်ခဲ့တယ်
သံရုံးကနေ ဆိုင်ကယ်စီးရင် ၄၀-၅၀ဝန်းကျင်ဘဲကျတယ်

ရေဘူး/အအေးနဲ့ စားစရာလေးတွေ
တခါတည်းယူသွားပြီး
တနေကုန်နေရင်တောင် တန်တယ်ဗျာ

ကျွန်တော်တို့ ဝင်စားခဲ့တဲ့ ဆိုင်လေးလဲ
စျေးနှုန်းနဲ့ စားရတာအတော်လေးအဆင်ပြေတယ်

မြို့ရဲ့အငွေ့အသက်လေးတွေကနေ
ခဏထွက်ကြည့်ချင်ရင် သွားသင့်တဲ့နေရာလေးပါ

Locationမှာ Wat Khlong Toei Nok pierလေးကိုရှာပြီး
လှေစီးခ တစ်ကြောင်းစာ ၂၀နဲ့
အသွားအပြန် ၄၀တခါတည်းဖြတ်ခဲ့လဲရပါတယ်

အပြန်ကို စက်ဘီးအပ်တဲ့နေရာတန်းမဝင်သေးဘဲ
Uncle Oohဆိုတဲ့ ဆိုင်လေးမှာ
မိုးဝင်ခိုရင်း ဘီယာနဲ့ ကြက်ကြော်လေးစားပြီးမှ
Sunset ကြည့်ပြီး ပြန်ခဲ့😇😇

Hua Hin beach 🏖️
30/07/2024

Hua Hin beach 🏖️

22/05/2024

တခုလောက်တော့ ပြောဦးမယ်ဗျာ
Onlineပေါ် / Gp တွေထဲမှာ ပြော​နေကြသလို
လေဆိပ်မှာရစ်တာတွေကို အရမ်းမကြောက်စေချင်ဘူး
မကုန်သင့်တာတွေ မကုန်အောင်လို့ပြောပြတာပါ
အဓိကက အလုပ်လာရှာချင်ရင်
အလုပ်ရှာဖို့လိုအပ်မယ့်အရာတွေနဲ့
အလုပ်ရှာနေတဲ့အချိန်အတွင်း လိုအပ်မယ့်
နေထိုင်စရိတ်တွေကိုသာ စဉ်းစားခဲ့ကြပါ…

Address


Alerts

Be the first to know and let us send you an email when Liam’s Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Liam’s Channel:

  • Want your business to be the top-listed Media Company?

Share