13/09/2025
ဘန်ကောက်နဲ့အနီးတစ်ဝိုက်
နေ့ချင်းပြန်သွားလို့ရမဲ့🚶🏽➡️⛰️🚶🏽➡️⛰️
Khao Hua Muak Trekking Trip( Nakhon Nayok )
ကြာချိန် - ၂နာရီခွဲ / ၃နာရီ ဝန်းကျင်ရှိပါမယ်
ပထမ view point ကို ရောက်ပြီး
ပြန်ဆင်းတဲ့ လမ်းခရီးအပါအဝင်ပါ
ဒီ Khao Hua Muak Loop Trailဟာ
trekkingသွားရတဲ့ လမ်းတလျှောက်
ရေတံခွန်အသေးလေးတွေလဲရှိလို့
မြို့ထဲမှာ မွန်းကြပ်နေတဲ့ ရုံးသမားတွေ အတွက်
ပိတ်ရက်မှာ သဘာဝနဲ့ထိတွေ့လို့ရမဲ့
နေရာဘဲဖြစ်ပါတယ်
နေရာက Nakhon Nayok မှာ ရှိပါတယ်
ရထားနဲ့တော့Khao Yai လိုတိုက်ရိုက်မရောက်ဘူး
Bus ကားနဲ့ သွားချင်ရင်
Ekkamai bus station ကနေ
Nakhon Nayokကို စီးရပါမယ်။
အဲ့ရောက်တော့မှ ဆိုင်ကယ်ငှါးပြီးသွားလို့
အဆင်ပြေမှာပါ ၊
Google map links လေး ချပေးထားပါမယ်
https://maps.app.goo.gl/AciwgA5ZFvGDkF1G7?g_st=ipc
ဒီနေရာထိကို ကိုယ့်အစီအစဉ်နဲ့ကိုယ်
ရောက်အောင်သွားပါ🚶🏽➡️🚶🏽➡️
တောင်ထိပ်ကိုတက်ဖို့ လမ်းကြောင်း ၂ ခုရှိပါမယ်။
Commentမှာ မြေပုံ အကြမ်းထည့်ပေးထားပါမယ်
လွယ်ကူတဲ့လမ်းဆိုရင်တော့
ညာဘက်လမ်းက တက်ပြီး
ဘယ်ဘက်လမ်းက ပြန်ဆင်းတာ
ပိုအဆင်ပြေပါမယ်၊ခက်ခက်ခဲခဲ
ကြိုးတွဲပြီးတက်ချင်ရင်တော့
ဘယ်လမ်းကတက်ပါ😅😅
Balancing rock ရှိရာ viewpoint ကို
အရင်ရောက်ပါမယ်။
တချို့နေရာလေးတွေက အတက်မတ်တော့
မောလို့ဘဲဖြစ်ဖြစ် မတက်လိုက်တာ
မဖြစ်စေချင်ပါဘူး
ဘာလို့လဲဆိုတော့ အောက်မှာလဲ
ရေဆော့စရာနေရာရှိနေတော့
အဲ့ကနေဘဲ စောင့်ပါတော့မယ် မလုပ်ပါနဲ့😅
ဂိတ်ဆုံးထိသွားနိုင်ရင် ပိုမိုက်တဲ့
View points တွေကို တွေ့ရမှာပါ
ကျွန်တော်တို့ အဖွဲ့ကတော့
Balancing Rock မှာဘဲ အေးဆေးနားပြီး
နောက်ထပ်တစ်လမ်းကနေ ပြန်ဆင်းခဲ့ပါတယ်
သတိထားစရာတခုကတော့
လျှောက်လမ်းရယ်လို့ ရှိနေပေမယ့်
လမ်းပြဆိုင်းပုဒ်လေးတွေ
ကြည့်ပြီးသွားစေချင်ပါတယ်။
တချို့နေရာလေးတွေက
ဝေတေဝါးတားဖြစ်စရာနေရာလေးတွေ ရှိလို့ပါ
အဖွဲ့လိုက်ဆိုရင်တော့ ပျော်ဖို့ကောင်းပါတယ်
လမ်းချောနိုင်တဲ့ အတက်နေရာလေးတွေ
မကြာမကြာရှိလို့ တောင်တက်ဖိနပ် / ကုတ်အားကောင်းတဲ့ ဖိနပ်လေးတွေ စီးလာစေချင်ပါတယ်
နောက်ထပ် နေရာသစ်လေးတွေသွားရင်
ပြန်တွေ့ပါမယ် 👋🏼👋🏼👋🏼👋🏼