Karen Information Center -KIC

  • Home
  • Karen Information Center -KIC

Karen Information Center -KIC Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Karen Information Center -KIC, Media/News Company, .

10/08/2026

ထိုင်းခရီးစဉ်မှာ စစ်ခေါင်းဆောင်ကို ဆန္ဒပြသူတွေ ဟန့်တား၊ ဖမ်းဆီးခံရတယ်ဆိုပြီး စစ်အုပ်စုဝါဒဖြန့်

Fact-Check | Dawei Watch | KIC | The Red Flag | MFCN

မြန်မာစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ဟာ သြဂုတ် ၆ ရက်နဲ့ ၇ ရက်မှာ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က ဖိတ်ကြားလို့ ထိုင်းခရီးစဥ် လာရောက်ခဲ့ပါတယ်။

အဲဒီခရီးစဥ် မတိုင်ခင်နဲ့ ခရီးစဥ်အတွင်းမှာ ထိုင်းရောက် မြန်မာတွေသာမက ထိုင်းလွှတ်တော်အမတ်၊ ထိုင်းတက်ကြွ လှုပ်ရှားတွေ၊ အဖွဲ့အစည်းတွေကပါ ဆန့်ကျင်ကန့်ကွက်တာ၊ ဆန္ဒပြတာတွေ ရှိခဲ့ပါတယ်။

အဲဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ မြန်မာစစ်အုပ်စုဝါဒဖြန့်သူတွေက ဆန္ဒပြသူတွေ ဟန့်တားရိုက်နှက်ခံရတယ်၊ တချို့ ဖမ်းဆီး ခံနေရတယ်ဆိုပြီး ဖြန့်ချိနေကြပါတယ်။

အဲဒီလို ဖြန့်ချိချက်တွေကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch နဲ့ KIC သတင်းဌာနတို့က အချက်အလက် ပြန်လည်စိစစ်ထားပါတယ်။

မြန်မာစစ်ခေါင်းဆောင်ကို ဆန္ဒသွားပြသူတွေကို ထိုင်းမျိုးချစ် နှုတ်ခမ်းမွှေး အဖွဲ့ဝင်တွေက ဟန့်တား ထိုးကြိတ်ခဲ့တယ်လို့ Subscriber တစ်သိန်းခွဲကျော်ရှိတဲ့ မှိုင်းဝေ နာမည်နဲ့ တယ်လီဂရမ်ချန်နယ်က သြဂုတ်လ ၇ ရက်မှာ ဖြန့်ချိပါတယ်။

မှိုင်းဝေချန်နယ်က ဖော်ပြချက်လင့်ခ် - https://archive.ph/Yahsx

နောက်ထပ် D.I Thameedaw. နဲ့ Thae Thae ဆိုတဲ့ နာမည်တွေနဲ့ ဖွင့်ထားတဲ့ တယ်လီဂရမ်ချန်နယ်နှစ်ခုကလည်း အထက်ပါဖော်ပြချက်ကို ဆက်စပ်ကူးယူဖော်ပြခဲ့ပါတယ်။

D.l Thameedaw ရဲ့ လင့်ခ် - https://archive.ph/vRWmb

Thae Thae ရဲ့လင့်ခ် - https://archive.ph/kcEuJ

◼ စိစစ်ချက်

အထက်ပါဖြန့်ချိချက် သုံးခုမှာ ရုပ်သံမှတ်တမ်းထည့်သွင်း ဖြန့်ချိခဲ့ကြပါတယ်။ အဲဒီပါ ရုပ်သံဖိုင်မှာ ပါဝင်တဲ့ လှုပ်ရှားမှုတွေကို Screenshot ရိုက်ယူပြီးGoogle Reverse Image နဲ့ ရှာဖွေ စစ်ဆေးကြည့်ရာမှာတော့ ဖြစ်စဥ်အဟောင်းက ရုပ်သံဖိုင်အဟောင်းတွေ ပြန်အသုံးပြုထားတာကို စိစစ်တွေ့ရှိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီလမှာ မြန်မာစစ်ခေါင်းဆောင် ထိုင်းနိုင်ငံကို လာချိန် ကုလသမဂ္ဂ (UN) ရုံးရှေ့မှာ ဆန္ဒပြဖို့ကြိုးစား ခဲ့တဲ့ Bright Future အဖွဲ့ကို ထိုင်းမျိုးချစ်နှုတ်ခမ်းမွှေးအဖွဲ့က လာရောက်ဟန့်တားခဲ့စဥ်က ရုပ်သံဖိုင်ကို ပြန်သုံးထားတာပါ။

အဲဒီဟန့်ထားမှုကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့အကြောင်း သံလွင်ခက်သတင်းဌာနက ရုပ်သံသတင်း တင်ဆက်ထားတာ ရှိပါတယ်။ ရုပ်သံသတင်းလင့်ခ် - https://shorturl.at/wv695

Dawei Watch ကလည်း အဲဒီအကြောင်းအရာကို သတင်းဖော်ပြခဲ့ဖူးပါတယ်။ သတင်းလင့်ခ် - https://shorturl.at/Sv1TD

အခု ခရီးစဥ်မှာလည်း Bright Future အဖွဲ့က ဆန္ဒပြခဲ့တာရှိပေမယ့် ရုန်းရင်းဆန်ခတ်တစ်စုံတစ်ရာ မရှိခဲ့ပါဘူး။

သြဂုတ်လ ၆ရက်က ဆန္ဒပြတဲ့အကြောင်း Dawei Watch က ဖော်ပြထားတဲ့ သတင်းလင့်ခ် - https://shorturl.at/yQakx

ဒါ့ကြောင့် စစ်အုပ်စုဝါဒဖြန့်သူတွေ ပြန်လည်ဖြန့်ချိနေတဲ့ ရုပ်သံဖိုင်ဟာ ရုပ်သံအဟောင်းဖြစ်တာကို စိစစ်တွေ့ရပါတယ်။

အလားတူ မြန်မာစစ်ခေါင်းဆောင်ကို ဆန္ဒပြလို့ ထိုင်းပြည်သူတချို့ အဖမ်းခံနေရတယ်ဆိုပြီး ဖြန့်ချိမှုတွေလည်းရှိနေပါတယ်။

Follower ပြုလုပ်သူ ခုနစ်သောင်းခွဲကျော်ရှိတဲ့ Voice of Unity နာမည်နဲ့ Facebook စာမျက်နှာတစ်ခုက သြဂုတ်လ ၇ ရက်မှာ ဖြန့်ချိခဲ့တာပါ။ လင့်ခ် - https://archive.ph/aQtVq

အဲဒီရုပ်သံကိုလည်း အထက်မှာ စစ်ဆေးခဲ့တဲ့ နည်းအတိုင်း ရှာဖွေစစ်ဆေးကြည့်ရာမှာတော့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ရုံးအနီး မြေယာကိစ္စဆန္ဒလာပြကြသူတွေနဲ့ လုံခြုံရေးတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဆန္ဒပြသူ သုံးဦး ဒဏ်ရာရတဲ့ သတင်းက ရုပ်သံကို ကူးယူအသုံးပြုထားတာကို စိစစ်တွေ့ရှိရပါတယ် ။

အဲဒီအကြောင်းအရာ ကို ထိုင်းသတင်းဌာနက ရုပ်သံသတင်းဖော်ပြထားတာရှိပါတယ်။ လင့်ခ် - https://shorturl.at/EwtQA

အလားတူ နောက်ထပ် ထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ The Reporters ကလည်း အဲဒီအကြောင်းအရာကို ဖော်ပြထား ပါတယ်။ လင့်ခ် - https://shorturl.at/MyKcE

◼ ထိုင်းရောက် စစ်ခေါင်းဆောင်ကို မြန်မာရော ထိုင်းပါ ကန့်ကွက်ခဲ့

ထိုင်းနိုင်ငံကို ခရီးစဥ်နဲ့ ရောက်ရှိလာတဲ့ မြန်မာစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ကို ထိုင်းအရပ်ဘက်အဖွဲ့အစည်း ၁၆ ဖွဲ့နဲ့ ကျောင်းသားသမဂ္ဂတွေက ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

မြန်မာစစ်အာဏာရှင်ဟာ ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ၊ စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်သူဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒါ့ကြောင့် မြန်မာစစ်အာဏာရှင်တွေ အကျိုးဖြစ်စေမယ့် လုပ်ဆောင်ချက်တွေကို ပြန်လည်ဆန်းစစ်ဖို့၊ ထိုင်းအစိုးရအနေနဲ့ မြန်မာစစ်အာဏာရှင်နဲ့ ထိတွေ့ဆက်ဆံတာဟာ မြန်မာပြည်တွင်းငြိမ်းချမ်းရေးကို အထောက်အကူ ပြုစေမှာ မဟုတ်ဘဲ ပဋိပက္ခကို ပိုမိုရှည်ကြာစေမယ်လို့လည်း ထောက်ပြထားပါတယ်။

အဲဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ဖော်ပြထားတဲ့ Dawei Watch ရဲ့ သတင်းလင့်ခ် - https://shorturl.at/HjGfr

ထိုင်းအရပ်ဘက်အဖွဲ့ ၁၆ ဖွဲ့ရဲ့ ထိုင်းဘာသာစကားနဲ့ ထုတ်ပြန်တဲ့ မူရင်းထုတ်ပြန်ချက်လင့်ခ် - https://shorturl.at/bPUyx

ထိုင်း တက္ကသိုလ်ကျောင်းသား သမဂ္ဂတွေက ကန့်ကွက်တဲ့အကြောင်း Myanmar Fact-checking Network အဖွဲ့ဝင် People's Spring သတင်းဌာနက သတင်းဖော်ပြပါတယ်။ လင့်ခ် - https://tinyurl.com/5cpp7s6y

ဘန်ကောက်မြို့ကို မြန်မာစစ်ခေါင်းဆောင် ရောက်ရှိလာပြီး နာရီပိုင်းအကြာမှာပဲ ဘန်ကောက်မြို့က ကုလသမဂ္ဂရုံးရှေ့မှာ ထိုင်းရောက် မြန်မာအရေးလှုပ်ရှားတက်ကြွသူတချို့ စုဝေးပြီး ဆန္ဒဖော်ထုတ်ကြပါတယ်။

“ပြည်တွင်းစစ်မှာ လေယာဉ်သုံးတာ မရှက်ဘူးလား။ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး၊ ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး၊ တရားသောစစ် အောင်ရမယ်” ဆိုပြီး သံပြိုင်ဟစ်ကြွေး ဆန္ဒဖော်ထုတ်နေကြတာဖြစ်ပါတယ်။

အဲဒီကြောင်းအရာကို BBC မြန်မာပိုင်းသတင်းဌာနရဲ့ "ဘန်ကောက်ရောက်နေတဲ့ ဦးမင်းအောင်လှိုင်ကို ထိုင်းရောက်မြန်မာတွေ ဆန္ဒပြ" ဆိုတဲ့ ခေါင်းစဥ်နဲ့ သတင်းမှာ ကြည့်နိုင်ပါတယ်။

သတင်းလင့်ခ် - https://shorturl.at/3whdk

Myanmar Now သတင်းဌာနကလည်း ထိုင်းရောက်မြန်မာတွေ ဆန္ဒပြတဲ့အကြောင်း "ထိုင်းရောက် မြန်မာစစ်ခေါင်းဆောင် ကို ကန့်ကွက်ဆန္ဒပြ" ခေါင်းစဥ်နဲ့ ရုပ်သံသတင်းဖော်ပြထားပါတယ်။ ရုပ်သံသတင်း လင့်ခ် - https://shorturl.at/

ခရီးစဥ် မတိုင်ခင်ကပင် မြန်မာစစ်ခေါင်းဆောင်ရဲ့ ထိုင်းခရီးစဥ်ကို ထိုင်းနိုင်ငံရေးသမားတွေ ကန့်ကွက်ခဲ့တာရှိသလို ဆန္ဒပြခဲ့တာလည်း ရှိပါတယ်။

ထိုင်းလွှတ်တော် အမတ်တစ်ဦးဖြစ်တဲ့ ကန်နဝီ ကလည်း ထိုင်းဝန်ကြီးချုပ်အနေနဲ့ မြန်မာစစ်ခေါင်းဆောင်ကို မတွေ့ဆုံသင့်ဘူးလို့ ခရီးစဥ် မတိုင်ခင်ကတည်းက ထုတ်ဖော်ပြောဆိုဖူးပါတယ်။

အဲဒီလိုထုတ်ဖော်ပြဆိုတာကို "နေပြည်တော်သမ္မတ ထိုင်းခရီးစဉ် ကန့်ကွက်မှုတွေရှိ" ဆိုတဲ့ ခေါင်းစဥ်နဲ့ BBC မြန်မာပိုင်းက ရုပ်သံသတင်းမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ ရုပ်သံသတင်းလင့်ခ် - https://shorturl.at/T4o59

ထိုင်းလွှတ်တော်ကို မြန်မာစစ်ခေါင်းဆောင် သြဂုတ်လ ၇ ရက်က ရောက်လာစဥ်မှာလည်း ထိုင်းလွှတ်တော် အမတ်တစ်ဦးက အော်ဟစ်ကန့်ကွက်ဆန္ဒပြခဲ့တာကို Dawei Watch က သတင်းဖော်ပြခဲ့ပါတယ်။ လင့်ခ် - https://tinyurl.com/mr3w3uxu

ခရီးစဥ်မတိုင်ခင် သြဂုတ်လ ၃ ရက်ကလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မှာရှိတဲ့ မြန်မာကောင်စစ်ဝန်ရုံးရှေ့မှာ မြန်မာပြည်ဘက်က သတ္တုတွင်းတွေကြောင့် မြစ်ရေညစ်ညမ်းလာတာကို ဖြေရှင်းပေးဖို့ ဆန္ဒပြပြီး မြန်မာစစ်ခေါင်းဆောင်ကို အိတ်ဖွင့်ပေးစာ ပေးခဲ့ကြပါသေးတယ်။

အဲဒီအကြောင်းအရာကို Dawei Watch က သတင်းဖော်ပြခဲ့ပါတယ်။ သတင်းလင့်ခ် - https://shorturl.at/9BnS0

◼ တွေ့ရှိသုံးသပ်ချက်

မြန်မာစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ရဲ့ ထိုင်းခရီးစဥ်ရောက်လာချိန်မှာ ထိုင်းရောက်မြန်မာတွေက ဆန္ဒပြကြသလို ထိုင်းအရပ်ဘက်အဖွဲ့အစည်းတွေကလည်း ကန့်ကွက်ကြောင်း သဘောထားတွေ ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ ခရီးစဥ်မတိုင်မီကလည်း ကန့်ကွက်ဆန္ဒပြခံရတာတွေရှိခဲ့ပါတယ်။

အဲဒီဆန္ဒပြမှုဖြစ်စဥ်တွေဟာ မအောင်မြင်ခဲ့ဘဲ ဟန့်တား၊ ဖမ်းဆီးခဲ့ရတယ်လို့ စစ်အုပ်စုဝါဒဖြန့် သူတွေက ပုံဖော်ဝါဒဖြန့်ဖို့ ရည်ရွယ်ချက်နဲ့ ရုပ်သံအဟောင်းတွေပြန်သုံးပြီး ဖော်ပြတာလို့ သုံးသပ်ရပါတယ်။

ဒါ့အပြင် အခြားဆန္ဒပြမှုဖြစ်စဥ်က ရုပ်သံတွေနဲ့ အခုဖြစ်စဥ်နဲ့ကို တစ်ခုတည်းဖြစ်သယောင် ပုံဖော်ဖြန့်ချိတာကိုလည်း တွေ့ရပါတယ်။ အဲဒီ ဖြန့်ချိမှုတွေဟာ တကယ်ဖြစ်ပျက်နေတဲ့ သတင်းအမှန်တွေ အမှားနဲ့ဖုံးပြီး တန်ဖိုးလျှော့စေဖို့၊ စစ်ခေါင်းဆောင် ခရီးစဉ်ကို ဖာထေးဖို့ လုပ်ဆောင်တာမျိုးအဖြစ်လည်း တွေ့ရှိရပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်တွေ ဖြစ်တဲ့ KIC နဲ့ Dawei Watch တို့ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web- https://myanmarfactcheckingnetwork.org/

Fb- https://www.facebook.com/myanmarfactcheckingnetwork

သံတောင်၊ ပျားစခန်းမှာ စစ်အုပ်စုတပ်စွဲအထိုင်ချနေ၍ စာသင်ကျောင်း ယာယီပိတ်ထားရ  ဩဂုတ် (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ  တောင...
10/08/2026

သံတောင်၊ ပျားစခန်းမှာ စစ်အုပ်စုတပ်စွဲအထိုင်ချနေ၍ စာသင်ကျောင်း ယာယီပိတ်ထားရ

ဩဂုတ် (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

တောင်ငူ-သံတောင်ကြီးလမ်းပေါ်ရှိ ပျားစခန်းကျေးရွာအနီး စစ်အုပ်စုတပ်ဖွဲ့ဝင်များ အထိုင်ချနေ၍ လုံခြုံရေးကြောင့်ကလေးငယ်များ ကျောင်းမတက်ရဲဘဲ ရွာအလယ်တန်းကျောင်းကိုလည်း ယနေ့တွင် ယာယီပိတ်ထားရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၈) ရက် မှစတင်၍ တောင်ငူ-သံတောင်လမ်းအတိုင်း တက်လာသည့် စစ်အုပ်စုနှင့်တော်လှန်ရေးအင်အားစုတို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရမှုရှိပြီးနောက်တွင် ပျားစခန်းရွာအနီး တပ်စွဲအထိုင်ချထားခြင်းဖြစ်ကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်နှင့်ဒေသခံများက ပြောသည်။

“ရွာပြင်ဘက်မှာ သူတို့(စစ်အုပ်စု)ကား ထိထားတော့ အထိုင်ချနေတယ်။ သူတို့ရှိနေတော့ ရွာထဲမှာ ဘယ်သူမှအပြင်မထွက်ရဲကြဘူး။ ကလေးတွေလည်း ကျောင်းမသွားရဲတော့ ကျောင်းပိတ်ထားရတယ်” ဟု လုံခြုံရေးကြောင့်အမည်မဖော်လိုသူ ဒေသခံအမျိုးသမီးက ပြောသည်။

အဆိုပါစစ်အုပ်စုသည် မော်တော်ယာဥ်(၁၇)စီးဖြင့် (၄)မိုင်မှ သံတောင်ကြီးသို့သွားရန် လမ်းကြောအတိုင်းချီတက်လာခြင်းဖြစ်သည်။ ထို့အပြင် ပစ်ခတ်မှုဖြစ်ပွားနေစဥ်နှင့်နောက်ပိုင်းတွင် ဘုရင့်နောင်တပ်စခန်းမှ စစ်တပ်က အနီးဝန်းကျင်ရွာများသို့ လက်နက်ကြီးများ ပစ်ခတ်မှုလုပ်ဆောင်ခဲ့ခြင်းလည်း ရှိသည်ဟု ဒေသခံများက ဆိုသည်။

ယင်းကြောင့် နံ့သာကုန်း၊ ကျောက်တိုင်ကျေးရွာ စသည်တို့တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများ ရှိခဲ့ကြောင်း သိရသည်။

သံတောင်(၁၃)မိုင်နေ ဒေသခံအမျိုးသားတစ်ဦးက “(၄) မိုင်ကနေ သံတောင်ကြီးဘက်ကို စစ်အုပ်စုကားတွေတက်တာ လမ်းမှာ ပစ်ခတ်မှုတွေဖြစ်တော့ လက်နက်ကြီးတွေပစ်တာ။ ကျောက်တိုင်ကအိမ်တွေထိတယ်၊ လူတွေတော့ရှောင်နေရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ပစ်ခတ်မှုနှင့်လက်နက်ကြီးကျရောက်ပေါက်ကွဲမှုအပေါ် ထိခိုက်သေဆုံးသူ ရှိမရှိကိုလည်း ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၂)၊ တောင်ငူခရိုင်နယ်မြေအတွင်းရှိ တောင်ငူ-သံတောင်-လိပ်သိုလမ်းပိုင်းတွင် လက်ရှိအာဏာသိမ်းထားသည့်ကာလအတွင်း စစ်အုပ်စုယာဉ်တန်းများ ဖြတ်သန်းစဉ် တော်လှန်ရေးတပ်ဖွဲ့ဘက်က မကြာခဏပစ်ခတ်မှုများ ဖြစ်ပွားလေ့ရှိသည်။

ထို့အတူ ပြီးခဲ့သည့် မေလ (၂၁) ရက်နေ့ကလည်း စစ်အုပ်စုယာဥ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က မိုင်းဆွဲတိုက်ခိုက်မှုနှင့် အပြန်အလှန်ပစ်ခတ်မှုဆက်လက်ဖြစ်ပွားသည့်အတွင်း ဒေသခံထိခိုက်သေဆုံးမှုရှိခဲ့ကြောင်းလည်း သိရသည်။

Photo: KIC

ကရင်လူငယ်ဆယ်လီ စောလေး မိမိကိုယ်ကို အဆုံးစီရင်ကာ ကွယ်လွန်ဩဂုတ် (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီကရင်လူငယ် ဆယ်လီတစ်ဦးဖြစ်သည...
10/08/2026

ကရင်လူငယ်ဆယ်လီ စောလေး မိမိကိုယ်ကို အဆုံးစီရင်ကာ ကွယ်လွန်

ဩဂုတ် (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်လူငယ် ဆယ်လီတစ်ဦးဖြစ်သည့် စောလေး(Saw Lay-ငပိထောင်း)သည် ယနေ့ ဩဂုတ်လ (၁၀)ရက်နေ့ နံနက်ပိုင်းအချိန်တွင် မိမိကိုယ်ကို သေကြောင်းကြံစည်ကာ ကွယ်လွန်သွားပြီဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူထံမှသိရသည်။

ကွယ်လွန်ချိန်တွင် အသက် (၂၄)နှစ်သာရှိသည့် ဆယ်လီ စောလေးမှာ ယနေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖုတ်ဖရ ရှိ ၎င်း၏ မိတ်ဆွေတစ်ဦး၏နေအိမ်တွင် ကြိုးဆွဲချသေဆုံးသွားသည်ဟု ဆိုသည်။

ကရင်သရုပ်ဆောင်ဒါးဒါးက “အိမ်သာထဲမှာ ကြိုးဆွဲချသေတာ ဒီမနက်ပဲ။ အခုဖုတ်ဖရ ဆေးရုံ ရင်ကွဲရုံမှာထားတယ်။ ဘာကြောင့် ကိုယ့်ကိုကိုယ် သတ်သေတာလဲတော့မသိဘူး” ဟု သေဆုံးသူ၏ရုပ်အလောင်းကို ဆေးရုံရှေ့၌ သွားရောက်စောင့်ဆိုင်းနေချိန်တွင် Live လွှင့်၍ ပြောသည်။

စောလေးသည် ဟာသ ဗီဒီယိုအတိုများ ရိုက်ကူးထုတ်လွှင့်သူ ကျော်လော်အဲ့နှင့် တွဲသရုပ်ဆောင်ရာမှ လူသိများလာခြင်းဖြစ်သလို သီချင်းများလည်း သီဆိုသည့်အပြင် ၎င်းကိုယ်တိုင်ထုတ်လုပ်သည့် Saw Lay (ငပိထောင်း)ဖြင့်လည်း လူသိများသူဖြစ်ကြောင်း သိရသည်။

ငယ်စဉ်ကတည်းက ဖခင်နှင့်ကွဲကွာနေထိုင်ရပြီး မိခင်ဖြစ်သူနဲ့သာ ကြီးပြင်းလာရသည့် ဆယ်လီစောလေးမှာ ကိုယ်တိုင်ကြိုးစားရပ်တည်မှုဖြင့် ကရင်အသိုင်းအဝိုင်းတွင် လူသိများအောင်မြင်လာသည့် ကရင်လူငယ်စီးပွားရေးသမားတစ်ဦးလည်း ဖြစ်သည်ဟု သူနှင့်နီးစပ်သူများ ပြောသည်။

Photo: Social Media

ဌာနေသားဖွားဆရာမများကို ကာကွယ်ပေးရန် သံလွင်ငြိမ်းချမ်းရေးဥယျာဉ် ကော်မတီနှင့် KWO တောင်းဆိုဩဂုတ် (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေ...
10/08/2026

ဌာနေသားဖွားဆရာမများကို ကာကွယ်ပေးရန် သံလွင်ငြိမ်းချမ်းရေးဥယျာဉ် ကော်မတီနှင့် KWO တောင်းဆို

ဩဂုတ် (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ပဋိပက္ခဒေသများတွင်ပိုမိုအားထားနေရသော ဌာနေတိုင်းရင်းသား သားဖွားဆရာမ(ရိုးရာလက်သည်) များကို ကာကွယ်ပေးရန်လိုအပ်ကြောင်း ဩဂုတ်လ(၉)ရက်နေ့တွင် ကျရောက်သည့်အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ဌာနေတိုင်းရင်းသားများနေ့တွင် သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ကော်မတီနှင့် ကရင်အမျိုးသမီးအစည်းအရုံး-KWO တို့က တိုက်တွန်းတောင်းဆိုသည်။

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ဌာနေတိုင်းရင်းသားများနေ့၊ ဆောင်ပုဒ်တွင် ဌာနေတိုင်းရင်းသား သားဖွားဆရာမများအား ဂုဏ်ပြုခြင်း၊ အသက်ဇီဝနှင့်ကျန်းမာသုခများကို ကာကွယ်စောင့်ရှောက်စို့ဟု သတ်မှတ်ထုတ်ပြန်ထားခြင်းဖြစ်သည်။

လက်ရှိဒေသတွင်းအခြေအနေသည် ထိုဆောင်ပုဒ်နှင့်ကိုက်ညီနေသည့်အတွက် တောင်းဆိုရခြင်းဖြစ်ကြောင်း သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ကော်မတီဥက္ကဌ စောပေါလ်စိန်ထွားက ပြောသည်။

“ရပ်ရွာ ဒေသမှာ ဆေးရုံ၊ ဆေးခန်းမရှိတဲ့အချိန် ဒီလက်သည်တွေကပဲ မိခင်တွေ ကိုယ်ဝန်ဆောင်ချိန်ကစပြီး ကလေးမွေးပြီးတဲ့အထိ တာဝန်ယူကြည့်ပေးရတာ။ အခက်အခဲတွေကြားက သူတို့က လုပ်ဆောင်ပေးနေရတာ။ သူတို့ဟာ ရှေ့တန်းမှာ လိုအပ်ချက်တွေကို တာဝန်ယူထားတာဖြစ်တယ်။ သူတို့ရဲ့တာဝန်က အရမ်းကြီးတယ်။ ဒါကို အသိမှတ်ပြုသင့်တာအမှန်ပဲ” ဟု စောပေါလ်စိန်ထွားက ပြောသည်။

သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ကော်မတီအနေဖြင့် ကမ္ဘာ့ဌာနေတိုင်းရင်းသားများနေ့ ထုတ်ပြန်ချက်တွင် ၎င်းတို့ ဥယျာဉ်အတွင်းရှိ ဌာနေတိုင်းရင်းသားများအတွက် အချက်(၅)ချက်ကို တောင်းဆိုထားခြင်းဖြစ်သည်။

ယင်းတွင် ဌာနေတိုင်းရင်းသား သားဖွားဆရာမများကိုအသိမှတ်ပြုရန်၊ ၎င်းတို့လိုအပ်သည့် ထောက်ပံ့ပစ္စည်းများကိုထောက်ပံ့ရန်နှင့် အရေးပေါ် လွှဲပြောင်းကုသရေးများကိုဖြည့်ဆည်းကာကွယ်ပေးရန်တို့ ပါဝင်သည်။

သံလွင်ငြိမ်းချမ်းရေးဥယျာဉ်သည် “ဒေပေါ်ထူး(ချက်ကြိုးတော)”ကို ဆောင်ပုဒ်အဖြစ်ထားရှိသလို ကရင်ရိုးရာဓလေ့များကို လေးစားတန်ဖိုးထား၍ ဌာနေသားဖွားဆရာမများကို သင်တန်းဆင်းဆရာမများနှင့်တန်းတူဆက်ဆံ ပူးပေါင်းဆောင်ရွက်ရန်၊ တောတောင်နှင့်ဆေးဖက်ဝင်အပင်များကို ကာကွယ်ရန်နှင့် မျိုးဆက်သစ်လူငယ်များထံ လက်ဆင့်ကမ်းပေးရန်လည်း တိုက်တွန်းတောင်းဆိုထားသည်။

ထို့အတူ လက်ရှိ တိုက်ပွဲကာလတွင် တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရသည့် မိခင်များမှာ ရိုးရာလက်သည် သားဖွားဆရာမများကိုသာ အမှီပြုနေရသည့်အတွက် ၎င်းတို့ကို ဂုဏ်ပြုဖို့ ထိုက်တန်ကြောင်း KWO ဥက္ကဌ နော်ကညောဖောက ဆိုသည်။

နော်ကညောဖောက “ဒီသားဖွားဆရာမတွေမှာ အခကြေးငွေဆိုတာမရှိဘူး ကူညီဖို့အတွက်သက်သက်ပဲ။ သူတို့တွေဟာ အတန်းပညာနဲ့သင်ထားတာမဟုတ်ဘူး ဘိုးဘွားစဉ်ဆက် အဆင့်ဆင့်လက်ဆင့်ကမ်းပြီး ရလာတဲ့ပညာဖြစ်တယ်။ ဒါကိုလေးစားတန်ဖိုးထားရမယ်” ဟု ကေအိုင်စီကို ပြောသည်။

ကော်သူးလေဒေသတွင် ဌာနေသားဖွားဆရာမများဖြစ်သည့် လက်သည်အများအပြားကျန်ရှိနေသေးပြီး KWO အနေဖြင့် ၎င်းတို့ကို ကူညီထောက်ပံ့ပေးခြင်းများရှိခဲ့သည်ဟုလည်း နော်ကညောဖောကဖြည့်စွက်ပြောသည်။ ထို့အတူ ကရင်ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန-KDHW ကလည်း ရိုးရာလက်သည်များအား ထောက်ပံ့ကူညီနေခြင်းရှိသည်။

ဩဂုတ်လ (၆)ရက်နေ့က စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ထိုင်းနိုင်ငံက တရားဝင် လက်ခံတွေ့ဆုံချိန်တွင် သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ထဲရှိ ကျေးရွာတစ်ရွာသို့ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူထိခိုက်သေဆုံးမှုနှင့် လူနေအိမ်၊ ဘုန်းကြီးကျောင်းအဆောက်အအုံများ ပျက်စီးမှုရှိခဲ့ကြောင်းလည်း ယမန်နေ့က ထုတ်ပြန်ချက်တွင် တဆက်တည်းတွေ့ရသည်။

ယင်းကြောင့် ဌာနေတိုင်းရင်းသားများသည် လေးလံသော နှလုံးသားများနှင့် လူနေမှုဘဝကို ဖြတ်သန်းနေကြရကြောင်းလည်း သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ကော်မတီက ထည့်သွင်းပြောဆိုသည်။

Photo: CJ

BGF နှင့် DKBA ထိန်းချုပ်နေရာ ကျားဖြန့်ရုံးခန်းများတွင် လူပေါင်း (၁၃,၀၀၀) ထက်မနည်း ပိတ်မိနေဩဂုတ် (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ...
10/08/2026

BGF နှင့် DKBA ထိန်းချုပ်နေရာ ကျားဖြန့်ရုံးခန်းများတွင် လူပေါင်း (၁၃,၀၀၀) ထက်မနည်း ပိတ်မိနေ

ဩဂုတ် (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်ရှိ၊ ကရင်နယ်ခြားစောင့်တပ်-BGF/KNA နှင့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)နယ်မြေ၊ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)ရုံးခန်းများတွင် ပိတ်မိသူ အနည်းဆုံး (၁၃,၀၀၀) ဦး ရှိနေသည်ဟု လူကုန်ကူးခံရသူများအား ကူညီစောင့်ရှောက်ရေး အရပ်ဘက်လူမှုအဖွဲ့အစည်းများ ကွန်ရက်(CSNHTV) ၏ ဩဂုတ်လ(၆)ရက်နေ့ အစီရင်ခံထုတ်ပြန်ချက်အရ သိရသည်။

လက်နက်ကိုင်အဖွဲ့အစည်းများအောက်တွင် အွန်လိုင်းငွေလိမ်လုပ်ငန်းများ အကြီးအကျယ် လည်ပတ်နေကာ နိုင်ငံပေါင်းစုံမှ ထောင်ပေါင်းများစွာသော လူကုန်ကူးခံရသူများကို ဖမ်းဆီးချုပ်နှောင်ပြီး အဓမ္မခိုင်းစေသည့်အခြေအနေများကို အဆိုပါထုတ်ပြန်ချက်က မီးမောင်းထိုးပြထားခြင်းဖြစ်သည်။

CSNHTV ၏ အစီရင်ခံစာအရ BGF/KNA ပါဝင်ထိန်းချုပ်ထားသည့် နယ်စပ်မြို့ မြဝတီတောင်ဘက်၊ ဖလူးဒေသတွင် လူဦးရေ(၅,၀၀၀)ဝန်းကျင်၊ သောင်ရင်းမြစ်အနီး ရှိခါးယာဆိပ်ကမ်းနေရာအနီး (၃,၀၀၀)ဝန်းကျင်နှင့် အောင်တော်မူဘုရားအနီးရှိ တောတွင်းတစ်နေရာတွင် (၃၀၀) ဝန်းကျင်ခန့် ကျားဖြန့်လုပ်ငန်းများမှ မလွတ်မြောက်ဘဲရှိနေသည်ဟု ဆိုသည်။

အလားတူ DKBA ထိန်းချုပ်နေရာများဖြစ်သည့် SKY ကုမ္မဏီနှင့် အခြားရုံးခန်းများတွင် (၂,၅၀၀) ဝန်းကျင်၊ ဘုရားသုံးဆူမြို့အနီးနှင့် ရေတံခွန်ပန်းခြံနေရာများတွင် (၁,၈၀၀) ဝန်းကျင်နှင့် ထိုက်ချန်၊ ကျောက်ခက်တွင် အယောက် (၁,၀၀၀)ဝန်းကျင်ခန့် ပိတ်မိလျက်ရှိနေကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။

လူကုန်ကူးခံရမှုမှ ယနေ့အချိန်ထိမလွတ်မြောက်နိုင်သေးသူများတွင် မြန်မာနိုင်ငံသား ပါဝင်သလို တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ မလေးရှား၊ ရုရှား၊ အာဖရိက၊ တောင်အာဖရိက၊ ဘရာဇီး၊ နီပေါလ်၊ ကာဇက်စတန်၊ ကင်ညာ၊ ယူဂန်ဒါ၊ ဇင်ဘာဘွေ၊ ဂါနာ၊ ရဝမ်ဒါ စသည့် နိုင်ငံသားများ ပါဝင်သည်ဟု အစီရင်ခံစာက ဆိုသည်။

၎င်းတို့ရှိနေသည့်ကျားဖြန့်နေရာများကို ထိုင်းသတင်းဌာနတစ်ခုမှ ဂြိုလ်တုတွင် ရိုက်ယူဖော်ပြချက်အရ အချို့မှာ ကျားဖြန့်လုပ်ငန်းအတွက် အဆောက်အဦးအများအပြားဆောက်လုပ်နေခြင်း တွေ့ရသလို တောတွင်းနေရာများတွင် တဲထိုးကာ ငွေလိမ်လုပ်ငန်း လည်ပတ်နေသည့် ပုံများလည်းပါရှိသည်။

တဖက်တွင်လည်း နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုကျုးလွန်သူများကို ကာကွယ်ပေးမှုနှင့် ပါဝင်ပတ်သက်မှုကြောင့် BGF/KNA နှင့် DKBA ထိပ်ပိုင်းခေါင်းဆောင်များကို အီးယူ(EU)နှင့်အမေရိကန်တို့မှ ဒဏ်ခတ်ပိတ်ဆို့မှု ထုတ်ပြန်ထားခြင်းရှိသည်။

ထိုအထဲတွင် BGF ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗိုလ်မှူးကြီးစောမုတ်သုန်အား ပြီးခဲ့သည့် ဇူလိုင်လ (၂၇)ရက်နေ့က ထိုင်းနိုင်ငံအထူးစုံစမ်းရေး-DSIမှ ဖမ်းဝရမ်းထုတ်ပြန်ထားမှုလည်း အပါအဝင်ဖြစ်သည်။

Photo: CSNHTV

09/08/2026

တၢ်ကမၤလၤကပီၤကညီမၤထူရၤမုၢ်နံၤအဂီၢ်ဒီးတၢ်ကဃုန့ၢ်ဝဲ(ထံထၣ်စွ့)ပှၤဘၣ်ကီဘၣ်ခဲဖိတၢ်ဆီၣ်ထွဲမၤစၢၤအဂီၢ်ကညီသးစၢ်သ့ၣ်တဖၣ်တီခိၣ်ရိၤမဲမၤဝဲဖျၢၣ်ထူတၢ်ပြၢမူး

လါအီကူၥ်(၁၂)သီလၢကလီၤဘၣ်ဝဲဒၣ်ကညီဒီကလုၥ်မၤထူရၤမုၢ်နံၤဆၢက့ၤပှဲၤထီၣ်(၇၆)ဝီတဝီအဂီၢ်ဒီးတၢ်ကဃုန့ၢ်ဝဲတၢ်ဆီၣ်ထွဲမၤစၢၤစ့ပၥ်ကီၤလၢ(ထံထၣ်စွ့)ပှၤဘၣ်ကီဘၣ်ခဲဖိသ့ၣ်တဖၣ်အဂီၢ်ဖဲလါအီကူၥ်၈,၉သီအနံၤန့ၣ် ကညီသးစၢ် တဖၣ်ကရၢကရိမၤဝဲ(Kick For Htee Htar Sway)ဖျၢၣ်ထူတၢ်လိၥ်ကွဲပြၢဖဲဝ့ၢ်မဲၢ်ဆီးဟီၣ်ကဝီၤပူၤန့ၣ်လီၤ.

===========
မန်ဘာရှစ် (အသင်းဝင်) အစီအစဉ်မှာပါဝင်လှူဒါန်းကူညီခြင်းအားဖြင့် ကေအိုင်စီ-ကရင်သတင်းဌာနကို ပံ့ပိုးကူညီပါ။
https://www.facebook.com/kicmembershipprogram

===========
KIC Application
For (IOS) https://apple.co/3IaRU2G

09/08/2026

တၢ်ကမၤလၤကပီၤကညီမၤထူရၤမုၢ်နံၤအဂီၢ်ဒီးတၢ်ကဃုန့ၢ်ဝဲထံထ့ၣ်စွ့ပှၤဘၣ်ကီဘၣ်ခဲဖိတၢ်ဆီၣ်ထွဲမၤစၢၤအဂီၢ် ဖဲလါအီကူၥ်၈,၉သီအနံၤန့ၣ် ကညီသးစၢ်တဖၣ်ကရၢကရိထီၣ်ဖျၢၣ်ထူတၢ်လိၥ်ကွဲပြၢဖဲဝ့ၢ်မဲၢ်ဆီးဟီၣ်ကဝီၤပူၤန့ၣ်လီၤ.

ကညီသူၣ်ဘီၣ်သးစၢ်လၢဟဲပၣ်ဃုၥ်ပၣ်ဂီၢ်သ့ၣ်တဖၣ် ပကပၥ်ဖျါထီၣ်န့ၢ်အဝဲသ့ၣ်အကလုၢ်န့ၣ်လီၤ.

===========
မန်ဘာရှစ် (အသင်းဝင်) အစီအစဉ်မှာပါဝင်လှူဒါန်းကူညီခြင်းအားဖြင့် ကေအိုင်စီ-ကရင်သတင်းဌာနကို ပံ့ပိုးကူညီပါ။
https://www.facebook.com/kicmembershipprogram

===========
KIC Application
For (IOS) https://apple.co/3IaRU2G

ဖလူး-မင်းလက်ပံတိုက်ပွဲပြင်းထန်ချိန် နယ်မြေတည်ငြိမ်ရေးပူးပေါင်းပေးဖို့ DKBA ထံ စစ်အုပ်စု တောင်းဆိုဇူလိုင် (၁၀) ရက်၊ ၂၀၂၆ ...
10/07/2026

ဖလူး-မင်းလက်ပံတိုက်ပွဲပြင်းထန်ချိန် နယ်မြေတည်ငြိမ်ရေးပူးပေါင်းပေးဖို့ DKBA ထံ စစ်အုပ်စု တောင်းဆို

ဇူလိုင် (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA ဌာနချုပ်ဧရိယာ မြဝတီတောင်ပိုင်း၌ တော်လှန်ရေးတပ်ဖွဲ့နှင့်စစ်အုပ်စုတို့ တိုက်ပွဲပြင်းထန်နေချိန်တွင် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းပေးရန် နေပြည်တော်မှာရောက်ရှိနေသည့် DKBA ခေါင်းဆောင်များသို့ စစ်အုပ်စုက တောင်းဆိုခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင်လ (၉) ရက်နေ့က ပြုလုပ်ခဲ့သည့် စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ(NSPNC)နှင့် DKBA တို့ တွေ့ဆုံစည်းဝေးပွဲ၌ နှစ်ဖွဲ့ပူးပေါင်းဆောင်ရွက်ရေးကိစ္စအတွက် NSPNC ဥက္ကဌ ဗိုလ်ချုပ်ကြီးရာပြည့်က DKBA ကို ထည့်သွင်းတောင်းဆိုလိုက်ခြင်းဖြစ်သည်။

ဒေသအတွင်းတည်ငြိမ်ရေးကို ပူးပေါင်းဆောင်ရွက်ကြရန်အပြင် အွန်လိုင်း ငွေလိမ်လုပ်ငန်း(ကျားဖြန့်)ကိစ္စနှင့်ပတ်သက်ပြီး DKBA အနေဖြင့် ပါဝင်ပတ်သက်မှု မရှိစေချင်ကြောင်း စစ်အုပ်စုကသတိပေးပြောဆိုခဲ့သည်ဟုလည်း ၎င်းတို့ထိန်းချုပ်ထားသော နိုင်ငံပိုင်မီဒီယာမှ သိရသည်။

DKBA အနေဖြင့် လက်ရှိပဋိပက္ခကာလတွင် ဘက်လိုက်မှုမရှိဘဲ ကြားနေဆောင်ရွက်ခဲ့သည်ဟု ဆိုထားပြီး စစ်အုပ်စုနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းရှိကြောင်း အစည်းအဝေးတွင် တပ်ဖွဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောရွှေဝက ဆွေးနွေးသွားသည်။

ထို့အပြင် နယ်စပ်ဒေသကုန်စည်စီးဆင်းမှုမြန်ဆန်နိုင်ရေး၊ ဒေသအတွင်း စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ကျန်းမာရေးကဏ္ဍများကိုလည်း ဆွေးနွေးနေခြင်းရှိသည်ဟု စစ်အုပ်စုထုတ်ပြန်ချက်အရ သိရသည်။

အစည်းအဝေးဆုံးဖြတ်ချက်များနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် DKBA ထံ ကေအိုင်စီက ဖုန်းဆက်မေးမြန်းခဲ့သော်လည်း အဆက်အသွယ်မရရှိသေးပါ။

NSPNC နှင့်သွားရောက်တွေ့ဆုံသည့် ငြိမ်းချမ်းရေးကော်မတီအစည်းအဝေးတွင် DKBA ဘက်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောရွှေဝ၊ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်စောဆန်းအောင်၊ စစ်ရေးချုပ် ဗိုလ်မှူးကြီး စောစိန်ဝင်း၊ နည်းဗျူဟာမှူး စောအောင်ထူး၊ အမှတ်(၁)ကွပ်ကဲရေးမှူး စောထူးအောင်၊ စီးပွားရေးတာဝန်ခံ စောနေဘလုနှင့် ကုန်သွယ်ရေးဒုတိယဌာနမှူး စောမြင့်ဦး တို့ တက်ရောက်ခဲ့ကြခြင်း ဖြစ်သည်။

စစ်အုပ်စု သတ်မှတ်ထားသည့် ရက်(၁၀၀)စီမံကိန်းတွင်း NSPNC အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအများနှင့် အဖွဲ့လိုက်သော်လည်းကောင်း၊ တစ်ဖွဲ့ချင်းသော်လည်းကောင်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေသည်။

ထိုအထဲတွင် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)၊ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA)၊ မွန်ပြည်သစ်ပါတီ(NMSP) စသည့်တို့ပါဝင်သလို ကရင်ငြိမ်းချမ်ရေးကောင်စီ(KNU/KNLA-PC)နှင့်လည်း ဇူလိုင်လ(၆)ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ခြင်းရှိသည်။

Photo: Telegram

ဖလူး-ဝေါလေဒေသကို စစ်အုပ်စုက နေ့ညမပြတ် ဗုံးကြဲပစ်ခတ် စစ်ကူပေး ဇူလိုင် (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီကရင်ပြည်နယ်၊ မြဝတီမ...
10/07/2026

ဖလူး-ဝေါလေဒေသကို စစ်အုပ်စုက နေ့ညမပြတ် ဗုံးကြဲပစ်ခတ် စစ်ကူပေး

ဇူလိုင် (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ ဖလူး-ဝေါလေဒေသကို စစ်အုပ်စုက ဇူလိုင်လ(၇)ရက်နေ့မှ (၁၀)ရက်နေ့အထိ မစ်ဇိုင်းနှင့်လက်နက်ကြီးများအပါအဝင် ဂျက်တိုက်လေယာဉ်၊ Y12 များဖြင့်ပါ နေ့ညမပြတ် ဗုံးကြဲပစ်ခတ် စစ်ကူပေးနေကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့ဝင်များထံမှ သိရသည်။

တကျော့ပြန်ပြင်းထန်လာသည့် ဖလူးတိုက်ပွဲအတွင်း စစ်အုပ်စုတပ်အထိနာနေပြီး ဇွန်လ(၇)ရက်နေ့မှ (၉)ရက်နေ့အထိ အတွဲလိုက်ပစ်ဒုံး၊ ဟောင်ဝှစ်ဇာနှင့် ၁၂၀ မမ မော်တာစိန်ပြောင်းများဖြင့် မင်းလက်ပံနှင့်ဖလူးဘက်သို့ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ယနေ့နေ့လည်(၁၁)နာရီဝန်းကျင်မှ မွန်းလွဲ(၃)နာရီဝန်းကျင်တွင်လည်း လေယာဥ်ဖြင့် လာရောက်ဗုံးကြဲသွားသည်ဟု တော်လှန်ရေးအင်အားစုများက ဆိုသည်။

"ပထမရက်တွေက စစ်သားသစ်တွေတက်ဖို့ မစ်ဇိုင်းဒုံးတွေ လက်နက်ကြီးတွေအစုံပစ်တာ အလုံးတစ်ရာနီးပါးပဲ။ မြေပြင်စစ်ကြောင်းတက်တော့ ထိကြ၊ သေကြတာတွေရှိတော့ ဂျက်ဖိုက်တာရော၊ Y12 ရော လာကြဲတာ ဒီနေ့ပေါ့။ အလုံးရေများတယ်။ အခုထိတော့ ကိုယ့်ဘက်ကထိခိုက်တာမရှိဘူး" ဟု KNLA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထို့အတူ KNLA နှင့်ပူးပေါင်းတပ်များ ကာလရှည်ကြာ ပိတ်ဆို့တိုက်ခိုက်နေသည့် စစ်အုပ်စုအထိုင်ချ ဝေါလေစစ်ဗျူဟာကုန်း မကျရေးအတွက် ယနေ့ ဇူလိုင်(၁၀)ရက်နေ့တွင် စစ်အုပ်စုက Y12 လေယာဉ်ဖြင့် တဆက်တည်း လာရောက်ဗုံးကြဲတိုက်ခိုက်သွားကြောင်း ဝေါလေဒေသခံများပြောပြချက်အရ သိရသည်။

ဝေါလေစစ်ဘေးရှောင်တစ်ဦးက “လေယာဉ်ကတော့ ကင်းထောက်လာရင်လာ မလာရင် ရိက္ခာလာချနေတာပဲ။ ဒီ နေ့ကတော့ ဖလူး၊ မင်းလက်ပံဘက်ရော ဝေါလေမှာရော လာကြဲသွားတယ် နှစ်ကြိမ်ပေါ့။ အထိအခိုက် တော့မသိရဘူး၊ ရပ်ကွက်တွေထဲမှာ လူတွေပြန်မနေရဲကြဘူးလေ" ဟု ကေအိုင်စီကို ပြောသည်။

ထို့အပြင် မြေပြင်မှချီတက်လာသည့် စစ်အုပ်စုစစ်ကြောင်းမှ ထိခိုက်ဒဏ်ရာရသူများအား မြဝတီ ခြေလျင်တပ်ရင်း ခလရ-၂၇၅ တပ်ရင်းဆေးရုံနှင့် ဖားအံတောင်ကလေးဆေးရုံ သို့ ပို့ဆောင်ကုသမှုပေးထားရကြောင်း ပြည်နယ်စစ်အုပ်စုနှင့်နီးစပ်သည့် သတင်းအရင်းအမြစ်က ဆိုသည်။

ယနေ့လေကြောင်းတိုက်ခိုက်မှုသည် ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းနိုင်ငံဘက်ကမ်းရှိ လူထုနေထိုင်ရာကျေးရွာများနှင့်နီးကပ်လွန်းသဖြင့် အရေးပေါ်ပြောင်းရွှေ့နေထိုင်ကြရန် ထိုင်းအာဏာပိုင်များက အသံချဲ့စက်မှတဆင့် ၎င်းတို့ပြည်သူများကို တိုက်တွန်းနှိုးဆော်ခြင်းအပြင် ကူညီရွှေ့ပြောင်းမှုများလည်း လုပ်ဆောင်ခဲ့ခြင်းရှိသည်။

Photo: CJ

မဲခေါင်မြစ်ညစ်ညမ်းမှုကိစ္စ တာဝန်ရှိသူများကိုဖော်ထုတ်ရေး ထိုင်း၊ မြန်မာပူးပေါင်းစစ်ဆေးရန် တရုတ်တောင်းဆို ဇူလိုင် (၁၀) ရက်...
10/07/2026

မဲခေါင်မြစ်ညစ်ညမ်းမှုကိစ္စ တာဝန်ရှိသူများကိုဖော်ထုတ်ရေး ထိုင်း၊ မြန်မာပူးပေါင်းစစ်ဆေးရန် တရုတ်တောင်းဆို

ဇူလိုင် (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

သိပ္ပံနည်းကျ အချက်အလက်များအပေါ် အခြေခံပြီး မဲခေါင်မြစ်အတွင်းဖြစ်ပေါ်နေသော သတ္တုညစ်ညမ်းမှုအတွက် တာဝန်ရှိသူများကို စုံစမ်းဖော်ထုတ်ရေး ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံပူးတွဲစစ်ဆေးရန် တရုတ်နိုင်ငံက တောင်းဆိုသည်။

ဘန်ကောက်အခြေစိုက် တရုတ်သံရုံး၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် သံရုံးပြောရေးဆိုခွင့်ရှိသူက မဲခေါင်မြစ်ရေအတွင်း သတ္တုညစ်ညမ်းမှုအပေါ် ဆိုးကျိုးသက်ရောက်မှုကိုဖြေရှင်းရန် သက်ဆိုင်ရာ နှစ်နိုင်ငံအကြား ဆက်သွယ်ရေး၊ ညှိနှိုင်းပူးပေါင်းနှင့် ပူးတွဲစုံစမ်းရန် တောင်းဆိုထားပြီး တရုတ်အစိုးရအနေဖြင့် ပံ့ပိုးကူညီသွားမည်ဟု ဆိုသည်။

ထို့အပြင် ပြီးခဲ့သည့်ရက်ပိုင်းက ချင်းမိုင်အခြေစိုက် တရုတ်ကောင်စစ်ဝန်ရုံးနှင့် ဘန်ကောက်အခြေစိုက် တရုတ်သံရုံးများရှေ့တွင် ထိုင်းနိုင်ငံသားများ စုဝေးဆန္ဒပြမှုကိုတုံ့ပြန်သည့်အနေဖြင့် မဲခေါင်မြစ်တလျှောက် နေထိုင် သူများ၏ သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာ စိုးရိမ်ပူပန်မှုကို နားလည်သလို အထူးစောင့်ကြည်နေကြောင်းလည်း တရုတ်နိုင်ငံဘက်က တုံ့ပြန်ထားသည်။

ဘန်ကောက်အခြေစိုက် တရုတ်သံရုံးပြောရေးဆိုခွင့်ရှိသူက “လတ်တလော ညစ်ညမ်းမှုဖြစ်ပေါ်နေတဲ့ မြစ်ကြောင်းက ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံအကြား နယ်စပ်အဖြစ်စီးဆင်းနေတဲ့ ရေကြောဖြစ်ပါတယ်။ အဲဒီပြဿနာမှာ ဘယ်သူတာဝန်ရှိလဲဆိုတာသိနိုင်ဖို့ သိပ္ပံနည်းကျ အချက်အလက်တွေကို အခြေခံပြီး ဆန်းစစ်ဖော်ထုတ်သင့်ပါတယ်” ဟု ဆိုသည်။

မဲခေါင်မြစ်၏ ဂေဟစနစ်သည် ဆက်စပ်နေသည့်နိုင်ငံအားလုံးအတွက် အကျိုးဖြစ်ထွန်းစေသောကြောင့် ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိသလို တရုတ်အစိုးရအနေဖြင့်လည်း မဲခေါင်မြစ်ဝှမ်းနိုင်ငံများနှင့်အတူ ရေအရင်းအမြစ်စီမံခန့်ခွဲမှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည်ဟု ဆိုသည်။

မဲခေါင်မြစ် ညစ်ညမ်းရခြင်းသည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အတွင်းရှိ တရုတ် ကြောထောက်နောက်ခံပြုထားသောမြေရှားသတ္တုနှင့် ရွှေတူးဖော်ရေးလုပ်ငန်းများမှ ပေါ်ထွက်လာခြင်းဖြစ်ပြီး နယ်စပ်ဖြတ်ကျော်ကာ မြစ်အဆိပ်သင့်ညစ်ညမ်းမှုဖြစ်စေသည်အထိ သက်ရောက်နေခြင်းရှိသည်။ ၎င်းနောက်ဆက်တွဲအရ ထိုင်းအခြေစိုက် တရုတ်သံရုံးက တာဝန်ရှိသူများကို ထုတ်ဖော်ရန် တောင်းဆိုလာခဲ့ခြင်းလည်း ဖြစ်သည်။

ထို့အတူ ထိုင်းနှင့်တရုတ်အစိုးရအနေဖြင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုများကို ကိုင်တွယ်ဖြေရှင်းပေးရန်နှင့် ပြည်ပရင်းနှီးမြှုပ်နှံသူများမှ တာဝန်ယူ၊ တာဝန်ခံမှုပိုရှိကြရန် ဆန္ဒပြပြည်သူများကလည်း တောင်းဆိုထားခြင်းရှိသည်။

Photo: Thai News

Address


Alerts

Be the first to know and let us send you an email when Karen Information Center -KIC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Karen Information Center -KIC:

Shortcuts

  • Want your business to be the top-listed Media Company?

Share