Burma Insight News

  • Home
  • Burma Insight News

Burma Insight News BIN news is an independent and ethical Myanmar news agency.

စဥ့်ကူးမြို့ကိုစစ်ကောင်စီဖက်ကနှစ်ရက်ဆက်တိုက်လေကြောင်းကနေဗုံးကြဲတိုက်ခိုက်အမျိုးသမီး(၁)ဦးသေဆုံးပြီးအရပ်သားနေအိမ်အများအပြ...
18/07/2024

စဥ့်ကူးမြို့ကိုစစ်ကောင်စီဖက်ကနှစ်ရက်ဆက်တိုက်လေကြောင်းကနေဗုံးကြဲတိုက်ခိုက်အမျိုးသမီး(၁)ဦးသေဆုံးပြီးအရပ်သားနေအိမ်အများအပြားပျက်ဆီး

ဇူလိုင် ၊ ၁၈ ရက်
The Justice Wave

မန္တလေးတိုင်း၊ စဉ့်ကူးမြို့ကို စစ်ကောင်စီတပ်ဖက်က လေကြောင်းကနေ နှစ်ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီးသေဆုံးပြီး အရပ်သားနေအိမ်အများအပြားပျက်စီးဆုံးရှုံးနေဏတယ်လို့ဒေသခံတွေကဆိုပါတယ်။

စဥ့်ကူးမြို့ကို မန္တလေးပြည်သူ့ကာကွယ်ရေးတပ်နဲ့ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ဇွန်လ ၁၆ ရက်နေ့ကတိုက်ခိုက်သိမ်းပိုက်ပြီးနောက်မှာတော့စစ်ကောင်စီတပ်ဖက်က Y 12 လေယာဉ်၊အမျိုးအစားတွေနဲ့တောက်လျှောက်ဆိုသလိုလာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်တ်လို့ဆိုပါတယ်။

အဲ့ဒီ့ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဒီကနေ့မနက်ပိုင်းမှာတော့ စဥ့်ကူးမြို့နယ် ၊ လက်ပန်လှရွာ ၊ပြည်စိုးအောင်ရရပ်ကွက် စာသင်ကျောင်း တစ်ဝိုက်ကျရောက်ပေါက်ကွဲကာ အမျိုးသမီး ၁ဦးသေဆုံးပြီး အမျိုးသား ၃ဦးထိခိုက်ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့စဥ့်ကူးကင်းထောက်မြေပြင်သတင်းရဲ့ဖော်ပြချက်အရသိရပါတယ်။

စဥ့်ကူးမြို့နယ်ရှိစစ်ကောင်စီအထိုင်တပ်တွေကိုမန္တလေးပြည်သူ့ကာကွယ်ရေးတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတော့ စစ်ကောင်စီတပ်ဖက်ကအရာရှိနဲ့စစ်သားအများအပြားကိုဖမ်းဆီးရမိထားသလိုလက်နက်ခဲယမ်းတွေလဲအများအပြားသိမ်းဆည်းရမိထားတယ်လို့သိရပါတယ်။


#စဥ့်ကူး
#လေကြောင်းတိုက်

နေပြည်တော်အေလာလေတပ်စခန်းကိုရှော့တိုက်ဒုန်းနဲ့တိုက်ခိုက်မှုအတွင်းဂိုဒေါင်ပြိုကျလို့စစ်ကောင်စီတပ်သားအယောက်(၃၀)ထပ်မနည်းသေဆု...
18/07/2024

နေပြည်တော်အေလာလေတပ်စခန်းကိုရှော့တိုက်ဒုန်းနဲ့တိုက်ခိုက်မှုအတွင်းဂိုဒေါင်ပြိုကျလို့စစ်ကောင်စီတပ်သားအယောက်(၃၀)ထပ်မနည်းသေဆုံး

ဇူလိုင် ၊ ၁၈
BIN

နေပြည်တော် အေလာလေတပ်စခန်းကို ရှော့တိုက်ဒုန်းတွေနဲ့တိုက်ခိုက်မှုအတွင်း လေတပ်စခန်းထဲက ဂိုဒေါင်နဲ့ဓါတုအဆိပ်ဗုံးထုတ်လုပ်တဲ့နေရာတွေထိခိုက်ခဲ့သလို စစ်ကောင်စီဖက်က အရာရှိအဆင့်တွေအပါအဝင် အယောက် ၃၀ ကျော်ထိခိုက်သေဆုံးခဲ့တယ်လို့ Brave Warriors for Myanmar (BWM) မှတာဝန်ရှိသူတဦးကအတည်ပြုပါတယ်။

တိုက်ခိုက်မှုအတွင်းအေလာလေတပ်စခန်းထဲကစစ်ကောင်စီတပ်ဝယ်ယူထားတဲ့ဒရုန်းတွေသိုလှောင်ထားတဲ့ဂိုဒေါင်ပျိုကျပျက်စီးခဲ့သလို၊ရှမ်းမြောက်ဒေသတွေမှာအသုံးပြုနေတဲ့အဆိပ်ငွေ့ဗုံးပြင်ဆင်တဲ့ဂိုဒေါင်ပါပျက်စီးဆုံးရှူံးခဲ့တယ်လို့ဆိုပါတယ်။

"မနေ့ အရာရှိ ၄ဦး၊ အခြားအဆင့် ၁၂ ဦးသေတာသိရတယ်၊ မနေ့ညကမှ ဂိုဒေါင်အပျက်အစီးတွေကိုရှင်းလင်းရင်း ပျောက်ဆုံးနေတယ်ဆိုတဲ့ နောက်ထပ် ၁၈ ဦးကို သေဆုံးနေတာတွေ့တယ်လို့ သိရပါတယ်"လို့ Brave Warriors for Myanmar (BWM) မှတာဝန်ရှိသူတဦးကပြောပါတယ်။

သေဆုံးသူတွေဟာ ရှော့တိုက်ဒုန်းနဲ့တိုက်ခိုက်မှု့အတွင်း ဂိုဒေါင်ထဲကဒရုန်းတွေသယ်ထုတ်နေစဥ်မှာပဲဂိုဒေါင်ပြိုကျပြီးသေဆုံးခဲ့ရတာလို့လည်းသိရပါတယ်။

လက်ရှိမှာတော့ အေလာလေတပ်စခန်းကိုတိုက်ခိုက်မှုအတွင်းသေဆုံးသွားတဲ့စစိကောင်စီတပ်သာူအရေအတွက်ဟာ ၃၄ ယောက်အထိရှိလာနေပြီလို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့ကလဲ နေပြည်တော်ရှိစစ်ကောင်စီရဲ့အေလာလေတပ်စခန်းတိုက်ခိုက်ခံခဲ့ရပြီးဆိပ်ဗုံးပြင်ဆင်ထုတ်လုပ်နေတဲ့ဂိုဒေါင်ထိခိုက်ပျက်ဆီးခဲ့ရတယ်လို့သိရပါတယ်။


#အေလာလေတပ်
#စကစသေဆုံး

ပခုက္ကူမြို့နယ်အောင်သာပျူရွာကိုတိုက်ခိုက်မှုအတွင်းပျူစောထီးတပ်ဖွဲ့ဝင်(၅)ဦးသေပြီး၊(၁၀)ဦးအရှင်ဖမ်းဆီးရမိဇူလိုင် ၊ ၁၈ BIN...
18/07/2024

ပခုက္ကူမြို့နယ်အောင်သာပျူရွာကိုတိုက်ခိုက်မှုအတွင်းပျူစောထီးတပ်ဖွဲ့ဝင်(၅)ဦးသေပြီး၊(၁၀)ဦးအရှင်ဖမ်းဆီးရမိ

ဇူလိုင် ၊ ၁၈
BIN

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဘဲကြီးအုပ်စု အောင်သာပျုစောထီးကျေးရွာကိုမနေ့ကတိုက်ခိုက်မှုအတွင်းပျူစောထီး ၅ ဦးသေဆုံးပြီး ၁၀ ဦးအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF) ကသတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲဖြစ်ပွားချိန် တနာရီကြာမြင့်ခဲ့ပြီးတော့တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားနဲ့ပျူစောထီးအဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့သလို ကာဘိုင်အမျိုးအစား ‌ေ သ နတ်(၃)လက် ၊ ဘီအေ (၆၃) အမျိုးအစား ‌ေ သ နတ် (၄)လက် ၊ရှော့ဂန်း ‌ေ သ နတ် (၁) လက် ၊ ဝင်ချက်စတာ ‌ေ သ နတ်(၁)လက် ၊ ၄၀ မမ ဗုံ-းပ-စ်လော-င်ချာ (၁)လက် ၊ လ-က်ပ-စ်ဗုံ-း (၁)လုံး ၊ ကျ-ည်မျိုးစုံ (၃၀၀)ဝန်းကျင် သိမ်းဆည်း ရရှိခဲ့ပြီး သုံ့ပန်းအဖြစ်ပျူစောထီးအဖွဲ့ဝင် (၁၀)ဦးအား ဖ-မ်းဆီး ရမိခဲ့တာ်လို့ဆိုပါတယ်။

"စစ်ကြောင်းထိုးတိုင်းဒီပျူတွေပါတယ်၊လူသတ်မီးရှိူ့၊ပစ္စည်းလုတဲ့အထဲလဲသူတို့တွေပါတယ်"လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)မှတာဝန်ရှိသူတဦးကပြောပါတယ်။

လက်ရှိမှာတော်ဖမ်းဆီးရမိတဲ့ပျူစောထီးတပ်ဖွဲ့ဝင်တွေကိုလိုအပ်တဲ့စစ်ဆေးမေးမြန်းမှုတွေပြုလုပ်နေတယ်လို့လည်းသိရပါတယ်။

အဲ့ဒီ့တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)နဲ့မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ပခုက္ကူမြို့နယ်အ‌ခြေစိုက် စုဖွဲ့မှုတပ်ရင်းတပ်ဖွဲ့၊ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Earthquake People's Defence Force၊ Justice Revolution Force|ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂မှ (Young Force UG၊ Thurain TR၊ Shwe Nyar Myae၊ Pakokku Ranger)၊ Hunter Pakokku တို့ပူးပေါင်းပြုလုပ်ခဲ့တာလို့သိရပါတယ်။


#ပခုက္ကူ
#ပျူစောထီး

စစ်ကိုင်းတိုင်းစစ်မြေပြင်ရှေ့တန်း အထိNUG ကာကွယ်ရေးဝန်ကြီးသွားရောက်ပြီးPDFတပ်ဖွဲ့ဝင်များနဲ့တွေ့ဆုံဇူလိုင် ၊ ၁၈ BINအမျိုးသ...
18/07/2024

စစ်ကိုင်းတိုင်းစစ်မြေပြင်ရှေ့တန်း အထိNUG ကာကွယ်ရေးဝန်ကြီးသွားရောက်ပြီးPDFတပ်ဖွဲ့ဝင်များနဲ့တွေ့ဆုံ

ဇူလိုင် ၊ ၁၈
BIN

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ဝန်ကြီးဦးရည်မွန်ဟာပြီးခဲ့တဲ့ ၂ လကျော်ကပဲ စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်ရှေ့တန်းစစ်မျက်နှာပြင်အထိသွားရောက်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။

"ကျွန်တော်တို့ ကာကွယ်ရေးဝန်ကြီးကို မြေပြင်မဆင်းဘူးလားလို့ ပြောပြောနေကြသူများ ခင်ဗျာ။ကျွန်တော်တို့တပ်ရင်းတွေက လုံခြုံရေးအရ သတင်းမထုတ်ပြန်တာပဲရှိတာပါ။"လို့ ကောလင်းခရိုင်အမှတ် ၂ တပ်ရင်းကသတင်းထုတ်ပြန်ပါတယ်။

အဲ့ဒီ့လာရောက်တွေ့ဆုံမှုအတွင်း ကောလင်းခရိုင်၊ အမှတ်(၂)တပ်ရင်းရဲ့ ရှေ့တန်းစစ်မြေပြင်ကရှေ့တန်းရဲဘော်တွေကို လိုအပ်တာတွေညွှန်ကြားခဲ့သေးတယ်လို့ပြောပါတယ်။

ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ဟာ ၁၀၂၇ ရှမ်းမြောက်ဒေသစစ်ဆင်ရေး အတွင်း ရှေ့တန်းစစ်မြေပြင်အထိသွားရောက်ကာ စစ်မြေပြင်မှာ ရှမ်းမြောက်စစ်ဆင်ရေးမှာပါဝင်တဲ့တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ရှေ့တန်းစစ်မြေပြင်အထိသွားရောက် ခဲ့တာ်လို့လဲသတင်းထုတ်ပြန်ချက်တွေအရသိရပါတယ်။



#ကာကွယ်ရေး
#သတင်းနှင့်ပြန်ကြားရေး
#ကောလင်းခရိုင်တပ်ရင်း၂

နိုင်ငံအနှံ့စစ်ရေးအရှိန်မြင့်လာတဲ့အတွက်မြို့ပြနေပြည်သူတွေထိခိုက်မှုလျော့နည်းစေဖို့ အရေးပေါ်ဆောင်ရွက်မည့်အစီအမံတွေကို NUG...
18/07/2024

နိုင်ငံအနှံ့စစ်ရေးအရှိန်မြင့်လာတဲ့အတွက်မြို့ပြနေပြည်သူတွေထိခိုက်မှုလျော့နည်းစေဖို့ အရေးပေါ်ဆောင်ရွက်မည့်အစီအမံတွေကို NUG ထုတ်ပြန်

ဇူလိုင် ၊ ၁၈
BIN

ပြည်သူ့ကာကွယ်ရေးတပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့နိုင်ငံအနှံ့စစ်ရေးအရှိန်မြှင့်မှုတွေနဲ့အတူ မြို့ပြစစ်ပွဲတွေပါ ဖော်ဆောင်နေတာကြောင့် မြို့ပြဒေသတွေမှာ နေထိုင်ကြတဲ့အရပ်သားပြည်သူတွေအနေနဲ့ အရေးပေါ်အစီအမံတွေကိုစီစဥ်ဆောင်ရွက်ထားကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်လိုက်ပါတယ်။

"ကျေးလက်ဒေသတွေမှာလို ဗုံးခိုကျင်းနှင့်ကတုတ်ကျင်းတွေတူးဖော်ဖို့ခက်ခဲတဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ နေထိုင်ကြသူတွေ၊ အထပ်မြင့်အဆောက်အအုံတွေမှာ နေထိုင်ကြသူတွေအနေနဲ့ မိမိတို့နေအိမ်ဝန်းခြံများအတွင်း အရေးပေါ်ခိုလှုံရာနေရာတွေ စီမံဆောင်ရွက်ထားမယ်ဆိုရင် အန္တရာယ်ကျရောက်ချိန်မှာ အသက်အန္တရာယ်ဆုံးရှုံးရတာ၊ ထိခိုက်ဒဏ်ရာရတာတွေ သက်သာစေမှာဖြစ်ပါတယ်။"လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကဖော်ပြပါတယ်။

ဒါ့အပြင်အရေးပေါ်ခိုလှုံရာနေရာတွေကို အိမ်ပါတ်ဝန်းကျင်ကအလွယ်တကူ ရရှိနိုင်တဲ့ပစ္စည်းတွေနဲ့ဖန်တီးနိုင်ဖို့ပုံနဲ့တကွပြသထားပြီး ပြန်လည်ဝေမျှကြဖို့လဲအသိပေးတိုက်တွန်းထားပါတယ်။


#အရေးပေါ်

16/07/2024

ကျေးရွာတွေကိုဝင်ရောက်ဖျက်ဆီးချိန်ရိုက်ကူးထားတဲ့ဗီဒီယိုကိုသေဆုံးစစ်သားထံကရရှိ

ဇူလိုင် ၊ ၁၆
BIN

မကွေးတိုင်း၊ ရေစကြိုမြို့နယ် တိုက်ပွဲတခုမှာ သေဆုံးသွားတဲ့စစ်ကောင်စီတပ်သားတယောက်ဆီကနေ ကျေးရွားတွေထဲက အရပ်သားနေအိမ်တွေကိုပစ်ခတ်ဖျက်ဆီး မီးရှို့နေစဥ်ရိုက်ကူးထားတဲ့ ဗီဒီယို ကိုရရှိခဲ့တယ်လို့ Southern YSO PDF တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။

မေလ ၁၃ ရက်နေ့ မနက်ပိုင်းမှာပဲ့ ရေစကြိုမြို့ကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့ ပခုက္ကူမြို့ အခြေစိုက် တပ်မ ၁၀၁ လက် အောက်ခံ ခလရ ၂၅၃ ၊ ၂၅၇ ၊ ၂၅၈ တပ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေက နေအိမ်တွေကို ဝင်ရောက် မွှေနှောက် မီးရှို့ဖျက်ဆီးနေတာတွေကို အဲ့ဒီ့သေဆုံးသွားတဲ့ စစ်သားဖုန်းနဲ်ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းထဲမှာတွေ့နိုင်ပါတယ်။

အဲ့ဒီ့ စစ်တပ် စစ်ကြောင်းနဲ့ Souther YSO PDF တပ်ဖွဲ့တို့ ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အယောက် ၃၀ ကျော်သေဆုံးခဲ့တာ်လို့ဆိုပါတယ်။


#ရေစကြို

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကိုထွက်ပြေးဖို့ ကြိုးစားတဲ့စစ်ကောင်စီတပ်တွေဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ကအဝင်မခံပဲမြစ်ထဲပြန်မျေ...
16/07/2024

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကိုထွက်ပြေးဖို့ ကြိုးစားတဲ့စစ်ကောင်စီတပ်တွေဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ကအဝင်မခံပဲမြစ်ထဲပြန်မျော

ဇူလိုင် ၊ ၁၆
BIN

ရခိုင်ပြည် နယ်ရှိတိုက်ပွဲတွေထဲကနေဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကိုလှေနဲ့ပြေးလာတဲ့စစ်ကောင်စီတပ်သားတွေကို ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့် တပ်ဖွဲ့က နိုင်ငံအတွင်းသို့ အဝင်မခံဘဲ နတ်မြစ်ထဲကကနေမြန်မာနိုင်ငံဖက်အခြမ်းကိုပြန်မျောပေးလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းဌာနတွေရဲ့ဖော်ပြချက်အရသိရပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လ ၁၄ ရက်နေ့မှာပဲ ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်ဖွဲ့က နတ်မြစ်အတွင်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို နတ်မြစ်ကနေတဆင့်လှေနဲ့ဝင်ရောက်လာတဲ့မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၇၀နီးပါးကို နိုင်ငံအတွင်းဝင်မလာနိုင်အောင်တားဆီးခဲ့ပြီးမြစ်ထဲကို ပြန်မျောပေးလိုက်တယ်လို့သိရပါတယ်။

ရခိုင်ပြည်မှာ ရခိုင့်တပ်တော် ရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကိုစစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀၀ ကျော် ထွက်ပြေးခဲ့ပြီး မြန်မာနိုင်ငံကိုပြန်ပို့ဆောင်ခံခဲ့ရပြီးနောက်အခုလထဲမှာတော့ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်တွေကို
ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်က လုံးဝလက်မခံတော့ဘူးလို့လဲသိရပါတယ်။


#ဘဂ်လားဒေ့ရှ်

မင်းကင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေ ဆုံးသူ ၃၀ ကျော်အထိရှိလာဇွန် ၃ ရက်စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောကျေ...
03/06/2024

မင်းကင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေ ဆုံးသူ ၃၀ ကျော်အထိရှိလာ

ဇွန် ၃ ရက်

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောကျေးရွာကို ယနေ့ နံနက်ပိုင်းက စစ်ကောင်စီက လေကြောင်းမှ ပေါင် ၅၀၀ ဗုံးသီးနှစ်လုံးကြဲချခဲ့ကြောင်း သိရသည်။

မတောကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င် (ပကဖ)သတို့သမီးတစ်ဦး၏ မင်္ဂလာပွဲပြုလုပ်နေစဉ်စစ်ကောင်စီက ယနေ့ ဇွန် ၃ ရက် နံနက် ၈ နာရီဝန်း ကျင်အချိန်ခန့်တွင် လေကြောင်းအသုံးပြု၍ ပေါင် ၅၀၀ ဗုံးသီး နှစ်လုံးကိုတပြိုင်နက်ကြဲချ တိုက်ခိုက်ခဲ့ ခြင်းကြောင့် သတို့သား၊ သတို့သမီးအပါအဝင် သေ ဆုံးသူ ၃၀ ကျော်အထိရှိကြောင်း ဒေသခံများထံမှ သိရသည်။

"မနက်က မင်္ဂလာပွဲလုပ်နေတုန်း လေယာဉ်က ဗုံးလာကြဲတာ။ ထမင်းစားမဏ္ဍပ်နားကိုကျတာ ကလေးငယ် တွေရော လူကြီးတွေရော သေတာ မနည်းဘူး။ ခြေပြတ်၊ လက်ပြတ်တွေလည်းရှိတယ်။ နေရာတင်သေတာ ၂၀ လောက်ရှိတယ်။ ဒဏ်ရာပြင်းထန်ထားတဲ့ သူတွေထဲကလည်း သေဆုံးသူထပ်တိုးနိုင်တယ်။ သေတဲ့အထဲ သတို့သားရော သတို့သမီးရောပါတယ်"ဟု မင်းကင်းဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ တိုက်ခိုက်ခံရမှုတွင် ပကဖတာဝန်ခံအဖွဲ့ဝင် ဒေါင်းနီဆိုသူအမျိုးသမီးအပါအဝင် သတို့သားလောင်းနှင့် ကလေးငယ်နှင့် သက်ကြီးပိုင်း ၃၀ ကျော်သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများပြားကာ စစ်ကောင်စီက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

22/05/2024

ရန်ကုန်တွင် သပိတ်အဖွဲ့များစုပေါင်း၍ လူထု၏ အထွေထွေကျပ်တည်းမှုများနှင့် မတရားဖိနှိပ်ခံနေရမှုများကို ဆန့်ကျင်သည့် လူထုလှုပ်ရှားမှု ပြုလုပ်

မေ ၊ ၂၂ ရက်
Burma Insight News

စစ်ကောင်စီက လုံခြုံရေးအထူးတင်းကြပ်ကာ ဖိနှိပ်ထားသည့် ရန်ကုန်မြို့တွင် ရန်ကုန်အခြေစိုက် သပိတ်အင်အားစုများ စုပေါင်း၍ လက်ရှိကာလအတွင်း လူထု၏ အထွေထွေကျပ်တည်းမှုများနှင့် မတရားဖိနှိပ်ခံနေရမှုများကို ဆန့်ကျင်သည့် လူထုလှုပ်ရှားမှုတရပ်ကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

လျှပ်စစ်မီးများ ဆိုးရွားစွာ ပြတ်တောက်နေသည့်အခြေအနေများ၊ စစ်ကောင်စီ၏ မတရားစစ်မှုထမ်းဥပဒေကို ကန့်ကွက်ရှုံ့ချဆန့်ကျင်ကြောင်းနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန့်ကျင်ကြောင်း စသည်တို့ကို ကြွေးကြော်ခဲ့ကြပြီး အောင်မြင်စွာ လှုပ်ရှားဆောင်ရွက်နိုင်ခဲ့သည်ဟု လှုပ်ရှားမှုအတွင်း ပါဝင်ခဲ့သူတဦးက ဆိုသည်။

အဆိုပါ လူထုလှုပ်ရှားမှုကို စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (Anti Junta Alliance Yangon – AJAY)၊ ရွှေပြည်သာ သပိတ်ကော်မတီနှင့် ရန်ကုန်မြို့နေ တော်လှန်လူငယ်များမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

#ရန်ကုန်

21/05/2024

တော်လှန်ကဆုန်ညောင်ရေသွန်းပွဲတော်တွင် ပါဝင်ကြဖို့ တော်လှန်ရေးအဖွဲ့တွေတိုက်တွန်း

မေ ၊ ၂၁ရက်
Burma Insight News

မနက်ဖြန်မှာကျရောက်မယ့် ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲတော်ကို ပြည်သူများအနေနဲ့ တော်လှန်ရေးဆန်ဆန် ပါဝင်ဆင်နွှဲပေးကြဖို့ တော်လှန်ရေးအဖွဲ့တွေက တိုက်တွန်းပြောဆိုထားပါတယ်။

ယခုကာလက တော်လှန်ရေးကာလဖြစ်တဲ့အတွက် စစ်ကောင်စီထိန်းချုပ်မှုနယ်မြေအတွင်းမှာရှိတဲ့ ပြည်သူများအနေနဲ့ ညောင်ရေအိုးတွေတော်လှန်စာ၊ တော်လှန်ဆုတောင်းစာတွေရေးသားကြတာ၊ လက်သုံးချောင်း ရေးဆွဲတာတွေ၊ ညောင်ရေသွန်းရင်း အာဏာရှင်စနစ်ကျဆုံးရေးနဲ့ တော်လှန်ရေးအမြန်အောင်မြင်ဖို့ အစရှိတဲ့ တော်လှန်ရေးအတွက် ဆုတောင်းဆုပန်ပြုလုပ်ကြဖို့ကို တိုက်တွန်းထားတာပါ။

တော်လှန်ရေးအင်အားစုတွေ စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေဒေသတွေက ပြည်သူလူထုအနေနဲ့လဲ ကဆုန်လပြည့် တော်လှန်ရေးညောင်ရေသွန်းလောင်းပွဲတော်ကို ဆင်နွှဲကြဖို့ အားခဲထားကြတယ်လို့လဲ အသိပေးထားပါတယ်။

#တော်လှန်ညောင်ရေသွန်းပွဲ

ပူတာအိုမှာ ဓါတ်ဆီတပုလင်း ငွေကျပ် ၈၀၀၀ အထိပေးဝယ်နေရမေ ၊ ၂၁ ရက်Burma Insight News ကချင်ပြည်နယ်၊ပူတာအိုမြို့မှာ ဓါတ်ဆီတပုလင...
21/05/2024

ပူတာအိုမှာ ဓါတ်ဆီတပုလင်း ငွေကျပ် ၈၀၀၀ အထိပေးဝယ်နေရ

မေ ၊ ၂၁ ရက်
Burma Insight News

ကချင်ပြည်နယ်၊ပူတာအိုမြို့မှာ ဓါတ်ဆီတပုလင်းကို ငွေကျပ် ၈၀၀၀၀ အထိပေးဝယ်နေရတယ်လို့ဒေသခံတွေရဲ့ထုတ်ဖော်ပြောဆိုချက်တွေအရသိရပါတယ်။

ဒါ့အပြင်ဒေသထွက် ဆန်ကြမ်း နို့ဆီဗူး ၆ ဗူး - ၁၀၀၀၀ ကျပ်၊ဆီတပိဿာ ကျပ်၂၁၀၀၀ မှ ၂၅၀၀၀
ကြက်ဥ ၄ လုံး ၅၀၀၀ ကျပ်ဓာတ်ဆီမှာ တပုလင်း (700 ml) လျှင် ၈ သောင်းကျပ်အထိပေးဝယ်နေကြရတယ်လို့ဆိပြာတယ်။


#ပူတာအို

အောင်ဇေယျစစ်ကြောင်းကို  စစ်ကူလာတဲ့တပ်မ ၇၇  စစ်ကြောင်း ဒရုန်း နဲ့ တိုက်ခိုက်ခဲ့  ၊ တပ်ဖွဲ့ ဝင် ခြောက်ဉီးထပ် မနည်းသေဆုံးမေ...
17/05/2024

အောင်ဇေယျစစ်ကြောင်းကို စစ်ကူလာတဲ့တပ်မ ၇၇ စစ်ကြောင်း ဒရုန်း နဲ့ တိုက်ခိုက်ခဲ့ ၊ တပ်ဖွဲ့ ဝင် ခြောက်ဉီးထပ် မနည်းသေဆုံး

မေ ၊ ၁၇ ရက်
Burma Insight News

ကရင်ပြည်နယ် ၊ ကော့ကရိတ်ခရိုင်မှာ အောင်ဇေယျစစ်ကြောင်းကို အင်အားဖြည့်ဖို့လာတဲ့ တပ်မ ၇၇ စစ်ကြောင်းကို ဒရုန်း နဲ့တိုက်ခိုက်ခဲ့ ပြီး တပ်ဖွဲ့ ဝင် ခြောက်ဉီးထပ် မနည်းသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ Albino Tiger Column -P29909 တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ အောင်ဇေယျစစ်ဆေးရေး နဲ့ မြေဩဇာစစ်ဆင်ရေး တွင်ပါဝင်တဲ့ ဖောကား နှစ်စီးအပါ တပ်မ ၅၅ ကို စစ်ကူလာတဲ့ တပ်မ ၇၇ စစ်ကြောင်းကို မေလ ‌၁၆ရက်နေ့မှာ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ တွေပူးပေါင်းပြီး လေကြောင်းမှ ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ လက်ကျန်အင်အား နဲ့ စစ်ကြောင်းထိုးလာတဲ့ အောင်ဇေယျစစ်ဆင်ရေးဟာလည်း ‌ဒေါနတောင်‌ခြေ တွင် ‌ရှေ့ ဆက်ထိုး၍မရဘဲ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ ဝင်တွေနဲ့ တိုက်ပွဲများ ဖြစ်ပွားနေတာကြောင့် ပြည်သူများအနေနဲ့ ဘေးကင်းရာအရပ်မှာ သတိပြုနေထိုင်ကြရန် Albino Tiger Column -P29909 တပ်ဖွဲ့က တိုက်တွန်းနှိုးဆော်ထားပါတယ်။

အဆိုပါတိုက်ခိုက်မှုကို အမှတ်၃၁ ဗျူဟာလက်‌‌အောက်ခံ နဂါးဖြူစစ်ကြောင်း ၊ ကျားဖြူစစ်ကြောင်း Multirotor Droneတပ်ဖွဲ့ ၊ Fixed Wing Drone တပ်ဖွဲ့ နဲ့ Robinhood Rocketအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မကြီးအုပ်ကျေးရွာလေကြောင်းတိုက်ခိုက်ခံရမျုအတွင်း သေဆုံးသူ ၉ ဦးအထိရှိလာမေ ၊ ၁၇ ရက် Burma Insight News စစ်ကိုင်းတိုင်း ၊ ဒ...
17/05/2024

မကြီးအုပ်ကျေးရွာလေကြောင်းတိုက်ခိုက်ခံရမျုအတွင်း သေဆုံးသူ ၉ ဦးအထိရှိလာ

မေ ၊ ၁၇ ရက်
Burma Insight News

စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့နယ် ၊ မကြီးအုပ်ကျေးရွာကို စစ်တပ်ကလေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာဒဏ်ရာရရှိခဲ့သူတွေထဲက နောက်ထပ် ၂ ဦး ထပ်မံ သေဆုံးသွား တယ်လို့ S&C မီးဘေး၊စစ်ဘေး၊ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့မှတာဝန်ခံ ကိုစိုးမိုးအောင်က The Justice Wave ကိုပြောကြားခဲ့ပါတယ်။

"ဗုံးကြဲတိုက်ခိုက်ခံရပြီးတဲ့နောက် ဖြစ်စဉ်အတွင်း သေဆုံးသူ ၆ ယောက်ရှိခဲ့ပြီး အပြင်းအထန်ဒဏ်ရာရသူ ၇ ယောက်ထဲမှာမှ ၂ ယောက်ထပ်ကျသွားတာလို့"သူကပြောပါတယ်။

မေ ၁၁ ရက် နေ့လည် ၂ နာရီလောက်မှာ တံတားဦးလေတပ်က တက်လာတဲ့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာက ဒီပဲယင်း မြို့နယ်အတွင်းရှိ ရွာများကို လေကြောင်းက လာရောက်တိုက်ခိုက်ရာ မကြီးအုပ်ကျေးရွာ စာသင်ကျောင်းကို ပေါင် ၅၀၀ ဗုံးလေးလုံးကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ခြေပျက်လက်ပျက် ၅ ဦးနှင့် သေဆုံးသူ ၈ ဦးထိရှီနေပြီဖြစ်ကြောင်း သိရပါတယ်။

မြောက်ခင်ရန်းရွာကပျူစောထီးတွေပူးပေါင်းပြီး ရွှေဘိုရွာနဲ့ရေသာရွာကနေအိမ်တွေကိုမီးရှို့ဖျက်ဆီး၊အရပ်သား (၂) ဦးသတ်ဖြတ်မေ ၊ ၁...
17/05/2024

မြောက်ခင်ရန်းရွာကပျူစောထီးတွေပူးပေါင်းပြီး ရွှေဘိုရွာနဲ့ရေသာရွာကနေအိမ်တွေကိုမီးရှို့ဖျက်ဆီး၊
အရပ်သား (၂) ဦးသတ်ဖြတ်

မေ ၊ ၁၇ ရက်
Burma Insight News

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း မြောက်ခင်ရန်းပျူစောထီးရွာက ပျူစောထီးတွေဟာ မနေ့က မနက်ပိုင်းမှာပဲ ရေသာရွာနဲ့ ရွေဘိုရွာက ရာနဲ့ချီတဲ့အရပ်သားနေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် အသက်၈၀ ကျော်အရွယ် ဦးသာနွယ်နဲ့ နွားတစ်ကောင်ကိုလည်းသတ်ဖြတ်ခဲ့သလို တော်လှန်ရေးတပ်ဖွဲ့တွေ နယ်မြေရှင်းလင်းစဉ် မီးလောင်သေဆုံးနေတဲ့ အသက် ၉နှစ်အရွယ် ကဘေးငယ် တစ်ဦးရဲ့ရုပ်အလောင်းကို လည်းတွေ့ရှိခဲ့ရတယ်လို့ ယောအလင်းတန်းအဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။

ရွှေဘိုရွာဟာ မြောက်ခင်ရန်းရွာနဲ့ အ‌နီးဆုံးရွာတစ်ရွာဖြစ်ပြီး မြောက်ခင်ရန်းရွာ ပျူစောထီးတွေဟာ ရွှေဘိုရွာကို ၃ ကြိမ်တိတိ မီးရှို့ဖျက်ဆီးခဲ့သလို အခုနှစ်ထဲမှာပဲ တော်လှန်ရေးရဲဘော်လူငယ်နှစ်ဦးကိုမီးရှို့သတ်ဖြတ်ခဲ့ပါသေးတယ်။

သုံးကြိမ်တိုင်တိုင်သတိပေးခဲ့ပေမယ့် မင်းတို့ စွမ်းရင်လာခဲ့ဆိုပြီးစိမ်ခေါ်တဲ့ ပခုက္ကူက အုပ်ကြီး ပစ်ခတ်ရှင်းလင်းခံရမေ ၊ ၁၇ ...
17/05/2024

သုံးကြိမ်တိုင်တိုင်သတိပေးခဲ့ပေမယ့် မင်းတို့ စွမ်းရင်လာခဲ့ဆိုပြီးစိမ်ခေါ်တဲ့ ပခုက္ကူက အုပ်ကြီး ပစ်ခတ်ရှင်းလင်းခံရ

မေ ၊ ၁၇ ရက်
Burma Insight News

မကွေးတိုင်း ၊ ပခုက္ကူမြို့ ၊ အောင်သပြေ ရပ်ကွက်မှာနေထိုင်တဲ့ အုပ်ချုပ်ရေးမှူးဟာ အပြစ်မဲ့ ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်နေတဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း
ဒေါင်းစစ်သည် People Defense Force PKU အဖွဲ့ ထံက သိရပါတယ်။

အဆိုပါ အုပ်ချုပ်ရေးမှူး ဆိုသူဟာ စစ်ကောင်စီတပ်နဲ့ ပူး ပေါင်းပြီး အပြစ်မဲ့ပြည်သူတွေကို အကြောင်းမဲ့ မတရားဖမ်းဆီးနှိပ်စက်ခဲ့တာကြောင့် သတိပေးမရတဲ့ အဆုံး‌ မေလ ၁၅ ရက်နေ့ မနက် ၉နာရီ ၃၀မိနစ်မှာ ဒေသခံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ တွေက အိမ်ရှေ့ထိသွားရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

"အုပ်ကြီးကို ဘာကြောင့်ရှင်းလင်းခဲ့တာလည်းဆိုတော့ သူက အကြောင်းမဲ့ပြည်သူတွေကို ဖမ်းပြီးနှိပ်စက်တယ်။ သူလုပ်လိုက်တဲ့သူဆို ခုထိ ထမင်းတောင် စားလို့မရသေးတဲ့အခြေအနေထိရှိသေးတယ်။ သူက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရဲတပ်ဖွဲ့ဝင်တွေ ပျူစောထီးတွေနဲ့ ကင်းပတ်တာတွေလဲလုပ်လေ့ရှိတယ်။" လို့ ကိုရာဇာ ဒေါင်းစစ်သည် People Deffence Force PKU အဖွဲ့တာဝန်ခံက PEN47 ကို ပြောပါတယ်။

အဲဒီ အုပ်ချုပ်ရေးမှူးကို ပစ်ခတ်မရှင်းလင်းချိန် တစ်လလောက်ကြိုပြီး စာ နဲ့ရော ဖုန်းနဲ့ ပါ အကြိမ်ပေါင်းများစွာ သတိပေးခဲ့ပေမယ့် ရပ်ကွက်ထဲက ပြည်သူအချို့ကိုလည်း ဆက်လက်ဖမ်းဆီးနှိပ်စက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ People Deffence Force PKU အဖွဲ့ အနေနဲ့လည်း စစ်အာဏာရှင်ကို အမြစ်ပြတ်တော်လှန်ရာမှာ လုံလောက်တဲ့ လက်နက်အင်အား အပြည့်အဝ မရှိတာကြောင့် ပြည်သူတွေအနေနဲ့ ကူညီပေးကြဖို့ကိုလဲ တိုက်တွန်းနှိုးဆော်ထားပါတယ်။


#ပခုက္ကူ

စစ်ကောင်စီရဲ့ ထားဝယ်မောရဝတီရေတပ်စခန်းဌာနချုပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူမောင်နှမ နှစ်ဦးသေဆုံးခဲ့ရမေ ၊ ၁...
16/05/2024

စစ်ကောင်စီရဲ့ ထားဝယ်မောရဝတီရေတပ်စခန်းဌာနချုပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူမောင်နှမ နှစ်ဦးသေဆုံးခဲ့ရ

မေ ၊ ၁၆ ရက်
Burma Insight News

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ အုန်းပင်ကွင်းရွာအခြေစိုက် စစ်ကောင်စီ၏ မောရဝတီရေတပ်စခန်းဌာနချုပ်က မေလ ၁၅ ရက် မနက်၁၁ နာရီမှာ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဇာဒီကျေးရွာရှိ အပြစ်မဲ့ပြည်သူမောင်နှမနှစ်ဦးသေဆုံးခဲ့ရတယ်လို့ ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်)က ထုတ်ပြန်ထားပါတယ်။

လက်နက်ကြီးလေးကြိမ်ခန့် ပစ်ခတ်ခဲ့တာဖြစ်ပြီး ဇာဒီကျေးရွာ၊ သစ်လှတောရပ်ကွက်ရှိ နေအိမ်တလုံးပေါ်သို့ ကျရောက်ပေါက်ကွဲရာကနေ နေအိမ်ပေါ်ရှိ အသက် ၁၆ နှစ်အရွယ် မောင်ဇော်မျိုးအောင်နဲ့ ညီမဖြစ်သူ အသက် ၁၁ နှစ်အရွယ် မပွင့်ပွင့်တို့ သေဆုံးခဲ့ရတယ်လို့သိရပါတယ်။

ဇာဒီကျေးရွာနဲ့အနီးအနားတဝိုက်မှာ မည်သည့်တိုက်ပွဲမှ ဖြစ်ပွားခဲ့ခြင်းမရှိဘဲ အခုလိုပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ အရပ်သားများအပေါ် အခုလို ပစ်မှတ်ထား တိုက်ခိုက်မှုတွေက စစ်ရာဇဝတ်မှုကျူးလွန်ရာရောက်တာကြောင့် မည်သည့်အချိန်တွင်မှ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိမှာမဟုတ်ကြောင်း သိစေအပ်တယ်လို့ ဆိုပါတယ်။


#တနသ်ာရီ

16/05/2024

ရခိုင်ပြည်နယ် ကင်းချောင်းရွာနဲ့ဝဲကြီးထောင့်ဆေးရုံကို စစ်ကောင်စီတပ်လေကြောင်းကနေဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိခဲ့

မေ ၊ ၁၆ ရက်
Burma Insight News

ရခိုင်ပြည်၊ မောင်တောမြို့နယ် တောင်ပိုင်းရှိ ကင်းချောင်း ကျေးရွာကို မေ ၁၄ ရက်မှာ အကြမ်းဖက် စစ်ကောင်စီတပ်မှ ရည်ရွယ်ချက်ရှိရှိ ဂျက်တိုက်လေ ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သလို ကျောက်တော်မြို့ထဲက ဝဲကြီးထောင့်ဆေးရုံကို လဲဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

ကင်းချောင်း ရွာဗုံးကြဲတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုနဲ့ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ ရခိုင့်တပ်တေယ် AA က သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် မနေ့က ကျောက်တော်မြို့နယ်၊ ဝဲကြီးထောင့်ဆေးရုံကို စစ်ကောင်စီက ဂျက်ဖိုက်တာ အသုံးပြုပြီး ဗုံးကြဲတိုက် ခိုက်ခဲ့လို့ ဆေးရုံတခုလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ပြီး ဆေးဝန်ထမ်း၊ လူနာ နဲ့ လူနာစောင့် အရပ်သားပြည်သူ စုစုပေါင်း ၂၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင် သေဆုံးသူ တွေလဲရှိခဲ့တယ်လို့ဆိုပါတယ်။

အဲ့ဒီ့လို လေကြာင်းကနေ ပြည်သူလူထုရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေနဲ့ လူမှုဘဝလုံခြုံမှုကို နေစဉ်နဲ့အမျှ ခြိမ်းခြောက်နေတဲ့ လုပ်ရပ်တွေနဲ့ ပြည်သူတွေကို နေ့စဉ်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေ၊ အခုလက်ရှိ ကျူးလွန်ထားတဲ့ မှတ်တမ်းတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေထံ ပေးပို့သွားမယ်လို့ လည်းရခိုင့်တပ်တော် AA ကမနေ့ကထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

#ရခိုင်
#ဝဲကြီးထောင့်ဆေးရုံ
#ကင်းချောင်း

NUG နိုင်ငံခြားရေးဝန်ကြီး နဲ့အစိုးရအဖွဲ့ဝင်အချို့ တောင်ကိုရီးယားနိုင်ငံကိုရောက်ရှိနေပြီး လွှတ်တော်အမတ်တွေနဲ့တွေ့မယ်မေ ၊ ...
16/05/2024

NUG နိုင်ငံခြားရေးဝန်ကြီး နဲ့အစိုးရအဖွဲ့ဝင်အချို့ တောင်ကိုရီးယားနိုင်ငံကိုရောက်ရှိနေပြီး လွှတ်တော်အမတ်တွေနဲ့တွေ့မယ်

မေ ၊ ၁၆ ရက်
Burma Insight News

အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန် ကြီး ဒေါ်ဇင်မာအောင်နဲ့ အစိုးရအဖွဲ့ဝင်တွေဖြစ်တဲ့စီမံကိန်း ဘဏ္ဍာရေးနဲ့ ရင်းနှီး မြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်တို့ မနေ့ကပဲတောင်ကိုရီးယားနိုင်ငံကိုရောက်ရှိနေတယ်လို့သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန် ကြီးနဲ့စီမံကိန်း ဘဏ္ဍာရေးနဲ့ ရင်းနှီး မြှုပ်နှံမှုဝန်ကြီး တို့ဟာဂွမ်ဂျူး ၅.၁၈ ဖောင်ဒေးရှင်းက ပြုလုပ်တဲ့ ၄၄-နှစ်မြောက် ဂွမ်ဂျူးပြည်သူ့အရေးတော်ပုံ အောက်မေ့ဘွယ် အခမ်းအနားကိုတက်ရောက်ဖို့ရောက်ရှိလာတာလို့ဆိုပါတယ်။

အဲ့ဒီ့ လာရောက်မှုအတွင်းတောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေနဲ့လည်း မေ ၁၉ ရက်မှာ အင်ချွန်းမြို့ ဘူဖျောင်းမြို့နယ်ခန်းမ မှာတွေ့ဆုံသွားမှယဖြစ်တယ်လို့သိရပါတယ်။


#တောင်ကိုရီးယား

Address


Website

Alerts

Be the first to know and let us send you an email when Burma Insight News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Burma Insight News:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share