𝚆𝚒𝚕𝚍 𝚆𝚘𝚕𝚏 - 𝙶𝚘𝚕𝚍 & 𝙵𝚘𝚛𝚎𝚡 𝙲𝚑𝚊𝚗𝚗𝚎𝚕

  • Home
  • 𝚆𝚒𝚕𝚍 𝚆𝚘𝚕𝚏 - 𝙶𝚘𝚕𝚍 & 𝙵𝚘𝚛𝚎𝚡 𝙲𝚑𝚊𝚗𝚗𝚎𝚕

𝚆𝚒𝚕𝚍 𝚆𝚘𝚕𝚏 - 𝙶𝚘𝚕𝚍 & 𝙵𝚘𝚛𝚎𝚡 𝙲𝚑𝚊𝚗𝚗𝚎𝚕 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 𝚆𝚒𝚕𝚍 𝚆𝚘𝚕𝚏 - 𝙶𝚘𝚕𝚍 & 𝙵𝚘𝚛𝚎𝚡 𝙲𝚑𝚊𝚗𝚗𝚎𝚕, Media/News Company, .

World Gold က သူ့ Flow နဲ့သူ သူ့ Data နဲ့သူဒါကို တို့ Local သမားများ က ဘာတွေ ဖုန်ထနေလည်းမသိ😁 / WG ကျတိုင်းမြန်မာ ကျကြေးဆိ...
23/05/2024

World Gold က သူ့ Flow နဲ့သူ သူ့ Data နဲ့သူ

ဒါကို တို့ Local သမားများ က ဘာတွေ ဖုန်ထနေလည်း

မသိ😁 / WG ကျတိုင်းမြန်မာ ကျကြေးဆိုရင်တော့

Admin လည်း Millionaire ဖြစ်နေပြီ😁😁🤑🤑

✌️🤑

ကျွန်တော်က ဈေးကြို ကား မောင်းတယ်ဈေးသည်တွေ ငါးသည်တွေ လိုက်တယ်ကြည်မြင်တိုင် စံပြငါးဈေးနဲ့ သီရိမင်္ဂလာဈေး ပို့ ပေးရတယ်ကျွန်...
13/05/2024

ကျွန်တော်က ဈေးကြို ကား မောင်းတယ်
ဈေးသည်တွေ ငါးသည်တွေ လိုက်တယ်
ကြည်မြင်တိုင် စံပြငါးဈေးနဲ့ သီရိမင်္ဂလာ
ဈေး ပို့ ပေးရတယ်

ကျွန်တော့ကားက ည ၁၁ နာရီ ပုံမှန်ကားပေါ့ - ငမူး အောင်စိုးဆိုတဲ့လူက ကျွန်တော့ကားကို အမြဲစီးတယ်သူက ဒန်အိုးနှစ်လုံးကို ထပ်ပြီး ယူလာတယ်

သူက အချိန်နဲ့အမျှ အရက်မူးနေတဲ့လူဗျ
ကြည့်မြင်တိုင် အသီးအရွက်ဈေး ရောက်ရင် သူကအိပ်တစ်လုံးယူပြီး ဈေးထဲလျှောက်သွားတယ်

သူ ရှေ့မှာ အာလူးအိပ်ကို ထမ်းသွားတဲ့
အလုပ်သမားက အိပ်အပေါက်ကနေ အာလူးတစ်လုံး ပြုတ်ကျရင် သူကကောက်ထည့် ခရမ်းသီးလေး ပြုတ်ကျရင် သူကကောက်ထည့်ပေါ့

သီရိမင်္ဂလာဈေးကို ညဘက် ရောက်ဖူးသူတိုင်း သိပါတယ် ကုန်တင် ကားပေါ်မှာ ထပ်ပိုင်းကျိုးနေတဲ့ ခရမ်းသီးတွေအများကြီးပဲ ဘယ်သူမှ မယူဘူး တံမြတ်စည်းနဲ့ လှည်းချ ပြစ်လိုက်တာပဲ

အဲ့တာတွေကို ကိုအောင်စိုးက ကောက်ယူတယ် နာရီဝက်လောက် ကောက်ရင် ပီနံအိပ် တဝက်လောက် အသာလေးရတယ် အဲ့ဒါကို သူ ယူသွားပြီး ကမ်းနားလမ်းက မီးသတ် ရေဘုံဘိုင်မှာဆေးကြော လှီးဖြတ်တယ်

လုပ်တာကိုင်တာကတော့ အတော်သန့်တယ်၊ ရေသန့်ဗူးကြီးနှစ်ဗူးဝယ်ပြီး ပဲကုလားဟင်းချက်တယ်ဗျာ၊ ပြီးရင်ဆိုင်းထမ်းတံပိုးနဲ့လိုက်ရောင်းတော့တာပဲဗျ

ကိုအောင်စိုး ကုလားဟင်းက တစ်ခွက်မှ ၅၀ပဲ ပေးရတယ် ကုန်ထမ်းသမားတွေက ပိုက်ဆံမပေးပဲ တစ်ခွက်ကျွေးကွာဆိုလဲ ကိုအောင်စိုးက ပေးခဲ့တာပဲဗျ

အဲ့ဒီတော့ဗျာ ကုန်ထမ်းသမားကလည်း အာလူးတွေ ခရမ်းသီးတွေတွေ့ရင် အောင်စိုးကို လှမ်းပြစ်ပေးသွားကြတယ်

ကိုအောင်စိုးက - ကုန်ကားတွေပေါ်က ခရမ်းသီးအကျိုး အာလူးအိပ်ပွင့်ကျတွေ ကောက်ပြီး - ကုလားဟင်း လုပ်ရောင်းတယ် - နေ့လည်ဘက် ကမ်းနားလမ်းတစ်လျှောက် ရောင်းပေါ့

ညနေဘက်ကျတော့ ကုန်ထမ်းသမားတွေနဲ့ အရက်အတူတူသောက်ပေါ့ သူ့ဘဝ သူကျေနပ်နေတာပါပဲ

ညဘက်ပြန်လာရင် ရထားစီးလာပြီးတိုးကြောင်လေးဘူတာမှာ ဆင်းတယ်ကျွန်တော့်ကားက တံတားဖြူ CNG ဆိုင်မှာ ထည့်တော့ သူက ကျွန်တော့ကား စောင့်စီးပေါ့

တစ်နေ့ ည ၇နာရီလောက် မိုးတွေအရမ်းသည်းနေချိန် ကျွန်တော် CNG သွားထည့်် ပြီးပြန်လာတယ် ငမူး အောင်စိုးက လမ်းကနေတက်လာတယ်

အရက်ကလည်းမူး လက်ထဲမှာ အထုပ်လေး တစ်ထုပ်နဲ့ ကားပေါ် ရောက်တာနဲ့ထိုးအိပ်တယ်

သူ့အိမ်ရောက်ခါနီးတော့ ကျွန်တော်က နှိုး လိုက်တယ်
“ ကိုအောင်စိုးထဗျာ -
အစ်ကို့အိမ်ရောက်တော့မယ် ”

သူထလာပြီး အရက်မူးမပြေပဲ ကျွန်တော်မောင်းနေတဲ့နား လာထိုင်တယ်
" ကိုအောင်စိုး ဒီနေ့ ခင်ဗျား ဒန်အိုး
နှစ်လုံးဘယ်ထားခဲ့လဲဗျ ''ပါလာတာ မတွေ့ပါလား"

ကိုအောင်စိုး အာလေး လျှာလေး နဲ့ ပြန်ဖြေတယ် -
" ဈေးထဲမှာ အပ်ထား ခဲ့တယ် ''

" အဲ့တာများဗျာ ခင်ဗျား အချိန်ကုန်ခံပြီး ပြန်လာနေသေးတယ်ဗျာ ခင်ဗျား ည ၁၁ ကျရင် ပြန်ထွက်ရမည့် အတူတူ ကြည့်မြင်
တိုင်မှာ အိပ်လိုက်ပေါ့ဗျာ ဘယ်နေရာ အိပ်
အိပ်ရတာပဲကိုး"

" ဘယ်ပြန်ချင်မှာ လဲ ဘောစိရယ် အရက်မူးမူးလေးနဲ့ ယူလိုက်ရင် ကွက်တိပဲ ပေါ့
ဒါပေမယ့် ကျူပ်မှာ အမေရှိတယ်ဗျ ကျူပ်ပြန်မလာရင် သူတစ်ယောက်တည်း အားငယ် နေလိမ့်မယ်
ပြီးးတော့ သူအိမ်ရှေ့မှာ ထိုင်စောင့်ပြီး စိတ်ပူနေလိမ့်မယ်. အဲ့တာ ကြောင့် ကျူပ် သူ့အတွက် ပြန်လာတာဗျ
အရက်သောက်ပြီး နေ့လည် ၂နာရီခွဲ တည်းက ကြည့်မြင်တိုင် ဘူတာက ရထားစီးလာတာ ခုထိ အိမ်မရောက်ဘူး မူးတဲ့နေရာ လှဲအိပ်တာကိုးဗျ ..
မယုံရင် ဒီမှာကြည့်ဗျာ မုန့်လိပ်ပြာအမေ့ဖို့ ကြည့်မြင်တိုင်က ဝယ်လာတာ မုန့်တောင် ခြောက်ကပ် နေပြီ .."

သူ ကျွန်တော့ကို မုန့်လိပ်ပြာ အထုတ်လေး မြှောက်ပြရင်း ကားပေါ်ကနေ ဒယိုင်းဒယိုင်နဲ့ ဆင်းသွားတယ်

ကျွန်တော် ကားဆက် မမောင်းပဲ ကိုအောင်စိုး ကျောပြင်ကိုကြည့်နေတယ်
သြော် အရက် ဘယ်လောက်မူးမူး အမေ့ဆီရောက်အောင် သူပြန်လာရှာတယ် အမေအားငယ်နေမှာ စိုးလို့တဲ့ ...

ကိုအောင်စိုး ကျွန်တော့ကားရှေ့ နားက ရွံ့ဗွက် အိုင်မှာ ချောလဲကျသွားတယ် တစ်ကိုယ်လုံး ရွံ့ဗွက်ထဲကျနေပေမယ့်

သူ့အမေ အတွက်မုန့်လိပ်ပြာအထုပ်ကို ရွံ့ မပေအောင်မြှောက်ကိုင်ထားတာကို ကားမီးရောင် နဲ့ တွေ့နေရတယ်

လမ်းဘေးက အသီးလေးတွေကောက်ပြီး ဟင်းလုပ်ရောင်းသော အရက်သမားတစ်ယောက်၏ မိဘအပေါ်ထားသော စိတ်သည်
ကြီးကျယ်မြင့်မြတ်ပေစွ ....

*** *** *** ***

၂၀၁၄ ခုနှစ်တွင် ကိုအောင်စိုး အရက်အလွန်အကျွံသောက်သဖြင့် သွေးအန်
လေသည် -
ကြည်မြင်တိုင် ကမ်းနားမှ အလုပ်သမားတွေက ရန်ကုန်ဆေးရုံကြီး တင်ပေးလိုက်၏

ရောဂါက ကျွမ်းနေလေပြီ သူဆေးရုံတတ်သဖြင့် ညဘက်တွေ အိမ်မပြန်နိုင်ပေ …
အမေလုပ်သူကလည်း မသိပဲ ညတိုင်းစောင့်နေမြဲပင်...

သူဆေးရုံတတ်သော သတင်းကို သူ့အိမ်သို့ ကျွန်တော်က လိုက်ရှာပြီးသွားပြောပြရလေသည်

အမေအိုက မနက် မိုးလင်းလျှင် ဆေးရုံလိုက်ရန် ပြင်ဆင်၏

သို့သော်
အောင်စိုးသည် ညဘက် ဆေးရုံမှ ခိုးဆင်းလာပြီး ... ...
သွေးအန်လျှက်နှင့်ပင် အိမ်ပြန်ရောက်လာပြီး - မိခင်၏ ရင်ခွင်တွင် ခေါင်းတင်၍ သေလေသည် ….

သားထောက် သမီးခံမရှိသော အမေအိုအား လူအိုရုံသို့ ပို့ရန် ကျွန်တော်တို့က စီစဉ်ကြ၏

သို့သော် -
အဖွားက ချမ်းမြေ့ရိပ်သာကျောင်းတွင်မယ်သီလရှင် ဝတ်ပြီးတရားအားထုတ်သွားလေသည်

နောက်ဆုံးပြောသွားသောစကားမှာ -
" သီလရှင် ဝတ်ချင်နေတာကြာပါပြီ
ဒီ အောင်စိုးကို စိတ်ပူလို့ မဝတ်ဖြစ်တာ
အခုတော့ ဝတ်ဖြစ်သွားတာပေါ့''

""သားက အမေကို ချစ်သဖြင့် အမေကို စိတ်ပူ၏
အမေက သားကို ချစ်သဖြင့် သားကို
အပြန်အလှန် စိတ်ပူ၏ ""

ချစ်ရသူမရှိတော့သောအခါ စိတ်ပူခြင်းလည်းမရှိတော့ပေ။

Moe Gyi

Photo by Klhwn Moe

🙏🏻😞🙏🏻..မဟာဗောဓိမြိုင်ဆရာတော်ကြီး ယနေ့ နေ့လည်ပိုင်းအချိန်မှာ ပျံလွန်တော်မူ သာသနာအတွက် ရွှေတောင်ကြီးပြို😞....................
30/04/2024

🙏🏻😞🙏🏻..

မဟာဗောဓိမြိုင်ဆရာတော်ကြီး ယနေ့ နေ့လည်ပိုင်းအချိန်မှာ ပျံလွန်တော်မူ
သာသနာအတွက် ရွှေတောင်ကြီးပြို😞.....................
ဧပြီလ ၃၀

ယနေ့ ဧပြီလ ၃၀ရက် နေ့လည် ၁နာရီ ၁၀မိနစ်အချိန်မှာ မဟာဗောဓိမြိုင်ဆရာတော်ကြီး ပျံလွန်တော်မူသွားခဲ့တယ်လို့ နီးစပ်သူများထံက သိရပါတယ်။

"စိတ်မကောင်းစရာသတင်းကြီးပါ။ ရွှေတောင်ကြီးပြိုပါပြီ။ မဟာဗောဓိမြိုင်ဆရာတော်ကြီး နေ့လည် ၁နာရီ ၁၀မိနစ်အချိန်မှာ ခန္ဓာဝန်ချသွားပါပြီ"လို့ ဆရာတော်ကြီးရဲ့ကပ္ပိယနဲ့နီးစပ်သူတစ်ဦးက ဆိုပါတယ်။

မဟာဗောဓိမြိုင်ဆရာတော်ကြီး ပျံလွန်တော်မူသည့်အချိန်တွင် သက်တော် ၈၃နှစ်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

မဟာဗောဓိမြိုင်ဆရာတော်ကြီး ပျံလွန်တော်မူသည့် အခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့ တရားဝင်ထုတ်ပြန်ပြောဆိုထားခြင်း မရှိသေးတာလည်းဖြစ်ပါတယ်။

#မဟာဗောဓိမြိုင်ဆရာတော် #ပျံလွန်တော်မူ

Via - Ko Soe Kyaw.

အစ္စလာမ် ဘာသာဝင်တို့၏ ဝါကျွတ်ကာလ အီးဒ် ရက်မြတ် အခါသမယတွင် ငြိမ်းချမ်း သာယာမှုအပေါင်း ခညောင်း ကျရောက်ပါစေကြောင်း ဆုတောင်း...
11/04/2024

အစ္စလာမ် ဘာသာဝင်တို့၏ ဝါကျွတ်ကာလ အီးဒ် ရက်မြတ် အခါသမယတွင် ငြိမ်းချမ်း သာယာမှုအပေါင်း ခညောင်း ကျရောက်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

☪Selamat HariRaya Aidilfitri.
Happy Eid for Muslims .

အီတီလေးလည်းပေးကြပါလို့ 🤒

' ဘဝမှာ တရားမျှတဖို့ ဘယ်တော့မှ မမျှော်လင့်ပါနဲ့ '
09/04/2024

' ဘဝမှာ တရားမျှတဖို့ ဘယ်တော့မှ မမျှော်လင့်ပါနဲ့ '

09/04/2024

စစ်တိုက်ခြင်းအနုပညာမှာ ကျော်ကြားတဲ့
စကားစုတစ်ခုက

"အင်အားသုံး မယ်ဆိုလျှင်
အင်အားမရှိသလိုပြုမှုပါ" တဲ့

#ရန်သူကိုအထင်သေးခြင်းသည်အမှားတစ်ခုသာ။

ဓါတ်ဆီ၊ ဒီဇယ် စျေးနှုန်းတွေကို  April (3)day မှစတင်ပီး (1)လီတာကို ၆၂၀ကျပ်နှုန်း အဖြစ်.....See more
02/04/2024

ဓါတ်ဆီ၊ ဒီဇယ် စျေးနှုန်းတွေကို April (3)day မှစတင်ပီး (1)လီတာကို ၆၂၀ကျပ်နှုန်း အဖြစ်.....See more

ခုချိန်ကြီးမတင်ချင်ပေမယ့် မနေ့ညက အမြန်လမ်းပေါ်ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးကို အားလုံးလည်း သတိထားနိုင်ဖို့တင်ပေးလိုက်ပါတယ် ‼...
23/03/2024

ခုချိန်ကြီးမတင်ချင်ပေမယ့် မနေ့ညက အမြန်လမ်းပေါ်ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးကို အားလုံးလည်း သတိထားနိုင်ဖို့တင်ပေးလိုက်ပါတယ် ‼️

ကျွန်တော်မနေ့က ရန်ကုန်-ကလောကို ည (၆)ခွဲကားနဲ့ထွက်လာခဲ့တာ ၊ အင်္ဂလိပ်နာမည်နဲ့ကားလိုင်းပေါ့ ၊ နေရာအတိအကျတော့မမှတ်မိပေမယ့် (၁၁၅)မိုင်မှာ ထမင်းစားပြီးမှဖြစ်တာတော့ မှတ်မှတ်ရရ မှတ်မိနေတုန်းပဲ။ အဲဒီညက ပုံမှန်ရပ်နေတဲ့ ယာဉ်ရပ်နားစခန်းမဟုတ်ပဲ အထဲထိဝင်ရတဲ့နေရာတစ်ခုမှာကားကရပ်ခဲ့တာ။ ဗိုက်ကလည်းဆာတော့ အဲ့နားကတစ်ခုတည်းသော ထမင်းဆိုင်မှာ ကျွန်တော်တို့နှစ်ယောက်ဝင်စားလိုက်ကြတယ်ပေါ့လေ။

သူကကြက်သားကြော်နဲ့ ကျွန်တော်က အမဲနှပ်နဲ့စားဖြစ်ကြတယ်။ အဲ့မှာ ဗိုက်ဆာနေချိန် အမဲသားက သေချာမကျက်ပဲညှီနေတော့ စိတ်ဆိုးဆိုးနဲ့ “လူစားလို့မရဘူး စားချင်တဲ့ဟာတွေသာ လာစားကြ” လို့ပြောလိုက်မိတော့ ကောင်မလေးကတောင် “ကိုကိုစကားကိုအဲလို လက်လွတ်စပယ်မပြောရဘူး” လို့ဆူလိုက်သေးတယ်။ အဲဒီထိက ဘာမှမဖြစ်သေးဘူး၊ ဒီလိုနဲ့ကားပေါ်ပြန်တက်တော့ ည(၁၀) နာရီလောက်ရှိနေပြီ ကားထွက်ပြီးခဏကြာတော့ မှေးကနဲအိပ်ပျော်သွားပါလေရော။

ဇာတ်လမ်းက အဲဒီကစတာ၊ တစ်ရေးနိုးတော့ လူကတော်တော်အေးလာတာ ၊ ပုံမှန်မဟုတ်ပဲ လက်ဖျားတွေပါ အေးလာတာမျိုးပေါ့၊ အပြင်ကိုကြည့်လိုက်တော့လည်း ဘာမှမမြင်ရဘူး၊ အဲဒီမှာ ကောင်မလေးကိုကြည့်လိုက်တော့ သူ့ရင်ဘက်ပေါ်ကို လက်နှစ်ဖက်ယှက်ပြီး တုန်နေပြီ။ အဲဒါကိုမြင်တော့ ကျွန်တော်ကလန့်သွားပြီးခေါ်တော့ မနိုးလာဘူး၊ ပါးစပ်ကလည်း နားမလည်တာတွေပြောတော့ လူကထူပူသွားတယ်။ အဲဒါနဲ့ ကျွန်တော့်စောင်နဲ့ပါထပ်ပတ်ပေးထားပြီးထပ်ခေါ်တော့မှနိုးလာပြီး လက်ညိုးထိုးပြတယ်။ ကျွန်တော်လှည့်ကြည့်တော့ဘာမှလည်းရှိမနေဘူး။ အဲဒါနဲ့ ပြူတင်းပေါက်လိုက်ကာကိုပိတ်ချလိုက်ပြီး သူ့ကိုထပ်ခေါ်မှ မျက်လုံးဖွင့်ပြီး တိုးတိုးလေးပြောတယ်။

“တော်တော်လေးအေးလို့ ထပ်ဖက်ထားပေးပါလား” တဲ့ ၊ အဲဒါနဲ့ သူ့ကိုဖက်ထားနေတုန်း လက်ညိုးထပ်ထိုးပြပါလေရော၊ ကြည့်တော့လည်း ဘာမှမတွေ့ပြန်ဘူး။ ကျွန်တော်လည်း လန့်လာပြီး ဘာကိုထိုးပြတာလည်းမေးတော့မှ

“ဟိုမှာလေတဲ့ သူများရည်းစားဖက်နေတာကို ထိုင်ကြည့်နေတဲ့ စောင် FA” တွေတဲ့ 🥲🥲

ူရင်းလူ

ဒီနေ့ အမှတ်မထင် သူငယ်ချင်းတစ်ယောက်ဖိတ်လို့ ကားလေလံပွဲတခု တတ်ဖြစ်တယ် လေလံ ဝင်ဆွဲဖို့ စိတ်ကူးတော့မရှိပါဘူးလေလံပွဲရောက်တော့...
19/03/2024

ဒီနေ့ အမှတ်မထင် သူငယ်ချင်းတစ်ယောက်ဖိတ်လို့ ကားလေလံပွဲတခု တတ်ဖြစ်တယ် လေလံ ဝင်ဆွဲဖို့ စိတ်ကူးတော့မရှိပါဘူး

လေလံပွဲရောက်တော့ USA ဂျစ်လေးတစ်စီးကို စျေးစဖွင့်ပါတယ်

"ကဲ လူကြီးမင်းများအားလုံး လေလံကြမ်းခင်းစျေးကို သိန်း ၁၀၀၀ နဲ့ စဖွင့်ပါမယ် စိတ်ဝင်စားရင် စျေပေးကြည့်ကြပါ လေလံစျေး ပိုတဲ့သူကို တခါတဲ နာမည်ပေါက်ဖောက်ပေးပြီး ရောင်းပေးပါမယ်"

ကိုယ်တကယ် အံသြသွားတယ် သူငယ်ချင်းကို မသိမသာလေး မေးကြည့်မိတယ်

"ဟျောင့် စျေးဖွင့်တာ များလှချည်လား ဒီဂျစ်က ဘာတွေ ထူးခြားလို့လဲ"

"ဟာ မင်းကလည်း ထူးခြားပါကောကွာ ငါရှင်းပြမယ် ဒီဂျစ်က စထုတ်တဲ့ နှစ်ကနေဆို ဒီနေ့အချိန်ထိ မတော်တဆမှုပေါင်း ၁၅ ခါလောက် ဖြစ်ဖူးတယ်
ဖြစ်သမျှ မတော်တဆမှုတိုင်းလည်း သေဆုံးသွားတာ ဇနီးသည် မိန်းမတွေချည်းဟ"

" သိန်း ၃၀၀၀ "

ကျနော် မတ်တပ်ရပ်ကာ ထပြောမိပါလေတော့၏။
😁😁😁😁😁😁😁😁😁😁😁😁😁😁😁

© မူရင်းလူ

https://m.facebook.com/story.php?story_fbid=1097521584155240&id=100016922262923&mibextid=Nif5oz

အတက် ကြမ်းနေတဲ့ World Gold ၏ကာလတို အကျလားရာ 🔻🔻လက်ရှိ ကျွန်တော့် သုံးသပ်ချက်အရ Market သည်H1 မှာ Channel လေးတစ်ခုဖြစ်နေ တာ...
14/03/2024

အတက် ကြမ်းနေတဲ့ World Gold ၏
ကာလတို အကျလားရာ 🔻🔻

လက်ရှိ ကျွန်တော့် သုံးသပ်ချက်အရ Market သည်
H1 မှာ Channel လေးတစ်ခုဖြစ်နေ တာကိုတွေ့ရပါ
တယ်။ နောက်တစ်ချက် အနေနဲ့ကတော့ Fibo
Retracement အရ Golden Ratio ဖြစ်တဲ့ ( 61.8 Level )
ကို Retrace ပြန်လာပြီး H4 မှာလည်း Bearish ပြနေပြီ
ဖြစ်တာကြောင့် Sell Order ဝင်ဖို့ရန် သင့်ပါတယ်။
အမြင်မရှုပ်စေရန် ပုံကို နှစ်ပုံခွဲပြထားပါတယ်။
Channel Line အတိုင်း စျေးဆင်းသွားမည်ဆိုလျှင်
(2150) အောက်ထိမြင်ရနိုင်ပါတယ်။ နောက်တစ်ချက်

ကတော့ ( 2150-55) ကြားမှာ Demand Zone ရှိတာ
ကြောင့် ထို level မှာ တစ်ချက် ထပ်ပြီး စောင့်ကြည့်
ရမှာဖြစ်ပါတယ်။

Hourly Support &Resistance များ

1️⃣ ( 2185-90 R-zone )

2️⃣( 2175 ) Resistance level

3️⃣ ( 2160 minor Support )

#မှတ်ချက် - Sell Order ဝင်မည်ဆိုပါက လက်ရှိ H4 Candel ပြီးသည်အထိ စောင့်တာ ပိုသေချာပါတယ်။

ကျွန်တော်ရဲ့ 𝚃𝚎𝚕𝚎𝚐𝚛𝚊𝚖 𝚂𝚒𝚐𝚗𝚊𝚕

𝙲𝚑𝚊𝚗𝚗𝚎𝚕 မှာ စျေးကွက် အကြံပြုချက်များ နှင့်

𝚃𝚛𝚊𝚍𝚒𝚗𝚐 𝚂𝚒𝚐𝚗𝚊𝚕 များကို အခမဲ့ ရယူနိုင်ပါတယ်။

💰 https://t.me/wildwolfforex 💰

᙭_TᖇᗩᗪIᑎG အကြောင်း

https://m.facebook.com/story.php?story_fbid=1097521584155240&id=100016922262923&mibextid=Nif5oz

(𝙵𝚒𝚗𝚊𝚗𝚌𝚒𝚊𝚕 𝙲𝚘𝚗𝚜𝚞𝚕𝚝𝚊𝚗𝚝 )
#𝙶𝚘𝚕𝚍&𝙲𝚞𝚛𝚛𝚎𝚗𝚌𝚢_𝚃𝚛𝚊𝚍𝚒𝚗𝚐
&𝚛𝚎𝚝𝚞𝚛𝚗_𝚝𝚛𝚊𝚍𝚒𝚗𝚐

☎️𝟶𝟿𝟽𝟿𝟻𝟶𝟶𝟼𝟹𝟾𝟿

07/03/2024

အနောက်က ရွေ့သွားပြီ (၂)
(မြန်မာက ရွာလည်တုန်း)

၁။ ခံယူချက်အရွေ့ (ဗုဒ္ဓဘာသာနဲ့ မဆိုင်)

ဒီနေ့ အနောက်ကမ္ဘာက ဘယ်လောက်ဆွေးနွေးဆွေးနွေး အားလုံးလက်ခံနိုင်တဲ့ အဖြေမျိုးမထွက်တာတွေအတွက် အချိန်ကုန် မခံတော့ဘူး။
“God ရှိသလား”
“အိန်ဂျယ်တွေ တကယ်ရှိသလား”
ယုံကြည်သူအတွက်ရှိပြီး မယုံကြည်သူအတွက် မရှိဘူး။ ငြင်းကြမှာလား။
နှစ်ပေါင်းနှစ်ထောင်ကြာပြီ တိကျတဲ့အဖြေ မထွက်လာဘူး။ ဒီအတွက် ဘာလို့အချိန်ကုန်ခံတော့မှာလဲ။

အဲဒီနောက်…
“မင်း God ကို ယုံသလား”
“ယုံတယ်”
“အိုကေ၊ ငါတော့မယုံဘူး။ ဘာနေနေ ကားစီးရင် ထိုင်ခုံခါးပတ်ပတ်”
ဒါပဲ။

“အိန်ဂျယ်တွေ တို့ဝန်းကျင်မှာရှိတာကို မင်း ယုံသလား”
“မယုံဘူး၊ တိကျတဲ့အထောက်အထား မရှိဘူး”
“ငါတော့ယုံတယ်။ ဘာနေနေ မနက်ဖြန် ရုံးချိန်နောက်မကျစေနဲ့”
ဒါပဲ။

ရွေ့သွားပြီဆိုတာ….
မယုံသူက ယုံသူကို အသိဉာဏ်မဲ့သူ၊ ခေတ်နောက်ကျသူ၊ သိပ္ပံနည်းမကျသူလို့ အထင်သေးမနေသလို ယုံသူကလည်း မယုံသူကို မိစ္ဆာဒိဋ္ဌိ၊ ကွန်မြူနစ်အမည်မတပ်ဘူး။
ယုံကြည်မှုဆိုတာ တစ်ဦးချင်းကိစ္စ၊ ဒီအတွက် အထင်ကြီးစရာလည်းမလို အထင်သေးစရာလည်းမလိုဘူး။
ယုံချင်ယုံ မယုံချင်နေ။ ဘုံဥပဒေကိုတော့ လေးစား၊ လိုက်နာ။
ဒါက လက်တွေ့ကျတဲ့ အထင်ကရ အရွေ့။

၂။ ချဉ်းကပ်ပုံအရွေ့ (ဗုဒ္ဓဘာသာနဲ့ ဆိုင်)

အနောက်ကမ္ဘာရဲ့ အရှေ့တန်ဖိုးနဲ့ဗုဒ္ဓဘာသာကို ချဉ်းကပ်ပုံကလည်း ၂၀ ရာစု ကုန်ခါနီးမှာ သိသိသာသာကြီး ပြောင်းသွားပြီ။
ဒါက ဘုရားဟောအစစ် ဟုတ်မဟုတ်၊ ဒါက ရဟန်းစာဆိုတွေ ဖြည့်စွက်ထားတာ ဟုတ် မဟုတ်။
ဘာဆိုဘာမှ ပြောမနေတော့ဘူး။

သူတို့ချဉ်းကပ်တာက….
အရှေ့တန်ဖိုးတွေထဲက အနောက်အတွက် အကျိုးရှိမှာက ဘာလဲ။
ဒီမေးခွန်းပဲ။
အိန္ဒိယဖြစ် ရှေးဟောင်းအမွေအနှစ်တွေထဲကနေ သူတို့အတွက် အကျိုးရှိနိုင်တာ (အထင်ကရ) နှစ်ခု ယူလိုက်ကြတယ်။
၁။ ယောဂ
၂။ သတိပဋ္ဌာန်။

ထိတွေ့စမ်းသပ်လို့မရတဲ့ နတ်ပြည်၊ ငရဲပြည်၊ မြင်းမိုရ်တောင်တွေအကြောင်း သူတို့ မပြောတော့ဘူး။
ထိတွေ့စမ်းသပ်လို့ရတဲ့
(က) ယောဂနဲ့ ကျန်းမာရေး။
(ခ) သတိပဋ္ဌာန်နဲ့ စိတ်ကျန်းမာရေး။
(ဂ) သတိ၊ သမာဓိနဲ့ ဦးနှောက် (အာရုံကြောဆိုင်ရာ) ဆက်စပ်မှု။
အခုဆိုရင် ဝင်လေထွက်လေမရှိဘဲ လူတစ်ယောက် အသက်ဆက်ရှင်နိုင်၊ မရှင်နိုင် အထိ စိတ်ဝင်စားနေကြပြီ။

ကဲ…လာမယ့် အနှစ်တစ်ရာ ဘာတွေဖြစ်လာနိုင်သလဲ။
ဒီလူတွေ ဘယ်ကိုရွေ့နေကြတာလဲ။
ဘယ်ရွေ့ရွေ့ အနောက်က ရွေ့သွားပြီ။

မြန်မာက နတ်တွေ၊ နဂါးတွေ၊ မြင်းမိုရ်တောင်တွေနဲ့ တိုင်ပတ်နေတုန်း။
ရှိကြောင်း ကျမ်းစာအထောက်အထားတွေ ပြသူကပြ၊ ဒါတွေကို မယုံသူက မရှိကြောင်း သိပ္ပံအထောက်အထားတွေ ပြ။
ဘယ်လိုပဲပြပြ နှစ်ဘက်လက်ခံနိုင်တဲ့အဖြေ မထွက်ဘူး။ ဒီအုပ်စုနှစ်ခုကြား သဘောတူညီမှုလည်း ဘယ်တော့မှ ရလာမှာမဟုတ်ဘူး။

ရှိရှိ မရှိရှိ၊ ယုံယုံ မယုံယုံ အလုပ်လုပ်နေရင် အလုပ်ပြီးတယ်၊ ခရီးသွားနေရင် ရှေ့ရောက်တယ်။

Address


Telephone

+959795006389

Website

Alerts

Be the first to know and let us send you an email when 𝚆𝚒𝚕𝚍 𝚆𝚘𝚕𝚏 - 𝙶𝚘𝚕𝚍 & 𝙵𝚘𝚛𝚎𝚡 𝙲𝚑𝚊𝚗𝚗𝚎𝚕 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share