06/06/2026
"သူပုန်ခေါင်းစဉ်တပ်ရအောင် မင်းတို့မေ*ျင်ခံပီးရထားတဲ့တိုင်းပြည်မဟုတ်ဘူး"
နိုင်ငံတော်နဲ့ ပြည်သူ့အပေါ် သစ္စာဖောက်ပြီး အာဏာလုခဲ့တဲ့ စစ်ခေါင်းဆောင်တွေ... မင်းတို့ကို အလိုမရှိလို့ တစ်နိုင်ငံလုံးက ပြည်သူတွေ လက်နက်ကိုင်တော်လှန်နေကြတာကို 'သူပုန်' တဲ့လား။ တကယ်တော့ မင်းတို့ဟာ သူပုန်ထက်တောင် ဆိုးသွမ်းယုတ်မာလွန်းလို့ ပြည်သူက 'စစ်ခွေး' လို့ ကမ္ပည်းတင် မောင်းထုတ်နေကြတာ။ ဒါကို အမှားအမှန်မခွဲခြားတတ်တဲ့ တချို့ နလပိန်းတုန်းတွေ နားလည်အောင် ပြောပြလိုက်မယ်။
မင်းတို့လို လူမဆန်တဲ့ သားရဲတွေကြောင့် မြေကျခဲ့ရတဲ့ ပြည်သူ့အသက်တွေ၊ သွေးစွန်းခဲ့ရတဲ့ မြေပြင်တွေကို ကြည့်ပြီး တစ်နိုင်ငံလုံးက နာကျည်းချက်တွေနဲ့ မင်းတို့ကို သမိုင်းတစ်လျှောက်လုံး အဆိုးဆုံး ကျိန်စာတိုက်နေကြမှာပဲ။ ပြည်သူ့သွေးနဲ့ ဆေးတဲ့ တရားသောတော်လှန်ရေးဟာ မင်းတို့ သစ္စာဖောက်တွေကို အမြစ်ပြတ်တဲ့အထိ တိုက်ထုတ်သွားမှာ ဖြစ်သလို၊ ဒီမတရားမှုရဲ့ အဓိကတရားခံတွေဖြစ်တဲ့—
မင်းအောင်လှိုင် (ဗိုလ်ချုပ်မှူးကြီး) – စစ်ကောင်စီဥက္ကဋ္ဌ၊ အာဏာသိမ်းမှုနှင့် စစ်ရာဇဝတ်မှုအားလုံး၏ အဓိကတရားခံ
စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး) – စစ်ကောင်စီဒုဥက္ကဋ္ဌ၊ မြေပြင်စစ်ဆင်ရေးများနှင့် အကြမ်းဖက်ဖြိုခွဲမှုများကို စီမံကွပ်ကဲသူ
အောင်လင်းဒွေး (ဒုတိယဗိုလ်ချုပ်ကြီး) – စစ်ကောင်စီအတွင်းရေးမှူး၊ မတရားသောအမိန့်များနှင့် အုပ်ချုပ်ရေးယန္တရားကို လည်ပတ်နေသူ
ရဲဝင်းဦး (ဒုတိယဗိုလ်ချုပ်ကြီး) – စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်၊ ဖမ်းဆီးနှိပ်စက်မှုနှင့် ထောက်လှမ်းရေးယန္တရားကို ကိုင်တွယ်သူ
မောင်မောင်အေး (ဗိုလ်ချုပ်ကြီး) – ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ ရှေ့တန်းစစ်မျက်နှာပြင်များသို့ စစ်အင်အား ဖြည့်တင်းပေးသူ
ထွန်းအောင် (ဗိုလ်ချုပ်ကြီး) – ကာကွယ်ရေးဦးစီးချုပ် (လေ)၊ ပြည်သူ့ကျေးရွာနှင့် ဆေးရုံများကို လေကြောင်းမှ ဗုံးကြဲရန် အမိန့်ပေးသူ
ကျော်စွာလင်း (ဒုတိယဗိုလ်ချုပ်ကြီး) – စစ်ထောက်ချုပ်၊ စစ်တပ်တစ်ခုလုံး၏ ရိက္ခာနှင့် ခဲယမ်းထောက်ပံ့ရေးကို စီမံပေးသူ
မြထွန်းဦး (ဗိုလ်ချုပ်ကြီး) – ဒုတိယဝန်ကြီးချုပ်၊ စစ်ကောင်စီ၏ စီးပွားရေးနှင့် ဆက်သွယ်ရေးဖြတ်တောက်မှုများကို ဦးဆောင်သူ
အစရှိတဲ့ သမိုင်းရိုင်းပြီး တိုင်းပြည်ကို ငရဲခန်းအလား ဖျက်ဆီးနေတဲ့ စစ်ခေါင်းဆောင်တစ်စုဟာ ပြည်သူ့ခုံရုံးရဲ့ တရားစီရင်ခြင်းနဲ့ သမိုင်းရဲ့ အဆိုးဝါးဆုံး ရှုတ်ချခြင်းကို ဘယ်လိုမှ ရှောင်လွှဲနိုင်မှာ မဟုတ်ပါဘူး။