Independent Mon News Agency

  • Home
  • Independent Mon News Agency

Independent Mon News Agency Independent Mon News Agency
Website >> https://burmese.monnews.org/ Mon News Burmese Version

16/10/2025

အစဳဇန် ဗလးရမျာၚ်

ဂိတုဝှ်(၁၀) စွေက်၊ ၁၃၈၇ သၞာံ။

ပရိုၚ်
-----
◾အပ္ဍဲပွိုၚ် (၃) ဂိတု ဌာနထတ်ယုက်ကံၚ်ဇြဳဖေဝ်ဒရေဝ်ဍုၚ်မန် လွဳလဝ်ယဲကဵုညးဍုၚ်ကွာန် (၁၈၇၂) တၠနွံ

◾က္ဍိုပ်သ္ကိုပ်ကောန်ဍုၚ်အရၚ်တံ အရာဒှ်ဟွံမာန်ဂှ် လ္ပဟီုညိ သ္ကိုပ်ပၞာန်ဇၞော်မေန်အံၚ်လှိုၚ်ဂး

◾ၚုဟ်ထဝ်ပ္ဍဲဍုၚ် တိုန်အာ ဒဵုကဵု (၈၆) ကိုတ်ပြၚ်

◾သၟာကမၠောန်ဆုဲပြံၚ်မၞုံပ္ဍဲဍုၚ်သေံတံ သ္ဂောံကၠောန်ၝာတ်ဂှ် အလဵုအသဳသေံပံက်ကဵုအခေါၚ်ယျ

ကဏ္ဍပလံၚ်ပရိုၚ်
---------------
◾ဗြဲဟွံအိုတ်ဏီတုဲ သၟာဗ္ၚ တဵုလွဳသြောံပရဟ်တံ ဒးဆဵုဂဗခက်ခုဲနွံ

Youtube Link>> https://youtu.be/2oa8BnFDfTA

မြဝတီနယ်စပ်ဒေသဘက် Starlink အင်တာနက်များ စတင်ဖြတ်တောက်ခံနေရလွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ အောက်တိုဘာ ၁၆၊ ၂၀၂၅။ထိုင်း-မြန်မာ...
16/10/2025

မြဝတီနယ်စပ်ဒေသဘက် Starlink အင်တာနက်များ စတင်ဖြတ်တောက်ခံနေရ

လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ အောက်တိုဘာ ၁၆၊ ၂၀၂၅။

ထိုင်း-မြန်မာနယ်စပ် မြဝတီ၊ ရွှေကုက္ကိုလ်နှင့် ဝေါလေဒေသတစ်ဝိုက်ရှိ Starlink အသုံးပြုသူများ ယနေ့နံနက်ပိုင်းမှစ၍ လိုင်းမရရှိတော့ဘဲ အင်တာနက်စတင်ဖြတ်တောက်ခံနေရကြောင်း အသုံးပြုသူနှင့် ဝန်ဆောင်မှုပေးနေသူများမှ သိရသည်။

ပုံမှန်အားဖြင့် ယခုကဲ့သို့ တပြေးညီ ဖြတ်တောက်ခံရမှု မကြုံရကြောင်းနှင့် တည်နေရာများ ပြောင်းလဲအသုံးပြုခြင်း အိုင်ဒီနံပါတ်များ ပြောင်းလဲအသုံးပြုခြင်းများကို လုပ်ဆောင်၍မရတော့သဖြင့် လုံးဝပိတ်ခံထားရသည့် အခြေအနေဖြစ်နေသည်ဟု မြဝတီမှ Starlink အင်တာနက် ဝန်ဆောင်မှုပေးနေသူတစ်ဦးက ပြောသည်။

နေရာဒေသအပေါ်မူတည်၍ စက်အချို့အသုံးပြုနိုင်သေးသဖြင့် ဆက်လက်စောင့်ကြည့်ရမည့် အခြေအနေဖြစ်ကြောင်းလည်း ဆိုသည်။

❗️ သတင်းအပြည့်စုံကို Comment တွင် ဝင်ရောက်ဖတ်ရှူနိုင်ပါသည်။ 👇

ပုံ-ထိုင်းသတင်း

16/10/2025

မွန်ဒေသမှ ငြိမ်းချမ်းဖို့ လက်နက်ကိုင်အဖွဲ့တွေ တွေ့ဆုံဖို့လိုဟု MUP ဥက္ကဋ္ဌ ပြော

Youtube Link>> https://youtu.be/eQvN6V8E3KQ

စစ်တပ် ကမ်းလှမ်းသည့် ငြိမ်းချမ်းရေးအပေါ် EAOs များ အယုံအကြည် မရှိကြ လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ အောက်တိုဘာ ၁၆၊ ၂၀၂၅။စစ်...
16/10/2025

စစ်တပ် ကမ်းလှမ်းသည့် ငြိမ်းချမ်းရေးအပေါ် EAOs များ အယုံအကြည် မရှိကြ

လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ အောက်တိုဘာ ၁၆၊ ၂၀၂၅။

စစ်ကော်မရှင်က တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း ၁၀ ပြည့်ပွဲ အခမ်းအနားကို နေပြည်တော်တွင် ယမန်နေ့ အောက်တိုဘာလ ၁၅ ရက်နေ့က ကျင်းပခဲ့သည်။

တဆက်တည်း ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဆက်လက် ကျင်းပလျက်ရှိသည်။ စစ်ခေါင်းဆောင် ကိုယ်တိုင် ဦးဆောင်ကျင်းပနေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအပေါ် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများက အယုံအကြည် ကင်းမဲ့ကြောင်း တုံ့ပြန်ကြသည်။

“စစ်တပ် ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆိုတာက ကျွန်တော်ပြောပြမယ်။ စစ်တပ်ဘက်က သူတို့ဖြစ်ချင်တဲ့ နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်ဖို့အရေး သူတို့ အာဏာတည်မြဲဖို့အရေး နောက်ပြီးမှ လက်နက်ကိုင်တွေကို လက်နက်ဖြုတ်သိမ်းရေး ဒါကိုပဲ သွားနေတာ။ ဒါ့အပြင်ကိုမှ ဒီနေ့ဖြစ်နေတဲ့ ၂၀၂၁ နောက်ပိုင်း နိုင်ငံရေး အခင်းအကျင်းဟာ NCA လမ်းကြောင်းနဲ့ လားလားမှ မသက်ဆိုင်တော့ဘူး။” ဟု ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP မှ အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က ဆိုသည်။

❗️ သတင်းအပြည့်စုံကို Comment တွင် ဝင်ရောက်ဖတ်ရှူနိုင်ပါသည်။ 👇

16/10/2025

NCA ၁၀ နှစ်ပြည့် အခမ်းအနားကို တက်ရောက်ခဲ့သည့် မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်မှုဆောင် နိုင်အောင်မငေးနှင့် မွန်ညီညွတ်ရေးပါတီ ဥက္ကဌ နိုင်လဝီအောင်တို့ရဲ့ ငြိမ်းချမ်းရေးစကားသံများ

Youtube Link>> https://youtube.com/shorts/sn73yl0i5-g

ထိုင်းနိုင်ငံအတွင်း ပြစ်ဒဏ်ကျခံပြီးနောက် ပြန်လည်ပို့ဆောင်ထားသည့် မြန်မာနိုင်ငံသား ၁၇၀၀ ကျော်အနက် လူငယ်အများစု စစ်မှုထမ်း...
16/10/2025

ထိုင်းနိုင်ငံအတွင်း ပြစ်ဒဏ်ကျခံပြီးနောက် ပြန်လည်ပို့ဆောင်ထားသည့် မြန်မာနိုင်ငံသား ၁၇၀၀ ကျော်အနက် လူငယ်အများစု စစ်မှုထမ်းနေရ

လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ အောက်တိုဘာ ၁၆၊ ၂၀၂၅။

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး ပြန်လည်လွတ်မြောက်လာသည့် မြန်မာနိုင်ငံသားများကို ထိုင်းအစိုးရမှ ရနောင်းထိန်းသိမ်းရေးစခန်းမှတစ်ဆင့် ကော့သောင်းသို့ ယခုနှစ်အတွင်း လူဦးရေ ၁၇၆၀ ဦးအထိ ပို့ဆောင်ထားပြီး စစ်မှုထမ်းအသက်အရွယ်အတွင်း အကျုံးဝင်သူများ နေရပ်သို့ပြန်မရောက်ဘဲ စစ်မှုထမ်းနေရကြောင်း FE-5 တနင်္သာရီအဖွဲ့၏ အချက်လက်များအရ သိရသည်။

ရနောင်းခရိုင်၊ ရနောင်းမြို့၊ လူဝင်မှု ကြီးကြပ်ရေးရဲစခန်းအချုပ်ဆောင် IDC ( Immigration Detention Center )၌ ထိန်းသိမ်းထားရှိသောမြန်မာနိုင်ငံသားများကို တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့သို့ ရေလမ်းခရီးဖြင့် ယခု ၂၀၂၅ ခုနှစ် အောက်တိုဘာလဆန်းပိုင်းအထိ ၁၂ ကြိမ်အထိ စေလွှတ်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများကို ကိုဗစ်-၁၉ အပါအဝင်အခြားရောဂါပိုးများ ကူးစစ်ခံရမှုရှိ/မရှိစစ်ဆေးခြင်း၊ ကိုယ်ရေးအချက်အလက်များ ရယူခြင်း၊ တရားခံပြေးများ၊နိုင်ငံခြားသားများပါဝင်လာခြင်းရှိ/မရှိ စစ်ဆေးပြီးနေထိုင်ရာ နေရပ်‌ဒေသ အသီးသီးသို့ ပို့ဆောင်ပေးခဲ့သည်ဟု စစ်ကော်မရှင်ဘက်မှ ဆိုသော်လည်း အမျိုးသားအများစု နေရပ်သို့ပြန်မရောက်ဘဲ ပျောက်ဆုံးနေကြောင်း မိသားစုဝင်များထံမှ သိရသည်။

❗️ သတင်းအပြည့်စုံကို Comment တွင် ဝင်ရောက်ဖတ်ရှူနိုင်ပါသည်။ 👇

ပုံ-ထိုင်းသတင်းဌာန

16/10/2025

ပ္ဍဲခရိုင်ချောန်ၜူရဳ သၟာကမၠောန်ကောန်ဍုင်ဗၟာမွဲတၠ စောဲစုတ်ဒုဟ်ကမၠတ်တုဲ ၜုင်တက်လဝ်နွံ

Youtube Link>> https://youtube.com/shorts/B91Wl4Yz1Pk

16/10/2025

ပ္ဍဲပေဲါပြိုင်ခ္ဍိုဟ်ဇိုင် သၠိုင်ဂၠးတိဖအိုတ်ဂှ် “ရိုဝ်နေဝ်ဒိုဝ်’’ ထပၠုပ်ဂွံဂဝ်ဂၠိုင်အိုတ်

Youtube Link>> https://youtube.com/shorts/CU-_JRxuOds

16/10/2025

ဟိုတ်နူအကာဲအရာ ဥတုရာသဳတုဲ ကၠိက်ဒှ်ယဲ ချိုတ်ဂၠိုင်ဒၟံင်

Youtube Link>> https://youtu.be/7zlnuNwmfGQ

16/10/2025

ဂွိင်ဖေက်ယေန်သၞာင်မန်ကၠေံကၠက်တုဲ ဂကောံလိက်ပတ်ယေန်သၞာင်မန်တအ် ပံက်ဗ္တောန် ကွိင်ကွိုက်ယေန်သၞာင်လှ်ေဒယှ်ေ လ္တူဍုင်လ္ဂုင်

Youtube Link>> https://youtu.be/KtaGO5Q89_E

16/10/2025

ပ္ဍဲပေဲါဗ္တိုက်ရေဝ်ဂှ် ဗိုလ်ဇၞော်ကမ္မယှေန်ပၞာန်မွဲတၠကီု သီုဖအိုတ် ဟွံအောန်နူ (၁၀) တၠ ချိုတ်

Youtube Link>> https://youtu.be/t5Hf_a_c630

ထိုင်းနိုင်ငံအတွင်း ဖွင့်လှစ်ထားသည့် မြန်မာသင်ကြားရေးစင်တာများကို အာဏာပိုင်များစစ်ဆေးမှု ထပ်မံတင်းကြပ်လွတ်လပ်သောမွန်သတင်...
16/10/2025

ထိုင်းနိုင်ငံအတွင်း ဖွင့်လှစ်ထားသည့် မြန်မာသင်ကြားရေးစင်တာများကို အာဏာပိုင်များစစ်ဆေးမှု ထပ်မံတင်းကြပ်

လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ အောက်တိုဘာလ ၁၆၊ ၂၀၂၅။

ထိုင်းနိုင်ငံ၊ စမွတ်စခွန်၊ စူရာတ်ဌာနီ၊ ဖူးကတ် စသည့်ဒေသအတွင်း ဖွင့်လှစ်ထားသည့် မြန်မာသင်ကြားရေးစင်တာများကို ယခုရက်ပိုင်းအတွင်း ထိုင်းအာဏာပိုင်များမှ စစ်ဆေးမှု ထပ်မံတင်းကြပ်လာနေကြောင်း ကျောင်းတာဝန်ရှိသူများက ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်နေ့က စမွန်စခွန်ခရိုင်၊ မဟာချိုင်ရှိ တရားဝင်ဖွင့်လှစ်ထားသည့် မြန်မာပညာရေးစင်တာတစ်ခုကို ထိုင်းအာဏာပိုင်များက တိုင်ကြားချက်အရ ဝင်ရောက်စစ်ဆေးခဲ့ပြီး စာသင်ကြားပေးနေသည့် ကျောင်းဆရာ၊ဆရာမ ၂၀ ဦးထက်မနည်းကို ဖမ်းဆီးလိုက်သည့်အပြင် သင်ကြာရေးစင်တာကိုပါ ပိတ်သိမ်းလိုက်ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် ကျောင်းများသည် တရားဝင်မှတ်ပုံတင်ထားသော်လည်း မှတ်ပုံတင်ပါအချက်အလက်နှင့် အကောင်ထည်ဖော်ဆောင်ရွက်နေမှုများမကိုက်ညီသဖြင့် တိုင်တန်းခံနေရကြောင်း၊ နောက်ဆက်တွဲအနေဖြင့် အခြားသင်ကြားရေးစင်တာများလည်း စစ်ဆေးခံနေရကြောင်း မဟာချိုင်မှ ကျောင်းဆရာတစ်ဦးက ပြောသည်။

❗️ သတင်းအပြည့်စုံကို Comment တွင် ဝင်ရောက်ဖတ်ရှူနိုင်ပါသည်။ 👇

Address


Telephone

+66813659140

Website

https://monnews.org/

Alerts

Be the first to know and let us send you an email when Independent Mon News Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Independent Mon News Agency:

  • Want your business to be the top-listed Media Company?

Share

Our Story

မွန်သတင်းအေဂျင်စီ MNA ကို ၂၀၀၀ ခုနှစ်တွင် ထိုင်းနယ်စပ်၌ လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA အမည်ဖြင့် စတင်တည်ထောင်ခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းအေဂျင်စီ အသိအမှတ်ပြုခွင့်လက်မှတ်ကို ၂၀၁၄ ခုနှစ်တွင်ရရှိခဲ့ပြီး မော်လမြိုင်မြို့၌ ရုံခန်းဖွင့်လှစ်ထားရှိသည်။ MNA အင်တာနက်သတင်းစာမျက်နှာ Website ပေါ်တွင် မွန်၊ ဗမာနှင့် အင်္ဂလိပ် ၃ ဘာသာဖြင့် သတင်း၊ သတင်းဆောင်းပါးနှင့် အမြင်သုံးသပ်ချက်များကို ပုံမှန်တင်ပြလျက်ရှိပြီး အခြားသတင်းဌာနများနှင့် ချိတ်ဆက်ကာ ရုပ်သံ၊ ရေဒီယို အစီအစဉ်များကို ထုတ်လွှင့်လျက်ရှိသည်။

မွန်ပြည်နယ်ကိုအဓိကထား၍ မြန်မာပြည်တောင်ပိုင်းဒေသသတင်းများ၊ အထူးသဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်၊ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ လွှတ်တော်၊ ရွေးကောက်ပွဲ၊ လူ့အခွင့်အရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ စာပေယဉ်ကျေးမှုင့် အထွေထွေဗဟုသုတဆိုင်ရာများကို Multimedia ဖြင့် ဖော်ပြလျက်ရှိသည်။