Channel A

Channel A Channel A News မှ နွေးထွေးစွာ ကြိုဆိုပါတယ်
ခင်ဗျာ ~~~

 #အမရပူရတိုးချဲ့ရပ်ကွက်နေအိမ်မီးလောင်မှုဖြစ်ပွားသြဂုတ် ၁၃ ရက်(ယနေ့) နံနက် ၉ နာရီ ၁၂ မိနစ် အချိန်ခန့်က မန္တလေးတိုင်းဒေသကြ...
13/08/2025

#အမရပူရတိုးချဲ့ရပ်ကွက်နေအိမ်မီးလောင်မှုဖြစ်ပွား

သြဂုတ် ၁၃ ရက်(ယနေ့) နံနက် ၉ နာရီ ၁၂ မိနစ် အချိန်
ခန့်က မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဆောင်းဒါးယက်ကန်းကျောင်းအနီး ကျန်တန်းတိုးချဲ့ ၂ ရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အိမ် ၅ လုံးထက်မနည်း မီးလောင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီး ကြပ်ရေးကော်မတီ၏ သြဂုတ် ၁၃ ရက်(ယနေ့) ရန်ကုန်မြို့နှင့် မန္တလေးမြို့အ...
13/08/2025

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီး ကြပ်ရေးကော်မတီ၏ သြဂုတ် ၁၃ ရက်(ယနေ့) ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားစျေးနှန်းနှင့် ပြည် ထောင်စုနယ်မြေ နေပြည်တော် တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီစျေးနှန်းများ~~~

 #ယနေ့မိုးလေဝသသတင်း (၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့ နံနက် ၇ နာရီအချိန် ထုတ်ပြန်ချက်)=====================================...
13/08/2025

#ယနေ့မိုးလေဝသသတင်း

(၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့ နံနက် ၇ နာရီအချိန် ထုတ်ပြန်ချက်)
========================================
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အ တင့်မှ အားကောင်းနေပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ မန္တလေးတိုင်းဒေသကြီး၊ မ ကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန် တိုင်းဒေ သကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ် တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုး ကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါ သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်း လွန်ပင်လယ်ပြင်တို့တွင် ၈ ပေမှ ၁၀ ပေခန့် ရှိနိုင်ပါသည်။

နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် မိုးပိုလာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

MPT က မြန်မာနိုင်ငံတစ်ဝန်းရှိ လူငယ်များဖွံ့ဖြိုးတိုးတက်ရေးကို ကူညီထောက်ပံ့ပေးခြင်းဖြင့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို...
12/08/2025

MPT က မြန်မာနိုင်ငံတစ်ဝန်းရှိ လူငယ်များဖွံ့ဖြိုးတိုးတက်ရေးကို ကူညီထောက်ပံ့ပေးခြင်းဖြင့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ဂုဏ်ပြု

ရန်ကုန်၊ ဩဂုတ်- ၁၂

၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့တွင် MPT က နိုင်ငံတစ်ဝန်းရှိ လူငယ်များ၏ စွမ်းဆောင်နိုင်မှုစွမ်းအား၊ အရည်အချင်း နှင့် အထောက်အကူပြုမှုများကို ဂုဏ်ပြုလိုက်ပါသည်။ ယခုနှစ်၏ အပြည်ပြည်ဆိုင်ရာ ဆောင်ပုဒ်မှာ “ လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်ဆီသို့” ဖြစ်ပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်ရာတွင် လူငယ်များ၏ အရေးပါသော အခန်းကဏ္ဍကို အဓိကဖော်ပြထားပါသည်။

အဆိုပါ ဆောင်ပုဒ်နှင့်အညီ MPT သည် ရေရှည်တည်တံ့သည့် အသက်မွေးဝမ်းကျောင်းများကို အကောင်အထည်ဖော်နိုင်စေရန်အတွက် နိုင်ငံတစ်ဝန်းရှိ လူငယ်များအား ပညာရေးအခွင့်အလမ်းများ၊ လုပ်ငန်းခွင် လေ့လာရေး နှင့် သင်ကြားရေး အစီအစဉ် နှင့် အလုပ်အကိုင်အခွင့်အလမ်းများပေးအပ်ခြင်းဖြင့် ၎င်းတို့၏ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးရန် စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

MPT ၏ CSR E-Learning အစီအစဉ်သည် နိုင်ငံတစ်ဝန်းရှိ ပညာသင်ကြားလိုသူ လူငယ်များအား ဒေတာကုန်ကျစရိတ် နှင့် သင်တန်းကြေး ပေးရန်မလိုအပ်သည့် အခမဲ့လေ့လာသင်ယူနိုင်မည့် အွန်လိုင်းပညာရေး အစီအစဉ်ကို ၂၀၂၃ ခုနှစ်မှ စတင်ကာ ပေးအပ်လျက်ရှိပါသည်။

အသက်မွေးဝမ်းကျောင်း ပညာရပ်များ၊ အိုင်တီနည်းပညာ၊ ဘာသာစကား၊ အလှအပရေးရာ၊ စီးပွားရေးနှင့် ခေါင်းဆောင်မှု အစရှိသည့် ကဏ္ဍ (၆) ခုတွင် သင်တန်းပေါင်း (၁၀၀) ကျော် ပေးအပ်လျက်ရှိပြီး လေ့လာလိုသူ လူငယ်များအနေဖြင့် https://rb.gy/twx1dm လျှောက်ထားနိုင်ပါသည်။

ယခုနှစ်တွင် MPT သည် ၂၀၂၅ ခုနှစ် နိုင်ငံတစ်ဝန်း လုပ်ငန်းခွင် လေ့လာရေးနှင့် သင်ကြားရေး အစီအစဉ်ကိုလည်း ဆက်လက်ဆောင်ရွက်ခဲ့ပြီး နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ် (၁၈) ခုမှ နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူ (၁၈၀) နီးပါးအား လုပ်ငန်းခွင်ဆိုင်ရာ အသိပညာများကို စာတွေ့၊ လက်တွေ့ လေ့လာသင်ယူနိုင်ရန် ဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါအစီအစဉ်ကို ၂၀၁၈ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူပေါင်း (၂,၀၀၀) ကျော်ခန့်ကို လက်တွေ့လုပ်ငန်းခွင်နှင့် ဆက်စပ်နေသော ဗဟုသုတများ၊ အရည်အသွေးနှင့် ကျွမ်းကျင်မှုများကို မျှဝေပေးခဲ့ပြီး ဖြစ်ပါသည်။

ထို့အပြင် MPT သည် ၂၀၁၄ ခုနှစ်မှ စတင်၍ နိုင်ငံတစ်ဝန်းရှိ လူငယ်များအား ထောင်ပေါင်းများစွာသော အလုပ်အကိုင်အခွင့်အလမ်းများကို ပေးအပ်ခဲ့ပြီး ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးတက်မှုနှင့် စီးပွားရေးဆိုင်ရာ စွမ်းဆောင်နိုင်မှုတို့ကို မြှင့်တင်ပေးရာတွင် အထောက်အကူ ပြုစေခဲ့ပါသည်။

MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်ရေးဌာနကြီးမှ Mr. Naoki Shimane က “လူငယ်တွေက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအရေးပါတဲ့သူတွေ ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်။ ဒါကြောင့် MPT အနေနဲ့ ပညာရေး၊ လုပ်ငန်းခွင်လေ့လာရေးနဲ့ သင်ကြားရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကနေတစ်ဆင့် လူငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကူညီပံ့ပိုးပေးနေပါတယ်။ ဒီနေ့အထိ ကျွန်တော်တို့ရဲ့ အစီအစဉ်တွေကနေ လူငယ်ပေါင်း (၂) သိန်းကျော်ကို ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက်နိုင်ဖို့နဲ့ ကိုယ့်ရဲ့ ရပ်ရွာလူထုအတွက် အပြုသဘောဆောင်တဲ့ ပံ့ပိုးမှုတွေဆောင်ရွက်နိုင်စေဖို့ အထောက်အပံ့ပြု ဆောင်ရွက်ပေးအပ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း ကျွန်တော်တို့အနေနဲ့ လူငယ်တွေအတွက် အကျိုးကျေးဇူးရရှိစေမယ့် အစီအစဉ်တွေကို ဆောင်ရွက်ပေးသွားမှာပဲဖြစ်ပါတယ်” ဟုပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် MPT သည် ယုံကြည်စိတ်ချရပြီး အရည်အသွေးမြင့်မားသည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်နှင့် ကောင်းမွန်သော လှုပ်ရှားမှုများဖြင့် လူမှုအသိုက်အဝန်းကို ကူညီပံ့ပိုးရန် ဆက်လက် ကတိပြုပါသည်။

MPT အကြောင်းကို ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှုခြင်းဖြင့်လည်းကောင်း 106 Call Center သို့ ခေါ်ဆိုမေးမြန်းခြင်းဖြင့် လည်းကောင်း၊ တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းခြင်းဖြင့် လည်းကောင်း သိရှိနိုင်ပါသည်။

 #ရထားသံလမ်းကူးနေရာတွင်မီးရထားနှင့်အိမ်စီးကားတိုက်မိသြဂုတ် ၁၁ ရက်နေ့ ညနေပိုင်း မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ နံ့သ...
12/08/2025

#ရထားသံလမ်းကူးနေရာတွင်မီးရထားနှင့်အိမ်စီးကားတိုက်မိ

သြဂုတ် ၁၁ ရက်နေ့ ညနေပိုင်း မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ နံ့သာကျေးရွာ တံခွန်တိုင်သံလမ်းကူးတွင် ရန်ကုန်- မန္တလေး လူစီးစာပို့ရထားနှင့် အိမ်စီးကားတစ်စီးတိုက်မှုဖြစ် ပွားခဲ့ရာ အမျိုးသား တစ်ဦး၊ အမျိုးသမီး ၃ ဦးတို့ မစိုးရိမ်ရ ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သိရသည်။

 #မိတ္ထီလာသူနာပြုသင်တန်းကျောင်းသူအိမ်သာထဲမီးလောင်သေဆုံးနေသြဂုတ် ၁၂ ရက်(ယနေ့) နံနက် ၂ နာရီ အချိန်ခန့်က မန္တလေး တိုင်း၊ မိ...
12/08/2025

#မိတ္ထီလာသူနာပြုသင်တန်းကျောင်းသူအိမ်သာထဲမီးလောင်သေဆုံးနေ

သြဂုတ် ၁၂ ရက်(ယနေ့) နံနက် ၂ နာရီ အချိန်ခန့်က မန္တလေး တိုင်း၊ မိတ္ထီလာမြို့ရှိ သူနာပြုသင်တန်းကျောင်း၌ ကျောင်းသူတစ်ဦး(အသက် ၂၀ နှစ်ခန့်) အိမ်သာထဲ မီးလောင်သေဆုံးနေပြီး အလောင်းကို မိတ္ထီလာဆေးရုံသို့ ပို့ဆောင်ထားသည်။

သေဆုံးသူ ဖခင်နှင့် မောင်နှမ ၃ ဦးမှာလည်း ယမန်နေ့က လား ရှိုးမြို့၌ ကြွက်သက်ဆေးသောက်ကာ သေဆုံးခဲ့ကြောင်း ပတ်ဝန်ကျင်မှ သိရသည်။

ဗဟန်းမြို့နယ်ရှိ မြန်မာပလာဇာကားပါကင်တွင် အမျိုးသမီးတစ်ဦးအား ဓားဖြင့် ထိုး၍ သေဆုံးခဲ့သည့်ဖြစ်စဥ်မှ ကျူးလွန်သူအား မြတ်သူရ...
12/08/2025

ဗဟန်းမြို့နယ်ရှိ မြန်မာပလာဇာကားပါကင်တွင် အမျိုးသမီးတစ်ဦးအား ဓားဖြင့် ထိုး၍ သေဆုံးခဲ့သည့်ဖြစ်စဥ်မှ ကျူးလွန်သူအား မြတ်သူရကျော်(၃၁)နှစ်အား စစ်ဆေးချက်အရ သေ ဆုံးသူ ဒေါ်စမ်းစမ်းအေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းအတူလုပ်ကိုင်ပြီး ဒေါ်စမ်းစမ်းအေးအား ပေးရန်ရှိသည့် အကြွေးများအတွက် ငွေကြေးလိုအပ်ချက်အရ လုပ်ကြံခဲ့ခြင်း ဖြစ် ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

 #ပြည်လမ်းတွင်ယာဥ်တိုက်မှုဖြစ်သြဂုတ် ၁၂ ရက်(ယနေ့) မနက် ၂ နာရီ ၁၀ မိနစ် အချိန်ခန့်က ရန်ကုန်မြို့ လှိုင်မြို့နယ် ပြည်လမ်းမ...
12/08/2025

#ပြည်လမ်းတွင်ယာဥ်တိုက်မှုဖြစ်

သြဂုတ် ၁၂ ရက်(ယနေ့) မနက် ၂ နာရီ ၁၀ မိနစ် အချိန်ခန့်က ရန်ကုန်မြို့ လှိုင်မြို့နယ် ပြည်လမ်းမ ကျောင်းကွေ့မှတ်တိုင်အ နီး လမ်းဘေးပလက်ဖောင်းရှိ ဓာတ်တိုင်အား ဆူဇူကီးယာဥ်မှ ဝင်တိုက်ရာ ကားခေါင်းခန်းအတွင်းယာဥ်မောင်း ညပ်နေရာအနာဂတ်အလင်းတန်းပရဟိတအသင်း အသင်းမှ Hydraulic Rescue Toolsအသုံးပြု၍ ကယ်ထုတ်ပေးခဲ့ကြောင်း သိရသည်။

အနာဂတ်အလင်းတန်းပရဟိတအသင်း
FutureLightCharity(Sanchaung)

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီး ကြပ်ရေးကော်မတီ၏ သြဂုတ် ၁၂ ရက်(ယနေ့) ရန်ကုန်မြို့နှင့် မန္တလေးမြို့အ...
12/08/2025

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီး ကြပ်ရေးကော်မတီ၏ သြဂုတ် ၁၂ ရက်(ယနေ့) ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားစျေးနှန်းနှင့် ပြည် ထောင်စုနယ်မြေ နေပြည်တော် တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီစျေးနှန်းများ~~~

 #ယနေ့မိုးလေဝသသတင်း (၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့ နံနက် ၇ နာရီအချိန် ထုတ်ပြန်ချက်)-------------------------------------...
12/08/2025

#ယနေ့မိုးလေဝသသတင်း

(၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့ နံနက် ၇ နာရီအချိန် ထုတ်ပြန်ချက်)
----------------------------------------------------------------------
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ် အော်တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေ ပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်နှင့် ရခိုင်ပြည် နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေ သကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည် နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါ သည်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ် ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင် ပါရန် အကြံပြုအပ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာ ရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ၇ ပေမှ ၉ ပေခန့်ရှိနိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင် လယ်ပြင်တို့တွင် ၅ ပေမှ ၈ ပေခန့် ရှိနိုင်ပါသည်။

နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ ပဲခူးတိုင်းဒေသကြီး၊ စစ် ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည် နယ်တို့တွင် မိုးပိုလာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာ နှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်း ချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာ နှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်း ချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ပြည့် ဖြစ်ပါသည်။

MPT က ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုပေးအပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေး မြို့နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မ...
11/08/2025

MPT က ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုပေးအပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေး မြို့နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများအား အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်

ရန်ကုန်၊ ဩဂုတ်- ၁၁

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်း မွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်တွင် ‌ဖိုင်ဘာအင်တာနက် (FTTH) ၊ ဖိုင်ဘာအင်တာနက် ဖုန်းလိုင်း ဝန်ဆောင်မှု (VoIP) နှင့် စီးပွားရေးသုံး (B2B) ဝန်ဆောင်မှုများအား ပိုမိုကောင်းမွန်သော ဖန်ကြိုးမျှင်အသုံးပြုတယ်လီ ဖုန်းစနစ် (OLT) အိတ်ချိန်းများဖြင့် အဆင့်မြှင့်တင် ဆောင်
ရွက်သွားမည်ဖြစ်ကြောင်း သြဂုတ် ၈ ရက်နေ့က ထုတ်ပြန် ကြေညာလိုက်သည်။

အဆိုပါ နည်းပညာအဆင့်မြှင့်တင်မှုသည် MPT ၏ ကတိက ဝတ်ဖြစ်သည့် သုံးစွဲသူများအား ပိုမိုကောင်းမွန်သော ဝန် ဆောင်မှုအရည်အသွေးပေးအပ်ရန်နှင့် ကွန်ရက်တည်ငြိမ်မှုကို မြှင့်တင်ရန် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

နည်းပညာအဆင့်မြှင့်တင်မှုလုပ်ငန်း ဆောင်ရွက်နေစဉ်ကာလအတွင်း အဆိုပါနေရာများရှိ သုံးစွဲသူများအနေဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ယာယီပြတ်တောက်မှု ကြုံတွေ့နိုင်မည်ဖြစ်ပါသည်။ အဆိုပါ ယာယီပြတ်တောက်မှု သည် အ ဆင့်မြှင့်တင်မည့် နေရာနှင့် ရက်စွဲပေါ်မူတည်၍ (၁၅) မိနစ် မှ (၂) နာရီခန့်အထိ အချိန်အနည်းငယ်မျှ ကြာမြင့်နိုင်မည် ဖြစ်ပါသည်။ အဆင်မပြေမှုဖြစ်ပေါ်ရသည့်အတွက်လည်း သည်း ခံပေးနိုင်ပါရန် လေးစားစွာ မေတ္တာ ရပ်ခံအပ်ပါသည်။ MPT အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် ပိုမို ခိုင်ခံ့ကောင်းမွန်သော ကွန်ရက်တည်ငြိမ်မှုနှင့် ပိုမိုကောင်းမွန်သည့် ဆက်သွယ်‌ရေးဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။

ပိုမိုသိရှိလိုပါက 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်ပါသည်။

TikTok က အကြောင်းအရာဖန်တီးသူများ၊ မိသားစုများနှင့် အသုံးပြုသူများအတွက် ယုံကြည်မှုနှင့် လုံခြုံမှုဆိုင်ရာ လုပ်ဆောင်ချက်အသ...
11/08/2025

TikTok က အကြောင်းအရာဖန်တီးသူများ၊ မိသားစုများနှင့် အသုံးပြုသူများအတွက် ယုံကြည်မှုနှင့် လုံခြုံမှုဆိုင်ရာ လုပ်ဆောင်ချက်အသစ်များ မိတ်ဆက်

TikTok သည် တီထွင်ဖန်တီးနိုင်စွမ်းကို လှုံ့ဆော်ပေးပြီး ကမ္ဘာတစ်ဝန်းရှိ အသုံးပြုများကို ပျော်ရွှင်စေမည့် လုပ်ဆောင်ချက် (Feature) အသစ်များကို ကြေညာလိုက်ပါသည်။ ဤလုပ် ဆောင်ချက်များသည် TikTok တွင် ရှာဖွေလေ့လာသင်ယူကြသည့် ဆယ်ကျော်သက်များနှင့် မိသားစုများ၊ အကြောင်း အ ရာဖန်တီးသူများ၊ ချိတ်ဆက်အသုံးပြုသူများအတွက် အသုံး ပြုမှုအတွေ့အကြုံကို မြှင့်တင်ပေးမှာဖြစ်ပါသည်။ ၎င်းတို့ သည် TikTok ၏ လုံခြုံမှု၊ ကိုယ်ရေးကိုယ်တာနှင့် လုံခြုံရေးတို့တွင် ဆက်လက်ရင်းနှီးမြုပ်နှံမှုများကြောင့် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။

မိသားစုများအတွက် လုပ်ဆောင်ချက်များ ဆယ်ကျော်သက်အကောင့်များတွင် ၎င်းတို့ အသုံးပြုဖို့အတွက်သာ ဒီဇိုင်းထုတ်ထားသည့် မတူညီသော လုပ်ဆောင်ချက်ပေါင်း (၅၀) နှင့် ဆက်တင်များ ပါရှိသောကြောင့် ၎င်းတို့၏ ဖန်တီးနိုင်စွမ်းကို ဘေးကင်းစွာ ဖော်ပြနိုင်ခြင်း၊ သူငယ်ချင်းများနှင့် ချိတ် ဆက်ခြင်း၊ TikTok တွင် လေ့လာသင်ယူနိုင်ခြင်းတို့ကို လုပ်ဆောင်နိုင်ပါသည်။ အဆိုပါ Built-in အကာအကွယ်များအပြင် TikTok သည် မိဘများနှင့် အုပ်ထိန်းသူများကို မိမိတို့ ဆယ်ကျော်သက်လူငယ်များ၏ လိုအပ်ချက်များနှင့် အံဝင် ခွင်ကျဖြစ်စေအောင် လုပ်ဆောင်နိုင်သည့် မိသားစုချိတ်ဆက်ခြင်း (Family Pairing) ဝန်ဆောင်မှုကိုလည်း ပေးထားပါ သည်။ TikTok ၏ ဒစ်ဂျစ်တယ်ဘေးကင်းလုံခြုံရေးပူးပေါင်းဆောင်ရွက်မှု (Digital Safety Partnership for Families) ဖြင့် ပေါင်းစပ်ပြီး ဆယ်ကျော်သက်လူငယ်များ၏ အွန်လိုင်းအတွေ့အကြုံများကို ပွင့်လင်းစွာ ပြောဆိုမှုများပြုလုပ်နိုင်ရန် မိသားစုဝင်များကို လုပ်ဆောင်ချက်များ ပံ့ပိုးပေးထားပါ သည်။

TikTok က မိဘများအတွက် ၎င်းတို့၏ ဆယ်ကျော်သက်ရွယ်လူငယ်များအကောင့်နှင့် ပတ်သက်ပြီး ပိုမိုသိရှိမြင်သာနိုင်ရန် မိသားစုချိတ်ဆက်ခြင်း (Family Pairing) ဝန်ဆောင်မှုအသစ်များကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ပြီး အောက်ပါလုပ်ဆောင်ချက်များ ပါဝင်လာမည်ဖြစ်ပါသည်။
TikTok တွင် ဆယ်ကျော်သက်ရွယ်လူငယ်များသည် အခြားသူများမြင်နိုင်သည့် ဗီဒီယို၊ Story သို့မဟုတ် ဓာတ်ပုံကို တင်သည့်အခါ TikTok က Family Pairing ချိတ်ဆက်ထားသည့် မိဘတစ်ဦးဦးကို အလိုအလျောက်အကြောင်းကြားပေးမည်ဖြစ်ပါသည်။ ၎င်းသည် ဆယ်ကျော်သက်ရွယ်လူငယ်များ၏ တီထွင်ဖန်တီးနိုင်မှု သို့မဟုတ် လွတ်လပ်မှုကို မထိခိုက်စေဘဲ မိဘများအနေဖြင့် မိမိတို့၏ ဆယ်ကျော်သက်ရွယ်များ တင်သည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး ပွင့်လင်းစွာ ပြောဆိုမှုများကို စတင်နိုင်ရန် ကူညီပေးပါသည်။

ဆယ်ကျော်သက်ရွယ်လူငယ်များ ရွေးချယ်ထားသော ကိုယ်ရေးကိုယ်တာဆက်တင်များအကြောင်း ပိုမိုသိရှိနိုင်မည်ဖြစ်ပါသည်။ ဥပမာအားဖြင့် ဆယ်ကျော်သက်ရွယ်လူငယ်များ (အသက် ၁၆-၁၇ နှစ်) သည် ၎င်းတို့တင်သည့် အကြောင်းအရာများကို အခြားသူများ ဒေါင်းလုတ်လုပ်နိုင်ရန် ဖွင့်ထားခြင်း ရှိ၊ မရှိ သို့မဟုတ် ၎င်းတို့ follow လုပ်ထားသူစာရင်းကို အခြားသူများ မြင်နိုင်ရန် ဖွင့်ထားခြင်း ရှိ၊ မရှိ မိဘများအနေဖြင့် ကြည့်နိုင်မည်ဖြစ်ပါသည်။ TikTok ၏ Manage Topics လုပ်ဆောင်ချက်မှ တစ်ဆင့် ဆယ်ကျော်သက်ရွယ်လူငယ်များသည် ၎င်းတို့၏ feed ကို ပုံသွင်းရန် ရွေးချယ်ထားသည့် အကြောင်းအရာများကိုလည်း မိဘများ ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။

အသိုင်းအ၀ိုင်း၏ ကောင်းကျိုးအတွက် ပံ့ပိုးပေးခြင်း
TikTok ၏ Screen Time Management နှင့် Sleep Hours ကဲ့သို့သော လုပ်ဆောင်ချက်များသည် အသုံးပြုများအတွက် အဆင်ပြေစေမည့် Digital Routine များကို ဖန်တီးရန် ပိုမိုလွယ်ကူစေခဲ့ပါသည်။ ထို့ပြင် TikTok က အသုံးပြုသူတွေအတွက် ပိုမိုအဆင်ပြေစေမည့် ဒစ်ဂျစ်တယ်အတွေ့အကြုံများကို ယူဆောင်ပေးနိုင်ရန်အတွက် ရှိပြီးသား သုတေသနများ၊ TikTok ၏ ကမ္ဘာလုံးဆိုင်ရာ လူငယ်ကောင်စီမှ လမ်းညွှန်ချက်များနှင့် ဘော့စတွန် ကလေးဆေးရုံရှိ Digital Wellness Lab မှ ကျွမ်းကျင်သူများနှင့် ဆွေးနွေးတိုင်ပင်ခဲ့ပါသည်။

ထို့ကြောင့် ယနေ့တွင် Well-being Missions ဟုခေါ်သော လုပ်ဆောင်ချက်အသစ်တစ်ခုကို မိတ်ဆက်ပေးလိုက်ပါသည်။ ၎င်းတို့သည် လူများကို ရေရှည်ဟန်ချက်ညီသော ဒစ်ဂျစ်တယ်အလေ့အထများ ဖွံ့ဖြိုးလာစေရန်အတွက် ဒီဇိုင်းထုတ်ထားသော တိုတောင်းပြီး ဆွဲဆောင်မှုရှိသည့် မစ်ရှင်လုပ်ဆောင်ချက်များဖြစ်သည်။ မစ်ရှင်တစ်ခုပြီးသည့်အခါတိုင်း တတ်ကြွသည့် လုပ်ဆောင်မှုများကို အားပေးပြီး သတိပြုသုံးစွဲနိုင်စွမ်းကို ခိုင်မာစေမည့် ဆုတံဆိပ်များရရှိမည်ဖြစ်သည်။

Tool အသစ်များဖြင့် အကြောင်းအရာဖန်တီးသူများကို ခွန်အားဖြစ်စေခြင်း
TikTok သည် ဖန်တီးသူများကို ကာကွယ်ရန်နှင့် အောင်မြင်မှုရရှိပြီး လူအများနှစ်သက်သော အကြောင်းအရာများကို ဆက်လက်ဖန်တီးနိုင်စေမည့် လုပ်ဆောင်ချက်အသစ်များကို ယနေ့တွင် ကြေညာလိုက်ပြီဖြစ်ပါသည်။ အဆိုပါ အဆင့်မြှင့်တင်မှုများတွင် အောက်ပါလုပ်ဆောင်ချက်များ ပါဝင်လာမည်ဖြစ်ပါသည်။

Creator Care Mode သည် ဖန်တီးသူများအတွက် မလိုလားအပ်သော မှတ်ချက်များနှင့် မသင့်လျော်သော မှတ်ချက်များကို ပိုမိုကောင်းမွန်စွာ စစ်ထုတ်နိုင်ရန် ကူညီပေးပါသည်။

TikTok LIVE အတွက် Mute လုပ်ဆောင်ချက်အသစ်သည် LIVE လွှင့်နေစဥ် စကားလုံးများ၊ စကားစုများနှင့် Emoji များကို တစ်ခါတည်း စုပေါင်း Mute လုပ်နိုင်ရန် ကူညီပေးပါသည်။

Content Check Lite သည် ဖန်တီးသူများအနေဖြင့် အကြောင်းအရာတစ်ခု မတင်မီ အဆိုပါအကြောင်းအရာသည် For You feed တွင် ပေါ်နိုင်ခြေ ရှိ မရှိကို ကြိုတင်စစ်ဆေးနိုင်စေပါသည်။
Creator Inbox သည် Inbox မက်ဆေ့များကို ပိုမို ထိရောက်စွာ စီမံနိုင်ရန် ဖန်တီးသူများအတွက် အသစ်ထည့်သွင်းထားသော လုပ်ဆောင်ချက်ဖြစ်ပါသည်။

Creator Chat Room သည် ဖန်တီးသူများအနေဖြင့် TikTok တွင် သတ်မှတ်ချက်ပြည့်မီသော Follower များနှင့် တိုက်ရိုက်ချိတ်ဆက်ကာ အပြန်အလှန် ဆက်သွယ်နိုင်စေပါသည်။

TikTok သည် ဒီဂျစ်တယ်ကောင်းကျိုးအပေါ် အာရုံစိုက်ပြီး အထောက်အကူပြု Tool များနှင့် လုပ်ဆောင်ချက်များကို တစ်နေရာတည်းတွင် စုပေါင်းထားသည့် App အတွင်း အတွေ့အကြုံအသစ်ကိုလည်း လေ့လာ ဖော်ဆောင်လျက်ရှိပါသည်။

Address


Alerts

Be the first to know and let us send you an email when Channel A posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Channel A:

  • Want your business to be the top-listed Media Company?

Share