ကျွန်မ ဖတ်ဖို့

  • Home
  • ကျွန်မ ဖတ်ဖို့

ကျွန်မ ဖတ်ဖို့ Myanmar Fashion Local news will be updated in real time.

26/05/2024

22/05/2024

တစ်ခါတလေ အားတင်းထားတဲ့ကြားက
ကိုယ့်ဘဝ အကြောင်းးတွေ တွေးတွေးပီးးး
အလိုလို ဝမ်းနည်းစိတ်နဲ့ မျက်ရည်ကျချင်လာမိတယ် ။😔🌻 ‎

ရွှေစျေး ၅၀ ကျော်ပြီ ဆိုတော့😍စုဆောင်းထားသမျှအခုတော့အသုံးဝင်ပြီလေ🥰ဘာဖစ်ဖစ်ကိုယ့်ကိုကျေးဇူးတင်မိတယ်😍Wallထဲ လိုချင်တာလေး တွ...
20/05/2024

ရွှေစျေး ၅၀ ကျော်ပြီ ဆိုတော့😍

စုဆောင်းထားသမျှ

အခုတော့အသုံးဝင်ပြီလေ🥰

ဘာဖစ်ဖစ်

ကိုယ့်ကိုကျေးဇူးတင်မိတယ်😍

Wallထဲ လိုချင်တာလေး

တွေ့ရင် Save Saveထားတတ်လို့🤭
Crd

ကျမဆံညှပ်ဆိုင်က ဆင်းလာခဲ့ပြီးပိုက်ဆံအိတ်ထဲ ကားသော့စမ်းတာမတွေ့ဘူး။ ဆံပင်ညှပ်ဆိုင်ပြန်သွားရှာတော့လည်း မတွေ့ဘူး။  ကားထဲမှာစ...
08/05/2024

ကျမဆံညှပ်ဆိုင်က ဆင်းလာခဲ့ပြီး
ပိုက်ဆံအိတ်ထဲ ကားသော့စမ်းတာမတွေ့ဘူး။
ဆံပင်ညှပ်ဆိုင်ပြန်သွားရှာတော့လည်း မတွေ့ဘူး။

ကားထဲမှာစက်နှိုးပြီး သော့တန်းလန်းထားခဲ့တာကို
နောက်မှ သတိရမိတယ်။

ကျမက ကားပေါ်တက်လိုက်တာနဲ့
အေးနေမှကြိုက်တယ်။

ဒါကြောင့်လည်း
ဘယ်သွားသွား ကားစက်ကိုနှိုးထားပစ်ခဲ့တတ်တယ်။
ကျမယောက်ျားကလည်း
အဲဒီလိုထားထားရင် ကားအခိုးခံရတတ်တယ်ဆိုပြီး
အမြဲဆူဆူပူပူပြောတတ်တယ်။

ကျမ အယူအဆကတော့
စက်နှိုးပြီးထားခဲ့ရင် အမြဲအေးနေတဲ့အပြင်
သော့ပျောက်မှာလည်း မပူရဘူး။

ကျမလည်း ကားပါကင်ရှိရာကို
ခပ်သွက်သွက်လေးသွားလိုက်တယ်။

ဗုဒ္ဓေါ-ကျမရပ်ထားခဲ့တဲ့နေရာမှာ ကားမတွေ့ဘူး။
ဒီတခါတော့ ယောက်ျားပြောတာ မှန်သွားပြီ။

ကျမလည်း စိတ်တည်ငြိမ်အောင်ကြိုးစားပြီး
ရဲကို ကားပျောက်တိုင်လိုက်တယ်။

ကားအမှတ်၊ အရောင်၊ အမျိုးအစား
သေသေချာချာပြောပြလိုက်တယ်။

ရဲကိုတိုင်ပြီးတော့မှ
ကျမအတွက် အလွန်တရာခက်ခဲတဲ့အလုပ်တစ်ခုကို
လုပ်ရတော့မယ်။

အဲဒါကတော့
ကားပျောက်တဲ့အကြောင်း
ယောက်ျားကို အကြောင်းကြားဖို့ပဲ။

ယောက်ျားကိုမပြောခင် ရင်အေးအောင်
အအေးလေးတစ်ခွက် သောက်လိုက်ရသေးတယ်။

"အချစ်ရေ"
ဒီလိုမျိုးအခြေအနေဆိုရင်
ကျမယောက်ျားကို ဒီလိုမျိုးလေး ခေါ်တတ်တယ်။
"အချစ်ရေ-ကားထဲသော့တန်းလန်းထားခဲ့မိလို့
အခု ကားအခိုးခံလိုက်ရပြီ။"
ယောက်ျား ဘာမှပြန်မပြောပဲ ငြိမ်နေတယ်။
ဖုန်းများချပစ်လိုက်တာလား။
ရုတ်တရက်ယောက်ျားအသံကြားလိုက်ရတယ်။
"မင်းရူးနေသလား?
ငါ-မင်းကို စူပါမတ်ကက်ရှေ့ ပေါ်တီကိုအောက်မှာ
ချထားပေးခဲ့တာလေ။"

ဒီတစ်ကြိမ် ကျမငြိမ်ရမဲ့အလှည့်ပဲ။
ပြီးမှ အားယူပြီး "အချစ်ရေ-ပြန်လာခေါ်ပေးနော်။"
ယောက်ျားရဲ့အော်ငေါက်သံကျယ်ကျယ်
ထွက်ပေါ်လာတာက

"အေး-ဒီက အမှုကိစ္စပြတ်ရင်လာခေါ်မယ်။
အခု မင်းတိုင်ထားတဲ့ကားပျောက်မှုနဲ့ ငါ့ကို
ရဲက ဖမ်းထားပြီ....။

credit

ညီမကိုယ်ဝန် ၇လပါ ၆ လပိုင်းမွေးတော့မှာပါ ငွေသိန်း ၁၅၈ သိန်းအလိမ်ခံရလို့ပါအိမ်မှာနေရင်း ကျွန်မငွေအပိုဝင်အောင် YouTube subs...
26/04/2024

ညီမကိုယ်ဝန် ၇လပါ ၆ လပိုင်းမွေးတော့မှာပါ ငွေသိန်း ၁၅၈ သိန်းအလိမ်ခံရလို့ပါ
အိမ်မှာနေရင်း ကျွန်မငွေအပိုဝင်အောင် YouTube subscribed လုပ်ပေးရင်း ငွေလိမ်ခံရလို့ပါ 😟

ကျွန်မကိုယ်ဝန်ဆောင်သယ်ပါ ကိုယ့်ဘာသာအေးအေးလူလူအင်တာနက်သုံးပြီး ဘာအရှုပ်မှမရှိဘဝကိုရိုးရိုးသားသား ကလေး၂ယောက်၊ ၁ဗိုက်နဲ့ဖြတ်သန်းခဲ့ပေမယ့် မဖိတ်ထားပဲ ကံဆိုးမှုကြုံလာရပါတယ်။

ကျွန်မ အလိမ်ခံရတဲ့ ပုံစံ ပြောပြချင်လို့ပါ။
ပထမတော့ မိန်းကလေးတစ်ယောက် Viber ကနေ စကား လာပြောတယ်။ (အဓိက သူက လူစု‌ဆောင်ရတာ၊) ကျွန်မလဲ လက်ခံ စကားပြောမိတယ်။ YouTube scribers လိုချင်လို့ပေါ့ ၊ သူတို့က YouTube channel ချပေးရင် ကိုက လိုက်ပီး Scribe လုပ်ပေးရုံပဲ။ တစ်ခု တစ်ထောင်ရမယ်။ လုပ်မယ်ပေါ့၊ ကျွန်မ Kpay နဲ့ နာမည်ကို ပေးလိုက်တယ်။

ပထမရက် YouTube channel တွေ Scribe လုပ်တာ 3000 လောက်ရတယ်။

ဒုတိယရက် YouTube channel တွေ Scribe လုပ်တာ ၁၈,၀၀၀ ရပါတယ်။

ဒုတိယရက်ရောက်တော့ Crypto Exchange တွေနဲ့ချိတ်ပီး mission ဆိုပီး လုပ်ထားတယ်။ Mission 1 to 5 ရှိတယ်။ mission တစ်ခုစီမှာ ဈေးနှုန်းတွေ သတ်မှတ် ထားတယ် ။မတည်ငွေ ၄၀၀၀၀ အနည်းဆုံးကနေ ၁၂ သိန်း ၂ သောင်း ထိ ရှိတယ်။ အနည်းဆုံး ၄၀၀၀၀ က တစ်ခါပဲ ရတယ်။ မတည်ငွေ အလိုက် အမြတ် percent တွေလဲ ကွာတယ်။ အဲဒါနဲ့ ဒုတိယရက်ရောက်တော့ ၄၀,၀၀၀ Mission ကို စမ်းလိုက်တယ်။ သူတို့က magix1.cc ဆိုတဲ့ google address
ထဲ ဝင်ဝယ်ပေးရမယ်ံ Invitation code တွေ အကုန် လုပ်ပီးသားကို ဘယ်လောက် ‌amount ဘယ်‌လောက် Percentနဲ့ ဝယ်‌ပေးရမယ်ဆိုပီး ညွန်ကြားပေးတယ်။ တကယ်လဲ ဝယ်ပေးပြီးတော့ အမြတ်ပြန်ပေးတယ်။

(၂) အဆက်

တတိယရက်ကျတော့ ‌မှာ ၂၂၀,၀၀၀ Mission ကို ထမ်းစမ်းမိပါတယိ စမ်းချင်ရင် ပထမ ၄၀,၀၀၀ တုန်းကလိုပဲ သူတို့ညွန်းကြားတဲ့ အတိုင်း လုပ်ရုံပဲ။ ဒါပေမယ့် ထူခြားတာက sub-Mission လေးတွေ ထည့်ပေးထားတယ်။ အဲဒါ အဓိက ကစားချင်လို့ ထည့်ပေးထားတာ။ sub-Mission ပြီးမှ ငွေပြန်ထုတ်ရမှာ။ မပြီးရင်ထုတ်မရ။ ပထမ ၂၂၀,၀၀၀ တုန်းက Mission ကတော့ အမြတ်ပြန်ရတယ်။
အဲဒီရက်မှာပဲ နေ့လယ်ရောက်တော့ ၂၂၀,၀၀၀ နဲ့ ထပ်စမ်းတယ်။ ၂၂၀,၀၀၀ သိန်း mission ပေါ့။ sub-Mission က ၈၉၀,၀၀၀ တဲ့ အရမ်းများနေမှန်း သိပေးမယ့် ပထမ ၂၂၀,၀၀၀ Missionတုန်းက လိုပဲ ထင်ပြီး အဒေါ်ဆီကချေးပြီး ထည့်လိုက်တာ။
အဲဒီ၂၂၀,၀၀၀ Mission မှာပဲ sub-Mission တွေ နောက်ထပ်mission တစ်ခု ထပ်ထည့်လာတယ်။ ဒီ sub-Mission တစ်ခုရဲ့ မတည်ငွေ ပမာဏထက် အဆမတန် များပေးထားတယ် ၁,၉၅၀,၀၀၀ ပါ။ ကျွန်မလဲ အရင်ထည့်ထားတဲ့ ၁,၁၁၀,၀၀၀ ဆုံးမှာစိုးလို့ စုထားသမျှငွေ ၁,၉၅၀,၀၀၀ လုံးထပ်ပြီးထည့်မိပါတယ်။

ဒါနဲ့တင်မပြီးပဲ Premium အဆင့်အတွက်ဆိုပြီး ၄,၂၀၀,၀၀၀ ထပ်ထည့်ခိုင်းပြန်ပါတယ်။
ကျွန်မလဲ ထည့်ခဲ့သမျှ ၃,၀၆၀,၀၀၀ ဆုံးရှုံးမှာကြောက်တဲ့စိတ် ကလေး၂ယောက်အတွက်စုထားတာပါမှာကြောက်တဲ့စိတ်နဲ့ ၄,၂၀၀,၀၀၀ ကို မရရအောင် ထပ်ရှာပြီး ကလေးရွေးပေါင်ပေးပြီးထည့်ခဲ့ပေမယ့် ကံဆိုးမသွားမိုးလိုက်လို့ရွာဆိုသလိုပဲ သူတို့ညွန်ကြားတဲ့ အတိုင်း လုပ်ခိုင်းပေမယ့် crypto money ဆိုတာကို နားမလည် အစိမ်းသပ်သပ်ဖြစ်တဲ့ကိုယ့်ကို နဂိုနဲ့မတူတဲ့ ရွေးနည်းတစ်ခုကို ရွေးခိုင်းတဲ့အချိန်သတိမမူမိပဲရွေးနည်းမှားသွားလို့ mission failed သွားပါတယ်။
ထည့်ခဲ့သမျှ ၇,၂၆၀,၀၀၀ ဆုံးဖို့အခြေအနေဖြစ်လာလို့ ညွှန်ကြားသူကို ဘလိုလုပ်ရင်အကောင်းဆုံးဖြစ်မလဲမေးတဲ့အခါ နောက်ထပ် အစားထိုး ပြန်ဆယ်တဲ့ mission ကို ၈,၂၀၀,၀၀၀ နဲ့ပြန်ဆယ်ဖို့ ညွှန်ကြားတဲ့အခါ group ထဲက တခြား member (၃) ဦးလဲ ကိုယ့်ကြောင့်အမြတ်မထုတ်ရမှာစိုးရိမ်စိတ်ကြောင့် ၈,၂၀၀,၀၀၀ ကိုလဲရွှေတွေပေါင်ပေးခဲ့ပါတယ်။

ဒီအဆင့် ၈,၂၀၀,၀၀၀ ပြီးရင် mission အားလုံး ပြီးပြီလား ညီမအရင်ငွေတွေရောရမလားမေးတော့ ရမယ်ပဲဖြေခဲ့ပါတယ်။

ဒါနဲ့ညီမလဲ ကိုယ့်ငွေတွေပြန်ရလိုဇောနဲ့ ၈,၂၀၀,၀၀၀ ထပ်ထည့်ပေးခဲ့ပါတယ်။ စုစုပေါင်း ငွေပမာဏ (၁၅,၄၆၀,၀၀၀) ထည့်ပြီး သူတို့ညွန်ကြားတဲ့ အတိုင်း mission ကိုလုပ်လို့အောင်မြင်တယ်ပြောပြီး (၂ ရာ ခြောက်ဆယ့်၃သိန်းရှစ်သောင်းလေးထောင့်သုံးရာ) ထုတ်ယူနိုင်ဖို့ withdrawal code ကျလာပါတယ်။

၃ရက်တာပင်ပန်းခဲ့တဲ့အပူလုံးကျပြီး ငွေရပြီအထင်နဲ့ပျော်ခဲ့ပေမယ့် ညီမဟာ mission တစ်ခါ ကျရှုံးခဲ့လို့ credit score ၁၀၀ မှာ ၈၀ ပဲရှိလို့ ၂၀ ပြန်ဖြည့်ဖို့ ၁ score - ၆၅၀,၀၀၀ နဲ့ ၂၀ score စာ သိန်း ၁၃၀ လွှဲရင် ညီမကို အပေါ်ကငွေတွေအကုန်ထုတ်ပေးမယ်ပြောပါတယ်။

ညီမကိုယ်မှာ ရှိတဲ့တစ်ကိုယ်စာရွှေကလွဲကျန်ရွှေတွေလဲ ပေါင်ပြီးတော့ ငွေဖော်ဖို့ ကားစာအုပ်ပဲရှိတော့လို ဆက်မရူးမိုက်ရဲလို့ သိန်း ၁၃၀ ထပ်မလွှဲဖြစ်တော့ပါဘူး။

နောင်အခါမှရတဲ့ နောင်တပါ ၁၀ သိန်းကျော်မှာ အဒေါ်က ဆက်မလုပ်ဖို့ တားပေမယ့် ကိုယ်လဲ ဒီအခြေအနေထိ လိုက်ဆယ်လေမြုပ်လေဖြစ်မယ်မထင်ခဲ့တာပါ😭😭😭

ညီမသာ သူတို့တောင်းတဲ့ သိန်း ၁၃၀ ထပ်သွင်းခဲ့ရင် နဂိုသွင်းထားငွေ ၁၅၄ သိန်း ၆ သောင်းနဲ့ပေါင်း ၂၈၄ သိန်း ၆ သောင်းပါ သူတို့လက်ထဲရောက်ပြီး ပြန်ရနိုင်မရနိုင်မသေချာ ကတိမရှိတဲ့အခြေအနေမို့ ထပ်မလွှဲရဲတော့ပဲ လူလိမ်အဖွဲ့လို့သာ သတ်မှတ်မိပါတော့တယ်။

ပြီးမှ ပြန်စဉ်းစားကြည့်တော့ သူတို့က အဖွဲ့လိုက်လုပ်ဆောင်နေတာပါ။ နေအေးရဲ့ လိမ်နည်း ၁၀၀ မှာပါတဲ့ အချက်တွေလိုပါပဲ။ Mission ဂရုထဲပါဝင်တဲ့ တခြား member ၃ ဦးကတော့ သူတို့က mission မမှားလို့ သိန်း ၂၀၀ ကျော်ဝင်တယ်လို့ SS တွေပို့ကြပါတယ်။ တေ့တေ့ဆိုင်ဆိုင် telegram က ညီမဖုန်းဆက်ပြီး ဖုန်းမကိုင်ကြပါဘူး ညီမအထင်တော့ သူတို့လဲတစ်ဖွဲတည်းညီမကိုဝိုင်းလိမ်တာဖြစ်ဖို့များပါတယ်။

အထက်ပါ အကောင့်များကို စုစုပေါင်း ၁၅၄ သိန်း ၆ သောင်း လွှဲခဲ့ပါတယ်။ ( Kpay account number များအား telegram တွင် ကြည့်ပါရန်)

ပထမ စစချင်း Social Engineering နဲ့ စတယ်။ ငါးစာက လောဘ နဲ့ မျှားပါတယ်။ ညီမကတော့ ငါးစာပဲမြင်ပြီး ငါးမြှားချိတ်မမြင်တဲ့ လောဘသားကောင် အယုံလွယ်အရှိုက်ခက် ၁၅၄ သိန်း ၆ သောင်း အတွက် ပူပန်နေရတဲ့ဗိုက်ကြီးသယ်ပါ။

အဆင်ပြေရင် share ပေးခြင်းဖြင့်ကူညီပါ အမှန်တရားအတွက်တစ်ဦးဦးက ရပ်တည်ပေးရင် လူလိမ်တွေနည်းလာမှာပါ။
ညီမလိုတခြားသူတွေမခံစားရအောင်
တင်ပေးဖို့ တောင်းဆိုချင်လို့ပါ



ဘုန်းကံကြီးမားတဲ့မိန်းမပျိုတစ်ယောက်ရဲ့ အချစ်ကိုဘုန်းကံကြီးတဲ့ ယောက်ျားလေးကပဲ ပိုင်ဆိုင်ခွင့်ရှိတယ်ဘုန်းကံရှိတဲ့ မိန်းကလေ...
10/04/2024

ဘုန်းကံကြီးမားတဲ့
မိန်းမပျိုတစ်ယောက်ရဲ့ အချစ်ကို
ဘုန်းကံကြီးတဲ့ ယောက်ျားလေးကပဲ ပိုင်ဆိုင်ခွင့်ရှိတယ်

ဘုန်းကံရှိတဲ့ မိန်းကလေးတစ်ယောက်နား
ဘုန်းကံကြီးမားတဲ့ ယောက်ျားလေးပဲ ရောက်လာပါတယ်

ဘုန်းကံချင်း မတူရင် ခွဲခွာရမှာပါ...❤️

သူဌေး .... ကဲ ဒီမိကျောင်းကန်ထဲ ဘယ်သူ ရေကူးဖြတ်ရဲလဲ?ရှင်ရင်တစ်သန်း!သေရင်ငါးသန်းရမယ် !လူအုပ်ကြီးက တိတ်ဆိတ်နေရာက"ဝုန်း".......
02/04/2024

သူဌေး .... ကဲ ဒီမိကျောင်းကန်ထဲ
ဘယ်သူ ရေကူးဖြတ်ရဲလဲ?
ရှင်ရင်တစ်သန်း!
သေရင်ငါးသန်းရမယ် !

လူအုပ်ကြီးက တိတ်ဆိတ်နေရာက

"ဝုန်း"....ဆိုတဲ့အသံနဲ့အတူ

လူတယောက် မိကျောင်းတွေကြား
အသက်လုကူးခပ်သွားတာ
တွေ့လိုက်ရတယ်။

ကန်တဖက်သို့ ရောက်သွားတဲ့အခါ ...

သူဌေးက "မင်း သတ္တိသိပ်ကောင်းတယ်။
ရော့ ဆုငွေတစ်သန်း ။

ဆုရသူ " ဘယ်ကောင်လဲ ၊
ငါ့ကို မိကျောင်းကန်ထဲတွန်းချတာ။"

ဆုရသူ၏ဇနီးမှ
" ကျွန်မ ပဲလေ။" 😂😂

စာကြွင်း....
(အောင်မြင်နေတဲ့ ယောင်္ကျားတိုင်းရဲ့
နောက်ကွယ်မှာ ထက်မြက်တဲ့မိန်းမတစ်ယောက် ရှိတယ်)သိဘို့😏😏😏

...

ကျွန်မ မငိုပါဘူး...ဟုတ်တယ် ကျွန်မ မငိုဘူး မျက်ရည်တွေက သူ့အလိုလို ကျနေမိတာပါ ။ ငိုတယ်ဆိုတာ ရှိုက်ကြီးတငယ်နဲ့ ပြောပြောပြီး...
02/04/2024

ကျွန်မ မငိုပါဘူး...

ဟုတ်တယ် ကျွန်မ မငိုဘူး မျက်ရည်တွေက သူ့အလိုလို ကျနေမိတာပါ ။ ငိုတယ်ဆိုတာ ရှိုက်ကြီးတငယ်နဲ့ ပြောပြောပြီး ငိုတာလေ ။

အခုက ကျွန်မ ရှိုက်လဲ မရှိုက်ဘူး ဘာမှလဲ မပြောဖြစ်ဘူး ဒါပေမယ့် မျက်ရည်တွေကတော့ သုတ်လို့မနိုင်အောင် ကျနေတာလေ ။

ကြားနေတဲ့စကားလုံးတွေက ကိုယ့်ကို နာကျင်စေတာတွေချည်းပါပဲ နာနေတဲ့ရင်ကိုဖိပြီး မနာကျင်ပါဘူးလို့ညာတယ် ငါမငိုဘူးဆိုပြီး စိတ်တွေတင်းခံထားပေမယ့် မျက်ရည်တွေကတော့ သူ့အလိုလိူ ကျနေရတာလေ ။

မျက်ရည်လွယ်လိုက်တာ အားနေ မျက်ရည်ပဲ ကျနေတာ တစ်ခုခုဆို ငိုဖို့ပဲ တတ်သလားတဲ့ ဒီစကားတွေဆို ခဏခဏ ကြားရတယ် ဒါပေမယ့် ကျွန်မ မငိုဘူးဆိုတာ သူတို့ နားမလည်ကြဘူး ။

မျက်ရည်တွေက သူ့အလိုလိုကျနေတာပါ ။ ကျွန်မ ငိုနေတာမဟုတ်ဘူး ။

#ကျေးကို
#ကျွန်မဖတ်ဖို့
______________________________
𝙒𝙧𝙞𝙩𝙚𝙧
✍✍✍✍✍✍✍✍✍
မေတ္တာဖြင့်တဆင့်
ပြန်လည်မျှဝေပေးပါသည်
လေးစားစွာ𝐂𝐫𝐞𝐝𝐢𝐭ပေးပါသည်"

02/02/2024
ချုပ်နှောင်မှုတွေကြားထဲက ဖြစ်ပျက်နေတဲ့ အမေအိုရဲ့ အကြောင်း
26/01/2024

ချုပ်နှောင်မှုတွေကြားထဲက ဖြစ်ပျက်နေတဲ့ အမေအိုရဲ့ အကြောင်း

Introduction In today’s digital age, social media platforms like Facebook have become an integral part of our lives, connecting us ...

Happy birthday ပါသမီးလေးတို့ရေ
26/01/2024

Happy birthday ပါသမီးလေးတို့ရေ

Hospital management system is a great tool for managing administrative tasks in hospitals and clinics. It can help in various ...

Address


Alerts

Be the first to know and let us send you an email when ကျွန်မ ဖတ်ဖို့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ကျွန်မ ဖတ်ဖို့:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share