09/09/2025
🙋♂️ အပြင်မှာ ဆိုင်ဖွင့်ထားတဲ့ မိတ်ဆွေတွေအနေနဲ့ ဆိုင်ကို လူမလာဘူးလို့ ခံစားနေရပြီဆိုရင် ဆိုင်မှာ ဆိုင်းဘုတ် ကောင်းကောင်း တပ်ထားရဲ့လားဆိုတာကို စဥ်းစားကြည့်စေချင်ပါတယ်။
🚧 ဆိုင်းဘုတ်တော့တပ်ထားတယ်၊ ဒါပေမဲ့ ဆေးအရောင်တွေက လွင့်နေပြီ၊ စာလုံးတွေက မထင်ရှားတော့ဘူးဆိုရင် ဆိုင်းဘုတ်အသစ်ချိန်းဖို့သင့်ပါပြီ။
ဆိုင်းဘုတ်ချိန်းတာ/ ဆိုင်းဘုတ်တပ်တာက ဆိုင်ရဲ့ရောင်းအားကို တက်စေတယ်ဆိုတာကို မယုံရင် ဒီအချက်တွေနဲ့ ချိန်ဆ စဥ်းစားကြည့်ကြည့်ပါ။
🟩 ကုန်ကျစရိတ်သက်သာတဲ့ Marketing တစ်ခု
ဆိုင်းဘုတ်ကို အရည်အသွေးကောင်းကောင်း၊ ဒီဇိုင်းမိုက်မိုက်နဲ့ သိသာထင်ရှားအောင် တပ်ထားမယ်ဆိုရင် ဆိုင်ရဲ့ရောင်းအားကို ကောင်းလာစေဖို့ ကူညီပေးနိုင်ပါတယ်။ ဖြတ်သွားဖြတ်လာ လူတွေကအစ ဆိုင်းဘုတ်ကိုသတိထားမိပြီးတော့ လူအဝင်များလာနိုင်သလို လုပ်ငန်းရှင်ဘက်ကနေ ကြည့်ရင်လည်း ဆိုင်းဘုတ်က တခြား Marketing တွေထက်စာရင် ငွေကုန်ကြေးကျ ပိုသက်သာသလို ထိရောက်စေတဲ့နည်းလည်းဖြစ်တာမို့ အကျိုးရှိပါတယ်။ 24 နာရီလုံး ကြော်ငြာထားလို့ရတဲ့ အကောင်းဆုံးနည်းလမ်းလည်းဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ရေရှည်ခံတဲ့ ကြော်ငြာပုံစံတစ်ခုဆိုလည်းမမှားပါဘူး။
🟩 Brand ကို လူသိစေတယ်
စီးပွားရေးလုပ်ငန်း လုပ်ပြီဆိုရင် အမှတ်တံဆိပ် (Brand) ကို လူကောင်းကောင်းသိဖို့ အရေးကြီးပါတယ်။ ကိုယ်က Digital Marketing ကိုလည်းကောင်းကောင်း Run နေတယ်၊ Social Media ပေါ်မှာလည်း ကိုယ့်ဝယ်သူတွေနဲ့ ဆက်ဆံရေးကောင်းတယ်ဆိုပေမဲ့ ဆိုင်ကို လူကိုယ်တိုင်လာဝယ်ဖို့အတွက်တော့ ဆိုင်းဘုတ်က အဓိက ဆက်သွယ်ရေး ပေါင်းကူးတံတားဖြစ်စေပါတယ်။ ဒီဆိုင်းဘုတ်ကသာ လူလာအောင် ခေါ်လာနိုင်တဲ့ အရာလည်းဖြစ်ပါတယ်။ နောက်တစ်ခုက ဆိုင်ရဲ့ နာမည်ကို ဆိုင်းဘုတ်တပ်တာတင် မဟုတ်ဘဲ ပရိုမိုးရှင်းကာလတွေမှာ ဆိုင်ကို လူပိုအာရုံစိုက်ဖို့အတွက် ပရိုမိုးရှင်းအချက်အလက်တွေကို ပြတာမျိုး၊ အမှတ်တံဆိပ်ကို ကြွားလုံးထုတ်တာမျိုးဆိုရင်လည်း ဆိုင်းဘုတ်က လိုပါတယ်။ ဒါကြောင့် ဆိုင်းဘုတ်တပ်ခြင်းက အကောင်းဆုံးသော ကြော်ငြာတစ်ခုဖြစ်သလို ရင်းနှီးမြှုပ်နှံမှုတစ်ခုလည်း ဖြစ်ပါတယ်။
🟩 လုပ်ငန်းပြိုင်ဖက်တွေနဲ့ ပြိုင်တဲ့အခါ အားသာချက်တစ်ခု
ကြိတ်ကြိတ်တိုးနေတဲ့ စျေးကွက်ထဲမှာ ရပ်တည်ဖို့အတွက် ပြိုင်ဖက်လုပ်ငန်းတွေနဲ့ ယှဥ်ပြိုင်ရာမှာဆိုင်းဘုတ်က အားသာချက်တစ်ခု ဖြစ်စေပါတယ်။ တီထွင်ဆန်းသစ်မှုအပြည့်နဲ့ အရည်အသွေးမြင့်တဲ့ ဆိုင်းဘုတ်တစ်ချပ်ဟာ ဆိုင်ရဲ့မျက်နှာစာကို မျက်နှာပန်းပွင့်စေသလို အဝေးကနေပါ ဝယ်သူကိုဆွဲဆောင်နိုင်စေပါတယ်။ လမ်းသွားလမ်းလာတွေကပါ ကိုယ့် Customer ဖြစ်လာနိုင်တဲ့အထိ ဆွဲဆောင်နိုင်တဲ့ အစွမ်းရှိပါတယ်။ လုပ်ငန်းအချင်းချင်း ပြိုင်တဲ့အခါမှာလည်း ကိုယ့်ဆိုင် ဆိုင်းဘုတ်က ထင်းနေရင် လူပိုမြင်လွယ်ပြီး ဝယ်သူတွေက ကိုယ့်ဆိုင်စီကိုပဲ တန်းတန်းမတ်မတ် ရောက်လာနိုင်ပါတယ်။
🟩 အရောင်းမြှင့်တင်နိုင်ခြင်း
ဝယ်သူ ၁၀ ယောက်မှာ ၈ ယောက်က ဆိုင်းဘုတ်ကြောင့်ပဲ မရောက်ဖူးတဲ့ ဆိုင်ကို ရောက်လာလေ့ရှိပါတယ်။ မမေ့ဖို့က ဆိုင်းဘုတ်ဟာ လူတွေကို ဝယ်ယူတဲ့အဆင့်စီကို ရောက်အောင် တွန်းပို့နိုင်တဲ့ ကိရိယာတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် ပရိုမိုးရှင်းလို၊ သီးသန့်အထူးလျှော့စျေးလိုမျိုးတွေ လုပ်နေတဲ့ကာလအတွင်းမှာ ဆိုင်းဘုတ်တွေက အသက်ပါပဲ။ ဖြတ်သွားဖြတ်လာတွေက ဒီအကြောင်းကို ဆိုင်းဘုတ်မှာ တွေ့ရုံနဲ့ မြန်မြန်ဝယ်မှပဲဆိုတဲ့ အသိ၊ ခံစားမှုကို ဖြစ်စေပြီး ဝယ်ယူဖို့ စိတ်အားထက်သန်တတ်ကြပါတယ်။ အဲ့နောက်မှာတော့ ဝယ်ယူဖို့အတွက်လည်း ရာခိုင်နှုန်းများသွားပါပြီ။
🟩 အမြင်ကောင်းစေတယ်
ဆိုင်းဘုတ်ဟာ အမှတ်တံဆိပ် (Brand) တစ်ခုရဲ့ အထင်ရှားဆုံး ဆက်သွယ်ရေး ကိရိယာတစ်ခု ဖြစ်ပြီးတော့ ဆိုင်အပြင်မှာချိတ်ထားတဲ့ ဆိုင်းဘုတ်တစ်ချပ်ဟာ ဆိုင်ရဲ့ပုံရိပ်ကိုပါ အများကြီးသက်ရောက်မှု ရှိစေပါတယ်။
ဒီတော့ ဆိုင်မှာရောင်းအားကျနေတယ်၊ လူအလာနည်းနေတယ်လို့ခံစားနေရရင် ဆိုင်းဘုတ်ပြောင်းတပ်ဖို့၊ ပြန်ရွှိုင်းဖို့အတွက်ကို တွေးကြည့်ဖို့အသိပေးလိုက်ပါတယ်ခင်ဗျာ။
ဆိုင်းဘုတ်တပ်ဖို့အတွက် စိတ်ဝင်စားရင်တော့ ကျွန်တော်တို့ Win Star ရှိတာမို့ ဆက်သွယ်မေးမြန်းနိုင်ပါပြီ။
☎ 09400112364
☎ 09400112368
No. 8, Nawarat Road, Shwe Tha Pyay Yeik Mon Housing (2), (10) Ward,
Thaketa Tsp, Yangon.