
11/10/2024
(၂) ဆရာကြီး ဦးကြာမြင့်၏ ဗေဒင်အချုပ် မဟာဘုတ် (နိဒါန်း) စတင်ပေါ်ပေါက်လာပုံ ကို မသိရှိသေးသူများ၊ အတုအယောင်များနှင့် ဝေဝါးနေသူများ၊ နောင်လာနောင်သား မျိုးဆက်သစ်များ အတွက် ဆရာကြီး ရေးသား ရှင်းလင်းထားချက်ကို ဖေါ်ပြလိုက်ပါတယ်။
++++++++++++++++++++
လျှို့ဝှက်နက်နဲမှုကိုဖြစ်စေသော အချက်ကြီး (၃) ချက်
(၁) အဖွားဥာဉ် (၇) မျိုး
(၂) အကြွင်း (၇)မျိုး မဟာဘုတ်
(၃) ပင်ကိုယ်ဥာဉ် (၇)မျိုး
ဖေါ်ပြပါအချက်ကြီး (၃)ချက်သည် မဟာဘုတ်ဗေဒင်ပညာ၏လျှိဝှက်ဖုံးကွယ်နေမှုကိုဖေါ်ထုတ်၍ တည်ထွင်ကြံဆ အားထုတ် ရသော ကဏ္ဍများဖြစ်သောကြောင့် ရှင်းလင်းစွာသိရန်လိုအပ်ပေသည်။
လူသတ္တဝါတိုင်းတွင် အကျင့်ဥာဉ်တစ်ခုပါစမြဲဖြစ်ရာ ၄င်းအကျင့်ဥာဉ်စရိုက်များနှင့် ပူးတွဲလေ့ လာခဲ့ရာတွင် အဆိုးဥာဉ်နှင့်အကောင်းဥာဉ်များကို အခြေခံထားပြီး ဟောပြောမှသာလျှင် ဗေဒင် အချုပ်မဟာဘုတ်ဟူသော စကား နှင့်ကိုက်ညီကြောင်းတွေ့ရှိရပေသည်။
လူသားအားလုံးအတွက် အကျင့်စရိုက် (သို့) အကျင့်ဥာဉ် လွန်စွာမှအရေးကြီးပေသည်။ အကျင့်ဥာဉ်ဆိုးသည် အကြင်သူတစ်ဦးတစ်ယောက်အား ဆိုးရွားသော ကံကြမ္မာလမ်းကြောင်းကိုဖြစ် ပေါ်လာစေသကဲ့သို့၊ အကျင့်ဥာဉ်ကောင်း သည် အကြင်သူတစ်ဦး တစ်ယောက်အား ကောင်းသော ကံကြမ္မာ လမ်းကြောင်းကို ဖြစ်ပေါ်လာစေပါသည်။ ထို့ကြောင့် အထက်ဖေါ်ပြပါအချက်ကြီး(၃)ချက် သည် ဗေဒင်အချုပ်မဟာဘုတ်ပညာရပ်၏ အရေးကြီးသော အခန်းကဏ္ဍဖြစ်ပေသည်။
မှန်ကန်စွာအသုံးချပါက ရမည့်အကျိုးများ
ဤမဟာဘုတ်ဗေဒင်ပညာရပ်ကို လက်ကိုင်ပြုပြီး ကောင်းသောအကျင့်ဥာဉ်၊ ဆိုးသောအကျင့် ဥာဉ်၊ များကို သိရှိကြ၍ မှန်ကန်စွာအသုံးချပါက အောက်ပါ အကျိုးကျေးဇူးများကို မလွဲမသွေ ခံစားရ မည်ဖြစ်ကြောင်း အာမခံ လိုက်ရ ပါသည်။
(၁) ဗုဒြွရှင်တော်မြတ်၏ ဂုဏ်ကျေးဇူးတော်အနန္တအား အလေးအနက်သိမြင်လာကြ၍ သာသနာ တော်ကြီးကို ယုံကြည်သက်ဝင်အားကိုမှုရှိလာပြီး ကောင်းသောအကျင့် ဥာဉ်စရိုက်များနှင့်အတူ အေးငြိမ်းသော ဘဝမျိုးကို ရရှိနိုင်ခြင်း။
(၂) တရားတော်၏ ဂုဏ်ကျေးဇူးတော်ကို အလေးအနက်သိမြင်လာ၍ တရားစစ် တရားမှန်တွင် ယုံမှားသံသယကင်းပြီး ကျင့်ကြံအားထုတ်နိုင်ခြင်း။
(၃) သံဃာတော်အရှင်မြတ်တို့၏ စစ်မှန်သောကျင့်စဉ်သည် လွန်စွာခက်ခဲနက်နဲကြောင်း သိရှိနား လည်လာကြသဖြင့် သဒ္ဒါ တရားပွားများကာ မှန်ကန်သောဒါနခန်းများကြောင့် ကုသိုလ်အကျိုးကျေုးဇူး များကိုရရှိခြင်း။
(၄) မိဘဂုဏ်ကျေးဇူးကို သိမြင်လာကြ၍ တော်လှန်ဆန့်ကျင်မြှုပရန် ကြောက်ရွံ့ကြပြီး ရိုသေမြတ် နိုးခြင်းတည်းဟူသော ကုသိုလ်စိတ်မျိုးကို ပွားများရရှိနိုင်ခြင်း။
(၅) ကောင်းသောအကျင့်ဥာဉ်၏ အကျိုးသက်ရောက်မှုကြောင့် မိမိကိုကျိုးရှိစေခြင်း၊ သူတပါးအား အကျိုးပြု စေခြင်း များအပြင် တိုင်းပြည်နှင့်လူမျိုးအပေါ် အကျိုြးုပစေခြင်း။
စသည့်အကျိုးကျေးဇူးများ ရရှိ ခံစားစံစားရပေမည်။
တရားတော်ကို ခုတုံးမလုပ်ခဲ့
ထို့သို့လူအများအကျိုးပြုသော ပညာရပ်ကို ရှာဖွေရာ၌ စာရေးသူသည် နိဗ္ဗာန်ထွက်ရပ်တရား မြတ်များကိုသော် လည်းကောင်း၊ (သို့) သာသနာတော်မြတ်ကိုသော် လည်းကောင်း ခုတုံးလုပ်၍ သမထ ဘာဝနာကျင့်စဉ်များဖြင့် လောကီ ပညာရပ်ဖြစ်သော ဤမဟာဘုတ်ဗေဒင်ပညာကို ရှာဖွေမှုမပြု ခဲ့ပါ။ လူနှင့်ပတ်ဝန်းကျင်ကို ရောထွေးယှက်တင်ပူးတွဲပြီး စူးစမ်း ရှာဖွေမြှုပခဲ့ကြောင်းကို ဝန်ခံ ရေးသား အပ်ပါသည်။
အထူးအဖြင့် လူအများအား အထောက်အကူပြုဟောပြောသော ဗေဒင်ပညာရပ်ဖြစ်ပါသဖြင့် လူအများနှင့်အနီးကပ်ပူးတွဲပြီး လူအများ၏ပြောင်းလဲမှုအဖုံဖုံကို ဤမဟာဘုတ်ပညာရပ်တွင် အခြေခံ ထား၍ စူးစမ်းအားထုတ်လေ့လာခဲ့သည်မှာ ယခု ဆိုလျှင် မူသေနည်း၊ ပုံသေနည်းများကို တည်ထွင် ဖေါ်ထုတ်နိုင်ခဲ့ပြီး ဖြစ်ပါသည်။
သို့ဖြစ်၍ ကိုယ်တိုင်ဖေါ်ထုတ်ခဲ့သည့် ပုံးသေနည်း၊ မူသေနည်းများဖြင့် ဟောပြောခြင်း၊ သင်တန်းပြခြင်းများကို ဆောင်ရွက်ခဲ့ရာ လက်တွေ့နှင့်ကိုက်ညီကြောင်း ပေါ်လွင်ထင်ရှား လာသည် မှာ ဆက်ဆံဘူးသူမှန်သမျှ အများအသိပင် ဖြစ်ပါသည်။
ဤသို့ဖြင့် မဟာဘုတ်ပညာရပ်အား လေ့လာမိသော သင်တန်းသူ သင်တန်းသားများနှင့်လာ ရောက်ဆွေးနွေးကြ ဘူးသော မိတ်ဆွေ၊ တပည့်တပန်းများမှတဆင့် ဤပညာရပ် အနှစ်သာရအကျိုး ကျေးဇူးတရားများ၏ ကောင်းသတင်း သည် ပျံ့နှံ့ခဲ့ပေပြီ။
အစစ်နှင့်အတု ဒွန်တွဲလျက်ရှိ
လောကတွင်အစစ်အမှန်ပေါ်လာလျှင် အတုများလည်းပါလာမြဲအစဉ်အလာအရ ယခုပညာ ရပ်တွင်လည်း မသမာသူလောဘသမားများ၏ ဖန်တီးချယ်လှယ်မှုဖြင့် စစ်မှန်သောပညာရပ်အား ခုတုံးလုပ်၍ တခြားဗေဒင်ပညာရပ် ယောင်ယောင် လွဲမှားစွာဖြင့် ဖြန့်ဝေပို့ချဟောပြောနေခြင်း၊ လူမှု ဘဝ အတွင်းလွဲမှားစွာ အသုံးချနေခြင်းတို့အား ကြားမြင် တွေ့သိနေရပါ၍ အစစ်အမှန်ဖြစ်သော ဤမဟာဘုတ် ဗေဒင်ပညာရပ်ကိုဖေါ်ထုတ်ချိန်တန်ပြီဟု ယူဆမိ သည်နှင့် အညီ ဖေါ်ထုတ် ဖြန့်ဝေ လိုက်ရပါတော့သည်။
မဟာဘုတ်ပညာရပ်ကိုဖွင်ဆိုပုံ
မဟာဘုတ်ပညာရပ်အား လေ့လာမြှုပသူများသည် အောက်တွင်ရေးသားထားသည့် အဓိကအ ချက်ကြီး(၅)ချက်ကို ဦးစွာပထမ ရှင်းလင်းလွယ်ကူစွာ သိထားရန်လိုအပ်ပေသည်။
(၁) ဂဏန်း (၇)လုံး၏ အဓိပ္ပါယ်ဆောင်ပုံ၊
(၂) အကြွင်း (၇)ပါး မဟာဘုတ်များတွက်ပုံ၊
(၃) မဟာဘုတ် (၂)မျိုး ကွဲပြားခြားနားပုံ၊
(၄) အဖွားဥာဉ်မဟာဘုတ် (၇)မျိုးမှ
အဖွားဥာဉ်(၄၉)မျိုးဖြစ်ပေါ်လာပုံ။
(၅) ပင်ကိုယ်ဥာဉ်မဟာဘုတ် (၇)မျိုးမှ
ပင်ကိုယ်ဥာဉ်(၄၉)မျိုးဖြစ်ပေါ်လာပုံ။
ဖေါ်ပြပါအချက်ကြီး(၅)ချက်ကို ကဏ္ဍအလိုက် တသီးတခြားတပိုင်းစီ ရှင်းလင်းအောင်ဖေါ်ပြ သွားမည်ဖြစ်၍ လေ့လာမြှုပကြသူ ဝါသနာရှင်များအဖို့ နားလည်သဘောက်ပေါက်သိရှိကြပါက “မဟာဘုတ်ပညာရပ်ဆိုသည်ကား ဤရွေ့ဤမျှအတိုင်းအတာအထိ ကျယ်ဝန်းနက်နဲသိမ့်မွေပါတကား” ဟူ၍လည်းကောင်း၊ ထို့ကြောင့်လည်း “ဗေဒင်အချုပ် မဟာဘုတ်ဟူသော စကားသည်သမိုင်းတွင်ရစ် ထိုက်ပါပေသည်တကား” ဟူ၍လည်းကောင်း ကျေနပ်နှစ်သိမ့် သွားကြ မည်မှာ ဧကန်ဖြစ်ပါသည်။
ထိုသို့ကျေနပ်နှစ်သိမ့် သဘောပေါက်နားလည်သည့်တိုင် ကြိုးစားလေ့လာရန်မှာ လေ့လာသူ ဝါသနာရှင်များ၏ တာဝန်သာဖြစ်ပေလိမ့်မည်။ စာရေးသူအနေနှင့်ကား ပညာရပ်နှင့်သက်ဆိုင်ရာအ ချက်အလက်များကို ရှင်းလင်းသည် ထက်ရှင်းလင်း၊ လွယ်ကူသည်ထက် လွယ်ကူစွာ နားလည်သဘော ပေါက်ကြစေရန် တတ်စွမ်းသရွေ့ ရှင်းလင်း ပေးသွားမည် ဖြစ်ပေသည်။
မဟာဘုတ်၏ အယူအဆ
“မဟာဘုတ်” ဟုခေါ်ဆိုသော စကားရပ်၏အဓိပ္ပါယ်ကို ပြန်ဆိုကြည့်ပါက “မဟာ” ကြီးကျယ် သော၊ အဆုံးအပိုင်း အခြားမရှိ ကျယ်ဝန်းနက်ရှိုင်းသော၊ “ဘုတ်” အခြေခံဓါတ်ကြီးများဟူ၍ အဓိပ္ပါယ် ပေါ်လွင်နေသဖြင့် တိတိကျကျ အဓိပ္ပါယ် ပြန်ဆိုကြည့်ပါက “ကြီးကျယ်၍ ကျယ်ဝန်းနက်ရှိုင်းသော ဓါတ်ကြီးများ” ဟူ၍ အနက်အဓိပ္ပါယ် ပေါ်လွင်ထင်ရှား နေပေသည်။
မဟာဘုတ်နှစ်မျိုး
မဟာဘုတ်နှင့်ပတ်သက်၍ မဟာဘုတ်သည် ဗေဒင်ပညာခန်း၌သာလျှင် ပေါ်လွင်ထင်ရှားနေ ပေသည်။ အမှန်စစ်စစ် မဟာဘုတ်သည် ယနေ့နိုင်ငံတော်အသိအမှတ်ပြုထားသော မြန်မာတိုင်းရင်း ဆေးပညာ၌လည်း မဟာဘုတ် ဆေးပညာရှိနေသည်။ သို့သော် ပေါ်လွင်ထင်ရှားမှု နည်းနေသည်ကို တွေ့ရပေသည်။ မြန်မာ့တိုင်းရင်း ဆေးဆရာကြီးများ သည် မဟာဘုတ်ဟုခေါ်ဆိုသော “မဟာ” ကြီးကျယ်၍ ကျယ်ဝန်းနက်ရှိုင်းသော “ဘုတ်” ဓါတ်ကြီးငါးပါးကို အခြေခံ၍ ဆေးဝါး ဓါတ်စာများကို ပေးသွင်းကုသခြင်းအမှုကြိုပကြရပါသည်။
ထို့ကြောင့်မဟာဘုတ်သည် တိုင်းရင်းမြန်မာ ဆေးဆရာကြီးများ အသုံးပြုထားသော မဟာဘုတ် နှင့်ဗေဒင် မဟာဘုတ်ဟူ၍ နှစ်မျိုးရှိနေပါသည်။ အဓိပ္ပါယ်မှာ (က) ဆေးပညာမဟာဘုတ်နှင့် (ခ) ဗေဒင် ပညာမဟာဘုတ် ဟူ၍ နှစ်မျိုးရှိနေကြောင်းကိုဆိုလိုပေသည်။
မဟာဘုတ်ဗေဒင်ပညာ နှင့် မြန်မာတိုင်းရင်းဆေးပညာ မဟာဘုတ်တို့ကို အနက်အဓိပ္ပါယ်ဖေါ် ဆောင်ရာတွင် ထပ်တူထပ်မျှ တူညီနေပါသည်။ ထို့ကြောင့် မဟာဘုတ်ဗေဒင်ပညာသည် မြန်မာ ပိုင်သော မြန်မာ့တိုင်းရင်း ဗေဒင်ပညာ ဟူ၍ ခေါ်ဆိုမြှုပနိုင်ပေသည်။ မြန်မာ့တိုင်းရင်း ဆေးပညာ ဖြစ်သော “ဒေသနာနယဆေးပညာ” မဟာဘုတ်ဟုခေါ်ဆိုသည့် အခြေခံဓါတ်ကြီးများ ပါရှိနေ ကြောင်းကို ဆေးဆရာကြီးများ၊ သမားတော်ကြီးများအသိပင်ဖြစ်ပါသည်။
ဆေးပညာ မဟာဘုတ်နှင့် ဗေဒင်ပညာ မဟာဘုတ် နှစ်မျိုးသည် ဓါတ်ကြီးလေးပါး ဖြစ်သော ပထဝီဓါတ်၊ အာပေါဓါတ်၊ တေဇောဓါတ်၊ ဝါယောဓါတ် စသည့်ဓါတ်ကြီးလေးပါး ညီညွတ်မျှတမှ အာကာသရ၍ မြန်မာနိုင်ငံ၏ ဥတု သုံးပါးဖြစ်သော နွေ၊ မိုး၊ ဆောင်း ဟုခေါ်ဆိုသည့် ပူမှု၊ စိုစွတ်မှု၊ အေးမှု၊ ဥတုသုံးပါး၏ ဖေါက်ပြန်ပြောင်းလဲမှု ဒါဏ်ကိုခံနိုင်စွမ်း ရှိကြပြီး ရောဂါဘေးအမျိုးမျိုးအပေါင်းမှ လွတ်ကင်း၍ ကျန်းမာရေး ကောင်းကြမည် ဖြစ်ပေသည်။
ဤဥပမာအတိုင်း ဓါတ်ကြီးလေးပါး စုစည်းညီညွတ်မှု၊မျှတမှုမှ အခြေခံ၍ ဖြစ်ပေါ်လာသော ဤမဟာဘုတ် ဗေဒင် ပညာခန်း၌လည်း (၁၀၈)ခွင်အာကာသ နဝင်းဓါတ်ကြီးဖြစ်ပေါ်လာသောကြောင့် နွေ၊ မိုး၊ ဆောင်းဟူ၍ ခေါ်ဆိုသော ဥတု သုံးပါး၏ ဖေါက်ပြန်မှု၊ ပြောင်းလဲလှုပ်ရှားမှု၊ ဥပါဒ်ဘေး ပေးမှုဒါဏ်ကို ခံနိုင်စွမ်းရှိအောင် ကာကွယ်နိုင်စွမ်းရှိသော၊ ဓါတ်ဆင် ဓါတ်ရိုက်ပညာခန်းဖြင့် ကြိုတင် ကာကွယ်ထားနိုင်ပါသည်။
“အာကာသနဝင်းဓါတ်” ကြီးဖြစ်သော(၁၀၈)ခွင် နဝင်းဓါတ်ကြီး ဖြစ်ပေါ်လာပုံ အကြောင်းကို ရှုပ်ထွေးနေမည် စိုးသောကြောင့် ဓါတ်ကြီးလေးပါးအခြေခံ၍၊ အာကာသနဝင်း ဖြစ်ပေါ်လာပုံအကျယ် ကိုရှင်းလင်းစွာတင်ပြရပေလိမ့်မည်။
ဓါတ်ကြီးလေးပါးနှင့် ဂဏန်းတန်ဖိုး အဓိပ္ပါယ်များ
(၁) ပထဝီဓါတ်သည် မြေဓါတ်ဖြစ်သည်။ ဗေဒင်ပညာအားဖြင့်ဆိုလျှင် ‘ဂဗ္ဘေ’ ဟုခေါ်ဆိုပြီး ‘ဂဗ်’ သည် တနင်္လာ (၂) ဂဏန်းဖြစ်၍၊ ‘ဗေ’ သည် ကြာသပတေး (၅) ဂဏန်း ဖြစ်သောကြောင့် (၂+၅) သည် (၇) ဂဏန်းဖြစ်ရပေသည်။
(၂) အာပေါဓါတ်သည် ရေဓါတ်ဖြစ်သည်။ ဗေဒင်ပညာအားဖြင့်ဆိုလျှင် ‘ဝံသေ’ ဟုခေါ်ဆိုပြီး ‘ဝံ’ သည် ဗုဒ္ဓဟူး (၄) ဂဏန်းဖြစ်၍ ‘သေ’ သည် သောကြာ (၆) ဂဏန်း ဖြစ်သောကြောင့် (၄+၆) သည် (၁၀) ဂဏန်းဖြစ်ရပေသည်။
(၃) တေဇောဓါတ်သည် မီးဓါတ်ဖြစ်သည်။ ဗေဒင်ပညာအားဖြင့်ဆိုလျှင် ‘အန္တော’ ဟုခေါ်ဆိုပြီး ‘အန်’ သည် တနင်္ဂနွေ (၁) ဂဏန်းဖြစ်၍ ‘တော’ သည် စနေ (၇) ဂဏန်း ဖြစ်သောကြောင့် (၁+၇) သည် (၈) ဂဏန်း ဖြစ်ရပေသည်။
(၄) ဝါယောဓါတ်သည် လေဓါတ်ဖြစ်သည်။ ဗေဒင်ပညာအားဖြင့်ဆိုလျှင် ‘စရေ’ ဟုခေါ်ဆိုပြီး ‘စ’ သည် အင်္ဂါ (၃) ဂဏန်းဖြစ်၍ ‘ရေ’ သည် ရာဟု (၈)ဂဏန်း ဖြစ်သောကြောင့် (၃+၈) သည် (၁၁) ဂဏန်း ဖြစ်ရပေသည်။
အထက်ဖေါ်ပြပါ ဓါတ်ကြီးလေးပါးကို ဗေဒင်ပညာခန်းနှင့်ပူးတွဲပြီး ဖြစ်ပေါ်လာသောဂဏန်း ၏ အဓိပ္ပါယ်တန်ဖိုး များကို ထပ်မံရှင်းလင်းပြပါမည်။
(၁) ပထဝီဓါတ်ကို မြေဓါတ် (ဂဗ္ဘေ) = (၂+၅) = ‘၇’ ဂဏန်းယူပါ။
(၂) အာပေါဓါတ်ကို ရေဓါတ် (ဝံသေ) = (၄+၆) = ‘၁၀’ ဂဏန်းယူပါ။
(၃) တေဇောဓါတ်ကို မီးဓါတ် (အန္တော) = (၁+၇) = ‘၈’ ဂဏန်းယူပါ။
(၄) ဝါယောဓါတ်ကို လေဓါတ် (စရေ) = (၃+၈) = ‘၁၁’ ဂဏန်းယူပါ။
ဓါတ်ကြီးလေးပါး၏ ဂဏန်းအားလုံးပေါင်းလျှင် (၃၆) ဂဏန်းရရှိပြီး၊ ထို (၃၆) ဂဏန်းကိုတည်၍ မြန်မာနိုင်ငံ၏ ဥတုသုံးပါးဖြင့် မြှောက်လိုက်ပါက လူသား သတ္တဝါများအား အကျိုးကျေးဇူးကိုဖြစ်စေ သော၊ (တနည်း) အကျိုြးုပသော (၁၀၈) ဂဏန်း “အာကာသ နဝင်းဓါတ်” ကြီးဖြစ်ပေါ်လာပေသည်။
တိုင်းရင်းဆေးဆရာကြီးများဖြစ်သော မြန်မာ့သမားတော်ကြီးများသည် မဟာဘုတ် ဟုခေါ်ဆို သော ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယောဓါတ်ကြီးလေးပါးကို စုပေါင်းညီညွတ်မျှတမှုရှိစေရန် ဆေး ဝါးဓါတ်စာများကို ပေးသွင်းပြီး အာကာသ ဖြစ်အောင် ကုသနိုင်သော သမားတော်သည် ရောဂါဝေဒနာ ဘေးသင့်၍ သေဆုံးနိုင်သည့် လူနှင့်သတ္တဝါများအား သေဘေးမှ ကယ်တင်နိုင်စွမ်းရှိသော၊ ဆေး ပညာနှင့်ပတ်သက်၍ လွန်စွာ အစွမ်းထက်သော ဆရာတစ်ဆူအဖြစ်သို့ ရောက်နိုင်ကြောင်းကို တိုင်း ရင်းဆေးသမားတော်ကြီးများ အားလုံးအသိပင်ဖြစ်ပေသည်။
ထိုနည်း ဥပမာအတိုင်း မဟာဘုတ်ဗေဒင်ပညာခန်၌လည်း ဓါတ်ကြီးလေးပါး စုစည်းညီညွတ် မျှတမှ ဖြစ်ပေါ် လာသည့် (၁၀၈) ခွင်အာကာသ နဝင်းဓါတ်ကြီးကို ဓါတ်ဆင်ဓါတ်ရိုက် ယတြာပြုနည်းများ ဖြင့် ပိုင်နိုင်စွာ အသုံးပြု နိုင်ကြပါလျှင် လူသတ္တဝါများ၏ အသက်ဆုံးရှုံးသည်အထိဖြစ်ရသော -
(၁) ရောဂါဘေးအမျိုးမျိုး၊
(၂) သွားလာလှုပ်ရှားခရီးများ၏ ဥပစ္ဆေဒ ကံဘေးအမျိုးမျိုး၊
(၃) တစ်ဦးနှင့်တစ်ဦးရန်ပြုကြသော ပယောဂအမျိုးမျိုး၊
များမှ ကာကွယ်နိုင်စွမ်းရှိပေသည်။ ထိုကဲ့သို့ ကာကွယ်နိုင်စွမ်းရှိသော မဟာဘုတ်ဗေဒင်ပညာရှင်သည် ဓါတ်ဝိဇ္ဇာ (တနည်း) လောကီဝိဇ္ဇာပညာရှင်ကြီးတစ်ဆူအဖြစ်သို့ ရောက်ရှိနိုင်ပေလိမ့်မည်။
ဆရာကြီး ဦးကြာမြင့် (မဟာဘုတ် ပါရဂူ)
တိုင်းရင်းဆေး ဆရာကြီး (တဆ - ၃၈၇၃)
(ဒ၊ ဘ၊ ဗ)
Credit