
25/10/2022
အောက်တိုဘာ ၂၅
ပဲခူးတိုင်းဒသကြီး၊သာယာ၀တီခရိုင်၊ သာယာ၀တီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ
၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာစိမံကိန်း(ဆီထွက်သီးနှံ)လည်ပတ်ရန်ပုံငွေ ပထမအကြိမ် ထုတ်ချေးပေးခြင်းအား အောက်တိိုဘာ ၂၅ ရက်နေ့
နေ့လည်ပိုင်းတွင် ဖိုးခေါင်အုပ်စု၊ ဇရပ်ကြီးအထက်ကျေးရွာ
ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ နေ့ချင်းပြီးထုတ်ချေးဆောင်ရွက်ကြောင်း သိရသည်။
ရှေ့ဦးစွာ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းလွင်က အဆိုပါ စီမံကိန်းရန်ပုံငွေဖြင့် နေကြာအပါအဝင် အခြားဆီထွက်သီးနှံများ စိုက်ပျိုးရန် မျိုးစေ့ဝယ်ယူခြင်း၊ စိုက်ပျိုးရေးသွင်းအားစုများဝယ်ယူခြင်း စသည်တို့အတွက် တောင်သူများအဆင်ပြေစေရန် ရည်ရွယ်၍ လွှဲပြောင်းပေးအပ်ခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားပါသည်။
ဆက်လက်၍ သာယာဝတီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဆန်းဟိုက တောင်သူများအား သွင်းအားစုမျိုးစေ့များအား နည်းစနစ်မှန်ကန်စွာစိုက်ပျိုးတတ်စေရန် သက်ဆိုင်ရာဌာနဆိုင်ရာများ၏ နည်းပညာများအကူအညီများယူနိုင်ကြောင်း၊ ဆီထွက်သီးနှံများဖြစ်မြောက်အောင်မြင်စွာအကောင်အထည်နိုင်ရေး ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ဦးစီးမှူး ဦးနိုင်မင်းထွန်းက ဇရပ်ကြီးအထက်ကျေးရွာမှ နေကြာစိုက်တောင်သူများအား ယခုစီမံကိန်းနှင့်ပတ်သက်၍ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး တောင်သူများ အလေးထားလိုက်နာဆောင်ရွက်ရန်၊ နည်းစနစ်မှန်ကန်စွာစိုက်ပျိုးတတ်စေရန်များ ဆွေးနွေးခဲ့သည်။
စိုက်ပျိုးရေးဦစီးဌာနမှလည်း စိုက်ပျိုးနည်းစနစ်များ၊ မြေသြဇာအသုံးပြနည်းစသည်များ ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက ရန်ပုံငွေ ကျပ်(၂၀၀)သိန်းနှင့် သွင်းအားစုမျိုးစေ့ထုတ်များအား ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။