23/04/2022
စစ်အာဏာရှင်ကျဆုံးခန်းမှာသေဖေါ်ညှိတာ၊ဘယ်သူမှမသိလောက်ဘူး သူထင်နေတာကိုက
နိုင်ငံတော်အဆင့်ပြက်လုံးပါ
စစ်ဗိုလ်တပ်ချုပ်က အရပ်ဝတ်ကြီးခပ်တည်တည်ကောက်စွပ်ပြီးထွက်ပေါက်ရှာနေတဲ့လုပ်ရပ် ကိုအားလုံးသိကြပါတယ်
NUG နဲ့ တိုင်းရင်းသားတွေကိုသွေးခွဲဖို့ကြံသေးတယ် ။နွေဦးတော်လှန်ရေးအပါဝင်တနိုင်ငံလုံးစာမဟုတ်ပဲ သူပြောသလိုတဖွဲ့ခြင်းလူမျိုးစုအလိုက်ရှင်းရအောင် သူ့ကိုဘယ်ပြည်သူတွေက ရွေးချယ်တင်မြောက်ထားလို့လဲ ဘယ်တုန်းကပြည်သူ့ကိုယ်စားပြု mandate ပေးထားလို့လဲ
စကစအတွက်မေးခွန်းသတ်ပြန်ပြီ။
သူတို့မှာဘာmandate မှမရှိရှာပါ
စစ်တပ်ဆိုတာ Institution တခုမျှသာပါ
၂၀၀၈ ခြေ/ဥရဲ့အနိုင်ကျင့်ဗိုလ်အကျဆုံးဖြစ်တဲ့
(စစ်တပ်ရဲ့အနာဂါတ်နိုင်ငံရေးဦးဆောင်မှု
အခန်းကဏ္ဍ)ဝှက်ထားတဲ့ဓားကဆွေးနွေးဝိုင်းမထိုင်ခင်ကထည်းကပေါ်နှင့်ပြီ။
သူကတော့ထွက်ပေါက်အဖြစ် တိုင်းရင်းသား
ဝတ်စုံတွေခြံရံတဲ့ ဓာတ်ပုံအရမ်းလိုချင်နေသူမို့၊
မရရရာ ရှာကြံလုပ်ကြံရိုက်ပြချင်ဦးမှာပဲ။
အဲဒီဓာတ်ပုံတွေရက်ခြားရက်ခြားကမ္ဘာကိုပြ ၊တဖက်ကပြည်သူတွေကိုနေ့စဉ်ဖမ်း ၊နှိပ်စက် ၊သတ်၊ လုပ်မှာကိုကော ဘယ်သူအာမခံမှာလဲ။
လွတ်လပ်စွာဆန္ဒပြခွင့်အခြေခံတောင်ခွင့်မပြုပဲ
အကြမ်းဖက်ဖြိုခွင်းနေသူဆီက ဘာဒီမိုကရေစီရဖို့မျှော်သင့်ပါသလဲ။
သူ့ဆီနှစ်ယောက်စီလာတွေ့ပါဆိုရအောင် ၊
တိုင်းရင်းသားတွေလိုချင်တဲ့ဖက်ဒရယ်က
တပ်ပိုင်မိုင်တဲလ် ဆင်းမ်ကဒ် နံပါတ်အလှလို သူလက်မှတ်ထိုးထုတ်ပေးလို့ရတာမျိုးလည်း
မဟုတ်။
“ဖက်ဒရယ်နဲ့ဒီမိုကရေစီဟာ
နွေဦးတော်လှန်ရေးမှာတသားထည်းဖြစ်ခဲ့ပြီ “။
ဒင်္ဂါးတချပ်ကို ခေါင်းပန်းနှစ်ခြမ်းခွဲမရတော့ပါ၊
ဒါနှစ်ပေါင်းများစွာ တိုင်းရင်းသားပြည်သူတွေအသက်ဘဝ များစွာရင်း တိုက်ယူလာ ပေါင်းစုမိတဲ့ဆုံမှတ်ရလဒ်ပါပဲ။
အခုထိ နေစရာလည်းမျှပေး ၊စားစရာလည်းမျှကျွေး၊စစ်ပညာတွေလည်းသင်ပေးတဲ့ကျေးဇူးတရားတွေ၊
ဒီနေ့ပြည်သူတော်လှန်ရေးနဲ့အတူရပ်ပြနေသူ၊အားပေးစကားပြောသူ တိုင်းရင်းသားခေါင်းဆောင်တွေအပေါ် ပြည်သူတွေထားရှိတဲ့ယုံကြည်အားကိုးမှုတွေကိုကြည့်ပါ။
အများ ပြည်သူရဲ့ယုံကြည်မှုကိုရတယ်ဆိုတာ အမြင့်မြတ်ဆုံးဆုလာဘ်ပါ။
ပါဠိစာလုံးတွေရောထွေး ၊လုံးရေးပေးတိုင်း
ဖြစ်တဲ့ ဘွဲ့တံဆိပ်များနဲ့ လားလားမှမတူပါ။
သွေးခွဲဖို့ကြံတာကိုကအမှားကြီးပါ
ခက်တာက သူကိုယ်တိုင်ဒီစကားကိုတပ်ချုပ်ပီပီ စစ်ဝတ်စုံဝတ်ပြီးမပြောဝံ့တာပဲ
သူကပြည်သူရွေးထားတဲ့အစိုးရလိုလို
စစ်ဗိုလ်ချုပ်မဟုတ်သလိုလို
အရပ်ဝတ်ကိုမှရွေးဝတ်ပြတာ ကြည့်ပါ။
ကိုယ်တာဝန်ယူထားတဲ့အဖွဲ့အစည်းဝတ်စုံ၊
စစ်ဝတ်စုံကို ဒီလို တကူးတကန့်ဖန်တီးယူတဲ့ပွဲတွေမှာဘာကြောင့်ဝတ်မပြရဲတာလဲ။
သူကသပ်သပ်အရပ်သားလား၊
စစ်တပ်ကသပ်သပ်လား ၊
အရှိတရားကို ကမ္ဘာထံအမှန်အတိုင်းမပြရဲ၊အာဏာလုတပ်ချုပ်ဆိုတာ မေ့နေစေချင်တာ စစ်သားတွေကိုယ်တိုင်စဉ်းစားဖို့ပါ။
ဦးနှောက်ဆိုတာစစ်မြေပြင်မှာ ပြန့်ကျဲပြီးမှ
ခေါင်းခွံထဲပြန်ထည့် စဉ်းစားတဲ့အလုပ်
လုပ်ချင်ပါတယ်ဆို မရတော့ကြောင်းစစ်သားတွေသိဖို့ပါ။
ဒီရက်ထဲပြည်သူ့ဘက်သားတွေရတဲ့စခန်းသိမ်းအောင်ပွဲတွေ နဲ့ အဓမ္မစစ်ကောင်စီပြိုလဲမှုတွေက အစပဲရှိပါသေးတယ်
ဒီတခါပြည်သူ့အလှည့်ပါ
ပြည်သူညီတာ “ဤ “ကို “ကျွဲ “ဖတ်ဖို့မဟုတ်၊
ပြည်သူညီရင် အာဏာရှင်ကို
ဒီလိုဖြိုချရပါတယ်ဆိုတာကမ္ဘာကိုပြဖို့ပါ
(စစ်အာဏာရှင်အတွက်)
နွေရောက်ရင် ခြေရာခွက်ထဲကရေ ခမ်းပါတယ်
(ပြည်သူ ဆိုတဲ့)
သမုဒ္ဒယာကြီးကတော့ခမ်းနားထည်ဝါ ကျန်မြဲပါ။
#မင်းကိုနိုင်
စစ်အာဏာရှင်ကျဆုံးခန်းမှာသေဖေါ်ညှိတာ၊ဘယ်သူမှမသိလောက်ဘူး သူထင်နေတာကိုက
နိုင်ငံတော်အဆင့်ပြက်လုံးပါ
စစ်ဗိုလ်တပ်ချုပ်က အရပ်ဝတ်ကြီးခပ်တည်တည်ကောက်စွပ်ပြီးထွက်ပေါက်ရှာနေတဲ့လုပ်ရပ် ကိုအားလုံးသိကြပါတယ်
NUG နဲ့ တိုင်းရင်းသားတွေကိုသွေးခွဲဖို့ကြံသေးတယ် ။နွေဦးတော်လှန်ရေးအပါဝင်တနိုင်ငံလုံးစာမဟုတ်ပဲ သူပြောသလိုတဖွဲ့ချင်းလူမျိုးစုအလိုက်ရှင်းရအောင် သူ့ကိုဘယ်ပြည်သူတွေက ရွေးချယ်တင်မြောက်ထားလို့လဲ ဘယ်တုန်းကပြည်သူ့ကိုယ်စားပြု mandate ပေးထားလို့လဲ
စကစအတွက်မေးခွန်းသတ်ပြန်ပြီ။
သူတို့မှာဘာmandate မှမရှိရှာပါ
စစ်တပ်ဆိုတာ Institution တခုမျှသာပါ
၂၀၀၈ ခြေ/ဥရဲ့အနိုင်ကျင့်ဗိုလ်အကျဆုံးဖြစ်တဲ့
(စစ်တပ်ရဲ့အနာဂါတ်နိုင်ငံရေးဦးဆောင်မှု
အခန်းကဏ္ဍ)ဝှက်ထားတဲ့ဓားကဆွေးနွေးဝိုင်းမထိုင်ခင်ကထည်းကပေါ်နှင့်ပြီ။
သူကတော့ထွက်ပေါက်အဖြစ် တိုင်းရင်းသား
ဝတ်စုံတွေခြံရံတဲ့ ဓာတ်ပုံအရမ်းလိုချင်နေသူမို့၊
မရရရာ ရှာကြံလုပ်ကြံရိုက်ပြချင်ဦးမှာပဲ။
အဲဒီဓာတ်ပုံတွေရက်ခြားရက်ခြားကမ္ဘာကိုပြ ၊တဖက်ကပြည်သူတွေကိုနေ့စဉ်ဖမ်း ၊နှိပ်စက် ၊သတ်၊ လုပ်မှာကိုကော ဘယ်သူအာမခံမှာလဲ။
လွတ်လပ်စွာဆန္ဒပြခွင့်အခြေခံတောင်ခွင့်မပြုပဲ
အကြမ်းဖက်ဖြိုခွင်းနေသူဆီက ဘာဒီမိုကရေစီရဖို့မျှော်သင့်ပါသလဲ။
သူ့ဆီနှစ်ယောက်စီလာတွေ့ပါဆိုရအောင် ၊
တိုင်းရင်းသားတွေလိုချင်တဲ့ဖက်ဒရယ်က
တပ်ပိုင်မိုင်တဲလ် ဆင်းမ်ကဒ် နံပါတ်အလှလို သူလက်မှတ်ထိုးထုတ်ပေးလို့ရတာမျိုးလည်း
မဟုတ်။
“ဖက်ဒရယ်နဲ့ဒီမိုကရေစီဟာ
နွေဦးတော်လှန်ရေးမှာတသားထည်းဖြစ်ခဲ့ပြီ “။
ဒင်္ဂါးတချပ်ကို ခေါင်းပန်းနှစ်ခြမ်းခွဲမရတော့ပါ၊
ဒါနှစ်ပေါင်းများစွာ တိုင်းရင်းသားပြည်သူတွေအသက်ဘဝ များစွာရင်း တိုက်ယူလာ ပေါင်းစုမိတဲ့ဆုံမှတ်ရလဒ်ပါပဲ။
အခုထိ နေစရာလည်းမျှပေး ၊စားစရာလည်းမျှကျွေး၊စစ်ပညာတွေလည်းသင်ပေးတဲ့ကျေးဇူးတရားတွေ၊
ဒီနေ့ပြည်သူတော်လှန်ရေးနဲ့အတူရပ်ပြနေသူ၊အားပေးစကားပြောသူ တိုင်းရင်းသားခေါင်းဆောင်တွေအပေါ် ပြည်သူတွေထားရှိတဲ့ယုံကြည်အားကိုးမှုတွေကိုကြည့်ပါ။
အများ ပြည်သူရဲ့ယုံကြည်မှုကိုရတယ်ဆိုတာ အမြင့်မြတ်ဆုံးဆုလာဘ်ပါ။
ပါဠိစာလုံးတွေရောထွေး ၊လုံးရေးပေးတိုင်း
ဖြစ်တဲ့ ဘွဲ့တံဆိပ်များနဲ့ လားလားမှမတူပါ။
သွေးခွဲဖို့ကြံတာကိုကအမှားကြီးပါ
ခက်တာက သူကိုယ်တိုင်ဒီစကားကိုတပ်ချုပ်ပီပီ စစ်ဝတ်စုံဝတ်ပြီးမပြောဝံ့တာပဲ
သူကပြည်သူရွေးထားတဲ့အစိုးရလိုလို
စစ်ဗိုလ်ချုပ်မဟုတ်သလိုလို
အရပ်ဝတ်ကိုမှရွေးဝတ်ပြတာ ကြည့်ပါ။
ကိုယ်တာဝန်ယူထားတဲ့အဖွဲ့အစည်းဝတ်စုံ၊
စစ်ဝတ်စုံကို ဒီလို တကူးတကန့်ဖန်တီးယူတဲ့ပွဲတွေမှာဘာကြောင့်ဝတ်မပြရဲတာလဲ။
သူကသပ်သပ်အရပ်သားလား၊
စစ်တပ်ကသပ်သပ်လား ၊
အရှိတရားကို ကမ္ဘာထံအမှန်အတိုင်းမပြရဲ၊အာဏာလုတပ်ချုပ်ဆိုတာ မေ့နေစေချင်တာ စစ်သားတွေကိုယ်တိုင်စဉ်းစားဖို့ပါ။
ဦးနှောက်ဆိုတာစစ်မြေပြင်မှာ ပြန့်ကျဲပြီးမှ
ခေါင်းခွံထဲပြန်ထည့် စဉ်းစားတဲ့အလုပ်
လုပ်ချင်ပါတယ်ဆို မရတော့ကြောင်းစစ်သားတွေသိဖို့ပါ။
ဒီရက်ထဲပြည်သူ့ဘက်သားတွေရတဲ့စခန်းသိမ်းအောင်ပွဲတွေ နဲ့ အဓမ္မစစ်ကောင်စီပြိုလဲမှုတွေက အစပဲရှိပါသေးတယ်
ဒီတခါပြည်သူ့အလှည့်ပါ
ပြည်သူညီတာ “ဤ “ကို “ကျွဲ “ဖတ်ဖို့မဟုတ်၊
ပြည်သူညီရင် အာဏာရှင်ကို
ဒီလိုဖြိုချရပါတယ်ဆိုတာကမ္ဘာကိုပြဖို့ပါ
(စစ်အာဏာရှင်အတွက်)
နွေရောက်ရင် ခြေရာခွက်ထဲကရေ ခမ်းပါတယ်
(ပြည်သူ ဆိုတဲ့)
သမုဒ္ဒရာကြီးကတော့ခမ်းနားထည်ဝါ ကျန်မြဲပါ။
#မင်းကိုနိုင်